အတ္တ ပရ
" သောက်ပိုတွေပါကွာ အရေးမပါတာ ကို့ထမင်းကို တောင် အနိုင်နိုင်စားနေ ရတဲ့ဟာကို ဘယ်လိုလုပ် အဲ့ဒါ တွေ လုပ်နိုင်မှာလဲ "
" အဲဒိလို တော့မျက်စိစုံမှိတ်ပြီး ပြောလို့မရဘူးလေ လူတိုင်းရဲ့ ကံကြမ္မာဆိုတာ အမြဲကောင်းမနေဘူးကွ ခု မကောင်းပေမယ့်လဲ ကောင်းတာလေးတွေ တက်နိုင် သလောက်လုပ်ရင် ပြန်ကောင်းလာနိုင်တယ်လေ ဒါက ဒို့ ဗုဒ္ဓဘာသာလူမျိုးတွေ ယုံကြည်ကြတဲ့ ကံ ကံရဲ့ ၏ အကျိုး ပဲ Aက "
Aကသစ် နဲ့ စေနိုင်သူ ဒိလိုမျိုး အမြင်မတူတူတွေခန ခနဖြစ်နေတာ မဆန်းတော့ပါ။ တစ်ဦးနဲ့တစ်ဦး အရမ်း ခင်ကြပေမယ့် သဘောထားချင်း မတိုက်ဆိုင်တာတွေ ခပ်များများရယ်ပါ။
တနယ်စီကနေ ရန်ကုန်ကိုလာကြပြီး အဆောင်မှာနေ ခါ အလုပ်လုပ်နေကြတာလေ။ အလုပ်က မတူတာမို့လဲ တွေ့ချိန်တွေက ညအိပ်ချိန်တွေနဲ့ ခုလို လပြည့်နေ့တွေ တနင်္ဂနွေနေ့တွေသာ အေးဆေး တွေ့ရကြတာ။
ခုလဲ စစ်ကိုင်းတိုင်းဘက်က ရေကြီးနေတဲ့ ကိစ္စကိုကူ ညီပေးဖို့ Aက ကိုပြောကြည့်တာ သူကလက်မခံပေ။
" ငါက မလှုချင်တာ မဟုတ်ဘူးလေကွာ ကို့ဖာသာမှ စားဖို့နဲ့ အိမ်ပို့ဖို့ အနိုင်နိုင်ဖြစ်နေတာ ဘယ်ကဟာနဲ့ငါ ကသွားပြီး လှုရမှာလဲ နောက်ပြီး အ့လို နှမ်းစေ့လောက် လှုပြီး ညောင်ပင်ကြီးလောက် ဂုဏ်ယူနေတဲ့သူတွေကို လဲ ငါကြည့်မရဘူး "
စေနိုင်သူ သက်ပြင်းကိုချမိ ပါတယ်။ ပြီးတော့မှ
" လူတွေဆိုတာ ဒိလိုပါပဲ Aကရယ် လူအမျိုးမျိုးစိတ် အထွေထွေပါ အဓိက ကတော့ ကို့စိတ်လေးထားတက် ဖို့ပါ ဒါဆိုရင် အေးချမ်းပါတယ် "
" မင်းပဲ အေးချမ်းအောင်နေတော့ ဒိနေ့ငါ ချိတ်တစ်ခု နဲ့ချိတ်ထားတယ် လစ်ဦးမယ်ကွာ နဲနဲပါးပါး ရလဲမဆိုးပါ ဘူး ဟိ ဟိ "
" သွားကွာ ငါတော့ ဒိနေ့ ငါတို့အသင်းက အလှုခံဖို့ရှိ လို့ လိုက်သွားပေးလိုက်ဦးမယ် "
" လုပ်လုပ် အဲဒါတွေပဲလုပ် မင်းငတ်ရင် မင်းရဲ့အသင်း က ဆိုင်းဘုတ်ကြီးထောင်ပြီး လာကူညီလိမ့်မယ် "
ပြောပြောဆိုဆိုနဲ့ အခန်းထဲက ထွက်သွားတဲ့ Aကကို စေနိုင်သူ ကြည့်ကာ ခေါင်းခါမိပါတော့တယ်။ ဘာပဲဖြစ် ဖြစ်မိုးအေးအေးနဲ့ အလုပ်နားရက်လေးမှာ ကွေးချင်ပေ မယ့်လဲ ပရဟိတအဖွဲ့မှာ သွားကူလိုက်ဦးမည်။ ဒါကလဲ စေနိုင်သူရဲ့ ဝါသနာမဟုတ်ပါလား ခမျာ။
ညနေဘက်ရောက်တော့ Aက အရင်ပြန်ရောက်နေပီး ဗျစ်တောက်ဗျစ်တောက် ပြောနေတာတွေ့တာမို့
" ဘာတွေ ဖြစ်လာပြန်ပြီလဲ Aကရေ "
" လီးကွာ Face Book ပေါ်ကဟာတွေလေ တွေ့ချင် တာလဲ သူတို့အပြင်မရှိဘူး တွေ့တော့လဲ ကပ်စေးကနဲ လိုက်ကြတာ ရေသန့်ဘူးလေး ဝယ်သောက်ဖို့တောင် နှမြောနေကြတယ် "
" ဟ ဟ ဖြစ်ရမယ် ဘာလဲဒိနေ့ကော Hotel မှာတွေ့ ကြတာလား ပြောပါဦး ဇာတ်လမ်းလေး "
" မဟုတ်ပါဘူးကွာ ငါနဲ့ အတူ ရုပ်ရှင်ကြည့်ချင်တယ် ဆိုလို့ ငါလဲကြည့် ချင်တာနဲ့သွားတာလေ ဟိုလဲရောက် ရော သူလက်မှတ်ဝယ်လို့ ရေသန့်ဘူးကို ငါဝယ်ရမယ် တဲ့ တခါထဲ ဘလိုဟာတွေ မှန်းမသိဘူး "
" ဟား ဟား မင်းကလဲကွာ ဝယ်လိုက်ပေါ့ဟ့ မင်းကို သူက ရုပ်ရှင်ပြထားပြီပဲဟာ "
" အေးပေါ့ကွာ ကွကိုပဲ ဝယ်သောက်ရတာပေါ့ "
စေနိုင်သူ ရေမိုးချိုးပြီးတော့ အဝတ်အစားလဲ ပြီးသတိ ရတာနဲ့ အဝတ်တွေရွေး နေမိတယ်။ ကိုဝတ်နေသေးပေ မဲ့ နဲနဲလတ်တာတွေ အဆင်ပြေမယ့် ဟာလေးတွေပေါ့။
" ဟ့ မင်းဟာကလဲ အဝတ်တခါလဲတာ မပြီးတော့ဘူး လား ငနိုင်ရာ အိပ်ခါနီး အ့လောက် လှချင်မနေနဲ့ "
" မဟုတ်ပါဘူးကွာ ရေဘေးမှာ ငါကငွေသိပ်မလှုနိုင် တော့ အဝတ်အစားလေး နဲနဲခွဲလှုပေးမလို့ "
" ဘာ မင်းက ဟား ဟား ဟား ကို့ဖင်တောင် ကိုလုံဖို့ မနဲဖုံးနေရတဲ့ဟာကို ဟား ဟား ရီချင်တယ် "
