Thursday, August 13, 2015

ကျိန်စာသင့်သူ * ဖီလစ်ပိုင် ဇာတ်ကားလေးကို မြန်မာပုံစံပြောင်းထားတာပါ။

ကျိန်စာသင့်သူ

   ဘဝဆိုတာ ရုန်းကန်ရတာ ဓမ္မတာပဲဆိုတာ နားလည် ပါတယ်။ ဒါပေမယ့် အဲဒိထဲမှ သူက သူများတွေထက်ကို ပိုပြီး ဆိုးနေတာ ဘာလို့ပါလိမ့်။ ရင်မော လိုက်တာ။
    ဇွဲကာရံ မောလွန်းလို့ နားဖို့နေရာ ရှာကြည့်လိုက်ရာ ဂုံးတံတားကြီး တစ်ခုတွေ့တယ်။ အင်း လမ်းဘေးထက် စာရင် တံတားပေါ်က လူရှင်းမှာပါ ဆိုပြီး တက်ခဲ့တယ်။
    ဂုံးတံတားက စတုဂံပုံသဏ္ဍန် လေးဘက်မို့ ဒေါင့်တ နေရာမှာ အိတ်ခလေး ဘေးချပြီး ထိုင်ချလိုက်တယ်။ ခြေကုန်လက်ပမ်း ကျနေပီ လူကလဲ။ တနေကုန်အလုပ် လိုက်ရှာရတာ လူကနုံးချိ နေပြီ အလုပ်ကလဲ မရသေး။
    နီးစပ်ရာ ခပ်ညံ့ညံ့တည်းခိုခန်း တစ်ခုပါပဲ တည်းရပေ တော့မည်။ ပါလာတဲ့ ပိုက်ဆံလေး ရှိသေးပေမယ့် ခုလို အလုပ်မရ မချင်းသုံးရမှာမို့ ချွေတာပြီး သုံးနေရတာ။
    " အရမ်းပင်ပန်း နေတယ်နဲ့တူတယ် ဟုတ်လား "
   အသံတစ်ခုကြောင့် လှည့်ကြည့်မိတော့ အဝတ်အစား ကောင်းတွေနဲ့ သပ်ရပ်လှပနေတဲ့ ခပ်ချောချောလူငယ် တစ်ယောက် ကိုတွေ့ရပေမယ့် ဘယ်သူ့ပြောမှန်းမသိ။
    " သူငယ်ချင်းကို မေးတာပါဗျာ ခုအိမ်ပြန်မလို့လား "
   " အော် မပြန်ဘူးဗျ ဒီနားမှာ ဈေးပေါတဲ့ တည်းခိုခန်း ရှိလားဗျာ့ ကျနော် တည်းချင်လို့ပါ "
    ထိုကောင်လေးက ဇွဲ ကို တချက်သေချာ ကြည့်ပြီးမှ
   " အင်းရှိတယ် ဒါပေမယ့် စုတ်တယ်နော် နဲနဲပိုပေးပြီး အခန်းကောင်းကောင်းမှာ အေးဆေးပဲနားပါလား "
   " ဟာ မလုပ်ပါနဲ့ ပါတဲ့ဟာလေးက အလုပ်မရမချင်း သုံးရမှာဗျ ဈေးနည်းလေ ကောင်းလေပဲ "
   " ဒါဆို ကျနော်နဲ့လိုက် အိပ်မလား အပြင်မှာ အစုတ် ဆုံးက ၃၀၀၀ ရှိတယ် ကျနော့အခန်းမှာ လိုက်အိပ်ပေါ့ ၁၅၀၀ ပဲပေး "

    လူငယ်စကားကြောင့် ဇွဲ စဉ်းစားမိတယ် အခုချိန်မှာ အိပ်ရဖို့နဲ့ အကုန်အကျ သက်သာဖို့သာ အဓိကမို့
   " ဟုတ် လိုက်အိပ်မယ်ဗျာ ကောင်းတယ် "
    ဒါနဲ့ပဲ သူတို့အဲဒိနေရာ လေးကနေ ထွက်လာတယ်။
  " ကျနော့ နာမည် ဇာနည်ရဲသွေး ပါ အခန်းမှာကတော့ သူငယ်ချင်းနဲ့ ၂ ယောက်နေတာဗျ "
    ရဲသွေး အခန်းရောက်တော့ လူတစ်ယောက် ကုတင် လေးပေါ်မှာ အိပ်နေတာ အဝတ်မပါ ကိုယ်တုံးလုံးနဲ့။
ရဲသွေးက ထိုလူရဲ့စောင်ကို ဖယ်လိုက်ခါ တင်ပါးပြောင် ကို တဖန်းဖန်းရိုက်ခါ
   " ချစ်လွမ်း ချစ်လွမ်း အစောကြီး အိပ်နေတယ် ထဦး "
   " ဟာ ထချင်ဘူး ကို ရာ ချစ်အိပ်ချင်နေပီဗျ "
   " ထစမ်းပါ ဒီမှာ ဧည့်သည် ပါလာတယ် "
   ရဲသွေးစကားကြောင့် ချစ်လွမ်းဆိုတဲ့သူ စောင်ကိုဆွဲ ပြီးသူ့ကိုယ်ကို အုပ်လိုက်ခါ
   " ကိုကလဲဗျာ ဧည့်သည်ပါတာကို ဘာလို့စောင်ဆွဲ လှန်တာလဲ ဗျာ့ ဟာဗျာ ဒုက္ခပါပဲ "
  ချစ်လွမ်းက ဇွဲကို ရှက်ကိုးရှက်ကန်းနဲ့လှမ်းကြည့်တော့ ဇွဲလဲ မျက်နှာပူပူနဲ့ပင် မဝံ့မရဲပြုံးပြမိပါတယ်။
   " ယောက်ျားလေးချင်းပဲ ချစ်ရာ ရှက်မနေနဲ့ ဇွဲကာရံ ထိုင်လေ အ့မှကြမ်းပြင်မှာပဲ ထိုင် ကျနော်တို့လဲ ဒိလိုပဲ ထိုင်ကြတာ ဘာမှ မဖြစ်ဘူး "
   " ဟာ ဟုတ်ကဲ့ ရပါတယ် "
   " ခုညတော့ အဲဒိမှာပဲ အိပ်လိုက် ကျနော်တို့ အပေါ် မှာပဲအိပ်မယ် ကုတင်ကကျည်းလို့ ကျနော်တို့က အမြဲ တယောက်တလှဲ့ အောက်ဆင်းအိပ်ကြတာ "
  " အော် ဟုတ်ကဲ့ရပါတယ်ဗျာ "
  " ရော့ စောင်တထည်ယူ အိတ်သာခေါင်းအုံးလိုက် "

   ဇွဲက သူလဝယ်ထားတဲ့ ကျောပိုးအိတ်လေးကိုဖွင့်ခါ အင်ကျီတွေထဲမှာ လိပ်ထားတဲ့ ထောင်တန်အုပ်ထဲမှ ငွေတစ်ထောင်ကိုယူပြီး ပိုက်ဆံအိတ်ထဲမှ အကြွေတွေ နဲ့ပေါင်းကာ ရဲသွေးကို ၁၅၀၀ ပေးလိုက်ပါတယ်။
    ဇွဲပိုက်ဆံ ထုတ်နေစဉ်မှာ ချစ်လွမ်းက ရဲသွေးကိုမေး ငေါ့ပြကာ ဘာလဲလို့ အသံတိတ်မေးတယ်။ ရဲသွေးက ခေါင်းကိုခါပြကာ ဇွဲကျောပိုးအိတ်ကို မျက်စပစ်ပြလေရဲ့
ညအိပ်ကြတော့ ဇွဲကအခန်းကျည်းလေးရဲ့ ကြမ်းပြင်မှာ ရဲသွေးနဲ့ ချစ်လွမ်းက ကုတင်ပေါ်မှာ။
    " မလုပ်နဲ့ကွာ ကို ဖယ်ပါဆို "
    " ဘာမှ မဖြစ်ပါဘူး ချစ်ရာ "
    တီးတိုးအသံတွေကြောင့် ဇွဲ အိပ်၍ပင်မပျော် ရင်တွေ တဒိန်းဒိန်းတုန်ကာ နားစွင့်နေမိတယ်။ သူကလဲ ဒိလိုပဲ ယောက်ျားခြင်း ကြိုက်တာကိုး။လက်ကလဲ အသာလေး ကုတင်တိုင်ကို ကိုင်ထားမိတယ်။
    ကုတင်တိုင်ရဲ့ တုန်ခါမှုလေးတွေက ရင်ကိုခုန်စေရဲ့။ တချက်တချက်ထွက်လာတဲ့ ညည်းသံသဲ့သဲ့ တုန်ခါသံ လှုပ်ရှားသံတွေကြောင့် ဇွဲလဲပေါင်ကြားထဲ လက်လေး ညှုပ်ခါ ကွေးကွေးလေး နားစွင့်ရင်း အိပ်ပျော်ခဲ့ပါလေရဲ့။
    " ဇွဲကာရံ ထ ထ ရေ ထချိုးတော့ "
    ရဲသွေးရဲ့ အသံကြောင့် ဇွဲအတင်းကုန်းထ လိုက်ပြီး
   " ဟုတ်ဘယ်မှာ ချိုးရမှာလဲ ဗျ "
   " ဒိဘေးလှေခါး ကနေဆင်းသွား အနောက်ဖက်မှာ ရေချိုးခန်းနဲ့ အိမ်သာရှိတယ် ရော့ ဒါလေးဝတ်သွား အ ထဲမှာ တံခါးပိတ်ပြီး ဒိတိုင်းချိုးလို့ရတယ် "
   ဇွဲအင်ကျီနဲ့ ဘောင်းဘီကို ချွတ်ခါ အတွင်းခံပေါ်ကနေ ပုဆိုးစုတ်လေးကို ထပ်ဝတ်ပြီး အခန်းအပြင်ထွက်ခဲ့ပါရဲ့ အဆောင်က ၂ ထပ်ဆောင် အခန်းလေးတွေ နဲ့လေ။

