Yes, I'm Gay.
" သူငယ်ချင်း ဟိုလေ ဟိုဘက်အခန်း ကိုပြောင်းပေး လို့ရမလား ဟင် "
" ဘာ - - - "
" အောင်မလေး ဟာ အော်လိုက်တာ လန့်ထှာ "
" ဘာလို့ ပြောင်းပေးရမှာလဲ မပြောင်းပေးနိုင်ဘူး "
" ကျနော်တို့ တစ်ရွာထဲက လာတဲ့သူငယ်ချင်းနဲ့လေ တူတူ နေချင်လို့ပါဗျာ ခုသူကလဲ ဟိုဘက်ခန်းမှ မို့ပါ "
ပုံစံက အေးသလို အသလိုနဲ့ လူလည်လာကျနေတဲ့ ငနာကို တင်းပြီး ဘာမှ ဆက်မပြောပဲ ဟိုဘက်လှဲ့လိုက် ပြီး ဖုန်းက game ကိုပဲ ဆက်စော့ နေလိုက်တယ်။
" ဟူး မလွယ်ကျောက စတာပဲ လေပါတယ်ကွာ "
" ဟျောင့် မင်းဘသူ့ကို ပြောတာလဲ "
" ဘသူ့မှ မပြောဘူး ကို့ဖာသာပြောနေတာ "
သူကလဲ အကျောက ခပ်တင်းတင်းပဲ ထင်ပါရဲ့။ တွေ့ ပီလေ အဲ့မှာ စတွေ့တာပဲ။ ဇဗ္ဗူဒီပါ ဆိုတဲ့ ကောင်ကလဲ ခပ်ပေပေ ခပ်ရွဲ့ရွဲ့ နဲ့ကတော့။
ဒီပါ ဖုန်းကိုချကာ လှဲနေရာမှ ထလိုက်တော့ သူမသိ သလိုနဲ့ ပစ္စည်းတွေ နေရာချနေတယ်လေ။ ကြည့်နေမိ တာက ဘယ်ရယိ မဟုတ်ပေမယ့် တဖြေးဖြေး စိတ်ဝင် စားမိလာတယ်။ သူ့အိတ်ထဲက ထွက်လာတာတွေက ကြည့်အူးလေ။
အိမ်ပြောင်းလာ သလား အောက်မေ့ရတယ်။ ပစ္စည်း စုံချက်ကတော့ အဝတ်ချိတ်တဲ့ချိတ် ပလတ်စတစ်ကြိုး ခွေ ကစလို့ စုံပလုံစိနေတာပဲ။ နောက်ဆုံးထွက်လာတဲ့ အရာက ကျောက်ပျဉ်အသေးလေးနဲ့ သနပ်ခါးတုံး။
" မင်း ဟာက အိမ်ပြောင်း လာတာလားဟင် "
" မပြောင်းပါဘူး ပစ္စည်းတွေစုံအောင် တစ်ပတ်လောက် ထဲက တခုခြင်း စစ်ထည့်ထားတာ "
" ဟူး မိန်းမကြီး ကျနေတာပဲ မှားပါတယ်ကွာ "
" အေး မင်းနောက်မှ အဲဒိမိန်းမကြီးဆီက ဟိုဟာလေး ခနလောက် ငှားပါလား ဒီဟာလေး ခနလောက် ငှားပါ လား လာမလုပ်နဲ့ လုံးဝမရဘူး ဒါပဲ "
ဒီပါ့ကို မဲ့ကာရွဲ့ကာ ပြောနေတာက ကနွဲ့ကယ ပုံစံမျိုး မဟုတ်ပေမယ့် မိန်းမကြီးတစ်ဦးပုံစံ ပေါက်နေတာမို့
" ဟား ဟား ဟား အား ဟား ဟား "
" အဲ့မှာ အူတက်ပြီး မသာပေါ်နေမယ် ရီနေ "
ဒီပါ တဟား ဟား ရီလိုက်ပြီးမှ မနဲ အရှိန်သတ်လိုက်ခါ
" ငါ့နာမည် ဇဗ္ဗူဒီပါ မင်းနာမည် သာအေးလား "
" ဘာကွ ငါ့နာမည် မြင့်မိုရ်ထက် သာအေးက မင်းကြီး တော်လင်လေ "
ဒီပါ ရီမိပြန်ပါတယ်။ မဆိုးဘူး ဒိကောင်စလို့ကောင်းမဲ့ ပုံပဲ။ ပျော်ဖို့ကောင်းတယ်။ မြင့်မိုရ် သူအိပ်ရမယ့်ကုတင် ပေါ်ကို ဖုန်တွေခါရင်း ကုတင်ခြေရင်းက ဒီပါ ချွတ်တင် ထားတဲ့ အတွင်းခံ ဘောင်းဘီကို တွေ့သွားတော့ မျက် နှာကို မဲ့ခါ လက်ဖျားလေးနဲ့ ကိုင်ပြီး
" သောက်စည်းကမ်းက မရှိဘူး ကို့ဘောင်းဘီကို သူ များကုတင်ခြေရင်း လာတင်ထားသေးတယ် အင့် "
" ဟာ "
ပါးစပ်ကပြောခါ လက်ကလဲ ခြေရင်းဘက်ကို လွှင့်ပစ် လိုက်စဉ် စေ့ထားတဲ့ အခန်းတံခါးကို ဖွင့်ခါဝင်လာတဲ့ လူတစ်ယောက်ရဲ့ မျက်နှာမှာ သွားကပ်နေလေပါရော။
" အု ဖု ဟုဟု အဟွတ် ထွီ နံထောင်းနေတာပဲ ဟင်း "
" ဟာ ဆရာ ကန်တော့ ကန်တော့ "
ဝင်လာတာက အဆောင်မှုး ဦးရဲအောင်လေ သေရော။
ဆရာက သူ့မျက်နှာက ဘောင်းဘီကို လက်နဲ့ခွါချကာ သေချာကြည့်လိုက်ပြီးမှ
" အနံ့ပါမကဘူး စိုတိုတိုပါ ဖြစ်နေသေးတယ် ဒါသိပ် မကြာသေးဘူး ဟင်မိုက်ရိုင်းလှချည်လား ဟေ့ကောင် "
" ဟာ ကျနော့ဟာ မဟုတ်ဘူး သူ သူ သူ့ဟာ ဆရာ "
" မင်း ဆရာဝင်လာတော့မှ လှမ်းပစ်လိုက်တာလေ "
" ဟေ့ကောင်တွေ - - တော်တော့ ဟိုကောင် ဘယ်သူ မြင်းလိုတက် ဟုတ်လား "
" ဟာဗျာ မြင့်မိုရ်ထက်ပါ ဆရာကလဲ "
ဒိကောင့်ရုပ်ကို ကြည့်ကာ ဒီပါ ခွီးခနဲ ထရီပါတယ်
" အေး မင်းဒီအခန်းမှာပဲနေ အခန်းကို့သဘောနဲ့ကို ရွှေ့ လို့မရဘူး အဲဒါလာပြောတာ ခုန မင်းနဲ့လာတဲ့ ကောင်က မင်းနဲ့အတူနေချင်လို့ အခန်းလာပြောင်း ခိုင်းနေလို့ "
" ဟုတ်ကဲ့ပါ ဆရာ တခြားလွတ်တဲ့ အခန်းဆို ပိုအဆင် ပြေ မလားမသိဘူး ဒီကောင်က မျက်နှရူးဗျ ဆရာရ "
ဒီပါ့ဘက်လှဲ့ကာ ပြောတာမို့ ဒီပါ မျက်လုံးကို ပြူးပြလိုက်ခါ "ပြောင်းလေတစ်ယောက်ထဲ နေရပိုကြိုက်သေးတယ် "
" လျှာမရှည်နဲ့ ထားတဲ့နေရာ နေဒါပဲ အ့လာပြောတာ "
" အမ် ဟုတ်ကဲ့ အ့တော့သူက ဘာပြန်ပြောလဲ "
" ငင့် တဲ့ ဟာကွာ သေတော့မှာပဲ ဒိကောင်တော့ "
ဆရာထွက်သွားတော့ နှစ်ယောက်သား တဟီးဟီး နဲ့ရီမိ ကြတယ်။ ရီနေရင်းက အကြည့်ချင်းလဲ ဆုံလိုက် ရော ချက် ခြင်းမျက်နှာတွေ တည်လိုက်ခါ တယောက် နဲ့တယောက် ဘုရှိုး ရှိုးနေပါတော့တယ်။
" မင်းက ငါ့ကို ကျပ်တာပေါ့ ဟုတ်လား မြင်းလိုတက် "
" မင်းက အတို့အထောင် လုက်တာလေ ဇလုံဖင်ဖာ "
" ဘာ ဟေ့ကောင် မင်းငါ့နာမည်ကို သေတော့မယ် "
" လုပ်လေ ငါက လေဖြတ်နေတာမဟုတ်ဘူး "
အဲဒိလိုနဲ့ ပထမနှစ်ရဲ့ နှစ်စ ကျောင်းကို စရောက်တဲ့ နေ့မှာပဲ အချိုးမပြေတဲ့ ဇဗ္ဗူဒီပါနဲ့ စတင်ဆုံတွေ့ခဲ့ရပါ တော့တယ်။ မြင့်မိုရ် အတွက်တော့ စိတ်ပြက်စရာပါပဲ။
ကျောင်းရဲ့ အတွင်းဆောင်မို့ စည်းကမ်းရှိပေမယ့်လဲ ကျောင်းသားတွေက လူစုံတော့ တစ်ယောက်တပေါက် ပါပဲ။ အဆောင်က ၃ ထပ်ဆောင်ကြီးလေ။ ရေချိုးတာ တော့အောက်ဆုံး ထပ်မှာ အုတ်ကန်ကြီးတွေ ရှိတယ်။
မြင့်မိုရ် ရေကန်မှာ အဝတ်ထိုင်လျှော် နေတုန်း ဒီပါ ရောက်လာတော့ မော့ကြည့်လိုက်ပြီး
" အခန်းတံခါး ပိတ်ခဲ့လား ဟျောင့် "
" ဟင့်အင်း နှစ်ဖက်လုံးသေချာ တွန်းဖွင့်ထားခဲ့တာ "
" ဘာ - - ဟာ "
ရန်တွေ့မလို့ လုပ်နေစဉ် ဒီပါက ခါးကပုဝါကို ဖြည်ချ လိုက်တာမို့ မြင့်မိုရ် မျက်လုံးပြူး သွားပြီး ရှက်သွားပါရဲ့
ဒါကို သိတဲ့ ဒီပါက ခြေထောင်တွေကို အငြောင်းဆန့် သလို ခါပြလိုက်တော့ ခပ်လျော့လျော့ အတွင်းခံထဲက အစိုင်အခဲတွေက အထက်အောက် ညီညာစွာ လှုပ်လို့
" ယုတ်မာထှာ ထွီ "
" ဟက် ဟက် သူ့ဖာသာ လိုက်ကြည့်ပြီးတော့များ "
ဒီပါ ခြေထောက်ကို အချမှာ ဘယ်သူပစ်ထားမှန်းမသိ တဲ့ ခေါင်းလျှော်ရည် အိတ်ခွံကို နင်းမိခါ ပက်လက်လန် လဲပါလေတော့သည်။
ချောသွားတဲ့ ခြေထောက်က ငုတ်တုတ်ထိုင်နေတဲ့ မြင့်မိုရ် ခြေထောက်ကို ကန်လိုက်သလိုဖြစ်ခါ မြင့်မိုရ်လဲ ဒီပါ့ပေါ် မှောက်လျက်ကြပါတော့တယ်။ ဒါပေမယ့် မြင့်မို ရဲ့ မျက်နှာက ဒီပါ့ အတွင်းခံ ပေါ်သို့ တည့်တည့်ကျ၏။
" ဒုတ် အားး ဟား ဟား အား သေပါပြီဗျ "
အော်လိုက်တာက ဒီပါ့အသံပါ အတော်နာသွားပုံပါပဲ။
" ဝူးးး ဟေ့ကောင်တွေ အဲဒါ ဘာလုပ်နေကြတာလဲ "
" ဟား ဟား ဟား ဝေးး လူကြားထဲမှာ ဟ့ ဟား ဟား"
ဘေးကန်က ရေချိုးနေတဲ့ သူတွေ ဝိုင်းအော်မှ မြင့်မိုရ် အတင်းကုန်းထကာသူ့အဝတ်တွေ ထားခဲ့ပြီး အဆောင် ပေါ်ပြန်တက်သွားပါတော့တယ်။ ဒီပါလဲ သူ့ဟာလေး ကိုလက်နဲ့ အုပ်ခါ ကွတတ ဖြစ်ကျန်ခဲ့လေတော့သည်။
ဒီပါတို့ နေတဲ့ ဒုတိယထပ်ကို ဒီပါ ပြန်ရောက်တော့
" အား ပါးပါး နာလိုက်တာကွာ အရှေ့ကော အနောက် ကော သေပါပြီ အီး "
