Friday, July 24, 2015

အချစ်ဒဏ်

အချစ်ဒဏ်
*******

  { ပြေးစမ်း မင်းလွတ် အောင်ပြေး နိုင်မလား ငါကပဲ အမိ ဖမ်းနိုင်မလား စောင့်ကြည့် လိုက်ပေါ့ကွာ။ } အံတွေကို တင်းနေအောင် ကျိတ်ရင်း ကျိတ်မနိုင် ခဲမရ ဒေါသတွေ ထွက်နေတာက ဒုရဲအုပ် တေဇမင်းထင်။

   ကြည့်ပါအူး အသတ်ခံရ သူက အမေအို ကြီးကို လုပ်ကြွေး နေတဲ့သူ အခု ဒီမိခင်ကြီး ဘယ်လို ဆက်ပြီး ရပ်တည် မလဲ။ ရှုံးပွဲချ ငိုကြွေး ရမဲ့ အစား တရားနဲ့သာ ဖြေနေတဲ့ အမေအိုကြီး ကိုကြည့်ရင်း တေဇ စိတ်ထိခိုက် လှပါတယ်။

   အမူဖြစ် ပွားရာ ဟိုတယ် ကလဲ သာမန် အလတ်စားမို့ သေဆုံးသူရဲ့ နာမည်နဲ့ မှတ်ပုံတင်သာ လက်ခံ ထားလေရဲ့။ တာဝန်ကျ မန်နေဂျာက

   "  သူတစ်ယောက်ထဲ လာတာပါ နှစ်ယောက်ခန်း ယူပြီး သူ့ဧည့်သည် လာမယ် ဆိုပြီး ခနနေတော့ သူ့အရွယ် ကောင်လေး တစ်ယောက် ရောက်လာ ပါတယ် ခနပဲ ဆိုလို့ ကျနော်တို့ ဝင်ခွင့်ပြု လိုက်တာပါ။  တနာရီလောက် နေပြီး ပြန်ထွက် သွားပါ တယ်။ မနက်ကျတော့ Check out လုပ်ဖို့ သွားခေါ် တာမရတော့ လို့ Master Key နဲ့ ဖွင့်ကြည့်တော့ အခုလို တွေ့ရတာပါ "

  "  ဆရာ ဇော်မင်း အလောင်းကို ဆေးရုံကို ပို့လိုက်ပါ။ အမေကြီးကို တစ်ယောက် ပြန်လိုက်ပို့လိုက်။ ဟိုတယ်က CCTV တွေပြန်စစ်ဖို့ တစ်ယောက်ကို တာဝန်ပေးပါ။
အကြောင်းထူးရင် ချက်ခြင်း ကျနော့စီ ဖုန်းဆက်ပါ။ "
  "  ဟုတ်ကဲ့ပါ ဗိုလ်လေး "
 
    အလောင်းကို သယ်သွားပြီးမှ လူတွေ ရှင်းတော့မှ တေဇ ကုတင်ပေါ် ထိုင်ကာ တခု ခြင်း ပြန်တွေး နေမိတယ်။ ကုတင်ပေါ် ပက်လက်လှန် ဖို့ ရှုးဖိနပ်ကို ငုံ့အချွတ် ကုတင် အောက်ခြေ လေးမှာ အစွန်းလေး ပေါ်ထွက်နေတဲ့ အရာလေး တစ်ခုကို တွေ့လိုက် ရတယ်။ ဆွဲထုတ် ကြည့်လိုက်တော့ ပါကင်ပိတ် ကွန်ဒုံးလေး တစ်ခု။

  ဒါဆို ဒီကောင်တွေ man to man ဖြစ်ဖို့ အစီအစဉ် ရှိပုံရတယ်။ အသာ ယူကာ အိတ်ထဲ ထည့်ထား လိုက်တယ်။ လက်ပွေ့ရာ စစ်ဆေးရ မယ်လေ။ ဘာကြောင့် ဒိလို ရက်စက်စွာ ခေါင်းအုံးနဲ့ ဖိသတ် ခဲ့တာပါလဲ။ သူနဲ့ရန်စ ရှိတဲ့သူ ကဘယ်သူလဲ။ အခု လောလောဆယ် အဓိက သံသယ ရှိသူက သူ့ဆီလာ သွားတဲ့သူ။ ဟူးးးးး။

   တေဇ အခန်းထဲက ထွက်လာတော့ အခန်းဝ နားမှာ ဟိုတယ်က ကောင်လေး တစ်ယောက် သူ့ကိုတွေ့တော့ ပြုံုးပြကာ

  " ကျနော် ဒီအခန်းကို ရှင်းလို့ ရပီလားဗျာ့ "
   "  မရဘူး ဘယ်သူမှ ဝင်ခွင့် မပြုဖို့ မင်းတို့ မန်နေဂျာကို မှာထား တယ်လေ "
   " အော် ဟုတ်ကဲ့ ကျနော်က ဒီနေ့ ဒီfloor မှာ တာဝန် ကျလို့ပါ မသိလို့ပါ ဆရာ "

   တေဇ ဘာမှ မပြောပဲ ထွက်လာခဲ့ လိုက်တယ်။ ဓါတ်လှေ ခါးနား ရောက်တော့မှ စိတ်က တမျိုး ဖြစ်နေလို့ လှဲ့ကြည့် လိုက်တော့ အခန်းဝ မှာကောင်လေး မရှိတော့။ တေဇ ချက်ခြင်း ပြန်လှည့် သွားတော့ အခန်းထဲမှ ထွက်လာသော ကောင်လေးနဲ့ အခန်းဝ မှာဝင်တိုက် မိမလို ဖြစ်သွားလေရဲ့။

   "  ဟ့ မင်းကို မဝင်နဲ့ လို့ပြောထားတယ်လေ မင်းဘာဝင် လုပ်တာလဲ "
    "  ဟိုလေ Air Con ပိတ်တာပါ ဆရာ လူမရှိတော့ ရေတွေ ကျနေ မှာစိုးလို့ "

    တေဇ ထိုကောင်လေး ချောချောလေး ကို သေချာ တစ်ချက် စိုက်ကြည့်ကာ

   "  မင်း နာမည် ဘယ်သူလဲ။ ဒီ ဟိုတယ် မှာဘာ တာဝန် ယူထားလဲ "
  " မှုးအိမ်လဒ် ပါဆရာ HouseKeeping ပါ "
   " အေး ဒီအခန်းကို ငါတို့ မသိပဲ ဒီက မန်နေဂျာ မပြောနဲ့ ဟိုတယ် ပိုင်ရှင်တောင် ဝင်ခွင့် မရှိဘူး မင်းနားလည်လား မင်း သတိထားနေ "
  " ဟုတ်ကဲ့ ဆရာ ကျနော် မဝင်တော့ပါဘူး "

     ကောင်လေးက အခန်းသော့ ခတ်လိုက်တော့ တေဇလဲ ပြန်ထွက်လာ လိုက်သည်။ စိတ်ထဲမှာ တွေးနေမိတာ ဒီကောင်လေး ကရုပ်အလွန် သန့်ပြန့် ချောမော နေပုံက သူဌေးသား တစ်ယောက်လို ပုံစံမျိုး။ အင်း ဟိုတယ် ဆိုတော့လဲ လူရည်သန့်တွေပဲ ရွေးခန့် ထားတာ မဟုတ်လား။ ဖုန်းဝင်လာ တာမို့ ကိုင်လိုက်တော့