      ဇွဲရေချိုးပြီး ပြန်တက်လာတော့ အခန်းတံခါးကိုတွန်း ဖွင့်လိုက်စဉ် အထဲမှာ ဘယ်သူမှ မရှိပေ။ ဇွဲရဲ့ အိတ်နဲ့ ခုနက ချွတ်ထားတဲ့ အဝတ်တွေပါ မရှိတော့။
    " ဟာ သွားပြီ ဘယ်ရောက်သွားတာလဲ ဟာကွာ "
   ဇွဲ အခန်းပြင်ထွက်ခါ ဝရံတာကနေ လှမ်းကြည့်တော့ လဲ အရိပ်အရောင်ပင် မတွေ့ရတော့ပါ။ လှေခါးပေါ်က ပြေးဆင်းကာ လမ်းမကိုထွက်လိုက်တော့ လမ်းထဲမှာ လဲမတွေ့ရတော့ပေ။ အဆောင်ရှေ့က ကုန်စုံဆိုင်ထဲမှ အဒေါ်ကြီးက လှမ်းကြည့်ပြီးမှ
   " ဟဲ့ ဘာဖြစ်တာလဲ အလန့်တကြား "
   " ခုန ခုန ဒိအပေါ်ထက်က ၂ ယောက်အပြင်ထွက် သွားတာ တွေ့လိုက်လား အန်တီ "
   " တွေ့တယ်လေ မနေ့ထဲက အဆောင်လခ မပေး လို့ သူတို့ အဆောင်ပိုင်ရှင်က ဒိနေမနက်မှ မပြောင်းရင် ရဲတိုင်မယ်ဆိုလို့ ပြောင်းသွားတာလေ ဘာလို့လဲ "
   " ဟား သေပါပြီ အီးဟီး ဟီး အားးး တောက် "
   ဇွဲ အခန်းပေါ်ကိုပြန်တက်လာခါ ရှာကြည့်တော့ ဘာမှ မရှိဘာတွေသုတ်ထားမှန်း မသိတဲ့ စွတ်ကျယ်စုတ်လေး တခုသူတွေ့တော့တယ်။
   မတက်နိုင်တာမို့ ဖြန့်ခါစွပ်ချလိုက် ရပါတော့တယ်။ တော်တော် ယုတ်မာတဲ့ကောင်တွေ တွေးမိရင်း ဒေါသ ထွက်ခါ မျက်ရည်တွေပါ ကြလာရတယ်။
    သွားပြီ နယ်ကတက်လာတာ အဝတ်လေး ၃ စုံနဲ့ငွေ လေးတစ်ချို့ ခုတော့ကုန်ပြီ။ ဘာနဲ့စားရမလဲ။ ဘာဝတ် ရမလဲ။ ရေလဲပုဆိုးစုတ်နဲ့ စွပ်ကျယ်စုတ်ကတော့ စိတ် မသန့်ပေမယ့် အရှက်လုံအောင်တော့ ဖုံးထားရပါတော့ တယ်။ စိတ်တိုတိုနဲ့ အဆောင်တံခါးကို လက်သီးနဲ့ထိုး ချလိုက်မိတယ်။

    " ဒုံး ဝုန်း "
   တံခါးက စေ့ထားတာမို့ ဝုန်းခနဲပွင့် ထွက်သွားစဉ် ခါး ထောက်ခါ မျက်လုံးပြူးကြီးနဲ့ ရပ်နေတဲ့ မိန်းမဝဝကြီး တစ်ဦး ဘွားခနဲ ပေါ်လာပါတော့တယ်။
   " နင်ဘယ်သူလဲ ပြောစမ်း ငါ့အဆောင်ကို လာဖျက်စီး နေတာ ဟမ် ဟိုကောင် ၂ ကောင်ကော "
   " ကျနော် တောင်းပန်ပါတယ် သူတို့ မရှိတော့ဘူးဗျ "
  " အော် အမလေးလေ ငါ့အဆောင်က ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါလား နင်ကဘာကိစ္စ ဒိကိုရောက်ပြီး လာဖျက်စီးနေတာလဲ ဟင် နင့်ကိုပဲ ရဲလက်အပ်မယ် "
  " ဟာ မလုပ် မလုပ်ပါနဲ့ဗျာ သူတို့ကျနော့်ဆီကလဲ အဝတ်အိတ်နဲ့ ပိုက်ဆံတွေ ခိုးသွားလို့ စိတ်တိုပြီးထိုးမိ တာပါဗျာ တောင်းပန်ပါတယ်ဗျာ မလုပ်ပါနဲ့ဗျာ "
  " သွား အခုထွက်သွား ငါ့အဆောင်ကနေ သွား "
  " ဟုတ် ဟုတ် ကျေးဇူး တင်ပါတယ်ဗျာ "
  " သွား မြန်မြန်သွား "
   ဇွဲ ထိုအဆောင်ထဲကနေ အမြန်ပြေးထွက်လာ ခဲ့ရပါ တော့တယ်။ လမ်းလျှောက်ရင်းက တွေးမိတိုင်း သူတို့ ကိုသတ်ချင်စိတ် တွေပဲ ပေါ်နေမိတယ် လူလိမ်တွေ။ဝ
    မနေ့ကထိ လူနဲ့သူနဲ့ တူသေးတယ်။ အခုတော့ စား စရာပိုက်ဆံလဲ မရှိ။ အဝတ်ကလဲ သူများနားပင် မကပ် ဝံ့စရာ။ ပိုဆိုးတာက မှတ်ပုံတင်တွေပါ ယူသွားခြင်းပါပဲ။
    ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိတော့ပေ။ အလုပ် လျှောက်ဖို့ကလဲ မလွယ်တော့။ ဟာ့ ဆိုးလိုက်တဲ့ ဘဝ။
တစ်နေကုန် လမ်းလျှောက်လိုက် ဟိုထိုင်ဒီထိုင် ထိုင်နဲ့။
    ဗိုက်စာတော့ လမ်းဘေးရေအိုးစင်ကနေ ရေသောက် မိုးချုပ်တော့ အိပ်စရာမရှိ ရဲဖမ်းမှာလဲ ကြောက်ရသေး။
သူများပိတ်ထားတဲ့ ဆိုင်ရှေ့မှာ ငုတ်တုတ်လေးပဲပေါ့။

    " ဟား ဟား အတော်ပဲကွာ လမ်းစရိတ်ပြတ်တာနဲ့ "
    " အဝတ်တွေက ဘာလုပ်ဖို့ယူလာ တာလဲ ကိုရ "
   " အဟောင်းဆိုင်မှာ ရောင်းစားမှာပေါ့ကွ "
    " ဟင်းး သဘောပဲ လုပ်ချင်တာသာလုပ် "
    လွမ်းလုလင် သက်ပြင်းပဲ ချမိတော့တယ်။ သူ့ကိုချစ် မိမှတော့ သူလုပ်သမျှ လိုက်လျောပေးရုံ ပဲပေါ့။ ရဲသွေး က နဲနဲတော့ဆိုးတယ် ရဲသွေးကြောင့် စိတ်တွေညစ်ခဲ့ရ တာ ငိုခဲ့ရတာလဲ မနဲတော့ပေ။ ခုလဲ လုပ်ပြန်ပြီ။
   " ချစ် ဗိုက်စာတယ်ကွာ City Mart ထဲမှာ မုန့်ဝင်ဝယ် ကိုအပြင်က စောင့်နေမယ် အထုတ်တွေနဲ့မို့နော် "
   " အင်း ခနလေးနော် "
   လွမ်းလုလင် ပုခုံးမှာ လွယ်ထားတဲ့ ဇွဲရဲ့ကျောပိုးအိတ် ကို ရဲသွေးကိုပေးပြီး သူ့ရဲ့လွယ်အိတ်ခလေးကိုတော့ မချွတ်တော့ပဲ မုန့်ဝယ်ဖို့ ထွက်သွားလိုက်သည်။
    မုန့်ဝယ်ပြီး ပြန်လာတော့ ရဲသွေးကို မတွေ့ရပေ။ ဇွဲ ရဲ့ အိတ်လေးသာတွေ့၏။ အနီးနား ရှာကြည့်တော့လဲ မတွေ့။ထိုစဉ် လွမ်းလုလင် ရဲ့ဖုန်းလေး မြည်လာသည်။
   " ဘယ်ရောက်သွားတာလဲ ကို "
   " အော် အေးငါ ဘော်ဒါတစ်ပွေနဲ့ တွေ့လို့ အခုသူနဲ့ တောင်ကြီးကို လိုက်သွားပီ အဆင်ပြေသလိုနေနော် "
    ဒိလောက်ပြောရင် လွမ်းလုလင်သဘောပေါက်ပါပြီ။
မဲ့ခနဲ တစ်ချက်ပြုံးလိုက်ခါ
 "ကောင်းပါတယ်ကို ပြန်မလာရင် ပိုကျေးဇူးတင်တယ်"
   " ဟက် ဟက် စိတ်ချဆက်ဆက်ပြန်လာမယ် ရွှတ် "
   " တောက် "
   ရဲသွေး ပြောပြီးဖုန်းချသွားတာမို့ လုလင် တောက်ခနဲ တောက်ခေါက်လိုက်မိ ပါတော့တယ်။ ကောင်းပါတယ် ဒိလိုလူနဲ့ ဝေးသွားတာလဲ။

         ချစ်ခဲ့မိတာ အတွက်ကို့ဖာ သာလဲ နောင်တရလို့ မဆုံးဘူး ဖြစ်နေခဲ့တာ ကြာပြီပဲ။
    ဇာနည်ရဲသွေး ထွက်ခွါသွားတာ ကြေကွဲဝမ်းနည်းမှု မဖြစ်မိပဲ စိတ်လက်ပေါ့ပါးသွားတာ မိမိကိုယ်ကို အံ့သြ မိပါရဲ့။ လွယ်အိတ်လေး နောက်ပစ်ပြီး ဇွဲရဲ့ ကျောပိုး အိတ်ကို လွယ်ခါ လုလင် ထွက်ခဲ့ လိုက်ပါတော့တယ်။ ဘာလုပ်ရမလဲ ဆိုတာလဲ သိပြီးသားပဲ။
    လောလောဆယ် တော့အခန်းငှားဖို့ အိတ်ထဲရှိတာ လေးနဲ့ တည်းခိုခန်း အစုတ်လေးမှာ တည်းလိုက်တယ်။
ဒီည လုလင် အလုပ်စလုပ်ရတော့မယ်လေ။
   သိမ်ကြီးဈေး ကုံးတံတားပေါ်မှာ ညရဲ့မှိန်ပြပြ အလင်း ရောင်နဲ့အတူ လူငယ်အချို့ ရှိနေသလို ကနွဲ့ကရနဲ့ လူ လတ်ပိုင်း လူကြီးပိုင်းတွေလဲ ရှိနေတယ်လေ။
   တစ်ယောက်ကို တစ်ယောက်ကြည့် နေကြပုံတွေက အထှာလေးတွေနဲ့။ မျက်လုံးချင်း အဆင်ပြေရင် အနား ကပ် ဘာစောင့်နေတာလဲ ဘယ်ပြန်မှာလဲ စကားစကြ။
    ထိုမှတဆင့် ညှိုနှိုင်းဈေးနှုန်းဖြင့် တည်းခိုခန်းကိုသွား ကြတာပေါ့။ ခပ်ယဉ်ယဉ်ခေါ်တော့ Offer ပေါ့။ ခပ်ရိုင်း ရိုင်းသုံးချင်တော့ ယောက်ကျားဖာသည်ပေါ့။
    ဒီအထဲမှာ အသားဖြူဖြူ ပိန်သွယ်သွယ်နဲ့ ချစ်စဖွယ် ကောင်းလေးတစ်ယောက်လဲ ပါနေတယ် သူကတော့ လွမ်းလုလင်ပေါ့။
   " ဟဲ့ အဆင်တော့ ကိတ်မကိတ်မေးအေ စားမယ် "
   " ညီလေး ခံကော ခံလား တချီဘလောက်လဲ "
   " တညလုံး ဆိုရင်ကောရလား ဈေးပြောကြည့်လေ "
   " ကိုတို့က နှစ်ယောက်ဆို ဖြစ်မလား "
   လူပေါင်းစုံရဲ့ တဏှာအုံထဲမှာ ယွပိုးထိုးနေတဲ့ စကား သံတွေက ဆေးလိပ်ငွေ့တွေနဲ့ အတူယိမ်းနွဲ့လို့နေရဲ့။