" မင်း စောက်ကမြင်းကျော ထတာလေ အငြိမ်မှ မနေ တာကောင်းတယ် နာတာတောင် နဲသေးတယ် "
" ဟေ့ကောင် မြင့်မိုရ် ခုနနမ်းကြည့်တာ မွှေးလား "
" ဝုန်း အားး ဟား ဟား "
မြင့်မိုရ် ကုတင်ပေါ်က ဆင်းကာ လိုက်ထိုးတာမို့ ဒီပါ ပြေးပါလေတော့သည်။ လှေခါးကနေ ထိပ်အရောက် မြင့်မိုရ် ဒီပါ့ကိုလှမ်းဆွဲတာ ခါးက ပုဝါကြီး ပါလာပြီး ဒီပါ့ ခမျာ ကိုယ်တုံးလုံး နဲ့မို့ ရှေ့နဲ့နောက်ကို လက်နဲ့အုပ်ခါ
" ဟေ့ကောင် ပြန်ပေး မြင့်မိုရ် ခွေးသတောင်းစား "
မြင့်မိုရ် အိပ်ခန်းကို ပြန်ပြေးကာ အထဲမှ တံခါးကိုပိတ် ထားလိုက်တာမို့ ဒီပါ ကိုယ်လုံးနဲ့တိာက်ခါ အော်ပါလေ တော့သည်။ လက်နဲ့လဲ မထုရဲ လက်နှစ်ဖက်လုံးက အုပ် ထားရတာလေ။
ခနနေမှ မြင့်မိုရ် ဖွင့်ပေးလိုက်တော့ ဒီပါ အခန်းထဲဝင် ကာ အခန်းတံခါးကို ခြေနဲ့နောက်ပြန်ကန်ခါ ပိတ်လိုက် ပြီး မြင့်မိုရ် ကုတင်ပေါ်ခုန်တက်လိုက်ပါတယ်။
" အား ဟား ဟား သေပါပြီဗျ အား နာတယ် အား "
" ဟေ့ကောင်တွေ--- မင်းတို့ မင်းတို့ ဟာကွာ "
ဆရာဦးရဲအောင် မျက်လုံး ပြူးသွားပါတော့တယ်။
ဆူညံနေလို့ လာကြည့်တာ ကိုယ်တုံးလုံးနဲ့ ဒီပါက မြင့်မိုရ်ကို အပေါ်က တက်ဖိထားသလို ရုန်းကန်နေတာ မို့ ပုဆိုးက ခါးပေါ်ထိ ရောက်နေတဲ့ မြင့်မိုရ်တို့ ပုံစံက တခုခု လုပ်နေကြသလိုမျိုး။
" တောက်စ် သောက်ရှက်မရှိတဲ့ ကောင်တွေ လုပ်ချင် ရင် အခန်းတံခါး ဂျက်ထိုးထား စောက်သံတွေ မထွက် စေနဲ့ ငါ့လခွီးလိုပဲ ဝုန်း "
ပြောချင်ရာပြောကာ အခန်းတံခါးကို ပြန်ပိတ်ပြီးထွက် သွားတဲ့ ဆရာဦးရဲအောင် ကြောင့် နှစ်ယောက်သားဘာ ဖြစ်မှန်းမသိ ရုတ်တရက် ကြောင်သွားပြီးမှ ကို့ပုံတွေကို ပြန်ကြည့်မိပြီး သဘောပေါက်သွားခါ
" ဟား သေပါပြီကွာ ဟူးးးးး "
" ငါပိုဆိုးတယ် ငါကအောက်က အီးဟီးး ကွဲပါပြီဗျ "
" ဟေ့ကောင် ငါမလုပ်ရသေးဘူးလေ "
" လုပ်ကြည့်လေ ဝုန်း အင့် သွားကို့ကုတင်ကို "
မြင့်မိုရ် ဒီပါ့ကို ခြေထောက်နဲ့ ကန်ထုတ်လိုက်ပါတယ်
" အေးတွေ့မယ် မင်းညကျမှ ဒီမှာကြည့် ဒီမှာကြည့် "
" ငါ့လချီးကောင် အယုတ်တမာ ထိတာနဲ့သေပြီပဲ "
ဒီပါက သူ့ဟာက်ု ကိုင်ကာ ယမ်းပြတာမို့ မြင့်မိုရ် ထ ဆဲပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ခုလိုရန်ဖြစ်နေရတာက သူတို့ ပျော်ရွှင်နေတယ် ဆိုတာ သက်သေပါပဲ။
သူတို့ မတည့်ကြပေမယ် ရန်ဖြစ်နေရတာ ကျေနပ် နေကြတာလေ။ တယောက်ကိုတယောက်လဲ ဘတော့ မှ စကအကောင်းမပြောကြပေ။
ညအိပ်ခါနီးတော့ ဒီပါက ကိုယ်တုံးလုံး ချွတ်ပြန်တာမို့ " ဒီပါ မင်းကလေ နဲနဲလေးမှ သောက်ရှက်ကို မရှိတာ "
" ငါ Lotion လိမ်းမလို့ မင်း လိမ်းပေးမလား "
" သွားသေလေ ညမပေးတောင် မလိမ်းပေးဘူး "
ဒီပါခြေထောက်တွေ လက်တွေအကုန် Lotion ကျကျ နနလိမ်းပြီးတော့ မြင့်မိုရ်ကို စချင်တာနဲ့
" ဟျောင့် မြင့်မိုရ် ဒီမှာကြည့်စမ်း မင်းနဲ့ငါနဲ့ ဘယ်သူပို ကြီးလဲ တိုင်းကြည့်မလား "
" မင်းဟာလောက်တော့ သနားတယ် ငါတို့က ရွာသား အဖျားကြီးတယ် အရင်းတုတ်တယ် ဥပါပေါင်းရင် လှည်း နဲ့တောင်တိုက်ရမယ် သဘောပေါက် "
" ဟား ဟား ဟား သောက်လေကြီး ယုံလိုက်မယ်နော် ငါကမူကြိုကျောင်းသား ဆိုတော့ ဟား ဟား "
စာအုပ်ကို ပက်လက်လှန်ခါ ဖတ်နေရင်းက မြင့်မိုရ် ထထိုငိလိုက်ခါ ဒီပါ့ကို သေချာကြည့်ပြီး ခေါင်းငြိမ့်ပြီး
" ငါ မင်းကို တကယ်ချီးကျူးတယ်ကွာ မင်းလိုပေါပေါ ကြောင်ကြောင်နဲ့များ ဆယ်တန်းအောင်လာတာကို "
" သေလေ ငနာ မင်းထက်ငါ အမှတ်များတယ် "
ညဝတ်ဘောင်းတို အပါးလေးကို ဒီပါကောက်ဝတ်ရင်း မှ ပြန်ပြောလိုက်တာပါ။ မြင့်မိုရ်က ရွာသားပေမယ့် ရုပ် ကတော့ကြည့်ကောင်းပါတယ်။ ယောက်ျားပီသတဲ့ သူ့ Body ကလဲ ကျစ်လစ်နေတာပဲ။ အသားကခပ်ဝင်းဝင်း။
မျက်နာက လေးထောင့်ဆန်ဆန်ပေမယ့် မျက်ခုံးနဲ့ နှာခေါင်း အနေအထားကြောင့် ရုပ်မဆိုးသွားပဲ ကြည့်၍ ကောင်းနေပါတယ်။ ဒီပါ ရင်ထဲမှာ တမျိုးလေး ခံစားရ၏
" မြင့်မိုရ် မင်းငါ့ဘက်ကို လာအိပ်မလား ငါမင်းဘက် ကို လာအိပ်ရမလား တခုတော့ရွေးကွာ "
" အမ် မင်းပဲလာခဲ့လေ ကုတင်ပေါ်တော့မရဘူး အိပ် ချင်သပ့ဆို ကုတင်အောက်ဝင်အိပ် "
" ဟား ဟား ငါက မင်းကိုဖက်ပြီး အိပ်ချင်တာကွ "
" မင်းကခြောက်နေတာလား ဟင် ဒီပါ ငါကတော့လုံးဝ မခြောက်တာ သေချာတယ် မင်းကိုမယုံရတော့ဘူး "
" မအိပ်ချင်လဲနေကွာ ဘောပဲ အိပ်တော့မယ်ကွကို "
အဲ့လိုနဲ့ အိပ်ပျော်ကုန်ကြပြီး မြင့်မိုရ် တစ်ရေးနိုးတော့ ရှုး ပေါက်ချင်တာ အောက်ထပ်ကိုလဲ မဆင်းချင်ဘူး ဒါနဲ့ ဘူးလိုက်ရှာတော့ သူတို့ကုတင်နှစ်ခုကြားက စားပွဲရဲ့အောက်မှာ ရေသန့်ဘူးတစ်ဘူး တွေ့ပါပြီ။
လှုပ်ကြည့်လိုက်တော့ အနည်းငယ်သာ ကျန်တာမို့ မထူးဘူးဆိုပြီး အဖုံးဘေး ဖွင့်ကာခေါင်းကိုသေချာတေ့ ပြီး ဇိမ်ခံကာ ပေါက်ချလိုက်ပါတော့တယ်။
ဒီပါ မနက်မိုးလင်းတော့ အိပ်ချင်မူးတူးနဲ့ ထလာကာ ရေသောက်မလို့ လုပ်ပြီးမှ မနေ့က ဖျောထားတဲ့ ဓါတ် ဆားဘူးကို သတိရကာ ကြည့်လိုက်တော့ အတော်ကို ကျန်နေသေးတယ်။
" ငါမနေ့က သောက်တာကုန်ပြီ မှတ်နေတာ အတော် ကျန်သေးတာပဲ "
စားပွဲအောက်က ဘူးကိုယူကာ အဖုံးကိုဖွင့်နေစဉ်မှာပဲ အခန်းတံခါးခေါက်သံ ကြားလို့ ဖွင့်ပေးလိုက်တော့ မြင့် မိုရ်နဲ့ တစ်ရွာထဲ သူငယ်ချင်း ဇော်ဇင်မင်း ။
" အဲ့ကောင် ခုထိ မထသေးဘူးမလား ဒိနေ့ကျောင်း ပိတ်လို့ ဈေးသွားပါမယ်ဆို ဟေ့ကောင် မြင့်မိုရ် ထ "
ဇော်ဇင်မင်းက မြင့်မိုရ် ကုတင်မှာ ဝင်ထိုင်ကာ မြင့်မိုရ် ကိုလှုပ်နှိုး နေတာမို့ ဒီပါလဲ ကို့ကုတင်ကိုထိုင်ခါ ရေဘူး ကိုမော့ချလိုက်စဉ်
" ဘူး ဖူးရူး ဝေါ့ "
ပါးစပ်ထဲက ရေတွေက ဒီပါရှေ့တည့်တည့်မှာ ထိုင် နေတဲ့ ဇော်ဇင်မင်း မျက်နှာပေါ်သို့ ရောက်ကုန်၏။ ဇော် ဇင်မင်း မျက်နာပေါ်က နံကျိကျိငံကျိကျိအရည်တွေကို လက်နဲ့သုပ်ပြီးချိန် မှာပဲ
" ထွီ ဖတ် "
မျက်နာမှာ ထက်ကပ်လာတာက ဒီပါထွေးလိုက်တဲ့ တံတွေးဖတ်တွေ ဒေါသတွေက ဘယ်လိုထွက်လာလို့ လာမှန်းမသိတော့ပေ။
" ငါလိုးကောင် ကဲကွာ ခွက် ဝုန်း ဒုံး အင့် ခွက် "
မျက်စိပွင့်တာနဲ့ ဒီပါရေဘူးကို မော့တာ တွေ့လိုက်ရ တဲ့ မြင့်မိုရ် အခြေအနေကို သဘောပေါက်တာမို့ အတင်း ဝင်ဆွဲသလို ဆရာရဲအောင်လဲ ရောပ်လာကာ ဝိုင်းဆွဲတော့မှ ပြသနာက ပြီးလေတော့တယ်။
ပြီးတော့ ၃ ယောက်လုံး ရုံးခန်းရောက်ပြီပေါ့။
" မင်းတို့ကောင်တွေ ပြောမလား မပြောဘူးလား ဟမ်
အေး မပြောလို့ကတော့ အပြင်ဆောင် ပြောင်းဖို့ပြင် "
အပြင်ဆောင် ဆိုတာနဲ့ ၃ ယောက်စလုံး လန့်ကုန်ကြ တယ်။ ဒါပေမယ့် ပြောလဲ မပြောချင်ဘူး။ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ခါ ခေါင်းညိတ်ပြမိ ကြတယ်