   "  ဗိုလ်လေး CCTV မှာ အခန်းနံပါတ် A 801 ကိုလာတဲ့ ချာတိတ်ရဲ့ ပုံ တွေ့ပါပြီ မျက်နှာက တစ်ပိုင်းပဲ မြင်ရတယ် ဆရာ ဆံပင်ရှည်နဲ့ အုပ်နေလို့ "
   " ကျနော် အခုလာပြီ ဆရာ ဇော်မင်း "

    ဓါတ်လှေကား တံခါးဖွင့်တာနဲ့ ဟိုတယ်ရဲ့ Security Room က်ုပြေး ကြည့်မိတယ်။

    "  ဒီမှာ ဗိုလ်လေး Print ထုတ်ထားပီ  "

    တေဇ A4 စာရွက်နဲ့ ထုတ်ထားတဲ့ ပုံကို ယူလိုက်ရင်းက

  "   ကျနော့ကို သူစဝင် လာတာကနေ သူ့ပုံရိပ် ပါတာတွေ အကုန် ပြန်ပြပေးပါ  "

   Computer ကိုင်တဲ့ ရဲတပ်ကြပ်က ခေါင်းကိုငြိမ့် လိုက်ခါ  ရွေ့ရှားနေတဲ့ ပုံရိပ်တွေကို ပြပေးလေရဲ့။ တေဇ သေချာ အာရုဏ်စိုက် ကြည့်နေမိတယ် ၂ ခေါက် အပြီး ၃ခေါက် မြောက် မှာတော့

   " ခနလေး ရပ် အနောက်ကို ပြန်ရစ် Slow နဲ့ ပြန်ကြည့်မယ် "
    "  ရပ် ရပ် အဒိနောက်က ခုန ဖျတ်ခနဲ ပေါ်လာတာကို သေချာပြန် ကြည့်မယ် "

    ဓါတ်လှေကား ထဲက ထွက်လာပြီး လျှောက်လမ်း ဘက်ကို အကွေ့ကင်မရာရှေ့ စအဝင်မှာ သူလူတစ်ယောက်ရဲ့ လက်ကို ဆွဲထားရာကနေ လွှတ်လိုက်တာလေ။ ထိုသူ ရဲ့ပုံရိပ်က တစ်ဝက်သာ ပေါ်လာပြီး ကျန်ခဲ့ တာလေ။ သေချာ မမြင်ရပေ။

   "  တခြား အဝင် အထွက်ကော  ဘာထူးသေးလဲ ဗျာ့ "
   "  ဟို ဝန်ထမ်း တစ်ယောက် တော့ဝင်တာ တွေ့တယ် ဗိုလ်လေး ခနလေး ဒီမှာ "
 
    ဟိုတယ် ဝန်ထမ်းတစ်ယောက် အခန်းထဲ ဝင်သွားတာ တွေ့တယ်။ ဟာ ဒါက ဒါက
ခုန မှုးအိမ်လဒ် ပဲ။

" နေအူး အချိန်ကို သေချာပြန်ကြည့် သူဝင် တဲ့ အချိန်က အပြင်က ဧည့်သည် ရှိမရှိ "
 "  ရှိနေတယ် ဗိုလ်လေး သူအထဲမှာ ၁၅ မိနစ်ကျော် ကြာကြာ နေခဲ့တယ် "

     တေဇ ဟိုတယ် ရဲ့ ၈ လွှာကို ဓါတ်လှေကားနဲ့ အပြေး ပြန်တက်ခဲ့ပြီး ခုန မှုးအိမ် လဒ် ကိုရှာပါတယ်။ မရှိတော့ပေ။ စိတ်တိုတိုနဲ့ အခန်းတံခါး ကိုပိတ် ကန်မိတယ်။

   "  တောက် ဒုန်း "

    တေဇမင်းထင် ဟိုတယ် မန်နေဂျာကို ခေါ်၍ တာဝန်ကျ ကောင်လေး ကိုမေးတော့ သူ မရှိတော့ပါ။ ဒေါသ တွေတလိပ်လိပ် တက်လာ မိတယ်။ ဒါသူ့ကို သက်သက် စိန်ခေါ်သွားတာ။

   ချက်ခြင်း ဖမ်းဝရမ်း ထုတ်ခိုင်းပြီး နယ်မြေ အလိုက် ပိုက်စိတ် တိုက်ရှာဖွေရန် စီစဉ် နေတုန်း စခန်းက ဖုန်းကဝင်လာ ပြန်သည်။

" သေဆုံးသူ ရဲ့ Data တွေရပါပြီ ဗိုလ်လေး "
   " အင်း ပြော "
   "  မောင်ထက်အောင်ရှိုင်း အသက်၂၁ E မေဂျာ နဲ့ ကျောင်းပြီးလို့ Phone company တစ်ခုမှာ ရိုးရိုး ဝန်ထမ်း တစ်ယောက်ပါ။ လက်ရှိ ချစ်သူရည်းစား မရှိပဲ သူနဲ့ အရမ်း ခင်တဲ့ သူငယ်ချင်း တစ်ယောက်ကတော့ ကောင်းခန့်ဇော် ပါ။ အမြဲတမ်း တတွဲတွဲ တွဲ လေ့ရှိတာမို့ သူ့အိမ်လိပ်စာနဲ့ ဆိုင်လိပ်စာ တော့ ရထားပါပီ။ ဒီက လူလွှတ်လိုက် ရမလား ဗိုလ်လေး "
   " နေဦး မလွှတ်နဲ့ သူ့လိပ်စာကို ငါ့ဖုန်းကို SMS ပို့ပေးလိုက် ပြီးတော့ သူ့ကိုစောင့် ကြည့်ဖို့ လူနှစ်ယောက် လွှတ်လိုက် ထူးခြား ရင် သတင်းပို့ ဒါပဲ "
 
   ကောင်းခန့်ဇော် တဲ့ သူက ဒီဟိုတယ်ကို လာတဲ့သူ ဖြစ်နိုင်ပါတယ်။ ဒိကောင်တွေ ဘယ်လို ဇာတ်လမ်း ရှုတ်ထား တာလဲ။ လူသတ် ရလောက်တဲ့ အဓိက အကြောင်း အရာ ဘာလဲ။ ပြီးတော့ ကွန်ဒုံးတစ်ခု ဒါက ဘာသဘောလဲ။

   မှုးအိမ်လဒ် ကကော ဘယ်လို ပက်သက် တာလဲ။ သူက ဒီဟိုတယ်မှာ အလုပ်ဝင် တာ မကြာသေးဘူး ဆိုတော့ ဒါက ကြံစည် မှုဖြစ်နိုင်တယ်။ တေဇ ဟိုတယ် ကနေ ကားလေးနဲ့ ထွက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်မှာ မနက်စာ ဝင်စားတယ်။ အချိန် က အတော်ပင် လွန်နေပီမို့ စားလို့ လဲမဝင်တော့ စိတ်ကလဲ အမှုထဲမှာသာ တဝဲဝဲ လည် နေတာလေ။

   ------ 2: 00 Pm --------

" ဟယ်လို ကောင်း အခြေအနေ ဘာထူးလဲ "
    "  မသိဘူး ဘာမှလဲ မသိချင်ဘူး မှုး ငါ စိတ်တွေ တအားခြောက်ခြား နေပီငါဘယ်လို လုပ်ရမလဲ ဟင် ငါတို့ ပြေးကြ ရအောင် "
   " အေးပါ ငါအခု စီစဉ် လိုက်အူးမယ် ပြီးမှ ဖုန်းပြန် ဆက်မယ် ဘာမှ စိတ်မပူ နဲ့နော် ပုံမပြက်နေပါ အခုလောက် ဆို မင်းကိုလဲ စောင့် ကြည့်နေ လောက်ပီ "
   " ငါ စိတ်ညစ် လိုက်တာ မှုးရာ ငါ သေသာ သေလိုက်ချင်တော့တယ် "
   " ဘာမှ စိတ်မညစ်နဲ့ ကောင်း မင်းဘေးမှာ ငါတစ်ယောက်လုံး ရှိတယ် "
   " မသိတော့ဘူးကွာ မင်းအဆင်ပြေ အောင်သာလုပ်တော့ "
    "  အေးပါကွာ ငါမင်းကို အရမ်းချစ်တယ် ကောင်း "
   " ငါလဲ ချစ်တယ် မှုး အရမ်းကို ချစ်ခဲ့တာပါ "

