ငုံလျက်နွမ်းတဲ့ပန်း
" ပြန်မယ် သန့်စင် ရာရှာ မနေနဲ့တော့ "
" အဲဒါဆို မင်းတို့အရင်ပြန်နှင့်ကွာ ငါခနလေးမုန့်စား ပြီးလိုက်ခဲ့မယ် နော် "
" ထားခဲ့တော့ ရဲထက် သွားကြမယ် နောက်ကျရင် အိမ်က ကွိုင်လိမ့်မယ်ကွ "
" အေးပါကွာ ဟေ့ကောင် မြန်မြန်လိုက်ခဲ့နော် စားပီး တာနဲ့ "
မန္တလေးမြို့ရဲ့ ပုသိမ်ကြီးရပ်က ဘုရားပွဲလေး တစ်ခု မှာပါ။ ကျောင်းသားလေး ၅ ယောက် ပွဲလာလည်တာပါ
သန့်စင်မွန်မြတ် ဇေရဲထက် ကောင်းမြတ် ရန်ကျော် နဲ့ ဇာနည်မောင် တို့သူငယ်ချင်း တွေက တစ်ကျောင်းထဲ တစ်တန်းထဲ တစ်ရပ်ကွက်ထဲတွေလေ။ ၈ တန်းလေး တွေပေါ့။
ရပ်ကွက်ထိပ်နားက ဘုရားပွဲမို့ အတူလာကြရင်းက ရဲထက် MP4 လေးကြ ပြောက်သွားတာ။ ခနတော့ဝိုင်း ရှာကြပေမယ့် မတွေ့တာနဲ့ ပြန်မယ် ဆိုတာကို သန့်စင် က ရှာချင်နေသေးတာလေ။
သူတို့လေးယောက် အရင်ပွဲထဲက ပြန်ထွက်လာခဲ့ လိုက်ပါတော့တယ်။ သန့်စင် အိမ်ကလဲ သိပ်မဝေးလှ တာမို့ ထားခဲ့လိုက်ကြတာပေါ့ သူကမုန့်စားဦးမယ်လို့ ပြောတာကိုး။
" ဟဲ့ ဘူဘူချင်း တစ်လုပ်တာ ခံလိုက်ချင်တယ်အေ အချော်တကောက်ချင်း လော်ကုပ် တာတော့ တအား မုန်းတာအဲ သတ်လား "
" အမလေး အဲဒါဟိုကောင်မကိုက သိသိကြီးနဲ့ ခံတာ ပုလင်းကွဲတွေရှပြီး ဖန်သားနန်းတော်ကြီးပါ တည်လို့ရ တယ် ဂယ်ပဲ "
" ဟယ် - - - တိတ်စမ်း အခြောက်မတွေ "
" ဟဲ့ ဘာဖြစ်တာလဲ နီနီ "
" သငယ်တွေ့တာလား ကမ အဆင်ဆို ဘုံနော် "
နီနီဆိုတာက ငယ်ငယ်တုန်းက ဆံပင်နီနီလေးနဲ့မွေး လာတာမို့ အိမ်က မွှေးနီလို့ခေါ်ရာ ကြီးလာတော့ ဒီလို အခြောက်မ လောကမှာ နီနီဆိုတာ ရေပန်းစားလာတာ ပါ ရုပ်ကလေးကလဲ ချောသလောက် မူယာမာယာများ ပြီး အမွှေအနှောက် ကတော့ကျွမ်းသလား မမေးနဲ့။
" ဟဲ့ ဟိုမှာ ငါ့တို့လမ်းထဲက အငုံးလေး အဟီး ပွဲပဲA နေဦးသူအဲဒိနားမှာ ဘာရှာနေတာလဲ မသိဘူး ဒိလိုလုပ်
အေမီ ညည်းအဲဒိဘေးက ဆိုင်မှာ မုန့်သွားဝယ်ရင်း နဲနဲ စပ်စုကြည့် ပြီးမှ ကျုပ်သူ့ကို သွားလုံးမယ် "
" အိုခေ ခနစောင့် "
အခြောက်မတွေများ ဒါမျိုးဆို တက်ညီလက်ညီ ရှိပါ့။
" ဟဲ့ နီနီ သငယ်လေးက တော်တော်ငယ်သေးတယ် ကြည့်လဲလုပ်အူးဟဲ့ "
" အမလေး ငယ်ပေမယ့် ကိတ်တယ် ကိတ်တယ် သိ လား သူကျောင်းစိမ်းလေးများ ဝတ်ထားရင် ရွှေချိန်သီး တံဆိပ်လား အောင့်မေ့ရတယ် ယန္တယားကို ခတ်နေ တာ ခိခ် "
" အေးပါ နီနီရယ် အရောင်မဆိုးနဲ့လို့ ပြောလဲ ရမှမရ တဲ့ဟာ ယုံကြည်နေလိုက်ပါ့မယ် ပြီးမှ အင်းလေးမှာရွာ တဲ့မိုးလို လာမငိုပြနဲ့ ပဲဆီ နှမ်းဆီ Sexy တော့မရဘူး ဟိုအစိနဲ့ပဲ ထိုးလွှတ်လိုက်မယ် "
" ဟယ် ဘလိုအခြောက်မတွေလဲအေ ယုတ်မာလိုက် ထှာ------ "
အေမီ ( ကော့ပတ် ) 2 ပြန်ရောက်လာခါ " ဟဲ့ သငယ်လေးက MP4 ပြောက်လို့ရှာနေတာတဲ့ "
နီနီ ချက်ခြင်း အဖွဲ့ထဲမှ တစ်ယောက်ထဲ ထွက်လာ ခဲ့လိုက်ပါတော့တယ်။ ကောင်လေးနား ရောက်တော့မှ
" သန့်စင်လေး MP4 ပြောက်လို့ရှာနေတာလား "
သန့်စင်မျက်နှာ ချက်ခြင်းမျက်နှာလေး ဝင်းသွားကာ
" ဟုတ်တယ်ဗျ အကိုတွေ့လို့လား " " ဟယ် ကြည့်စမ်းပါအူး ကြည့်စမ်းပါအူး အမလေးလေ ဒိလောက်ချောမော လှပနေတဲ့ မမကိုများ အကို တဲ့ဟဲ့ သေသာသေလိုက်ချင်တော့တယ် "
" ဟို ဘလိုခေါ်ရမှန်း မသိလို့ပါဗျာ အဲဒိ MP4 လေး တွေ့ရင် ကျနော့ကို ပြန်ပေးပါနော် ကျနော့သူငယ်ချင်း ရဲ့ဟာ ကျနော်ကိုင်ထားရင်း ပြောက်သွားတာမို့ပါ "
" အဲဒါဆို မမလို့ခေါ်မှာလား ပြော "
နီနီ ဆံပင်လေးတစ်ချက် ခါကာ ခပ်နွဲ့နွဲ့လေး ပြောမှ သန့်စင် ခွိခနဲ ပြုံးလိုက်ခါ
" ဟုတ်ကဲ့ မမ "
" အဲဒိ MP4 က ဆိုင်က ကောင်လေးက ကောက်ရလို့ ဆိုပြီး ယူပြန်သွားပြီ ဆိုင်မှာ လိုက်ယူမလား သန့်စင် "