    ဝက်ဖြစ်မှတော့ မဆင်ကြောက်နေလို့ ဖြစ်မလား။ သူ လဲဘာလာလာဒေါင်း ရတော့တာပေါ့။ ဒါ ပေမယ့် ညလုံးပေါက်တော့ မလိုက်ဘူး။ အပို့ပဲဖြစ်ဖြစ် အကြိုပဲ ဖြစ်ဖြစ် အားလုံးကို ကျေနပ်အောင် ပြုစုပေးခဲ့ပေမယ့် ဆန္ဒမပါ အသပြာ အတွက်ပါပဲ။
    လွမ်းလုလင် ဆိုတာ အခုတော့ Offer တစ်ယောက်။
ဖြစ်သမျှကို ဘာမှမတွေးတော့ဘူး ကြုံရာဘဝမှာ ကြုံသ လိုပဲ နေလိုက်တော့တယ် ဒါဟာ သူ့ပုံစံပါပဲ။
    ဇွဲကာရံ ရဲ့ဘဝကခုတော့ ကုန်စိမ်းတွေ ထမ်းပြီး ကုန် စိမ်းတန်းဈေးရဲ့ ဒေါင့်လေး တစ်နေရာမှာ ခွေခေါက်ပြီး အိပ်နေရတယ်။ ရတဲ့ငွေလေးနဲ့ အဝတ်ဟောင်းလေးကို ပြန်ဝယ်ပြီး ဝတ်ရတယ်။ ရတာလေးနဲ့ ဖြစ်သလိုစားနေ ရတဲ့ ဘဝ။ တွေးမိတိုင်း ဇာနည်ရဲသွေးတို့၂ ယောက်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေမိတယ်။
    တကယ်ဆို မှတ်ပုံတင်တွေ ထောက်ခံစာတွေတော့ ထားခဲ့သင့်တာပေါ့။ လူယုတ်မာကောင်တွေ တွေ့လို့က တော့ အသေသတ်ပစ်မယ်။
    ကုန်စိမ်းတွေ ထမ်းနေတဲ့ ထဲမှာမှ သိသိသာသာ နဂို ရုပ်ခံကြောင့်သန့်သန့်လေးနဲ့ ချောမောနေတဲ့ ဇွဲကာရံ ကိုတော့ လူတွေကဦးစားပေး ကြတယ်။ဒါကလဲ သူ့ရဲ့ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ရုပ်နဲ့ မို့ပေါ့။    
      ဒါလေးကယ်ပေလို့ ခုလဲ ကုန်စိမ်းသည် မိန်းမ ကြီး တစ်ယောက်က သူ့အိမ်ခေါင်မိုးပေါ် ညွှတ်ကြနေတဲ့ သစ်ကိုင်းခုတ်ပေးဖို့ ပြောတာနဲ့ အပင်ပေါ်ကိုရောက်လို့ နေပါတယ်။ သစ်ကိုင်းက ရေညှိတွေ တက်နေတာမို့
   " ဝုန်း ဒုန်းဒုန်း အားး "
    သစ်ပင်ပေါ်ကနေ ခြေချော်ကြခါ အိမ်ခေါင်မိုးပေါ်မှ တစ်ဆင့် အောက်သို့ပြုတ်ကြ ရပြန်ပါတော့တယ်။

    ကျောက်ပတ်တီး ကခြေတစ်ဖက်နဲ့ လက်တစ်ဖက်စီး ထားရသလို ချိုင်းထောက်က တစ်ဖက်နဲ့မို့ အလုပ်ကိုမ လုပ်နိုင်လို့ နားထားရတယ်။ စားဖို့သောက်ဖို့ပင် မရှိ။
နေ့ဆိုရင် လူရှင်းတဲ့နေရာလေးမှာ ထိုင်နေပြီး ညဆိုမှ ဈေးဒေါင့်က လွတ်တဲ့နေရာမှာ ခွေအိပ်ရတယ်။ သြော် ဒိထက်ဆိုးတဲ့ ဘဝဆိုတာ ရှိပါသေးရဲ့လား။
    " လုလင် ဒိည နောက်ကျတယ်နော် "
   " အေးကွာ မနေ့ညက များထားတော့ အိပ်ပျော်သွား လို့ကွ မင်းရော အခြေအနေ "
    လွမ်းလုလင် စီးကရက်ကိုဖွာရင်း သူ့ဘေးနားက သူ့ လိုဘဝတူ သူငယ်ချင်း ဂျွန်ဦးကို ပြန်မေးလိုက်ပါတယ်။
  " ငါမနေ့က ဈေးဦးတောင် မပေါက်ဘူးကွ လေတယ် ဟာဟိုမှာ ဘိုးတော်တစ်ပွေ ရှိုးနေတယ် ဟျောင့် "
   ဘဲကြီးတစ်ပွေ သူတို့နားကို မရောင်မလည်နဲ့ရောက် လာပြီး ပြုံးပြတာမို့ ပြန်ပြုံးပြလိုက်ကြတယ်။
   " ညီလေး ဒိနားမှာ အဖော်လေးဘာလေး ခေါ်လို့ရ တယ်ကြားလို့ ဟုတ်လား တော့မသိဘူး "
   ဂျွန်ဦးက သွက်လွက်စွာ ပြန်ဖြေပါတယ်။
   " ရတယ်လေ ဘယ်သူ့ကိုသဘောကျလို့လဲဗျ "
   " ပြောရမှာအားနာတယ် စိတ်ဆိုးနေမှာစိုးလို့ညီရ "
   " ရပါတယ် ကျနော်တို့က ဒါလုပ်စားတာပဲဟာ "
   သူ့အကြည့်တွေက လုလင်ပေါ်မှာ သိသာနေတာမို့ လုလင်က ဝင်ပြောလိုက်တာပါ။
 " အင်း ညီလေးကို သဘောကျတာပါ ဘလိုပေးရမလဲ"
     ဂျွန်ဦး မျက်နှာလေး ချက်ခြင်းညှိုးသွားတာမို့
   " ကျနော်က ဒိညချိတ်ပြီးသား ဖြစ်နေတယ် အကိုရ သူ့ကိုပဲ ခေါ်သွားပေးပါလား အဆင်ပြေစေရမယ် "
   " ဟုတ်လား အင်းရပါတယ် ညီလေး "

    ဂျွန်ဦး ထိုဘဲကြီးနဲ့ အဆင်ပြေသွားပါတယ်။ လုလင် အတွက်က သိပ်မရှားဘူးလေ။ ဂျွန်ဦးက အမေအိုနဲ့ည်ီမ ကိုလုပ်ကျွေးနေရတာမို့ လုလင်ဦးစားပေးလိုက်တာပါ။
    နောက်နေ့ညကျတော့ ဂျွန်ဦးက သူ့ကိုကျေးဇူးတင် စကားပြော လာပါတယ်။
   " ညက ဘဲကြီးက ပျဉ်တွေ( ပိုက်ဆံကိုပြောတာပါ ) အထပ်လိုက်ပါတာ ကောင်းကောင်းပြုစညပေးလိုက် တာငါ့ကို ၃ ချိန်း( ၃သောင်း ) ရော်သွားတယ် ph no လဲပေးသွားတယ် ကွ ကျေးဇူးတင်လိုက်တာကွာ "
   " ရပါတယ် ဂျွန်ဦးရာ မလိုပါဘူး အေးဆေး "
   " မင်းကို ငါမေးမလို့ မင်းမှာ ချစ်သူရှိလား လုလင် "
   " ဟက် ဟက် ရှိတော့ရှိတယ် အခုမဟုတ်ဘူး အရင် တုန်းက သူက သိပ်ရက်စက်တဲ့ သူတစ်ယောက်ကွ "
   " ဟုတ်လား ဘာဖြစ်လို့လဲ လုလင် "
   " ငါသူနဲ့စတွေ့တုန်းက Homo ဆိုတာ မှန်ပေမယ့် ငါ Sex ကိစ္စတွေ အတွေ့အကြုံ မရှိသေးဘူး သူကပဲ ငါ့ ကို ဖင်ခံတက်အောင် ဖင်လိုးတက်အောင် သင်ပေးခဲ့ တာ ငါ့ဘဝကိုလဲ သူပဲဖျက်စီးခဲ့တာလေ "
   " ဘယ်လိုဖျက်စီးတာလဲ ချစ်သူချင်း လုပ်တာတော့ "
   " မဟုတ်ဘူး ဂျွန်ဦး သူလုပ်တာ ငါကျေနပ်တယ် ငါက သူ့ကိုချစ်တာကိုး ဒါပေမယ့် သူငါ့ကို ရောင်းစားသွားခဲ့ သေးတယ် ငါ့မသိပဲ ခံလိုက်ရတာလေ "
   " ဘယ်လို ဘယ်လို မင်းကို သူက "
   " အေး ငါပြောပြမယ် ဒိလိုကွ - - - - "
        *       *       *
    " လုပ်ပါ ချစ်ရ သူကကို့ရဲ့ သူငယ်ချင်းပါ အရမ်းခင် တာ အခုသူကလိုအပ်နေလို့ ကူညီပေးရအောင်နော် "
   " ဟာ သူများနဲ့ မလုပ်ချင်ပါဘူး ကိုရာ တော်ပါ "

