Monday, August 8, 2016
သရဖူ လုပွဲ ( စ/ဆုံး )
" ပူလိုက်တဲ့နေ အား ကျစ်ကျစ် ခေါင်းတွေတောင်မူး တယ် တောက်စ် "
ကားပေါ်ကဆင်းကာ ဆာဖာရီ ဥယာဉ်ကုန်းလေးကို သူတက်လာခဲ့တယ်။ ကားပေါ်ကအဖွဲ့တွေက အကုန် အပေါ်ရောက်နေပြီမို့ သူခပ်သွက်သွက်လေး လျှောက် ခဲ့စဉ် မျက်လုံးတွေ ပြာခနဲ ဖြစ်ခါ ခေါင်းထဲထိုးမူးသွားခါ ထိုကုန်းတက်လေးမှာပဲ ထိုင်ချလိုက်ပြီး ခေါင်းကိုလက် နဲ့ဖိထား လိုက်မိတယ်။
ထိုစဉ် လက်တစ်ဖက်က သူ့လက်မောင်းကို ကိုင်ခါ လူကိုပါပွေ့ချီခြင်း ခံလိုက်ရတာမို့ သူအံ့သြသွားပေမယ့် လူကမူးနေပြီး ပူပြင်းလှတဲ့ နေအရှိုန်ကြောင့် ဘာမှလဲမ မြင်ရ ဘာမှလဲ မပြောနိုင်တော့ပေ။
ထိုသူရဲ့ရင်ခွင်ထဲမှာ ဒိတိုင်းလေးလိုက်ခဲ့ လိုက်မိပါရဲ့ နားနေဆောင်ကို ရောက်တော့ သူ့ကိုခုံတန်းပေါ်အသာ ချခါထိုသူက တစ်စုံတစ်ခုနဲ့သူ့ကိုလေရအောင် ယပ်ခပ် ပေးနေတာတွေ့ရပါတယ်။
" အမလေးဗျ "
ရာမည ထိုသူကိုအခုမှ သေချာကြည့်လိုက်ခါ လန့်ပြီး အော်လိုက်မိပါတယ်။ ဟုတ်တယ်လေ သူသေချာပြန်ခါ ကြည့်မိတော့မှ ကျားဝတ်စုံနဲ့ ကျားခေါင်းအကြီးကြီးကို စောင့်ထားတဲ့ သူတစ်ယောက်ဆိုတာ သိလိုက်ခါ အား နာလိုက်မိတယ်။
" စောတီးပါဗျ ရုတ်တရက်မို့ လန့်သွားတာ ကူညီပေး တာကျေးဇူးတင်ပါတယ် ခမျာ့ "
ထိုသူက ခေါင်းငြိမ့်ခါပြလေရဲ့။ စကားသံတော့မကြား ရပေ။ ထိုစဉ်မှာပဲ ဥယာဉ်ထဲလည်မယ့် ကားပေါ်ကနေ ရာမည တို့အဖွဲ့တွေ ပြေးဆင်းလာကြပါတယ်။
" ဟဲ့ ရာရာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ "
" ဟျောင့်ဘာဖြစ်တာလဲ မူးတာလား "
သူငယ်ချင်းတစ်သိုက် အပြေးအလွှားမေးနေ ကြတဲ့ထဲ က ရာမည လှမ်းကြည့်လိုက်တော့ နောက်ဆုံးကနေသူ အေးဆေးစွာပဲ လှမ်းကြည့်နေတာ တွေ့ရပါတယ်။
" ခေါင်းထဲ မိုက်ခနဲ မူးသွားတာကွာ သက်သာပါပြီ "
" ဟာ ဖြစ်ပ့မလား အဲဒါဆို ပြီးရင် သူရိန် ကားမောင်း နင်လိုက်လို့ ဖြစ်ပ့မလား ဒီမှာပဲ နားနေမလား "
" အေးလေ နားချင် နားနေခဲ့ ရာရာ ငါတို့ခနပတ်လိုက် မယ် ရော့ဒီမှာ ရှုဆေးဘူး "
မိန်းခလေးတွေက တစ်ယောက်တပေါက်ဝိုင်း ပြောမှ အနောက်ကနေ သူကတခွန်းပဲ ဝင်ပြောပါတယ်။
" ဘာမှမဖြစ်ပါဘူး ကားနဲ့ပတ်တာပဲဟာ ခနနားပြီးမှ လိုက်ခဲ့ အတူသွားမယ် အပြန်ငါပဲမောင်းမယ် "
ရာမည သူ့စကားကိုဘယ်တုန်းကမှ ငြင်းပယ်ချင်းဆို တာ မရှိခဲ့သလိုပါပဲ ခေါင်းညိမ့်ပြလိုက်ပါတယ်။
" သူ့နားကိုသိပ် ဝိုင်းမအုံထားနဲ့လေ ပိုမူးနေတယ် "
မျိုးမြတ်သူ စကားကို အားလုံးက လက်ခံကာ လူချဲပေး ပြီး အနီးကခုံတွေမှာ ထိုင်ကုန်ကြတယ်။ အဲဒိတော့မှသူ က ရာမညဘေးမှာ ဝင်ထိုင်ခါ
" ရော့ ဒါသောက်ထားလိုက် ဒီမှာရေဘူး "
အသင့်ဖွင့်ထားတဲ့ ရေသန့်ဘူးလေးရယ် ဆေးအဝါ လေး ၂ လုံးရယ် မျိုးမြတ်သူ လှမ်းပေးတာမို့ ရာမည ယူ သောက်လိုက်ပါတယ်။
" ရေတွေတအားမသောက်နဲ့ "
ဆေးသောက်ပြီးမှပဲ အနားကထွက်သွားတဲ့ ကျားကြီး ကိုသတိထားမိတယ်။
" ဟို အကို အကို ခန "
ခေါင်းစွပ်ကြီးနဲ့မို့ ကိုကျားက မကြားဘူးထင်တယ်။ မျိုးမြတ်သူက မျက်မှောင်ကျုတ်ခါ တချက်ကြည့်လာလို့ သူလဲ ဆက်မခေါ်တော့ပါ။ ကျေးဇူးတင်စကား သေချာ ပြောချင်လို့ပါ။
ခနနားပြီး ကားပေါ်တက်ကြတော့ သူ့ဘေးမှာ ထိုင် တာက မျိုးမြတ်သူလေ။ အမြဲတမ်းအေးဆက် တည်ငြိမ် နေတဲ့ မျိုးမြတ်သူ ပုံစံက သူ့ခံစားချက်ကို ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်ပေ။
ကားကစထွကထတော့ ရာမည ပတ်ဝန်းကျင်ကိုလှဲ့ ကြည့်မိတယ်။ ကားမှန်ကို အပြင်ကနေ သံဇကာကွက် ကျဲကြီးတွေနဲ့ကာထား တာလေ။ ထိုနေရာကနေလှမ်း ခါမြင်လိုက်ရတဲ့ ပုံရိပ်တစ်ခုက ရာမညရဲ့ ပါးစပ်ကို ဟ သွားစေပါတယ်။
ပုခုံး လောက်ရှိတဲ့ ဆံပင်တွေကို နှဖူးကနေ နောက်စိ နားထိ စုချည်ထားကာ ကျန်ဆံပင်တွေက ဖရိုဖရဲဖြန့်ချ ထားတယ်။ နှဖူးကမဟာဆန်သလို လေးထောင့်ဆန်တဲ့ မေးရိုးတွေရယ် ပါးသိုင်းမွှေးရေးရေးရယ် နှုပ်ခမ်းပါးပါးနဲ့ နှာတံချွန်ချွန်တွေရယ် ပိုင်ဆိုင်ထားတဲ့ မျက်နှာတခု။
ထို့ထက်ပို၍ ထူးခြားတာက မြှောင်းလိုက်ထနေသော လက်မောင်းကြီးနဲ့ ကျယ်ပြန့်ဖောင်းကားနေတဲ့ ရင်အုပ် ကို ခြွေးစိုနေတဲ့ စွပ်ကျယ်အဖြူ အကျပ်လေးနဲ့ ကွယ် ထားသလို ခါးမှပြီးစလွယ် ချည်ထားတဲ့ ဘောင်းဘီနှင့် တဆက်တည်း ကျားအင်ကျီကြီးပါပဲ။
အလွန်ဆွဲဆောင်မှု ရှိသော ထိုအမျိုးသားက ခုနက ရာမညကို စကားတစ်ခွန်းမှ မပြောခဲ့ပဲ အခုတော့ ကား ပေါ်မှာထိုင်နေတာကို သေသေချာချာ လှမ်းပြီးငေးနေ တာ ရာမည ရင်ထဲတမျိုးလေးတော့ ခံစားလိုက်မိတယ်
ပြန်မှ ကျေးဇူးတင်စကား မဖြစ်မနေပြန်ပြောမယ်လို့လဲ စိတ်ထဲ တေးမှတ်ထားလိုက်တယ်။
" ကားရပ်ခိုင်းပေးရမလား "
ရုတ်တရက် မျိုးမြတ်သူ အသံကြားတော့မှ ရာမည ခုံ မှာသေချာပြန် ထိုင်လိုက်ပါတယ်။ မျက်စိထဲမှာ ခုနကပုံ က်ုဘယ်လိုမှ ဖျောက်မရပေ။ ယောက်ျားအလွန်ပီသခါ သဘာဝဆန်စွာ ကြည့်ကောင်းနေတဲ့ သူတစ်ယောက် ကားကိုသာအမြန်ဆုံး ပြန်ရောက်ပါစေလို့ ဆုတောင်း နေလိုက်မိပါတယ်။
ဆာဖာရီ ဂိတိကိုပြန်ထွက်လာတော့ ထိုထဲမှ ဆိုင်ကို ရာမည သွားမေးကြည့်မိတယ်။
" ခုနက ကျားအင်ကျီနဲ့ လူလေ ဘယ်ရောက်သွားလဲ ဗျ ကျေးဇူးတင်စကားပြောချင်လို့ပါ "
" သူတို့အဖွဲ့တွေ ပြန်သွားပြီ အကို ဒီမနက် ပရိုမိုးရှင်း ပွဲတစ်ခု လာလုပ်တာ အဲဒါက ရန်ကုန်က မော်ဒလ်တွေ ထင်တယ် တအားမိုက်တာပဲ "
ရာမည သက်ပြင်းကို ခိုးချလိုက်မိပါတော့တယ်။ ဟူး လွဲသွားပြီပေါ့ ကိုကျားရယ်။ ဘယ်တော့များမှ ပြန်ဆုံမ လဲတော့ မပြောတက်ဘူး။
" အော် အကို သူတို့အဖွဲ့တွေ ညနေပိုင်းကို ဟိုဘက် တိရိစ္ဆာန်ရုံမှာ ရှိမယ်လို့ပြောသံကြားတယ် "
" အော် ဟုတ်ကဲ့ ကျေးဇူးနော် ညီမ "
" ဟုတ် ဟုတ် ရတယ် "
သူကားပေါ် လိုက်ဖို့လှဲ့လိုက်တော့ နောက်မှာရပ်ခါ ကြည့်နေတဲ့ မျိုးမြတ်သူကို တွေ့ရပါတယ်။
" တိရိစ္ဆာန်ရုံတော့ နောက်တစ်ခေါက်မဝင်တော့ဘူး မဟုတ်လား "
ရာမည မျက်နှာကွက်ခနဲ ပျက်သွားခါ
" ကျေးဇူးတင်စကား ပြောချင်လို့ပါကွာ သွားမယ် "
တကယ်ဆို တက္ကသိုလ် ပထမနှစ်ထဲက ရာမညက မျိုး မြတ်သူကို စိတ်ဝင်စားနေတာလေ။ တချို့သူငယ်ချင်း တွေတောင်ရိပ်မိ ကြပါတယ်။ ဒါပေမယ့် နောက်တယ် ပြောင်တယ် အဲ့ဒိလောက်ပါပဲ။ တကယ်တမ်းတော့လဲ ဘယ်သူကမှ ရဲတင်းစွာ မစွပ်စွဲရဲပေ။
မျိုးမြတ်သူ ကလဲဒါကိုသိပေမယ့် မသိသလိုပဲနေခဲ့ တယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုက အခုချိန်ထိ မျိုးမြတ်သူ ကလဲ မိန်းခလေး ရည်းစား မထားတာပါပဲ။ ဒါ့ကြောင့် သူတို့ကို သူငယ်ချင်းတွေက မကြာခနစတာ ပေါ့။ ရာမညကတော့ ကျိတ် ပျော်နေခဲ့တာလေ။
အခုလဲ ရာမည ကိုကျားကို မြင်တာနဲ့သဘောကျခဲ့မိ ပေမယ့် မရိုးသားတာတော့ မဟုတ်ပေ။ အားကျပြီး ခင် မင်ချင်တာမျိုးပါ။ ယောက်ျားခြင်းတောင် အားကျရတဲ့ ပုံ စံ ကလဲ ကိုကျားမှာ အပြည့်ရှိနေတာကိုး။
အဲဒိနေ့က တနေကုန်လည်ပြီး ညဘက်ကြတော့လဲ ရေပန်းဥယာဉ်မှာ တစ်ညလုံးအချိန်ကုန်ခဲ့တယ်လေ။ နေ့လည်ထဲက သူ့ကိုလုံးဝ စကားမပြောတော့တဲ့ မျိုး မြတ်သူ ကို ပုံစံမျိုးစုံနဲ့ ချော့ခဲ့ပေမယ့် မရပေ။ ကျန်တဲ့ သူတွေကတောင် သူတို့ကို နောက်နေကြသေးတယ်။
ခုလဲကြည့်ဦးလေ ရေပန်းဥယာဉ်ထဲမှာ ရာမည လုံးဝ မကြိုက်မှန်းသိတဲ့ Beer ကို သူသောက်နေတာ ၄ ဘူး တောင်ရှိပြီ။ ညနေထဲကကိုကလဲ အမှားလုပ်ထားမိတာ ဆိုတော့ ရင်ထဲမကောင်းပေမယ့် သည်းခံနေခဲ့တာပါ။
" မြတ်သူ င့ကို ဓါတ်ပုံရိုက်ပေးစမ်းပါကွာ အိမ်ကိုပို့ ပေးချင်လို့နော် "
" ကို့ဖာသာရိုက်ပါလား စိတ်မဝင်စားဘူး " ရင်ထဲအောင့်ခနဲပင် ဖြစ်သွားရပါတယ်။ ဘေးကလူတွေ ကတခွီးခွီး ရီကြတော့ အရှက်ပြေ မျိုးမြတ်သူရဲ့ လက် မောင်းကို ပုတ်လိုက်ခါ
" မင်းကလဲ "
အဲဒိချိန်မှာ မထင်မှတ်ပဲ မျိုးမြတ်သူရဲ့ လုပ်ရပ်က ရာ မည မျက်နှာဖျက်ရိုက်ခံ လိုက်ရသလို ခံစားလိုက်ရပါ တော့တယ်။ ပုတ်လိုက်တဲ့ ရာမညရဲ့ လက်ကို ခပ်ဆတ် ဆတ်ပုတ်ထုက်ခါ လက်သီးဖြင့်ချိန်လိုက်ပြီး
" မင်းစကားပြောတာ လက်မပါနဲ့ ငါ့အသားနာရင်ငါ ဘယ်ကောင့်ကိုမှ သည်းမခံဘူး ထိုးခံရမယ် ဟင်း "
ရာမည မျက်နှာ တစ်ခုလုံးရဲတွက်သွားခါ နှာသီးဖျား တွေ နီရဲလာပါတယ် ရင်ထဲမှာစို့သွားတာမို့ မျက်ရည်က လဲဝဲတက်လာပါတယ်။ ပြောရက်လိုက်တာ မြတ်သူရာ။
" မင်းတို့ကလဲကွာ အချင်းချင်းတွေကို ဘလိုဖြစ်နေ ကြတာလဲ တော်တော့ မြတ်သူလဲ "