" ဟုတ် ရတယ် အဲဒိကနေ အိမ်တန်းပြန်လိုက်မယ် "
" အင်းအဲဒါဆို မမသူငယ်ချင်းတွေ နှုတ်ဆက်လိုက်ဦး မယ် ခနလေးနော် "
သန့်စင် ပျော်ရွှင်စွာ ခေါင်းလေးညိတ်ပြ လိုက်မိပါရဲ့ ဟုတ်တယ်လေ သူ့ကြောင့်ပြောက်သွားတာ ရဲထက် တအားသဘော ကောင်းလို့သာ သူများသာဆို ပြသနာ တက်မှာလေ။
ပွဲထဲကနေထွက်နေရင်းက နီနီ သန့်စင်ရဲ့လက်ကို ကိုင်တော့ သန့်စင်က ဖယ်လိုက်တယ်။
" လူတွေ အများကြီးနဲ့ဗျာ ရှက်စရာကြီး "
" အေးပါဟယ် အ့ဆိုလဲ လူလစ်မှ ဟိဟိ "
" ဟာ အဲလိုလုပ်ရင် ကျနော် အော်မှာနော် "
" အံမယ် သူကယောက်ျားလေး ဖြစ်ပြီး "
" မမလဲ ယောက်ျားလေးပဲဗျ သူငယ်ချင်းတွေကပြော တယ် အခြောက်တွေက ဟိုဟာအကြီးကြီးတဲ့ ကျနော့ ကိုထိလို့ကတော့ ဆိုင်မီးနဲ့ရှို့ပစ်မယ်မှတ်ထား "
" ဟယ် ဟယ် သတ္တိကောင်းလိုက်တာ သန့်စင်လေး ရယ် အ့မျိုးးးးမှ ကြိုက်ထှာ ခိခ် "
သန့်စင် ခပ်ခွါခွါမှ လျောက်တော့ နီနီ ပြုံးလိုက်ပြီး
" လာပါ ကိုယ်တော်လေးရယ် မထိစေရဘူး ဟုတ်ပီ လား လာမြန်မြန်သွားမယ် "
သိပ်မကြာခင် နီနီတို့ဆိုင် ရောက်တော့ ဆိုင်ကသော့ ပိတ်ထားလျက်သား ဖြစ်နေလေရဲ့။
" ဟာ ဟိုကောင်လေးက ဘယ်ရောက်သွားပြန်တာ လဲမသိဘူး ပွဲထဲသွားပြန်ပီနဲ့ တူပါတယ် စိတ်ချရတာ တအားပဲ လာလာ သန့်စင်လေး ဆိုင်ထကဲ နေခနထိုင်
စောင့်လိုက်နော် မမဖုန်းဆက်လိုက်မယ် "
သန့်စင် ကျောင်းသွားတိုင်း ဒီဆိုင်ရှေ့ကဖြတ်ဖြတ် သွားနေပေမယ့် ဆိုင်ထဲ မဝင်ဖူးဘူးပေ။ ၂ ယောက်ထဲ ဆိုတော့လဲ နဲနဲတော့ လန့်တာပေါ့။
" ခနလေးနေ ပြန်ခဲ့မယ်တဲ့ ခနစောင့်လိုက်နော် "
" ဟုတ်ကဲ့ရပါတယ် "
" သန့်စင်လေးက ခုဘယ်နှတန်းလဲ အသက်ကရော "
" ၁၃ နှစ် ၈ တန်းဗျာ့ "
" အော် ၁၃ နှစ်တောင်ရှိပြီပဲ ဒါဆို လူပျိုဖြစ်ပြီပေါ့ "
" ဟာ မဖြစ်သေးပါဘူးဗျာ ဘာတွေပြောနေတာလဲ "
" အော်ဟော် ရှက်နေသေးတယ် ဖြစ်ရင်ဖြစ်တယ်ပေါ့ "
" မရှက်ပါဘူး ဘာလို့ရှက်ရမလဲ "
သန့်စင်ရဲ့ မျက်နှာလေး ရဲတွတ်လို့ နေပါတော့တယ်။
နောက်နေ့ ကျောင်းရောက်တော့ သန့်စင်လက်ထဲ မှာ MP4 အသစ်လေး တစ်လုံး ရဲထက်ကိုလာပေးပါရဲ့။
" ဘယ်သူ့ဟာကြီးလဲ မလိုချင်ပါဘူးကွာ နေပေ့စေ "
" ယူပါကွာ ငါ့အိမ်ကို ဝယ်ခိုင်းလိုက်တာ မင်းတွက် "
" အေးအဲဒါဆိုလဲ မင်းပဲယူထား တူတူသုံးကြမယ် "
သန့်စင်မွန်မြတ် တို့ အုပ်စုထဲမှာ ဇေရဲထက်က ချစ်ဖို့ အကောင်းဆုံး သဘောအကောင်းဆုံး စာအတော်ဆုံး ပါပဲ။ အဲဒါကြောင့်လဲ သန့်စင်က တအားခင်တာလေ။
" ဟျောင့်တေ ညနေကျုရှင်ဆင်းရင် ရေသွားကူးမှာ နော် ကောင်းမြတ်နဲ့ဇာနည် အတွင်းခံ မပါရင် ဖင်ပြောင် နဲ့ကူး ဒါပဲ "
" ငါမလိုက်တော့ဘူး ရန်ကျော် အိမ်ပြန်ရမှာကွ "
" ဘာလို့လဲ သန့်စင်ရ လိုက်ခဲ့ပါ မင်းကလဲ "
" ငါအိမ်စောင့် ရမှာမို့ကွာ နောက်နေ့မှလိုက်မယ် "
" အေးကွာ သဘော သဘော "
ထိုနေ့မှစ၍ သန့်စင်သူငယ်ချင်းတွေနဲ့ လျောက်ပြီးမ လိုက်ဖြစ်တော့ပေ။ ခေါ်တိုင်းငြင်းကာ တခါတရံမှသာ လိုက်ဖြစ်ပါတော့တယ်။
" ဟေ့ကောင် သန့်စင် မင်းအခုတလော နီနီ့ခနခနပဲ သွားနေတာဆို အဲဒိနားက ကွမ်းယာဆိုင်က ပြောတာ "
ဒီနေရာလေးထဲမှာ ဒိကောင်တွေကို ဖင်ပိတ်ငြင်းလဲ ခနပဲရမှာမို့ သန့်စင် မငြင်းတော့ပေ။
" အင်း ဟုတ်တယ် "
" ဟာကွာ မင်းကလဲ ဘာသွားသွားလုပ်နေတာလဲကွ မပက်စက်စမ်းပါနဲ့ကွာ အခြောက်တွေနဲ့ လီးပဲ "
" မင်းတို့ဟိုဟာ လုပ်ကြတာလား သန့်စင် "
တစ်ယောက်တစ်ပေါက်မေး ကြပါလေတော့တယ်။
ဘယ်လို ပြောပြရပါ့မလဲပင် မသိတက်တော့ပေ။
" ငါသူ့ကိုစွဲနေပြီကွ မရတော့ဘူး "
" ဘာ - - - - - - "