အဲဒါနဲ့ ဒီပါကပဲ ဝင်ပြောလိုက်ပါတော့တယ်။
" ဒိလိုပါ ဆရာ ခုနက ဇော်ဇင်မိုးက မြင့်မိုရ်ကို လာနှိုး ပါတယ် ဒိကောင့်ကို နှိုးမရလို့ ကျနော်တို့ ထသတ်ရင် တော့ထမှာပဲ ဆိုပြီး ကျနော်တို့ ဟန်ဆောင် ထိုးကြတာ ပါ တကယ်ရန်မဖြစ်ပါဘူး ဆရာ။
" အော် တကယ်ရန် မဖြစ်ဘူးပေါ့ အဲဒါဆို မင်းတို့မျက် ခွက်တွေက ဒဏ်ရာတွေကကော ချစ်လို့နမ်းထားကြ တာလား ဟမ် ဟေ့ကောင်တွေ "
" ဟုတ်ပါတယ် ဆရာ ကျနော်တို့က တစ်ယောက်ကို တစ်ယောက်အဲ့လို ချစ်တာပါ အသားနာလေ ချစ်လေပါ ဆရာ မောက်တခါဆို ကြိုးတုတ်ပြီး ရိုက်ဖို့လဲ ပြောထား ပါတယ် ဆရာ နော် ဒီပါ "
" ဟုတ်တယ် ဆရာကျနော်တို့က အဲ့လို ချစ်တာပါ ဒီ တခါ ဆရာ့ကိုပါ ခေါ်ပါ့မယ် ဆရာ့ကိုလဲ ချစ်လို့ပါ "
" ဘာ အေးးငါ့ကိုမချစ်နဲ့ လောလောဆယ် မင်းတို့ကို ငါပဲ ချစ်ပြမယ် ထအဲဒိမှာ ဒိုက်အခါတရာထိုးကြ "
" ဟာ မလုပ်ပါနဲ့ ဆရာရယ် ဆရာ့ကိုကျနော်တို့ ချစ်ပါ တယ်ဆရာရယ် အဲလေ မချစ်တော့ပါဘူး နော် "
" မလုပ်ပါနဲ့ ဆရာရယ် နောက်တခါမဖြစ်စေရပါဘူး "
" ကျနော်တို့ ပြန်တော့မယ်နော် ဆရာ "
" တောက် ခွေးကောင်တွေ ဒီတခါ ရန်ဖြစ်သံကြားလို့ ကနော့ အထုတ်ပါတခါထဲ ပြင်ထား သွား "
၃ ယောက်သား အခန်းထဲလဲ ပြန်ရောက်ရော
" ခွေးကောင် မြင့်မိုရ် ငါ့ဓါတ်ဆားရည်ဘူးထဲမှာ မင်းည ကသေးပေါက်ထည့်ထားတာ မလား ဟမ် ဟျောင့် "
" ဟီး ငါအပြင်ထွက်ရမှာ ကြောက်လို့ပါကွာ "
" တွေ့လား ဇော်ဇင်မင်း မင်းကောင်သောက်ကျင့် ယုတ်ကာကို မင်းပြောချင် သူ့ကိုပြော "
" အေးလေ သူယုတ်တာတော့ ဟုတ်ပါတယ် မင်းက ဟိုဘက်လှဲ့ မထွေးပဲ ဘာလို့ ငါ့ဘက်လှဲ့ထွေးလဲ "
အဲဒိလိုနဲ့ပဲ အဲဒိကိစ္စက ပြီးသွားပြန်ပါတော့တယ်။
ဒီပါ ကျောင်းပိတ်ရင်မို့ အပြင်လျောက်လည် ချင်ပေမဲ့ အဖော်မရှိတာနဲ့ပဲ မြင့်မိုရ်ကို အဖော်စပ်ရ တာပေါ့။
" မြင့်မိုရ် ငါတို့ရုပ်ရှင်သွားကြည့် ရအောင်ကွာ နော် "
" အေး ကြည့်တော့ကြည့်ချင်တယ် မင်းပြမှာလား "
" ပြပါ့မယ်ကွ မင်းကလဲ လုပ်လုပ် လစ်ရအောင် "
အဲဒါနဲ့ ၂ ကောင်သား ရုပ်ရှင်ကြည့်ဖြစ် ကြတယ်လေ။
ဇာတ်ကားကလဲ Action ကား ကောင်းမှကောင်းပါပဲ။
မြင့်မိုရ် ဒီပါကိုင်ထားတဲ့ အာလူးကြော်ထုတ်ကို နှိုက်စား နေတုန်း ဒီပါအတွင်းခံထဲက ယားလာတာမို့ မုန့်ကိုချ ပြီး ဘောင်းဘီဇစ်ဖြုတ်ခါ ရုံက မှောင်နေတာမို့ ကုတ်နေ စဉ် မြင့်မိုရ်လက်က ဒီပါ့ဟာကို လာစုပ်ကိုင်မိလေသည်
ရုပ်ရှင်ထဲ အာရုံကရောက်နေရင်း မုန့်လှမ်းအနှိုက်မှာ အိစိအိစိကြီး ဘာမှန်းမသိတာနဲ့ ညှုစ်ကြည့်တယ် ဟင်
ကြည့်စမ်း ဒီပါယုတ်မာတာ တွေ့မယ် အင်းဟာ။ လက် ကိုအားကုန်ထည့်ကာ ဖြစ်ညှုစ်ချလိုက် ပါတော့သည်။
" အူး ဝူး ဟူးဟူး အီးး ဟင်း ဟင်း ဟင်း အား "
ဒီပါ မြင့်မိုရ်လက်ကို အပေါ်ကမေ အတင်းစုတ်ကိုင်၍ ဖြည်လိုက်ပြီးမှ တအီးအီးညည်းနေပါတော့တယ်။ ရုံထဲ ကထွက်လာတော့ ဒီပါ့ခမျာ ကွတ ကွတနဲ့လေ။
" ခွေးကောင် မြင့်မိုရ် ငါ့ဟာငါ ယားလို့ကုတ်နေတာကို လီးမို့ငါ့ဟာကို လာညှုစ်တာလား "
" မင်းငါမုန့် နှိုက်နေမှန်းသိလို့ ယုတ်တာလေသေပေါ့ "
" အမ် လီးယုတ်လေ လီးယုတ် ငါဟာငါကုတ်တာကို "
တလမ်းလုံး ပွစိပွစိနဲ့ အဆောင်သို့ ပြန်ရောက်ခဲ့ပါရဲ့ ညအိပ်တဲ့ထိ ပြောလို့မဆုံးတဲ့ ဒီပါ့ကို အမြင်ကပ်လာပြီး
" ပူမနေနဲ့ မင်းဘဝတုန်းရင် ငါတာဝန်ယူမယ် ဟီး "
" သေလေ ဖင်စောင့်ပြီးသာ သေလိုက် မသာ "
" ဟား ဟား ဟား "
အဲဒိလို အမှတ်တရလေးတွေ သူတို့ မကြာခနကြုံရပါ လေရဲ့။ ကျောင်းတက်တဲ့ အချိန်ခနလေး တွင်းမှာကိုပဲ အတော်လေး ရင်းနှီးခဲ့ကြပေမယ့် တည့်တော့မတည့်ပါ။ တယောက်ကို တယောက် အထိမခံပေမယ့် သူတို့တွေ တစ်ယောက်ကို တစ်ယောက် တဖြေးဖြေးဂရုစိုက်လာမိ တာတော့ သူတို့ကိုယ်တိုင်ပင် သတိမထားမိပါပေ။
" ဟေ့ကောင် ဒီပါထဦး ငါအိမ်သာသွားချင်လို့ လိုက် ပို့ပေးဦး မရတော့ဘူး ထ ထ ခနလေးပါ ထစမ်းပါ "
" လီးကွာ ယောက်ျားမဟုတ်သလိုပဲ သွားသွား "
အိပ်ချင်မူးတူးနဲ့ ဒီပါ အိမ်သာခန်းရှေ့က စောင့်နေစဉ်
" ဗြစ် ဘတစ်တစ် ဘူးးး ဘစ် တစ် ဗြစ် ဗြီး "
" ထွီ နံစော်နေတာပဲ ညစ်ပတ်လိုက်တာ ဝေါ့ "
ခနနေတော့ မြင့်မိုရ် အိမ်သာထဲက ထွက်လာပါတယ် ဗိုက်လေးကိုဖိခါ ကုန်းကွကွနဲ့။
" ဘယ်လိုဖြစ်တာလဲ ဟ့ မင်းပုံစံက "
" သိပါဘူးကွာ ဝမ်းလျောနေပြီ နဲ့တူတယ် "
အဆောင်အပေါ်ထပ်ကို တက်လာစဉ်မှာပဲ မြင့်မိုရ်က
" ခနလေး ထိုင်ဦးမယ်ကွာ ငါမခံနိုင်တော့ဘူး တော် တော်လေး အောင့်နေပြီ ဟူး နာလိုက်တာကွာ "
အပေါ်ထပ်ကနေ အောက်ကို အပေါ့သွားဖို့ ဆင်းလာ တဲ့ ဆရာဦးရဲအောင် ကြားလိုက်ရတဲ့ အသံကြောင့် မျက်စိ ပြူးသွားကာ လှေကားထိပ်က နံရံကိုမှီ လိုက်ပြီး အသာ နားစွင့်ကြည့်မိတယ် ဒါဟို နှစ်ကောင်ပဲ
" မင်းကလဲကွာ ဘောပဲ ငါအိပ်ချင်နေပြီ သွားမယ် "
" ခနလေးပါကွာ မင်းကလဲ အ့ ကျွတ် ကျွတ် "
ဒိကောင်တွေ ဘာလုပ်နေကြတာပါလိမ့် အဟွှာဆိုလဲ အခန်းထဲမှာ ဟိုဒင်းလို့ရတာပဲလေ။ ဒိကောင်တွေတော် တော်လေး ပြင်းထန်ပုံရတယ်။ ချစ်ကြတာလဲ လန့်စရာ။
လှေခါးကနေ ဆင်းလိုက်ပြီး
" ဟေ့ကောင်တွေ ဒီမှာ ဘာလာလုပ်နေတာလဲဟ့ "
" မြင့်မိုရ်ချီးပန်းနေလို့ ဆရာရေ ကွကိုလဲမသွားဘူး "
" အော် သိပါဘူးကွာ အေးအေး ပီးရော "
ဆရာအိမ်သာထဲ ရောက်တော့ ပွစိပွစ်နဲ့ ဟိုနှစ်ကောင် ပြန်ရောက်လာပြန်ပါတယ်။ မြင့်မိုရ် ဘေးအခန်းဝင်၍
" ဗွီ ဖျစ် ဗတစ် ဖု ဖွတ် "
ဟင် လေခိုနေတဲ့ အသံပဲ ချွဲသံတွေလဲ ပါနေတယ် ဒါဆို ဒါဆို အင်းဒိကောင်တွေ ကျိန်းသေ နေပါပြီလေ။
ဆရာ ဦးရဲအောင် မျက်စိကို မှိတ်ချလိုက်ပါတယ် ပြီးမှ အံကိုကျိတ်ခါ လှုပ်တုတ် လှုပ်တုတ်နဲ့ပေါ့ အဟီး။
ပထမနှစ်ဝက် ၄ လစလုံးမှာ မြင့်မိုရ်နဲ့ ဒီပါ ရန်ဖြစ်တာ လဲ ခနခန အတွဲကလဲ မပျက်။ မမြင်နိုင်တဲ့ သံယောဇဉ် ကြိုးလေးတွေကို သတိထမိ ချိန်ကတော့ ကျောင်းခန ပိတ်လို့ အိမိပြန်ကြ ချိန်မှာပေါ့။
ဇော်ဇင်မင်းက မြင့်မိုရ်ကို ပြောလာတော့မှ ကို့ကိုယ်ကို ပြန်ပြီး သတိထား မိလာပါတော့တယ်။
" မင်းလဲနော် အကြောမတည့်လို့သာ ခုရွာပြန်ရောက် တာတောင် ခုထိ ဒီပါ့ကို ပါးစပ်ဖျားက မချဘူး ကြည့်နေ တာ ကျောင်းမှာတုန်းကလဲ ဒီပါပဲ ငါ့ကိုတောင် သောက် ဖက်မလုပ်ဖူး မင်း ဒီပါ့ကို ကျိတ်ခိုက်နေတာလား ဟမ် "
" ဘောမို့ ခိုက်ရမှာလား တခန်းထဲနေလို့ ဒိလိုပဲတည့် အောင်ပေါင်းနေရတာပါကွာ သူကနောက်တက်ပေမယ့် သဘောတော့ကောင်းရှာ ပါတယ်ကွာ "
" တော် တော် ငါနားညည်းမခံနိုင်ဘူး မင်းက ဒီပါ့ အ ကြောင်းပြောနေရ ရင်မမောဘူး ငါနားငြီးတယ် "