   " လုပ်ပါ ချစ်ရာ တစ်ခါပါပဲ ကိုတို့အခက်အခဲ ဖြစ်နေ တာကိုလဲ သူကကူညီမှာမို့ပါကွာနော် ချစ် "
   တကယ်လဲ သူတို့အတွက် ငွေလိုအပ်နေတာလေ။
  " ကိုကော ပါမှာလား ၃ ယောက်ကြီးလားဗျာ ကျနော့ ရှေ့မှာ ကိုသူတပါးနဲ့ ဆက်ဆံနေတာ ကျနော် မကြည့် ချင်ဘူး မကြည့်ရက်ဘူး ကိုရာ မလုပ်ပါနဲ့နော် "
   " တစ်ခါထဲပါ ကို့ကို မချစ်ဘူးလား ချစ်ရယ် "
   ဒိလိုနဲ့ ရဲသွေးမိတ်ဆွေ ဆိုတဲ့သူနဲ့ Hotel တစ်ခုမှာ တွေ့ဖြစ်ကြတယ်။ တကယ်တမ်းကြတော့ သူတို့ကပဲ ဝိုင်းပြုစု ပေးခဲ့ရတာပါ။ ရဲသွေးက အနောက် ထိုသူက အလည် လုလင်က ရှေ့ဆုံး။ နောက်တခါ လုလင်က နောက်က ထိုသူကရှေ့က ရဲသွေးက မတ်တပ်။ မျိုးစုံ အာသာဖြေကြပြီး ချိန်မှာတော့ ထိုသူပြန်သွာပါတယ်။
    သူပြန်မှ လုလင်လဲ ရေချိုးပြီး ထွက်လာရော ရဲသွေး လက်ထဲမှာ ထောင်တန်အုပ်တွေ ၂ အုပ်
   " ဟင် ဘာတွေလဲ များလှချည်လား ကိုရ "
 " ခုန လူက မင်းနဲ့ငါ့အတွက် ပေးသွားတာလေ ဟဟ "
  " ဗျာ အဲဒါဆို ကျနော်တို့က ဟာဗျာ "
  " ဟုတ်တယ်လေ ဒါဘာဖြစ်လဲ ဖီးလ်လဲရှိတယ် ငွေလဲ ရတယ် ဘာများနစ်နာလို့လဲ ရော့ မင်းလဲယူ "
  ရဲသွေးပေးလာတဲ့  ထောင်တန်အုပ်ကို ယူကာ လုလင် လက်တွေ တဆတ်ဆတ်တုန်လာပါတယ်။ သူ ဘယ်လို လူဖြစ်သွားပြီလဲ ဒီငွေတွေက ဒီငွေတွေက
   " ခများ တအားယုတ်မာတယ် ကို ကျနော်က အခက် အခဲရှိလို့ ကို့မျက်နှာနဲ့ လိုက်လျောခဲ့တာဗျာ အခုလို အခကြေးငွေနဲ့ လုပ်စားတာမဟုတ် ရော့ ခများဟာ ပြန် ယူ ကျနော်သွားတော့မယ် "
   " ရတယ်လေ ငါ့လက်ကလွတ်မယ်ထင်ရင် ဟဟ "

    " ဆိုးလိုက်တာကွာ အဲဒိလူက အခုကော မင်းကိုသူ ဆက်သွယ်သေးလား လုလင် "
   " ဟင့်အင်း ဂျွန်ဦး "
    လုလင်ရဲ့ ချစ်ဦးသူအကြောင်းကို နားထောင်ရင်းက ဂျွန်ဦးလဲ စိတ်မကောင်း ဖြစ်မိတယ်။
   " အေးပါကွာ အေးမိတာ စောတီးနော် ဒီညတော့ငါတို့ ဈေးဦးမပေါက်တော့ဘူး ထင်တယ်နော် "
   " အေးကွာ ညနေက မိုးရွာထားတော့ လူတွေကလဲ မ ထွက်တော့ဘူး ထင်တာပဲ ဟူး ပြန်မယ်ကွာ "
   " ခနလေး လုလင် "
   " ပြောလေ "
   " ဒိည ငါနဲ့လိုက် အိပ်ပါလား လုလင် "
   " ဘာစကားလဲကွ မင်းဟာက "
   " ငါ မင်းနဲ့ တညလောက် အိပ်ချင်လို့ပါ လုလင် "
   " ဟျောင့် ငါက အလုပ်သဘောအရပဲ ဒီကိစ္စကို လုပ် တာကွ အပျော်တမ်း လုပ်စားနေတာ မဟုတ်ဘူး "
   " အဲဒါဆိုလဲ သူများလိုပဲ ငါပေးမယ်ကွာ ညကငါပိုရ ထားတာရှိတယ် ငါမင်းနဲ့ နေချင်လို့ပါ "
   " တော်တော့ ဂျွန်ဦး ငါမင်းကို ခံစားလို့မရဘူး "
   " လုပ်ပါကွာ မင်းကလဲ သူငယ်ချင်းချင်းကို နော် "
   " တော်စမ်းပါကွာ ငါမင်းကို သူငယ်ချင်း မို့လို့ကိုမနေ ချင်တာ တော်တော် ထပ်မပြောနဲ့တော့ "
   ဂျွန်ဦးမျက်နာ ညှိုးသွားပေမယ့် မတက်နိုင်ပါ။ အဲဒိချိန် မှာပဲ ဖုန်းကဝင်လာတယ်။ ဇာနည်ရဲသွေး ရဲ့ဖုန်း
  " ဟဲလို ပြော "
  " ဟ ဟ စိမ်းကားလှ ချည်လား ချစ်ရဲ့ "
  " ခများ ကျနော်နဲ့ လာမပက်သက်ပါနဲ့ ရဲသွေး "
  " မပက်သက်လို့ မရဘူးလေ မင်းကငါ့ချစ်သူပဲဟာ "

   " ကျနော်ဘဝမှာ ချစ်သူဆိုတာ မရှိတော့ဘူး ကျနော် လဲ ကို့ဘဝကိုယ် ရပ်တည်နေတာ ကျနော့ကို ခများ မနှောက်ယှက်ပါနဲ့ "
   " ကိုက ချစ်ကို လွမ်းလို့ပါကွာ ချစ်ကလဲ "
  " ဒါပဲ ဖုန်းချတော့မယ် "
  " ဟေ့ကောင် လွမ်းလုလင် မင်းငါ့လက်က ပြေးလို့မ လွတ်ဘူး အဲဒါမြဲမြဲမှတ်ထား ဟား ဟား ဟား "
   လုလင် ဖုန်းကိုချကာ သက်ပြင်းကိုပါ ချလိုက်မိတယ်။
  " မင်း ချစ်သူဆိုတာလား လုလင် "
  " အေးကွာ စိတ်ညစ်ပါတယ် ငါပြန်တော့မယ် ဂျွန်ဦး "
   လုလင်ပြောလဲ ပြောလှဲ့ပြန်လာခဲ့ မိတယ်။ စိတ်ညစ် တာနဲ့ပဲ ကမ်းနားလမ်းဘက်ကနေ လမ်းလျောက်ပြန်ခဲ့ လိုက်မိတယ်။ အတွေးပေါင်းစုံနဲ့ပေါ့။ ကုန်စိမ်းတန်းဈေး ကိုအဖြတ် ဈေးဒေါင့်တစ်နေရာမှာ ခွေခွေလေး အိပ်နေ တဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။
    ဟင် ဒါ  ဒါ ဇွဲကာရံပဲ။ ချိုင်းထောက်လေးက ဘေးမှာ ထောင်လျက် ခြေထောက်နဲ့လက်မှာလဲ ကျောက်ပတ် တီးတွေနဲ့။ စိတ်ထဲမကောင်း ဖြစ်သွားမိတယ် အနား ကပ်ပြီး ကြည့်လိုက်မိတဲ့ အချိန်မှာပဲ အပစ်ကင်းစင်စွာ အိပ်နေတဲ့ ဇွဲရဲ့ မျက်နှာလေးကို ကြည့်ရင်းရင်တွေခုန် လာမိတယ်။ ချစ်ဖို့ကောင်းလိုက်တာ ခလေးတယောက် လိုပဲ အပစ်ကင်းလိုက်တာ ဇွဲရယ်။
    လုလင် အဆောင်ကို သုတ်ခြေတင် ပြန်ပြေးပြီးတော့ ဇွဲရဲ့ ကျောပိုး အိတ်လေးကို ယူကာ အိတ်ထဲက ဇွဲရဲ့ ပိုက်ဆံအိတ်ကို ထုတ်ကြည့်လိုက်တယ်။ မှတ်ပုံတင်နဲ့ စာရွက်လေး အချို့ပဲ ရှိတော့တာလေ။ လုလင် စုထား တဲ့ပိုက်ဆံထဲက အချို့ကို ယူကာ ထည့်ပေးလိုက်တယ် ပြီးတော့ ဇွဲရှိရာကို ပြန်လာခဲ့လိုက်ပါတော့တယ်။

    အိပ်ပျော်နေတဲ့ ဇွဲရဲ့ဘေးမှာ အိပ်လေးကိုချပြီး ပြန်၍ ထွက်လာခဲ့တယ်။ တိုင်အကွယ်လေး ရောက်မှ ခဲလုံးနဲ့ လှမ်းပေါက်လိုက်တော့ ဇွဲ နိုးလာပြီး သူ့အိတ်ကိုတွေ့ခါ သွားပါတယ်။
    ဇွဲအံ့သြသွားပြီး အိတ်ကိုဖွင့် ကြည့်လိုက်တော့ မှတ်ပုံ တင်နဲ့ ငွေ အချို့ပါလာသေးတယ်။ ဒါ ဒါဆို သူတို့ထဲက တစ်ယောက်ယောက် လာချသွားတာပဲ နေမှာ။ ဇွဲ ထခါ ချိုင်းထောက်ကို စွဲလိုက်ပြီး အဆောက်အဦးရှေ့ကို ထွက်ကြည့်တော့လဲ ဘယ်သူမှ မတွေ့ပေ။ ဒေါသတွေ ထွက်တာ ဆိုတာလဲ ပြောမပြတက် အောင်ပင်။
  " ဟေ့ကောင်တွေ မင်းတို့ သတ္တိရှိရင်လာခဲ့ သူခိုးတွေ မင်းတို့ကို ငါသတ်ပြစ်မယ်ကွ ခွေးကောင်တွေ လူလိမ် တွေ ထွက်ခဲ့စမ်း "
   တိုင်အကွယ်လေးကနေ ကြည့်နေတဲ့ လုလင် စိတ်မ ကောင်းဖြစ်ရုံက လွဲ၍ ဘာမှမတက်နိုင်ပါပေ။
   " အေး ငါမင်းတို့ကို ကျိန်စာ ဆိုလိုက်မယ် မင်းတို့ သူများ ဒုက္ခရောက်အောင် လုပ်တဲ့အတွက် ဘဝဆက် တိုင်းမှာ ချစ်တဲ့သူနဲ့ မပေါင်းရပါစေနဲ့ ဘဝဆက်တိုင်း မှာ ယောက်ျားဖြစ်လဲ အခြောက်ပဲ ဖြစ်ပါစေ "
   လုလင် ရင်ထဲမှာ အောင့်ခါနင့်သွားမိတယ်။ ဇွဲရယ် ဒါ ငါလုပ်ခဲ့တာ မဟုတ်ပါဘူးကွာ။ မင်းရဲ့ ကြိမ်စာတွေက ငါ့အတွက်မဖြစ်ပါစေနဲ့ မင်းဆက်ပြီး မပြောပါနဲ့တော့ ငါဒီဘဝကြီးနဲ့ ဘဝဆက်တိုင်းမနေရဲလို့ပါကွာ။
   လုလင်တိုင်အကွယ် ကနေထွက်လိုက်တော့ ဇွဲတွေ့ သွားကာ ဒေါသတကြီးလှမ်းလာပါတယ် သူ့စီကို
   " အဲဒိ ကိစ္စတွေအတွက် ငါတောင်းပန်ပါတယ် ဇွဲ "
    ဇွဲ ဒေါသတွေနဲ့ လုလင်ကို ထိုးလာတော့ လုလင်က ရှောင်လိုက်ပြီး စောင့်တွန်း ချလိုက်ပါတယ်။

    ဇွဲက စိတ်တွေသာ တိုနေတာ ချိုင်းထောက်နဲ့မို့ဘာ မှမတုန့်ပြန်နိုင်ပဲ ပက်လက်လန်ကာ လဲပါလေရော။
    " မင်းတို့ကို ငါကျိန်လိုက်မယ် - - - "
    ဇွဲစကား မဆုံးခင်မှာပဲ လုလင်က ဇွဲပေါ်ကနေ တက် ခွကာ ဇွှဲရဲ့ နှုတ်ခမ်းတွေကို သူ့ပါးစပ်နဲ့စွဲစုပ်လိုက်ပါ တော့တယ်။ ဇွဲ ရှောင်တိမ်းပေမယ့် မရ အတင်းလိုက်ပြီး မရမက စုပ်နမ်းပြစ်လို့နေပါတယ်။ အတော်ကြာမှ
  " မင်းပါးစပ်က ကျိန်မယ်ပြောရင် ထပ်လုပ်မယ် "
   ပြောပြီး လုလင် ဖယ်ပေးခါ လမ်းဘေးမှာပဲ ဖင်ထိုင်ချ လိုက်ပါတော့တယ်။ ဇွဲ ကုန်းထလာခါ သူ့အိတ်ကိုဆွဲ၍
  " မင်းတို့ကောင်တွေကို ငါကျိန်ပြီးပြီ အေးအဲဒိလိုမှမ ဟုတ်လဲ မင်းတို့ဝဋ်ဆိုတာ လည်မှာပဲကွ "
  " မင်းက အခုဘယ်သွားမှာလဲ ဇွဲကာရံ မင်းငါနဲ့လိုက် နေပါ နေကောင်းမှ သွားချင်တဲ့နေရာ သွားပေါ့ "
  " ငါ နယ်ပြန်တော့မယ် "
  " မင်းအခုလိုပုံစံနဲ့ လူတောတိုးပြီးပြန်မှာလား မင်းရဲ့ အိမ်ကကော မင်းကို ကြည်ဖြူပြီး အထင်ကြီးမလား "
  " မင်းတို့လို လူလိမ်တွေနဲ့ နေမယ့်အစား ငါ့မိဘနဲ့ငါ ပြန်နေတာ စိတ်ချမ်းသာတယ်ကွ "
  " မပြောနဲ့ ငါလုလိမ်မဟုတ်ဘူး ရဲသွေး လုပ်တာတွေ မငြင်းဆန်နိုင်လို့ လက်ခံခဲ့ရတာ ငါလူလိမ်မဟုတ်ဘူး "
  " အဲဒါက မင်းပြောတာပဲလေ မင်းစကားပေါ့ ငါတော့ လမ်းဘေးခွေးသာသာ ဖြစ်သွားခဲ့ရတာ ခုကော ရဲသွေး ဆိုတဲ့ကောင် ဘယ်မှာလဲ သူ့ကိုငါတွေ့ချင်တယ် "
  " ငါသူ့ အကျင့်တွေကို လက်မခံနိုင်လို့ လမ်းခွဲလိုက် ပြီ ခုငါတစ်ယောက်ထဲနေတာ မင်းလိုက်ခဲ့ပါ ဇွဲ "
   တကယ်တမ်း ဖြစ်သင့်တာကို တွေးမိတော့ ဇွဲ လုလင် နဲ့သာ လိုက်ခဲ့လိုက်ရ ပါတော့တယ်။

    လုလင်ရဲ့ အခန်းကိုရောက်တော့ လုလင်က
  " မင်းရေတော့ မချိုးနဲ့ ဇွဲ ငါရေပတ်တိုက်ပေးမယ် မင်း တကိုယ်လုံး ပေရေနေတာပဲ "
  " အဲဒါဆို မင်းဘာလို့ ငါ့ကိုခုန နမ်းတာလဲ "
  " မင်းပြောတဲ့ ကျိန်စာတွေကို ကြောက်လို့ လာခဲ့ "
    ထိုင်ခုံမှာ ထိုင်နေတဲ့ ဇွဲရဲ့ အင်ကျီနဲ့ ဘောင်းဘီတို လေးကို ချွတ်လိုက်တော့ အတွင်းခံလေးသာ ကျန်နေ တာပေါ့။ ဖောင်းတစ်တစ်လေး ဖြစ်နေတာကို ကြည့်ပီး
  " ငါနဲ့ဟိုကောင် ကြိုက်နေတာကို သိတယ်ပေါ့ မင်း "
  " သိတယ် ငါလဲ ယောက်ျားချင်းပဲ ကြိုက်တယ် "
  ရေပတ်ဝတ်လေးနဲ့ တိုက်ပေးနေတဲ့ လုလင်ရဲ့လက် တုံ့ခနဲ ရပ်သွားပြီး ဇွဲရဲ့ မျက်လုံးတွေကို စိုက်ကြည့်မိ တော့ ဇွဲကလဲ ပြန်ကြည့်နေမိတယ်။ အမှန်တိုင်းပြောရ ရင် ရဲသွေးနဲ့ လိုက်လာပြီး လုလင်အိပ်နေတာကို တွေ့ ထဲက ဇွဲ ရင်တွေ ခုန်ခဲ့တာ။ ညဘက်သူတို့နဲ့ အိပ်တော့ လဲ အသံတွေကြောင့် တညလုံးရင်ခုန်ခဲ့တာလေ။
    လုလင် ရေပတ်တိုက်ရင်း ဇွဲရဲ့ ပေါင်တွေ ခြေချောင်း လေးတွေပါ တယုတယ စိတ်ပါလက်ပါ တိုက်ပေးနေခါ ရင်တွေ တအားခုန်နေမိတယ်။ ငါမင်းကို ချစ်နေမိပြီ ဇွဲ။
    ရေပတ်တိုက်ပြီးတော့မှ အိပ်ယာပေါ် အသာလှဲခိုင်း လိုက်တယ်။ အတွင်းခံလေးသာ ပါတဲ့ထို ယောက်ျားကို ရင်ခုန်နေတဲ့ လုလင် ဘယ်လိုစိတ်ကို ထိန်းနိုင်မှာလဲ။
   မျက်လုံးချင်း စကားတွေ အတော်ကြာပြောမိနေရင်း
မျက်နှာ နှစ်ခုနီးကပ်လာခါ တုန်ရီနေတဲ့ နှုပ်ခမ်းတို့က နွေးထွေးစွာ ရောယှက်ကုန်ကြပါပြီ။
   လုလင် ဇွဲပေါ်ကနေတက်ခွ လိုက်ခါ ငုံပြီး ဇွဲမျက်နှာကို စိုက်ကြည့်မိတယ်။ ဇွဲကလဲ မျက်စိမလွှဲပါ။ ရင်ခုန်သံတို့ ဝုန်းဒိုင်းကျဲလို့ နေကြပြီလေ။

    အချစ်ဆိုတာကို ဒုတိယအကြိမ် ခံစားမိတာလား ခုမှ အချစ်စစ်ကို စတင်ခံစားရတာလား လုလင်မသိပါ။ ဒါမဲ့ လုလင် ဇွဲကို အရမ်းချစ်တယ်။ ရဲသွေးက အချစ်ဦး ဖြစ် ပေမယ့် အချစ်ဆိုတာကို အဓိပ္ပါယ် ရှင်းလင်းမပြခဲ့ပါ။ ဇွဲ ကတော့ အချစ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။
    လုလင် အိပ်ယာနိုးတော့ ဇွဲကိုမတွေ့ရတော့ပေ။ ဇွဲ ဘယ်ရောက်သွား တာလဲ ရင်ဘတ်တခုလုံး လစ်ဟာလို့ သွားသလို ခံစားမိပါတယ်။ အိပ်ချက်မူးတူးနဲ့ ရှာမိတော့ ဇွှဲရဲ့အိတ်လေးကိုတွေ့ရမှ သက်ပြင်းချမိပါရဲ့။
    မျက်နှာသစ် ရေချိုးပြီး အဆောင်ဝလေးကနေ မျှော် နေမိတုန်း ဇွဲပြန်လာတာ တွေ့ရပါတယ် လက်ထဲမှာလဲ အထုပ်တွေနဲ့။
  " ဇွဲရာ ဘာလို့သွားဝယ်နေတာလဲ ငါနိုးမှ သွားမှာပေါ့ "
  " နိုးတေပီကိုး ငါကမင်းမနိုးခင် မင်းအတွက် မနက်စာ ပြင်ပေးချင်လို့ သွားဝယ်နေတာကွ "
  ဇွဲကို ကြိုပြီး မနက်စာအတူတူပြင်ကာ စားကြတော့
  " ငါလဲ အလုပ်လုပ်မှ ဖြစ်မယ် ချစ်လွမ်း "
  " ငါ့နာမည်က လွမ်းလုလင်ပါ အ့လိုမခေါ်နဲ့နော် "
  " အင်းငါ သဘောပေါက်ပြီ မင်းကသူ့ကိုစိတ်နာနေလို့ လား သူကမင်းကိုဘာတွေ လုပ်ခဲ့လို့လဲ လုလင် "
  " ထားလိုက်ပါ ငါနောက်မှပြောပြမယ် မင်းက ဘာလုပ် ချင်လို့လဲ ဇွဲ ငါ့အလုပ်တော့ မဖြစ်ဘူးနော် "
  " ငါလဲရ ရာလုပ်ရမှာပဲ မင်းအလုပ်က ဘာဖြစ်လို့လဲ "
   " ငါ့အလုပ်က သူများတွေနဲ့ လိင်ဆက်ဆံပေးရတဲ့ Offer အလုပ်ပဲ ဇွဲ "
  " ဟာ လုလင် မင်း ဘာလို့ လုပ်ရတာလဲကွာ မင်း တခု ခုပြောင်းလုပ်ပါ ငါတို့အတူတူ လုပ်စားရင်တော့ မငတ် လောက်ပါဘူးကွာ နော် "

   " မလွယ်ပါဘူး ဇွဲရယ် ငါတို့လို ပညာမတက်တဲ့သူကို ဘယ်အလုပ်မှာမှ နေရာရမှာ မဟုတ်ဘူး နောက်ပြီးငါ တအားပင်ပန်းတာတွေ မလုပ်နိုင်ဘူး ဇွဲရ "
  " လုလင်ရာ မင်းငါ့ကို မချစ်ဘူးလားဟင် ပြောစမ်းပါ "
  " ချစ်နေရုံနဲ့ ထမင်းစားရမှာလား ဇွဲရယ် မင်းကလဲ "
  " ငါခံစားရမှာ မင်းထည့်မတွက်တော့ဘူးလား "
  " တော်ပီကွာ စား စား ပြီးမှ ဆက်ပြောမယ် "
  ဇွဲကာရံ ရောက်ပြီး ၃ ရက်မြောက်တော့ ကြောက်ပတ် တီးတွေ ဖျည်ရပါတယ်။ လုလင်လဲ အလုပ်ကိစ္စမသွား တာ ဇွဲရောက်ထဲက ဆိုတော့ ဆက်ပြီးထိုင်နေလို့လဲ မ ဖြစ်တော့တာမို့ အလုပ်သွားဖို့ ရေမိုးချိုး အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ပြီး ကြည့်ကောင်းအောင် ပြင်လိုက် တော့ လုလင် ဟာအလွန် ချစ်စဖွယ်လေး ဖြစ်လို့ပေါ့။
   လုလင်ပြင်ဆင် နေထဲက ဘယ်သွားမယ်ဆိုတာကို ဇွဲ သိနေပါပြီ။ ရင်ဘတ်ထဲမှာ အောင့်နေအောင် ခံစားစေရ ပါတယ်။ တခြားသူရဲ့ ရင်ခွင်မှာ ဖြေသိမ့်ပေးဖို့သွားမဲ့ ချစ်ရသူကို ကြည့်ရင်း ရင်တွေ ဗလောင်ဆူနေပါပြီ။
   " ငါသွားတော့မယ် ဇွဲ အိပ်ချင်အိပ်နှင့် ဘယ်ချိန်ပြန် ရောက်မယ် ဆိုတာ သေချာပြောလို့ မရဘူး "
   ဇွဲကို လှည့်မကြည့်ပဲ ပြောနေတဲ့ လုလင်ရဲ့လက်ကို ဇွဲ လှမ်းဆွဲလိုက်ခါ မရဲတရဲ လေသံလေးဖြင့်
  " မ မသွားလို့ မရဘူးလား လုလင်ရယ် "
   လုလင် ဇွဲလက်ကို ရုန်းလိုက်ပြီးတော့မှ
  " အဲလို မလုပ်ပါနဲ့ ဇွဲရာ ငါကပျော်ဖို့ပါးဖို့ သွားတာမှ မဟုတ်တာ အလုပ်သဘောလေ ဒါမှမလုပ်ရင် ငါအခန်း ခတွေ ငါတို့စားဖို့တွေ ဘယ်ကရမှာလဲကွ မင်းပဲ ခံစားရ တယ်မထင်နဲ့ ငါလဲ မင်းကလွဲပြီး သူများရင်ခွင်ထဲ မဝင် ချင်ဘူး သူများရင်ခွင်ထဲ ရောက်နေရင်တောင်  ငါ့စိတ် တွေက မင်းစီမှာပဲ ရှိနေမှာ မင်းမှချစ်တာ မဟုတ်ဘူး ငါ လဲ မင်းကိုအရမ်းချစ်တယ် မင်းဒါတွေသိ လား တော်ပြီ ငါသွားတော့မယ် ဇွဲ "
   မရပ်မနားပေါက်ကွဲ ထွက်လာတဲ့ လုလင်ရဲ့ စကား သံတွေကြောင့် ဇွဲ ခေါင်းငိုက်စိုက်ချကာ ထားလိုက်မိပါ ပြီ။ လုလင်လဲ လှည့်မကြည့်ပဲ အခန်းထဲမှ ထွက်သွားပါ တော့တယ်။ ဇွဲ မျက်ရည်တွေ ကြလို့ပါတော့တယ်။
   ချစ်သူကို မကာကွယ်ပေး နိုင်တဲ့ မိမိကိုယ်ကို အပစ် တင်လို့မဆုံးဘူး။ ချစ်ရတဲ့သူ အတွက်လဲ စိတ်မကောင်း ဖြစ်မိတယ်။ လွမ်းလုလင်ရယ် မင်းကိုငါ ချစ်လိုက်တာ။ မင်း ကိုငါ ဒိလောကထဲက မရရအောင် ဆွဲထုတ်ပေးပါ့ မယ် ချစ်တဲ့ လွမ်းလုလင်ရယ်။
    ည ၁ နာရီခွဲ လောက်မှ လုလင်ပြန်လာ ပါတယ်။ ဇွဲ အိပ်ယာပေါ်မှာ အိပ်ချင်ယောင်ဆောင်ပြီး ဟိုဖက်ကိုလှဲ့ နေလိုက်ပါတယ်။
   တဖက်လှဲ့ အိပ်နေတဲ့ ဇွဲကို လုလင်အနောက်ကနေ ဖက်လိုက်ပါတယ်။
  " ဖယ်ပေး လုလင် လူစိမ်းနံ့တွေ ရတယ် "
   ဇွဲရဲ့စကားကြောင့် လုလင်ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး
  " အင်း ငါရေသွားချိုး လိုက်ဦးမယ်နော် ခနလေး "
   စိတ်အလို မကျလို့လုလင်ကို ပြောလိုက် မိပေမယ့် ပြောမိတဲ့အတွက် ဇွဲလဲ ရင်ထဲမကောင်း ဖြစ်မိပါတယ်။
လုလင် တကိုယ်လုံးကို ဆပ်ပြာတွေနဲ့ ခပ်ကြမ်းကြမ်းပဲ ပွတ်တိုက်မိရင်းက မျက်ရည်တွေကျလို့ လာပြန်ပါရဲ့။
    ဒိအနံ့တွေကို ငါလဲမနှစ်သက်ဘူး ငါလဲမလိုချင်ပါဘူး ငါ ငါ ဒီဘဝကို ပျော်ရွှင်နှစ်သက်နေတာ မဟုတ်ပါဘူး။
မင်း ငါ့ကို နားလည်ပေးပါ ဇွဲကာရံ ရယ် ငါမင်းကိုပဲချစ် တာ။ငါ့ခန္ဓာကိုယ် ကြီးမသန်လဲ ငါ့အချစ်တွေသန့်တယ်။

    နောက်နေ့ မနက်ရောက်တော့ ဂျွန်ဦး ဖုန်းဆက်လာ ပါတယ်။ အဲဒါနဲ့ လုလင် ဂျွန်ဦး အိမ်ကိုရောက်လို့သွား ခဲ့ပါတယ်။
   " ဘယ်လိုဖြစ်တာလဲ ဂျွန်ဦး "
   " ငါ့ကို ခေါ်သွားပြီး နှစ်ယောက်ဝိုင်းလုပ်ပြီးမှ ပိုက်ဆံ မပေးပဲ ထိုးကျိတ် လွှတ်လိုက်တာ "
 " တောက်စ် မိုက်ရိုင်းလိုက်တာကွာ ဆိုးလိုက်တဲ့ ဘဝ "
  " မရှိလို့သာ ဖာခေါင်းလုပ်စားရတာ မလွယ်ဘူးကွာ "
  " မင်း နားလိုက်ဦး ၃ ရက်လောက် ရော့ ဆေးဖိုး "
  " ကျေးဇူးပဲ လုလင်ရယ် "
  ဂျွန်ဦးတို့ အတွက် လုလင်တက်နိုင် သလောက်လေး ကူညီပေးပြီး ပြန်လာခဲ့တယ်။ အဲဒိည မှာပဲ လုလင်ရဲ့ အလုပ်လုပ်တဲ့ နေရာကို ရဲသွေးရောက်လာပါတယ်။
   " ဟယ်လို ချစ် "
   " ဟငိ ခများ ခများ ဘာလာလုပ်တာလဲ ဖယ်ပေး "
  ပုခုံးကို လာဖက်တဲ့ ရဲသွေးရဲ့ လက်တွေကို ပုတ်ထုတ် လိုက်ပြီး လုလင်ပြန်ပြော ခဲ့ပါတယ်။ အကြည့်တွေကလဲ ရွံရှာစွာနဲ့ပေါ့။
  " ဘယ်လိုဖြစ်တာလဲ အချစ်သစ်တွေ့နေတာလား "
  " အဲဒါ ခများကိစ္စ မဟုတ်ဘူး ခများ ကျနော်နဲ့လာပြီး မပက်သက်ပါနဲ့ ရဲသွေး "
   ပြောပြီး လုလင် ထပြန်လာခဲ့ပါတော့တယ်။ ဒိနေ့လဲ အလုပ်ပျက်ရ ပြန်ပါပြီ။ ဇာနည်ရဲသွေးနဲ့ တွေ့တိုင်းသူ့ အတွက်တော့ ကံဆိုးခြင်းတွေသာ ရရှိမြဲပါပဲ။
   ကို့ဘဝကို မနဲရုန်းကန် နေရတဲ့ အထဲမှာ အနိုင်ကျင့် ဗိုလ်ကျ ခံရတဲ့ ဘဝကိုလဲ စိတ်နာမိပါတယ်။ ဇွဲကာရံ ကို ထိခိုက်မှာလဲ စိုးရိမ်မိတာ အမှန်ပါပဲ။ ဟူး စိတ်တွေညစ် လိုက်တာကွာ ဘယ်ဘဝရဲ့ ဝဋ်ကြွေးတွေလဲကွာ။

    ဒိနေ့ လုလင် အလုပ်လုပ်တဲ့ နေရာရောက်တော့ ဂျွန် ဦးရောက်လာတာမို့ စကားပြောနေ ကြစဉ် တံတားပေါ် တက်လာတဲ့သူ တစ်ယောက်ကြောင့် လုလင် အံ့သြစွာ ထရပ်လိုက်မိ ပါတော့တယ်။
   " ဇွဲ "
   ဇွဲ အနားကို ရောက်လာတော့မှ လုလင် ဒေါသဖြစ်ခါ
  " ဒိနေရာကို ဘာလာလုပ်တာလဲ ဇွဲ မင်းနဲ့ဘလိုပက် သက်လို့လဲ ဒိနေရာက ဟင် ပြောစမ်း "
  " စိတ်လျော့ပါ လုလင်ရာ ငါလဲ အလုပ်လုပ်မလို့ပါ "
  " ဘာ မင်းဘာပြောတယ် ဇွဲ သွား မင်းအခုပြန် "
  " မပြန်ဘူး ငါဒိနေ့ အလုပ်လုပ်မယ် "
  " ဇွဲ မင်းကိုငါပြန်လို့ ပြောနေတယ်နော် "
  " ပြီးမှ အတူပြန်မယ်လေကွာ ဘလိုဖြစ်နေတာလဲ "
 အဲဒိချိန်မှာပဲ ရွာထဲလာနေကျ အခြောက်မ တယောက် ရောက်လာပြီး ( ရွာဆိုတာ သူတို့အလုပ်လုပ်တဲ့နေရာ )
  " ဟယ် ဆင်တယ်တော့ တခါမှ မမြင်ဖူးဘူး အသစ်နဲ့ တူတယ် ဘယ်လောက်လဲဟင် ခေါ်လို့ရလား "
   " ရပါတယ် ဈေးကတော့ အဲ လုလင်ပြောလိုက် "
   ဇွဲ ကချက်ခြင်း ပြန်ဖြေလိုက်ခါ လုလင်ကို မေးတော့ လုလင်လဲ စိတ်အချည်ပေါက်ခါ
 " တစ်လျှော့ ၅ ချိန်း ကြိုက်ရင်ခေါ် မကြိုက်ရင်မခေါ်နဲ့"
  " ကြိုက်တယ် ခေါ်မယ် ခေါ်မယ် သွားမယ် လာ "
   အခြောက်မက လက်ကိုချိတ်ပြီး ကုံးတံတားပေါ်မှခေါ် ခါဆင်းသွားတာကို လုလင်ငိုင်ပြီးကြည့်နေမိတယ်။
  " အဲဒါ မင်းချစ်သူလား လုလင် "
  ဘေးနားက ဂျွန်ဦးစကားကို ကြားချိန်မှာ ဇွဲတို့ Taxi ပေါ်တက်သွားတာ မြင်တော့ လုလင် သတိဝင်လာကာ
  " ဇွဲ ဇွဲ မလိုက်နဲ့ ဇွဲ ခနလေး ငါလာပြီ ဇွဲ ရေ ဇွဲ "

    လုလင် အဆောင်ကို အရင်ပြန်ရောက် နှင့်နေပြီးနေ မထိထိုင် မသာ စိတ်ထဲမှာလဲ တနုံ့နုံ့နဲ့ ဒိအချိန် ဇွဲ ဘာ တွေလုပိနေမလဲ တွေးမိတိုင်း ဒေါသတွေ အလိပ်လိုက် ထွက်လာပါတော့တယ်။ တယောက်ထဲ အခန်းထဲမှာလဲ နေစရာမရှိသလို ဝုန်းဒိုင်းကျဲနေမိတယ်။ ဒါပေမယ့် ဇွဲက တညလုံးပြန် မလာခဲ့ပါ။
    မိုးလင်းခါနီးမှ လုလင်အိပ်ပျော်သွားစဉ် ဇွဲပြန်ရောက် လာခဲ့ပါတယ်။ လက်ထဲမှာလဲ အထုပ်တွေနဲ့
   " လုလင် ထ မနက်စာ စားရအောင် "
   " မစားဘူး မင်းဖာသာစား "
  " ဘာဖြစ်နေတာလဲ မင်းက "
 " ဘာဖြစ်နေတာလဲဟုတ်လား မင်းကိုတစ်ညလုံးစောင့် နေတာလေ မင်းကဘာကိစ္စ တညလုံးအိပ်နေရတာလဲ မင်းက အဲဒိကောင်နဲ့ပျော်နေတာလား ဟင် ငါ့မှာတော့ အသံကြားတိုင်း မင်းလားဆိုပြီးစောင့်ရတာ အမောပဲ ဒီ အချိန်ဘာတွေ များလုပ်နေမလဲ ဆိုပြီးတွေးမိတိုင်း ငါ့ ရင်ဘတ်တွေ ပေါက်ထွက်တော့မယ်ကွ မင်းသိလား "
   ဇွဲ လုလင်ကို သေချာစိုက်ကြည့် လိုက်ပြီးမှ ပြုံးကာ
  " ငါညက သူနဲ့မလိုက်ဖြစ်ဘူး အပြင်မှာတညလုံးနေ နေတာ မင်း အခုငါ့ခံစားချက်တွေ သိပြီလား ဟင် "
   လုလင် ဇွဲကို စိုက်ကြည့်နေမိရင်းက မျက်ရည်တွေက တလိမ့်လိမ့် စီးကျလာပါတော့တယ်။ ဇွဲရယ် ဇွဲလဲမျက် ရည်တွေ ကြလာပါတော့တယ်။ လုလင် နဲ့ဇွဲ ထပြီးဖက် ခါငိုလိုက်မိကြတယ်။
   " ဇွဲရယ် ငါတို့စားဝတ်နေရေး အတွက်ငါလုပ်နေရ တာကို နားလည်ပေးပါနော် ငါလဲ ခံစားရပါတယ်ကွာ "
   " ငါ ကုန်ပြန်ထမ်းတော့မယ် မင်းဘာမှမလုပ်နဲ့တော့ နော် လုလင် ငါမခံစား နိုင်တော့လို့ပါကွာနော် "

   နှစ်ယောက်သား အတင်းဖက်ထား လိုက်မိနေတယ်။ နှစ်ယောက်စလုံး ခံစားချက် ကိုယ်စီနဲ့ ရင်ထဲမှာသာ မက အပြင်မှာပါ ငိုကြွေး နေမိကြပြီလေ။
   " ငါ့ကိုအချိန်ခနပဲ ပေးပါနော် ဇွဲ ငါဒိလောကထဲကနေ အမြန်ဆုံးထွက်ပါ့မယ် အလုပ်တခု မရခင်ထိလေးပဲ "
  " လုလင်ရယ် ငါမင်းကို သိပ်ချစ်လို့ပါကွာ ငါ့ကိုမင်း နားလည်ပေးပါနော် လုလင် "
  " နာလည်တယ် နားလည်တယ် ငါလဲမင်းကို ချစ်လို့ဒီ လောကကို စွန့်ခွါတော့မှာ ငါ့ရဲ့ အချစ်သာမက ငါ့ရဲ့ အသွေးအသားတွေပါ မင်းအတွက်ပဲ ဖြစ်စေရမယ် "
   ညရောက်တော့ လုလင်က ထုံးစံအတိုင်း အလုပ်ကို သွားချိန်မှာ ဇွဲစောင့်နေရင်းက အိပ်ပျော်သွားတယ်။ လု လင်ပြန်လာတော့ ဇွဲအိပ်ပျော်နေ ပါပြီ။ လုလင်မနှိုးသေး ပဲ ရေချိုးဖို့ ရေချိုးခန်းကို ထွက်သွာပါတော့တယ်။ ဇွဲက ပြန်လာရင် ရေချိုးမှကြိုက်တာ မို့လို့ပေါ့။
    လုလင် ပြန်ထွက်သွားချိန်မှာ လုလင်နောက်ကနေ နောက်ယောင်ခံ လိုက်လာတဲ့ ဇာနည်ရဲသွေး အခန်းထဲ ကိုဝင်လာလေရဲ့။ မှိန်ပြပြ အလင်းရောင်အောက်မှာ အိပ်ပျော်နေတဲ့ ဇွဲကိုတွေ့တော့ အနောက်ကနေ ဖက် ခါဝင်အိပ်လိုက်ပါတယ်။
   ခနနေတော့ လုလင်အခန်းထဲ ပြန်ဝင်လာချိန်မှာ အိပ် ယာပေါ်မှာ ၂ ယောက်ကြီးတွေ့တာမို့ လန့်သွားကာ မီးကို ဖွင့်လိုက်စဉ်မှာတော့ ဇွဲလဲ လန့်နိုးလာပါလေရော
   " ဟင် ခများ ဇာနည်ရဲသွေး ခများ "
   လုလင်အံ့အားသင့်နေ စဉ်မှာပဲ ဇွဲက ရဲသွေးကို ထိုးချ လိုက်ပါတော့တယ်။ ရဲသွေးက အသာပဲရှောင် လိုက်ပြီး ဇွဲရဲ့ လက်ကို ဖမ်းစုပ်ကိုင်ကာ လိမ်ချိုးလိုက်ပြီး ဖိထိုးနေ တာမို့ လုလင်အနောက်ကနေပန်းအိုး နဲ့ရိုက်ချလိုက်ခါ

  " ဇွဲ လာဒိဖက်ကို "
   လုလင်လှမ်းခေါ်လိုက်သလို ဇွဲကလဲ လုလင်ဖက်ကို ထရပ်ခါကပ်လိုက်ပါတော့တယ်။
  " လူလိမ် ကလိမ်ကကျစ်ကောင် မင်းထွက်သွား "
  ရဲသွေးက နောက်စိကို စမ်းကာ ခေါင်းကို ခါလိုက်ပြီး ကုတင်ပေါ်မှာ မှီထိုင်လိုက်ခါ
  " ဟား ဟားး လွမ်းလုလင် လွမ်းလုလင် ငါကချစ်သူ အသစ်ရနေတာ ဘယ်သူများလဲလို့ ဒိကောင်ကိုး ဟား ဟား ဟား သိပ်ချစ်နေကြတယ်ပေါ့လေ "
   " အဲဒါ ခများနဲ့ မဆိုင်ဘူး ခများအခု ထွက်သွားပါ "
  " ဟေ့ကောင် မင်းကို သူက ချစ်တယ်လို့ပြောတယ် မဟုတ်လား ဟား ဟား သူက ငါ့ကိုလဲ အဲ့လိုပဲ ပြောခဲ့ တာကွ နေ့တိုင်းသူနဲ့ အိပ်တဲ့ သူတွေကိုလဲ ဒိလိုပဲပြော နေတာလေ မင်းက အဟုတ်ကြီး ထင်နေတာကိုး "
   " ခများ လျှောက်မပြောနဲ့ ရဲသွေး ခများ အခုပြန်ပါ မပြန်ရင် ကျနော့ အပစ်မပြောနဲ့နော် "
   လုလင် အနားမှာရှိတဲ့ စားပွဲပေါ်က ကတ်ကြေးကိုယူ ပြီး ရဲသွေးကို ပြောလိုက်ပါတော့တယ်
   " ဟား ဟား မင်းကများ ထိုးမယ်ပေါ့လေ ထိုးလေ "
   " ခများကို မထိုးရဲဘူး မထင်နဲ့နော် ရဲသွေး "
   ရဲသွေး အနားကို အတင်းကပ်လာတာမို့ လုလင် ဘာ မှစဉ်းစားမနေပဲ ရဲသွေးရဲ့ Shoe ဖိနပ်ကို ကတ်ကြေးနဲ့ ထိုးချလိုက်ပါတော့သည်။
   " အားးးးးး မင်း မင်းတကယ် ထိုးတယ်ပေါ့ အ့ အား "
   ဖိနပ်ပေါ်ကို သွေးတွေက စိမ့်ထွက်လာတာမို့ ရဲသွေး ခြေထောက်ကို လက်နဲဖိခါ ယိုင်တိုင်တိုင် ဖြစ်နေပါလေ ရော။ လုလင် လက်ထဲက ကတ်ကြေးကို မချသေးပေ။
 " ခများ နောပ်တခါ ထပ်နှောက်ယှက်ရင် ကျုပ်ကလဲ
အသက်နဲ့လဲပြီး ပြန်ချမယ်ဆိုတာ ခများမမေ့နဲ့ရဲသွေး ခများ ကျနော်တို့ကို ထပ်မနှောက်ယှက်ပါနဲ့တော့ "
  " အ့ ကျစ် ကျစ် မင်းတို့ မင်းတို့ နေနှင့်ဦးပေါ့ကွာ "
   ရဲသွေး ဒယိမ်းဒယိုင်နဲ့ အဆောင်ထဲမှ ထွက်သွားပါ လေတော့သည်။
  " ဘာဖြစ်သွားသေးလဲ ဇွဲ မင်းတော်တော် နာသွားလား ဟင် ပြစမ်းငါ့ကို "
  လုလင် ဇွဲမျက်နှာကို လက်နဲ့စမ်းလိုက် စဉ်မှာပဲ
  " ရတယ် ဖယ် ဘာမှမဖြစ်ဘူး "
   " ဟင် ဘယ် ဘယ်လိုပြော လိုက်တာလဲ ဇွဲရာ "
  " ငါ နယ်ပြန်တော့မယ် လုလင် "
  " ဟာ ဘယ်လိုဖြစ်တာလဲ ဇွဲရာမင်းဟို လူလိမ်ပြောတဲ့ စကားကို ယုံသွားတာလားကွာ ငါသူ့ကို ချစ်ခဲ့မိတာမှန် တယ် ဒါပေမယိ့ အခု ငါချစ်တာ မင်းတစ်ယောက်ထဲပါ"
   " တေိာတော့ လုလင် ငါမကြားပါရစေနဲ့တော့ "
  " ငါတကယ်ပြောတာပါ ဇွဲရာ ငါမင်းကိုပဲ ချစ်တာပါ "
 ဇွဲက ဘာမှမပြောပဲ အဝတ်တွေ သူ့အိတ်ထဲ ထည့်နေ တာမို့ လုလင် ကုတင်ပေါ် ထိုင်ချလိုက်ခါ
  " အေးပါ ဇွဲရယ် မင်းပေးတဲ့ ကျိန်စာက ခုတော့ ငါ့ကိုပဲ ကျရောက်လာ တော့တာပေါ့ ကောင်းပါတယ် "
  " မင်းဒိလောက ထွက်တဲ့နေ့ ငါ့နောက်လိုက်လာပါ "
   ဇွဲ အိတ်ကိုယူကာ အခန်းထဲမှ ထွက်သွားပါလေတော့ တယ်။ ဇွဲဘဝမှာ သိပ်ချစ်မိသူက လူတကာနဲ့ ချစ်နေတဲ့ သူဆိုတာကို ဇွဲ မခံစားနိုင်ပါ။ ဇွဲရဲ့ အချစ်က ဖြူစင်သန့် ရှင်းပါတယ်။
    လုလင်ဘာမှကို ပြန်မပြောနိုင်ခဲ့ပါ တားဆီးဖို့ခွန်အား တွေလဲမဲ့နေခဲ့ပြီလေ။ ငါမင်းဆီကို ဆက်ဆက်လာခဲ့ပါ့ မယ် ဇွဲရယ်။ မင်းစောင့်နေပါ။ ငါ မင်းကိုသိပ်ချစ်တယ်။

    သိမ်ကြီးဈေးကုံးတံတား ပေါ်က Offer လိုက်စားတဲ့ သူတစ်ချို့ရဲ့ သတင်းတွေက သူတို့လောကသားတွေ ရဲ့ပါးစပ်ဖျားမှာ တစတစကြီးလာပါတယ်။ အဖွဲ့လိုက် လိမ်စားတာလေ။ ခေါ်တဲ့သူ နောက်ကို လိုက်သွားပြီး အနောက်ကအဖွဲ့ကို ဖုန်းဆက်ခေါ်တယ်။
     အဖွဲ့ကလိုက်လာပြီး အရှက်ခွဲမယ် ရဲတိုင်မယ်ဆိုပြီး ငွေညှစ်ကြတာတွေလေ။ ဒါတွေက ဇာတ်လမ်းမဟုတ် ဒဏ္ဏာရီမဟုတ် လက်တွေ့ဖြစ်နေတာတွေလေ။ အဲဒိထဲ မှာ တစ်ယောက်ထဲ လှုပ်ရှားနေသူက လွမ်းလုလင်။
    တည်းခိုခန်းကို လိုက်သွား ဟိုရောက်မှပြသနာရှာပြီး ပါသမျှငွေနဲ့ ပစ္စည်းတွေကိုယူတယ်။ ဟုတ်တယ်ဒါတွေ လုလင် လုပ်ခဲ့တယ် ဒိလောကကြီးကို အမြန်စွန့်ပြီး ဇွဲ ရှိ ရာကို လိုက်သွားချင်လှပြီလေ။
   ဒိနေ့လဲ Hotel ကို Taxi နဲ့လာရင်း ဂန္ဓမာ Hole Sale ကိုကျော်လာတော့ Taxi ကထိုးရပ်သွားတယ် ခေါ်လာ တဲ့သူက အပေါ့သွားမလို့ဆိုတာကိုး။ ထိုနေရာက လူ ပြတ်ခါမှောင်နေတော့ လုလင် သတိထားပြီး နေနေရ စဉ်မှာပဲ ဘေးကနေ ကားတစ်စီး ထိုးရပ်လာခါ လူတစ် အုပ် ဆင်းလာပြီး လုလင်ကို ကားထဲမှ ဆွဲထုတ်ခါ
    " ဒီကောင်ပဲ သေချာတယ် ဝိုင်းဆုံးမစမ်းကွာ "
    သူတို့လက်ထဲက ဒုတ်တွေက လုလင်ကိုယ်ပေါ်ကိုစု ပြုံကြရောက်လာပါတော့တယ်။ နောက်တနေ့ မနက်မှာ တော့ ထိုကားလမ်းရဲ့ဘေးမှာ အဝတ်ဗလာနဲ့ လူငယ် တစ်ယောက်ရဲ့ အလောင်းကို လူတွေ တွေ့ကြရပါလေ တော့တယ် ခမျာ။ ဇွဲ ကလဲ လုလင်အလာကို ယနေ့ထိ စောင့်မျှော်လျက် - - - - -

ကျေးဇူးတင်ပါသည်။  ( Lamin Lay )

3 comments:

  1. အဲလိုဇာတ်မသိမ်းပါနဲ့ဗျား
    မျက်ရည်ကျမိမယ်ဗျ

    ReplyDelete
  2. အီးဟီးဟီး
    အဲလိုဇာတ်မသိမ်းပါနဲ့ဗျာ
    ကိုလမင်းရာ
    သြော်ဒီလိုပါပဲ
    သူငယ်ချင်းတို့ရေ
    မကောင်းလုပ်ထားရင်
    ဒီဘဝဒင်းမကအခုကြည့်
    လွမ်းလုလင်လေးသနားစရာ
    ဇာတ်သိမ်းပေးလိုက်ပါ့မယ်
    စောင့်နေတဲ့ ဇွဲကလည်း
    သူ့ချစ်သူမလာလို့
    ပြန်လာကား လမ်းမှာသူ့ချစ်သူအလောင်းကိုမြင်ပြီး
    ဖြစ်ရလေ လုလင်ရယ် ဆိုပြီး ငိုရင်းကြည့်နေသော ဇွဲကို လမ်းပေါ်မ ကားတစ်စင်း က ဘရိတ် ပေါက်ပြီး အရှိန်မထိမ်းနိုင်ကား ဇွဲကိုဝင်တိုက်သွားကား ဇွဲရဲ့အလောင်းနဲ့လုလင်အလောင်းတို့ထပ်လျက် ဘဝနိဂုံချုပ်ရင်း ဒါနဲ့ကိုလမင်း သူတို့နှစ်ယောက်ရဲ့လူဝင်စားအကြောင်းလေးပြန်ဆက်ရေးပါအုံဗျာ
    ဒါနဲ့စိတ်မဆိုးနဲ့နော်
    ဇာတ်လမ်းအရမ်းငိုပွဲသိမ်းနေလို့
    အချိုပွဲနဲ့ နှစ်ယောက်စလုံးဂန့်တော့ပိုကောင်းတာပေါ့ ဒါမှနောက်ဘဝပြန်တွေ့မှာ
    မှတ်ထားကျနော် အဲ့လိုအုပ်စုနဲ့ဆိုရင် လိုက်မသွားကျနဲ့နော် အကိုဆီလား
    ကာကွယ်ပေးမယ် T_T T_T T_T

    ReplyDelete