သူငယ်ချင်းတွေ ဝိုင်းအော်တာမို့ သန့်စင်ခေါင်းလေး ပုသွားကာ မျက်နှာငယ်လေးနှင့် ဖြစ်သွားရပါလေရော။
" သောက်အဓိပ္ပါယ် မရှိတာ လာမပြောနဲ့ သန့်စင် မင်းက သူ့ကိုစွဲရအောင် အဲဒိကောင်က မိန်းမလဲမဟုတ်
ယောက်ျားလဲ မဟုတ်နဲ့ ဘာတွေစွဲနေတာလဲ "
" အေးကွာ မင်းကလဲ တခါတလေကြုံလို့ ဖြစ်သွားရင် လဲတော်ရောပေါ့ အခု မင်းကိုယ်တိုင်က သွားသွားနေ တာတော့ မင်းကိုက မဟုတ်တာ "
" ဟျောင့် သန့်စင် မင်းကိုအဲဒိအခြောက်က ဘာတွေ လုပ်ပေးတာလဲ ပြောပြစမ်း "
ရန်ကျော်က စပ်ဖြီးဖြီးနဲ့ထမေးတော့ ရဲထက်တအော် ပါလေတော့တယ်။
" ဟေ့ကောင် မင်းကသောက်ရေးထဲ နှာဘူးထမနေနဲ့ သန့်စင် မင်းအဲဒိကိစ္စကို ရပ်လိုက်ပါတော့ကွာ ဒီလိုလုပ် ပါလား မင်းဟိုတခါ ကြိုက်တဲ့ B ခန်းကစော်လေးကို ငါ တို့ရအောင်ဝိုင်းပြော ပေးမယ်ကွာ ဘယ်လိုလဲ "
သန့်စင်ခေါင်းကို လေးတွဲ့စွာ ခါယမ်း ပြလိုက်တာမို့
" တောက် မင်းကွာ ငါဆွဲထိုးလိုက်ရင်တော့ ဟင်း "
" ငါ့ကို စိတ်မဆိုးကြပါနဲ့ကွာ ခွင့်လွှတ်ကြပါနော်နောက် ပြီး မင်းတို့ငါ့ကို မပေါင်းခြင်တော့ဘူး ဆိုရင်လဲ - - "
" ဟျောင့် မင်းဘာစကား ပြောတာလဲကွာ့ ဝုန်း ဒုန်း "
" ဟာ ဟေ့ကောင်တွေ မလုပ်နဲ့ "
ကောင်းမြတ် စိတ်တိုသွားကာ သန့်စင်ကို တစ်ချက် စောင့်တွန်းလိုက် တာမို့ ခုံတန်းယား လေးမှလန်ကာကျ သွားပြီး နောက်မှာထောင်ထားတဲ့ စက်ဘီးနဲ့တိုက်မိခါ လဲပြို ကြသွားပါတော့တယ်။
စားအတူသွားအတူ နေလာတဲ့ကျောင်းနေဖက်တွေမို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ သူတွေက အခုတော့ စကားများရန်ဖြစ်ကုန်ရပါပြီ။
" ဟာ မင်းဒတောင်စစ်က ပေါက်သွားတာလား သွေး တွေတော်တော် ထွက်နေတာပဲကွ ရလား သန့်စင် "
" ရတယ် ရန်ကျော် ဘာမှမဖြစ်ဘူး "
" ဘာမှမဖြစ်ဘူး လုပ်မနေနဲ့ ဒိကောင်က သွေးထွက် ရင်တော်တော်နဲ့ မတိတ်တက်တာ မင်းတို့သိသားနဲ့ "
" စောတီးကွာ သန့်စင် ငါလွန်သွားတယ် ကွာ "
" ရပါတယ် ငါ့ဖာသာပဲ ပြန်လိုက်မယ် ရတယ် "
သန့်စင် သူ့ဖာသာ စက်ဘီးလေးနင်းပြီး ပြန်သွားပါ တော့တယ်။ အဲဒိနောက်ပိုင်းမှာ သန့်စင် သူ့တို့အပေါ် ကို တဖြေးဖြေးရှောင် ဖယ်လာပါတော့တယ်။
" ငါတို့ ဒီကောင့်အိမ်ကို သွားပြောပြလိုက်ရင်ကောင်း မလား ရန်ကျော် "
" မလုပ်ပါနဲ့ ကောင်းမြတ်ရာ ဒိကောင်ငါတို့ကိုပိုပြီးမုန်း သွားပါဦးမယ် "
ကောင်းမြတ်က ရန်ကျော့်ကိုမေးတာကို ဇေရဲထက် ဝင်ပြောလိုက်ခြင်းပါ။ ဇာနည်ကလဲ
" ဒီကောင် အခုလဲ အဲ့အခြောက်မဆီ ခနခနသွားနေ သေးတယ်တဲ့ကွာ ဗိုလ်ကွမ်းဆိုင်က ဘဲကြီးပြောနေတာ ငါ့ကို မင်းတို့ကောင်လဲ ကြည့်ထိန်းဦးတဲ့ "
အားလုံး အသံတို့ တိတ်ဆိတ်ကုန်ကြပါတယ်။ သူတို့ လူငယ်လေးတွေ ဆိုပေမယ့် တစ်ဦးကိုတစ်ဦး တကယ့် ကိုပဲ ခင်မင်သံယောဇဉ်ကြီး ကြတာမဟုတ်လား။
" တောက် အဲဒိစောက်ခြောက်ကို ချောင်းရိုက်မယ် "
" သူ့ဆိုင်ကို မီးနဲ့ရှို့ပစ်မယ်ကွာ လီးပဲ "
ပေါက်ကွဲနေကြတဲ့ သံစဉ်လေးတွေပေါ့။
သန့်စင်မွန်မြတ် ဆိုသော ၈ တန်းကျောင်းသားလေး ဆိုတာ အခုမှ လူပျိုဖော်ဝင်ခါစ တကယ့်အငုံအသစ်ပေါ့ ဒါကို မူယာမာယာနဲ့ အပြုအစု အယုအယတွေနဲ့ စွဲငင် သိမ်းသွင်းထား နိုင်တဲ့ နီနီ တို့ကတော့ အခြောက်မတွေ ပါးစပ်ဖျားမှာ ရေပန်းစားလို့ပေါ့။
သန့်စင် ရူးသွပ်စွာ တပ်မင်ခဲ့တာကလဲ ထိုအပြုအစု လေးတွေပါပဲ။ အစကတော့ ယောက်ျားချင်းမို့ သိပ်ပြီး စိတ်မဝင်စား ခဲ့ပေမယ့် တကယ်တမ်း နှဖူးတွေ့ဒူးတွေ့ အရသာတွေကို ခံစားမိတော့လဲ မိန်းခလေးများ ကိုပင် စိတ်မဝင်စားတော့ပဲ ထိုရမ္မက်မီးမှာ လောင်ပြီးရင်းက လောင်လို့ နေပါတော့တယ်။