" အေးလေ လင်မယားတွေ ဖြစ်ကြပြန်ပီ မပြောချင်ပါ ဘူး တနေကုန် သူတို့ပဲ ပြသနာတက်နေတာ "
သူငယ်ချင်းတွေ သတိထားမိကာ ဝိုင်းတားကြပါရဲ့။ သူငယ်ချင်းတွေ အရှေ့မှာ မြတ်သူကြောင့် သူမျက်ရည် မကျချင်ပါဘူး။ ရာမည ထိုထဲကနေ ပြေးထွက်လာခဲ့မိ ပါတော့တယ်။
" ဟဲ့ ဟဲ့ ဘယ်သွားတာလဲ ဟိုတယောက်က "
" ဟေ့ကောင်ကားနားက စောင့်နေနော် "
နောက်ကသူငယ်ချင်းတွေရဲ့ အော်သံကိုသူ ပြန်ပြီး ဖြေမနေတော့ပဲ ရေပန်းဥယာဉ်ဂိတ်ပေါက်က ကားတွေ ထားတဲ့နေရာကိုပြေးလာခဲ့မိတယ်။
ကားပါကင်ရောက်တော့ သစ်ပင်ကွယ်နေတဲ့မှောင် နေတဲ့ နေရာလေးကို ဝင်ပြီးငုတ်တုတ်ထိုင်ခါ မျက်ရည် တွေကျနေမိပါတော့တယ်။ အဲဒိချိန်မှာပဲ သူ့ဘေးနားမှ ဆိုင်ကယ် လီဗာဆွဲတဲ့ အသံပေါ်လာတာမို့ ရာမည လှဲ့ ကြည့်လိုက်တော့။
" ဟင် ကိုကျား "
သူကဘာတစ်ခုမှ မပြောပဲ ဆိုင်ကယ်နောက်ကိုမေး ထိုးပြတော့ ရာမည ဘာမှမစဉ်းစားပဲ တက်ထိုင်လိုက် ပါတော့တယ်။ ဟာဇက် ဆိုင်ကယ်ကြီးစွေ့ခနဲ မောင်း ထွက်လိုက်ချိန်မှာတော့ ရာအည လက်တွေက ကိုကျား ရဲ့ဗိုက်သားကျစ်ကျစ်တွေကို ဖက်ထားမိပြီးသား ဖြစ်နေ ပါပြီ။ လေအတိုးမှာ လွင့်နေတဲ့ ကိုကျားရဲ့ ဆံပင်ရှည် တွေနဲ့ နီးကပ်ဖို့ ရာမည မျက်နှာကို ရှေ့တိုးလိုက်တယ်။
သင်းပျံ့တဲ့ ရှံပူနံ့က လူကိုလန်းဆန်းစေပြန်တယ်။ ကိုကျားက ဘာမှမမေးပဲ ဆိုင်ကယ်ကို ခပ်မြန်မြန်ပဲ မောင်းနေပါတယ်။ ရာမညလဲ ဘာမှမပြောပဲ နောက်က နေခါးကို ဖက်ခါ ကိုကျားပုခုံးပေါ်ခေါင်းမှီရင်းလိုက်ခဲ့မိပါ တော့တယ်။ မြတ်သူအကြောင်းတွေးမိပြန်တယ် သူများ စိတ်ပူနေမလားဆိုပြီး တွေးမိတော့ မျက်ရည်တွေကကျ လို့လာပြန်တာ ကိုကျားပုခုံးမှာ စွတ်စိုလို့သွားလားပင် မသိ ဖက်ထားတဲ့ ရာမညရဲ့ လက်ပေါ်ကို နူးညံ့သွယ် ပြောင်းသော လက်ချောင်းရှေလေးတွေနဲ့ နွေးထွေးစွာ စုပ်ကိုင်ချင်းကို ခံလိုက်ရပါတော့တယ်။
ထပ်ပြီးအုပ်က်ုင်လာတဲ့ အေးစက်စက် လက်လေးကို အပေါ်ကလက်တဖက်နဲ့ ပြန်အုပ်ခါ ရာမည ကိုင်ထား လိုက်မိပါတယ်။ လက်ကမအားတော့ ရာမညမျက်ရည် တွေက ကိုကျားရဲ့ ခပ်ပါးပါး တီရှပ်လေးပေါ်မှာ ရွှဲစိုလို့ နေပါပြီ။ ကိုကျားက ဆိုင်ကယ်ကို အဝိုင်းကြီး တစ်ခုကို ကျော်ပြီး ရေကန်စပ်လေးတစ်ခုမှာ ထိုးရပ်လိုက်ပါတယ်
" ဆင်းလေ ခနထိုင်မယ် ရလား "
အိုး ကျားတစ်ကောင်ရဲ့ ညင်သာတဲ့ ညည်းငြူသံဟာ ရာမည ရင်ထဲကို တန်းဝင်လာလောက်အောင် ချိုအီခါ ညင်းနွဲ့သာယာ မယ်လို့ ထင်မထားမိဘူးလေ။ ကိုကျား ခများ အရမ်းကို အံ့သြဖို့ကောင်းတဲ့ သူတစ်ယောက်ပဲ။
" မဆင်းရင်ဘယ်ကို မောင်းပို့ပေးရမလဲ "
" အော် ဆင်းမယ် စောတီးနော် "
နောက်ကနေဖက်ထားတာမို့ ရာမည မဆင်းပဲ သူလဲ ဆင်းမရတာ ခုမှ ရာမည သတိထားမိတယ်။
ရာမည ဆင်းပြီးတော့ သူလဲဆိုင်ကယ်ကိုထောက်ခါ ဆင်းလာပါတယ်။ ပြီးတော့မှ ကန်စပ်လေးမှာ သူသွား ထိုင်တာမို့ ရာမညလဲ လိုက်ခါ သူ့ဘေးမှာထိုင်လိုက်ပါ တယ်။ ကိုကျားက ဘာတစ်ခုမှ မပြောပဲ ကန်ရေပြင်ကို သာငေးနေပါတယ်။
" မနက်က အတွက်ကော အခုအတွက်ပါ ကျေးဇူး တင်ပါတယ် ကိုကျား "
သူက ခေါင်းပဲငြိမ့်ပြတယ်။ ရာမည စိတ်ထဲဘဝင်မကျ ဘာလို့ စကားကို သေချာမပြောတာလဲပေါ့။
" စကားနဲတယ်နော် ဒါမှမဟုတ် ပြောစရာမရှိလို့လား "
" မပြောချင်တာ "
" ဟင် "
ပြောချလိုက်တဲ့ စကားက ရင်ထဲအောင့်ရပြန်တယ်။ ရာမည ဒီနေ့ကံမကောင်းပါလား။ ရာမည လူတိုင်းရဲ့ အထင်သေးခြင်း ခံနေရတာ ဘာလို့ပါလဲ။ ယောက်ျား လေးတွေကို သာစိတ်ဝင်စားမိတော့လဲ ဒါမျိုးက ကြုံရ တာရိုးနေပေမယ့် ကိုကခင်မင်တွယ်တာမိသူတွေတော့ ဒိလိုဆက်ဆံတာမျိုးကို မခံစားနိုင်ပေ။ ပါးပြင်က ယား ကျိကျိဖြစ်လာလို့ လက်နဲ့ပွတ်လိုက်တော့ စွတ်စိုနေပြီ။
" မင်း တအားငိုတာပဲနော် ရော့ မင်းစိတ်တွေမွန်းကြပ် နေရင် အဲဒါနဲ့ ငါ့ကို အားရပါးရ အဝသာရိုက်လိုက် "
ကိုကျားက မထင်မှတ်တာ တစ်ခုထလုပ်လိုက်တာမို့ ရာမည ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ကိုကျားထိုး ပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကြီးကိုင်ကာ ကြောင်ပြီးကြည့် နေမိတယ်။
" မရိုက်ဘူးလား အဲဒါဆို ပါးကိုရိုက် ဘဟ်ပြန်ညာပြန် ရော့ ရိုက် အားမနာနဲ့ "
ရာမညရဲ့ လက်ကို ကိုင်ခါ သူ့ပါးပေါ်တင်ပေးတယ်။ နူးညံ့နေတဲ့ ပါးလေးက ပါးသိုင်းမွှေးလေးတွေနဲ့ စိမ်းစို နေတာ ရိုက်ရက်စရာလား။
" ဘာလို့ ဇွတ်တွေ လုပ်ခိုင်းနေတာလဲဗျာ့ ကျနော့ကို ကျနော် ငိုချင်လာပြီ အိဟီးးဟီး "
" ဟ့ မင်းငိုတာ ငါမကြည့်ရက်လို့လေ ရင်နာတာက အသားနာတာထက် ပိုဆိုးတယ်ကွ မင်းသိလား "
ရာမည မျက်လုံးတွေ ဝိုင်းစက်သွားခါ ကိုကျားကိုလှဲ့ ကြည့်မိလိုက်တယ်။
" တောက် အဲဒါကြောင့်ငါ စကားမပြောချင်တာ အေး ငါကလဲ ငါ့ဖာသာ ဘာကောင်ဆိုတာ နားမလည်တော့ ဘူး ငါမင်းကို စိတ်ဝင်စားနေမိတယ် ညနေစတွေ့ထဲက ပဲခုချိန်ထိ မင်းကိုပဲ သတိယနေတာ အဓိပ္ပါယ်မရှိတာ တွေ ဖြစ်နေတာမို့လို့ ကို့ကိုယ်ကိုရူးနေပြီလားလို့လဲ ငါပြန်စဉ်းစားနေတာ တော်ပြီကွာပြန်မယ် လာထ "
ကိုကျားကမ်းပေးတဲ့ လက်ကို ရာမည မကိုင်ပဲကို့ဖာ ကိုကုန်းထလိုက် ပါတယ်။ ဆိုင်ကယ်ပေါ်ရောက်တော့
" ဘယ်ဟိုတယ်ပြန်မှာလဲ "
" မြင့်မိုရ်နန်း "
" ဟူးးးး လေတယ်ကွာ "
ပြောပြီးဆိုင်ကယ်ကို မောင်းထွက်လိုက် တာမို့ ရာမည လဲဘာမှမေးမနေတော့ပေ။ ဘာအဓိပ္ပါယ်နဲ့ ပြောမှန်းလဲ မသိပေ။ ဟိုတယ်ရောက်မှ သိလိုက်ရတာက ကိုကျား ကလဲ ဒီဟိုတယ်မှာပဲ တည်းတာလေ သူတို့အဖွဲ့တွေနဲ့။
ဟိုတယ် မှာလဲ အထပ်က တစ်ထပ်တည်း ဖြစ်နေပြီး အခန်းကတော့ ဟိုဘက်ထိပ် ဒီဖက်ထိပ်မို့ အနည်းငယ် ဝေးနေပါတယ်။
" ကဲသွားတော့ ကိစ္စရှိရင်လာခေါ် ငါဒီအခန်းမှာ "
" ကျေးဇူးပါ ကိုကျား "
" ဘာ "
" Sorry နာမည် မသိလို့ပါဗျာ "
" အဲဒါပဲခေါ်တော့ ကောင်းတယ် good night "
ပြောပြီး အခန်းထဲဝင်သွားတာမို့ ရာမညလဲ ကို့အခန်း ကိုပြန်လာခဲ့တယ်။ ခနနေတော့ သူငယ်ချင်းတွေပြန်ခဲ့ ကြပါတယ်။ မြတ်သူက အတော်မူးနေပြီ ရာမညနဲ့အတူ တခန်းယူထား တာကို အတူမအိပ်တော့ပဲ တခြားခန်း မှာ သူငယ်ချင်းယောက်ျားလေးတွေ နဲ့အိပ်တယ်လေ။
စိတ်တွေက ဘာကိုအလိုမကျမှန်းမသိပေ။ တကယ် ဆို ဒိနေ့ညက ရာမည အရမ်းမျှော်လင့်ခဲ့တဲ့ ညတစ်ည သူအရမ်းစိတ်ဝင်စားတဲ့ မြတ်သူနဲ့ အတူအိပ်ခွင့်ရမယ့် ညလေ အခုတော့ အားလုံးလွဲကုန်ပြီပေါ့။
စိတ်ညစ်တာနဲ့ TV Channel တစ်ခုကို ဖွင့်လိုက်တော့ တင်ဇာမော်ရဲ့ Live Show လာနေတာကိုး။ စိတ်ညစ် လို့ဖွင့်ထားပြီး မကြည့်ပဲ ကုတင်ပေါ်မှောက် အိပ်နေမိ ချိန်မှာပဲ သီချင်းသံလေး ကနားထဲဝင်လာတယ်။
# မနက်အာရုဏ်တွေထဲ နိုးထ အရင်လိုနေရာဟောင်း လေးမှာ မျှော်လင့်ချက်တို့ အသစ်တဖန် ပြန်လည်ပြီး တော့ ဖြစ်ပါ့မလား ကို့ အိမ်ပြင်မှာ တံခါးခေါက်သလား ဝင်လာပါလို့ မပြောရက်ပါ ဒီအိမ်လေးထဲ မင်းရဲ့အရင် ပိုင်ဆိုင်သူ တစ်ယောက်ရှိနှင့်ပြီးသား #
မျက်စိထဲမှာ မြင်ရောင်မိလာတာက ကိုကျားရဲ့ပုံရိပ် ကိုကျားက သူ့ကိုစိတ်ဝင်စားနေတာတဲ့လား။ ရာမည ကကော ဟူး ရင်မောလိုက်တာ။
# ဘယ်လိုမှ ပြင်ဆင်လို့လဲမရ ငါ့ရဲ့အချစ်နဲ့ ဘဝကိုလဲ သိမ်းဆည်းပြီးတော့ထား အိမ်မက်တွေကို မက်ဆဲလား အခုတော့ မင်းပြန်ပါဦး ပြောလို့မထွက်နိုင်သေးတဲခန #
ခေါင်းကိုအတင်းခေါင်းအုံးနဲ့ ဖိခါ အိပ်ချလိုက်သည်။ တနေကုန်ပင်ပန်း ထားတာမို့ ထင်တယ် ရာမည အခန်း ကိုတံခါးလာခေါက်မှ ရာမည နိုးပါတော့တယ်။ တံခါးကို ဖွင့်လိုက်တော့ မျက်နှာက စူပုတ်နေသည့် မြတ်သူ ကို တွေ့ရပါတယ်။
" ထတော့သူများတွေ မနက်စာစားနေပီ ခနနေ ပြန်မှာ တစ်ညလုံးမအိပ်ပဲ ဘာတွေလုပ်နေမှန်း မသိဘူး "
မြတ်သူရဲ့ စကားကို ဘာမှပြန်ပြောမနေပဲ ရာမည ရေ ချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ခေါင်းကနေ ရေစိမ်ကာချိုး ချလိုက်ပါတော့တယ်။ ဒါတောင်လူက မူးနောက်နေဆဲ။ အပြင်ထွက်လာတော့ မြတ်သူပစ္စည်းတွေ အကုန်သိမ်း ပြီးနေပြီလေ။ ကုတင်ပေါ်က အင်ကျီကိုပဲ ကောက်စွပ်ခါ
" မင်းမောင်းမှာလား ငါပဲမောင်းမယ် "
" ဇာနည် မောင်းလိမ့်မယ် လျှာမရှည်နဲ့ "
" ပြီးတာပဲလေ "
ကိုကစေတနာနဲ့ သူပင်ပန်းမှာစိုးလို့ ပြောတာကို များ နေပေါ့။ ထမင်းစားတဲ့ နေရာရောက်တော့ ကိုကျားတို့ အဖွဲ့လဲ စားနေတာ တွေ့ရပါတယ်။ ရာမညက ကိုကျား ဖက်မျက်နှာမူတဲ့ ခုံမှာထိုင်မယ် လုပ်တော့ မြတ်သူက