အခုမှ မြင့်မိုရ် သေချာတွေးကြည့် မိတယ် တကယ်ပဲ သူဒီပါ့ကို သံယောဇဉ် ဖြစ်မိနေတာပါလား။ ဒီပါ ရာမင်း ကို သတိယလိုက်တာ။
ဇဗ္ဗူဒီပါ လဲအိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲက Fri အဟောင်းတွေနဲ့သာ လစ်နေရတာ စိတ်က မြင့်မိုရ် ကို ပဲ ခနခနသတိယနေတယ်။ အိပ်ချိန်တောင် မကျန်ဘူး။
ဟူးး မြင့်မိုရ်ရေ ငါတော့ မှားပြီနဲ့ တူတယ်ကွာ။ ငါမင်းကို များ ချစ်မိနေတာလား မသိတော့ဘူး။
မနေနိုင် လွန်းလို့ဖုန်းဆက်တော့လဲ ရန်ကဖြစ်ရသေး
" အခုမှ ဆက်ဖော်ရတယ် သေနေပြီမှတ်လို့ငါက "
" ငါလဲ မင်းမသာပေါ်ပြီလား လှမ်းမေးတာ "
" ခွေးကောင် ဘောပဲ သတိယလိုက်တာကွာ ဟီး "
" ငါက လွမ်းကို လွမ်းနေတော့တာ မြင့်မိုရ်ရယ် "
" အမ် ဘာစကားကြီးလဲဟ့ မင်းဟာက တမျိုးပဲ "
" မသိတော့ဘူးကွာ မင်းကိုပဲ ခနခန သတိယပြီး တမ်းတမ်းတတ ဖြစ်နေတာမျိုးကြီး ဘလိုမှန်းသိဘူး "
" အော် အဲဒါက အတူတူနေခဲ့ တာကိုးကွ ငါလဲ အဲ့လို ပါပဲ မင်းအကြောင်းပြော လွန်းလို့ ဇော်ဇင်မိုး ကတောင် ငါ့က်ု ဆဲနေသေးတယ် မင်းကို ကျိတ်ခိုက်နေလားတဲ့ "
" ဟီး အေးလို့ ပြောလိုက်ပြီးတာပဲ ငါလဲ မင်းကို ချစ် နေသလိုလို ကြီး ဖြစ်နေလို့ ဟ့ အဟီးဟီး "
" ခွေးကောင် ဖောက်မလာနဲ့ ပြောနေရင်းက "
" တကယ်ပြောတာကွ ငါမင်းအကြောင်းတွေ စဉ်းစား တိုင်း ရင်ခုန်တယ် သိလား မင်းကော မြင့်မိုရ် "
" အေး ငါလဲ ဟာကွာ ဒီပါ မင်းတော့ တော်ပီ ဒါပဲ "
မြင့်မိုရ် ဖုန်းချသွားပါတယ်။ ဒီပါ ပြုံးနေတာ တော်တော် နဲ့မရပ်မိ။ ချစ်မိပြီ မြင့်မိုရ်ရေး။
" ဟား ဟား ဟား ဟား ဟူးးးးးးး "
" ဟေ့ကောင် သားငယ် ဘာဖြစ်နေတာလဲ အရူးရဲ့ "
အခန်းထဲ ဝင်လာတဲ့ ဦးငယ်ကို လက်ဆွဲခါ ထိုင်ခိုင်း လိုက်ပြီးမှ ပုခုံးကို ဖက်လိုက်ခါ
" ဟီး ဦးငယ် သားလေ ချစ်မိပြီ နဲ့တူတယ်ဗျ "
" ဟာ မင်းကို ကျောင်းပီးမှ မိန်းမယူရမယ်လို့သေချာ မှာထားတယ်နော် သားငယ် မင်းရည်းစားတော့ထားပါ မိန်းမယူဖို့ တော့လုံးဝမစဉ်းစားနဲ့ "
ဒီပါ မျက်နှာ ချက်ခြင်း ပျက်ခါ ခေါင်းငုံလိုက်မိတယ်။
" ဘာဖြစ်တာလဲ ဒိလောက်ပြောတာကို ပြောစမ်းပါဦး မင်းစော် အကြောင်းလေးကို "
" ဦးငယ် အမေတို့ကို ပြန် မပြောပါဘူးနော် "
" မင်းငါ့အကြောင်းသိ ရဲ့သားနဲ့ကွာ မင်းနဲ့ငါက အမြဲ တမ်းသူငယ်ချင်းလို ပေါင်းနေတာကို ပြောပါ့မလား "
ဒီပါ ပြောမလို့ လုပ်ပြီးမှ ဦးငယ် အထင်သေးမှာလဲ စိုးရိမ်မိပြန်တာမို့
" နောက်မှ ပြောမယ် ဦးငယ်ရာ နော် "
" မလိုချင်ဘူး ဘာလဲ မင်းစော်မှာ ချို့ယွင်းချက်တွေရှိ နေလို့လား ပြောစမ်းပါ ငါနားလည်ပါတယ် "
" သား ချစ်မိတာ စော်မဟုတ်ဘူး သားသူငယ်ချင်း ယောက်ျားလေးပါ ဦးငယ် "
" ဘာကွ "
ပြောပြီးခေါင်းလေး ငုံသွားတဲ့ ဒီပါ ဦးငယ်အသံကြောင့် လန့်ပြီးမော့ကြည့်တော့ ဒေါသထွက်နေတဲ့ ဦးငယ်ရဲ့ပုံစံ ကြောင့် ကြောက်လန့်သွားကာ
" သားတောင်းပန်ပါတယ် အဖေတို့ကို ပြန်မပြောပါနဲ့ နော် ဦးငယ်နော် "
ဦးငယ် ဘာမှ မပြောပဲ တောက်ခေါက်ကာ လှဲ့ထွက် သွားတာမို့ ဒီပါ အရမ်းဝမ်းနည်းခါ ကျန်ခဲ့ပါတော့တယ်။
ဟုတ်တာပေါ့ မြင့်မိုရ်ရယ် ငါမင်းကို ချစ်မိရင် ဒါတွေကို ရင်ဆိုင်ရတော့မှာပေါ့ကွာ။
ကျောင်းတွေပြန်ဖွင့်လို့ အဆောင်ပြန်ဝင်တော့ ဒီပါနဲ့ မြင့်မိုရ် တညလုံး စကားတွေပြောမကုန်ကြတော့ပေ။
ဒီပါက မြင့်မိုရ်ကုတင်ပေါ် လာကာ မြင့်မိုရ်ကို ခွထားပြီး ပြောနေကြတာပါ။ မြင့်မိုရ်က
" အိပ်တော့မယ်ကွာ ၂ နာရီခွဲနေပြီ မင်းလဲအိပ်တော့ "
" ဒီတိုင်းလေး ခနငြိမ်ငြိမ်လေး နေဦးမယ်ကွာ ခနပဲ "
ပက်လက်လှန်ထားတဲ့ မြင့်မိုရ်ကို ပေါင်တစ်ခြမ်းတင် ခွထားပြီး လက်တစ်ဖက်က ရင်ဘတ်ပေါ်တင်ထားတာ
ဒီပါလေ။ ငြိမ်နေရာကနေ ဒီပါ့လက်တွေ ဖြေးညင်းစွာနဲ့ ရွေ့လာတော့ မြင့်မိုရ်က လက်ကို စုပ်ကိုင်ထားတယ်။
အသက်ရှုသံနဲ့ ရင်ခုန်သံတွေ မြန်ဆန်နေကြပြီလေ။
ဒီပါ့ မျက်နှာက မြငိ့မိုရ်ရဲ့ လည်ပင်းနား ကပ်နေတာမို့ မြင့်မိုရ်လည်ပင်းမှာ ဒီပါ့ဝင်သက်ထွက်သက်တွေ ကြွေ ဆင်းလို့နေလေရဲ့။ မြင့်မိုရ်ရဲ့ ဝမ်းဗိုက်တို့ကလဲ သိသာ စွာ နိမ့်ချည်မြင့်ချည် ဖြစ်လို့နေပါပြီ။
" အိပ်တော့မယ်ကွာ နော် ဒီပါ "
ဒီပါ့လက်ကို စုပ်ကိုင်ထားရင်း ညင်သာစွာပြောလိုက် တဲ့ မြင့်မိုရ် အသံက အနည်းငယ် တုန်ရီနေသလိုပါပဲ။
" မြင့်မိုရ် "
" အင်း "
" ငါမင်းနဲ့ ဒိညတော့ အတူအိပ်ပါရစေနော် တအားကို လွမ်းထားရ လို့ပါကွာ နော် "
" မင်းသဘောပဲကွာ အိပ်ချင်လဲအိပ် "
ဒီပါ မြင့်မိုရ်ကို သူ့ဖက်ဆွဲလှဲ့လိုက်တော့ ကုတင်လေး ပေါ်ကခေါင်းအုံး တစ်လုံးထဲမှာမို့ မျက်နှာနှစ်ခုက နီးနေ ပြီး အကြည့်တွေက စူးရှတောက်ပလို့ နေကြလေရဲ့။
ဒီပါ့ခေါင်းလေးကဖြေးညင်းစွာ ရှေ့တိုးလာတော့ နှာဖျား ချင်းထိမိပါတော့တယ်။
မြင့်မိုရ် လက်က ဒီပါ့ခါးကိုဖက်ရင်း အင်ကျီကို စုပ်ခါ တင်းနေအောင် ကိုင်လိုက်ချိန်မှာ နှုပ်ခမ်းနှစ်ခုကတော့ နူးညံ့ညင်သာစွာ အပေးအယူ မျှကုန်ကြပါပြီ။ ဒီပါ တော် တော်ကြာတော့မှ ပါးစပ်ကို ခွါလိုက်ပြီး မြင့်မိုရ်ကို
" ငါမင်းကို အရမ်းချစ်နေပြီ မြင့်မိုရ်ရယ် "
" ငါကကော မချစ်ပဲနဲ့ ယောက်ျားခြင်း ဒိလိုလုပ်မှာမို့ လား ဒီပါရာ ငါလဲ ချစ်ပါတယ်ကွာ အရမ်းချစ်တယ် "
အဲဒိညလေးက သူတို့ချစ်သူ စဖြစ်တဲ့ညလေးပဲပေါ့။ အနေနီးလို့ ဆိုတာထက်ကို ရင်းနှီး သံယောဇဉ် ပိုမိလို့ ဆိုတာပိုမှနိ ပါလိမ့်မယ်။ နှစ်ယောက်စလုံးရဲ့ အတွင်း စိတ်ကိုက ဒိလိုချစ်ကြတဲ့ ဝါသနာတူတွေမို့လဲပါတာပေါ့
ချစ်ကြပြီ ဆိုတော့လဲ ရန်က မဖြစ်ဖူးလားလို့ မမေးနဲ့။ ဖြစ်လိုက် ကြတာဆိုတာ တဂျိမ်းဂျိမ်း ရန်ဖြစ်တာပြော တာပါ။ ဒါပေမယ့် သူတို့က ရန်ဖြစ်လေ ပိုချစ်လေပဲလေ ဒါကိုလဲ နှစ်ယောက်စလုံးက သိနေကြတယ်။
" လုပ်စမ်းပါ မြင့်မိုရ်ရာ တစ်ခါထဲပါနော် ငါတအားကို လုပ်ကြည့်ချင် လို့ပါကွာနော် "
" ဟာ အဲဒါက မိန်းမတွေကို လုပ်ရတာလေ ဒီပါရာ "
" မင်းကလဲ ငါတို့က ချစ်သူတွေ ဖြစ်နေပြီလေ အထီး အမ သဘာဝကို ခွဲခြားနေဦးမှာလား မြင့်မိုရ်ရယ် "
" အဲဒါဆို ငါကအခံသက်သက်ပဲ ခံပေးရမှာလား သူက ကြတော့ လုပ်ပဲလုပ်ပြီး မခံချင်ဘူး မရဘူး "
" ဒိလိုလုပ်ကွာ မင်းလဲလုပ်ချင်လုပ် ဒါပေမယ့် ငါအရင် လုပ်မယ် နော် မြင့်မိုရ် "
" ပီးယောကွာ တအားစွတ် မလုပ်နဲ့နော် ဒီပါ "
" အေးပါကွာ တခါမှ မလုပ်ဖူးပေမယ့် ငါသေချာလုပ် ပေးပါ့မယ် မင်းကောင်းသွားစေရမယ် စိတ်ချ "
" သေလေ အ့ဆို မင်းအရင်ကောင်း မလား လာခဲ့ "
ကုန်းထလာတဲ့ မြင့်မိုရ်ကို ဒီပါ အနောက်ကနေပြီး အတင်း ဖိထားလိုက်ခါ ပုဆိုးကို လှန်လိုက်ပြီး နောက်မှ အတင်းတက်ဖိ ပါတော့တယ်။