နောက်ပိုင်း မိဘတွေ သိသွား ကြချိန်မှာတော့ ပြင်း ထန်စွာ ဆူပူကြိမ်းမောင်း ခံရရုံသာ မက ရိုက်နှက်ခံခဲ့ရ တဲ့ အထိပင်ဖြစ်ခဲ့ ရပါတော့တယ်။
" သောက်ရှက်မရှိ အဲဒိအခြောက်နဲ့ သွားပက်သက် နေရအောင် မင်းမှာဘာတွေများ လိုအပ်နေလို့လဲ ဟင် ဒိလောက် လိုလေသေးမရှိထား ပေးထားတာကိုကွာ "
အကိုကဆို ရွံရှာသလိုကြည့်ကာ ထိုသို့ပင်ပြောခဲ့ပါ သေးတယ်။ ဒါတွေကြောင့် ပတ်ဝန်းကျင်နဲ့ သူငယ်ချင်း တွေကြောင့် သန့်စင် နီနီနဲ့ အဆက်အသွယ်ဖြတ်ဖို့ကို စဉ်းစားခဲ့ပါသေးတယ်။
ဒါပေမယ့် နီနီရဲ့ အပြောအဆို အယုအယတွေနဲ့ အ ချိန်တန်ရင် ဖြစ်ပေါ်လာတက်တဲ့ ဆန္ဒတွေကြောင့်ဘယ် လိုမှ အဆက်မဖြတ်နိုင် ခဲ့ပါပေ။
သူငယ်ချင်းတွေ အပေါင်းအသင်း မိဘတွေနဲ့ သန့်စင် တစ်နေ့တခြား ဝေးကွာလာ သလို ခံစားနေရပါတယ်။ နောင်တတွေ လဲအခါခါ ရမိသလို ချစ်တဲ့ သူငယ်ချင်း တွေကိုလဲ အရမ်းတမ်းတမိပါတယ်။
၈ တန်းဖြေပြီးတော့ အမေတို့က သန့်စင်ကို ရေဦး မှာရှိတဲ့ အမျိုးတွေ ဆီပို့ထားတာမို့ အားလုံးနဲ့အဆက် အသွယ် ပြတ်သွားပေမယ့် နီနီကတော့ ရံဖန်ရံခါ ဆိုသ လို လိုက်လာပြီး လူမသိအောင် ခိုးတွေ့လေ့ ရှိပါတယ်။
{ အမှောင်တကာ့ အမှောင်ထဲမှာ ဘယ်အမှောင်က အ မှောင်ဆုံးလဲလို့ ပညာရှိကြီးကို မင်းကြီးက မေးတော့ ပ ညာရှိအမတ်ကြီးရဲ့ သမီးတော်က ညဖက်၌ သူ၏ အိပ် ဆက်ယာ အဆောင်သို့ လာရန် ဖိတ်ခေါ်ခဲ့ပါတယ်။
အိပ်ဆက်ဆောင်ကို အမတ်ကြီးရောက်တော့ သမီး တော်က ပြေလျော့ရဲသော အဝတ်အစားတွေနဲ့ တဖက် သို့လှဲ့ကာ အိပ်စက်နေလေရဲ့။ အမတ်ကြီးကလဲ ညရဲ့ တိတ်ဆိတ်မှု နဲ့အတူ စိတ်စေရာကို လိုက်ပြီး အနားသို့ ကပ်သွားမိ ပါလေရော။ အဲဒိ အချိန်မှာပဲ သမီးတော်က
အမှောင်တကာ့ အမှောင်ထဲမှာ ရမ္မက် အမှောင်ဟာ အ မှောင်ဆုံးဆိုတာ သုံးသပ်တော်မူပါ ခမည်းတော်လို့ လျောက်တင်တော့မှ အမတ်ကြီးကလဲ သံဝေဂရပြီးမှ မင်းကြီးကို လျောက်တင်လေရာ ဆုလဒ်များစွာ ရရှိခဲ့ရ တယ်လို့ ပူံပြင်တစ်ခုမှာငါ ဖတ်ဖူးတယ် သန့်စင် }
တစ်ချိန်တုန်းက ရဲထက်ပြောခဲ့ ဖူးတဲ့ ပုံပြင်လေးကို ပြန်ကြားရောင်ရင်းက သန့်စင် မျက်ရည်တို့ စီးကျလို့ လာရပါတော့တယ်။ အခုချိန်ဟာ သူငယ်ချင်းတွေနဲ့တူ တူ လျောင်လည်လိုက် ပျော်လိုက်ပါးလိုက်နဲ့ နေရမယ့် အချိန်လေ နောက်ပြီး အမေ သန့်စင်ကို အရမ်းချစ်ရှာ တာလေ အငယ်ဆုံးလေး မို့လဲ သဲသဲလှုပ်ချစ်တာ။
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
နေဝင်ချိန်လေးမှာ လယ်ကွင်းစပ်တစ်ခု ဘေးမှာ စက်ဘီးလေး ထောင်ပြီးတစ်ယောက်ထဲ ထိုင်နေတဲ့သူ
ရင်ပွင့်မတက် ထအော်လိုက် မိပါတော့တယ်။
" မောင် နီနီ မလာတော့ဘူးနော် ကျောင်းတွေဖွင့်တော့ မှာဆိုတော့ မောင်ပြန်လာမှာပဲ မဟုတ်လား "
" ကျနော် ပြန်လာရမှာ မဟုတ်ဘူး နီနီရ အမေတို့က ဒီကိုပဲ ကျောင်းပြောင်းထား တော့မယ်လို့ ပြောတယ် "
" ဟင် ဟုတ်လား စိတ်ညစ်လိုက်တာ မောင်ရယ် နီနီ ကလဲ အလုပ်က တစ်ဖက်နဲ့လေ မောင့်ကို ချစ်လွန်းလို့ သာဒီအထိ လိုက်လိုက်လာတာပါ အခုဘယ်လို လုပ်က မလဲကို မသိတော့ဘူး ဟင်း "
" နီနီ အားမှလာပါ ကျနော် နေသားကျနေပါပြီဗျာ "
" မောင်ရယ် သနားဖို့ကောင်း လိုက်တာ မောင်ရယ် "
နီနီ လာတွေ့တော့လဲ သန့်စင် ပျော်မိပါတယ်။ ဒါက လိင်ကိစ္စ တစ်ခုထဲ မဟုတ်ပဲ နီနီ့အပေါ် သံယောဇဉ်ရှိ နေတာလဲ ပါတာပေါ့လေ။
သန့်စင် ၉ တန်းကို ရေဦးမှာ တက်ရပါ တော့တယ်။
သူငယ်ချင်းတွေနဲ့ ကော မိဘတွေနဲ့ပါ ဝေးခဲ့ရပြီလေ။
မိမိကိုယ်တိုင်က ပုသိမ်ကြီးကို ပြန်လို့ နီနီ့ကိုတွေ့ရင်လဲ နေနိုင်မှာမှ မဟုတ်တာလေ။ ခုတော့ ကို့မိုက်ပစ်နဲ့ကိုပဲ ပေါ့ စိတ်မကောင်းဖြစ်ခါ ကျိတ်ငိုယုံမှ တပါး ????