--------  4: 35 Pm --------

   "  ဟယ်လို မှုး ပြော ဒီမှာတော့ ဘာမှ မဖြစ်ဘူး ဒိတိုင်းပဲ "
    " သူတို့ စောင့် ကြည့် နေတာ ဖြစ်မယ် ကောင်း သတိတော့ထား ဆိုင်ပြင်ကို မထွက်နဲ့နော် "
    "  အင်း ဆိုင်က ကောင်မလေး တွေကို နေမကောင်း ဘူးလို့ မှာထားတယ် "
   "  ဒီည ၈ နာရီလောက် ကောင်း အဝေးပြေး ဂိတ်ကို လာခဲ့ ဘားအံ သွားတဲ့ ရွှေနဒီ ဂိတ်မှာ မှုးစောင့်နေမယ် အဲဒိကနေ မြဝတီ တက်ပြီး ထိုင်းဘက်ကို ကူးမယ် "
   " ဆိုင်ကိုက ဒိတိုင်း ထားခဲ့ရမှာလား မှုး "
   " ထားခဲ့ ကောင်း ကောင်းမရှိ ရင် ကောင်း အိမ်က သူတွေ လိုက်လာမှာပဲ "
   " အင်း ဟုတ်ပါပီ ဘာတွေ ယူခဲ့ရမလဲ "
   " ဟာ ဘာမှ မယူနဲ့ လွယ်နေကျ ကျောပိုး အိတ်လေး ထဲကို ပိုက်ဆံ ရှိသလောက် ထည့်ခဲ့ အဲဒါဆိုရပြီ "
    "  အင်း "

      *     *      *      *      *      *

   " ဆရာ မင်းဇော် လက်ပွေ့ရာ ရပြီလား "
   " အခုပဲ ရတာ ဗိုလ်လေး ကွန်ဒုံးအိတ်ခွံမှာ မှုးအိမ်လဒ် ရဲ့ လက်ပွေ့ရာနဲ့ သေဆုံးသူရဲ့ လက်ပွေ့ရာတွေ တွေ့ပါတယ် ဆရာ "
    " မှုးအိမ်လဒ်ရဲ့ Data တွေကကော "
   "  အသက် ၂၁ ပဲ။ အရင်က မန္တလေးက ဟိုတယ် တခုမှာ လုပ်ဖူးတယ် ပြစ်မှု ဟောင်းတော့ မရှိဘူး။ လက်ရှိ သူ့လိပ်စာက တော့ အဆောင် တစ်ခုပဲ အဲဒိအဆောင် ကနေ အလုပ် ရတော့ ဟိုတယ်ကို ပြောင်း နေတာလို့ သိရပါတယ် "
    " သူနဲ့ ပက်သက် သူတွေကကော "
    " အဲဒါကတော့ နယ်က လာတာမို့ သေချာ မရှိဘူး ဗိုလ်လေး ဒါပေမယ့် ကောင်းခန့် မင်း နဲ့ကတော့ အရင် သူနေတဲ့ ဘော်ဒါဆောင် နဲ့ ကောင်းခန့်မင်းရဲ့ ဖုန်းဆိုင်က နီး တော့ ခင်မင်တယ်လို့ သိရပါတယ် "
  " ဟုတ်ပြီ ဆရာ ဇော်မင်း ဆက်လုပ်ပါ "

    တေဇ ဖုန်းချလိုက်ကာ ဆေးလိပ်ကို ထုတ်ကာ မီးညှို မလို့ လုပ်နေတုန်း ဖုန်းက ဝင်လာ ပြန်တာမို့ ကိုင်လိုက်တော့

    " ဗိုလ်လေး ကောင်းခန့်ဇော် ဒိနေ့ ဆိုင်ကို ၆ နာရီပဲ ရှိသေးတယ် ပိတ်နေပါပီ အရင်က ည ၉ နာရီထိ ဖွင့်တာလို့ သိရပါတယ် "
    "  အင်းပြီး တော့ကော သူ့ကိုကော တွေ့သေးလား "
    "  သူ အထဲ မှာတော့ ရှိတယ် ဗိုလ်လေး သူ့ဆိုင်က ကောင်မလေး တွေကို စုံစမ်း ကြည့်တာတော့ သူတို့ ဆိုင်ရှင် နေမကောင်း လို့ စောစော ပိတ်တာတဲ့ "
   "  သေချာ စောင့်ကြည့်ထား အမိန့်မရပဲ တိုက်ရိုက် လုံးဝ မလှုပ်ရှုား ပါနဲ့ ကျနော် အခု လာခဲ့မယ် "

    တေဇမင်းထင် ကောင်းခန့်ဇော် တို့ ဆိုင်နားက လက်ဖက် ရည်ဆိုင် ကိုရောက် တော့ ည ၇ နာရီထိုးပါပြီ။ တာဝန်ကျ ရဲအကြပ် တစ်ယောက်နဲ့ အတူ ထိုင်လိုက်ပြီး ကော်ဖီ မှာနေတုန်း ကောင်းခန့်ဇော် တို့ ဆိုင်ထဲမှ လူတစ်ယောက် ထွက်လာပါပီ။

    သေချာပါတယ် ဒါ ကောင်းခန့်ဇော် ပဲ။ ငွေကြေး တက်နိုင်ပြီး ခေတ်မှီတဲ့ အပြင် အဆင်ကြောင့် ကိုရီးယား မင်းသားလေး တစ်ယောက်လို ပြေပြစ်စွာ ကြည့်ကောင်း လှပါတယ်။ ဆံပင်ရှည် တွေက ပုခုံးပေါ် မှာဝဲနေ တာလေ။ ကျောပိုး အိတ်လေး လွယ်ထား ပေမယ့် သာမန် ပုံစံပါပဲ။ ခရီးသွား မယ့်ပုံတော့ မပေါ်ပါ။

 " ဗိုလ်လေး ကျနော်ကော လိုက်ခဲ့ရ မလား "
 "  ရပြီ ခများပြန် နားတော့ ကျနော့ ကားနဲ့ ကျနော် လိုက်သွား တော့မယ် "
  " လေးစားပါတယ် ဗိုလ်လေး "
   
    ပါးစပ်နဲ့ပဲ အလေးပြု တာလေ အခုက တာဝန် ချိန်ကိုး။ သူခေါင်းညိတ် ပြလိုက်ရဲ့။
ကောင်းခန့်ဇော် Taxi တစ်စီး ငှားပြီး ထွက်သွားတော့ တေဇ လဲ နောုက်ကနေ လိုက် လာပါ တော့တယ်။

    " မှုး ကောင်း ထွက်လာပြီနော် မှုးကော ရောက်ပြီလား "
   " ရောက်ပီ ကောင်း လမ်းမှာလဲ သတိထား ဦးနော် အနောက်ကနေ ပါလာဦးမယ် "
   "  အင်း မှုး လဲ သတိထားနော် ဒါပဲ အနား ရောက်မှ ပြန်ဆက်မယ် ချစ်တယ် "
   " Ok ကံကောင်းပါစေ ကောင်း အရမ်း ချစ်တယ် နော် "