" ဒီဖက်လာထိုင် အိနြေ္ဒကိုမရဘူး "
ရာမည နှုပ်ခမ်းကိုရွဲ့ပစ်လိုက်ခါ ကျောပေးထားတဲ့ ဖက်ကို ပြောင်းထိုင်လိုက်ရတယ်လေ။ ခုနကထိုင်တာ ကလဲ ဘာရယ်မဟုတ် လှမ်းတွေ့တာမို့ လက်စနဲ့ကြုံတဲ့ နေရာထိုင်တဲ့ သဘောပါ။
စားသောက်ပြီး ပြန်ကြမယ် လုပ်တော့ ကိုကျားတို့ အဖွဲ့ကလဲ ကားတစ်စီး သူတို့အဖွဲ့က မော်ဒလ်တွေလို့ ထင်ရတာပဲ အကုန်လုံးက အချောအလန်းတွေပါပဲ။ ရာမည သူငယ်ချင်းမ ၃ ကောင်ကတောင် အီစီကလီပဲ များနေကြသေးတယ်လေ။
ဒါပေမယ့် ကားပေါ်တက်တဲ့အထိ ရာမည လှဲ့ကြည့် လိုက်တိုင်း ကိုကျားက သူ့က်ုကြည့်နေတာ တွေ့ရရဲ့။ မျက်လုံးကနေပဲ နှုတ်ဆက်ခဲ့လိုက်ရပါတယ်။ မြတ်သူ မကြိုက်ဘူးဆိုတော့ ဇွတ်လဲမလုပ်ချင်ဘူးလေ။ သူ့ကို ကိုကချစ်နေမိတာကိုး။ သူကသာ ပြန်လဲမချစ်ပဲနဲ့ နိုင် စား နေတာ။ မုန်းဖို့ကောင်းလိုက်တာ။
လမ်းမှာတော့ ပြန်မတွေ့တော့ပေ။ သူတို့ဘယ်ဝင်လဲ မှမသိတာ။ သတိရမိတာတော့ အမှန်ပေ။ နာမည်တောင် မပြောခဲ့တဲ့ ကိုကျားလေ။
ဒီတစ်ခါက နောက်ဆုံးနှစ်စာမေးပွဲ ပြီးတာမို့ သူတို့အဖွဲ့ တွေ ပျော်ပွဲစားထွက်ကြတာပါ။ အိမ်တွေပြန်ရောက်ကြ တော့လဲ သူ့အလုပ်ကို့အလုပ်နဲ့မို့ မတွေ့ဖြစ်ကြတော့ပေ မြတ်သူ ကတော့ ရာမညနဲ့ လိုင်းပေါ်မှာအမြဲတွေ့ဖြစ်ပါ တယ်။ တခါတရံ အပြင်တွေသွားရင်တော့ အတူသွားဖြစ် တယ်လေ။
ဒိနေ့ ပြင်းတာနဲ့ လိုင်းပေါ်ကနေ post တွေ လျှောက်ခါ ကြည့်နေမိစဉ်မှာပဲ Fri တစ်ယောက် Share ထားတဲ့ပို့စ် တစ်ခုမှာ မထင်မှတ်ပဲ ကိုကျားပုံတွေ တွေ့လိုက်ရတယ်။ လှိုက်ခနဲဝမ်းသာသွားပြီး ချက်ခြင်းသူ့ wall ထဲဝင်ခါ Fri အပ်လိုက်ပြီး ပုံတွေ အကုန်လိုက်ကြည့်မိတယ်။
ပုံတွေ အားလုံးက လှပတဲ့ Body ကိုအသားပေးကာ ဆွဲဆောင်မှုအားကောင်းလှသည်။ Likeထား ment ထား သူတွေကလဲ မနဲလှပေ။ Fri request ကပြည့်နေပြီဆိုမှ ဘာလုပ်ရမှန်း မသိဖြစ်သွားခါ Cbat Box ကနေ သွားပြီး Hi လိုက်တယ်။
" Hi ကိုကျား မှတ်မိရင်အပ်ပေးပါဦးဗျာ "
အဲဒါလေး ပို့ထားလိုက်ပြီး တစ်ခုသွား သတိရတာကသူ မြင်ပါ့မလားပေါ့။ အဲဒါနဲ့ Post တစ်ခုမှာ မန်းရှင်းခေါ်ကာ မန့်လိုက်တယ်။ Post ကလဲ ရာမည မျက်လုံးထဲမှာစွဲနေ တဲ့ ကျားဝတ်စုံနဲ့ Sexy ကျကျ Post လေးပါပဲ။
" မြင့်မိုရ်နန်းက ကိုကျားကို သတိရတယ် "
အဲ့လိုလေး မန့်လိုက်တော့ သူမြင်ရင်သိလောက်မှာပါ ပေါ့လေ။ အဲဒိနေ့ကစပြီး FaceBook သုံးတဲ့အချိန်တိုင်း မှာ မြတ်သူပြီးရင် မျှော်စရာတစ်ခု တိုးလာပါတယ်။ အဲဒါ ကတော့ ကိုကျားစီက reply လေးပါပဲ။
တစ်ညတော မြတ်သူနဲ့ Chat ပြီး လျောက်ကြည့်ခါအိပ် တော့မယ်လုပ်နေတုန်း CB ကနေ Hi ဆိုတာလေး တက် လာပါတော့တယ်။ ကြည့်လိုက်မိတော့ ကိုကျား Acc မှ။ ရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာသွားတာ မငြင်းနိုင်ပေ။
" Hi ကိုကျား သတိယတယ်ဗျ ကျနော့ကို မှတ်မိလား "
ဝမ်းသာအားရ စာပို့လိုက်တော့ cele ဆန်စွာတုန့်ပြန်ခံ လိုက်ရတာက ပြုံးနေတဲ့ပုံလေးတစ်ခုနဲ့လေ။ ရှိစေတော့။
" ကျေးဇူးတင်ပါတယ်ဗျာ အခုလိုစာပြန်ပေးတာ ခများ ကိုကျေးဇူးတင်တဲ့ အနေနဲ့ တစ်ခုခု ကျွေးပါရစေ "
" sry busy "
ဟင် ဘဟ်လိုကြီးလဲ အစကတော့ သူပဲစိတ်ဝင်စားတယ် ပြောပြီးတော့ အခုတော့လဲ မာနတွေကြီးပြနေလိုက်တာ။ အင်းပေါ့ ဒိလိုပါပဲ ကိုကစပြီးခေါ်မိရင် သူတို့ကပြေးကြမှာ သဘာဝလိုကို ဖြစ်နေပါပြီ။ ရှိစေတော့။
" အော် ဟုတ်ကဲ့ ရပါတယ် အားတဲ့အခါပေါ့ဗျာ ဒါက ကျနော့ဖုန်းနံပါတ်ပါ 099 - - - - - - - - အားတဲ့အချိန်ကို တစ်ချက်လောက် reply လုပ်ပေးပါဗျာ့ "
" Ok "
" Good Night ကိုကျား ကျနော်အိပ်ပြီ "
" Ok g n "
ဖုန်းကိုပိတ်ခါ အိပ်ယာပေါ်လှဲ ချလိုက်ပေမယ့် အိပ်လို့ တောင်မရတော့ပေ။ ဒါကဘယ်လိုဖြစ်သွားတာလဲရာမည မစဉ်းစားတက်တော့ပေ။ သူပြောင်းလဲသွားတာများလား ဒ့ဆိုလဲ ဝမ်းနည်းစရာမှ မဟုတ်ပဲ။ ရာမည ကို့ကိုယ်ကိုပဲ အပစ်တင် နေမိပါတော့တယ်။
အဲဒိနေ့ကစပြီး ရာမည လိုင်းပေါ်တက်တိုင်း ကိုကျား ကိုကြည့်မိပါတယ်။ စာလေးတွေလဲ တစ်လုံးစနှစ်လုံးစပို့ ဖြစ်တယ်။ ဒါပေမယ့် ၁၀ ခါ့တစ်ခါသာ reply ပြန်လာလေ့ ရှိပြီး ၁၀ ကြောင်း ပို့လို့မှတစ်ကြောင်းရယ်သာ။ တစ်ခါ တစ်လေ စာက်ုဖတ်သွားပြီး Reply မပြန်တဲ့ အခါမျိုးဆို ရင်ထဲမှာ တမျိုးကြီး ခံစားခဲ့ရတယ်။
ဒါ့ကြောင့် နောက်ဆိုစာမပို့ဖို့ ဆုံးဖြတ်လိုက် ပါတော့ တယ်။ ဒါပေမယ့်လဲ ခက်တာက ကို့ဖက်က သူ့ကိုခင်မင် ရင်းစွဲရှိနေတာမို့ သူ့ Acc ထဲကိုတော့ နေ့တိုင်းဝင်ကြည့်ခဲ့ မိပါတယ်။ တခါတလေ CB ကိုလဲ ဖွင့်ကြည့်မိတယ်။ သူ များစာပို့ လာလေမလားလို့ မသိစိတ်က မျှော်နေမိတယ်။
သူ့ဖက်ကတော့ တုတ်တုတ်မှ လှုပ်မလာပါဘူး။ ရှိစေ တော့။ သူကမှအဖက်မလုပ်တာ ကိုလဲနေတက်အောင်ပဲ နေရပေမပေါ့။ မြတ်သူကလဲ တွေ့လိုက်မတွေ့လိုက်နဲ့ စိတ်ကလဲ လေတေတေ ဖြစ်နေမိတယ်လေ။ ဒါ့ကြောင့် မြတ်သူကို စာအုပ်ဝယ်ချင်လို့ အဖော်လိုက်ပေးပါဆိုပြီး ချိန်းလိုက်တယ်။ မြတ်သူကလဲ ဒါနဲ့ခေါ်မှ ရှောရှာရှုရှုခေါ် လို့ရတာ ကျန်တဲ့ဟာဆို အတင်းခေါ်ရတာ ပြောမနေနဲ့။
မြတ်သူကို ခေါ်ပြီးစာအုပ်တိုက်မှာ လိုချင်တဲ့စာအုပ်တ အုပ်ကိုဝယ်လိုက်တယ်။ ရင်ထဲမှာတစ်စုံတစ်ခုကိုလဲ ရင် ဖွင့်ချင်တယ်။ ဒါပေမယ့် စိတ်ဆိုးမှာလဲ ကြောက်တယ်။
တကယ်ဆို ရာမည အရင်က ဒီလိုမဟုတ်ပေ။ သူနဲ့သာ အပြင်သွားနေရလျင်ပျော်မဆုံး စကားတွေဖောင်ဖွဲ့နေတဲ့ ရာမည အခုတော့ ငြိမ်နေတယ်။ မျက်နှာကလဲ သိပ်တော့ မလန်းတာမို့ မြတ်သူ စိတ်ထဲတစ်ခုခု တွေးမိကာ။
" ရာရာ မင်းဘာဖြစ်နေတာလဲ ကျားကြီးကို လွမ်းနေတာ လား မှန်မှန်လိမ် "
" မဟုတ်ပါဘူး မြတ်သူရာ ငါစိတ်တွေ သိပ်မကြည်လို့ မင်းကိုသက်သက် ခေါ်ပြီးအပြင်ထွက်လာတာပါ ဘာဖြစ် နေမှန်းလဲ မသိဘူး "
မြတ်သူ ကားကိုဂရုစိုက်မောင်းနေရင်းက ကန်ဘောင် ကိုချိုးကွေ့လိုက်ခါ ကားကို ပါကင်ထိုးလိုက်ပြီး
" လာ လေသွားခံရအောင် စိတ်ပြေလက်ပြောက်ပေါ့ "
ရာမည အနည်းငယ်တော့ အံ့သြနေတာအမှန်ပါပဲ။ ဘာ လို့လဲဆိုတော့ မြတ်သူက သူ့ကိုဂရုတစိုက် ရှိလို့လေ။ ဒါ ဟာ ထူးတော့ထူးပါတယ် အရင်ကဆို ဘယ်တော့မှ သူ့ ကိုအကောင်းမပြောတက် ဘုနဲ့ဘောက်ကျနေတက်တဲ့ မြတ်သူ ကအခုတော့ သူ့ကိုဂရုစိုက်နေသားပဲ။
ကန်ဘောင်က ခုံတန်းလေးမှာ ထိုင်လိုက်ကြပါတယ်။
" ကျေးဇူးပဲ မြတ်သူရာ "
" အဟက် မင်းပြောင်းလဲသွားတာ မင်းကိုမင်းသတိထား မိရဲ့လား အဲဒါဟာ လူတစ်ယောက်ကြောင့် ဖြစ်မယ်ထင် တယ် ဟုတ်လား "
" ဟင်းးး ငါစိတ်တွေရှုတ်ထွေးနေတယ် မြတ်သူရာ "
" မင်းပြောလို့ရသလောက်ပြောကြည့်လေ "
" ငါ Facebook ပေါ်ကလူတစ်ယောက်ကို စိတ်ဝင်စား မိနေပြီ ထင်တယ် မြတ်သူရာ "
ရာမည ဖွင့်ပြောလိုက်မိပါပြီ။ ပြောရတာလဲ အကြောင်း ရှိတယ်လေ။ မြတ်သူကို သူစိတ်ဝင်စားနေတာ မြတ်သူ သိပေမယ့် နားလည်ပေးခဲ့တာကိုး။ ပြန်မချစ်ခဲ့တာတော့ သူ့သဘောပါလေ။ ဒါပေမယ့် ဖွင့်ပြောလို့ရနိုင်တဲ့ တစ်ဦး တည်းသောသူဟာ မြတ်သူပဲ ရှိတာတော့အမှန်ပင်။
" အင်း ကျားကြီးမှ ဟုတ်ပါလေစ ရာရာ "
ရာမည စကားကြောင့် မြတ်သူရင်ထဲမှာ စို့နင့်သွားရပေ မယ့် ဟန်မပျက် စက်ပြီးပြောလိုက်ရပါတယ်။ ဟုတ်တယ် လေ ဟန်ပျက်လို့ကော ဖြစ်မလား။ ရာမညအရင်က သူ့ ကိုစိတ်ဝင်စား ခဲ့တာသူသိတာပဲ။ ဒါပေမယ့် အခြေအနေ အရ ရာမညကလဲ ဖွင့်မပြောခဲ့သလို သူကကော ဖွင့်ပြော ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလေ။
သူမချစ်ပဲနဲ့ ရာမညကို သဝန်တိုခဲ့ပါ့မလား။
အမြဲတမ်းပဲ ရာမညနားမှာနေပေးချင် ခဲ့လိုအမြဲ ပြသနာရှာခဲ့ရတာလဲ သူ့ကိုသူအသိပါ အမြဲတမ်းပူးတွဲနေပြီး အရမ်းတွယ်တာပြ နေရင် လူတွေလှောင်ပြောင်စရာ ဖြစ်လာမှာလေ။ အဲဒါ ကြောင့်မို့ အမြဲတမ်း သူရာမညကို ပြသနာရှာခဲ့ပေမယ့်လဲ အမြဲတမ်းအတူ ရှိနေပေးခဲ့တယ် မဟုတ်လား။ ရည်းစား တောင်မှ မထားခဲ့ဘူးလေ။ ဒါပေမယ့် ယောက်ျားခြင်းကို ကချစ်တယ် စပြောရလောက်အောင် သူမမိုက်မဲခဲ့ဘူး။
ရာရာက မြတ်သူကို တစ်ချက်လှဲ့ကြည့်လိုက်ခါ
" ငါသူ့ကို FB ပေါ်မှာပြန်တွေ့တယ် သူက အောင်မြင် သူပေါ့ကွာ အလန်းကြီးကို Like တွေက ထောင်ကျော်မို့ ငါ့လို Normal User လေးကို ဂရုမစိုက်တာထင်တယ် NPT မှာတွေ့တုန်းကလို မခင်တော့ဘူး အဲဒါကိုပဲငါစိတ် ထဲမှာခုနေတာ ငါကသူ့ကို ကြိုက်တယ်ဆိုတာ မင်းသား တစ်ယောက်ကို အားကျသဘောကျတာမျိုးပါ ဒါပေမဲ့ "