ဒီနေ့ သန့်စင်တို့ ကျောင်းမှာ ကျောင်းကျန်းမာရေး ပညာပေး အဖွဲ့တွေ ရောက်လာပြီး ဟောပြောပွဲတွေ လုပ် ကျန်းမာရေးတွေ စစ်ဆေးပေး ကြပါတယ်။ ညနေ ကျောင်းဆင်းချိန် ရောက်တော့ အတန်းပိုင်ဆရာမက
" သန့်စင် ညနေကြရင် မင်းအဖိုးကို ခေါ်ပြီး ဆရာမရဲ့ အိမ်ကို လာခဲ့ဦး အရေးကြီးတယ်နော် မမေ့နေနဲ့ "
" ဟုတ်ကဲ့ပါ ဆရာမသားသွားပြီနော် "
" အေးအေး "
ဆရာမ မျက်နှာပျက်နေခါ သူ့ကိုမကြည့်ပဲ အေးအေး လို့ပြောပြီး မျက်နှာလွှဲ သွားပါတော့တယ်။ ဘာလဲပေါ့။
ညနေပိုင်းရောက်တော့ အဖိုးနဲ့ ဆရာမအိမ်ကိုသွား တော့ ဆရာမက သန့်စင်ကို ဈေးသွားဝယ်ခိုင်းပါတယ်
သန့်စင် ပြန်လာတော့ အဖိုးကော ဆရာမပါ ငိုထားတဲ့ ပုံစံတွေ ဖြစ်နေတယ်။ မေးတော့လဲ မဖြေဘူး။
အဲဒိထက် ထူးဆန်းတာ တစ်ခုကတော့ သန့်စင်ကို အကောင်းပကတိ ကြီးကနေ အဖိုးတို့ ဆေးရုံပို့ပေးကြ တယ်။ အဲဒိမနက်မှာပဲ အိမ်ကလူတွေ အကုန်ရောက်လို့ လာကြတယ်။ ဘာတွေဖြစ်နေတာလဲ။
" သားလေး ဒီမှာ ခနလေးဆေးရုံတက် လိုက်နော် သိ လား ကျောင်းမှာ ဆေးစစ်တော့ သားလေးမှာ B ပိုးတွေ့ လို့တဲ့ အဲဒါကြောင့်သိလား "
" အမေ ဘာဖြစ်တာလဲဗျာ B ပိုးက မသေဘူးဆို အဲဒိ သူနာပြုတွေပဲ ပြောခဲ့တာကို ငိုမနေနဲ့ ဘာမှ မဖြစ်ဘူး "
အမေ့ကို ဆေးရုံမှာ ခနပဲနေခိုင်းပြီး အဖိုးတို့အိမ်ကို ပြန်ခေါ်သွား ကြတယ်။ အမေ့ကို ကြည့်ရတာ တအား စိုးရိမ်နေသလိုပဲ။ အဲလောက်ထိ ဖြစ်စရာလဲ မဟုတ်ပဲနဲ့
အမေတို့ ပြန်သွားတော့ အကိုတစ်ဝမ်းကွဲ တယောက် ကစောင့်ပေးနေတယ်လေ။ သူ့ကြည့်ရလဲ သန့်စင်ကို လန့်နေသလိုပဲ။ ဘာတွေဖြစ်နေ ကြမှန်းကို မသိဘူး။
ည ၈ နာရီလောက်ကြတော့ အကိုကဘေးက ခုံတန်း
လေးမှာ ခွေခွေလေး အိပ်နေပါပီ။ သန့်စင် အိပ်မပျော် တာမို့ အဆောင်အပြင် ထွက်ဖို့ လျောက်လာစဉ်မှာပဲ
" သနားပါတယ်ဟယ် အဲဒိခလေးလေးကလဲ Aကိုက် နေတာတဲ့ ငယ်ငယ်လေးနဲ့ဟယ် "
အဆောင်အဝကို အထွက်ထိပ်ဆုံးကုတင်က လူနာ စောင့်နဲ့လူနာ ပြောနေတဲ့အသံကြောင့် သန့်စင်ရဲ့ ဒူး တွေ ပြုတ်ထွက်သွားသလို ကမ္ဘာကြီးပါ ချာချာလည်လို့ သွားရပါတော့တယ်။
သန့်စင် ဆေးရုံဒေါင့်က တမာပင်ကြီးရဲ့ အောက်ကို အပြေးလာခဲ့ပြီး ဖင်ထိုင်ရက်လေး ထိုင်ချလိုက်ခါ အပင် မှာခေါင်းမှီရင်း မျက်လုံးတွေကို မှိတ်ထား လိုက်ပါရဲ့။
~~ အဲဒိကောင် အခြောက်နဲ့ သွားပေါင်းနေတာလေ A ကိုက်လို့ ဟုတ်ပေ့ဖြစ်နေမယ် ~~ မင်း သတိထားနော် သန့်စင် နီနီတို့က ရောဂါတွေ ဘာတွေ ရှိနိုင်တယ် ~~ အေး ပြောမရလဲသွား AIDS ဖြစ်လာမှ အိမ်ပြန်မလာနဲ့ တခါထဲ ရိုက်သတ်ပစ်မယ် ~~ သားလေးရယ် အဲဒိဟာ တွေနဲ့ မပေါင်းပါနဲ့သားရယ် ရောဂါရနေလိမ့်မယ် ~~
နားထဲမှာ ၈ တန်းတုန်းက သူငယ်ချင်းတွေရဲ့ ကဲ့ရဲ့ သံတွေ သတိပေးသံတွေ အကိုရဲ့ဆူပူသံ အမေ့ရဲ့ပြော ဆိုသံတွေကို ကြားယောင်လာမိသလို
~~ လူတွေက နီနီတို့လို အခြောက်တွေဆို အဲဒိလိုပဲ တဆိတ်ကိုတအိတ်လုပ် ပြောချင်နေတာပါ မောင်ရယ် မောင့်ကိုနောက်နေ့ နီနီဆေးစစ်ထားတာ ပြမယ် ~~
နီနီ မပြခဲ့ပေမယ့် ပြောခဲ့တဲ့ အသံတွေ ဘုရား ဘုရား
အခု အခု ကျနော့ ဘဝဆုံးပြီပေါ့။ ကျနော် သေရတော့ မှာပေါ့ ဒီကုရာနတ္ထိ ဆေးမရှိဆိုတဲ့ ရောဂါကြီးနဲ့ သေရ တော့မှာပါလား။ ကယ်ကြပါဦးဗျာ။ ကယ်ကြပါဦး။
တကယ်တော့ ဒိလောက်ထိမြန်ဆန်စွာ ဖြစ်လာလိမ့် မယ်လို့လဲ မတွေးခဲ့မိပါဘူး။ ကာကွယ်ဖို့ဆိုတာ သိပေမဲ့ ဘယ်လိုကာကွယ် ရမှန်းလဲ မသိပါဘူး။ ကွန်ဒုံးဆိုတာ သိပေမယ့်လဲ ဝယ်ရဲတဲ့ သတ္တိမရှိခဲ့ပါဘူး။
ခုတော့ ခုတော့ ကျနော်သေရတော့မယ်တဲ့ အမေရေ
သားမှားခဲ့ပြီ။ ကျနော်မှားခဲ့ပါပြီဗျာ။ တလောကလုံးက ဝိုင်းသတိပေး နေတာတောင် ကိုမှန်တာ ကိုကြိုက်တာ ကိုလုပ်ခဲ့မိတယ်။ သားသေရမှာ ကြောက်တယ် အမေ။
သားကို ကယ်ပါဦးဗျာာာာ အီးးဟီးးးဟီးးးး။
ကျနော်ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ ဒီအချိန် ကျနော် ဘာကိုမှ မစဉ်းစားတက်တော့ဘူး။ ကျနော်အခု သေသွားချင်ပါပြီ။ ကျနော်သေချင်တယ်။ အဟီးအီး။
သန့်စင်သစ်ပင်အောက်မှာ တစ်ယောက်ထဲ ကျိတ်ခါ ငိုလို့မဆုံး ဖြစ်နေစဉ်မှာပဲ သူ့နားကို အကိုဝမ်းကွဲကိုဝေ ရောက်လာခါ