" အခု မင်းအခန်းထဲမှာ အိပ်နေတာတောင် ဆောင် ခြုံထားတယ် မဟုတ်လား Aက ရေဘေးသင့်လို့ သူတို့ မှာ အခန်းနဲ့အိပ်ယာနဲ့ မအိပ်ရတဲ့အပြင် ဆောင်တွေလဲ မရှိဘူးဆိုရင် မင်းစဉ်းစားလေကွာ သူတို့ဘယ်လိုခံစား ရမယ်ဆိုတာကို "
Aက တစ်ချက်တွေ ခနဲဖြစ်သွားခါ လှဲနေရာကထပြီး
" အေးဟုတ်သားပဲ နေဦးငါ့မှာလဲ အင်ကျီတွေရှိတယ် မင်းတခါထဲ ယူသွား ငါရွေးလိုက်ဦးမယ် "
အိပ်ယာမှထကာ အဝတ်အစား အိတ်ကိုမွှေနေတဲ့ သူ့ ကိုကြည့်ပြီး စေနိုင်သူ ပြုံးမိပြန်ပါတယ်။ ဒါမျိုးကြတော့ လဲ မဆိုးပါဘူး။ တကယ်ဆို Aကတို့ စေနိုင်သူတို့ဆို တာ နယ်ကလာသူတွေမို့ အဝတ်အစားများပြားစွာမရှိ တာလဲအမှန်ပါ။ ဒါပေမယ့် ရှိတာလေးတွေ ခွဲပေးရတာ ပီတိတော့ ဖြစ်မိတယ်။
တစ်တပ်တအား တက်နိုင်သလောက် ကူညီရတာကို က ဝမ်းသာပီတိ ဖြစ်စရာ မဟုတ်လား။
" ရော့ ငနိုင် ဒါတွေယူသွားကွာ ကောင်းရောကောင်းပ့ မလားကွ အဟောင်းတွေ ဖြစ်နေတယ် အားနာစရာ "
" အဓိက ကစေတနာပါပဲကွာ တက်နိုင်သမျှပေါ့ "
" မနက်ဖြန်ကော Date တွေရှိသေးလား Aက "
" မရှိပါဘူးကွာ လိုင်းပေါ်က လူတွေနဲ့လဲ အပြင်မှာ သိပ်မတွေ့ ချင်တော့ဘူး သူတို့ကတွေ့ရင် ဟိုဟာပဲ လုပ်ချင်နေကြတာကွ "
" ဟား ဟား အမလေး မင်းမတွေ့ချင်လို့ တော်တော့ တယ် လုပ်ချင်လဲ လုပ်လိုက်ပေါ့ကွာ ဒါများ "
Aကသစ် နဲ့ စေနိုင်သူ ကနှစ်ယောက်စလုံး Homo ဆို တာအခြင်းခြင်း သိကြပေမယ့် သူငယ်ချင်းဆိုတဲ့စည်းနဲ့ နေလာတာမို့ တကြိမ်မှတော့ သူတို့ အချင်းချင်း Sex မဖြစ်ဖူးကြပေ။
Aက ကတော့ online ပေါ်မှာ ချစ်သူခင်သူပေါလှတာ မို့ အပြင်မှာလဲ မကြာခနတွေ့လေ့ ရှိပါတယ်။ စေနိုင်သူ ကတော့ အပြင်မှာ တွေ့လေ့မရှိပေ။
" ဟ့ မင်းကလဲ ဒါမျိုးက Feel လာမှကောင်းတာဟ့ "
" အင်း အဲဒိတော့ ဘာဖြစ်တုန်း ရှင်းပါဦး ဆရာရဲ့ "
" Feel မလာတော့ ဟိုဟာက မလာဘူး ဟိုဟာမလာ တော့ ဟိုဟာလုပ်လို့ မရဘူးပေါ့ကွ "
" ဖြစ်ယဦးမယ် Feel မလာလဲ လာအောင် လုပ်ပေးရင် လာမှာပါကွာ မင်းကလဲ ဒါများ "
" ဟုတ်လား လာခဲ့စမ်း ငနိုင် စမ်းကြည့်ရအောင် "
Aက စေနိုင်သူ့ အိပ်ယာဖက်ကို ခုန်ကူးလာကာ နပန်း ဖက်လုံးပါလေ တော့သည်။
" အား ဟား ဟား ဟေ့ကောင် ဖယ် အာ့ဟားဟား "
အတင်း လုံးထွေးသတ်ပုတ် နေရင်းက စေနိုင်သူရဲ့ ဘောင်းဘီလေး ကျွတ်ကျလာ သလို Aကရဲ့ ပုဆိုးလဲ ခြေရင်းမှာ ကွင်းလုံးပုံ လျက်သားဖြစ်နေ ပါတော့တယ်။
နှစ်ယောက်လုံးက လူငယ်တွေမို့ စိတ်မြန်လက်မြန် အရွယ်တွေဆိုတော့ ခေါင်းတွေချက်ခြင်းထောင်လာ၏။
အပေါ်ကနေ တက်ဖိထားတဲ့ Aကကို စေနိုင်သူ တွန်း ဖယ်လိုက်ခါ ဘောင်းဘီတိုကို ပြန်ဆွဲဝတ်လိုက်ပြီး
" ဖယ် ဖယ် တော်တော် ကမြင်းတဲ့ကောင် သွား "
Aက ရှက်ကိုးရှက်ကန်းနဲ့ ပုဆိုး ပြန်ဝတ်လိုက်ခါ
" မင်းက စပြီး စိန်ခေါ်တာလေ ဟား ဟား အခုမှဘာ ကြောက်ပါပြီလဲ မင်းအိပ်ပျော်တာနဲ့ နာပြီသာမှတ် "
" ဟ ဟ ရမယ်ထင်ရင် စမ်းကြည့်နေ Aက "
သူတို့တွေ သူငယ်ချင်းချင်းမို့ စည်းတွေခြားထားကာ တစ်ယောက်ကို တစ်ယောက်လုံးဝ စည်းရုံးသိမ်းသွင်း ခြင်းမလုပ်ပဲ အကန့်လေးတွေ နဲ့နေကြတာလေ။
တခါတလေ စိတ်ထဲမှာ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေဖြစ် ပေါ်တက်ပေမယ့် မြိုသိပ်ပြီးနေ ခဲ့ကြတယ်လေ။ ဒါဟာ နှစ်ယောက်စလုံးက ထိန်းသိမ်းခဲ့တဲ့ အနေအထားလေး ပါပဲ။ အတူနေကြ သူချင်းမို့ မျက်နှာ မပျက်ချင်ဘူးလေ။
နောက်တနေ့ မနက်ရောက်တော့ Aက အိမ်ကဖုန်း ဆက်လာပါတယ်။ သူတို့အိမ်လဲ ရေနစ်နေပြီတဲ့။ Aက က ပဲခူးဖက်ကလာတာလေ။ သိပ်မဝေးတာမို့ပြန်ဖို့ကို ချက်ခြင်း စီစဉ်ပါတော့တယ်။
" အလုပ်က စနေတနင်္ဂနွေ ၂ ရက်တောင် ပိတ်သေး တာပဲ ငါလဲလိုက်ခဲ့မယ် Aက "
" အေးကွာ ငါလဲ တနင်္လာနေ့မနက် ရုံးချိန်အမှီ ပြန်မှာ ပဲဟာ အဲ့တော့မှ တူတူပြန်ကြတာပေါ့ "
သူတို့ပဲခူးကို ရောက်တော့ ပဲခူးကနေ တဆင့် ၃ဘီး လေးစီးကာ Aကတို့ရွာဖက် ဆက်လာခဲ့လိုက်သည်။
မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ရင်နင့်စရာပါပဲ။
" ကဲ ဆက်သွားလို့ မရတော့ဘူး ဒိကပဲ လမ်းလျောက် သွားကြတော့ ကောင်လေးတွေ "
" လမ်းပဲ လျောက်တာပေါ့ Aကရာ လာ လစ်စို့ "
ကျောပိုးအိတ်လေးတွေ လွယ် ဘောင်းဘီတွေကို ပင့် တင်လိုက်ပြီး ရေစပ်စပ်ကို နင်းဖြတ်ခဲ့ကြတယ်။
" အတော် လျှောက်ရဦးမှာ ငနိုင်ရ ရေက ဒူးမြုပ်နေပြီ မင်းအဆင်ပြေရဲ့လား "
" ပြေပါတယ်ကွာ ငါကပျော်တောင် ပျော်သေးတယ် ဒါပေမယ့် ဒီကလူတွေ အတွက်တော့ စိတ်မကောင်းဘူး ဒုက္ခရောက်လိုက် ကြတာ သနားစရာပဲကွာ "
မျက်စိတစ်ဆုံး ရေပြင်တွေက နေရာယူ နေတာလေ။ တချို့အိမ်တွေဆို လူတွေပင်မရှိတော့ ပြောင်းကုန်ကြပြီ
တချို့နေရာမှာ လှေတွေဖြင့်ပင် သွားလာနေကြရပြီ။
" Aက ဟိုလမ်းကြားထဲ လူတွေသွားလှချည်လားကွ "
" အင်းအဲဒါ တို့ရွာက ဘုန်းကြီးကျောင်းလေ လာကွာ အဲဒိမှာ အရင်ဝင်ကြည့်ရအောင် "
ဘုန်းကြီးကျောင်းဝင်းထဲ ရောက်တော့ လူတွေမနဲပေ ဘုန်းကြီးကျောင်း အောက်ထပ်မှာလဲ ရေတွေဝင်နေရဲ့
အပေါ်ထပ်မှာတော့ ခလေးလူကြီးပေါင်းစုံ စုပြုံကာဖြင့် ဆူညံလို့ပင် နေပါတော့သည်။
" ကိုရီးဖိုးအေး အဖေရေ ကိုရီးဖိုးအေး လာပြီ ဒီမှာ "
ချာတိတ်မ တစ်ယောက်ရဲ့ အသံကြောင့် Aက ပြာခနဲ ဖြစ်သွားပြီး မျက်ရည်ပင် စို့တက်လာမိပါတယ်။ ဒါကို သတိထားမိတဲ့ စေနိုင်သူက Aက ပုခုံးကိုပုတ်လိုက်ခါ
" မင်းအားတင်းထားဖို့ လိုတယ် Aက သွားစို့ "
သူတို့ ဘုန်းကြီးကျောင်းပေါ်ရောက်တော့ Aက မိဘ တွေနေတဲ့ နေရာကို တိုးဝှေ့ကာ သွားရပါတော့တယ်။
" သားကြီး ဘာလို့ပြန်လာတာလဲ သားရယ် အလုပ် ကခွင့်တွေဘာတွေကော ရလို့လား သားရယ် "
" ခွင့်တော့ မတင်ခဲ့ရဘူးပေါ့ သားလဲ ကြားတာနဲ့တန်း လာခဲ့လိုက်တာ ဘလိုဖြစ်ကြတာလဲ အမေရယ် "
Aက မေးလိုက်တာနဲ့ တပြိုင်နက် Aကမိခင် မျက်ရေ တို့ကျလာခါ အကြောင်းစုံရှင်းပြ ပါတော့တယ်။
" ဒီရက်ပိုင်းမိုးတွေ တအားရွာလို့ အမေတို့လဲ ရင်တ ထိတ်ထိတ်နဲ့ စောင့်ကြည့်နေတာ ဟိုနေ့ညက ရေကစ ပြီးအိမ်ထဲ ဝင်တယ် တဖြေးဖြေးတက်လာလိုက်တာ ဆို တာစင့်တေပါ မြုပ်ကော အမေတ်ို့ လဲစပါးတွေ အိမ်ပေါ် ကထုတ်တန်းတေပေါ်တင် ပစ္စည်းတွေလဲ အသင့်ပြင် ထားရတာလေ မိုးတောင်မလင်းဘူး သားရေ ရေက အိမ်ပေါ်ထိ တက်လာတာနဲ့ အမေတို့လဲ ဒီပြောင်းနေရ တော့တာပါပဲ "
" အဖေတို့လယ်လဲ ဒီနှစ်တော့ ဆုံးပါပြီငါ့သားရာ "
" ညီမလေးတို့ ကျောင်းလဲ ပိတ်ထားရတာ ကိုရီးရ "
Aကနဲ့အတူ စေနိုင်သူပါ သက်ပြင်းချမိ လိုက်ပါတယ်
" ဘယ်တက်နိုင်မလဲ အဖေရာ မဖြစ်ဖြစ်အောင်လုပ်ရ မှာပဲ ဘာမှစိတ်မညစ်ပါနဲ့ သားလဲရှိတာပဲနော် "
" အေး မင်းအမေက ဖုနါးမဆက်ခိုင်းဘူး ဒါတောင် "
" အော် သားလေး စိတ်ပူနေမှာစိုးလို့ပါတော် "
" ဒါနဲ့ ဦးလေးတို့ ထမင်းကြတော့ ဘယ်လိုချက်စား ကြမလဲဗျ ရေတေဝိုင်းနေတော့ "
" ထမင်းက အလှုရှင်တွေလာပို့ကြတယ် မတက်နိုင် ဘူး မစားချင်လဲစားရတာပဲ တခါတလေ ကြတော့လဲ ရှက်မနေနိုင်တော့ပါဘူး သားရယ် ငတ်တော့လဲ "
စေနိုင်သူ Aကကိုကြည့်ခါ ခေါင်းငြိမ့်ပြမိသည်။
" ရော့ အမေ မုန့်တွေသိမ်းထားဦး ညမလေးကိုကျွေး လိုက်ဦးနော် "
" အေးအေး အနားက ခလေးတွေလဲ မျှကျွေးမှပေါ့ "
အော် မြန်မာတွေ ကိုငတ်နေတာတောင် သူများကို စေတနာ ရှိကြတယ်။ ဒါမြန်မာ့စိတ်ရင်း မဟုတ်လား။
Aက မိဘတွေနဲ့ ခနစကားပြောပြီးတော့ Aကတို့အိမ် ရှိရာဘက်ကို ထွက်ခဲ့ကြတယ်။ ရေက ခါးလည်ခန့်ပင် ရှိနေပါလေပြီ။ Aက တို့အိမ်က ခြေတံရှည်အိမ် ဖြစ်လို့ အပေါ်ထပ်ကို တက်ခဲ့တော့ ကြမ်းခင်းတွေမှာ ရေမရှိ တော့ပေ။ ရွှံ့တွေ နှုန်းတွေ အမှိုက်တွေတော့ ကျန်နေ သေးလေရဲ့။
" ရေကတော့ ချက်ခြင်းကျပါ့မလား Aက ငါတို့ဘာ ဆက်လုပ်ကြမလဲ "
" ရာသီဥတု အခြေအနေ တစ်ချက်စုံစမ်းကြည့်ကြတာ ပေါ့ကွာ အခြေအနေကောင်းရင် မနက်ဖြန်ငါတို့ အိမ်ကို သန့်ရှင်းရေးလာ လုပ်ပေးကြမယ်လေ "
" အေး အဲဒါကောင်းတယ် ခုပြန်ကြမယ်ကွာ ငါလဲဗိုက် စာလှပီဟ့ "
စေနိုင်သူ လွှတ်ခနဲပြောလိုက်စဉ် Aက မျက်နှာလေး ငယ်သွားတာ တွေ့တာမို့
" မင်းကလဲကွာ အချငါးချင်းတွေ အားနာမနေနဲ့ ကြုံ သလိုပေါ့ "
သူတို့ဘုန်းကြီးကျောင်းကို ရောက်တော့လူများစုရုံး ကာတန်းစီနေပြီး ထမင်းထုပ်နှင့်ရေများ မုန့်များဝေနေ တာတွေ့ရတယ်။
" လာ Aက ငါတို့လဲ ဝိုင်းကူပေးလိုက်ရအောင် "
Aက ခေါင်းကိုငြိမ့်ခါ စေနိုင်သူ့ရဲ့နောက်မှ လိုက်လာ ပါတော့တယ်။ ထမင်းထုပ်ဝေတဲ့ အဖွဲ့နဲ့ဝိုင်းကူ လုပ်ခါ
အားလုံးပြီးသွားတော့ သူတို့ပင်စားဖို့ မရလိုက်ပါ။ထိုစဉ်
" အကိုတို့က ဒီမှာနေကြတာလား ရော့ကျနော်စားဖို့ ဝယ်လာတဲ့ မုန့်လေးတွေ ယူထားလိုက် ထမင်းထုပ်က ကုန်သွားလို့ဗျ ကျနော်တို့က ပြန်မှာဆိုတော့ မလိုပါဘူး ယူထားလိုက်နော် အကို "
စေနိုင်သူ ကျေးဇူးတင်စကား ပြောပြီး ထိုကောင်လေး ပေးသော မုန့်များကို ယူထားလိုက်သည်။ ပြီးမှ Aက ကို
" ရော့ Aက ဟာ မင်း မင်း မျက်ရည်တွေ ကြနေတာ "
ခေါင်းငုံထားတဲ့ Aက မျက်ရည်တွေ ကြနေတာမို့ ငနိုင် စိုးရိမ်သွားကာ
" ဘာဖြစ်တာလဲ Aက ရယ် ဒါကခနလေးပါကွာ ပြီးရင် အားလုံး သူ့နေရာနဲ့သူ နေသားကြသွားမှာပါ "
" အဲဒါကြောင့် မဟုတ်ဘူး ငနိုင် ငါအစက မင်းလုပ်တဲ့ ပရဟိတလုပ်ငန်း တွေက ငါလှောင်ခဲ့ဖူးတယ် ငါအခုမှ ရှက်ရကောင်းမှန်း သိလာတယ်ကွာ အီးဟီး "
" ဒါကဖြစ်တက်ပါတယ် သူငယ်ချင်းရာ ငါပြောသားပဲ အဓိက ကတော့ စိတ်ကိုဖြူစင်အောင် ထားတက်ဖို့ပါပဲ ကိုကဖြူဖြူစင်စင်နဲ့ တစ်ုက်မတ်မတ်လုပ်သွားရင်တချိန် မှာ မင်းလိုပဲ လူတွေအမြင်ကြည်လင်လာ ပါလိမ့်မယ် "
" အေးပါကွာ ငါနားလည်ပါပြီ သူငယ်ချင်းရာ "
" သားကြီးနဲ့ ကောင်လေး လာဟေ့ အပေါ်ကို ထမင်း စားရအောင် လာမင်းအမေစောင့်နေတယ် သားကြီး "
" လာပြီအဖေ "
ထမင်းစားတာလဲ သူတို့ပစ္စည်းပုံထားတဲ့ နေရာလေး မှာပါပဲ။ အိပ်တော့လဲ အဲဒိနားလေးမှာပဲ စုပုံခွေခေါက်ခါ အိပ်ကြရတာလေ။ စားတော့လဲ သူများတွေ လှုသွားတဲ့ ထမင်းဟင်းကိုပဲ မေတ္တာပို့ ဆုတောင်းပေးကာ စားကြရ တယ်။ အော် ဘဝတွေလဲ မလွယ်ပါလားနော်။
သဘာဝဘေး အန္တရယ်ဆိုတာ လူတိုင်းမရှောင်နိုင်ပါ ဘူး။ ဖြစ်လာမှတော့ ဒိလိုပဲရုန်းကန်ရ တော့တာပေါ့။ ဖျားနာတဲ့ သက်ကြီးရွယ်အိုတွေလဲ ပြုစုပေးကြရတယ်။
ဒီအချိန်မှာတော့ သေလို့လဲ အဆင်မပြေလှဘူးလေ။ ဒါ မျိုးအခြေအနေနဲ့ သေရမှာ ကြောက်ကြတာပေါ့။
ညနေနေဝင်တာနဲ့ အိပ်ဖို့နေရာ ရှာရတော့တာပါပဲ။ ဘုန်းကြီးကျောင်းမှာ ကလဲ ညတ်ပိတ်သိတ်နေတာလေ
" မထူးပါဘူး အမေရယ် သားတို့ အိမ်မှာပဲ ပြန်အိပ် လိုက်တော့မယ် အိမ်ပေါ်မှာလဲ ရေမှမရှိတော့ပဲဟာ "
အဲဒိလိုနဲ့ပဲ ရေတောထဲ တခါဖြတ်ခါ Aက တို့အိမ်ကို သွားဟိုရောက်တော့မှ အိမ်ကိုသန့်ရှင်းရေးလုပ်တယ်။ ပြီးမှအဝတ်အစားလဲခါ မှောင်ထဲမဲထဲ နှစ်ယောက်သား ငြိမ်ငြိမ်လေး ကုတ်နေကြတယ်။ မိုးကလဲ တဖျောက်၂ နဲ့ ရွာနေတုန်းပါပဲ။
ခြင်ထောင်လေးထဲမှာ ချမ်းကလဲ ချမ်းလှပါတယ်။ Aက စေနိုင်သူ့ကို ဖက်လိုက်တော့ စေနိုင်သူက ငြိမ်နေ ရာမှ Aကကိုပြန်ဖက် လာပါတယ်။ အသံတွေ တိတ်နေ ရာမှ ရင်ခုန်သံတွေ ကြောင့်နွေးထွေး လာသလို ခံစားမိ ပါတော့တယ်။ မျက်နှာချင်းဆိုင် ခပ်ခွါခွါ အနေအထားမှ တဖြေးဖြေး ခန္ဓာကိုယ် ၂ ခုပူးကပ်လာကာ တစ်ဦးရဲ့ ထွက်သက်အငွေ့တွေက တစ်ယောက်ရဲ့ နှုပ်ခမ်းကိုထိ လို့လာပါတော့တယ်။
နှုပ်ခမ်းနှစ်ခု ထိတော့နွေးထွေးမှု ရင်ဘတ်ထဲထိ စီးဝင် လို့လာခဲ့ပါတယ်။လက်တွေက ကျောပြင်မှာ တရွေ့ရွေ့ နဲ့ လှုပ်ရှုားခြင်းက နွေးထွေးစေသလား နှစ်သိမ့်စေလား ဒါတွေတော့ မစဉ်းစားမိခဲ့ပါ။
Aက စေနိုင်သူကို အပေါ်ကနေ တက်ခွကာ နမ်းရှိုက် ပွတ်သပ်နေသလို စေနိုင်သူကလဲ Aကရဲကျောပြင်တွေ ကိုပွတ်သပ်လို့နေပီတယ်။ ရင်ခုန်သံတွေနဲ့ ဆူညံကာ နွေးထွေးရာမှ ဆူပွက်လာချိန်မှာတော့
" ဝေါ - - - ဒိန်း ဂျလိမ်း "
မိုးသံတွေနဲ့ အတူ လျှပ်စီးရဲ့ အလင်းရောင်အောက် မှာသူတို့အင်ကျီတွေကို ချွတ်ထားပြီးနေကြပါပြီ။
မိုးသံနဲ့အတူ လေတွေပါတိုက် လာတာမို့ Aကတို့ရဲ့ ခြင်ထောင်လေး လေအတိုးမှာ လူးလွန့်နေပါရဲ့။ ထို့တူ ခြင်ထောက်ထဲမှ Aကနဲ့ စေနိုင်သူတို့ရဲ့ ချစ်တင်းနှော နေခြင်းကလဲ လူးလွန့်သက်ဝင်လို့ နေပါတော့တယ်။
" ငနိုင် လုပ်မယ်ကွာ ကြာတယ် ငါမရတော့ဘူး "
" ခနလေး Aက "
စေနိုင်သူအပေါ်က တက်ခွခါ ထိုင်နေတဲ့ Aကကို ဘေးကိုစွဲလှဲချ လိုက်ပြီး Aကရဲ့ အားကစား ဘောင်းဘီ တိုလေးကို ဆွဲချွတ်လိုက် ပါတယ်။
" ဒိန်းး ဒရိန်း ဂျိမ်း "
စေနိုင်သူ Aကရဲ့ ပေါင်ကြားကို ခေါင်းလေးငုံ့ဆင်းခါ အာခံတွင်း အနွေးဓါတ်နဲ့ အသားစိုင်အပူချောင်းတို့ကို ပူးပေါင်းလိုက်ချိန်မှာတော့
" အား စ် ငနိုင် " " ဝေါးးးးးး "
မိုးတွေကရွာ ချလာပါပြီ။ မိုးတွေသည်းထန်စွာ ရွာနေ သလို သူတို့ ဆန္ဒတွေလဲ ပြင်းထန်လို့နေ ကြပါပြီ။ Aက စေနိုင်သူ့ကို လက်နဲ့ဆွဲခါ အပေါ်က်ုဆွဲ လိုက်ပြီး စိုက် ကြည့်လိုက်ပါတယ်။ လျှပ်စီးကြောင်း တခုအလက်မှာ သူတို့ အကြည့်တွေ စူးရှလို့ နေလေရဲ့။
ချိုမိန်တဲ့ အနမ်းတွေကို အပေးအယူ မတင်းတိမ်စွာ စူးစူးနစ်နစ် အလုအယက် စားသုံးပြီးသကာလ Aက စေနိုင်သူ့ကို အိပ်ယာပေါ် မှောက်ချ လိုက်ပါတော့ရဲ့။
ပြီးတော့ ဘောင်းဘီတိုလေးကို ဆွဲချွတ်လိုက်တယ်။
လျှပ်စီးအလင်းအောက်က ဖွေးနေတဲ့ တင်သားတင်း ကျစ်ကျစ်လေးတွေကို ရွှတ်ခနဲ ငုံနမ်းလိုက်ပြီး လက်ကို အောက်ဖက်ကို လျှိုခါ မျက်နာနဲ့ နီးကပ်အောင် မလိုက် ပါတော့တယ်။ မိုးနံ့သင်းသင်းနဲ့ အတူ Aကရဲ့နှာခေါင်း ထဲမှာ ရမက်နံ့လေးတွေ သင်းခနဲ ပျံတက်လာ၏။
" Aက အာဟား အင်း "
Aကခေါင်းက တင်ပါးအထက်မှာ အချိန်အတော်ကြာ လှုပ်ရှုားနေပြီးမှ စေနိုင်သူရဲ့ တင်ပါးကို အောက်ပြန်ချ ပေးလိုက်တယ်။ ပြီးတော့မှ အနောက်ကနေ အသာပဲ ဖိ မှောက် ချလိုက်တယ် ဆိုရင်ပဲ
" အား နာတယ် အ့စ် "
Aက စေနိုင်သူရဲ့ လည်ပင်းဂုတ်သားတွေကို ခပ်ကြမ်း ကြမ်းစုပ်ယူ နမ်းရှိုက်ခါ လိုရာကို ဆက်သွားပါတော့ရဲ့။
လေအတိုက်နဲ့ လျှပ်အလက်မှာ လွင့်နေတဲ့ ခြင်ထောင် လေးထဲမှ အဝတ်မပါတဲ့ ကျစ်လစ်သော ခန္ဓာကိုယ် ၂ ခု ရဲ့ လှုပ်ရှုားနေမှုက ချစ်ခြင်းရဲ့ သရုပ်ကိုဖော်နေသလား ရမက်ဆန်စွာ Sexy ပုံပေါက်နေသလား မသိပေမယ့် သူတို့ နှစ်ဦး ကြည်နူးကျေနပ်စွာ အပေးအယူ မျှနေတာ ကိုတော့ မည်သူမျှ မငြင်းသာပါပေ။
အခင်းပိုက်ဖျာလေး စိုလာတာမို့ စေနိုင်သူ လက်က ခြင်ထောင်ပြင်ထုတ်ခါ စမ်းလိုက်တော့ ရေတက်လာပြီ။
" အ့ Aက အင့်ရေ ရေ တက်လာပြီ "
Aကတို့အိမ်က ခြေတံရှည်အိမ် အနားက အိမ်တွေလဲ ရေနစ်လို့ ဘယ်သူမှ မရှိတော့ပေ။ အခု Aကတို့ အိမ်ပါ ရေက တက်လာပြီမို့ Aက လုပ်နေတာကို ရပ်လိုက်ခါ
စေနိုင်သူကို ဖက်ပြီး ခြင်ထောင်အပြင်ကို လှိမ့်ထွက် လိုက်ပါတော့တယ်။ ကြမ်းပြင်အပေါ်ယံမှာ ရေတွေက ရှိနေပေမယ့် ထိုရေထဲမှာပဲ သူတို့ ဆက်ဆွဲပါတော့လေ ရော။ ပျော်နေတာတော့ နှစ်ယောက်စလုံးပင်
" အ့ အာဟား ဟား အား အင့် အား "
" ဂျိမ်းး ဒလိမ်း ဒိန်း "
" ငါမင်းကို အရမ်းချစ်နေမိပီ ငနိုင်ရာ ချစ်တယ်ကွာ " " မချစ်ပါဘူး သနားလို့ ထိုးကြွေးတာ အား ဟားဟား "
" အင့် အင့် မချစ်တဲ့ကောင် အင့် ချစ်ပီလားပြော "
" အား ကို့အသားမဟုတ်တိုင်း စွတ်လုပ်မနေနဲ့ အား နာတယ် ချစ်ဘူး ချစ်ဘူး ကြိုက်သလိုလုပ် အ့ဟား "
တစ်ဆက်ထဲမှာပဲ Aကရဲ့ လှုပ်ရှုားမှုတွေ သွက်လက် လာပြီး စေနိုငိသူလဲ အလိုက်တသိ ငြိမ်သက်ခါ မှိန်းပြီး Aကရဲ့ ပန်းတိုင်ကို အာရုံခံနေမိပါတယ်။ တစုံတခုကို စေနိုင်သူ သိလိုက်ချိန်မှာပဲ Aက သူ့ကျောပေါ်မှောက် ချလိုက်ပါတော့တယ်။
ခနလေးငြိမ်သက်နေ ပြီးမှ Aက စေနိုင်သူ့ နှုပ်ခမ်းကို နမ်းစုပ်လိုက်ပြီး လက်တဖက်က စေနိုင်သူရဲ့ခရီးဆုံးကို ရောက်စေရန် သွက်လက်စွာ လှုပ်ရှုားလျက်။ စေနိုင်သူ Aကကို တင်းနေအောင်ဖက်ရင်း ခန္ဓာကိုယ်လေး ဆတ် ခနဲ ဆတ်ခနဲ တုန်တက်သွား ပါတော့တယ်။
ခန္ဓာကိုယ်အနှံ့မှာ ရေစက်လေးတွေ တင်နေကာ ရွှဲစို နေတဲ့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ပြီးပွတ်သပ်နေမိတယ်။ လက်တို့ အရွေ့မှာ ခန္ဓာကိုယ်ပေါ်က ရေလေးတွေ သပ်ချသလို ဖြစ်ခါ နှစ်ဦးလုံး ရွှဲစိုနေပါပြီ။
" ချစ်လားဟင် စေနိုင်သူ "
" မင်းကိုမချစ်ပဲနဲ့ ငါ့ရဲ့လှို့ဝှက်တံခါးကို သွေးထွက် အောင်အနာခံပြီး အချိုးအဖျက်ခံပါ့မလားကွာ "
" ဟင့်အင်း အဲဒါတွေငါသိတယ် ဒါပေမယ့် ငါကြားချင် တာကိုပဲ ပြောပေးလေကွာနော် ချစ်သူ "
" ချစ်တယ်Aက ငါမင်းကို အရမ်းချစ်ပါတယ်ကွာ "
" ငါတို့ ထာဝရ ချစ်သွားမယ်နော် ချစ်သူ ဘယ်တော့မှ သစ္စာ မဖောက်ကြေး အသစ်မရှာကြေး နော် ချစ်သူ "
" အေးပါကွာ မင်းကလဲ ချက်ခြင်း ချစ်သူချစ်သူနဲ့ "
" ချစ်တာကိုးကွ ငါ့ကိုကော ဘယ်လိုခေါ် မှာလဲ "
" Aက လို့ပဲ ခေါ်မှာပေါ့ အရူးရဲ့ အား ဟီးဟီး "
" မောင် လို့ခေါ်ကွာ "
" ဗြဲ - - - မောင် တဲ့ ဟား ဟား ဟား "
" ထ ထ ရေတွေ ပြန်တက်လာပြီ အိပ်ယာလိပ်တွေ သိမ်းပြီး ဘုန်းကြီးကျောင်း ကိုသွားရအောင် "
ရေတွေရင်ခေါင်းလောက် ရှိတဲ့ကြားက တဖြေးဖြေးနဲ့ သွားနေရ ပေမယ့် သူတို့လက်တွေ မြဲခိုင်စွာ တွဲထားခဲ့ ကြတယ်။ ကြည်နူးပီတိတွေ နဲ့နွေးထွေး နေပေမယ့်လဲ ရေထဲမှာ ကြွက်စုပ်လေး တွေလို ချမ်းအေးလျက်ပါပဲ။
" ချစ်သူ သေချာကြည့်နော် ပိုးကောင်တွေဘာတွေ သတိထားနော် တွေ့တဲ့ဟာတွေ လိုက်မကိုင်နဲ့ "
" အင်းပါ Aကရာ ဒိလောက်တော့ သိပါတယ် "
" ဟာ ဟျောင့် ဟိုမှာ ဟိုအိမ်က ပစ္စည်းတွေရွှေ့နေတာ ထင်တယ် လာသွား ဝိုင်းရွှေ့ပေးရအောင် လာ "
" အေးအေး ရှေ့ကနေ ဖြေးဖြေးသွားနော် "
အိမ်တစ်အိမ်က ပစ္စည်းတွေကို သူတို့ အိမ်ထုတ်တန်း ပေါ်ဝိုင်းတင်ကာ သိမ်းပေးပြီး ဘုန်းကြီးကျောင်းကိုသွား ဖို့ ပြင်ဆင်ပေးပြီးတော့မှ
" ဟာ Aက ဒီအဖွားက ဘယ်လိုလုပ် လမ်းလျှောက်နိုင် မှာလဲ ရေထဲမှာ ဒုက္ခပါပဲ နေဦး ငါရှာဦးမယ် "
စေနိုင်သူ အိမ်ထဲမှာ လိုက်ရှာပြီး ကုတင်တစ်ခုကိုတွေ့ တော့ကုတင်မှာ ခင်းထားတဲ့ ပျဉ်ချပ်အတွဲ လိုက်ဖြုတ်ခါ
" အဖွားကို ဒိပေါ်တင်ငါတို့ တွန်းသွားမယ် "
" ကောင်းတယ် အောက်က တခုခုခင်းလိုက်ဦး "
ကျန်တဲ့သူတွေ ကရေထဲမှာ အထုပ်တွေ ခေါင်းပေါ်မှာ ရွပ်ခါ သွားကြရတယ်လေ။ သူတို့လဲ တွေ့တဲ့အထုပ်ကို ဝိုင်းသယ်သလို အဖွားကို ပျဉ်ချပ်ပေါ်တင်ပြီး တွန်းကာ ဘုန်းကြီးကျောင်းသို့ သွားကြရပါတော့တယ်။
ဘုန်းကြီးကျောင်းရောက်တော့ လူတွေကပိုပြီးများ လာကာ ဘယ်သူမှလဲ အိပ်လို့မရကြပေ။ ခလေးတွေက တော့ အိပ်ပျော်ကြတာပေါ့။ မိုးကရွာ လေကတိုက်အေး ချမ်းလှပေမယ့် ကို့အိမ်ကို့ယာ မဟုတ်တာမို့ ဖြစ်သလို နေနေကြရတဲ့သူတွေ။
ခလေးသူငယ်နဲ့ သက်ကြီးရွယ်အိုပါ မကျန် ဒုက္ခတွေ ရောက်လိုက်တဲ့ ဖြစ်ခြင်း။ ဒီကြားထဲ အအေးမိကာ ဖျား တဲ့သူတွေနဲ့။ ရင်ဝယ်ပိုက်အရွယ် ခလေးငိုသံတွေဖြင့် ဆူညံပွက်နေတာ လောကငရဲ တစ်ခုပမာ။
အဖိုးအဖွားတွေလဲ တတွတ်တွတ် ဆုတောင်းမေတ္တာ ပို့သပေးနေရုံမှ လွဲ၍ ဘာတက်နိုင်မည်နည်း။ ဒါဟာလဲ မလွဲမသွေ ရင်ဆိုင်ရမယ့် လောကသဘာဝ ဘေးဒဏ် တခုမို့ ခါးစီးအံတုခါ ရင်ဆိုင်နေရတဲ့ဘဝတွေ။
အနေအစားပျက်ရုံ မက အိမ်ယာတွေပျက်စီး လယ် တွေပျက်စီး ဆုံးရှုံးမှုတွေက မနဲလှပေ။ ဆင်ပိန်တော့ ကျွဲလောက်ကျန်ပြီး ဆိတ်ပိတ်တော့ ကြွက်လောက်ပဲ ကျန်ဆိုသလို ဖြစ်နေရပြီလေ။
နဂိုထဲကမှ ချမ်းသာကြွယ်ဝသူတွေ မဟုတ်တာမို့ရှေ့ ဆက်ရမယ့် ခရီးနဲ့ လက်ရှိအခက်အခဲကို ရင်ဆိုင်ဖို့ရာ တွေးမိတိုင်း သက်ပြင်းအခါခါသာ ချနေကြရတာလေ။
အဲဒိသက်ပြင်းသံတွေသာ စုပေါင်းပြီး တပြိုင်ထဲ ကြားရ မည်ဆိုလျင် ဤကမ္ဘာကြီးပင် သိမ့်သိမ့်တုန်သွားမည် ထင်ရပါတယ်။
မြန်မာတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးက လူတို့ စားစရာ အဟာရအတွက် ရွှံ့တောနွံတော ထဲမှာ မော ပန်းစွာ ဆန်စပါးတွေ စိုက်ပျိုးပေးခဲ့တဲ့ သူတို့ဘဝတွေ ခု တော့ သူတို့ကိုယ်တိုင်ပင် စားစရာမဲ့ရလေပြီပဲ။ ဒီလိုနဲ့ မိုးလင်းချိန် အလင်းရောင်လေး မှိန်ပြပြ မြင်ရခဲ့ပြီလေ။
မိုးလင်းတော့ ၂ ယောက်လုံး နုံးချိကာ ချမ်းလှတာမို့ တစ်ယောက်ကို တစ်ယောက် ဖက်ထားပြီး ဘုန်းကြီး ကျောင်းရဲ့ အရှေ့လူလွတ်တဲ့ နေရာလေးမှာ ကုတ်ခါ ထိုင်နေကြရတယ်။ အဲဒိချိန်မှာပဲ Aက ရဲ့အဖေရောက် လာပြီး ပြောလိုက်တဲ့ စကားကြောင့် နှစ်ယောက်လုံး သွေးပျက်ထိပ်လန့် သွားမိတယ်။
" သားကြီး မင်းညမလေး ဝမ်းတွေ တအားလျောနေ တယ် လာကူပေးပါဦးကွာ "
" ဗျာ ဟုတ်အဖေ "
သူတို့နေတဲ့ နေရာလေး ရောက်တော့ အနံ့အသက် ကသိပ်မကောင်းလှ Aက ညမလေးက ဖြူဖတ်ပြီးအား ပြတ်သလိုဖြစ် နေလေပြီ။
" ဒုက္ခပါပဲ သားရယ် အမေသေသာ သေလိုက်ချင်ပါ တယ် အီးဟီး ဒီဒုက္ခတွေ အမြန်လွတ်ပါစေတော့ "
Aက ကျလာတဲ့ မျက်ရည်ကို ထိန်းခါ အမေ့လက်ကို ကိုင်လိုက်ပြီး
" ခနလေးပါ အမေရယ် ခနနေ ကူညီရေးအဖွဲ့တွေ လာကြမှာပါ အဲဒိတော့မှ တခုခုလုပ်ကြတာပေါ့နော် သူတို့မှာ ဆေးဝါးလေးတွေ တစ်ခုခုတော့ပါလာကောင်း ပါရဲ့အမေရယ် ဘာမှ မပူပါနဲ့နော် "
" သားရယ် သားညမလေး တစ်ယောက်ထဲ မဟုတ် ဘူး ၅ ယောက် ၆ ယောက်လောက် ဖြစ်နေတာ "
" ဟာ "
စေနိုင်သူ မျက်ရည်ကို မထိန်းနိုင်တာမို့ လှဲ့ထွက်ခဲ့မိ တယ်။ တော်ပါတော့ တော်ပါတော့ မိုးရယ်။ ရေတွေလဲ ရပ်ကြပါတော့။
" Aက လာကွာ ဆရာတော်ကို သွားလျှောက်မယ် "
" အင်း "
ဆရာတော် နားကိုရောက်တော့ မနေ့က သေဆုံးသူ နှစ်ဦး အတွက်အလုပ် ရှုတ်နေတာတွေ့တော့ ပြောရ မယ့်စကားလဲ ပြောမထွက်တော့ပေ။
Aက ရေတောထဲ ဆင်းကာ ကျောင်းနောက်ဖက်ကို ပြေးသွားတာမို့ စေနိုင်သူ အနောက်ကနေ အတင်းကို ပေးလိုက်မိတယ်။ ကျောင်းနောက်က ပိတောက်ပင်ကြီး ပေါ်ကို Aက တက်တော့ စေနိုင်သူလဲ လိုက်တက်ရရဲ့။
သစ်ပင်ခွ စုံလေးပေါ်ရောက်တော့ Aက အားရပါးရ ငို ပါလေတော့တယ်။ စေနိုင်သူလဲ အနောက်ကနေဖက်ခါ ရောငိုနေမိတယ်။
" ဆိုးလိုက်တာကွာ ဆိုးလိုက်တာ ရေကြီးလို့ နေစရာ စားစရာမရှိ ရတဲ့အထဲ ဝမ်းပျက်ဝမ်းလျောက ဖြစ်ပြန်ပီ ငါတို့ ဒိတိုင်းသေကြတော့မှာလား "
" မဟုတ်ပါဘူး သူငယ်ချင်းရယ် ဒိနေ့မှ ၂ ရက်ပဲရှိ သေးတာပဲဟာ ခနနေရင် ကူညီရေး အဖွဲ့တွေ လာဦး မှာပါ ဘာမှ မပူနဲ့နော် တိတ်ပါကွာ ငါ့ကိုချစ်ရင် မငိုပါနဲ့ နော် Aက ရယ်မင်းငိုရင် ငါရင်တွေပိုနာလို့ပါကွာ "
မငိုနဲ့ဆိုမှ နှစ်ဦးသား ဖက်ခါငိုမိကြပြန်တယ်။ ထိုစဉ် ဘုန်းကြီးကျောင်း ပေါ်မှဆူဆူညံင်္ည အသံတွေကြားရ တော့ စိတ်ပူပြီး ကျောင်းပေါ် ပြန်ပြေးတက်ခဲ့ရ ပြန်ရဲ့။
ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အခြေအနေပါ။ ကြည့် ပါဦး အလှုရှင်တွေ နဲ့ ကူညီရေးအဖွဲ့တွေ ရောက်လာ ကြတယ် နေမကောင်းတဲ့သူတွေကို ဆေးတွေပေးပြီး ပြုစုကြတယ်။
အစားအသောက်တွေလဲ ဝေမျှပေးကြတယ်။ ဒါကို လက်ခံတဲ့သူတွေ ကလဲမေတ္တာတွေပို့ ပေးကြတယ်။ Aက အမေဆို လက်ထဲက အထုပ်လေးကိုကိုင်ပြီး
လက်တွေ တဆတ်ဆတ်တုန် နေတာလေ။
" စေတနာ့ အလှုရှင်တွေ ဘေးရန်ခပ်သိမ်းငြိမ်းပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။ စီးပွားဥစ္စာတွေလဲ တနေ့တခြား ဒီရေ အလားတိုးပွားပါစေ။ "
ပါးစပ်က ဆုတောင်းရင်း မျက်ရည်တွေလဲ ကျနေတာ အင်းပေါ့ တစ်သက်လုံး ဒိလိုဘဝရောက် လိမ့်မယ်လို့ တွေးမှ တွေးမထားတာ။ ကို့ဘဝကိုဝမ်းနည်းရသလို စေတနာရှင်တွေရဲ့ ဒါနကြောင့်ဝမ်းသာ ရတယ်လေ။
အခုဆို အဖွဲ့အစည်းတွေ သာမက စစ်သားတွေ ရဲ တွေပါမကျန် ကူညီဖို့ရောက်လာ ကြပါပြီ။ ပြေးလွှား ရင်းကပင် တစ်ဦးကိုတစ်ဦး ဖေးမကူညီ နေကြတယ်။
လောလောဆယ် အတွက်တော့ အားရှိစရာ အခြေ အနေလေး တစ်ရပ် ကြုံလာရပြီပေါ့။ အဲဒိအတွက်လဲ ဒုက္ခရောက်နေတဲ့ သူတွေက လှိုက်လှိုက်လှဲုလှဲု ကိုပဲ ကျေးဇူးတင်နေတယ် ဆိုတာ သူတို့ရဲ့ မျက်ရည်တွေက သက်သေပါပဲ။
တစ်နိုင်ငံလုံးက ပြည်သူတွေကလဲ ဆုတောင်းပေး နေကြမှာ မလွဲပါဘူး။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာ
ရင်းနှီးဖော်ရွေတဲ့မြန်မာ။ ဒုက္ခရောက်နေလျင် ရန်သူကို ပါကူညီတက်တဲ့ မြန်မာ။
ဖော်ရွေပြူငှာပြီး ခင်မင်ကူညီတက်တာကို ကမ္ဘာက ပင်အသိအမှတ် ပြုခဲ့တဲ့ ကျနော်တို့ရဲ့မြန်မာနိုင်ငံပါ။ ခု ဒီလို ဒုက္ခတွေ ရောက်နေရတော့ ကံကံရဲ့ အကျိုးပေး နဲ့ဖေးမမယ့်သူတွေ ဖေးမပေးမယ့်လက်တွေ နိုင်ငံ တ ကာက အထောက်အပံ့တွေ အမြန်ဆုံးရရှိပါစေလို့ပဲ ရင်ထဲ အသည်းထဲက လှိုက်လှဲုစွာ ဆုတောင်းမိပါတယ်
Aက ပုခုံးကို ဖက်လိုက်ပြီး ညစ်ခါ အားပေးနေမိတာ စေနိုင်သူပါ။ Aက အတွက် အခုလို အချိန်မှာ ချစ်တဲ့သူ ရဲ့ အားပေးမှုကလဲ ကြီးမားတဲ့ ခွန်အားတစ်ရပ်ပါပဲ။
အဲဒိညက တစ်ညလုံးစကား ထိုင်ပြောခဲ့ကြတယ်။ အိပ်စရာနေရာလဲ မရှိဘူးလေ။
" ငါမနက်ဖြန် ပြန်ဦးမယ်နော် Aက မင်းတော့နေခဲ့ပါ ငါ အလုပ်လုပ်ရင်းနဲ့ မင်းတို့ရွာကို ကူညီဖို့ နည်းလမ်း တက်နိုင်သရွေ့ရှာပြီး သောကြာနေ့ပြန်လာမယ် "
" မင်းမရှိတော့ ငါအားငယ်သလိုပဲ ချစ်ရယ် "
" အားမငယ်ပါနဲ့ မင်းထက်အားငယ်နေတဲ့ သူတွေ အ တွက် မင်းအားတင်းထားနော် "
" ငါသိတယ် ချစ်ရယ် ငါတို့တွေ ပြန်လည်ထူထောင်ဖို့ ဆိုတာ သိပ်ကိုမှုန်ဝါးနေသေးတဲ့ မျှော်လင့်ချက်ပါ ဒါမဲ့ ငါအားတင်းထားပါ့မယ် မင်းသာ ငါ့လက်ကိုတွဲထားပေး ပါနော် ချစ် "
ကိုင်ထားတဲ့ လက်လေးတွေကို ဖြစ်ညှစ်နေမိတယ်။
အော် ဒိဘဝတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ ကလဲ တကယ့်ဝေးကွာ သေးတဲ့ အိပ်မက်တခုလိုပါပဲ။ သူတို့ ဒါက်ုတွေးမိတိုင်း ဝမ်းနည်းနေကြမှာပဲ။
သူတို့လက်တွေကို ကျစ်နေအောင် စုပ်ထားပြီးမှ ပုခုံးလေးကို မှီခါ ရောင်နီကိုပဲ မျှော်လင့် လျက်ဖြင့်
သတ္တဝါ အပေါင်းကျန်းမာချမ်းသာကြပါစေ။
Lamin Lay
No comments:
Post a Comment