" ဟား ဟား ဟား တော်စမ်းပါ ရာရာရာ အဲဒါပဲ လူတွေ လူတိုင်းတစ်မျိုးစီရူးနေကြတယ်ဆိုတာလေ FB ပေါ်မှာပုံ လှလှလေးမြင်တာနဲ့ အတင်းဇွတ်တွေ မိတ်ဆက် အပြင် မှာလဲတွေ့ရော ဂွမ်း ဟား ဟား ဟား အခုမင်းပြောတဲ့ အဲ့ Acc ကကောသူတကယ်သုံးတာပါလို့ မင်းအာမခံနိုင်လား ဟင် လူသိနည်းတဲ့ မင်းသားမော်ဒလ်ပုံနဲ့ လုပ်စားနေတဲ့ ကောင်တွေ ဒီခေတ်မှာ ရိုက်သတ်လို့မကုန်ဘူး တချို့ဆို ကို့ပုံလိုလိုဘာလိုလိုနဲ့ ထမင်းစားနေတာတို့ ရေကူးနေပါ တယ်တို့ ဗြောင်လိမ်နေတာကို မင်းတို့လို သောက်ရူးတွေ ကလိုက်ပြီး အရူးထနေ ဟေ့ကောင် မင်းကို့နှာခေါင်းလဲ ကိုကိုင်ကြည့်ဦး ဟား ဟား ဟား "
ရီခဲလှတဲ့ မြတ်သူရဲ့ လွတ်လပ်စွာရယ်နေတဲ့ ပုံလေးကို ရာမည ငေးကြည့်နေမိတယ်။ သူပြောတာလဲ ဟုတ်တာပဲ
" သူသုံးတာတော့ ဟုတ်လောက်ပါတယ် သူ့ပုံတွေအမြဲ တင်နေတာပဲ ဘယ်သွားတယ် ဘာလုပ်တယ်ဆိုပြီး "
" အော်အော် ခလုပ်တချက်နှိပ်ပြီး Like တချက်လုပ်ထား ရုံနဲ့ မင်းသားမင်းသီး Page ကတင်သမျှပုံတွေ မြင်ရတဲ့ IT ခေတ်ကွမျက်လုံးဆိုတာဒါပဲ အရမ်းကပ်ကြည့်ရင်ကန်း သွားတက်တယ် ဆိုတာ ရာမညရယ် မင်း ဒိလောက်တုန်း တာငါအခုမှ သိတယ် ဟား ဟား ဟား "
" မင်းကလဲ အပြစ်ကြီးပဲမြင်နေတယ် အကောင်းမြင်တဲ့ အမြင်လေးနဲ့ပြောစမ်းပါဟ့ "
" အင်းအကောင်းမြင်နဲ့ပြောရရင် သူမအားလို့စာမပြန် ဘူးပဲထား သူ့စိတ်ထဲမှာမင်းရှိရင် အနဲဆုံးလိုင်းတက်တဲ့ အချိန်မှာ စာတော့ပို့ပေးထားခဲ့မှာပဲလေ အဲဒိလိုပါပဲကွာ Post တင်ပြီး အားလုံးကိုချစ်လှချည်ရဲ့ မအားလို့ပါနဲ့ဟန် လုပ် တကယ်တမ်းကြတော့ $ဖက်တောင် မလုပ်ကြဘူး သူတို့လိုချင်တာက လူတွေက သူတို့ကိုသဲသဲလှုပ်ဖြစ်နေ တာကိုပါကွာ တကယ်တမ်းတော့ မင်းရင်ဘတ်နဲ့ရေးတဲ့ Comment လေးတောင် သူကခံစားပေးလို့လား "
ရင်ထဲနင့်သွားရတယ်။ ဟုတ်နေတာပဲလေ။
" ငါကသူအောင်မြင်သူတစ်ယောက်မို့ ခင်ချင်တာဟုတ် ပါဘူးကွာ ကျေးဇူးလဲရှိလို့ပါ နောက်ပြီးသူ့စီကဘယ်လို ထူးခြားတဲ့ အခွင့်အရေးမှလဲ မမျှော်လင့်ပါဘူး ငါ့မျှော်လင့် ချက်က ခုချိန်ထိ ဖြူစင်နေတာ ငါ့ကိုငါအာမခံတယ် "
" အ့ဆိုတစ်ခုပဲရှိတယ် ရာရာရ အဲဒါကတော့ ဒီနားမှာပဲ မင်းလဲသေလိုက်တော့ ဟား ဟား ဟား "
" မြတ်သူ မင်းလေ ငါ့ကိုဆိုဘယ်တော့မှ အကောင်းမ ပြောဘူး အဲဒါကြောင့် - - - "
ရာမည စကားကို ရပ်တန့်လိုက်တာမို့ မြတ်သူက
" ဘာဖြစ်တုန်းပြောပါဦး ဆက်ပြောပါ ဟ့ "
" ကြည့်မရတာလေ မင်းကို "
" ဟား ဟား ဟား မိုက်တယ်ကွာ ဒိနေ့မင်းနဲ့လိုက်ရတာ တန်တယ် မင်းတောက်လျောက် ဟာသတွေပဲပြောပေး နေလို့လေ ဟား ဟား ဟား "
" ရီ ရီ သူများညစ်နေပါတယ်ဆို အူတက်အောင်ရီ "
" ဒီမှာ ရာရာ လူတွေကလေ ဗျာ ဟုတ်ကဲ့ ဟုတ်ကဲ့ခမျာ့ ဆိုတဲ့ သကာလောင်းပြီး ဟန်ဆောင်ကောင်းတဲ့ သူတွေပဲ သူတို့က လိမ်နေမှန်းသိသိကြီးနဲ့ သဘောကျကြတယ်ကွ ငါကမင်းအတွက် ဆိုးတဲ့သူ ရိုင်းတဲ့သူ ဖြစ်ချင်ဖြစ်နေမယ် ဒါပေမယ့် ငါ့ပွင့်လင်းရိုးသားမှုအတွက် ငါ့လိပ်ပြာငါလုံနေ တယ် မင်းထင်ချင်သလိုထင်လို့ရတယ် မင်းအပေါ်မှာငါ မာယာမများဘူး မလှဲ့ဖျားဘူး အဲဒါငါမင်းကိုပေးတဲ့ စစ်မှန် မှုတစ်ခုပဲ အဲဒိတန်ဖိုးကို မင်းဖြတ်စရာမလိုဘူး ငါ့ဖာသာ ငါတန်ဖိုးထားပြီးသား ဟုတ်ပြီလား "
" တွေ့လား ချက်ခြင်းစိတ်ဆိုးတာပဲ စတဲ့ဟာကို မင်းက လေဘယ်တော့မှ ဆတ်ဆတ်ထိမခံဘူး ငါ့ကိုဆို "
" အဲဒါဘာလို့လဲ မင်းမသိဘူးလား ရာမည "
မြတ်သူက ထိုင်ရာမှထပြီး ခါးကိုင်းခါ ရာမည မျက်နှာနား ကပ်ပြီးမေးလိုက်တာမို့ ရာမညကြောင်သွားပြီး
" ဘယ်သိမလဲကွ ဘယ်လိုဖြစ်နေတာလဲ "
" မသိရင် သေအောင်မှတ်ထား မင်းအပေါ်မှာ အားလုံး ထက်ပိုပြီး ငါပေးထားလို့ အားလုံးထက်ပိုပြီး တန်ဖိုးထား လို့အဲဒါကြောင့် ငါ့မှာပါးပါးလှပ်လှပ်လေးပဲ ကျန်တော့တာ လုံးဝ အထိမခံဘူး မင်းနဲ့ပက်သက်ရင် ငါကအမြဲထိလွယ် ရှလွယ်ပဲ ဟုတ်ပြီလား အိမ်ရောက်မှ သေချာပြန်စဉ်းစား သွားမယ် ထပြန်မယ် "
မျက်နှာနားကပ်ခါ ပြောပြီး သူပဲဦးအောင် ထွက်သွား တာမို့ ရာမည နောက်ကအမြန် ထလိုက်ခဲ့ရပါတော့တယ် ကားပေါ်ရောက်တော့ မြတ်သူကကားကိုပဲ အာရုဏ်စိုက် မောင်းနေတာမို့ ရာမည ဖုန်းကိုဖွင့်ကာ FB ကိုဖွင့်ကြည့် မိတော့ ကိုကျားစီက စာဝင်နေတာတွေ့ရတယ်။
" ဖုန်းဆက် 09 - - - - - - - - - - "
ရာမည မြတ်သူကို လှဲ့ကြည့်မိလိုက်ပါတော့တယ်။
ဝင်လာတဲ့ စာလေးကို ပိတ်ခါ ဖုန်းကိုပါ ပိတ်လိုက်ရဲ့ မြတ်သူကတော့ သူ့ဖာသာ ကားကို ဆက်မောင်းနေဆဲ။ အဲဒိညက ရာရာ ဖုန်းလေးကိုကိုင်ခါ အချိန်အတော်ကြာ စဉ်းစားနေမိတယ်။ ဆက်သင့်မဆက်သင့်ပေါ့ မြတ်သူ ပြောတဲ့ စကားတွေလဲ ပြန်ကြားနေမိလို့ပါ။
Facebook ဆိုတာလဲ အိပ်မက်လောကလို အရောင် မဲ့ပြီး မာယာက များတယ်မဟုတ်လား။ ကို့ဖက်ကကို့လို ပဲစိတ်ရင်းနဲ့ ယုံကြည်ပေးလိုက်လို့ တဖက်ကနေ အရူး လုပ်ချင်တိုင်း လုပ်နေမှာမျိုးလဲ မဖြစ်ချင်ဘူးလေ။
ကိုကျားကို ပြန်တွေ့ချင်မိတာလဲ အမှန်ပါပဲ။ ဖုန်းဝင် လာလို့ကြည့်လိုက်တော့ မြတ်သူ
" အေးပြော မြတ်သူ "
" မင်းကိုလိုင်းပေါ်မှာ မတွေ့လို့ ဘာတွေအလုပ်ရှုတ် နေလဲလို့ လှမ်းမေးတာ ငါအိပ်တော့မယ် "
" အော် အင်း လူကြီးတွေနဲ့စကားပြောနေလို့ပါကွာ အေးအေး အိပ်တော့ အာဘွား "
" ဖြီး ရြံလိုက္တာ အိပ္ပီဒါပဲ "
" ဟီး "
တဖက်က ဖုန်းချသွားတော့ ရာရာ ရီနေမိလိုက်တယ် မြတ်သူက တကယ်ချစ်ဖို့ကောင်းတယ်။ ဟင်း ငါလဲရူး နေပြီလား မသိဘူး။ ကိုကျား ကိုကျားငါ့ကို ဘာလို့များ ဖမ်းစားသွားတာလဲ။ အခုထိ မနက်က မြတ်သူပြောတာ ကိုလဲ နားထဲကမထွက်ပေ။ မြတ်သူလဲသူ့ကို စိတ်ထဲရှိ နေတာ သေချာပြီလေ။ သူအစထဲက မြတ်သူကိုကျိတ် ချစ်ခဲ့ရတာ အခုမြတ်သူဘက်က တစ်ရစ်လျော့လာရင် သူ့ဖက်က တစ်ရစ်ထက်တိုး ရတော့မှာလေ။
ဒါပေမယ့် ရင်ထဲမှာ ကိုကျားက လာပြီးခံနေတယ်။ ဟူး မောလိုက်တာ။ မထူးပါဘူး ဖုန်းဆက်ကြည့်လိုက် တာပဲအေးတယ် ဒါမှ ဟုတ်မဟုတ်သိရမှာပေါ့။ ရာရာ မနက်က ကိုကျားပို့ပေးထားတဲ့ အလွတ်ရနေပြီဖြစ်တဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ်။
ဖုန်းကမြည်နေပြီး ခနနေတော့ တဖက်ကကိုင်လိုက် ပါတယ်။ ဘာပြောရမှန်းမသိလို့ တဖက်ကပြောတာကိုပဲ နားစွင့်နေလိုက်မိတယ်။
" ၁၁ ထိုးဖို့ ၁၀ မိနစ်ပဲလိုတော့တယ် ၁၁ ထိုးရင်အိပ် တော့မလို့ စောင့်နေတာ ကဲပြောပါ ကိုကျားပြောနေပါ တယ် ပြောချင်တာပြော နားထောင်မယ် "
" ဟိုလေ ဘာပြောရမှန်းတောင် မသိတော့ဘူး တစ်ခု ပြောချင်တာက ကိုကျားကို အပြင်မှာ တွေ့ပြီး တစ်ခုခု နဲ့ ဧည့်ခံချင်တယ် ကျေးဇူးတင်စကားပြောချင်တယ် "
" မင်း ချစ်သူက ခွင့်ပြုပါ့မလား "
" ကျနော့်မှာ ချစ်သူမရှိပါဘူး သူ့ကိုကျနော်ကပဲချစ် နေသေးတာပါ သူကပြန်မချစ်သေးဘူး "
" ထားပါတော့ ရာရာ မင်းဘယ်တော့တွေ့ချင်တာလဲ ငါလဲမင်းကိုတွေ့ချင်ပါတယ် "
အော်သူက ရာရာဆိုတဲ့ နာမည်ကိုလဲ မှတ်မိနေတာပဲ စိတ်ထဲနဲနဲတော့ပေါ့သွားတယ် ဒါကိုကျား အစစ်ပဲလေ။
" ကျနော်က အားပါတယ် ကိုကျား အားတဲ့အချိန်ကို ပြောပါ ရပါတယ် "
" တစ်ခုတော့ရှိတယ် မင်းအဆင်ပြေပါ့မလား မသိဘူး ဟုတ်ကဲ့ပြောပါ မနက်ဖြန်ည Chatrium Hotel မှာ Pool Party ရှိတယ် အဲဒိကိုလာမလား ငါအဲမှာရှိမယ် နေ့ခင်းဘက်တွေက မအားတာများလို့လေ "
" သြော် ရပါတယ် ကျနော်နဲ့ သိပ်မှမဝေးတာ ရတယ် အချိန်အတိအကျပြောပေးပါ လာခဲ့ပါ့မယ် "
" Ok ည ၇ နာရီ ငါ Hotel ရှေ့ကနေစောင့်နေမယ် "
" ဟုတ်ကဲ့ပါ ခမျာ့ ဒါဆို အိပ်ချင်အိပ်တော့နော် "
" အိုခေ good night မင်းငါ့ကို ပျော်ရွှင်မှုတွေ အမြဲ ပေးနေနိုင်ပါစေလို့ ငါဆုတောင်းပါတယိ "
ပြောပြီး ဖုန်းချသွားတော့ ရင်ထဲမှာခုပြီး ကျန်နေခဲ့ပြန် တယ်ဘယ်လိုလူလဲ သူ့ကိုပဲကိုက ပျော်အောင်လုပ်ပေး ရဦးမယ်ဆိုပဲ တော်တော် ဘဝင်မြင့်တဲ့သူပါလား ဖုန်းပဲ ပြန်ဆက်ပြီး ပြောပစ်လိုက်ရမလား မသွားပဲနေလိုက်ရ မလား အမျိုးမျိုးစဉ်းစားရင်း ထိုညက အိပ်ပျက်ခဲ့ရရဲ့။