" အားးးးးး ဝုန်း ဒုန်း အင့် အားးးးးး "
မြင့်မိုရ် ကုတင်ပေါ်ကနေ ဝုန်းခနဲ ကုန်းထလိုက်တာမို့ ဒီပါကုတင်ပေါ်မှာ ပက်လက်လန်လဲ ပါတော့တယ်။
မြင့်မိုရ်ကတော့ ဖင်ကိုလက်နဲ့ ပိတ်ခါ ခုန်စွခုန်စွနဲ့အော် နေပါလေတော့တယ်။
" အားး ဟား ဟား ခွေးကောင် ချော်ထိုးတယ် အား "
" ဟေ့ကောင်တွေ တံခါးဖွင့်စမ်း ဘာဖြစ်နေတာလဲ "
ဆရာ့အသံကြောင့် မျက်လုံးတွေ ပြူးကုန်ကျပါတယ်။
ဒီပါ ပုဆိုးကို ခေါင်းကနေစွတ်ပြီး အမြန်တံခါးကိုဖွင့် ပေးလိုက်တော့ ဆရာက သူတို့ကိုသေချာကြည့်ပြီး
" ချော်ထိုးတယ် ဆိုပြီး မင်းကဖင်ပိတ်ထားတာဆို-- "
" ဟာ မဟုတ်ဘူး ဆရာ ကျနော်တို့ အချစ်စမ်းနေတာ အ့သူ့ကိုကျနော်က လက်သီးနဲ့ထိုးတာ ဖင်ကိုချော်ထိုး မိလို့ပါဗျ "
" အော် အချစ်စမ်းတာ ! လက်သီးက ဖင်ကိုထိုးမိတာ ! အေးပါကွာ အေးပါ ဒီပါ ပုဆိုးကဘာလို့ ဖောင်းနေတာ လဲ အေးအေး သွားပြီ တံခါးကို ဂျက်ပြန်ထိုးထား " ဆရာပြန်ထွက် သွားတော့မှပဲ ဒီပါလဲ ဆရာပြောတာကှို ငုံ့ကြည့်မိတော့ ဒီပါ့ ပုဆိုးအောင်မှာထောင် ထနေတဲ့ အရာတစ်ခု မြင့်မိုရ် မျက်လုံးပြူးသွားပြီးတော့
" ဟိုက် သေပါပြီကွာ "
" ဟီး သူကမကျဘူး အ့လိုပဲ စိတ်ကြီးတယ် ဟဲ ဟဲ "
" ဒီပါ ငါခံရတာချည်းပဲ မိနေတယ် အီးဟီး "
" တိတ်ပါကွာ ချစ်လေးကလဲ ငိုနဲ့ ဟိဟိ "
" လဥ ချစ်လေး ဘော ချစ်လေး ဒီမှာအောင့်လို့သေ တော့မယ် ခွေးကောင် လိုးချင်တာလဲ ပြာလို့ လီးထည့် တော့လဲချော်လို့ ဆိုသလိုဖြစ်နေပြီ အား ဟ့ "
" ခိုးချင်တာလဲ ပြာလို့ လက်နှေးတာလဲ ချာလို့ မဟုတ် ဘူးလားဟ့ မင်းကလဲ "
အဲဒိလိုနဲ့ ပဲ သူတို့ ထပြီးဘာမဟုတ် တာလေးနဲ့ ရန် ဖြစ်လိုက် တစ်နာရီမကြာပါဘူး ပြန်ချစ်လိုက်နဲ့ ပထမ နှစ် တစ်နှစ်ပြီးလို့ ခွဲခွါကာနီး အချိန်ကို ရောက်လို့လာ ပြန်ပါတော့တယ်။
ကုတင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် တင်း၂ ကျပ်၂ ဖက်ထားပြီး သေချာစိုက်ကြည့်နေ ကြတယ်။ တ ယောက်တလှဲ့စီ စိတ်ရှိတိုင်း နမ်းနေမိကြတယ်။
" မင်းမရှိရင် ငါနေတက်ပါ့မလားတောင် မသိဘူး ဒီပါ "
" ငါလဲ မင်းကို ဘယ်လောက် လွမ်းနေမယ်ဆိုတာ ကို တွေးကြည့် ရုံနဲ့တင် ကြက်သီးထမိတယ် မြင့်မိုရယ် "
" မင်းဘယ်သူနဲ့မှ မကြိုက်ရဘူးနော် ငါ့ကိုလဲ နေ့တိုင်း ဖုန်းဆက်ရမယ် ငါလဲဆက်မယ်နော် ဒီပါ "
" စိတ်ချပါကွာ မင်းကိုသာငါက ပူနေရတာ ရွာကဘဲ တွေက လက်က ခပ်သွက်သွက်နဲ့ "
" ချစ်တယ်ကွာ ဒီပါ ရွှတ် "
" သိပ်သိပ် ချစ်တယ် မြင့်မိုရ်ရယ် ရွှတ် "
မခွဲခွါချင်လဲ ခွဲခွါခဲ့ရ ပါတယ်။ အိမ်တွေကို ပြန်ရောက် တော့အရင်လို တက်ကြွမှုမျိုးတွေ စိတ်သုန်းနေကြပြန် ပါတယ်။ ညဖက်လေး ဖုန်းပြောခါနီးဆို သူတို့ရွှင်လန်း နေပြီး မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေဆို အားတာနဲ့ကို တခုခုကို မှိုင်တွေပြီးတွေးနေ တက်ကြပြီလေ။
" သားငယ် မင်းကိုငါကြည့်နေတာ ဒိတခေါက်ပြန်လာ တာ အရင်ကလို မဟုတ်ဘူး ပြောစမ်း ဘာဖြစ်နေလဲ "
" ဘာမှ မဖြစ်ပါဘူး ဦးငယ်ရာ အိပ်ချင်လို့ပါ "
" ဟေ့ကောင် အပိုတွေ လုပ်မနေနဲ့ ပြောစမ်း ငါ့ကို ဘာလဲ မင်းအခု မင်းသူငယ်ချင်းနဲ့ ငြိနေကြပြီ မဟုတ် လား သားငယ် ဟမ် "
ဒီပါ မျက်လုံးပြူးကာ မော့ကြည့်မိတော့ ဦးငယ်စီက နားလည်ရန် ခက်ခဲသော အပြုံးတစ်ခုကို တွေ့ရသည်။
" ဦးငယ် သားကိုစိတ် မဆိုးပါနဲ့နော် ဦးငယ် "
" အင်း မဆိုးဘူး ဒါပေမယ့် ဘာလုပ်သင့်သလဲ ဆိုတာ ကိုတော့ ငါစဉ်းစားရတော့မယ် ဇဗ္ဗူဒီပါ "
" ဦးငယ် ဘာပြောတာလဲဟင် သားတို့ကို မခွဲပါနဲ့နော်"
ဦးငယ် ဘာမှဆက်မပြောပဲ လှဲ့ထွက်သွားပြန်တာမို့ ဒီပါ စိုးရိမ်စိတ်တွေ နဲ့ ကျန်ခဲ့ရပြန်ပါတော့တယ်။
ကျောင်းတွေဖွင့်တော့ နှစ်ယောက်စလုံး ဒုတိယနှစ် စတက်ရပါတယ်။ အခန်းကတော့ အရင်အခန်းပဲပြန်နေ ရတာမို့ အရမ်းကို ကျေနပ်ပီတိ ဖြစ်နေမိကြတယ်။
" တော်သေးတာပေါ့ ဒီပါရယ် ငါကငါတို့ အခန်းခွဲရမှာ မှတ်နေတာကွ ခုမှပဲ စိတ်အေးရတော့တယ် "
" အောင်မယ် အခန်းခွဲရဲ ခွဲကြည့်ပါလား ဦးရဲအောင် ကြီး ငါ့အကြောင်း သိသွားစေရမယ် "
" အေးငါကလဲ သိချင်ပါတယ် ဒီပါရယ် ဟင်း "
" ဟာ ဆရာ ကန်တော့ ကန်တော့ ကျနော်က ဆရာ့ ကို ရှစ်ခိုး ကန်တော့ပြီး တောင်းပန်မယ်လို့ ပြောတာပါ ဆရာရယ် အဟီး တမျိုး မထင်ပါနဲ့ "
" ဟင်း သောက်ချိုးပြေပြေနေ မနေရင် မင်းတို့ကိုငါ အခန်းခွဲ ထားမယ် ဒါပဲ အခန်းသန့်ရှင်းရေး လုပ်ပြီးပြီ လားလာကြည့်တာ ခုထိ ဘားမှမလုပ်ရသေးပါလား "
" လုပ်နေတာဆရာ လုပ်နေတာ ဒါပေမယ့် ဆရာလာ ကြည့်ရင်လုပ်ထားမှန်း မသိမှာစိုးလို့ ဒိတိုင်းခနထား ထားတာပါ ခုစလုပ်တော့မှာဗျ "
" ပြောလိုက်ရင်တော့ ဟင်း မြန်မြန်လုပ်ကြ "
" ဟုတ် "
သူတို့ သံပြိုင်အော်ချလိုက်တော့ ဆရာနောက်လှည့် နေရင်းက တွန့်ခနဲဖြစ်ခါ မျက်စောင်းလှဲ့ခဲပြီး ထွက်သွား ပါတော့တယ်။
" မြင့်မိုရ် တံခါးဂျက်ထိုး ငါတို့ယိုးမယ် ဟိဟိ "
" အမ် တော်တော်ယွ နေတယ် ထိုးပီးပီလာမြန်မြန် "
" ဟား ဟား ဟား ဟား အား အဟီး ဟစ် ဟစ် "
အခန်းသန့်ရှင်းရေး မလုပ်ပဲ ကုတင်ပေါ် လုံးထွေးခါ အချစ်နလန်ထ နေကြတာအရမ်းကို ပျော်ဈာပါပဲ။ ဘာ ပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့ နေရတာ စိတ်ချမ်းသာစရာ ပါပဲ။
ကျောင်းဖွင့်ဖို့က ၄ ရက်လောက်လို သေးတာမို့ သူ တို့အတွက် အဆင်ပြေနေပါတယ်။
" ဒေါက်ဒေါက် ဒေါက်ဒေါက် မြင့်မိုရ် မြင့်မိုရ် ထဦးဟ့ "
တံခါးလာခေါက်ခါ အော်နှိုးနေတဲ့ အသံကြောင့် ဒီပါလဲ ထကာ ကို့ကုတင်ကို ပြန်တက်ခါ မှောက်အိပ်နေလိုက် သလို မြင့်မိုရ်လဲ အိပ်ချင်မူးတူးနဲ့ တံခါးထဖွင့်ပေးရ၏။
" ဘာလဲဟ့ စောစောစီးစီး ဖီးလ်ပျက်တယ် ခွီးပဲ "
" အော်ဟော် မင်းက ဒီပါနဲ့တွေ့ပြီး ဖီးလ်တက်နေတာ မို့လား ခွေးကောင် အပြင်သွားမယ် လုပ်ပြင်တော့ "
" မလိုက်ချင်ဘူး ငါအိပ်အူးမယ် အိပ်ရေးမဝသေးလို့ "
" ဟ့ အိပ်ရေး မဝရအောင် ညက ဘာတေလုပ်နေလဲ "
" သောက်ရစ်မရှည်နဲ့ လစ်တော့ဒါပဲ "
မြင့်မိုရ် တံခါးကိုပြန်ပိတ်ခါ ဂျက်ထိုးလိုက်စဉ် နောက် မှခါးကို ဖက်လိုက်တာ ခံရတာမို့ ဖက်တဲ့လက်ကိုကိုင် ခါ ရွှတ်ခနဲ နမ်းပစ်လိုက်သည်။ မြင့်မိုရ်ရဲ့ ဂုတ်သားမှာ လဲ နွေးခနဲ ဖြစ်သွားရပါသည်။
" ပြန်အိပ်ကြမယ် ဒီပါ ငါအိပ်ရေး မဝသေးဘူး "
" အင်းငါလဲ အိပ်ရေး မဝဘူး ဒါပေမယ့် ငါကအိပ်ရေး မဝရင် တအားတောင်တယ် ဒီမှာကြည့် "
" သေလေ ခွေးကောင် တညလုံးလဲ မအိပ်ရဘူး ခုလဲ တောင်နေသေးရင် အရင်းကသာ ခုတ်ဖြတ်ပစ်လိုက် "