     ကောင်း ဖုန်းချလိုက်ပြီး ဘေးဘယ်ညာကို တစ်ချက် အခြေအနေ ကြည့် မိတယ်။
ကောင်းတို့ ကားလေး ပွိုင့်မိတော့ ဘေးမှာ လာရပ်တဲ့ ကားကို ငဲ့ကြည် မိတော့ သူတို့ ထက် အနည်းငယ် ကြီးလောက်တဲ့ လူချောတစ်ယောက် တည်ကြည်တဲ့ မျက်နှာပေါက် က ခန့်ငြားတဲ့ အသွင် ဆောင်နေလေရဲ့။

      ကောင်း ကြည့်နေတုန်း သူကလဲ ကောင်းဘက် လှည့်ကာ ပြန်ကြည့်လာပြီး နှုပ်ခမ်းလေး တဖက် တွန့်ကာ ပြုံးပြ တာမို့ ကောင်း စိတ်ထဲ တမျိုး ဖြစ်သွားရတယ်။
ကောင်းတို့ ကားလေး ထွက်လာတော့ သူ့ကားကလဲ မှန်မှန်လေး ပါလာ ပါတယ်။
သူက ဘာလဲ ရဲများ ဖြစ်နေမလား။

    အဝေးပြေး နားရောက်တဲ့ ထိကားလေးက ပါလာတာမို့ ကောင်း စိတ်တွေ လှုပ်ရှုား လာကာ မှုးကို ဖုန်းဆက်မလို့ လုပ်လိုက်ပြီး မှ မဆက်တော့ပဲ Taxi သမားကို

  "  အကို ကားကို အဝေးပြေး ထဲ တပတ် ပတ်မောင်းပြီး ပြန်ထွက်မယ်  "

    " ညီလေးက မဆင်းတော့ ဘူးလား ဘယ်လို ဖြစ်လို့လဲ "
   "  ဘယ်လိုမှ မဖြစ်ဘူး အကို မြန်မြန်လေး မောင်းပါ ဗျာ လုပ်ပါ  "

    ကောင်း အနောက်ကို လှည့်ကြည့်ကာ ဂနာ မငြိမ် ဖြစ်နေ တာမို့ ကားသမား က

   " ကားဝန်း ထဲမှာ တော့ဘယ် လိုမှ အမြန် မောင်းမရ ဘူး ညီလေးရ  "

   ကားကလဲ ကားဝန်းထဲ စဝင် နေပြီ နောက်က ကားကလဲ ကပ်ပါ လာတာမို့ မှုးကို ဖုန်းခေါ် လိုက်ကာ

   "  ဂိတ်ထဲ ကနေ အပြင် လုံးဝ မထွက်နဲ့ မှုး အနောက်မှာ ကားတစီး ကပ်ပြီး ပါလာ လို့ ကောင်း အဆင် ပြေသလို လုပ်ပြီးမှ လာခဲ့မယ်  "
   "  ကောင်း မကြောက်နဲ့ အဆင်ပြေ သွား လိမ့်မယ် မှုး ဒီကပဲ စောင့်မယ်  "
  "  ကားထွက် ခါနီးလို့မှ မရောက်ရင် မှုး လိုက်သွား ဖြစ်အောင် လိုက်သွားပါ  "
  "  ဟာ မဟုတ် တာပဲ မှုးစောင့် နေပါ့မယ် ကောင်းရယ်  "
  " ကောင်း ကို ချစ်ရင် ပြောတာ နားထောင်ပါ မှုးရယ် အကို မြန်မြန်လေး မောင်း "

    အနောက်က ကားက ကပ်လာ ပြီမို့ ကောင်း စိတ်တွေ လှုပ်ရှုား လွန်းနေ ပါပြီ။ အရေးထဲ အရှေ့မှာ ကားကြီး တစ်စီးက ပိတ်မိ နေပြန်တော့ ကောင်း ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထိုးထည့် ကားပေါ်မှာ ပိုက်ဆံ တချို့ ပြစ်ချကာ ကားပေါ် ကနေ ဆင်းလိုက်ခါ ခပ်သွက်သွက်လေး လျောက်နေမိတယ်။

   တေဇ ဒီလို ဖြစ်မှာ စိုးလို့ အစောထဲက ကားကို ဘေးကပ် မောင်းကာ မှန်တွေ အကုန် ပိတ်ထား ခဲ့တာ။ ကောင်းမင်းခန့် ကားပေါ်က ဆင်းတာ တွေ့တော့ တေဇလဲ ချက်ခြင်း ကားရပ်ကာ ဆင်းပြီး အမြန် လိုက် ရတော့တယ်။

    ကောင်း အနောက်ကို လှည့်ကြည့်တော့ ထိုသူ လိုက်လာ နေပါပီ။ လမ်းကြား တခု ထဲသို့ ဝင်လိုက်ခါ  ကားကြီးတွေ တန်းစီ ရပ်ထားတဲ့ ကြားထဲကို လှစ်ခနဲ ပြေးဝင် လိုက်တယ်။ ထိုလူကလဲ ကပ်ပြီး အပြေး လိုက်လာ တာမို့ မထူးတော့ တာနဲ့ ကောင်း ပြေးပါ တော့တယ်။

    တကယ်တမ်း လေ့ကျင့်သား ပြည့်ဝနေတဲ့ သူနဲ့ သူဌေးသား ခပ်ပျော့ပျော့လေး ဘယ်လိုမှ မယှဉ်နိုင်ပါ။ တေဇ အနောက် ကနေ ကောင်းရဲ့ ဂုတ်ပိုး ကိုဆွဲ ထားကာ

  "  မင်းပြေး ဖို့ မစဉ်းစားနဲ့ ကောင်းမင်းခန့် ငါနဲ့ လိုက်ခဲ့  "

   တေဇ ကောင်းကို လက်ပြန် လက်ထိပ် ခတ် လိုက်ခါ သူ့ကား ရှိရာက်ု ခေါ်ခဲ့ ပါပြီ။

   " ဟယ် ဟို အဖမ်းခံ ရတာလေး က မင်းသား လား သေချာကြည့်စမ်း "
   " ဟဲ့ ဖမ်းတဲ့ သူကလဲ ချော လိုက်တာ ခန့်ချောကြီး "
    " ကောင်လေး သနားပါတယ် ဟယ် "
    " ရုပ်ကလေး သနား ကမားနဲ့ အဲ့လို ဟာတွေလဲ ရှိသေး တယ်နော် "

    တေဇ ကားလေး ကို မြို့ပြင် ထောက်ကြံ့ ဘက်ကို မောင်းခဲ့ လိုက်သည်။ အဝေးပြေး လမ်းမရဲ့ တစ်နေရာ အရောက်မှာ ကားကို ရပ် လိုက်ခါ ကားပေါ်မှ ဆင်းပြီး အနောက် ခန်းထဲ ရှိ ကောင်း နားမှာ ဝင် ထိုင် လိုက်သည်။ ဆေးလိပ် တစ်လိပ် ကိုထုတ်ကာ ဖွာလိုက်ပြီး မှ

   "  မင်းတို့ ဘာလို့ သူ့ကို သတ်လိုက် တာလဲ ငါ့ကို ပြောပြပါ "
   "  ဘာမှ ပြောစရာ မရှိဘူး ခများ လုပ်ချင် တာလုပ် "
   " အင်း အခု မှုးအိမ်လဒ် ဘယ်မှာလဲ "

    ကောင်းက မျက်နှာကို မော့ လိုက်တာမို့ ဆံပင်တွေ ကြားက ကောင်းရဲ့ မျက်နှာ လေးက တကယ်ကို ချောမော လှပနေ ပါတယ်။ နှုပ်ခမ်း တွေကို တဖက်ထဲ ကွေးညွတ် သွားအောင် ပြုံးပြ နေတာက ပမာ မခန့် ပေါ့။ မပြော နိုင်ဘူးပေါ့။

  " မင်းတို့က ဘာတွေလဲ ဘာဖြစ်လို့ သူ့ကို သတ်တာလဲ ပြောပြပါ ကောင်းခန့်ဇော် "
  "  လုံးဝ မပြော နိုင်ဘူး "
 
   တေဇ ကောင်း ဘက်ကိုလှည့် လိုက်ကာ ကောင်း ပေါင်ကို ပုတ်လိုက်စဉ် ဘောင်းဘီ ထဲမှ ဖုန်းက မီးလင်း သွားတာမို့ တေဇ ဖုန်းကို နှိုက်ထုတ် လိုက်တော့ ဖုန်းက ဝင်နေ တုန်း တဖက်ကလဲ မချသေး နားထောင် နေပုံ ရတာမို့

   "  မှုးအိမ်လဒ် မင်းအခု အဝေးပြေး ထဲမှာ မဟုတ်လား ထွက်ပေါက်တွေ အကုန် ငါတို့ ပိတ်ပြီး စစ်ဆေးနေတယ်။ မင်းလွတ် အောင်သာ ပြေးပေတော့ ဟုတ်ပီလား "
   "  ခနနေဦး အခု ကောင်း ဘယ်မှာလဲ "
   " သူ ငါ့ကားပေါ်မှာ "
   " မြို့ဝင် လမ်းဆုံနားမှာ မှုး  "
   "  ဒီကိစ္စ က ကျနော့ကြောင့် ဖြစ်တာပါ ခများ အခု ကောင်းကို လွှတ်ပေး လိုက်ပါ ကျနော် အဖမ်းခံမယ် "
   "  မှုး အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ ဒါ ကောင်းလုပ်တာ ကောင်းဖာသာ ခံမယ် "
  " ကောင်း ကောင်း ဘာမှ မကြောက်နဲ့နော် မှုးရှိတယ် မှုးအပစ်တွေ မှုး ဝင်ံခံမယ် "
   "  မှုး မင်းအဖမ်း ခံရပီ ဆိုတာနဲ့ ငါအလောင်းကို ကြည့်ဖို့ ပြင်ထား "
   " နေကြဦး မင်းတို့ သိပ်ချစ်ကြ ပေမယ့်လဲ တကယ် အပစ်ရှိတဲ့သူ ပဲအပစ်ပေး ခံရမှာပါ "
   " ဖုန်းချ လိုက်တော့ ကျနော် အားလုံး ပြောပြမယ် "
   "  ကောင်း မင်း မဟုတ်တာတွေ မပြောနဲ့ မှုး ပြောပြမယ် သူတို့စကား နားမယောင် နဲ့ ကောင်း "

    ဖုန်းက ရုတ်တရက် ကျသွားတာမို့ မှုး ဒေါသတွေ ဖြစ်ခါ ဘာလုပ် ရမှန်း မသိတော့။ အဖမ်းခံ လို့တော့ မဖြစ်သေး။ ကောင်းကို သူကယ် ထုတ်ရမယ်။ မှုး ဘာမှ စဉ်းစား မနေ တော့ပဲ။ အဝေးပြေး ကားဂိတ် နောက်ဖက် ရှိ သုသာန် ဘက်ဆီသို့ သွားပါ တော့တယ်။ သူသာန်တွေ ထဲကနေ တယောက်ထဲ ဖြတ်ပြေး နေတဲ့ မှုး။ ကြောက်စိတ် ထက် ချစ်သူကို ကယ်ဖို့ သာအရေး ကြီးနေတာကိုးးး။

     သုသာန် တွေထဲကနေ ဖြတ်ပြီး မင်္ဂလာဒုံ စက်မှုဇုံ ဖက်ကနေ ပြန်ထွက် လိုက်တော့ အဝေးပြေး ကားလမ်းမပေါ် သို့ပြန်ရောက် တက်လာခဲ့တယ်။ လူက တစ်ကိုယ်လုံး ခြွေးတွေ ရွှဲနစ် နေပြီး အလှပ်လှပ် နဲ့ မောဟိုက် နေပါပြီ။

    တေဇ ကောင်း ကိုသေချာ စိုက်ကြည့် နေလိုက်ပြီးမှ

   "  မင်းတို့က ချစ်သူ တွေလား "
   " ဟုတ်တယ် "
   
   တေဇ တချက်ပြုံး လိုက်ပြီး သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီ မှခါး ပတ်ကို ချွတ်နေ တာမို့ ကောင်း လန့်သွားကာ ကား တံခါးဘက်ကို ကပ်လိုက်ပြီး

   " ခများ ခများ ကျနော့ အသားက်ု မထိနဲ့ နော် ကျနော့်ကို တခုခု လုပ်ရင် ခများကို တရားပြန်ဆွဲမယ် ကျုပ်ဦးလေးက ပြည်နယ် အထက်တန်း ရှေ့နေကြီးဗျ "
   "  ဟား ဟား ဟား  "

   တေဇ ရယ်နေလိုက်ပြီး ဘောင်းဘီ ကျယ်သီးများကို စတင်ဖြုတ်နေပါတော့ တယ်။

    တေဇ ဂျင်းဘောင်းဘီ ကြယ်သီး ၃ လုံးကို ဖြုတ် လိုက်ပြီးမှ ကောင်း လက်လှဲ့ကာ

  "  ဘာမှ အရေး မပါတဲ့ အချစ် ဆိုတဲ့ အရာ အတွက် တန်ဖိုးကြီး လှတဲ့ လူ့အသက် တစ်ချောင်းကို မင်းတို့ သတ်ခဲ့တာ ပေါ့ ဟုတ်လား ဘာလဲကွ မင်းတို့ ယောက်ျားချင်း ချစ်တယ်ဆိုတာ အဓိက ကဒါပဲ မဟုတ်လား လုပ်စမ်းပါ မင်းဆန္ဒ ရှိရင် ငါကလဲ ယောက်ျား ပီသတဲ့ အနေအထား အပြည့် ရှိပါတယ် ဘယ်လိုလဲ "

   တေဇက ဘောင်းဘီ အပေါ်နားကို ဟထားကာ တင်ပါးကို ကော့၍ ပြတော့

  " ခင်များ မမိုက်ရိုင်းနဲ့ ခများပြော သလိုဆို လီးတစ်ချောင်း ရဖို့ ငွေတစ်သောင်း မကုန်ဘူး ရင်ဘတ် ထဲက လာတာ ချင်း အတူတူကို မိန်းမ တွေကို ပေးမှ ယောက်ျား ပီသတဲ့ အချစ် လို့ ခေါ်တာလား သွားစမ်းပါ ဗျာ အဲဒိလို သာလုပ်ကြေးဆို ကျုပ်တို့ ချီးပါချိန် တောင်ရ မှာ မဟုတ်ဘူး  "
  " ဟားး မင်းက စကား တက်လှ ချည်လား လူကတော့ ကြောက် သလိုလို ပုံလေးနဲ့ ဒီမှာ ဟေ့ကောင် မင်း စောက်ပိုတွေ လျောက်ပြော မနေနဲ့ မင်းလို ချင်တာ ငါလုပ်ပေး မယ် မင်းတို့ ဘာလို့ သူ့ကို သတ်လိုက် တယ် ဆိုတာ ငါ့ကို ပြောပြ "
  "  ခများလည်း ရုပ်ကတော့ တကယ့် လူရှိန် စရာ ဦးနှောက်က ပုဇွန်ဦးနှောက် ယောက်ျား ချင်း ကြိုက်တိုင်း လီးမြင်ရင် ငမ်းငမ်း တက်နေကြတာ မဟုတ်ဘူးဗျာ့ ကျုပ်တို့မှာ နားလည်မှုတွေ ခွင့်လွှတ် သည်းခံမှု တွေနဲ့  တည်ဆောက် ထားတဲ့ ခိုင်မာ တဲ့ အချစ်တွေ ရှိတာ ခများ မသိသေး ပါဘူး  "
 "  နားလိုက် စမ်းပါကွာ လာဟေ့ကောင် မင်းဘာ လုပ်ရမလဲ သိတယ် မဟုတ်လား မင်းတို့ အဲဒိ ညကတောင် လုပ်ဖို့ ကွိုင်တွေ ယူလာ သေးတယ်လေ "
 "  အဲဒါ ကျုပ် ယူလာတာ မဟုတ်ဘူး ဟိုကောင် ကျုပ်ကို လုပ်ဖို့ဝယ်ထားတာ "
  "  အေးလေ မင်းတို့ လုပ်နေကျပဲ ငါ့ကိုလဲ မင်းပြုစု ပေးပေါ့ကွ "
  " သူ ကျနော့်ကို အဲဒါနဲ့ အနိုင်ကျင့် နေတာ ဗျာ့ ဟီးးးးးးဟီးးးး "

   ရုတ်တရက် ငိုချ လိုက်တဲ့ ကောင်း ရဲ့ ပုခုံးကို တေဇ တချက် ပုတ်လိုက်ကာ

  "  အဲဒါ လောက်နဲ့တော့ မင်းသူ့ကို မသတ် သင့်ဘူးလေ ကောင်းခန့်ဇော် "
 
  လမ်းဘေး ထိုးရပ် ထားတဲ့ သူတို့ ကားလေး ကိုကျော် သွားပြီးမှ ရပ်လိုက်တဲ့ အဝေးပြေး ကား တစ်စီးကြောင့် သူတို့  နှစ်ယောက် စလုံး လှမ်းကြည့် ကြမိရဲ့။

  "  မှုး "
  "  မှုးအိမ်လဒ် "

   တေဇ ဘောင်းဘီ ကြယ်သီးကို တက်ခါ ကားပေါ်မှ ဆင်းလိုက်တယ်။ မှုး ကတော့ တလှမ်းခြင်း သူတို့ဆီ လာနေ ပါတယ်။ ကောင်းလဲ ကားပေါ် ကနေ ဆင်းလိုက်ရော

   " ကောင်း "
   " မှုးရယ် ဘာလို့ လိုက်လာ တာလဲကွာ ဒုက္ခ ပါပဲ "
   " မင်း အဲဒိ နားမှာပဲ ရပ်နေပါ မှုးအိမ်လဒ် "
   " ကျနော့ ကိုဖမ်းပြီး သူ့ကို လွှတ်ပေး လိုက်ပါ သူက ဘာ အပစ်မှ မရှိပါဘူး "
   " မဆိုင်ဘူး ဒီကိစ္စက ကျနော် လုပ်တာ မှုးနဲ့ မဆိုင်ပါဘူး "
   "  မင်းတို့ အဲဒါက်ု စခန်းရောက်မှ ရှင်းရမှာ လေ အပစ် ရှိတဲ့သူဆို ခံရမှာပဲ မင်းတို့ နှစ်ယောက် အတူတူ တိုင်ပင်ပြီး သတ်လိုက် တာ ရှင်းနေတာပဲလေ "
  "  မှုး မင်းကို့ ဖာသာ ပြန်သွား ပါ ငါပြောတာ မင်းနားထောင် ဟိုးမှာ လာနေတဲ့ ကား အရှေ့မှာ မင်းငါ့ကို မြင်ချင်လား မြန်မြန်ဖြေ "
   "  ပြန်ချင်တိုင်း ပြန်လို့ မရသလို မင်းလဲ လုပ်ချင်တိုင်း လုပ်လို့မရဘူး "

   တေဇ ချိုင်းကြားထဲက သေနတ်ကို ဆွဲထုတ်လိုက် ပြီး ကောင်း ကိုချိန်လိုက်ကာ

    " မင်း လမ်းမပေါ် တလှမ်း တိုးတာနဲ့ မင်းခြေထောက်ကို ငါပစ် ရလိမ့်မယ် "
    " ကောင်း မလုပ်ပါနဲ့ ငါတောင်း ပန်ပါတယ် ကွာ ငါ့ကို ချစ်တယ် ဆိုရင် ငါပြောတာ နားထောင် ပါကွာနော် "
     " မြန်မြန် ပြော မှုး ကားဒီနား ရောက်တော့ မယ် "
    " မင်း တစ်လှမ်းမှ မတိုးနဲ့နော် ကောင်းခန့်ဇော် "
    " ကောင်း "

   အရှိန်ဖြင့် မောင်းလာသော အဝေးပြေး ကားကြီးက သူတို့နား သို့ရောက် လုနီးပါပြီ။

    "  ငါသေသွားရင် အပစ်တွေ အားလုံး ငါယူသွားမယ် နောက်ဘဝမှ ငါတို့ ပေါင်းကြ မယ် မှုး မင်းကို ငါအရမ်း ချစ်တယ် "
    " ဒိုင်း "
    "  ကောင်းးးးးးးးးးးးး "
    "  ကျွီးးးးးးး "

    ကားလမ်း ဘက်သို့ ကောင်း ပစ်လှဲ အချမှာပဲ တေဇ ရဲ့ သေနတ်သံနဲ့ အတူ မှုးရဲ့ အော်သံ တွေတပြိုင်နက် ထွက်ပေါ် လာပါ တော့တယ်။ တဆက်ထဲ မှာပဲ ကားကြီး ဆီမှ ဘရိတ်နင်း လိုက်သံ ဆူညံစွာ ကြားရလေရဲ့။

    ကောင်းရဲ့ခေါင်းက ကားကြီးရဲ့အောက်မှာ မှုး မျက်စိတွေ ပြာခနဲ ဖြစ်သွားကာ ပစ်လဲ ကျသွားပါ တော့တယ်။

   မှုး သတိယ လာတော့ ဆေးရုံ မှာပါ။ ဘေးမှာ တေဇ နဲ့အတူ ရဲနှစ်ယောက် စောင့်နေ လေရဲ့။ သတိရ လျင်ရခြင်း မှာပဲ

    " ကောင်း ကောင်း ကောင်း ဘာဖြစ်သွား သေးလဲ ကောင်း ဘယ်မှာလဲ "
    " သူ ဘာမှ မဖြစ်ပါဘူး ရှိပါတယ် "
   " ကျနော် ကောင်းနဲ့ တွေ့ပါရစေ ဒီလူသတ်မှုက ကျနော် တရားခံပါဗျာ "
   "  ကောင်းပီလေ မင်းတို့ အဲဒိနေ့က ဖြစ်ပျက်ခဲ့ သမျှတွေ အကုန် အမှန် အတိုင်း ပြောပြပါ အဲဒါဆို ငါ တွေ့ခွင့် ရအောင် လုပ်ပေးမယ် "
   " ကျနော် ပြောပြပါ့မယ် ဗျာ "

      *     *     *     *     *     *      *

    ကောင်းက ကျောင်းပြီးတော့ ကိုယ်ပိုင် ဖုန်းဆိုင်လေး ဖွင့်ဖို့အတွက် ဖုန်းနဲ့ ပက်သက် တဲ့ သင်တန်း တစ်ခုကို တက်ရင်း ဖုန်းကုမ္မဏီ တခုမှာ အလုပ်လျှောက်ဖို့ ဖုန်း အကြောင်း လေ့လာဖို့သင်တန်း လာတက်တဲ့ ထက်အောင်ရှိုင်းနဲ့ ဆုံကြတာပါ။

   ရှိုင်းက လူချောလေး ဖြစ်သလို အမေအိုကြီးနဲ့ နှစ်ယောက်ထဲ နွမ်းပါးစွာ ရုန်းကန် နေရသူမို့ ကောင်းက သနားကာ ကူညီပေးရင်း ရင်းနှီး ခဲ့ကြတာလေ။ သင်တန်းပြီးလို့ ကိုယ်ပိုင် ဆိုင်လေး ဖွင့်ဖို့ ကောင်းနေရာရွေးပြီး ဆိုင်လေးကို ပြင်ကြတယ်လေ။

   အဲဒိနေ့က မိုးလဲချုပ်ပြီး ပင်ပန်းနေတာ ကြောင့်ရှိုင်းနဲ့ ကောင်းက ဒီဆိုင်သစ် လေးမှာပဲ အတူ အိပ်ကြဖို့ သဘော တူလိုက်ပါတယ်။ ရှိုင်းက ပင်ပန်းလို့ ဆိုပြီး ဘီယာ တစ်ပုလင်း ရေခဲသေတ္တာ ထဲက ဖောက်သောက်ပြီး အရင် အိပ်သွား ပါတယ်။

    ကောင်းက ဆိုင်ထဲမှာ လိုတာတွေ ပြင်ဖို့ဆင်ဖို့ လိုက်ကြည့် ပြီး အိပ်ခန်းထဲ ဝင်လိုက် ချိန်မှာတော့ ကောင်းရဲ့ သွေးတွေ ဆူပွက် လာပါ တော့တယ်။ အင်ကျီ မပါပဲ အိပ်ပျော်နေတဲ့ ရှိုင်းက ပုဆိုးကို ရင်ဘက် ပေါ်ထိဆွဲ ဖုံးထား ပေမယ့် အောက်က  အိပ် ပျော်ရင်း လက်နဲ့ ကုတ်ပြီး ပြန် မအုပ် မိတာလား မသိ အောက်စက ဆီးစပ် အပေါ် ပိုင်းထိ တက်နေ တာမို့ ရှိုင်းရဲ့ မမြင် အပ်တဲ့ အရာ တွေက ငွါးငွါးစွင့်စွင့် ကြွားဝံ့စွာ ပေါ်ထွက် နေပါတယ် ။

    ကောင်း လက်တွေ တဆက်ဆက် တုန်ယင် နေပြီး မျက်စိက ထိုအရိုး မရှိတဲ့ နေရာ ကနေ မခွါ နိုင်တော့ အောင်ပါပဲ။ ကောင်း အသက်ရှု အောင့် လိုက်ပြီး ခေါင်းလေး တဖြေးဖြေး ငုံကာ အနံ့ ခံလိုက် မိတယ် ဆိုရင်ပဲ အကြောပေါင်း ထောင်သောင်း မက ထကြွ လို့လာပါတယ်။

   တကယ့်ကို ဆွဲမက်ဖွယ်ရာ အနေ အထားနဲ့ လှလှ ပပကြီး ဆွဲဆောင် နေတာကိုး။ ကောင်းလက် တွေက ထိုအနား ရောက်သွား လိုက် ပြန်ရုပ် လိုက်နဲ့ ရင်တွေလဲ တဒိန်း ဒိန်း ခုန်လို့ပေါ့။ နောက်ဆုံး ဆုံးဖြတ်ချက် တခုကို ကောင်းချလိုက်ပြီး ထို အခန်းထဲမှ အပြင် ထွက်လာကာ ဧည့်ခန်း ဆိုဖာ ပေါ်မှာပဲ အိပ်လိုက်ပါ တော့တယ်။

  အဲဒိဆိုင်လေး စဖွင့်တော့မှ ထိုနားမှာ နေတဲ့ မှုးနဲ့ စတင်တွေ့ကြတာပါ။ မှုး နဲ့တွေ့ပြီး တစ်လ လောက်မှာပဲ မှုးနဲ့ကောင်း ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ အဲဒိ အကြောင်းကို ရှိုင်း ကိုဖွင့်ပြောပြတော့မှ ရှိုင်းက ကောင်းကို ဗီဒီယို ဖိုင်လေး တခု ပြပါခဲ့ ပါတယ် အဲဒါက သူ နဲ့ ရှိုင်း ဒီဆိုင်လေးမှာ ပထမဆုံး အိပ်တဲ့ညက ကောင်းသူ့ရဲ့ အဟွှာကို ကိုင်ခဲ့ပုံ နမ်းခဲ့ပုံ တွေပါပဲ။

    ထိုဖိုင်လေးကို ကြောင်းပြုကာ ရှိုင်း ကောင်းထံမှ အမျိုးမျိုး အခွင့် အရေးယူ ခဲ့ပါတယ်။ ငွေရေးကြေးရေးက တက်နိုင်တာ မို့ ကောင်းမညည်းညူ ခဲ့ပါဘူး။ ရှိုင်းကို သနားတာလဲ ပါတာပေါ့လေ။

    ဒါပေမယ့် တစ်ရက်မှာတော့ သူဒီဖိုင်လေး က်ု ကြည့်ပြီး တကိုယ်ရေ အာသာဖြေမှု နေ့စဉ် နီးပါးပြု လုပ်မိကြောင်း ဒါ့ကြောင့် ယခု ကောင်းထံမှ ဖျော်ဖြေမှုကို ရယူလို ကြောင်း မပေးလျင် ထိုဖိုင်ကို  web side ပေါ်သို့ တင်မည် ဖြစ်ကြောင်း ပြောလာ ပါတယ်။ ကောင်း စိတ်ညစ် လွန်းလို့ ဘာမှ မလုပ်တက်တော့။ တမှိုင်မှိုင် ဖြစ်လာတော့ သည်။ ဒီကိစ္စ ကိုပေးဖို့ ကလဲ ချစ်သူရှိနေပြီမို့ မည်သို့မှ ဆန္ဒ မရှိတော့ပေ။

    မှုးက အတင်းမေး လာတော့ ကောင်းလဲ မကြံတက် တော့ပဲ အသိပေး ခဲ့ မိလိုက် တယ်လေ။ မှုး ရဲ့စီစဉ်မှုနဲ့ မှုး အလုပ်လုပ်တဲ့ ဟိုတယ်ကို ရှိုင်းကို ချိန်းလိုက်တယ်။
အဲဒါကို မသိသေးတဲ့ ရှိုင်းက ပျော်ရွှင်စွာ လက်ခံ ခဲ့တယ်လေ။

    အဲဒိနေ့က ရှိုင်းက သူရောက် နေပီလို့ ဖုန်းဆက်တော့ ကောင်းလိုက်လာ ခဲ့တယ်။ ကောင်းရောက် ပြီးခနနေ မှာပဲ မှုး အခန်းထဲ ရောက်လာပါတယ်။ စကားတွေ များကြ တယ်။ အသံ လဲ မထွက်ရဲ ကြတာမို့ ကျိတ်ပြီး ပေါက်ကွဲနေတာလေ။ ရှိုင်း ယူလာတဲ့ ကွိုင်ကိုလဲ မှုးက ဒေါသ တကြီးနဲ့ ရှိုင်းကို ပြန်ပေါက်ခဲ့တယ်။

    ဖိုင်ကို တောင်းတာ ဘယ်လိုမှ မရတာမို့ နောက်ဆုံး ရှိုင်းကို ကုတင်ပေါ် တွန်းလှဲ၍ ခေါင်းအုံးနဲ့ မှုးကိုတထုင် ဖိသတ်ခဲ့တယ်။ ကောင်းက တားပေမယ့် မှုးစိတ်တွေ တအား လွတ်သွားတယ်။ မှုး သိပ်ချစ်ရတဲ့ ကောင်းကို ဒါနဲ့ တစ်သက်လုံး ခြိမ်းခြောက် နေမှာ မဟုတ်လား။ ဒီတော့ သေသွားမှ နားအေး မှာလေ။ အဲဒိည တွင်းခြင်းပဲ ပြေးဖို့လုပ် ကြပါ သေးတယ်။ ဒါပေမယ့် အဝေးပြေး ဂိတ်ရောက်မှ ကောင်းရဲ့ လက်စွပ်ပျောက်နေ တာနဲ့ ဟိုတယ်မှာ သဲလွန်စ ကျန်ခဲ့ မှာစိုးလို့ မှုးပြန်လာ ရှာတော့ တေဇတို့ ရောက်နေ ပြီ ဖြစ်ပါတယ်။ လက်စွပ် ကလဲ အခန်းထဲ မှာ မဟုတ်ပဲ တခြားနေရာမှာ ပျောက်တာ ဖြစ်မယ် ရှာမတွေ့ ဘူးလေ။

      *     *      *      *      *      *      *

    တကယ်က တေဇ ညတုန်းက သေနတ်ကို မိုးပေါ် ထောင်ပစ် ခဲ့တာပါ။ ကားကို ရပ်ခိုင်း တဲ့သဘောပါ။ ကားက အချိန်မှီ ဘရိတ် အုပ်လိုက်တာ မို့လို့ ကားဘီးနဲ့ ကောင်းရဲ့ ခေါင်းထိမတက်မှာ ကားရပ်သွား ခြင်းဖြစ်ပါတယ်။

      *      *     *      *      *      *      *

   နောက် တစ်လခန့် အကြာတွင် ကားဖြူ လေးတစ်စီး ရေဝေး သုသာန် ထဲ မောင်း ဝင်လို့ပါတယ်။ တစ်နေရာ အရောက်မှာ ရပ်လိုက်ပြီး ကားပေါ်က အနောက်တိုင်း ဝတ်စုံ အနက်ရောင် ဆံပင်ရှည်ရှည် နေကာ မျက်မှန်နဲ့ လူငယ်တစ်ဦး ပန်းစီးလေး ကိုင်ကာ ဆင်းလာပြီး သပ်ရပ်လှပ စွာ တည်ဆောက်ထားတဲ့ အုပ်ဂူလေး ရှေ့သို့ တလှမ်းခြင်း လျောက် လာပါတယ်။

    အုတ်ဂူလေး ပေါ်မှ ဖုန်မှုန့်တွေကို သူ့အိပ်ကပ်ထဲမှ လက်ကိုင် ပုဝါလေးနဲ့ ပွတ်လိုက် တော့မှ စာတန်းလေး တွေ ပေါ်လာပါတယ်။ မောင်မှုးအိမ်လဒ် အသက် ၂၂ နှစ် ။ ထို အုတ်ဂူလေး ပေါ်ကို ပန်းစီးလေး တင်လိုက်ခါ လူငယ်လေး အုတ်ဂူကို မှီခါ ခြေပြစ် လက်ပစ် ထိုင်ချလိုက်ပါတယ်။ ခေါင်းကိုလဲ အုတ်ဂူလေးပေါ် လှန်ပြီး မှီထား လေရဲ့။ သူ့ ဆံပင်ရှည်တွေက လေအဝှေ့မှာ သူ့မျက်နှာ ပေါ်သာမက အုတ်ဂူလေး ပေါ်မှာပါ ဝဲပျံ ပွတ်တိုက်လို့ပေါ့။

    မှုးရယ် အချစ် အတွက်နဲ့ အသက်ပေး ခဲ့ရတဲ့ မှုးကောင်းရာ ဘုံ ဘဝကို ရောက်ပါ စေ။ မှုးရဲ့ အချစ်တွေကို ကောင်းဘယ်လို ပြန်ဆပ်ခွင့် ရပါ့မလဲ မှုးရယ်။ မှုးကို ကောင်း သိပ်ချစ်ခဲ့ ပါတယ်။ ဘဝကို ကျိုးစား ရုန်းကန်ဖို့ တနယ် တကျေး ကနေ လာတဲ့မှုး အခု တော့ ကောင်းကြောင့် ဘဝပါ မက အသက်ပါ ဆုံးရပါ ပေါ့လား မှုးရယ်။

          ကြိုတင် ကြံစည်ထားတဲ့ လူသတ်မှု အတွက် သေဒဏ် ပေးခံရတာကို အချစ်ဒဏ် လို့ခံယူပြီး ကျေကျေနပ်နပ် ထွက်ခွါ သွားသူ မှုး။ ကောင်း အသဲတွေ ကြွေပြီး ရှုး မတက် ခံစား နေရ တာပါမှုးရယ်။ တခန တာလေး တွေ့ခဲ့ ကြပေမယ့် ယောက်ျားခြင်းတွေ ဖြစ်ခဲ့ ကြပေမယ့် မှုး ရဲ့ အချစ်ကို အသက်နဲ့ ရင်းပြီးတော့ သက်သေပြ ခဲ့ လေရော့သလား ဟင် မှုး။

    ကောင်းရဲ့ မျက်ရည်တွေ ပါးပြင်ပေါ်ကနေ တစ်ဆင့် အုတ်ဂူပေါ် သို့ ကျပါလေပြီ။
ကောင်းမငို ပါဘူး မှုး မှာခဲ့တာတွေ ကောင်း အကုန် နားထောင်တယ်။ ဒါပဲ ကောင်း လုပ်ပေး နိုင်တာလေ။ ကောင်း မငိုပါဘူး ။ နောက်ပြီး မှုး စိတ်ခလက်ချ အပ်ခဲ့သူနဲ့ပဲ ကောင်း အတူရှိနေပါတယ်။

   မှုးရဲ့ ပေးဆပ်ခြင်း တွေက ကောင်းကို တဘဝလုံး ရင်နာစေ အောင် လုပ်ခဲ့ သလို ပါပဲ။ လူတစ်ယောက်ရဲ့ ကောက်ကျစ် ယုတ်မာမှုကြောင့် သိပ်ချစ်ခဲ့ ရတဲ့ ချစ်သူ နှစ်ဦး သေကွဲ ကွဲခဲ့ရ ပါပေါ့လား။ ဝဋ်ကြွေး သာဖြစ်ခဲ့ မယ်ဆို ဒီဘဝ ဒီအမျှ နဲ့သာ ကျေပါစေ တော့ မှုးရယ်။

   "  အချိန် မနဲတော့ဘူး နောက်ကျနေပီ ပြန်ကြ ရအောင် ကောင်း ကျန်းမာရေးကို ဂရုစိုက် မှပေါ့။ ဒါမှ သူစိတ် ချမ်းသာ မှာလေ။ ဒီလောက်ဆို ကျေနပ် ပါတော့ ကောင်း ရယ် လာပါကွာ နော် "

   ဘေးနားက်ု ရောက်လာတဲ့ တေဇက ကောင်းကို ချိုင်းကနေ ဆွဲထူပေး လိုက်ခါ ကားလေးပေါ် ပြန်ခေါ်ပြီး တရွေ့ရွေ့ မောင်းနှင် သွားပါလေတော့သည်။


ပြီးပါပြီ။


အားလုံးကို အထူးကျေးဇူး တင်ပါတယ် ခမျာ့


Lamin Lay

No comments:

Post a Comment