တစ်နေကုန် အမျိုးမျိုးစဉ်းစားပေမယ့် အချိန်တန်ပြန် တော့လဲ Hotel ကို ရောက်ခဲ့ရပြန်တယ်။ Hotel ရဲ့ရှေ့ ဝင်ပေါက်နားမှာ ရပ်နေတာ မင်းသားတစ်ပါးများလား။ မြင့်မားတဲ့ အရပ် ရှည်လျားတဲ့ဆံပင်တွေကို ထုံးစံတိုင်း နောက်လှန်ခါ စည်းထားတယ်။ အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ထား ပေမယ့် ပေါ့ပါးနေတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကို သူနဲ့မဆိုင်သလို မျက်နှာ ပေးနဲ့ ရပ်နေတာ ကိုကျားပါပဲ။ ရာရာ့ကားကို တွေ့တော့ လက်လေးအသာထောင်ပြတယ်။ ရာရာကားကို ပါကင် ထိုးပြီး ကိုကျားရှိရာဖက် လျှောက်လာခဲ့တယ်။ ကုန်းရဲ့ ထိပ်လေးမှာ မားမတ်စွာရပ်နေပုံက ရာရာ့ကို လွှမ်းမိုး သိမ်းပိုက်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတဲ့ ပုံနဲ့လေ။
ရာရာ့ပုံက Hotel လာတယ်ဆိုပေမယ့် တခမ်းတနား တော့မဟုတ်ပေ။ သာမန် ပေါ့ပါးစွာ လူငယ်လေးဆန်၂ ဝတ်ထားတာပါ။ ဒါပေမယ့် ရာမည ဆိုတာ ဘယ်လိုနေ နေ ချစ်ဖို့ကောင်းတယ်လို့ လူအတော်များများပြောတာ မကြာခဏ ကြားနေခဲ့ရတဲ့သူပါပဲ။
ဒူးအထက်ဘောင်းဘီတို အစိမ်းနုလေးနဲ့ လည်ပင်း ကျယ်ကျယ်လက်ရှည် ခေါင်းစွပ် အင်ကျီလေးဝတ်ထား ပြီး အောက်ကရှုးဖိနပ် အနီလေးဝတ်ထားတာလေ။
" မင်းအရမ်း ချစ်ဖို့ကောင်းနေပါလား ရာရာ "
" ကိုကျားကလဲ အရမ်းခန့်ငြားနေတယ်လေ "
" ဟ ဟ ဟုတ်ပါပြီ လာဝင်ကြစို့ "
အထဲရောက်တော့ ကိုကျားက Pool Party ဖက်မဝင် ပဲအပေါ်ထပ်ကို တက်ခဲ့တာမို့
" ကိုကျား Party သွားမှာ မဟုတ်ဘူးလား "
" အဲဒိကနေလာတာလေ ကိုအပေါ်မှာ အခန်းယူထား တယ် အဲဒိမှာပဲ တခုခုသောက်ကြတာပေါ့ "
" ဟင် "
ကြောင်လိမ်လှေခါးလေး အတိုင်းနောက်ကနေလိုက် တက်လာတဲ့ ရာမည ခြေလှမ်းတွေ ရပ်တန့်သွားရတယ် ကိုကျားက လှဲ့မကြည့်ပဲ ရှေ့ဆက်သွားနေပါတယ်။ မထူးတော့တာမို့ နောက်ကနေသာ လိုက်ခဲ့လိုက်တယ် အခန်းတစ်ခုရောက်တော့ ကိုကျားက သော့ဖွင့်ခါ သူ့ကို စောင့်နေပြီး သူလဲရောက်ရော အရင်ဝင်ခိုင်းပါတယ်။
ရာမည အထဲရောက်တော့ ကိုကျားလဲဝင်လာပြီးမှ အခန်းတံခါးကို ပြန်ပိတ်လိုက်ပါတယ်။ ရာမညခုံမှာထိုင် လိုက်ပြီး လျှောက်ကြည့်နေမိတယ်။ ရန်ကုန်မှာနေတဲ့ သူဆိုတော့ ဒီက Hotel တွေမှာ တခါမှ မတည်းဖူးဘူး။ ကိုကျားက ကောင်တာကို ဖုန်းဆက်ခါ လှမ်းမှာနေပါပြီ။
" မင်းအချိန်ရရဲ့လား ရာရာ "
" ဟုတ် အိမ်ကိုတော့ နဲနဲနောက်ကျမယ်လို့ ပြောခဲ့ပါ တယ် ဒါပေမယ့် သောက်လို့တော့မရဘူးဗျ ကျနော်က အပြင်းတွေ မသောက်တက်ဘူး "
" အင်း ဝိုင်ပဲသောက်မှာပါ တစ်ခွက်လောက်တော့ သောက်လို့ဘာမှ မဖြစ်ပါဘူး "
ပြောနေရင်းက ကိုကျားက သူ့ကုဒ်အင်ကျီကို ချွတ်ခါ ရှပ်အင်ကျီကျယ်သီးတွေကို ဗိုက်နားထိ ဖြုတ်လိုက်ရဲ့။ ခေါင်းက ဆံပင်စည်းထားတဲ့ ကြိုးလေးကိုပါ ဖြုတ်ချပြန် တော့ ချက်ခြင်းစတိုင်ပြောင်းသွားကာ ကြည့်ကောင်းလို့ နေပြန်ပါတယ်။ ကုတင်ပေါ်မှာ ရာရာ့ဖက်လှဲ့ကာ ထိုင် လိုက်တာမို့ သူ့ရဲ့ ခန္ဓာကိုယ် အလှတွေကို အင်ကျီထဲ မှ အသေအချာ မြင်နေရပါတယ်။
" ကဲပြောတော့ ကြိုက်တာပြောလို့ရတယ် ဘယ်သူ မှမရှိဘူး ဟုတ်ပြီလား "
" ကျေးဇူးတင်စကားပြောတာပဲဗျာ လူတွေရှိလဲကိစ္စ မရှိပါဘူး "
" ဟက်ဟက် မဆိုးဘူး ဆက်ပြော "
ရာရာ နှုတ်ခမ်းတစ်ဖက်ကို သိသာစွာ ရွဲ့ထဲ့လိုက်တာ မို့ ကိုကျား တဟားဟား ထရီပါတော့တယ်။ အဲဒိချိန်မှာ ဘဲလ် မြည်လာတာမို့ ကိုကျား ထဖွင့်ပေးတော့ ဘွိုင်ဝင် လာခါ ဝိုင်ပုလင်း တစ်လုံးနဲ့ ခွက်များ သစ်သီးများလှပ စွာထည့်ထားတဲ့ ပန်းကန်တွေ ချကာ ပြန်ထွက်သွားပါ တော့တယ်။
အခန်းတံခါး ပြန်ပိတ်ပြီးတော့မှ လော့ချကာ ကိုကျား သူ့ဘောင်းဘီခါးပတ်ကို ချွတ်လိုက်ပါတယ်။ ရာရာက တော့ထိုင်ရာကမထ လိုက်ပဲကြည့်နေလိုက်တယ်။ သူ ဘောင်းဘီကို ချွတ်ချလိုက်တော့ တောင့်တင်းတဲ့ပေါင် ကြီးနဲ့ ခြေသလုံးတွေ ကယောက်ျားတစ်ယောက်ရဲ့လှပ မှုသင်္ကေတတွေကို ဖော်ပြနေတယ်။ အတွင်းခံဘောင်း ဘီပေါင်တိုလေးနဲ့ အပေါ်အင်ကျီကို ကျယ်သီးအကုန် ဖြုတ်ခါ ရင်ဘတ်ကို ဖွင့်လိုက်ပါတယ်။
" ပွဲမှာတအားမွန်းကျပ်နေလို့ ကွာ စောတီးနော် "
" ရပါတယ်ဗျာ ယောက်ျားခြင်းပဲ "
ခပ်တည်တည်နဲ့ ပြောလိုက်တဲ့ ရာရာ့စကားကြောင့် သူက ရာရာ့ကို ထူးဆန်းသလို လှဲ့ကြည့်ပြီး နှစ်ချိုက်စွာ ပြုံးလိုက်ပါတယ်။ ကိုကျားက ဝိုင်ကို ၂ ခွက်ထည့်လိုက် ခါ ရာရာ့ကို တစ်ခွက်လှမ်းပေးပြီး ရာရာထိုင်နေတဲ့ ခုံရဲ့ လက်တင်ပေါ်မှာ သူထိုင်လိုက်ပါတယ်။ ခုံအမှီပေါ်သူ့ လက်ကတင်ထားတော့ မသိရင် ရာရာ့ကို ဖက်ထားသ လိုပါပဲ။ ကြည့်ပါဦး ဒီလ်ုအနေအထားတွေက ရာမညကို သွေးဆောင်ဖျားယောင်းနေတာများလား ဝေခွဲမရပေ။
" လာ တစ်ခွက်တော့သောက်ပါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ဟုတ်ပြီလား "
ကိုကျားက ခွက်ထိုးပေးလာတာမို့ ရာရာ ခွက်နှုပ်ခမ်း ခြင်းတိုက်လိုက်ခါ အနည်းငယ် မော့လိုက်ပါတော့တယ်
" ငါမင်းကို သတိရနေတာ လိုင်းကငါသိပ်မသုံးဖြစ်လို့ စာမပြန်ဖြစ်တာပါ မင်းကောငါ့ကို သတိရနေတာလား "
" သတိရတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့် "
" ရပြီတော်ပြီ သတိရတာပဲလိုချင်တာ ဒါပေမယ့်ကိုငါ စိတ်မဝင်စားဘူး "
" ခများလဲ စကားပြောရတာ လက်ပေါက်ကပ်တယ် မထင်ရဘူးနော် "
" ဟား ဟား ဟား အဲဒါ ဘဝကသင်ပေးတာကွ "
" အော် ခများကဘာလဲ မင်းသားလား "
" no ခုမှ model ပါ ဒီလိုဖြစ်ဖို့ငါကျိုးစားခဲ့ရတာ ၄ နှစ် ရှိပြီ ပေးဆပ်ခဲ့ရတာတွေလဲ မနဲတော့ဘူး ဟဟ "
" ဘာတွေလဲဗျ ကျနော် နားမလည်ဘူး "
" ဒါပေါ့မင်းတို့လို ပြည့်စုံပြီးသား သူတွေအတွက်က ဒါဟာ ထူးဆန်းချင်ထူးဆန်း နေလိမ့်မယ် ငါတို့တွက်က တော့ ရုန်းကန်ရတာ မလွယ်ဘူးကွ ပေးဆပ်တယ်ဆို တာက အချိန်တွေပေါ့ ပြီးတော့ငွေမတက်နိုင်တော့လူနဲ့ ရင်းရတယ်လေ အဲဒိလိုရင်းနိုင်ဖို့ ငါ့ကိုငါမနဲပြင်ဆင်ခဲ့ရ တယ်လေ ဒီလို Body ရဖို့ ဒီလိုစတိုင်ကျဖို့ပေါ့ ဟင်း ဟင်း ဒါမှလဲ သူတို့အသုံးချချင်ကြမှာလေ "
" အသုံးချတယ် ဘယ်သူတွေကလဲ "
" ရာရာရာ နားခါးတာတွေ မင်းမသိချင်ပါနဲ့ ဒါပေမယ့် မင်းသိထားအောင်တော့ ပြောပြမှာပါ အသုံးချတယ်ဆို တာတော့သူတို့ဆန္ဒဖြည့်ဆည်းဖို့ အသုံးချတာကတော့ ဒီလောကက ပေါက်ရောက်သူတွေရယ် ငွေရှင်ကြေးရှင် တွေရယ်ပေါ့ကွာ "
" ဟာ ဟိုဟာလား "
ရာမည အလန့်တကြားမေးလိုက်တော့ သူသဘော ကျသလိုပြုံးလိုက်ခါ
" အင်း ဒါပေမယ့် ငါ့ကိုငါတန်ဖိုး ထားပါတယ် ငါနဲ့နေ တဲ့သူ ဘယ်သူ့ကိုမှ ငါခုချိန်ထိ မနမ်းခဲ့ဘူး ငါ့ရဲ့ပထမဦး ဆုံးအနမ်းက ငါ့ဘဝရဲ့ အချစ်ဆုံးချစ်သူကိုပဲ နမ်းမယ် "
" ဟင် ဟိုဟာကြတော့လုပ်ပြီး ဒါလေးကြမှ "
" ဟား ဟား ဟား မတက်နိုင်ဘူးလေ ဟိုဟာကငါ့ရဲ့ ဝါသနာနဲ့ အောင်မြင်မှုအတွက် ငါရင်းလိုက်ရတာကိုး "
" မလွယ်ဘူးနော် ခများတို့လောကတွေကလဲ "
" အထင်သေးသွားလား ရွံသွားလား "
" မဆိုင်ပါဘူးဗျာ ဒါတွေမလိုပါဘူး ကျနော်တို့က ဘာမှ မှမ ဆိုင်တာကို "
" မဆိုင်လို့မရဘူးလေ ငါမင်းကို ပထမတွေ့ထဲကပြော ပြီးပြီလေ အခုမင်းကိုခေါ် တာက ငါ့ရဲ့ပထမဦးဆုံးအနမ်း ကို မင်းကိုပေးမလို့ပဲ "
" စကားကို ဘောင်ထဲကပြောလို့မရဘူးလား ကိုကျား ခများလုပ်ချင်တိုင်း အလုပ်ခံဖို့ ကျနော်က ဝမ်းသာအားရ လာတွေ့တာ မဟုတ်ဘူးနော် ခများ လူတဖက်သားကို တော်တော် အထင်သေးတက်တာလား ကို့ကိုယ်ကို စိတ် ကြီးဝင်နေတာလဲ ကျနော် မသဲကွဲဘူး "
ရာမည ထိုင်နေရာကနေ ထရပ်ခါပြောလိုက်တာမို့လို့ ကိုကျားကလဲ ဝိုင်ခွက်ကို စားပွဲပေါ်ချခါ ထရပ်လိုက်ပြီး
" ကြိုက်တယ်ကွာ အဲဒါမျိုးပဲကြိုက်တာ မင်းကမှငါ့ရဲ့ တကယ့်ချစ်သူ ဖြစ်သင့်တာ သိလား ဟား ဟား "
" ကျနော်ပြန်တော့မယ် ကိုကျား ခများလွန်လာပြီ "
လှဲ့ထွက်လာတဲ့ ရာမညကို ကိုကျားက အနောက်က လှမ်းဆွဲလှဲ့ခါ နံရံမှာ ကပ်လိုက်ပြီး ရင်ဘတ်ခြင်းကပ်ထား လိုက်ပါတော့တယ်။ မျက်နှာနှစ်ခုက နီးကပ်စွာဖြင့် ငြိမ်ပြီး စိုက်ကြည့်နေမိကြတယ်။ ရင်ခုန်သံတွေ ကလဲပြင်းထန်ခါ နေပါပြီ။ ကိုကျားမျက်နှာက ရာမညရဲ့ မျက်နှာနားကို တ ဖြေးဖြေးချင်း ကပ်ကပ်လို့လာပါတယ်။
အထိအတွေ့တွေက မှိန်းမောယစ်မူးစေတာလား အခု လိုအထိအတွေ့မျိုးကို မကြုံဘူးတာကြောင့်လား မသိပေ ရာမည မှင်သက်ခါတွေဝေနေမိတယ်။
နှာဖျားလေးခြင်း အထိမှာပဲ အသံတစ်ခုကိုကြားလိုက် ရပါနော့တယ်။ ကိုကျားရဲ့ ဖုန်းမြည်သံပါ။ ကိုကျား ချက် ခြင်းပြေးကိုင်လိုက်ခါ