" ဟာ ဘာလို့ဒီမှာ လာငိုနေတာလဲ သန့်စင်ရာ အော် မင်း သိသွားပြီနဲ့ တူတယ် ငါလဲ စိတ်မကောင်းပါဘူး ညီ လေးရယ် လူ့ကံပဲပေါ့ကွာ "
" ကံမဟုတ်ဘူး ကိုဝေရ အဲဒါကျနော် မိုက်လို့ ဖြစ်တာ အားလုံးတားနေတဲ့ ကြားက ကျနော်မိုက်တာ အီးးး "
ကိုဝေ က ကျနော့ပုခုံးကို တင်းကျပ်နေအောင် ဖက်ခါ ဘာစကားမှ မပြောတော့ပဲ အားပေးနေပါတော့တယ်။ အဲဒိညက စပြီး သန့်စင်ဘယ်မှ လူမပါပဲ မသွားရတော့။ နောက်ဆုံး အိမ်သာတက် ရင်တောင် အခန်းရှေ့မှာလာ ထိုင်စောင့်ကြည့် ကြတယ်။
လူကအစာလဲ မစားနိုင်တော့ပေ။ အိပ်ယာထဲကနေ ကိုမထနိုင်တော့ပေ။ မထနိုင်တာထက် မထချင်တော့ တာပါ။ ခွေခေါက်ခါလှဲပဲ နေပါတော့တယ်။ သေရမယ့် အချိန်က ဘယ်တော့လဲ။ သေရင်ဘာတွေတွေ့ရမှာလဲ ဘယ်လိုခံစားရမှာလဲ။ ငရဲတွေဘာတွေ ကျသွားရင် ဘု ရား ဘုရား - မြတ်စွာဘုရား ကယ်တော်မူပါဗျာ။
ဒီရက်ထဲမှာ အမေလဲ ဆေးရုံကို မလာဘူး။ အမေနေ မကောင်းဘူးတဲ့ သိတာပေါ့ သားစိတ်နဲ့ အမေလဲနေပြီ အမေက နှလုံးရောဂါရှိတယ်လေ။ အမေရယ်။
အမေသားစိတ်နဲ့တော့ မသေပါနဲ့နော် သားပိုပြီး အပစ်တွေ ကြီးနေပါ့မယ် အမေရယ်။ အမေသားကိုသိပ် ချစ်တာသား တကယ်သိပါပြီ။ သား သားလေ သား ။
အိပ်ပျော်နေရာကနေ နိုးလာတော့ တရားခွေဖွင့်ထား သံတိုးတိုးလေး ကြားနေယတယ်။ ပထမတော့ မျက်စိ မှိတ်ခါ နားထောင်နေမိ သေးတယ်။ ပြီးတော့ တဖြေး၂ နဲ့ ကြောက်လာတယ်။ ကြောက်တာမှ အသားတွေပါ တုန်လာတာလေ။
မျက်စိဖွင့် ကြည့်လိုက်တော့ ဘေးမှာ အဖေက သူ့ကို ကြည့်နေတာ တွေ့တာမို့
" အဖေ အဲဒိဟာ ပိတ်ပေးပါနော် သား ကြောက်လို့ပါ "
" အော် အေးပါ သားရယ် "
ယောက်ျား အလွန်ပီသပြီး စိတ်မာလှတဲ့ အဖေက သူ့ ကိုဖက်ခါ အံကိုတင်းတင်းကျိတ်ရင်း မျက်ရည်တွေကျ နေတာ သူ့ပုခုံးတွေပင် ရွှဲလို့နေပါပီ။
" အဖေ အဖေမငိုပါနဲ့ အဖေရာ သားဘာမှ မဖြစ်ဘူး နော် အဖေနော် "
ပြောသာပြောနေယတာ သူ့မှာလဲ မျက်ရည်လည်ရွှဲ နဲ့ပါပဲ။ တစ်သက်လုံးက ချစ်ကြောက်ရိုသေ လာရတဲ့ အဖေ ခပ်တန်းတန်းသာ နေလေ့ရှိတဲ့ အဖေ အခုတော့ သူ့ကို ချစ်ရှာတယ် ကြည့်ပါဦး အဖေ ဒိလောက်သူ့ကို ချစ်လိမ့်မယ်လို့တောင် မထင်ထားခဲ့မိဘူး။
" သား ခနနေရင် သားအမေလာလိမ့်မယ် သိလား "
" ဗျာ ဟုတ်လား ဝမ်းသာလိုက်တာ အဖေရာ အမေ့ကို မတွေ့တာကြာလို့ သားလဲ သတိယနေတာ "
" အင်း သားအမေက နေမကောင်းဘူးနော် သား အဲဒါ အမေ့ရှေ့မှာ သားလေး စိတ်မကောင်းဖြစ်နေမှာ စိုးလို့ အဖေသတိ ပေးထားတာ "
" ဟုတ်ကဲ့ အဖေ "
အဖေပြောတာကို နားမလည်ပေမယ့် ပျော်နေတာမို့ ကျနော်ခေါင်းညိတ် ခဲ့လိုက်တယ်။
အတော်လေးကြာ တော့ အမေနဲ့ အကိုရယ် ဦးလေး ၂ယောက်ရယ်ဆေး ရုံကို ရောက်လာကြပါတယ်။အမေ့ ကို ကြည့်ရတာ တော်တော်ပိန်သွား သလိုပဲ။ ပြီးတော့ စိတ်ထဲမှာလဲ တမျိုး ခံစားရတယ်။
" သားလေး အမလေး ငါ့သားလေး သန့်စင် အမေက သေပြီထင်နေတာ မသေသေးဘူး တော်သေးတယ် အဲ ဒါကြောင့်ပြောတာ ကိုမြတ် ကို သားလေး ဘာမှ မဖြစ် ပါဘူးလို့ လာ သားလေး ဒီမှာ မနေနဲ့ အမေတို့ ပုသိမ် ကြီးကို ပြန်ကြမယ် "
" မိန်းမရယ် သတိထားဦးကွာ ခလေးက နေကောင်း တာလဲ မဟုတ်ပဲနဲ့ "
ကျနော် ပါးစပ်အဟောင်းသားနဲ့ ပါးစပ်ကို လက်နဲ့ပဲ ပိတ်ထားလိုက်မိ ပါတော့တယ်။ အမေ အမေရယ် ။ အကိုက အနောက်ကနေ အမေ့ကို ဖက်ထားရင်းက မျက်ရည်တွေ ကျနေပါတယ်။
ဒါတွေ အားလုံးက ကျနော့ကြောင့်ပေါ့နော်။ ကျနော် မိုက်လို့ပေါ့နော်။ ကျနော် တဏှာရူး ခဲ့လို့ပေါ့နော်။
" အမေပြန်ရအောင် ညီလေးက ညနေမှ အဖေနဲ့ပြန် လာမှာ အမေရနော် "
" မပြန်ပါဘူး ငါ့သားလေး မပါရင် နင်တို့လေ မအေကို ဒီလိုပဲ ညာနေတာ ဘယ်နှစ်ရက်ရှိပီလဲ ရတယ် သူတို့ ပြန်မှ ငါပြန်မယ် "
ရင်ထဲမှာ စို့ပြီးလှိုက်တက် လာတာဘယ်လိုမှ မအောင့် ထား နိုင်တော့တာမို့ ကျနော် ကုတင်ပေါ်က ဆင်းကာ ထပြေးထွက်ဖို့ ပြင်တော့
" ဝုန်း - ဒုန်း ဟာ ညီလေး သားလေး သား "
ကူတင်ဘေးမှာ ခွေခနဲ ကျနော်လဲ ခဲ့တာပါ။ စိတ်သွား တိုင်း ခြေထောက်တွေက မလိုက်နိုင်တော့တာပါလား။
ကျနော့ကို ဖက်လာတဲ့ အဖေ့ရင်ခွင်ထဲမှာ ကျနော် စိတ်ရှိလက်ရှိ ငိုချ လိုက်တာ အရာအားလုံးက အမှောင် ဖုံးသွားတဲ့ အထိပင်။
ကျနော် သတိရလာတော့ အဖေနဲ့ ကိုဝေက ပစ္စည်း တွေသိမ်းနေပါတယ်။
" ဦးမြတ် သန့်စင် သတိရလာပြီဗျာ့ " " သားလေး သက်သာလား ဘယ်လိုနေ သေးလဲဟင် "
" အဖေတို့ ဘာလို့ ပစ္စည်းတွေ သိမ်းနေတာလဲဟင် "
" အော် အဖေတို့ နေ့လည်ကို ပုသိမ်ကြီး ပြန်ကြမယ် သားက်ုလဲ ပုသိမ်ကြီးဆေးရုံကို ရွှေ့ပေးမယ်လေ အိမ်နဲ့ နီးအောင်လို့ နော် သားလေး "
ပထမ လှပ်ခနဲပျော်သွားကာ ချက်ခြင်းပဲ စိတ်က နီနီ ဆိုတဲ့ နာမည်ကို တွေးမိရုံနဲ့ ထိပ်လန့်သွား ရပြန်သည် ဒါပေမယ့် အဖေတို့ အဆင်ပြေသလို လုပ်ပါစေတော့ သူက သေလူဖြစ်နေပြီ ဘာပဲပြောပြော မသေခင် သူ အရမ်းခင်တဲ့ သူငယ်ချင်းတွေကို တွေ့သွားချင်တယ်။
" အဖေ သားဟိုရောက်ရင် ရဲထက်တို့နဲ့ တွေ့ချင်လို့ ရမလားဟင် အဖေ "
" အေးပေါ့ သားသူငယ်ချင်းတေ အကုန် အဖေခေါ် ပေးမယ်နော် သားလေး " " ဟုတ်ကဲ့ အဖေ "
ကားလာခါနီးတော့ သန့်စင်ကို ကိုဝေ ကအဝတ်အစား လဲပေးရင်းက ခေါင်းဖီးပေးရင်း
" ကဲ ငါ့ညီ ချောသွားပြီ ရော့မှန် ကြည့်ကြည့် "
သန့်စင် မှန်ကိုယူကာ ကြည့်လိုက်တော့ ဇဝေဇဝါဖြစ် ခါမှန်ကို ရင်ဘတ်နဲ့ပွတ်ခါ ပြန်ကြည့်မိတယ်။မဟုတ်ဘူး ဒါဘယ်သူလဲ ဒါ ဒါ သူလား ဒါသူတဲ့လား ပါးရိုးတွေပေါ် အောင် မျက်နှာကကျနေပြီး မျက်တွင်းက ဟောက်ပက် အရိုးငေါက်ငက် ဖြစ်နေပါရော့လား။
ဖျတ်ခနဲ လက်ထဲကမှန်ကို ဆွဲယူသွားလို့ မော့ကြည့် လိုက်တော့ အဖေ။
"ကားလာခါနီးပြီ အထုတ်တွေ ဆေးရုံ အပေါက်နားမှာ သွားချထားတော့ မောင်ဝေ "
" ဟုတ် ဦးမြတ် "
" သား ဟိုရောက်ရင် ပြန်ဝလာမှာ ဘာမှမပူနဲ့ သိလား အခုက သားက အစာမစားလို့ ဒိလောက်ပိန်သွားတာ ဟိုရောက်ရင် များများပြန်စားရမယ် နော် "
" အဖေ သားမသေခင် အမေချက်ကြွေးတာလေး စား ချင်သေးတယ် အဖေရယ် အခုတော့ - - - "
" ငါ့သားရယ် မင်းကွာ - - အဖေ ချက်ကျွေးမယ်နော် "
" ဟုတ်ကဲ့ အဖေ "
မျက်ရည်တွေကို သားအဖ နှစ်ယောက် အပြန်အလှန် သုတ်ပေးကာ ပြုံးပြမိကြတယ်။ သိတာပေါ့ နှစ်ယောက် စလုံး ဟန်ဆောင်ပြုံးတွေ ဆိုတာကိုလေ။
ရေဦးကနေ ဆေးရုံပြောင်းတော့လဲ ကားက ဆေးရုံ ကားနဲ့ သူနာပြု ဆရာမလံ ပါသေးတယ်။ ဟိုရောက် တာနဲ့ ဆေးရုံတန်းတက် ရပါတော့တယ်။
" သား အိမ်မှာပဲ ပြန်နေလို့ မရဘူးလား ဟင် "
" မရသေးဘူး သားရဲ့ ဒီမှာခန အားမွေးဦးနော် ပြီးမှ အိမ်ကိုပြန်ရမယ် သိလား "
" ဟုတ်ကဲ့ ဆရာမ "
ဆေးရုံရောက်ပြီး နောက်နေ့မှာပဲ ရဲထက် ရန်ကျော် ကောင်းမြတ် နဲ့ ဇာနည်တို့ အားလုံး ဆေးရုံကို ရောက် လာကြပါတယ်။ သူငယ်ချင်းတွေရဲ့ မျက်နှာလဲမြင်ရော စိတ်က ဘယ်ကနေဘယ်လို အားငယ်သွားမှန်း မသိပါ သူငယ်ချင်းတွေကို ဖက်ခါရှုံးပွဲချ ငိုမိပြန်တော့ သူတို့လဲ ငိုကြပါတော့တယ်။
" ငါမှားခဲ့တယ် ငါ့ကိုခွင့်လွှတ်ကြပါကွာ ငါတောင်းပန် ပါတယ် ငါမင်းတို့ကို တစ်ကယ်ခင်တာပါကွာ "
" ငါတို့သိပါတယ်ကွာ မငိုနဲ့တော့နော် သန့်စင် "
" အခုငါတို့ လာလို့ရပြီပဲဟာ နေ့တိုင်းလာမယ် နော် "
" အေး ကျောင်းအားတာနဲ့ မင်းကို အဖော်လာလုပ် ပေးမယ် မင်းပျော်ပျော်ပဲ နေနော် သန့်စင် "
" ကျေးဇူး တင်ပါတယ်ကွာ အီးးဟီးး ဟီးး "
" မင်ုပါနဲ့ ဆ်ုကွာ ဟင့် အီး "
" ငါအခု မင်းတို့နဲ့ အပီး ခွဲရတော့မယ် အားဟားး "
" တော်ပါတော့ကွာ တော်ပါတော့နော် "
အဲဒိနေ့က ငိုလိုက်ရတာ အတော်ပင်ပန်းသွားတယ်။
တကယ်ဆို သန့်စင်ရဲ့ သတင်းကြားတာနဲ့ ရဲထက်တို့ တခါစုပြီး မျက်ရည်ကြခဲ့ရ ပြီးသားပါ။ ဆေးရုံမှာ မငိုဘူး လို့ အားတင်းပြီး လာတွေ့ပေမယ့် တကယ်တမ်းကြ မနေနိုင်ခဲ့ပါဘူး။
သန့်စင် ဒီမနက်နိုးတော့ အရင်လိုမလန်းဆန်းဘူး သူ သောက်ရတဲ့ ဆေးတွေကလဲ ဒီရောက်မှ တအားပိုပြင်း လာတယ်နဲ့တူတယ်။ အမေ့ကိုလဲ ခုထိ မတွေ့ရသေး ။
" အဖေ သား အမေ့ကိုတွေ့ချင်တယ် အမေနေကောင်း ရဲ့လားဟင် အဖေ "
" ကောင်းပါတယ် သားရယ် မင်းအမေက စိတ်ကတစ် ချက်တစ်ချက် မငြိမ်ချင်လို့ မခေါ်လာတာပါ "
" အဖေရယ် သားအဝီဇိဂျိုးကပ်မယ့် ကောင်ပါ အဖေ ခုလို ဖြစ်ရတာ အားလုံး သားကြောင့် - - - "
" မဟုတ်တာတွေ မပြောနဲ့ တွေးလဲမတွေးနဲ့သားရယ် အဖေတောင်းပန်တယ် အားလုံးဟာ ကံကြောင့်ပါနော် "
ဘာမှပြန်မပြောမိပေမယ့် ကံကြောင့်မဟုတ်တာ သား သိပါတယ် အဖေရယ်လို့ စိတ်ထဲကပဲ ပြောမိပါတယ်။
အမေရယ် အမေအသက်ကော ရှိသေးရဲ့လားဗျာ။ သား အမေ့ကို တွေ့ချင်လိုက်တာ။ ဆေးရုံ အပေါ်ထပ် ကနေငေးကြည့် လိုက်တော့ ပုသိမ်ကြီးဆေးရုံနောက် ဖက်မှာရှိတဲ့ ငါ့မွေးကန်ကြီးတွေကို တွေ့နေရပါတယ်။
အခု ကျနော် သေချင်နေပါပြီ။ ဒါပေမယ့် ဘယ်လို သေရမယ်ဆိုတာ မတွေးတက်ဘူး အရမ်းလဲကြောက် လို့ပါ။ အချိန်တန်ရင် ဘယ်လိုဝေဒနာတွေ ခံစားပြီးမှ ဘယ်လိုပုံစံနဲ့ သေခြင်းတရားကို ရင်ဆိုင်ရမှာတဲ့လဲ။
စောင့်နေမယ့်အစား ပြေးတွေ့လိုက်ချင်ပေမယ့် သတ္တိကလဲ မရှိဘူး ဖြစ်နေတာလေ။ သန့်စင် မှေးနေစဉ် အဖေ အိမ်သာဖက် ထသွားတာမို့ သန့်စင် ဆေးရုံးက နေအသာလေး လစ်ထွက်ခဲ့ပါတယ်။ ဆေးရုံရဲ့နောက် ပေါက်ဖက်ကို ထွက်လာခဲ့ပြီး မွေးမြူရေးကန်ကြီးဆီကို ဦးတည်လျောက်လာ မိပါတော့တယ်။
ခြေလှမ်းတို့က နောက်ပြန်ဆွဲနေပေမယ့် နောက်ဆုံး ခွန်အားတို့ကို အသုံးပြုကာ သန့်စင်လျောက်လာ ပါပြီ။
မျက်ရည်တို့ကလဲ တသွင်သွင်စီးဆင်းလျက်ပေါ့။
ရေကန်စပ်လေးကို ရောက်တော့ အနားမှာရှိတဲ့ ကန်ဇွန်းရွက် အရိုင်းလေးတွေကို ခူးကာ ငါးတွေကိုပစ် ကျွေးနေမိသေးတယ်။ နောက်ဆုံးအလှုလေးပေါ့ ဘယ် ငါးမှလဲ လာမစားကြဘူး။
သန့်စင် စိတ်ထဲကနေ ဘုရားတရားသံဃာ ရတနာ၃ ပါးကို အာရုဏ်ပြုရင်း မိဘ ၂ ပါးကိုလဲ ရှစ်ခိုးကန်တော့ ရင်းက ရေကန်ထဲကို တလှမ်းခြင်းဆင်းကာ လျောက် သွားနေမိပါတော့တယ်။
ကန်ဇွန်းရွက်လေးတွေကို လက်မှာကိုင်ရင်း လက်နှစ် ဖက်ကို ရင်ဘက်မှာအပ်ခါ ရေက တဖြေးဖြေး ရင်ခေါင်း မှတစ်ဆင့် မျက်နှာစီသို့ နစ်နစ်လို့ လာပါပြီ။
ရေက နှာခေါင်းကိုအနစ်မှာ တွန့်ခနဲဖြစ်သွားပေမယ့် ဆက်ပြီးလျောက် ခဲ့ပါတယ်။ တကိုယ်လုံးမြုပ်သွားချိန် မှာတော့ ခြေထောက်တွေက မြေကြီးကိုမထိတော့ပေ။
ခြေထောက်တေက ရေနစ်ပိုင်းကို ဆက်လှမ်းနေပေ မဲ့ လက်တွေကိုတော့ ကန်ဇွန်းရွက်တေနဲ့အတူကျစ်နေ အောင်စုပ်ကိုင် ထားမိပါတယ်။ တကယ်က သန့်စင်ရေ ကိုလဲ ကျွမ်းကျင်စွာ ကူးတက်သူ မဟုတ်ပါ။
ဖတ်ခနဲ မျက်စိကို ဖွင့်ကြည့်မိတော့ နောက်ကျိနေတဲ့ ရေထဲမှာ ငါးတွေလားမသိ ဖျတ်ခနဲ ဖျတ်ခနဲ နားတွေထဲ မှာ ကျီးးးးးခနဲ တချက်ထိုးမြည်လာ ပြန်ပါရဲ့။
ထို့နောက် - - - - - - - - - - - - - - - - - - - -
ရေကန်ရဲ့အလည်မှာ သန့်စင်ရဲ့ အလောင်းကိုတွေ့ရ ချိန်မှာတော့ လက်မှာ ကန်ဇွန်းရွက်လေးတွေကို စုပ်ခါ ကိုင်ထားလျက်ပေါ့။ အားလုံးက ယူကျုံးမရ ဖြစ်ခဲ့ရပါပြီ
ကြည့်ပါဦး အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦး HIV ဖြစ်ခါ မိမိကိုယ်ကို အဆုံးစီရင်သွားတာတဲ့။ ဘယ် လောက်နှမြောဖို့ကောင်းလဲ။ ပြီးတော့ ကျန်ခဲ့တဲ့ အမေ ကလဲ အရူးတပိုင်းမှ တကယ့်ကို အရူးတစ်ပိုင်းပါပဲ။
ဒါဟာ ကံကြမ္မာကြောင့်လား သွေးစာနေတဲ့ အဆင် အခြင်မဲ့တဲ့ အခြောက်မ တစ်ယောက်ကြောင့်လား။ အ တွေ့ထူးကို ယစ်မူးပြီး ရုန်းမထွက်ခဲ့တဲ့ လူငယ်လေးရဲ့ အမှားလား။
မည်သို့ပင်ဆိုစေကာမူ။ အဖူးအငုံ ဘဝနဲ့တင် နွမ်း ခြောက်ခဲ့ရတဲ့ ပန်းတစ်ပွင့်ရဲ့ ဒဏ္ဍာရီဟာ ဆိုးဝါးလေစွ
လူအဖြစ်ရခဲလှတဲ့ ဘဝလေးမှာ ခနလေးသာနေသွားရ ပြီး ဒါန သီလ ဘာမှသိမသွားရှာတဲ့ ခလေးတစ်ယောက် ရဲ့ ဘဝ လားရာဟာ ကောင်းနိုင်ပါ့ဦးမလား။ အသုံးချခံ ခဲ့ရတာလား မိုက်ရူးရဲဆန်ခဲ့ တာလား။
သန့်စင်မွန်မြတ် ဆုံးပြီး တစ်လ အကြာမှာပင် သူ၏ မိခင်လဲ ဘဝတစ်ပါးကို ကူးသွားခဲ့ရ ပြန်ပါတယ်။ သား စိတ်နဲ့ လုံးပါးပါး သွားရှာတာ ပါပဲ။
အမှိုက်ကစလို့ ပြသဒ်မီးလောင်တဲ့ အဖြစ်တွေပေါ့။
ထိုတက်ပို၍ အံ့အားသင့်စရာက နောက်တစ်လမှာပဲ နီနီ ဆိုတဲ့ အခြောက်မဟာလဲ တောင်ပြုန်းပွဲသွားရင်းက ဘယ်သူသတ်မှန်း မသိပဲ အသတ်ခံရ ပြန်ပါတော့တယ်
ဒီပုံပြင်လေး အဆုံးသတ်သွားပေမယ့် သက်ဆိုင်သူ များရဲ့ ရင်ထဲမှာတော့ တိုက်ဆိုင်မှုရှိတိုင်း စူးနစ်စွာဖြင့် နှမြောတသ သတိယလျက် ရှိနေပါတော့တယ်။
ပြီးပါပြီ။
အားပေးသူများကို အထူးကျေးဇူး တင်ပါသည်။
Lamin Lay
No comments:
Post a Comment