" ငါ့ဟာလေး မရှိရင် မင်းငတ်သွားမှာပေါ့ ကွ "
" ရတယ်ငါ့ဟာကြီး နေ့တိုင်းကျွေးမယ် သေတဲ့ထိ "
" သေတဲ့ထိလဲ မကျွေးနဲ့ ငါ့ဟာလဲ မဖြတ်နိုင်ဘူး လာခဲ့ ဟား ဟား "
" အပ်ပါမယ်ဆိုနေ ဖယ်စမ်းပါ အား အဟား အား "
နှစ်ယောက်သား အခန်းထဲမှာ ဝုန်းဒိုင်းကျဲ ချင်တိုင်း ကျဲနေကြပါတော့တယ်။ အချစ် ကဒီလို ပါလား။
မနက်ဖြန် ကျောင်းစတက်ရမှာမို့ လိုအပ်တာတွေပြင် ဆင်နေတုန်း ဒီပါ့ဆီကို ဖုန်းဝင်လာပါတယ်။
" ဟယ်လို အမေ - - ဟုတ် ဟုတ်ကဲ့ - - အော်ဟုတ် - - ဟာ အမေကလဲ မသွားချင်ပါဘူး သိလဲမသိပဲနဲ့ - - ဟာ အမေ ဘာတွေပြောနေတာလဲ သား မသိဘူး သား မလိုချင်ဘူး - - မလာခိုင်းနဲ့ဗျာ - - ဟာ သားမှမလိုချင် တာ အမေရ - - တွေ့လဲ မတွေ့ချင်ဘူး ယူလဲမယူနိုင် ဘူး အမေရာ ဘာဖြစ်လို့လဲ ဘာလို့အဲဒိလိုတွေ ထပြီး ချက်ခြင်း လက်ငင်း လုပ်ရတာလဲ သားကို ပြောပါဦး - -
ဟာဗျာ - - အမေ - - ဟာ - - အမေ အမေ "
ဖုန်းပြောရင်းက အသံတွေက အခြေအနေကောင်းပုံ မပေါ်တာမို့ မြင့်မိုရ် စိတ်ပူနေတာ ဒီပါ ဖုန်းချတာနဲ့
" ဘာတွေ ဖြစ်တာလဲဟင် ဒီပါ စိတ်အေးအေးထား "
" မထားဘူးကွာ ကျောင်းလဲ မတက်ချင်တော့ဘူး အီး ဟီး ဟီး အင့် "
'ဒီပါ မြင့်မိုရ်ကို ဖက်ခါ ငိုချလိုက်တာမို့ မြင့်မိုရ်လန့်ခါ ပြန်ပြီး ပွေ့ဖက်ထားလိုက်သလို ကျောကိုလဲ ပွတ်သပ် ပေးနေမိပါတယ်။
" ငို ငို ဒီပါ ပြီးမှ အေးဆေးပြောနော် သူငယ်ချင်း "
ဒီပါ အတော်လေး ငိုလို့ဝတော့မှ မြင့်မိုရ်ကို
" ကျောင်းစတက်တဲ့ နေ့ကစပြီး ကောင်မလေးတစ် ယောက်ကို နေ့တိုင်း အပို့အကြိုလုပ်ပေး ရမယ်တဲ့ဇ ပြီးရင် ကျောင်းမှာလဲ သူနဲ့ပဲ တွဲရမယ်တဲ့ ဒီနှစ်ပြီးတာနဲ့ ငါနဲ့ပေးစားမှာတဲ့ အင့် အီး အ့လို မလုပ်ချင်ရင် ခု အိမ် ပြန်လာတော့တဲ့ ဘာမှလဲ မေးလို့မရဘူး ချက်ခြင်းကြီး
ငါဘယ်လို လုပ်ရမလဲ ဟင် မြင့်မိုရ် ပြောပါဦးငါ့ကို "
" ခနလေး ခနလေး ဒီပါ ခုလိုဖြစ်တာ ခိုင်လုံတဲ့ ကိစ္စ တခုခုတော့ ရှိရမယ် မင်း ဘာဖြစ်မယ် ထင်လဲ ဒီပါ "
" ဦးငယ်များ အိမ်ကိုပြောလိုက်တာလား မသိဘူး "
" လောလောဆယ်တော့ ဒိတိုင်းပဲ နေလိုက်ပါ ငါတို့ တူတူနေနေရဖို့ အရေးကြီးတယ်လေ နော် ဒီပါ "
" ငါ စော်နဲ့မတွဲ ချင်ဘူး မင်းနားမှာပဲ နေချင်တာ "
" အေးပါကွာ ငါတို့ဖြေးဖြေးချင်းစဉ်းစားတာပေါ့ နော် "
သူတို့တစ်ယောက်ကို တစ်ယောက် တင်းနေအောင် ဖက်ထား လိုက်မိပါတော့တယ်။
" ငါတို့ကျော်ဖြတ် နိုင်မှာပါ ဒီပါရယ် ငါရှိပါတယ် "
" ငါ မင်းကို အရမ်းချစ်တယ် မြင့်မိုရ် "
" ငါကလဲ ငါ့ဘဝထက် မင်းကို ပိုပါတယ် ဒီပါရယ် "
နောက်နေ့ကျောင်းတက်တော့ ဒီပါက သူ့အိမ်ကပြော ထားတဲ့ကောင်မလေးနဲ့အတူ သွားရပြီး မြင့်မိုရ်ကတော့ တစ်ယောက်ထဲပါပဲ။ စိတ်ကတနေကုန် နေမထိထိုင် မသာ ဖြစ်နေရပါတယ်တော့။ ဒီချိန်သူ ကောင်မလေးနဲ့ ဘာတွေ လုပ်နေမလဲ ဆိုတာပေါ့။
မေဂျာမတူတာ ပေမယ့်အရင်နှစ်က နားတာနဲ့ ဒီပါက သူ့စီလာသလို သူကလဲအားတာနဲ့ ဒီပါ့ဆီသွားနေကြပါ။
ခုတော့ နီးလျက်နဲ့ဝေး နေရသလို ခံစားနေရတယ်လေ။
ဒီပါလဲ ထို့အတူပါပဲ အိမ်ကစကားကို လော၂ဆယ် မလွန်ဆန်နိုင်သေးတာမို့ အလိုက်သင့် တွဲနေရပေမဲ့ စိတ်က အချိန်ပြည့် ဒီပါ့ဆီမှာသာ။
မြင့်မို အစောကြီး အခန်းထဲပြန် ရောက်လာပြီး အခန်း တံခါးစေ့ကာ ကုတင်ပေါ် ပက်လက်လှန် နှဖူးပေါ်လက် တင်ပြီး တွေးနေမိတယ်။ အဲဒိချိန်မှာပဲ ဒီပါ ပြန်ရောက် လာကာ တံခါးကို ဂျက်ထိုးလိုက် ချိန်မှာ မြငိ့မိုရ်လဲ အိပ် နေရာမှ ထလိုက်ပါတယ်။
သူတို့ အတော်ကြာကြာ စိုက်ကြည့်နေမိကြပြီးမှ တစ် ယောက်ကိုတစ်ယောက် အတင်းဖက်ထားမိပါတော့ရဲ့။
ကျောင်းဖွင့်ရက်တွေက သူတို့အတွက် နေ့ခံညစံဘဝ ရောက်နေတဲ့ ပြိတ္တာတွေ လိုပါပဲ။ ညဆို အခန်းအောင်း ခါစကားတွေ ပြောမဆုံးပေ။ နေ့ဆို တစ်ယောက်ကို တစ်ယေက် လွမ်းနေရုံပါပဲ။
ဒိနေ့တော့ ကျောင်းပိတ်ရက်မို့ နှစ်ယောက်စလုံးပဲ ပျော်ရွှင်နေကြတာပေါ့။ အဲဒိချိန်မှာပဲ ကျောင်းသားတစ် ယောက်ရောက်လာခါ
" ဒီပါရေ ဧည့်ခန်းမှာ မင်းမဟေသီလေး ရောက်နေပါ တယ် အမြန်ဆင်းလာပါတဲ့ "
" အော် အေးသားကြီး ကျေးဇူး "
" နေဦး သူတခုခု တင်းနေပုံပဲ နောက်ပြီး မင်းရဲ့အခန်း ဖော်ပါ ခေါ်လာပေးပါလို့ မှာလိုက်တယ် ငါလစ်ပြီ "
နောက်ဆက်တွဲ စကားကြောင့်လသူတို့ နှစ်ယောက် အကြည့်ချင်းဆုံ မိသလို ရင်တွေလဲ ခုန်မိပါတယ်။ ဒါက သာမန်ကိစ္စ တော့ မဟုတ်နိုင်ပေ။
" ဘယ်လိုလုပ်မလဲ မြင့်မိုရ် ကွိုင်တော့စပြီနဲ့တူတယ် "
" မပူပါနဲ့ကွာ ငါလိုက်ခဲ့ပါ့မယ် သွားစို့ "
" ဖြစ်ပါ့မလား မြင့်မိုရ် ရယ် တော်ကြာ "
" လာစမ်းပါကွာ လုပ်ရဲရင် ခံရဲရမှာပေါ့ လာသွားစို့ "
ဧည့်ခန်းဆောင်ကို ဆင်းလာတဲ့ ခြေလှမ်းတိုင်းမှာ ဒီပါ့ ဒူးတွေ ချောင်ချင်နေသယောင်။ မြငိ့မိုရ် တခုခုနစ်နာမှာ လုံးဝ မလိုလား မဖြစ်စေချင်ပါ။
ဧည့်ခန်းဆောင်ရောက်တော့ ဆရာဦးရဲအောင်နဲ့အတူ ထိုင်နေတဲ့ ပန်းချယ်ရီ ကိုတွေ့ရပါတယ်။ သူတို့လဲ အဲဒိ မှာဝင် ထိုင်လိုက်တယ်။ ဘာစကားမှ မပြောဖြစ်သေး ပေမယ့် အခြေအနေ မကောင်းဘူး ဆိုတာတော့ ရိပ်မိ နေပါတယ်။ ယောင်တောင်တောင်နဲ့ ဧည့်ခန်းနားမှာပဲ စောင့်နားထောင်နေသူ အချို့လဲရှိနေတယ်။
ဒီပါနဲ့မြင့်မိုရ်ကို ကျောင်းသားအတော် များများကသိ ထားတာ လက်ခံထားတာက ဒိကောင်တွေ လင်မယား တွေပေါ့။ အခုတော့စော်တစ်ပွေ ပါလာပြီမို့ စိတ်ဝင်စား ကြတယ်လေ။
" ကျနော်က ဒီပါ့ရဲ့ အခန်းဖော် မြင့်မိုရ်ထက်ပါ ဘာကိစ္စ တွေ့ချင်ရတာလဲ ပြောစရာရှိတာ ပြောပါ "
" ကောင်းပါပြီ ကျမတဲ့တဲ့ပဲ ပြောပါ့မယ် အခုဒီဆရာက ကျမအမေရဲ့ မောင်တစ်ဝမ်းကွဲပါ ကျမကို ဒီနှစ်ကျောင်း ပိတ်တာနဲ့ ကိုဒီပါနဲ့လက်ထပ် ပေးဖို့အိမ်က ပြောထား ပါတယ် ခုမှကျမဦးလေးဆီ လာရင်း သိလိုက်ရတာက ရှင်တို့က တခန်းထဲ နေပြီး ညားနေကြတာဆို "
" ပန်းချယ်ရီ "
ဝုန်းခနဲ ထိုင်ရာမှထကာ အော်လိုက်တဲ့ ဒီပါ့ အသံက ဟိန်းထွက် လာသလို အကုန်လုံး မတ်တပ်တွေ ဖြစ်လို့ သွားပါတော့တယ်။ ပန်းချယ်ရီနဲ့ ဆရာဦးရဲအောင်တို့က တစ်ဖက်မှာ ရပ်လျက် ဒီဖက်မှာက ဒီပါနဲ့ မြင့်မိုရ်။ ဒီပါနဲ့ ပန်းချယ်ရီရဲ့ အကြည့်တွေက မီးတောက်မီးလျှံတွေလို တငွေ့ငွေ့ တောက်လောင်လျက်ပေါ့။ ဆရာက
" မင်းသူ့ကို ဘာမှ အော်စရာ မလိုဘူး ဇဗ္ဗူဒီပါ "
" ခနလေး ခနလေး ကျနော်ပြောမယ် ဆရာ "
အနားက ကျောင်းသားတွေလဲ ပြုံခဲကာ ချောင်းကြည့် နေတာမို့ မြင့်မိုရ် ဒီပါ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက် တာပါ။ ပန်းချယ်ရီ ကလဲ မာတင်းနေတဲ့ မျက်နှာနဲ့
" ရှင်တို့ ကိစ္စကို ဒိနေ့ အပြတ်ရှင်းပါ ယောက်ျားရှား ရင် ငှက်ပျောပင်ဖက် သေလိုက်မယ် ဖမစစ်ခလေးမွေး ပြီး ယောက်ျားစိတ်မရှိတဲ့ သူနဲ့တော့ မအိပ်နိုင်ဘူး "
" တောက် မင်းစော်ကား လှချည်လားကွ ဝုန်း "
" ဟေ့ကောင် ဇဗ္ဗူဒီပါ မမိုက်ရိုင်းနဲ့ ရပ်စမ်း "
" ဒီပါ ခနလေးနေပါအူးကွာ ဒီမှာ ပြောပြမယ် အဲဒိကိစ္စ ကို ကျနော်ပြောပြမယ် ဟုတ်တယ် ကျနော် တို့ ညားနေ တယ် "
ပန်းချယ်ရီ အံကိုတင်းနေအောင် ကျိတ်လိုက်သလိုပဲ ချောင်းကြည့်နေတဲ့ ကျောင်းသားတွေရဲ့ အာမေဋိတ် အသံတွေလဲ ကြားလိုက်ရပါတော့တယ်။ မြင့်မိုရ်က
" ဘာလို့လဲ သိလား ကျနော်က ခြောက်နေလို့လေ ကျနော်က အခြောက်မို့လို့ ဒီပါ့ကို အတင်းလိုက်ကြိုက် နေတာ အတင်းတွယ်ကပ်နေတာ သူကကျနော့ကို ခင် ယုံပဲခင်တာ ကျနော်က အတင်းစည်းရုံးနေတာ ဒါပဲ "
ဟာခနဲ ဟင်ခနဲ အသံတွေထွက်လာ ပါတယ်။ ဒီပါ က ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်း မသိတော့ပေ။
" အဲ ဒိတော့ ခများတို့ ဖာသာ ယူယူ မယူယူ ကျုပ်ခု စိတ်မဝင်စားဘူး သူနဲ့လဲ မပက်သက်တော့ဘူး သူ့ကို လဲမချစ်တော့ဘူး သူက ယောက်ျားခြင်းမှ စိတ်မဝင်စား တာပဲ အချိန်ကုန် ခံနေလဲ အပိုပဲ "
" မြင့်မိုရ် မင်းဘာတွေ ပြောနေတာလဲ တော်စမ်း "
" မတော်ဘူး ငါကခြောက်နေလို့ အခြောက်မို့ မင်းကို ကျိတ်ပြီး ကြိုက်နေတာ အခုငါဖွင့် ပြောလိုက်ပြီ ဘာဖြစ် သေးလဲ ဘယ်သူတွေ ဘာထင်ထင် ငါဂရုမစိုက်ဘူး အေး ငါ ပဲအခြောက် ငါပဲအခြောက်ကွ ဒုန်းဒုန်းဒုန်း "
မြင့်မိုရ် ပြောလဲပြော ငိုလဲငိုကာ အပေါ်ထပ်သို့ပြေး၍ တက်သွားပါတော့တယ်။ ဒီပါ ပန်းချယ်ရီကို တစ်ချက် စိုက်ကြည့် လိုက်ခါ
" ဖြန်း " " ခွပ် ဝုန်း ဟာဆွဲကြဟ့ မြန်မြန် "
ဒီပါ ပန်းချယ်ရီရဲ့ ပါးကို ရိုက်ချလိုက်ချိန်မှာပဲ ဆရာ ဦးရဲအောင်ရဲ့ လက်သီးစာမိပြီး ဝုန်းခနဲ ပစ်လဲသွားပါ တော့တယ်။
" ထိုးလေ ဆရာ ထက်ထိုး သေအောင်ထိုး မကျေနပ် သေးရင် ခေါင်းပါရိုက်ခွဲပစ်လိုက် အဲဒါကမှ သက်သာဦး မယ် အခု ခများကြီးတို့က လူတစ်ယောက်ရဲ့ ဘဝကို နင်းခြေပစ်နေ ကြတာဗျာ့ ဟုတ်တယ် ကျုပ်သူနဲ့ ချစ်နေ တယ် အဲဒါ ဘာဖြစ်လဲ ဘယ်သူ့ကိုထိခိုက်လဲ ခများတူ မ ကို ကျုပ်ကမယူပါဘူး လို့ငြင်းပြီးသားဗျ ဒါတောင် ခု လို အရှက်ခွဲ ခံရတယ် ယောက်ျားချင်း ချစ်တာဘာဖြစ် လဲ အချစ်ဆိုတာ ချစ်တက်ဖို့ပဲ လိုတယ် ဘယ်လိုပဲချစ် ချစ် အချစ်ကို တန်ဖိုးထားရင် မြင့်မြတ်တယ်ဗျ ထွီ "
ပန်းချယ်ရီ ငိုပြီး အဆောင်ထဲက ထွက်ပြေးသွားပါ တော့တယ်။
" တောက် မင်းတို့ ကောင်တွေ တွေ့မယ် "
" တွေ့စရာ မလိုဘူး ကျုပ်တို့ အခုပဲ အဆောင်ကနေ ထွက်မယ် ခများရဲ့ Generation မှာလဲ ခုလို လက်ညှိုး ထိုးမခံ ရစေဖို့ ခများကျပ်ကျပ် ဆုတောင်းထားပါ "
" ဘာကွ ခွေးမသား လူပါးဝလို့ ဝုန်း ဒုန်း "
ဆရာ့ကို လူတွေ အတင်းဝိုင်းဆွဲ ထားကြတာမို့ ဒီပါ့ နားကိုရောက်မလာပေမယ့် ဒေါသတွေ အကြီးအကျယ် ပေါက်ကွဲ နေပါတော့တယ်။
ဒီပါ အပေါ်ထပ်ကို ပြေးတက်လာခဲ့ ပါတော့တယ်။ အ ခန်းထဲ ရောက်တော့ အထုပ်တွေ ပြင်နေတဲ့ မြင့်မိုရ် နဲ့ ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ဇော်ဇင်မင်း ကိုတွေ့ရ၏။
ဒီပါ ဝင်လာတော့ ဇော်ဇင်မင်း ခေါင်းခါပြခါ အလိုက်တ သိနဲ့ ထွက်သွား ပါတော့တယ်။
" မြင့်မိုရ် "
တရှုံ့ရှုံ့နဲ့ င်ုနေတဲ့ မြင့်မိုရ် လှဲ့မကြည့် ခဲ့ပါဘူး။ ဒီပါ နောက်ကနေ မြင့်မိုရ်ကို သိမ်းဖက်လိုက်ခါ
" ငါမင်းကို အရမ်းချစ်တယ် မြင့်မိုရ် "
" ငါမင်းကိုမချစ်ဘူးဒီပါ ငါကိုဖယ်ပါ ငါသွားတော့မယ် "
" ဘာ မင်းဘာပြောတယ် မြင့်မိုရ် ပြန်ပြောစမ်း ပြန်ပြီး ပြောစမ်းပါ နောက်တစ်ခေါက်လောက် ဟေ့ကောင် "
မြင့်မိုရ် ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ခါ ဒီပါ့ကို စိုက်ကြည့်လိုက်ပြီး
" ငါ မင်းကို မချစ်ဘူး "
ဒီပါ အနောက်ကို ချာခနဲ လှည့်ခါ အခန်းတံခါးဘောင် နဲ့ ခေါင်းကို ခွပ်ခနဲနေအောင် ပစ်စောင့်လိုက်ပါတော့ရဲ့ မြင့်မိုရ် အိတ်ကိုဆွဲပြီး အခန်းဝက အဖြတ်မှာ မျက်စိရဲ့ အစွန်းကနေ လှမ်းမြင် လိုက်ရတဲ့ တံခါးဘောင်က သွေး စက်တွေကြောင့် ရင်ထဲအောင့် သွားရပေမယ့် လှဲ့မကျိ ဖြစ်တော့ပါဘူး။
မြင့်မိုရ်ကို ဇော်ဇင်မင်း လိုက်ဆွဲသလို ကျန်တဲ့သူတွေ ကလဲ ဒီပါ့ကို ဖျောင်းဖျနေကြတယ်။ ဒါပေမယ့် အဲဒိနေ့ မှာပဲ မြင့်မိုရ် ရွာကို ပြန်သွား ခဲ့ပါတော့တယ်။ ထို့အတူ ဒီပါလဲ အဲဒိနေ့မှာပဲ သူ့အိမ်ကို ပြန်သွားပါတော့တယ်။
ကျောင်းဆောင်ကြီးရဲ့ ဒုတိယထပ်က အခန်းလေး တစ်ခန်းက အရင်လို ရယ်မောသံတွေ မကြားရတော့ပဲ တိတ်ဆိတ်ခြောက်သွေ့ လို့နေပါနော့တယ်။
ဒီပါကော မြင့်မိုရ်ပါ အဲဒိချိန်ကစပြီး ကျောင်းမတက် ဖြစ်တော့ပါဘူး။တက်ဖို့ဆိုတာထက် ကျောင်းကလူတွေ ကိုရင်ဆိုင်ဖို့ ခွန်အားတွေ မရှိတော့ တာပါ။
ဒီပါ့ကို ဦးငယ်က ဆူလို့မဆုံးတော့ဘူး။ ဒေါသတွေ လဲ တအားထွက် နေတာပါ။
" မင်းကို ငါစိုးရိမ်ဆုံး တစ်ခုက အဲဒါပဲ အဲဒါကိုပဲ မင်း တန်းပြီး ဖြစ်ရတယ်လို့ကွာ တောက် ခုဘယ်လို လုပ်မ လဲဟမ် ပညာရေးက တပိုင်းတစနဲ့ ကျောင်းပြောင်းရုံပဲ ရတော့မယ် ဒါမှ မတက်ရင် မင်းနဲ့ငါ အတွေ့ပဲ "
အဲဒိချိန်မှာပဲ အမေ အခန်းထဲ ဝင်လာပြီး ဦးငယ်ကို
" အငယ် အိမ်ရှေ့မှာ ဧည့်သည် ရောက်နေတယ် "
" လာပြီ မမကြီး မင်းငါပြောတာ မမေ့နဲ့ ကြားလား "
" ဟုတ်ကဲ့ ဦးငယ် "
ဟူး တော်သေးတာပေါ့။ ဧည့်သည် ကယ်ပေလို့ပဲ။
သူအိမ်ရှေ့ကို ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့သူ ကိုသေချာ ကြည့်မိတယ်။ ဘယ်သူမှန်း သေချာမသိပေ မယ့် ရင်တွေ တဒိန်းဒိန်းတုန်လာတယ်။ ဒါ ဒါ သူပဲ။
" ကျနော် ဇေယျတုပါ ဦးနေနေနိုင်နဲ့ ပြောစရာလေး ရှိလို့ပါ ခနလောက် အချိန်ပေးလို့ ရမလားဗျာ့ "
ဒီအသံကို မကြားရတာ ၁၀ နှစ်တောင် ရှိပါပေါ့လား။
တချိန်က သိပ်ကြောက်ခဲ့သော သိပ်-- ခဲ့သော အသံရှင်
ဘုရား ဘုရား ခုပဲ ဒီကိစ္စနဲ့ တူလေး ဒီပါ့ကို ဆူခဲ့တာ။ ခု ချက်ခြင်း ဒါဏ်ရာဟောင်းက လာပေါ်နေပါပေါ့လား။
" ရပါတယ် ကိုဇေ ခနလေး ညီအဝတ်လဲဦးမယ် "
နေနိုင့်စကားသံကြောင့် ဇေယျတု ပြုံးလိုက်ပြီးမှ
" ကျေးဇူးပါ ညီ ကိုစောင့်နေပါ့မယ် "
၃၀ ကျော် ၃၅ ဝန်းကျင်လူလတ်ပိုင်း ၂ ယောက်ရဲ့ပုံစံ တွေက ရင့်ကျက်မှု တွေနဲ့ တည်ငြိမ်လို့ နေပါတော့ရဲ့။
နေနိုင်ထွက်လာတော့ ဇေယျတုနဲ့ အပြင်ကိုထွက်ခဲ့ကြ ပါတယ်။ စကားလဲ ဘယ်သူမှ စပြီးမပြောဖြစ်ခဲ့ကြပေ။
စားသောက်ဆိုင် တစ်ဆိုင်မှာထိုင်ဖြစ် ကြပြီးတော့မှ
" ကိုတို့ ဒီလိုပုံစံနဲ့ ဆုံတွေ့ရလိမ့် မယ်လို့ တခါမှတွေး မထားမိဘူး ကံကြမ္မာက သိပ်အံ့သြဖို့ကောင်းတယ် "
" ညီ နားမလည်ဘူး ကိုဇေ ဘာကိုဆိုလိုတာလဲ "
" အင်းကိုပြောပါ့မယ် ကို ညီနဲ့မောင့်ကို နောက်ဆုံးခွဲ ခွာခဲ့ ပြီးတော့ အရမ်းကိုခံစားခဲ့ရတယ် အဲဒါနဲ့ ကိုရာထူး တ်ုးလျောက်ပြီး နယ်မြို့လေးကို ပြောင်းနေခဲ့တယ် "
" အင်း အဲဒါကြောင့် ကိုဇေ့ကို မတွေ့ရတော့တာကိုး"
" ဟုတ်တယ်ညီ ကိုတကယ် ခံစားခဲ့ရတယ် အချစ်ကို နားမလည်တဲ့ ကို့အတွက် အချစ်ဆိုတာကို သိလိုက်ရ ချိန်မှာပဲ အဲဒိ အချစ်ကို ရိုက်ချိုးခံခဲ့ရတယ်လေ "
" ဖြစ်ပြီးခဲ့တာတွေ ပြန်မပြောပါနဲ့လား ကိုဇေ Pls "
" အင်းပါ ကိုနယ်ကို အလုပ်နဲ့ရွှေ့သွားပြီး အဲဒိမှာပဲနေ အဲဒိမှာပဲ အခြေချဖို့ စဉ်းစားခဲ့တယ် မိဘတွေကတော့ သဘောမတူဘူး ပေါ့ ဒါပေမယ့် ကို ဇွတ်နေခဲ့တာလေ နောက်ပြီး ကို့အမရဲ့ အကိုရဲ့ မိန်းမဆုံးသွားတာနဲ့အကို့ ဆီကနေ သူ့သားလေးကို အဖော်ရအောင် အတင်းကို တောင်းပြီး ပြုစုပျိုးထောင်ပေးဖို့ တာဝန်ယူခဲ့တယ် "
" အော် ဒါနဲ့ ခုကိုဇေက ညီ့ကို ရှာပြီးလာတွေ့တာ ဘာ ကိစ္စလဲ ဆိုတာမပြောရသေးဘူးနော် "
" အင်း အဲဒါကိုပဲ ပြောမလို့ပါ အဲဒိတူလေးက ကိုနဲ့နေ တာ ၆ နှစ်ရှိပြီ အခုတက္ကသိုလ်တောင် တက်နေပြီလေ သူ့နာမည်က မြင့်မိုရ်ထက် တဲ့ညီ "
" အော် ဒါဆို ညီသဘောပေါက်ပြီ အင်း ထူးဆန်းလွန်း တဲ့ တိုက်ဆိုင်မှု တစ်ခုပဲနော် ညီက ညီ့တူလေး ဒီပါ့ ကို ညီ့လိုဖြစ်မှာ တအားစိုးရိမ်ခဲ့တာ ဒါပေမယ့် သူကအဲဒိလို ဖြစ်လာခဲ့တယ် ကိုဇေ ဒါနဲ့ ညီ့အမနဲ့ တိုင်ပင်ပြီး သူ့ကို မိန်းမပေးစားဖို့ ညီတို့စီစဉ်ခဲ့တာပဲ "
" အခုအဲဒိခလေးကကော အခြေအနေ ဘယ်လိုလဲညီ ကို့တူလေးကတော့ အိပ်ယာထဲကို လဲနေပီ ဘယ်လိုမှ ဖြောင်းဖျလို့ မရဘူး သူ့ကျောင်းက သူငယ်ချင်းတွေကို စုံစမ်းကြည့်တော့မှ အဖြစ်မှန်တွေကို သိရတယ် ဒါနဲ့ ကို လဲ ဒီကိုစုံစမ်းပြီး လိုက်လာတာပါ ညီနဲ့တွေ့ရလိမ့်မယ် လို့လဲ မမျှော်လင့်ထားခဲ့ဘူးလေ "
" ကိုဇေက ဘာဖြစ်ချင်တာလဲ ညီသိလို့ရမလား "
" ကို အတက်နိုင်ဆုံး ဆွေးနွေးပေးဖို့လာတာပါ ဒိလိုမှ မရရင်လဲ လူကြီးမပီသဘူးပဲ ပြောချင်ပြောပါစေ ကို သူ တို့ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ နီးစပ်ဖို့ကူညီပေးမယ် အဲဒါ ဘာလို့လဲ သိလား ညီ ကို့ဘဝတစ်ခုလုံး အချစ်ကြောင့် နာကြင်ခဲ့ရပြီးပြီ သူတို့ဘဝလေးတွေကို ထက်ပြီးမနာ ကြင်စေချင်တော့ဘူး "
" ညီ စိတ်မကောင်းပါဘူး ကိုဇေ ဒီကိစ္စတွေခုလို ဖြစ်ရ တာ ညီ့ကြောင့်ပါ ယောက်ျားခြင်း ချစ်တာကို ညီအပြစ် မဆိုပါဘူး ဒါပေမယ့် Love ထက် Sex ကိုဦးစားပေးတဲ့ ဒိလောကကြီးထဲမှာ ညီ့တူလေးကို နစ်မွန်းသွားမှာစိုးလို့ ခုလိုလုပ်လိုက်တာပါ ခုသူတို့ ဒိလောက်ချစ်နေမှတော့ ညီဘာများ တက်နိုင်ဦးမှာလဲ ညီအရှုံးပေးပါတယ် "
" ဒါဆို ညီက သူတို့ကို သဘောတူပေးတော့မယ်ပေါ့ ဟုတ်လား ဟာ ဝမ်းသာလိုက်တာ ညီရယ် ဒါဆို ခလေး မိဘတွေကို ဘယ်လို လုပ်မလဲဟင် ညီ "
" အမကိုတော့ ညီတဖြေးဖြေးချင်း နားချပေးပါ့မယ် ခု လောလောဆယ်တော့ သူတို့ကို ကျောင်းတစ်ကျောင်း ကိုအတူတူ ပြောင်းပေးလိုက်မယ် ဒိလောက်ပဲရမှာပေါ့"
" ကျေးဇူးတင်လိုက်တာ ညီရယ် ကိုမခံစားခဲ့ရတဲ့ အချစ် ရဲ့ အရသာကို ကို့တူလေးကို ခံစားခွင့်ပေးလို့ပါ "
" ခလုတ်တိုက်မိရင် တိုက်မိတဲ့ ခြေထောက် ဒဏ်ရာ ရသလို အဲဒိခလုတ်လဲ အနည်းငယ်တော့ ယိုင်နဲ့ပြီးကျန် ခဲ့တက်ပါတယ် ကိုဇေ အဲဒိသဘောကို ကိုဇေသိလား "
" ဟင် ဒါဆို ညီက ကို့အတွက်နဲ့ ခံစားခဲ့ရတယ်ပေါ့ မောင် နဲ့ညီ ချစ်သူတွေ ဖြစ်သွား ကြတာမဟုတ်လား "
" ညီတို့ချစ်သူတွေ ဖြစ်ခဲ့တာ မဟုတ်ပါဘူးကိုဇေရာ မောင်ကလဲ သူ့အချစ်တွေကို ကိုဇေရဲ့ အသုံးတော်ခံ မဖြစ်ချင်တော့တာရယ် ညီကလဲ ကိုဇေ့ကိုမယုံရဲတာ--"
" ခနလေး ညီ ကိုကမောင့်ကို Sex အတွက် လက်တွဲ ခဲ့တာ မှန်ပေမယ့် ဒါသူလဲလိုအပ်တယ် လိုချင်နေတယ် လို့ကိုယူဆလို့ပါ ဒါပေမယ့် ကို မောင့်ကို လုံးဝမချစ်ခဲ့ပါ ဘူး ကို ချစ်ခဲ့တာက ညီ တစ်ယောက်ထဲကိုပါ ညီ ခုချိန် ထိလဲ ကို ညီ့အပေါ်မှာ မေတ္တာ မပျက်စောင့်မျှော်စဲပါ "
" အခုညီတို့က ခလေးတွေ မဟုတ်တော့ဘူးလေ "
" ၃၅ ဝန်းကျင်ဆိုတာ အသက်အားဖြင့် တအားမကြီး သေးသလို ခွန်အားအပြည့်နဲ့ သန်မာစွာ ချစ်နိုင်သေးတဲ့ အရွယ်ပါ ညီရယ် ကို့ကို ချစ်ခွင့်ပေးပါကွာနော် "
" ဟာ ကိုဇေကလဲ ခလေးတွေ ကိစ္စအဆင်ပြေတာနဲ့ ချက်ခြင်းနောက်တစ်ဆင့် တက်လာပါလားဗျာ "
" မတက်လို့ မရဘူးညီ ကိုစောင့်နေတာ ၁၀ နှစ်ကျော် နေပြီ အဲဒါဟာ ကို ညီ့ကိုပေးခဲ့တဲ့ ချစ်သက်သေပါပဲ "
" ကောင်းပြီလေ ညီ့ကို အချိန်ခနတော့ပေးပါ ညီ ဒီပါ့ ကိစ္စစီစဉ်ပြီးမှ ညီတို့ ကိစ္စကို စဉ်းစားပါ့မယ် ကိုဇေ "
" ပျော်လိုက်တာ ညီရယ် ကျေးဇူးပါပဲကွာ "
ဒိနေ့ ဦးဇေ မြို့ကပြန်လာမယ်လို့ ဖုန်းဆက်ထားတာ မို့ မြင့်မိုရ် စောင့်နေမိတယ်။အရင်လိုလဲ အပျော်ဆိုတာ မြင့်မိုရ် ဘဝမှာ မရှိတော့။ လူပုံအလည်မှာ သိပ်ချစ်တဲ့ ဒီပါ့အတွက် ကျနော်ဟာ အခြောက်တစ်ယောက်ပါလို့ အော်ဟစ်ဝန်ခံ ခဲ့မိတဲ့ အဖြစ်က တစ္စေတစ်ကောင်လို အမြဲ ခြောက်လှန့်နေဆဲပါပဲ။
" ဟေ့ကောင် မြင့်မိုရ် - - - - - - "
ဒီအသံကိုလဲ နားထဲမှာ အမြဲကြားယောင် မိနေတဲ့ ဒီပါ့ အသံကလဲ ယနေ့ထိ လတ်ဆတ်စွာ ကြားယောင် နေမိဆဲပါပဲ။ ခုထိလဲ ကြားယောင် မိတိုင်းရှာဖွေမိဆဲပါပဲ
ဟာဟိုမှာ ပြေးလာတာဒီပါ သူ့နောက်မှာ လမ်းလျှောက် လာတဲ့ လူနှစ်ယောက်မှာ တစ်ယောက် က ဦးဇေ ပေါ့။
မြင့်မိုရ်နဲ့ဒီပါ တစ်ယောက်ကို တစ်ယောက် တင်းကျပ် စွာ လွတ်ထွက်သွားမတက် ဖက်ထားမိကြတယ်။ ခွဲခွါရ မှာကို သေမှာထက် ကြောက်နေကြပြီလေ။
" ကဲ သားငယ် အိမ်ထဲကို ဝင်ဦးလေကွာ "
" ဦးဇေ ဦးဇေ ဒီပါ့ကို သွားခေါ်ပေးခဲ့ တာလားဟင် သား သားကျေးဇူး တင်လိုက်တာဗျာ "
" ကဲ ကဲ သားတို့အေးဆေး အလွမ်းသယ်ကြဦး ဦးဇေ တို့ မောလာလို့ ခနနားဦးမယ် "
မြင့်မိုရ် ဒီပါ့လက်ကို ဆွဲခါ ခြံထဲကို ပြေးသွားတော့မှ ဇေယျတုလဲ နေနေနိုင့်လက်ကို ဆွဲခါ အိမ်ပေါ်တက်ခဲ့ပါ တော့တယ်။
" ကိုဇေ ခလေးတွေ ရှိရင်တော့ အရိုအသေနဲအောင် မနေပါနဲ့နော် ကိုဇေ "
" ကို နားလည်ပါတယ် ညီရယ် ခုလိုပြန်ပြီး ချစ်ခွင့်ရ တာနဲ့တင် ကျေးဇူးတင်လှပါပြီ ချစ်ညီရယ် လစ်မှပဲ ခိုး စားပါ့မယ် ဗျာ ဟီး "
" ဒါပဲ ကိုဇေက ပြောလိုက်ရင် ဟင်း "
" ဟား ဟား ဟား သန်တုန်းမြန်တုန်း ၃၃ မှ ပြန်တွေ့ တာမင်း ကျေနပ်သင့်တယ် နေနေနိုင်လေးရေ ဟားး "
ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့။
Lamin Lay.
No comments:
Post a Comment