" ဟယ်လို ဟုတ်ကဲ့ ကျနော်ဒီညမလာတော့ဘူးလို့ပြော ထားတယ်လေ ဟုတ်တယ် ဟိုတယ်မှာပဲ မပြန်ဘူးလေ ဒီမှာပဲအိပ်မှာ ဟာဗျာ ကြိုပြောထားရဲ့သားနဲ့ ကိုကြီးရာ အဲဒါတွေ စိတ်လေတာပဲ အင်းပါဗျာ ပြီးရော ခနနေလာခဲ့ မယ် ဒါပဲ ပြီးရော ပြီးရော "
ဖုန်းကိုပိတ်ခါ ကုတင်ပေါ်ပစ်ချ လိုက်တာမှ ဒေါသတ ကြီးပုံစံနဲ့မို့ ရာမညပင်လန့်သွားပါတော့တယ်။
" တောက်စ် ငါကွာ "
" ဟိုလေ ကျနော်ပြန်တော့မယ် ကိုကျား "
" စောရီး နောက်တစ်ခါမှ အေးဆေးတွေ့ကြတာပေါ့ "
" ရပါတယ် ကိုကျား ကို့ကိစ္စတွေပဲ ကိုယ်နိုင်အောင်ရှင်း ပါ ကျနော်သွားပြီ "
Hotel ထဲကနေပြန်ထွက်လာပြီး ကားကိုမောင်းနေပေ မယ့် စိတ်တွေက အခုထိ လှုပ်ရှားနေဆဲ။ ဘာပဲပြောပြော ကိုကျားကို သူစိတ်မဆိုးခဲ့ပဲ စိတ်သာလှုပ်ရှားခဲ့တယ်ဆို တာသူ့ကိုသူ မညာတမ်းဝန်ခံ မိပါတယ်။
အဲဒိညက စပြီး ရာရာဆိုတာ ရာမညရဲ့ တိတ်တိတ်ပုန်း ချစ်သူဘဝ ရောက်သွားခဲ့တာ သူ့ကိုသူပင် မသိလိုက်ပေ။ အားတာနဲ့ သူ့ကိုလှမ်းခေါ်ခါ တွေ့တဲ့အချိန်တိုင်းမှာလဲ နောက်က ကြိုးတစ်ချက်ဆွဲလိုက်တာနဲ့ သုတ်ခနဲပြန်ပြေး တက်တာ ရိုးလို့တောင်နေပါပြီ။ ဒါပေမယ့် အခုချိန်ထိလဲ ရာမည ကိုကျားထံမှ ပထမဦးဆုံး အနမ်းပင်မရခဲ့သေးပါ။
ဒိနေ့ကျောင်းမှာ အောင်စာရင်းတွေ လာကြည့်ကြ တော့ သူတို့အဖွဲ့တွေ အားလုံးစုံကြဖို့ ဖုန်းနဲ့ချိတ်ပြီး သားပါ။
" မြတ်သူ မင်းကောင်ကြီးကော နောက်ကျလှချည် လား ဟ့ ဖုန်းလေးဘာလေး ဆက်ကြည့်ဦး "
" လာမှာပါကွာ ညကသေချာပြောထားတာပဲ "
" အေးလေ ငါ့ကိုလဲ ဆက်ထားတယ် ညကလာမှာပေါ့ ဟ့ နင်တို့ကလဲ အဖြစ်ညည်းနေလိုက်တာ "
" မဟုတ်ပါဘူးဟာ မတွေ့တာကြာတော့ သူငယ်ချင်း တွေစုံစုံလင်လင် တွေ့ချင်လို့ပါ မင်းနဲ့ကော ရာရာနဲ့ တွေ့ဖြစ်သေးလား မြတ်သူ "
" မတွေ့ဖြစ်တာ ၂ လလောက်ရှိပြီ "
စကားစကပြတ်သွားပြီး တခြားအကြောင်းတွေလေ မတိုးနိုင်အောင် တဟီးဟီး တဟားဟားနဲ့ပြောနေကြ ပေမယ့် မြတ်သူကတော့ မသိမသာငြိမ်သက်လို့နေပါ တယ်။ သူငယ်ချင်းတွေ တွေ့ချင်လွန်းလို့အကြောင်း ရှာပြီးတော့သာ လာကြတာပါ တကယ်က အားလုံးကို အောင်မယ်ဆိုတာ သိပီးသားလေ။
ထိုအချိန်မှာပဲ မိန်းခလေးသူငယ်ချင်းတစ်ယောက်စီ ဖုန်းဝင်လာတာမို့
" မိလဲ့ နင်တို့လဲ လိုင်းပေါ်မှာ သိပ်မကြူရှာဘူးထင် တယ် ဖုန်းတွေ တဂွမ်ဂွမ်နဲ့နော် "
" ဟဲ့ သောက်ကောင် နင့်လိုထင်နေလား ဟင် ရာရာ "
မြတ်သူရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားရပါတယ်။ ပြီးရင် ရင်ထဲမှာလဲ စစ်ခနဲ နာသွားရတယ်။ ရာရာလို့ပြောတာနဲ့ ကျန်တဲ့ သူငယ်ချင်းတွေရဲ့မျက်လုံးတွေက သူ့စီရောက် လာတာလေ။
" အေးသူငယ်ချင်းပြော - - ဟာ နင်ကလဲ လုပ်ပြီ - - မသွားလို့မရဘူးလားဟာ ဒီမှာ လူစုံနေပြီ နင့်ကိုစောင့် နေတာ တကယ်ပါပဲ - - အေးဟာ အေး - - ဒီမှာမြတ်သူ လဲရောက်နေပြီ ဟ့ - - ပြီးတာပဲ နင့်သဘောနင့်သဘော - - - အေးအေး ဒါပဲ ဒါပဲ "
မိလဲ့ ဖုန်းပြောနေချိန်မှာ မြတ်သူရဲ့ ရင်ခုန်သံတွေမြန် နေသလို ခေါင်းကိုလဲ ငုံ့ထားမိပါတယ်။
" အိမ်ကနေ ထွက်လာတာ ဘီလီတံတား ထိပ်ရောက် မှအရေးကြီးဖုန်းဝင်လာလို့ ပြန်သွားပြီတဲ့ ကိုယ်တော်က အဲဒါလှမ်းပြောတာ အမလေး အချိုသပ်နေသေးတယ် နောက်အားရင် အကုန်စုပြီး စူရှီလိုက်ကျွေးပ့ါမယ်တဲ့ "
" ဒီကောင်လဲ သိပ်မရိုးတော့ဘူးနဲ့ တူတယ် "
ကျန်တဲ့စကားသံတွေ မြတ်သူ ကြားတစ်ချက် မကြား တစ်ချက် ရင်ထဲအောင့်နေတယ်။ ငါလာမှာ သိရဲ့သားနဲ့ ငါ့ကိုတောင် မင်းဥပ္ပခါပြုနိုင်ပြီပေါ့ ရာရာရယ်။ ဆိုင်တခု လုံးကျောင်းသားတွေနဲ့ ဆူညံပွက်ထနေတဲ့ ကြားထဲက ဆိုင်ကဖွင့်ထားတဲ့ သီချင်းသံက နားထဲကိုရောက်လာ ပြန်ပါတယ်။တင်းနေတဲ့ရင်အစုံကပွင့်ပေါက်ထွက်လုလု
# မင်းလေးမေ့နေတဲ့ အချိန် ငါ့မှာ တစ်ယောက်ထဲ လွမ်းစွတ်လို့ကြေကွဲ မင်းနဲ့ဝေးချိန်လေးတွေ မနေတက် ဘူး သိပ်ချစ်လွန်းလို့ပါ ရင်ထဲသိပ်လွမ်းတယ် ပြန်ခဲ့ပါ အချစ်ရယ် ပြန်ခဲ့ကွယ် - - - ကြိုနေလင့်ခဲ့ ငါ့ရင်ခွင် မင်း လေး လှမ်းခဲ့ပါ ခွင့်လွှတ်နေရင်း ငါ့အချစ်တွေ မင်းတွက် သက်သက်ပါ #
" တောက်ခ် ကဲကွာ ကဲကွာ ဂိန် ကိန် ကိန် "
" ဟာ ဘာဖြစ်တာလဲ မြတ်သူရ "
" သောက်ကျင့်မကောင်းတဲ့ခွေး တောက်ခ် "
" နငိကလဲဟယ် ဘယ်လိုဖြစ်ရတာလဲ သူ့ဖာသာနေ နေတဲ့ဟာကို "
သူတို့ထိုင်နေတဲ့ ဝိုင်းနားကိုလာရစ်နေတဲ့ ခွေးလေးကို မြတ်သူ ပိတ်ကန်ပြစ်လိုက်တာလေ။ သူငယ်ချင်းတွေ အံ့သြလို ကြည့်နေတာမို့
" သိဘူးဟာ ပြန်တော့မယ် ငါနောက်မှတွေ့ကြမယ် "
" ဟာ ချက်ခြင်းကြီး "
" ဟျောင့်နေပါဦးဟ့ ခွီးထဲမှပဲ "
ပြောချင်ရာသာပြောကြ ပစေတော့ မြတ်သူ ထပြီးပြန် လာခဲ့လိုက်ပါတော့တယ်။
" ဟဲ့ ရာရာနဲ့ ကွိုင်ထားတာနဲ့ တူတယ် သူတို့ "
" အေးလေ သူတို့ကလဲ ထာဝရတကျတ်ကျတ်နဲ့ "
ထိုအသံတွေကို မျက်ကွယ်ပြုခါထွက်ခဲ့ပေမယ့်လဲ ရင် ထဲမှာတော့ တင်းကျပ်စို့နင့်နေပါတယ်။ ရာရာ မင်းအခု ဘာတွေလုပ်နေတာလဲ ဆိုတာမင်းကိုမင်းကော သိရဲ့ လားဟင် သောက်သုံးမကျတဲ့ကောင် တောက်ခ်။
ရာရာနဲ့ မတွေ့တာ တလကျော် ၂ လနီးပါးမှာ ရာရာ ဘာတွေလုပ်နေလဲ ဆိုတာ မြတ်သူမသိခဲ့ပါ။ ဒါပေမယ့် ဟိုတလောက ရာရာ့ကားကို Hotel တစ်ခုမှာတွေ့လို့ ဖုန်းခေါ်တော့ မကိုင်ဘူးလေ။ ဟိုမော်ဒလ်ကောင်နဲ့နေ မှာပေါ့။ ရာရာရာ မင်းတစ်ခုခုဖြစ်လို့ ကတော့အဲ့ကောင် သေပြီသာမှတ်။
အဲဒိထဲက ကိုကျားဆိုတဲ့ကောင်ကို မြတ်သူစုံစမ်းခဲ့မိ တယ် လက်လှမ်းမှီ သလောက်ပေါ့။ သတင်းမှန်ကော သတင်းအမှောင်တွေပါပေါ့။ နောက်ကွယ်မှာ စပွန်စာ ကြီးကြီးတွေ ရှိနေတာလဲ သိရတယ်။ အဲဒိထဲကစပွန်စာ ကောင်ကြီးကြီးတစ်ကောင်က ကိုကျားနဲ့ပက်သင်ရင်ဘ လိုလူကိုမှ အထိမခံပဲ ပြသနာရှာတက်တာလဲ မြတ်သူ ကြားထားရတယ်။
ဒါ့ကြောင့်ရာရာ တစ်ခုခုဖြစ်ရင် ဒီကောင့်ကိုအရင်ဆုံး သမပြစ်မယ်။ တောက် တွေးရင့်ဒေါသတွေ တလိမ့်လိမ့် တက်နေမိတယ်။ နေနှင့်ဦးပေါ့ ကျားကြီးရယ်။
ရာမည Hotel ထဲရောက်တော့ အခန်းနံပါတ်ပြောခါ အခန်းထဲ ဝင်လာခဲ့ပါတယ်။ အခန်းထဲရောက်တော့ ကု တင် ပေါ်မှာခြေပစ်လက်ပစ် အိပ်နေတဲ့ ကိုကျားကိုတွေ့ ရပါတယ်။ အမြဲတမ်း ဆွဲဆောင်မှုအပြည့် ရှိတဲ့ကိုကျား က အိပ်နေတာတောင် ဘယ်ဘက်ကနေ ကြည့်ကြည့် ကြည့်ကောင်းနေပါတယ်။
" ကိုကျား ပြောဘာဖြစ်ပြန်ပြီတုန်း ခေါ်လိုက်ရင်လဲ အသည်းအသန်ကြီးပဲ အိပ်မနေနဲ့ထတော့ ကျနော့်ကို နောက်ဆို Hotel ကိုမချိန်းပါနဲ့ဗျာ ကျနော် ဒီနေရာတွေ လာတာ တစ်ယောက်ယောက်သိသွားရင် ပြသနာဗျ "
ကိုကျား အိပ်နေရာကနေ ဆတ်ခနဲ ထလာပြီး ရာရာ့ ကိုသေချာကြည့်ခါ တဟားဟားရီပါတော့တယ်။
" မင်းလေ ပြောလိုက်ရင် အဆန်းတွေချည်းပဲ ဟားးးး အဲဒါငါပြောရမှာ မဟုတ်ဘူးလားကွ ဟင် ဟား ဟား ငါ့ ကိုနားလည်ပေးပါ ရာရာရာငါကလူသိပိုပြီးမခံနိုင်လို့ပါ "
" ဟုတ်ပါပြီထားပါတော့ ကဲအခုခေါ်တာကကောဘာ ကိစ္စရှိရပြန်တာလဲ "
" ကိစ္စကတော့ မင်းကိုနောက်ဆုံးခေါ်တွေ့တာပဲ ဘာ လို့ လဲဆိုတော့ မငိးကိုငါ ထက်ပြီး မကစားချင်တော့ဘူး နေပြည်တော်မှာ တွေ့တုန်းက မင်းကိုဘောစိမှန်းသိလို့ ငါ အထှာတေ ချကျွေးခဲ့တာ ဒါပေမယ့် မင်းက ခလေး သာသာပဲရှိတာ ငါ့အတွက် ဘယ်လိုမှ အထောက်အကူ ဖြစ်မလာခဲ့ဘူး အခုတော့ ငါရွေးချယ်မှ ပဲဖြစ် တော့မယ် ငါ့ဘဝကိုထောက်ပံ့ပေးမယ့် သူကိုပဲငါရွေးတော့မယ် မင်းနဲ့ဆက်ပြီးတွေ့နေရင် နှစ်ယောက်လုံး အန္တရယ်ရှိ လာနိုင်တယ် အဲဒါကြောင့်မင်းကို ခေါ်ပြီးနှုတ်ဆက်တာ အထူးသဖြင့် သတိပေးချင်တာအသွားအလာ ဂရုစိုက် "
ရာမည ဟက်ခနဲ ရီလိုက်ခါ ကိုကျားကိုသေချာစိုက် ကြည့်လိုက်ပြီးမှ
" ခများတစ်ခုခုတော့လွဲ နေပြီထင်တယ်ကိုကျား ဟမ် ဟက်ဟက် ဒီမှာ ကျုပ်ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဟုတ် ပြီလား ကြောက်ဖို့ကတောအဝေးကြီးပဲ ခများခေါ်တိုင်း လာတွေ့တယ်ဆိုတာလဲ ခများကိုခင်လို့ နောက်ပြီးရင် ခများဘဝကို သနားလို့ "
သနားလို့ ဆိုတာကို နှုတ်ခမ်းကိုမဲ့ပြီး တစ်လုံးခြင်း ပြောချလိုက်တယ်။
" အဲဒိတော့ ခများလဲခများဘဝနဲ့ခများပဲပေါ့ဗျာ ဘယ် တက်နိုင်မှာလဲ ဒိနေ့ကစပြီး ရာမညရဲ့ဘဝမှာ ခများဆို တာ ပုခုံးခြင်းတိုက်မိရင်တောင် မမှတ်မိစေရဘူး "
" ဟာ့ ဟား ဟားး ဟ့ ဟားးးးဟားးးးဟားးးးးးးး "
ကုတင်ပေါ်မှာ လက်ကိုနောက်သို့ထောက်ခါ ခေါင်း ကိုမော့ပြီး အားရပါးရ ရယ်နေတဲ့ ကိုကျားကို ရာမည မုန်းတီးစွာစိုက်ကြည့်မိတယ်။ တဖက်သားကို သိပ်ပြီး အထင်သေးတက်သူ။ ကိုလုပ်ချင်ရာကိုပဲလုပ်သူ။ ရာရာ ကိုကျားနားကိုကပ်သွားခါ မော့ပြီးရီနေတဲ့ ကိုကျားရဲ့ ပါးစပ်တွေကို စုပ်ယူနမ်းရှိုက်လိုက်ပါတော့တယ်။
ကိုကျား ရုတ်တရာက် အံ့အားသင့်သွားချိန်မှာပဲ
" ခများနဲ့မက်ခဲ့မိတဲ့ အိပ်မက်တွေကို လှုပ်နှိုးလိုက်တာ အိုခေ ကျနော်သွားပြီ "
ပြောပြီးတာနဲ့ ရာရာ Hotel အပြင်ကိုထွက်လာလိုက် ပါတော့တယ်။ ဘဝမှာ ဒိလောက်ထိ အပြောခံရဖို့တခါ မှမတွေးတောင် မတွေးမိခဲ့ပါဘူး။ ရှက်တာကော မိမိရဲ့ စေတနာကို စော်ကားလို့ နာကျည်းတာပါရောခါ ရာရာ အသားတွေ တဆတ်ဆတိတုန်တဲ့ အထိ ဒေါသတွေပဲ ဖြစ်နေမိပါတော့တယ်။ တောက်စ် လူရိုင်းကောင်။
စိတ်ညစ်ညစ်နဲ့ တစ်နေကုန် တစ်ယောက်ထဲလျောက်ခါ သွားနေမိပြီး အတော်လေးမိုးချုပ်မှ အိမ်ကဖုန်းဆက်လာ တာမို့ အိမ်ပြန်ဖို့ကို ပြင်လိုက်မိပါတော့တယ်။
ကားကိုခပ်ပြင်းပြင်းပေါင်းနေမိရင်းက နောက်မကပ်ပါ လာတဲ့ ကားတစ်စီးကို ရာမည သတိထားမိလိုက်ပါတယ် မဟုတ်ဘူး ဒီကားတစ်ခုခုတော့ တစ်ခုခုပဲ နောက်ကနေ ကပ်ပါလာတာ အတော်ကြာပြီ။
ရာမည အိမ်ကိုပြန်မမောင်းတော့ပဲ ကားလမ်းကြောင်း ကိုပြောင်းလိုက်ပါတော့တယ်။ လက်ကလဲ ဖုန်းထုတ်ခါ မြတ်သူစီ လှမ်းခေါ်လိုက်ပါတော့တယ်။
" ဟယ်လို မြတ်သူလား ဟယ်လို "
" အင်း ဘာဖြစ်တာလဲ ရာရာ "
" ငါအခု ကန်တော်ကြီးပတ်လမ်းမှာ ဟျောင့် ငါ့ကားကို နောက်က ကားတစ်စီး လိုက်နေတာ အတော်ကြာနေပြီ အဲဒါကြောင့်အိမ် မပြန်ပဲ ဒီမှာပတ်မောင်းနေတာ သူတို့ လဲလိုက်နေတုန်းပဲ လူ ၅ ယောက်လောက်ပါတယ် ထင် တာပဲ ငါဘယ်လိုလုပ်ရမလဲ "
" ဟာ့ ပြသနာပဲ ခနလေး "
မြတ်သူနာရီကို ကြည့်လိုက်ခါ
" ဒီကောင်တွေကို Sedona ရှေ့က ဆီဆိုင်ဘေးကကန် ဘောင်ကို ပတ်ခေါ်ခဲ့ မင်းရောက်တာနဲ့ ငါရောက်ပြီ "
မြတ်သူ ချက်ခြင်းဖုန်းချလိုက်ခါ ဘီဒိုရဲ့ အောက်ဆုံးမှာ အိမ်က မသိအောင်ဖွင်ထားတဲ့ အသွားတစ်ဒေါင်ခန့်ရှိတဲ့ ကင်ဒိုဓါးကို ယူခါ ခါးကြားမှာ ထိုးလိုက်တယ်။ ပြီးတော့မှ သတိရကာ သူဝတ်ထားတဲ့ စွပ်ကျယ်အဖြူလေး အပေါ်မှ စပို့ရှပ်လက်တို တစ်ထည်ကောက်စွပ်လိုက် ပါတယ်။ ခါး ကြားက ဓါးကို အိမ်ကမြင်လို့မဖြစ်ဘူးလေ။ အောက်မှာက ဒူးအထက် ဂျင်းပင်တို အပြဲလေးကို ဝတ်ထားပါတယ်။
" ဟာကွာ တောက်ခ် သောက်ရေးဆို ပြသနာပဲ "
ကားကမရှိပေ မမကြီးက သူ့အသိအိမ်သွားတာ ညဖက် မို့ကားကိုသူကိုယ်တိုင်မောင်း ချင်လို့ယူသွားတာလေ။ တခု သွားသတိရမိတယ် မြတ်သူတို့နေတာက ဦးချစ်အောင် အိမ်ယာဆိုတော့ သိပ်တော့ မဝေးလှဘူးလေ။ အခန်းဒေါင့် မှာထောင်ထားတဲ့ ဘုတ်စကိတ်လေးကို ချိုင်းမှာဖတ်ခါ သူ အောက်ထပ်ပြေးဆင်း လာခဲ့ပါတယ်။
" ဟဲ့ သားငယ် ဘယ်သွားမှာလဲ မိုးချုပ်မှ "
" ခနလေး မေကြီး စကိတ်ထွက်စီးမို့ ဒီနားလေးပဲ "
ခြံရှေ့ရောက်တော့ ဘုတ်လေးချကာ အရှိန်နဲ့ပြေးထွက် လာခဲ့လိုက်ပါတော့တယ်။ လမ်းထိပ်ရောက်တော့ မကြီးရဲ့ ကားကိုတွေ့ပေမယ့် ကားတွေကြပ်နေမှာ စိုးတာနဲ့ ဒိတိုင်း စကိတ်နဲ့ပဲ ထွက်ခဲ့ပါပြီ။ ကားမီးတွေ ထိန်လင်းခါ ကားတွေ ကျပ်ညပ် နေတဲ့ကြားမှာ မြတ်သူ အပြေးအလွှား သွားနေပါ တယ်။ လက်ကနာရီကိုငုံ့ကြည့်လိုက်တယ်။ ရာရာရောက် ခါနီးပြီလေ။ စကိန်လေးစီးလိုက် ချိုင်းမှာဖက်ခါ ပြေးလိုက်နဲ့ ဆရာစံလမ်းသစ် ထိပ်ရောက်လာပါပြီ။
ဘောင်းဘီဖင်ထဲမှ ဖုန်းကမြည်လာတာမို့ ဆွဲထုတ်လိုက် တော့ ရာရာဖြစ်နေတယ်။
" ငါရောက်နေပြီ ဟိုကားပါလာတယ် မြတ်သူ "
" ငါလာနေပြီ ရာရာရောက်ခါနီးနေပြီ မင်းကားထဲကလုံးဝ မထွက်နဲ့ "
ရာမည ဖုန်းကိုပိတ်ချလိုက်တာမို့ မြတ်သူ စိတ်ပူသွားခါ
" ရာမည ရာမည ရာရာ "
" တီးးးးးးးးးးးးးး သေချင်နေလားကွ ငါ--မသား "
" တီ တီ တီးးးး "
ကားသံတွေ သူဂရုမစိုက်ပါ သူသိတာ ရာရာတစ်ခုခုဖြစ် နေပြီလားဆိုတဲ့ အတွေးပါပဲ။ သူအားကုန် ပြေးလွှာနေပါပြီ။ သူ ဇောကပ်မေတာ တစ်ခုက ရာမညစီရောက်ဖို့သာ။
တက်သစ်စ မော်ဒလ်မင်းသားလေး ပုရိသ (ကိုကျား) ရဲ့ အချိုးကျလှပတဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ခပ်ဝဝအဆီ ရွှဲရွှဲ စိန်တွေကို ပလက်တီနမ်တွေနဲ့ အကြမ်းဖျင်းထောင် ကျော်တန် လက်ဝတ်ရတနာတွေ ဝတ်ထားတဲ့ လူကြီး တစ်ယောက် ငတ်မွတ်စွာ တိုးဝင်လို့နေပါတယ်။
ပုရိသ ရဲ့ မျက်ဝန်းတွေက မျက်နှာကျက်ပေါ်မှာပင် ငြိမ်သက်စွာ ရပ်တန့်လို့နေပါတယ်။ မျက်စိထဲမြင်နေမိ တာက မနက်က ရာမညရဲ့ ပုံရိပ်များ။ ဒါပဲလေ ငါ့ဘဝ ဒါ ငါ့ဘဝပဲ။ အံကိုတင်းနေအောင် ကျိတ်ထားမိတယ်။
ဖုန်းမြည်သံကြားရတာ ဦးဖေရဲ့ဖုန်းမှ အသံဖြစ်တာ မို့ ဦးဖေ ဖုန်းကိုယူကာကိုင် လိုက်ပါတယ်။ ဦးဖေထိုင် နေရာမှ ချက်ခြင်းထရပ်လိုက်ခါ
" ခုဘယ်နားမှာလဲ ၄ ယောက်လား အင်း "
" Ok ရပြီနော် ငါလိုင်းဖွင့်လိုက်မယ် အေး ဟုတ်ပြီ "
ဦးဖေဖုန်းပြောပြီး ဖုန်းကိုနှိပ်နေတယ် ပြီးမှ တဖြေးဖြေး ချင်းစခါ ပြုံးလာပါတယ်။
" စလို့ရပြီ "
ဖုန်းကိုကြည့်ခါ ထိုသို့ပြောလိုက်ပြီး ပုရိသ ဘေးမှာ လာထိုင်လိုက်ပြီး
" အပြင်းအပြေ အက်ရှင်ကောင်းကောင်းလေး ကြည့် မလား ပုရိ မဆိုးဘူးကွ ၄ ယောက်တစ်ယောက် "
ဘေးမှာလာထိုင်ထဲက ပုရိသ မျက်နှာလွှဲထားလိုက်မိ တာလေ စိတ်တွေပျက်လှပြီ။ သူ့အပေါ်များစွာသော အ ခွင့်အရေးတွေပေးပြီး အမြဲတမ်း စိတ်အနှောက်အယှက် ပေးတက်တဲ့ ဦးဖေလေ။
" ကောင်လေးက ရာမည ဆိုလား "
ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီးတော့ ချက်ခြင်းပဲ ဦးဖေလက်ထဲက ဖုန်းကိုလှမ်းလု လိုက်ပါရဲ့
" မရဘူးလေ အဲ့လိုယူလို လာကြည့်ချင်အတူကြည့် "
ပုရိသ ဖုန်းနားကပ်ခါ သေချာကြည့်လိုက်တော့ ဟုတ် တာပေါ့ ရာမညကို သူတို့ကားထဲကနေ ဆွဲထုတ်နေတာ ပြီးတော့ စကားများနေကြပုံပဲ။ ပုရိသ ဦးဖေဖက်လှဲ့ခါ
" အခုချက်ခြင်းရပ်ခိုင်းလိုက်ပါဦးဖေ "
ဦးဖေ မျက်ခုံးကိုပင့်ခါ ခေါင်းကိုသာ ခါပြတာမို့
" အခုရပ်ခိုင်းစမ်းးးးးးး ရပ်ခိုင်းးးးးးး "
" အိုးဟိုး စိတ်ကြီးလှချည်လားကွ ဟာဟ့ "
" သူတစ်ခုခုဖြစ်ရင် ခများကိုသတ်ပြီး ကျုပ်အဖမ်းခံမှာ စိတ်ချ "
ပုရိသ ဦးဖေကို လက်သီးနဲ့ ခွပ်ခနဲ ထိုးလိုက်ခါ လက် ထဲကဖုန်းကို လုယူပြီး ကြည့်လိုက်တော့ ဟိုဖက်ကပိတ် သွားပါပြီ။ ခုန ဘယ်နေရာလဲဆိုတာ သူသေချာမကြည့် မိလိုက်ဘူး။ ဖုန်းကို နံရံကိုပစ်ပေါက်လိုက်ခါ
ဦးဖေကို အပေါ်ကတက်ခွခါ အင်ကျီကိုလည်ပင်းမှာ စုကိုင်လိုက်ပြီး နောက်စိနဲ့ ကြမ်းခင်းပေါ် စောင့်ချပြီး
" ပြော သူတို့အခုဘယ်မှာလဲ ပြေားးးးး "
ပုရိသ မျက်လုံးတွေနီရဲနေခါ မျက်နှာက လဲကြောက်ဖို့ ကောင်းလောက်အောင်ပင် ခက်ထန်မာကြော နေပါပြီ။ ဒီအချိန်မှာ ဘာမဆိုလုပ်ဖို့ ဝန်မလေးတော့ဘူး ဆိုတာ မျက်နှာကြည့်ရုံနဲ့ သိနိုင်ပါတယိ။
" ပြောစမ်း ပြော ပြော ပြောစမ်း ဒုန်း ဒုန်း "
" အ့ Sedona ရှေ့ကန်ဘောင် "
ပုရိသ ဦးဖေခေါင်းကိုစောင့်ချခါ လက်ဝါးနဲ့မျက်နှာကို ဖြောင်းခနဲ လည်ထွက်သွားအောင် ပိတ်ရိုက်လိုက်ပါ တော့တယ်။ ပြီးတာနဲ့ တိုက်ပေါ်မှ ပြေးခါဆင်းလာပြီး ကားကို အရှိန်နဲ့မောင်းခဲ့ပါတော့တယ်။
မြတ်သူ နှဖူးပေါ်က စီးကျလာတဲ့ ချွေးတွေကို လက်နဲ့ ပွတ်ချလို်ခါ စကိတ်လေးကို ချိုင်းမှာညှုပ်ပြီး အားကုန်ပဲ ကန်ဘောင်ဘက်ကို ပြေးတက်လာပါတယ်။ တွေ့ပြီခပ် မှောင်မှောင် ကားပါကင်နေရာမှာလူတစ်စု ရုပ်ရုပ်သဲသဲ ဖြစ်နေတာလေ။
မြတ်သူ စကိတ်ကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ခါ
" ဟေ့ကောင်တွေးးးးးးးးးးး "
အာခေါင်ကိုချစ်ခါ ငယ်သံပါအောင် အော်လိုက်ပြီးမှ ပြေးဝင်သွားပါတော့တယ်။ ၄ယောက် ၁ ယောက်ကနေ မြတ်သူပါလာတော့ ဟိုဘက်ကကားပေါ်က ၁ယောက် ပါဆင်းလာပါတော့တယ်။ မြတ်သူအရင်ဆုံးတွေ့တဲ့သူ ကို စကိတ်နဲ့ အပေါ်ကိုအယောင်ပြခါ ခါးကိုဖြတ်ရိုက်ချ လိုက်ပါတယ်။ မောက်တစ်ယောက်ကို လှမ်းရိုတ်ချိန်မှာ ပဲစကိတ်ကို ဖမ်းချုပ်ထားခြင်း ခံရတာမို့ စောင့်တွန်းပြီး ထုတ်လိုက်တာ ထိုလူပါ လဲသွားပါတော့တယ်။
ကျန်တဲ့ နှစ်ယောက်အနားကပ်လာတော့ မြတ်သူက ခါးကြားထဲက ဓါးကိုဆွဲထုတ်ခါ လဲကျနေတဲ့ ရာမညနား ကပ်ပြီး ဓါးနဲ့ ကာထားလိုက်တော့ ဟိုကောင်တွေ ချက် ခြင်းမဝင်ရဲတော့ပဲ ချိန်နေပါတယ်။ တစ်ယောက်က သူ တို့ကားပေါ်က သံပိုက်လုံးတွေ ပြေးယူခါ သူတို့လူတွေ ကိုပစ်ပေးလိုက်တာတွေ့နေရ ပါတယ်။
သူတို့ ၂ ယောက်ကို ၅ ယောက်က သံဒုတ်တွေနဲ့ဝိုင်း ထားတာပါ။ အခြေအနေပွဲက သိပ်မလှပေ။ မြတ်သူ ရာမညကို တွဲထူလိုက်ခါ
" သေချင်တဲ့ကောင်ဝင်ခဲ့စမ်းကွာ လာခဲ့ "
" ဟာာာာာ ကဲကွာ ဒေါင် ချွမ်း ဖောင်း "
တစ်ယောက်က ပြေးဝင်လာတာမို့ မြတ်သူ ဓါးနဲ့ခံခါ ခြေနဲ့ ပက်ကန်ထည့်လိုက်ပါတယ်။ အဲဒိချိန်မှာပဲ ဘယ် ညာ နှစ်ယောက်ပြေးဝင်လာခါ အနောက်မှ တယောက် ပါတပြိုင်ထဲ တိုးဝင်လာတာမို့ မြတ်သူပြာသွားခါ ဘေးမှ ကောင်ရဲ့ ဒုတ်ကိုဓါးနဲ့ပက်လိုက်ခါ ဒီဖက်ကဒုတ်ကို ငုံ့ ခါရှောင်လိုက်စဉ်မှာပဲ ခွပ်ခနဲ မည်သံနဲ့အတူ သူ့ပေါ်ပိ လာတဲ့ အရာကိုမော့ကြည့်လိုက်တော့ ရာမည။ နောက် ကဝင်ရိုက်သူကို အချိန်မှီမထိန်းနိုင်တော့တာမို့ ရာမည မြတ်သူကိုယ်စား ခေါင်းဝင်ခံ လိုက်တာပါ။
အနေအထားပြက်သွားတာမို့ သူတို့ကို ဟိုကောင် တွေ အုံလာခါ စွမ်းကြီးလောင်းတော့မယ် ဆိုတာ သိလို့ ရာမညရဲ့ သတိလစ်နေတဲ့ ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲ ထည့်ခါ အပေါ်ကနေမှောက်ခါ ကွယ်ထားလိုက်ပါတော့ တယ်။ မြတ်သူရဲ့ ခေါင်းပေါ်မှာကော ကိုယ်ပေါ်မှာပါကျ လာတဲ့ ရိုက်ချက်တွေကို မြတ်သူ မသိတော့ပါ။ သူသိ နေတာတစ်ခုက သူသိပ်ချစ်တဲ့ ရာမညကို ပထမဆုံးအ ကြိမ်ဖက်ထား ခွင့်ရတာဆိုတာပါပဲ။ ဒုတ်ရိုက်ချက်တွေ ကြောင့်သူ့ ခန္ဓာကိုယ်က လှုပ်နေပေမယ့် သူ့မျက်နှာက ပြုံးနေပါတယ်။ ဖက်ထားတဲ့သူ့ လက်တွေက မြဲမြံနေပါ တယ်။
မင်းကိုငါ အရမ်းချစ်တယ် ရာမညရယ် ငါလေငါ့ ရဲ့ နောက်ဆုံးထွက်သက်ထိ မင်းကိုဖက်ထားခွင့်ရတာငါ ကျေနပ်တယ်။ မင်းငါ့အချစ်တွေကို အမြန်ဆုံးနားလည် ပေးပါတော့ကွာ။ မင်းကိုငါချစ်တယ် ရာမည ဘယ်လို ဘဝပဲရောက်ရောက် မင်းကိုငါချစ်နေပ့မယ်။
အနားကို ရဲတွေရောက်လာတော့ ဟိုကောင်တွေက ကားပေါ်တက်ခါ မောင်းပြေးပါတော့တယ်။ သူတို့နှစ်ဦး ကတော့ ကန်ဘောင်ရဲ့ကားပါကင်မှာပင် တစ်ဦးကို တစ်ဦးထပ်ခါ မှောက်ယက်ကြီးငြိမ်သက်လို့ နေလေရဲ့
ပုရိသ ရောက်တဲ့ အချိန်မှာပဲ မြင်ကွင်းက မလှတော့ ရဲတွေက ကားကိုဝင်ခွင့်မပေးပဲ ပိတ်ထားတာမို့ ပုရိသ ကားမီးအောက်မှာ လှမ်းမြင်နေရတဲ့ မြတ်သူနဲ့ရာမည တို့ရဲ့ ပုံစံတွေကို ကြည့်ခါ
" အားးးးးးအား အား အား"
ကားစီယာတိုင်ကို လက်နှစ်ဖက်နဲ့ပုတ်ခါ ခေါင်းနဲ့ပစ် ပစ်စောင့်ရင်း အားရပါးရအော်ချလိုက်မိပါတော့တယ်။ ရက်စက်လိုက်ကြတာ ဘာမှအပစ်မရှိပဲ လုပ်ရက်လိုက် ကြတာ သူ့ကြောင့်အခုလိုဖြစ်ရတာ။ ရာမညခုလိုဖြစ်ရ တာသူ့ကြောင့် အီးဟီးဟီး။ တောက်ခ်။ ဟာကွားးးး ။
ဒီလိုတွေ ဖြစ်မှာစိုးလို့ မနက်ကပဲ ရာမညကို စိတ်နာ အောင်သူပြောခဲ့တာပါ။ ရာမည ထွက်သွားတာနဲ့သူဆို တဲ့ ကိုကျားက ဘဝဒဏ်တွေ ဒူပေတာပေ ခံခဲ့တဲ့သူက မျက်ရည်ပေါက်ပေါက်ကျခဲ့ ရတာလေ။
တကယ်ဆို ရာမညက သူ့ကိုချစ်တာမဟုတ်ပဲ ခင်မင် သံယောဇဉ်ရှိတာ ရုန်းကန်နေရတဲ့ သူ့ကိုသနားတာသူ သိတာပေါ့။ ခုတော့ ရာမညပင်မက သူသိပ်ချစ်တဲ့သူ့ရဲ့ ချစ်သူပါ ဟာကွာ ဟာ မတရားဘူး အားးးးးးးးးးး။
မင်းကိုငါသိပ်ချစ်လို့ စွန့်လွှတ်ခဲ့တာပါ ရာမညရယ်။ ငါမင်းကို သိပ်ချစ်လွန်းလို့ပါကွာ။
* * *
မောင်မျိုးမြတ်သူ
အသက် ( ၂၂ ) နှစ်
ကြေးစည်ထုသံက ရာမညရဲ့ နှလုံးသားတွေကို စုပ်ခါ ညှုစ်လိုက်သလိုပါပဲ။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့မို့လို့ အတင်းတားပေမယ့် မရရအောင်လာခဲ့တာပါ။ မြတ်သူ သူမြတ်သူပေါ်မှာ ဆပ်လို့မကုန်အောင် အကြွေးတွေ တင်သွားပြီလေ။ မြတ်သူ သူသိပ်ချစ်တဲ့ မြတ်သူအခုမှ မြတ်သူ သူ့အပေါ်ဒိလောက်ထိ ချစ်ရလားလို့ သူသိခဲ့ပါ တယ်။ သတိမေ့နေတဲ့ သူ့အပေါ်ကနေ အုပ်ခါသူ့ကိုယ် စားအရိုက်ခံသွားတာတဲ့ ။ မြတ်သူရယ် အဲ့လိုလုပ်မယ့် အစားငါ့ကိုပါ ခေါ်သွားပါလားကွာ။
ထိုင်နေရာကနေ ထလိုက်တော့ သူငယ်ချင်းတွေက ဝိုင်းဆွဲထားတယ်။
" ရာရာ မြတ်သူအိမ်ကလူတွေ နင့်ကိုတအားမုန်းနေ တာနော် နငိအနားမသွားပါနဲ့ဟာ "
မြတ်သူ မင်းကိုငါနောက်ဆုံးတွေ့ပါရစေ။ ရာမည ဘာမှမပြောပဲ အတင်းရုန်းခါ တစ်လှမ်းချင်းလျောက်ခဲ့ တယ်။ အနားကလူတွေ တင်မက ဘယ်အရာမှသူ့ရဲ့ အာရုဏ်မှာ ရှိမနေပါ။
အလောင်းနားကပ်သွားတော့ ပန်းတွေကြားမှမြတ်သူ အရင်ထက်ပိုလှခါ ပြုံးနေသလိုပဲ။
" မြတ်သူ ဖျန်း ဝုန်း "
မြတ်သူ နာမည်လေး ခေါ်မိစဉ်မှာပဲ ပါးပေါ်ကိုလက် တဖက်ကျလာခါ အလောင်းဘေးမှာ ခွေခနလဲကျနာမို့ သူငယ်ချင်းတွေ လာတွဲကြတယ်။ ရာမည လက်တွေကို ဖယ်ခါ သူ့ဖာသာ ကုန်းထ လိုက်ပါတယ်။ မြတ်သူရယ် မင်းမသွားပါနဲ့နော်။
" နင်မလာနဲ့ ရာမည နင်ကြောင့်ငါ့မောင်သေရတာ နင် သေရမှာဟဲ့ ငါ့မောင်အစား အီးဟီးဟီး "
" မြတ်သူ မင်းမသွားပါနဲ့နော် ငါ့ကိုမထားခဲ့ပါနဲ့နော် "
" လာပါ ရာရာ သွားရအောင်နော် "
" မသွားဘူး ငါ မြတ်သူနဲ့လိုက်သွားမှာ မသွားဘူး "
ရာမည မြတ်သူရဲ့ အခေါင်းကိုအတင်းကုန်းခါဖက်နေ တာမို့ အတင်းဝိုင်းဆွဲ ကြပြန်တယ်။
" ဟဲ့ဟဲ့ စွဲကြပါဦး မလုပ်ကောင်းတာတွေ ဒုက္ခပါပဲ "
" လာပါ ရာရာ လာစမ်းပါဆို လာပါကွာ မြတ်သူအေး ဆေးနေပါစေကွာနော် သူငယ်ချင်း "
" ငါသူ့ကို ကြည့်ချင်သေးလို့ပါနော် ငါ့ကိုမတားကြပါ နဲ့နော် ငါတောင်းပန်ပါတယ် "
လက်အုပ်လေးချီကာ တောင်းပန်နေတဲ့ ရာရာ့အဖြစ် ကိုကြည့်ကာ သူငယ်ချင်းတွေ မျက်ရည်ထိန်းမရတော့ ပေ။ ထိန်းထားပေးပေမယ့် မဆွဲကြတော့ပေ။
" မြတ်သူ ငါ့ဆီပြန်လာခဲ့နော် ငါစောင့်နေမယ် နော် မင်းမျက်လုံးတွေ ဖွင့်ကြည့်ပါဦးကွာ မင်းပြုံးနေတာငါသိ တယ် မင်းမသေဘူး မင်းမသေသေးပါဘူး အင့်ဟင့်ဟီးး မြတ်သူရေးးးးးးး "
အလောင်းကို မီးသင်္ကျိုလ်ဖို့ လာဆွဲကြတော့ ရာရာ့ ကိုအတင်းဝိုင်းဆွဲ ထားကြရတယ်။ ဒါတောင် ခေါင်းမှာ ရောလက်တွေမှာပါ ပတ်တီးတွေနဲ့လေ။
" မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ဗျာ မြတ်သူ မြတ်သူရေ ကယ်ကြပါဦးဗျာ အီးဟီးဟီး "
မရတော့တဲ့အဆုံး ရာမညကို ဝိုင်းချီမခါ သူငယ်ချင်း တွေကဆွဲထုတ်ခဲ့ ပါတော့တယ်။ သုသာန်အပြင်ရောက် တော့မှ ချပေးပါတယ်။ ရာမည ချပေးတဲ့နေရာမှာပဲငုတ် တုတ်လေး ထိုင်ခါ အားရပါးရငိုချနေမိပါတော့တယ်။
အဲဒိချိန်မှာပဲ ကားတစ်စီးက သူတို့ရှေ့နားမှာရပ်လာ တာမို့ သူလှမ်းကြည့်လိုက်တော့ ကားပေါ်မှဆင်းလာသူ က ထုံးစံအတိုင်းအနောက်တိုင်းဝတ်စုံကို ကျနစွာဝတ် ဆင်ထားတဲ့ ကိုကျားပါပဲ။ ရာမည အခုမှ သတိရမိတယ် ဒါသူ့ကြောင့် ဖြစ်ရတာပဲ သူ့ကြောင့် မြတ်သူသေရတာ ရာမည ထိုင်ရာမှထသွားခါ
" ခများ ခများကြောင့် အဲဒါခများကြောင့် ခများကြောင့် ခများသတ်တာ ခများသတ်တာ အီးဟီးဟီး "
ရာမည ကိုကျားရဲ့ အင်ကျီကိုစုကိုင်ခါ ကားနဲ့စောင့်ခါ တွန်းလိုက်စဉ် ကိုကျားရဲ့ လက်မှာစုကိုင်ထားတဲ့ ပုဝါ လေးပြည်ခါ မြေပေါ်ကြသွားပါတော့တယ်။
" ဟင် "
အနောက်တိုင်းကုဒ်အင်ကျီလက်ရှည်ရဲ့ အောက်နား မှာပြောင်လက်နေတဲ့ လက်ထိပ်က ကိုကျားရဲ့လက်ကို ချုပ်ထားတာကိုး။ ဒါ့ကြောင့်ခုနပုဝါနဲ့ အုပ်ထားတာပဲ။
ရာမည ကိုကျားကိုကြည့်လိုက်တော့ မျက်မှန်နက် ခပ်ပါးပါးအောက်မှာ မျက်ရည်တွေကျနေတာကို တွေ့ရ ပါတယ်။ ဘာတွေဖြစ်တာလဲ ဒါဆို ဟာ ဘာတွေလဲ။
ဝေခွဲမရ ဖြစ်နေစဉ်မှာပဲ ရာမညရဲ့ပါးပြင်ကို စိုစွန်နေ တဲ့ နှာခေါင်းလေးနှစ်ခါ ကိုကျားနမ်းလိုက်ပါတယ်။ ပြီးမှ ကားထဲပြန်ဝင်ထိုင်ခါ ထွက်ခွါသွားပါတော့တယ်။
ရာမည တုတ်တုတ်မှ မလှုပ်ပဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိပေမယ့် ကမ္ဘာလောကကြီး ချာချာလည်နေတာ ကိုသူခံစားနေရပါတယ်။ ဖြစ်ချင်တာတစ်ခုကိုပြောရရင် ဒီနားမှာတင် အငွေ့ပျံခါ ပျောက်ကွယ်သွားချင်တာပါပဲ။
အချစ်သည် တစ်ခါတစ်ရံ၌ မျက်လှည့်ဆန်စွာ လူကို လှဲ့စားတက်ပါလေသလား ဆိုတာတော့ သူတို့စဉ်းစားမိ ကြမယ်ထင်ပါတယ်။
နှလုံးသားရှိသူတိုင်းက မိမိရဲ့အချစ်ကို စိတ်တိုင်းကျ ပုံဖော်ကြမှာပဲ။ သူတို့ ၃ ယောက်ကလဲ သူတို့စိတ်တိုင်း ကျ သူတို့အချစ်တွေကို ပုံဖော်ပြသခဲ့ပါတယ်။
အသက်ပေးချစ်ခဲ့တဲ့သူ။ ဘဝပေးချစ်ခဲ့တဲ့သူ။ အချစ် ဆိုတာကိုသိလိုက်ရပေမယ့် ပိုင်ဆိုင်ခွင့်မရပဲ အထီး ကျန်စွာ ကျန်ခဲ့ရသူ။ ဘယ်သူက အချစ် သရဖူ ကိုရယူ သင့်ပါသလဲ?
ပြီးပါပြီ။
အားလုံးပဲ ကျေနပ်နှစ်သိမ့် နိုင်ကြပါစေ။
#ကိုလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment