Crush
ရင်ခုန်ရင် အချစ်လားဟင်။ ဒါဆို ခွန်းဆင့်သာ ဆို တဲ့ ကောင်လေးကို သူချစ်မိနေတာ များလေလား။ သူ ခွန်းဆင့်သာ ကိုတွေ့တိုင်း တအားရင်ခုန် တယ်လေ။
ခွန်းဆင့်သာ ကိုတွေ့လိုက်တာနဲ့ အရာအားလုံးက ပျောက်ကွယ် သွားတက်တယ်။ ခွန်းဆင့်သာ ရဲ့ရောင် ဝါတွေက အရာအားလုံးကို ဖုံးကွယ်သွားလေ သလား။
ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်ပြီး နောက်ဆုံးပေါ်ဆို တဲ့ Funcy ဒီဇိုင်းလေးတွေနဲ့ Koera မင်းသားတစ်ပါး လို အမြဲလန်းဆမ်းနေတဲ့ ခွန်းဆင့်သာ ။
တစ်ကျောင်းလုံးရဲ့ King ဖြစ်ပေမယ့် မာနမကြီးပါပဲ အမြဲပါးချိုင့်လေး ခွက်နေအောင် ပြုံးပြတက်တဲ့ ပျိုတိုင်း အသဲစွဲ ဆရာ/ မ တို့ အချစ်တော်လေး ခွန်းဆင့်သာ ။
လူတကာက ကူညီပေးချင် ခင်မင်ချင်ကြ သလို လူ တိုင်းကို နှစ်လိုဖွယ် ဆက်ဆံတက်သော ထိုမင်းသား လေးကို သူ ချစ်မိတာ လွန်သွားလား။
သူက ဖယ်ရီကားနဲ့လာပြီး သာမန်ရွက်ကြမ်းရည်ကျို အမျိုးသားလေး တစ်ဦးလေ။ ငွေကိုလဲ ပေါလောစွာသုံး နိုင်တာ မဟုတ်လို့ သူငယ်ချင်းဆိုတာလဲ အနီးကပ်တွဲ တဲ့သူတောင် မရှိသလောက်ပါပဲ။
အရာရာမှာ မယှဉ်သာအောင် ခြားနားတဲ့ အခြေအနေ တွေနဲ့ တစ်ဖက်သက် ချစ်နေမိတဲ့ သူကတော့ဘယ်သူ မှ သတိမထားမိတဲ့ သာမန်ကျောင်းသားလေး တစ်ဦး ဖြစ်တဲ့ သုတမောင် ပါပဲ။
ခေတ်စကားနဲ့ ပြောရရင်တော့ ခွန်းဆင့်သာ ဆိုတာ သုတမောင်ရဲ့ Crush လေးတစ်ပါးပေါ့။ သုတမောင်ရဲ့ ကျောင်းတက်ရက်တိုင်းက ခွန်းဆင့်သာ ဆိုတဲ့ Title နဲ့ သာ တစ်ကိုယ်တည်း နှစ်သိမ့် ကျေနပ်နေခဲ့ရတာပါ။
ဒါတွေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ။
သုတရဲ့ ကံကောင်းမှု တစ်ခုက ခွန်းဆင့်နဲ့ တစ်ခန်း ထဲအတူတူ တက်ရခြင်းပါပဲ။ ကျောင်းထဲ ခြေချမိတာနဲ့ သုတရှာဖွေ မိတာက ခွန်းဆင့်ရဲ့ ကားဖြူလေးကိုပါပဲ။
ဒါပေမယ့် ခွန်းဆင့်သာ ကကျောင်းချိန်နီးကပ်မှပဲ လာလေ့ရှိပါတယ်။ အခန်းထဲ ရောက်တာနဲ့ သူလာမယ့် လမ်းကို လူမသိအောင် ခိုးပြီးမျှော်ရ တာအမောပေါ့။
ကျောင်းတက်တာ တစ်လပင်ကျော်လာပြီ ခုထိလဲ တခါမှ ခွန်းဆင့်သာနဲ့ စကားမပြောဖူးပါ။ ကပ်လဲမကပ် ရဲဘူးလေ။ ခွန်းဆင့်သာ နားမှာက အမြဲလူစည်နေတာ
ကျောင်းပိတ်ရက်တွေဆို သုတ မပျော်ဘူး။ ဘာလို့လဲ ဆိုတော့ ခွန်းဆင့်သာကို မတွေ့ရလို့ပေါ့။ တနေ့တခြား မွေးမြူ မြိုသိပ်ထားတဲ့ အချစ်တွေက အလုံးအရင်း အစိုင်အခဲ အဖြစ်နဲ့ နှလုံးသားမှာ အမြစ်တွယ်နေပြီပေါ့။
ဒီနေ့သုတ ကျောင်းရောပ်တော့ အခန်းထဲက မိန်းခ လေးတွေ တွတ်ထိုးပြီး သဘောတွေကျ နေပြီး တစ်ခုခု လုပ်ဖို့ ပြင်ဆင်နေကြပုံပဲ။ အဲဒိချိန်မှာ ကောင်မလေး တစ်ယောက်က စာသင်ပုန်းမှာ တက်ပြီး စာရွတ်တစ် ရွက်ကို ကပ်တယ်။ ဟာ ဒါဆို ဒီနေ့ ခွန်းဆင့်ရဲ့ မွေးနေ့ ပေါ့။ ရင်ထဲမှာ ထိပ်ခနဲ ပျော်သွားတယ်။
လွယ်အိပ်ထဲက မှတ်စုစာအုပ်လေး ထုတ်ခါလှန်ရှာမိ တော့ စုထားတဲ့ မုန့်ဖိုးလေး တချိ့ထွက်လာတယ်။ အဲဒါ လေးတွေယူုပြီး စီးလေ့စီးထ မရှိတဲ့ Taxi ကို အသွား အပြန်ငှားပြီး အိမ်ကို အပြေးပြန်ခဲ့မိတယ်။
အိမ်ရောက်တော့ ကယောသောပါး အခန်းထဲဝင်ခါ ဗီရိုလေးထဲက ဖန်ဘူးလေးကို တယုတယထုတ်ယူ၍ ပြန်ပြေးထွက်လာတော့ အမေက လှမ်းမေးတာမို့ စာ အုပ်လာယူတာလို့ ပြောပြီး ပြန်ပြေးခဲ့မိတယ်။ အမေက ပွစိပွစိ ကျန်ခဲ့ပေမယ့် သုတ ပြုံးနေမိတယ်။
ကျောင်းရောက်တော့ ပထမ စာသင်ချိန် ပင်ပြီးလို့ ဆရာတောင် ထွက်သွားပါပြီ။ ခွန်းဆင့်သာ ကိုလှမ်းပြီး ကြည့်မိတော့ ဘေးမှာ လက်ဆောင်ပစ္စည်းတွေ တပုံ တပင်နဲ့ လာပေးတဲ့သူတွေကို ပြန်နှုတ်ဆက်နေတယ်။
လွယ်အိတ်ထဲ ကပုလင်းလေးကို ကိုင်ထားတဲ့ လက် တွေက တဆတ်ဆတ်တုန် နေမိတယ်။ သုတဒိလောက် သတ္တိ မရှိဘူးလေ။ မိမိကို တမျိုးထင်ကုန် ကြမှာလဲစိုးမိ ပါတယ်။ ဘယ်လိုပေး ရပါ့မလဲ။ စဉ်းစားစမ်း သုတ။
ခွန်းဆင့်သာ လက်ဆောင်ပစ္စည်းတွေ နဲ့ ထမင်းစား နားချိန်မှာ ကားထဲထည့်ထားရန် အပေါ်ထပ်မှ ဆင်းလို့ လာနေစဉ်မှာပဲ
" ဘုတ် ဒုန်း ဒရုံးးဘုံးး ဘုတ်ဘုတ် "
လူတစ်ယောက် ပြေးလာပြီးအရှိန် မထိန်းနိုင်ပဲ သူ့ကို ဝင်တိုက်တာမို့ ရုတ်တရက်လဲမှာ စိုးလို့ သူ့ကိုထိန်းပေး လိုက်တာ လက်ထဲက ပစ္စည်းတွေ လှေခါးအတိုင်းပြုတ် ကျကုန်ပါတော့တယ်။
သုတလက်မောင်းကို လှမ်းထိန်းပေးလိုက်တဲ့ အရှိန် နဲ့ ၂ ယောက်သား လှေကားလက်ယမ်းပေါ်လန်ကျလို့ သွားပါတော့တယ်။ သုတ လန်နေရာကနေ ကိုယ်ကို ပြန်မတ်လိုက်တော့ ခွန်းဆင့်ပါးကို ရွှတ်ခနဲ နမ်းမိရော။
" ဟာ တောင်းပန်ပါတယ်ဗျာ ကန်တော့နော် အကို "
" ရပါတယ်ဗျာ ဒယ်ဒီပေးတဲ့ တနှစ်မှ တခါရမယ့် မွေး နေ့အနမ်းလေးတော့ မရနိုင်တော့ဘူးပေါ့ ရပါတယ် "
" တကယ်တောင်းပန် ပါတယ်ဗျာ ကျနော် အကို့ဟာ တွေ ပြန်ကောက်ပေးမယ်နော် စိတ်မဆိုးပါနဲ့ "
သုတ ပစ္စည်းတွေကို ကောက်ပေးရင်းက လွယ်အိတ် ထဲက ပုလင်းလေးကို အိတ်ထဲ အသာရောထည့်ပေးခဲ့ လိုက်ပါတော့တယ်။
အိတ်ကို ခွန်းဆင့်သာ လက်ထဲထိုးထည့်ပေးပြီး တာနဲ့
ကျောင်းအိမ်သာကို တန်းပြေးခဲ့မိတယ်။ အိမ်သာအခန်း ထဲဝင်ကာ မတ်တပ်ကြီး နံရံကိုမှီပြီး မျက်စိကို စုံမှိတ်ခါ
" အားးးးးးး အဟား အဟား အဟိ အာ့စ် ဟူးး "
အသံလဲ သိပ်မထွက်ရဲ လက်သီးကို ကျစ်နေအောင် စုပ်ပြီး ကျိတ်အော် မိတယ်။ ပျော်လိုက်တာ ရင်တွေခုန် နေတာမှ လက်တစ်ဖက်နဲ့ကို ဖိထားရတယ်။
ခွန်းဆင့်သာ ဒီနေ့တနေကုန် မအားရဘူး ညမိုးချုပ် လို့ အိပ်ခါနီးမှ လက်ဆောင်ထုပ်တွေ ကိုဖြည်ဖောက်ခါ အခန်းထဲက စင်လေးမှာ စီတင်နေမိစဉ် ပုလင်းလေး တစ်လုံးကို သတိထားမိတယ်။
" ဒါဘယ်သူပေးတာ ပါလိမ့် အင်းး ဘယ်သူလဲ မတွေ့ မိပါဘူး ပေးတဲ့ထဲမှာလဲ လှလိုက်တာ ကြယ်လေးတွေ "
ကြယ်လေးတွေ အလုံး ၅၀ နီးပါး ပါတဲ့ ပုလင်းလှလှ လေးကို သဘောကျနေမိတာနဲ့ အိပ်ယာဘေးမှာပဲတင် ထားလိုက်တယ်။ အိပ်မယ်လုပ်ရင်းက ကြယ်လေးတွေ ဘယ်လိုခေါက်တာလဲ ဆိုတာ သိချင်လာတယ်။
ပုလင်းလေးကိုဖွင့် ကြယ်လေးတစ်လုံးကိုယူပြီး ဖြည် ကြည့်လိုက်မိပါတယ်။ ခွန်းဆင့်သာ မထင်မှတ်ထားတဲ့ စာတမ်းလေး တစ်ခုကြောင့် ဘာလဲဟု စဉ်းစားမိပြန်ရဲ့။
{ 3. 5. 2015 - အင်္ဂါနေ့ T-Shirt ပန်းရောင်နဲ့ အင်္ကျိ အနီကွက် လေးအပေါ် ကထပ်ဝတ်။ ဘောင်းဘီ နီညို။ ဘေးအိတ် လည်သာ အညိုလေး။ Shoe ဖြူလေး။ }
နေဦး ဒီ Date ကပြီးခဲ့တဲ့ အပတ်ကပဲ အင်္ဂါနေ့ ? ? ?
ဟာ အဲဒိနေ့က ခွန်းဆင့် အဲဒိလို ဝတ်ခဲ့တာပဲ။
ပုလင်းလေးကို ယူပြီး အိပ်ယာပေါ် သွန်ချလိုက်တယ် ပြီးတော့မှ တခုခြင်းဖြည် ကြည့်မိတော့ ဘုရား ဘုရား။
ကျောင်းဖွင့်စကနေ မနေ့ကထိ ရက်အပြည့်ပါလား။
ဒါကိုတော့ ခွန်းဆင့်သာ စိတ်ဝင်စားမိတယ်။ ဒိကိစ္စ ကတော်ရုံ သူ့အပေါ် အလေးထား တာမဟုတ်ဘူးလေ ဒိနေ့ ကျောင်းမှာ လက်ဆောင်လာပေးတဲ့ သူတွေကို တစ်ယောက်ခြင်းသေချာ ပြန်စဉ်းစား မိတယ်။
လုံးဝမဖြစ်နိုင်ဘူး ဟင်သူများလား ခွန်းဆင့်ကိုလှေခါး အဆင်းမှာ ဝင်တိုက်ခါ နမ်းမိသွားတဲ့ ကောင်လေး ပြီး ပစ္စည်းတွေ ပြန်ကောက်ပေးပြီး လက်ထဲထည့်ပြီးတာနဲ့ အောက်ထပ်ကိုပဲ ပြန်ပြေးဆင်းသွားတာလေ။
ဖြစ်လဲ ဖြစ်နိုင်တယ် ဒါပေမယ့်လဲ ဟုတ်ပါ့မလား။ သူ့ ကိုအခန်းထဲမှာလဲ တွေ့ဖူးပါတယ် ခွန်းဆင့်နဲ့ တခန်းထဲ ဟားးး စိတ်ရှုတ်တယ် အိပ်တာပဲ ကောင်းတယ်ကွာ။
ရောင်စုံစာရွက်လေးတွေကို ပုလင်းလေးထဲ ပြန်ထည့် လိုက်ပြီး အိပ်လိုက်ပါတော့တယ်။
နောက်တပတ် ကျောင်းဆင်းချိန်မှာတော့ ကျောင်းမှ အထွက် လယ်ကွင်းတွေဘေးမှာ ကားက ထိုးရပ်သွား ပါတော့တယ်။ စိတ်ညစ်သွား မိတယ်။ ကားရှေ့ကိုဖွင့် ကြည့်ပြီး လျောက်နှိုက် ကြည့်မိသေးတယ်။ ကားက တွန်းပြီး နှိုးရင်တော့ ရနိုင်မယ် ထင်တယ်။ ခက်တာက ဒီနားက လူတွေနဲ့မနီး ဖြတ်သွားတဲ့ လိုင်းကားတွေက လဲ ကူညီမှာမဟုတ်။ ဟူးးးးးးးးးး ။
ထိုစဉ်ဘေးမှ ဖြတ်သွားတဲ့ ဖယ်ရီကားပေါ်မှ အော်သံ တစ်ခုကြားလိုက် ရပါတော့တယ်။
" ဟိုး ဟိုး ကားရပ်ပေးဦး ဆင်းမယ် ဗျိုးးးးး "
ကားက သူနဲ့အတော်လှမ်းလှမ်းမှာ ရပ်သွားပြီးတော့ ကောင်လေး တစ်ယောက်ဆင်းလာတာ တွေ့ရတယ်။
အော် ဟိုနေ့က ကောင်လေး ပါလား။
" ကျနော် ဘာကူညီပေး ရမလဲ အကို ပြင်တော့မပြင် တက်ဘူး တွန်းလို့ရ ရင်တွန်းပေးမယ်လေ "
ခွန်းဆင့်သာ ကိုသာပြောနေတယ် သူ့မျက်စိတွေက ခွန်းဆင့်သာကို တည့်တည့်ကြည့်မနေပေ။ ဒါပေမယ့် တစ်ကယ်လိုအပ်တဲ့ အချိန်မှာ ဆိုတော့ ကျေးဇူးတင်ရ မှာပါပဲ။ ကျောင်းဝင်းထဲမှာဆို ကူညီမယ့်သူတွေ ရှိကြ မှာဆိုပေမယ့် ဒီလိုလမ်းမှာတော့ ဘယ်သူမှ တကူးတဂ လာကူညီမှာ မဟုတ်ဘူးလေ။
" ကျေးဇူးပါပဲဗျာ နဲနဲလေးတွန်းပေးရင်တော့ ရမယ် ထင်တာပဲ ကူညီပါဦးနော် "
" ဟုတ် ရတယ် ရတယ် တက်တက် ကားပေါ် "
ကားက နဲနဲဆိုပေမယ့် အတော်လေး တွန်းလိုက်ရပါ တယ်။ ကားစက်နိုးသွားတော့ ခွန်းဆင့်သာ ကားကိုခန ရပ်ထားပြီး သုတမောင် ဘက်လှည့်ကြည့်ခါ
" လာဗျာ ကားပေါ်တက် ကျနော် အနီးဆုံးနေရာထိ လိုက်ပို့ပေးပါ့မယ် "
" ဟို ဟင်း ရတယ် ဟင်း နေပေ့စေ သွား သွား ဟင်း "
သုတမောင် အသက်ရှုသံတွေ ပြင်ထန်ကာ မောနေပါ ပြီ။ ရှေ့မှာလဲ လိုင်းကားဂိတ် ရှိတာမို့ မလိုက်တာပါ။
" မောနေပြီ ထင်တယ် အားနာလိုက်တာ လာပါဗျာ ကျနော် အအေးလဲ တိုက်ပါ့မယ်နော် "
" တော်ပီ တော်ပီ ရတယ် သွားတော့မယ် "
အတင်းငြင်းကာ လမ်းလျောက်ထွက် သွားတာမို့လို့ ခွန်းဆင့်လဲ ဇွတ်မခေါ်တော့ပဲ မောင်းထွက်လာခဲ့လိုက် ပါတော့တယ်။
ဘယ်လိုကောင်လေးမှန်း မသိဘူး။ တွေ့တိုင်းအမြဲ ထွက်ထွက်ပြေး တာဘာလို့ပါလိမ့်။ ဒါမျိုးတော့ခွန်းဆင့် တွေ့ဖူးသလို နားလဲ နားလည်ပါတယ်။ တချို့က ဒီလို သိမ်ငယ်တက်တယ် လေ။ ဟူးးးး ။
သုတမောင် ထိုင်တာက ခွန်းဆင့်ရဲ့ အနောက်ဖက် ၂ တန်းလောက်ခြားပြီး ခပ်စောင်းစောင်း နေရာလေးမို့ အနောက်ကနေ အမြဲကြည့်နေမိတယ်။ အရမ်းကို ချစ် ဖို့ကောင်းတဲ့ ခွန်းဆင့်လေး။
ဆရာပြောင်းချိန်မို့ ဘေးက နံရံကိုမှီခါ ခွန်းဆင့်ကို စိမ်ပြေနပြေ ရှိုးနေတုန်း ခွန်းဆင့်က ဒီဖက်အလှဲ့နဲ့မို့ မျက်လုံးခြင်း သွားဆုံမိပါတော့တယ်။ ခွန်းဆင့်ကလှမ်း ပြုံးပြပေမယ့် သုတမောင် ချက်ခြင်းအကြည့်လွှဲလိုက်မိ ပါတယ်။ ရင်ခုန်သံတွေ ဗရမ်းဗတာနဲ့ပေါ့။
သုတမောင် ခေါင်းကိုငုံ့ကာ လွတ်အိတ်ကိုလျောက် နှိုက်နေမိစဉ် ဘေးနားမှာပေါ်လာတဲ့ မွှေးရနံ့ တစ်ခုက ဘယ်သူဆိုတာ တန်းသိသာ စေပါတယ်။ လန့်ဖြန့်ကာ မော့ကြည့်မိတော့ သူ့ကိုပြုံးပြနေတဲ့ ခွန်းဆင့်သာ။
" မနေ့က ကားတွန်းပေး ထားတာ အအေးလေးတော့ တိုက်ပါရစေဗျာ ခနနေ ထမင်းစားနားရင် အတူသွားပြီး သောက်ကြမယ်နော် ကျနော့ကို စောင့်ဦး "
သုတမောင် ဘာမှ ပြန်မပြော နိုင်ခင်မှာပဲ ခွန်းဆင့် က ပြန်ထွက်သွားပါတယ်။ ဒါနဲ့ပဲ ထမင်းစား နားချိန်ရောက် တော့ ခွန်းဆင့်သာ သုတကို လာခေါ်ပါတယ်။
" သွားမယ်လေ သုတမောင် "
" ဗျာ ဟုတ်ကဲ့ ကျနော့ နာမည်ကို သိနေတာလား "
သုတ ရင်ခုန်စွာနဲ့ ပြန်မေးလိုက်မိတော့ ခွန်းဆင့်က
" ခုနကမှ ဘေးက သူငယ်ချင်းကို မေးလိုက်တာ "
ကောင်းပါလေရော။ အေးပေါ့လေ မေးဖော်ရတာပဲကို ကျေနပ် သင့်နေပါပြီ။ အဆောင်ပြင်ရောက်တော့
" လမ်းလျှောက်ပဲ သွားမယ်မလား သုတ "
" ဟုတ် ဟုတ် အဲဒါပဲ ကောင်းတယ် "
" အင်းလေ သွားကြမယ်လာ ဘယ်ဆိုင်ထိုင်မလဲ "
" အဆင်ပြေတဲ့ ဆိုင်ပဲ ရွေးလိုက်ပါ ရပါတယ်ဗျာ "
ကန်တင်းရောက်တော့ အအေးနဲ့ မှာလိုက်ပြီးမှ
" သုတ မင်းတစ်ခုခုစားလေ အော် မင်းနဲ့ငါနဲ့ပဲပြော ကြတာပေါ့ တခန်းထဲ သူငယ်ချင်းတွေပဲ "
သုတပျော်လွန်းလို့ ဘာပြောရမှန်းမသိပဲ ပြုံးပဲပြုံးနေ တာမို့ ခွန်းဆင့်သာက ပုခုံးကို ပုတ်လိုက်ခါ
" ရော် စားစရာတခုခုမှာပါဆို ဘာတွေပြုံးနေတာလဲ "
" အော် ဟိုဟာ လ္ဖက်ထမင်းနဲ့ ကြက်ဥမွှေကြော်ပဲ "
စားသောက်နေကြရင်းနဲ့ စကားသံတွေက တိတ်ဆိတ် နေတာမို့ ခွန်းဆင့်သာ ကပဲစခါ
" မင်းကို တစ်ခုပြောဦးမယ် သုတ မင်းက ငါ့ကို တခုခု ဖြစ်နေသလိုပဲ "
" ဟာ မဟုတ်ဘူး မဟုတ်ဘူး ဘားမှမဖြစ်ဘူး ကျနော် ဒိတိုင်းရိုးရိုး ခင်တာပါဗျာ "
" အမ် ဟား ဟား ဟား ဟား အား အမလေး သုတ "
သုတအတင်းငြင်းလိုက်တာမို့ ခွန်းဆင့် တဟားဟား ထရီပါတော့တယ်။ သုတရှက်တော့ ရှက်သွားမိတယ်။
" မင်းကလဲကွာ အတင်းကို ငြင်းတော့ တာပဲ ငါကမင်း ငါ့ကို ခင်တာသိပါတယ် ဒါပေမယ့် ငါနဲ့စကားမပြောချင် သလိုလိုပဲ ငါကပဲ စပြီးလိုက်ပြောပေး နေရတယ် "
" ဟိုလေ အဲဒါ သိပ်မပြောရဲလို့ "
မဝံ့မရဲ ပြောလာတဲ့ သုတကိုကြည့်ကာ ခွန်းဆင့်စိတ် မကောင်းဖြစ် သွားမိတယ်။ သက်ပြင်းကိုချရင်းက
" မင်းငါ့ကို သူငယ်ချင်းအဖြစ် ခင်ချင်လား သုတ "
" ခင်ချင်တာပေါ့ဗျာ "
" အဲဒါဆို အဲဒါတွေ မတွေးပါနဲ့ကွာ သူငယ်ချင်းဆိုတာ ဒါတွေ မလိုပါဘူး ဟုတ်လား အိုခေ ရှိတ် "
ပြောလဲပြော သုတရှေ့ကိုထိုးပေးလာတဲ့ လက်လေး။
ဒီလက်လေးကို ကိုင်ချင်နေတာ နှစ်စထဲက တစက္ကန့် လောက်ကိုင်ရရင်ပဲ သေပျော်နေသလိုလိုနဲ့လေ။ သုတ လက်ကို လှမ်းဆွဲလိုက်ပြီး ရှိတ်လိုက်ပါတယ်။ အမလေး မလွှတ်ချင်တော့ဘူးဗျာ။ နူးညံ့ပြီး အိစပ်နေတာပဲ။
" သုတ မင်းငါ့နားမှာ လာထိုင်ကွာ ဖြစ်လား "
" ဟာ "
" ဘာဖြစ်လို့လဲကွ "
" ထိုင်ချင်လို့ ဟီး "
" မင်း လဲနောက်တက်သားပဲ ကောင်းတယ် စားစား "
အဲဒိ အချိန်ကနေ စပြီး သုတ ခွန်းဆင့်နားမှာ တရားဝင် နေခွင့်ရခဲ့သလို ခင်မင်မှုကိုလဲ ရခဲ့တယ်လေ။ ခွန်းဆင့် ဘေးမှာ ထိုင်ရတာဆိုတော့ တခါတခါ လက်မောင်း သားချင်းလေးများ ထိမိလိုက်ရင် သုတ တကိုယ်လုံးကို ကြက်သီးတွေ ပါထစေတယ်။
ညဆိုလဲ သူ့အကြောင်းတွေ တနေကုန်ကျောင်းမှာ ဖြစ်ခဲ့တာလေးတွေ တွေးပြီး တယောက်ထဲ ပြုံးနေမိရဲ့။
ဧည့်ခန်းခုံမှာ ထိုင်ပြီး ပြုံးနေတာ မကြီး အလုပ်ကပြန် လာတာပင် သတိမထားမိ ရတဲ့အဖြစ်။
" အမေရေ အမေ့သားတော့ မိန်းမရတော့မယ်နဲ့ တူပါ တယ် တယောက်ထဲထိုင်ပြီး ပြုံးနေလိုက်တာ သမီးလာ တာတောင်မမြင်ဘူး တကယ်ပဲ "
စိတ်ထဲကနေတော့ ပြောမိလိုက်သေး ယောက်ျား ချောချောလေးပဲ ယူမှာဗျာ့ လို့။ ဟီး ။ ရူးနေတာလေ။
မင်းကြောင့် ငါတော့ ရူးတော့မယ် ထင်တယ် ခွန်းဆင့်။
တနေကုန်လဲ စိတ်တွေကို ထိန်းထားရတယ်။ အနီး ကပ်နေခွင့်ရတော့ သိပ်ပြီးငမ်းလို့ မရတော့ဘူးလေ။ ဆိုးလိုက်တဲ့ အဖြစ် သူ့အနံ့လေးတော့ အမြဲခံစားခွင့်ရ နေတာပေါ့။ အီးတော့မပေါက်ပါဘူး ခိခ်။
ဒီနေ့က Sunday ဆိုတော့ အိမ်မှာ အဖေကော မကြီး ပါရှိတယ်လေ။ သောကြာနေ့က ခွန်းဆင့်က ဒီဘက်ကို လာဖို့ရှိလို့ ဝင်လည်မယ် ပြောတာနဲ့ လက်ခံလိုက်တာ။
မိုးလင်းတာနဲ့ ဧည့်ခန်းတစ်ခုလုံး သန့်ရှင့်ရေးလုပ် ပန်းအိုးလေးတွေ သေချာထိုး ပစ္စည်းလေးတွေ သေချာ နေရာနဲ့ အလုပ်ရှုတ်နေစဉ်
" ဟဲ့ သားငယ် ဘုရား ဘုရား နင် သားငယ်နော် "
" အဟီး အမေကလဲ ဟိုလေ အမေဈေးသွားမှာလား "
" အေးလေ ဘာမှာမလို့လဲ ဒိနေ့တယ် ထူးခြားနေပါ လားဟင် ပြောစမ်း ဘာဖြစ်နေတာလဲ "
" ဟိုဟာလေ သားသူငယ်ချင်းလာ လည်မယ်တဲ့ "
" အော် ဟော် သဘောပေါက်ပြီ ငါ့သားက အမေတို့နဲ့ မိတ်ဆက်ပေးတော့ မယ်ပေါ့လေ ချောလားသား "
" အရမ်းချော ဟာ အမေကလဲ ယောက်ျားလေးပါဗျ သူက အရမ်းချမ်းသာတယ် အ့ကြောင့် အားနာလို့ "
" မသိပါဘူးဟယ် ပြီးတာပဲ အဲဒါဆိုလဲ သွားမယ် "
" မေ့ "
" အမလေး အဲ့လိုခေါ်ရင်လန့်တယ် ငါ့သား ခနလေး အမေ အခန်းထဲမှာ ပိုက်ဆံပြန်ယူဦးမယ် "
သားအမိချင်း အထာနပ်ပြီးသားလေ ဒိလိုခေါ်လို့က တော့ ကုန်ပေါက်ဆိုတာကို အမေပြန်ထွက်လာမှ
" ဘုရားပန်း လှလှလေးရယ် ဟင်းလဲ တစ်မျိုးလောက် တော့ပို ချက်ပေးနော် အမေ စားစား မစားစားပေါ့နော် အော် ပြီးတော့ Air Fresher အနံ့ယဉ်ယဉ်လေးကော
ပြီးရင် မုန့်လဲ နဲနဲပါးပါးဝယ်ထားဦးနော် ရေခဲသေတ္တာထဲ က အချိုရည်ဘူးတွေ လဲဖြည့်ထားပေးနော် မေနော် "
အမေက မဲ့ပြီး ကြည့်ကာ
" ပြီးပြီလား ငါ့သား ဒါပဲလား "
" အဟီး အ့ကြောင့် မေ့ကို ပိုချစ်တာသိလား "
အမေ့ခါးကို ဖက်ခါ ဖားလိုက်ရ သေးတယ်လေ။ ဒါမှ ခွန်ါ်ဆင့်လာရင် အကုန်လုပ်ပေးအောင်လို့။ ခြံထဲမှာလဲ ဆင်းပြီး အမှိုတ်တွေ ရှင်းရသေးတယ်။ ပြီးတော့မှ သုတ အခန်းကိုလဲ သေချာရှင်း ခေါင်းအုံးစွပ်တေ အိပ်ယာခင်း တွေလဲ။ အမေပြန်လာတော့ နောက်ဖေးကိုလဲ ပြေးပြီး ကူလိုက်သေးတယ်။
" မင်းဒီနေ့ တယ်ထူးခြားနေပါလား ဟင် သာငယ် "
" ဟီး ဟုတ် "
နေ့လည် ၁၁ လောက်ရောက်တော့ အားလုံးပြီးသွား တော့ အမေ့ကို အတင်းရေချိုးခိုင်း သပ်သပ်ရပ်ရပ်ဝတ် ခိုင်းတော့ အမေက
" ဒါတော့ နဲနဲများသွာပြီ ငါ့သား အမေ ဘယ်တုန်းက များပေစုတ်စုတ် နေလို့တုန်း ဟင် နငိ့အဖေသွားပြော "
" ဟာ အမေကလဲ အဖေ့တော့ မပြောရဲဘူး အမေ့ပဲ နိုင်စားလို့ ရတဲ့ဟာကို သားသူငယ်ချင်းကို သားလဲ သားအဖေနဲ့အမေ ချောတာ ကြွားချင်လို့ပါဗျာ့ "
" အမေ သမီးပြောတယ် မဟုတ်လား အခုအိမ်ကိုပါ ခေါ်လာတော့မယ် ပေါ့လေ ဟုတ်လား သားငယ် "
အမေနဲ့အမ ကိုချော့မော့ ပြောကာ သုတလဲ ရေချိုးပြီး သပ်သပ်ရပ်ရပ်လေး ဝတ်ထားခါ ခွန်းဆင့်ကို စောင့်နေ မိတယ်။ ၁၂ နာရီငျော်လောက်လာမယ် ပြောတာလေ။
" မနန်းရေ ထမင်းစားမယ်ဟေ့ ဗိုက်စာပြီ "
" ခနလေး ခနလေး ပြီးပြီ ကိုမြင့် သားငယ်ကော မစား သေးဘူးလား သမီးကြီး ထမင်းဝိုင်းပြင်တော့ "
" စားသေးဘူး မေတို့ စားနှင့် သားစောင့်ဦးမယ် "
အချိန်တွေ တရွေ့ရွေ့ ကုန်တာနဲ့အမျှ ရင်ခုန်သံတွေ မြန်ဆန်မှုကလဲ တိုးတက်လာပါတယ်။
နေ့လည် တစ်နာရီလောက်မှ ခွန်းဆင့် ကားလေးနဲ့ ရောက်လာပါတယ်။ အိမ်ရောက်တော့ ဧည့်ခန်းမှာပင် မထိုင်ပဲ သုတအခန်းထဲ ကိုဝင်ခါ နားပါတော့သည်။
" ဟား သုတအခန်းလေးက သန့်ရှင်းနေတာပဲကွ "
တနေကုန် ဖတ်ဖတ်နေတာတော့ သူမှ မသိတာကိုး။
" ငါ ခနလှဲ မယ်ရလား သုတ ငြောင်းလို့ကွ "
" ရပါတယ် လှဲပါ အေးဆေးနားအူးပေါ့ ခနလေး "
သုတအိပ်ခန်းထဲ ကထွက်ခါ အချိုရည်နဲ့ မုန့်တွေယူ ပြီးအခန်းထဲက စာကြည့်စားပွဲပေါ် တင်လိုက်တော့
" ဟာကွာ တကူးတက ဘာမှ မလုပ်ပါနဲ့ဆို "
" ရပါတယ်ကွာ တခါတလေ လာလည်တာပဲဟာ "
" ဟား လေလေးက အေးနေတာပဲ မိုက်တယ်ကွာ ခန မှေးလိုက်အူးမယ် မင်းဖာသာ လုပ်စရာရှိတာလုပ် "
" အေးပါ အချိန်ရ ရင်အေးဆေးနေ ရတယ် "
ကြည့်ပါဦး အခု သုတရဲ့ Crush လေးက သုတရဲ့ ကု တင်ပေါ်မှာ အိပ်နေလေရဲ့။ ခေါင်းအောက်ကို လက်နဲ့ ခုကာ ပက်လက် အိပ်နေတာမို့ ဗိုက်လေးက ပေါ်နေပါ သေးတယ်။ အမွှေးလေးတွေ ရေးတေးတေးနဲ့။
ဂျိုင်းမွှေးလေးတွေလဲ မြင်နေရတယ်။ အသည်းယား ဖို့ကောင်းလိုက်တာ။ မျက်စိမှိတ်နေတာမို့ ခွန်းဆင့်သာ ရဲ့ မျက်နှာ အစိတ်အပိုင်း အားလုံးကို တခုခြင်းသေချာ စိုက်ကြည့်နေမိတယ်။
ချောမွတ် သန့်စင်ပြီး အပစ်ကင်းလိုက်တာ ခွန်းဆင့် ရာ။ မင်းဘဝ ကုသိုလ်ကောင်း လိုက်တာ။ နှုပ်ခမ်းလေး တွေ ရဲပြီးဖူးနေတာပဲ။ မျက်တောင်လေးတွေ စင်းနေခါ မျက်ခုံးလေးတွေက လေးကိုင်းပမာ ညီညာစွာနဲ့ပေါ့။
ပါးပြင်ဘေးက မွှေးညှုင်းနုလေးတွေကို ကြည့်ရင်းက သုတ စိတ်မထန်းနိုင်တော့ပဲ ခေါင်းကိုတဖြေးဖြေးငုံကာ
ခွန်းဆင့်ပါးနားလေး ရောက်ခါနီးထိ အသက်ရှုကို အောက်ထားပြီး ပါးနဲ့ထိခါနီးမှ ရှိုက်သွင်းလိုက်ခါ အသာ ခေါင်းကို ပြန်အကြွ ရင်ဘတ်ကို ဖတ်ခနဲ စောင့်တွန်းခံ လိုက်ရတာမို့ ကုတင်ပေါ် တင်ပါးလွှဲ ထိုင်နေရာကနေ ဝုန်းခနဲ ပြုန်ကြပါတော့တယ်။
" မင်း မင်း သုတမောင် "
" သားငယ်ရေ ဘာဖြစ်တာလဲ ဒီဖက်မှာ ဖေကြီးအိပ် နေတယ် တိုးတိုးလုပ် "
ခွန်းဆင့် ဒေါသနဲ့ ဆက်မပြောနိုင်ခင်မှာ ဧည့်ခန်းမှ အမေ့ အသံကြောင့် သုတ အရမ်းကို တုန်လှုပ်သွားကာ ဖင်ထိုင်ရက် ကနေ လက်အုပ်လေးချီကာ ခေါင်းကိုသာ အကြိမ်းကြိမ် ခါပြလိုက်မိပါတော့တယ်။ မပြောပါနဲ့ မင်း မပြောပါနဲ့ ခွန်းဆင့်ရယ် မိဘတွေသိကုန်ရင် ငါ့ဘဝ က ပျက်ရတော့မှာ မို့ပါ။
ခွန်းဆင့် ဘာမှမပြောပဲ အခန်းတံခါး ဖွင့်ကာ ထွက် လိုက်တာမို့ သုတထိုင်နေရာက ကုန်းထကာ အမြန် အနောက်ကနေ လိုက်ရပါတော့တယ်။ အမေ တမျိုး ထင်သွားမှာလဲ စိုးရိမ်ရတယ်လေ။
" သားပြန်ပြီလား ညနေစာ စားပြီးမှပြန်ပါလား "
သုတ ရင်တွေ ဒိန်းခနဲ ခုန်သွားမိတယ် ခွန်းဆင့် ဘာ ပြန်ပြောမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့။
" ရတယ်ဗျာ့ အန်တီ အလုပ်တစ်ခု အခုမှ သတိရလို့ ချက်ခြင်းပြန်ရ မှာမို့ပါ ကျေးဇူးပါပဲဗျ သွားပါဦးမယ် "
" အေးအေး သား ကောင်းကောင်းသွားနော် "
သုတ အိမ်ထဲကနေ ထွက်သွားတဲ့ ခွန်းဆင့်ဘေးနား ကနေ ကပ်ခါ လိုက်သွားပြီး ကားနားရောက်တော့မှ
" ကျေးဇူးတင်ပါတယ် ခွန်းဆင့် "
ခွန်းဆင့် လှဲ့မကြည့်ပဲ မောင်းထွက်ခဲ့ပါတော့တယ်။
Monday ကျောင်းသွား ချိန်မှာတော့ သုတရဲ့ ခြေ လှမ်းတွေ လေးလံလို့ နေရပါတယ်။ တခါမှ ကျောင်းမ ပျက်ဖူးတဲ့ သုတ ဒိနေ့ကျောင်းပျက်ဖို့ကိုသာ အကြိမ် ကြိမ်တွေး နေမိပါတော့တယ်။
ကျောင်းရောက်ရင် ရင်ဆိုင်ရမယ့် ခွန်းဆင့်သာ ရဲ့ စိမ်းကားမုန်းတီးခြင်း တွေကိုလဲ အရမ်းကို ကြောက်ရွံ့ လို့နေ မိပါတော့တယ်။
ဒါပေမယ့် ခြေလှမ်းတွေက ကျောင်းကိုပဲ ဦးဆောင် လို့လှမ်းနေတာနဲ့ သုတမောင် ကျောင်းကိုပဲ ရောက်ခဲ့ ရပါတော့တယ်။
အခန်းထဲရောက်တော့ ခွန်းဆင့်ဘေးမှာပဲ ထိုင်ရမ လား။ အရင်ကို့ နေရာလေးမှာပဲ သွားပြန် ထိုင်ရမလား ဝေခွဲမရ ဖြစ်နေမိပေမယ့် ခွန်းဆင့်နားမှာပဲ ထိုင်မိရဲ့။
အဲဒိနေ့က ခွန်းဆင့် ကျောင်းမလာဘူး သူဘယ်ချိန် လာမလဲလို့ မျှော်ရင်းနဲ့ ကျောင်းသာဆင်းသွားတယ် ရောက်မလာ ခဲ့ပါဘူး။ သုတဘာဖြစ် လိုလဲဆိုတာ သိခဲ့ ချင်ပေမယ့် ဖုန်းဆက်ပြီးလဲ မမေးရဲခဲ့ဘူး။
အင်္ဂါနေ့ ရောက်တော့ သုတမောင် အရင်ထိုင်ခဲ့တဲ့ အနောက်တန်း လေးမှာ ပြန်ထိုင် နေမိတယ်။ ခနနေမှာ ခွန်းဆင့် ရောက်လာပြီး သုတကို လှဲ့မကြည့်ပဲ ခပ်တင်း တင်းမျက်နှာနဲ့ သူ့ဖာသာပဲ ထိုင်နေပါတယ်။
ဝေးရပြီ ထင်ပါတယ် ခွန်းဆင့်သာ ရယ်။ ငါမှားခဲ့မိပါ တယ်ကွာ။ ငါ့ကို အ့လိုကြီး မစိမ်းကားပါနဲ့နော်။ ငါမင်း ကို အရမ်းချစ်လို့ ပါကွာ။
အဲဒိနေ့ကနေ စပြီး သူနဲ့ ခွန်းဆင့်သာ နေဝေးခဲ့ရပြန် ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် အဝေးကနေပဲ ချစ်နေရရင် ကျေနပ်ခဲ့တာ နဂိုထဲက မဟုတ်ပါလား။ ငါနဲ့ပက်သက် လို့ ဘာတစ်ခုမှ မပြောခဲ့တာပဲ ကျေးဇူးတင်လှပါပြီကွာ။
သုတရဲ့ ကျောင်းတက်တဲ့ နေရက်တွေက ခြောက် သွေ့ နေရပါတယ်။ အဲဒိချိန်မှာပဲ ခွန်းဆင့်သာ ဆီကို မကြာခန ဆိုသလို လာတက်တဲ့ Physic မေဂျာ Third Year က ထွန်းတောက်ရှိန် ဆိုတဲ့ သူတစ် ယောက်ကို သတိ ထား မိပါတယ်။
ရုပ်ရည်သန့်ပြန့်ပြီး အဝတ်အစားကို စမတ်ကျစွာ ဝတ်ဆင်ထားတဲ့ ထွန်းတောက် ကလဲ ကြည့်ကောင်းလှ ပါတယ်။ သူတို့တွေရဲ့ ရင်းနှီးမှုက သုတမောင်ရဲ့ရင်ကို အရမ်းပူလောင် စေခဲ့တာ အမှန်ပါပဲ။
ထွန်းတောက်လာရင် ပြုံးနေတက်တဲ့ ခွန်းဆင့်သာရဲ့ အပြုံးတွေကို သုတ မနှစ်သက်မိပါ။ မင်း အဲဒိလိုပြုံးမပြ ပါနဲ့ ခွန်းဆင့်သာ သူမင်းကို ချစ်သွားမှာ စိုးလို့ပါကွာ။
သူတို့ အဲဒိလိုတွဲနေတာ ပထမနှစ် တစ်နှစ်ကုန်လို့ ဒုတိယနှစ်ရဲ့ကျောင်းဖွင့် ချိန်ထိတိုင် အောင်ပါပဲ။ သုတ ကတော့ အဝေးကနေ မျှော်ငေးနေယုံ နဲ့သာကျော်ဖြတ် ခဲ့ရပါတော့တယ်။
သူတစ်ပါးအပေါ် မနာလိုစိတ် ထားတာမဟုတ် ပေမဲ့ သုတမောင် ဒုတိယနှစ်ကို အမြန်ကုန်စေ ချင်မိတယ်။ ဒါမှလဲ ထွန်းတောက် ကျောင်းပြီးသွားမှာလေ ဘာပဲဖြစ် နေဖြစ်နေ ခွန်းဆင့် နားမှာ မြင်နေရတာကိုက သုတရဲ့ နှလုံးသားတွေကို နာကျင်စေတယ် မဟုတ်လား။
စာသင်ခန်းကလဲ ဒုတိယနှစ်မှာပါ တစ်ခန်းထဲဖြစ် နေတာမို့ တစ်ခါတစ်ရံ ခွန်းဆင့်နဲ့ မျက်လုံးခြင်း စုံမိခဲ့ ရင် သုတ ချက်ခြင်းအကြည့်တို့ကို လွှဲခဲ့မိတယ်။ ခွန်း ဆင့် ကို သုတ ခုချိန်ထိ ရင်ဆိုင်ရန် မဝံ့ရဲ သေးပါ။
ခွန်းဆင့်ရယ် မင်းတို့ ချစ်နေတာ များလားကွာ။ မင်း နဲ့ မတန်မရာ ဆိုပေမယ့် ငါ့အချစ်တွေကတော့ မင်းကို တစ်ရွေးသားမှ လျော့မသွား ဘူးဆိုတာယုံပါကွာ။
တစ်နေ့မှာ ခွန်းဆင့်သာ ကျောင်းမတက် ပြန်ဘူး။ ဒီလိုပဲ ခုတလော ကျောင်း မကြာခန ပျက်တက်တာကို သုတ သတိထား မိခဲ့ပါတယ်။ ဒီနေ့ နောက်ဆုံးချိန်က ဆရာ မလာတာမို့ သုတလဲ ဖယ်ရီကို မစောင့်တော့ပဲ လိုင်းကားစီးကာ ပြန်လာ လိုက်တယ်။
ကျောင်းက အထွက် တာရိုးလမ်းဘေးမှာ ခွန်းဆင့် ရဲ့ ကားလေး အရိပ်မှာ ထိုးရပ်ထားတာ တွေ့လို့ သုတ အနီးဆုံး မှတ်တိုင်မှာ ဆင်းလိုက်ပြီးမှ သွားသင့်မသွား သင်တွေဝေ နေမိသေးတယ်။
နောက်မှ မထူးပါဘူး ပြောချင်တာ ပြောပေ့စေတော့ သူတခုခု အကူအညီ ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ ဆိုပြီးမှ ကားရပ်ထားရာကို လျောက်လာမိပါတော့တယ်။
ကားနားကို ရောက်တော့ ပိတ်ထားတဲ့ ကားမှန်တွေ ပွင့်လာပြီး ကားထဲမှာ ထိုင်နေတဲ့ ခွန်းဆင့်သာကို တွေ့ ရပါတယ်။
" မင်း ငါနဲ့ ခန လိုက်ခဲ့ပေးမလား သုတမောင် "
" ဟို ဘယ်ကိုလဲဟင် ခွန်းဆင့် "
" တက်ကွာ ခနပါပဲ ငါပြန်လိုက် ပို့ပေးမယ် "
သုတ ကားပေါ်တက်ထိုင် လိုက်တာနဲ့ ခွန်းဆင့် ကား ကိုမောင်းထွက် လာခဲ့ပါတယ်။ သုတ တကယ်ဆို ဒီလို သူများကားကို မစီးချင်ပေမယ့် ခွန်းဆင့် တစ်ခုခု ဖြစ်နေ တယ်ဆိုတာ အလိုလို ခံစားနေမိလို့ လိုက်ခဲ့တာပါ။
ကားပေါ်မှာလဲ ဘာစကားမှ မပြောဖြစ်ခဲ့ပါဘူး။ ကား ကို ဘုရားတစ်စူရဲ့ ကားရပ်နားရာ နေရာမှာ ဝင်ရပ်တာ မို့ သုတ ကားပေါ်က ဆင်းရန်ပြင်တော့
" မဆင်းနဲ့ သုတ ဒီပေါ်မှာပဲ ပြောကြတာပေါ့ "
" အော် အင်း ပြောလေ ခွန်းဆင့် ဘာပြောမလို့လဲ "
" ငါ ငါ အရမ်းဒုက္ခ ရောက်နေပြီ သုတရယ် တောက် "
" ဘာဖြစ်တာလဲ ခွန်းဆင့် ငါဘာလုပ်ပေး ရမလဲ "
" အေး ဒီကိစ္စကို ရင်ဖွင့်ဖို့ကလဲ မင်းပဲရှိတာ သုတရာ တခြားသူတွေဆို နားလည်ပေး နိုင်မှာမဟုတ်ဘူး "
" ဟင် "
သုတင်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ဒါဆိုရင် သုတ ထင်ထားတာ မှန်နေပြီပေါ့။ ဒါကြောင့်လဲ မြွေသားစား တဲ့သူရဲ့ အနှုံကိုမြွေက သိနေသလို ယောက်ျားခြင်းမှ စိတ်ဝင်စားသူ တွေကလဲ ယောက်ျားခြင်း ဆက်ဆံဖူး သူတွေကို အာရုဏ်သိနဲ့ အလိုလို သိနေတက်တာလေ။
( အ့လို အတွေးနဲ့ တွေ့သမျှလူတော့ သွားမထင်နဲ့နော် ခေါင်းကွဲရင် တာဝန် မယူဘူး )
" ငါ ငါ ထွန်းတောက်နဲ့ ငြိသွားတယ် သုတ "
မကြားချင်ဆုံး စကားပေမယ့် ဟန်မပျက် ခေါင်းငြိမ့်ပြ လိုက်ပါတယ်။
" ဒါပေမယ့် သူကငါထင် ခဲ့သလို ယောက်ျားခြင်းစိတ် ဝင်စားတဲ့သူ မဟုတ်ဘူး သုတ သူ့အာသာဖြေဖို့နဲ့ သူ့ လိုအပ်ချက်တွေ ဖြည့်စည်းပေးဖို့ ငါ့ကိုချည်းကပ်ခဲ့တာ သူနဲ့ငါ ငြိသွားတဲ့ ကိစ္စကို သိတဲ့ သူ့သူငယ်ချင်းဆိုတဲ့ ကောင်တစ်ကောင်လဲ ပါတယ် သူတို့ငါ့ကို နှိပ်ဆက်တာ အတော်များနေပြီ သုတရာ "
" သူ့သူငယ်ချင်းက ဘယ်လိုသိပြီး ဘယ်လိုမင်းကို နှိပ်စက်တာလဲ သေချာပြောပြပါ ခွန်းဆင့် "
" ကျောင်းတေပိတ်ထား တုန်းက သူ့သူငယ်ချင်းရဲ့ မွေးနေ့ဆိုပြီး ငါ့ကိုကားနဲ့ လိုက်ပို့ခိုင်းလို့ ငါပို့ပေးခဲ့ တယ် အဲဒိမှာ တမနက်လုံး ငါတို့သောက်ဖြစ်ကြတယ်
မူးလာတော့ သူကောငါပါ စိတ်ပါလာတာ ငါမငြင်းဘူး
သူက တအားမူးလို့ သူ့သူငယ်ချင်းအခန်းထဲမှာ ဝင်ပြီး အိပ်မယ်ဆိုတော့ ငါလဲ လိုက်သွားမိတယ် သုတ "
အဲဒိနေ့ကပေါ့။ ထွန်းတောက် တအားမူတယ်ဆိုပြီး အခန်းထဲ ခနဝင်အိပ်မယ် လုပ်တော့ သူ့ကို
" ခွန်းဆင့် လဲ ခနအိပ်ချင် အိပ်လေ ထိုင်စောင့်နေရမှာ စိုးလို့ လာ နိုးမှ တူတူပြန်ကြမယ် ဖြစ်တယ်မလား "
" အင်း ရပါတယ် "
တိုက်ခန်းက သူငယ်ချင်းအချို့သာရှိပြီး အခန်းပိုင်တဲ့ သူကလဲ တစ်ယောက်ထဲ နေတာလေ။ အခန်းထဲကိုဝင် တာနဲ့ ထွန်းတောက်က တံခါးလော့ကို ချလိုက်တယ်။
ပြီးတာနဲ့ ခွန်းဆင့်ကို ဖက်ပြီး အတင်းနမ်းတော့တာပါ ပဲ။ ခွန်းဆင့်ကလဲ နဂိုထဲက ထွန်းတောက်အပေါ်မှာ သာယာ နေတာမို့ ခရီးလမ်းတစ်ခု အတူဖောက်ဖို့ကို အပေးအယူ မျှစွာနဲ့ စတင်မိပါတော့တယ်။
ခနနေတော့ ထွန်းတောက် ကုတင်ပေါ်တက်ခါ ပက် လက်လှန်လိုက်ပြီး ဘောင်းဘီကို ချွတ်ချလိုက်ပါတယ်။
ခွန်းဆင့်က အင်ကျီချွတ်ထား ပြီးသားမို့ ဘောင်းဘီကို ချွတ်ခါ ထွန်းတောက်ရဲ့ ပေါင်ကြားကို ခေါင်းဝင်လိုက်ခါ စတင်ပြီး လှုပ်ရှုားပါတော့တယ်။
ထွန်းတောက် ခွန်းဆင့်ခေါင်းကို ကိုင်ကာ ညည်းသံ တွေထွက်လာပြီး မျက်စိကိုမှတ်ခါ ခေါင်းက်ုမော့ထားပါ တယ်။ ခွန်းဆင့်ရဲ့ ခေါင်းလေး တရွေ့ရွေ့ လုပ်ရှုားနေ စဉ်မှာပဲ
" ချောက်ခ် ဟာ စော စောတီး ဖုန်းလာယူတာ ဒုန်း "
အခန်းတံခါးကို သော့ဖွင့်ခါ ဝင်လာတဲ့ ထွန်းတောက် ရဲ့သူငယ်ချင်းက ချက်ခြင်းတံခါးကို ပြန်ပိတ်လိုက်ပါရဲ့။
ဒါပေမယ့် ခွန်းဆင့်တို့ ခရီးကို ဆက်မသွားဖြစ်တော့ ပါဘူး။ ရှက်လဲရှက်သွားတာမို့ပြန်တော့မယ် လုပ်တော့ ထွန်းတောက်လဲ လိုက်ပြန်ခဲ့ပါတယ်။ အိမ်ရှေ့ရောက်မှ ခွန်းဆင့် ခေါင်းမဖော်ရဲတော့ဘူးလေ။
" စောတီးနော် ထွန်းတောက် ငါကမင်းတို့ အိပ်နေတာ မှတ်လို့ လူတွေလဲ အကုန်ပြန်ကုန်ကြတာနဲ့ ငါ့ဖုန်း က်ု လာယူတာပါ စောတီး "
" ရပါတယ်ကွာ ငါပြန်တော့မယ် ဟျောင့် နောက်မှ တွေ့မယ် "
" အင်း အင်း အိုခေ "
* * * * * *
ခွန်းဆင့် သက်ပြင်းကိုချခါ သုတဖက်ကိုလှဲ့ရင်းက
" အဲလို ဖြစ်ခဲ့တာ သုတ အခု ထွန်းတောက်က ငါ့ကို
ထွန်းတောက်က sex ကိစ္စပါ မကဘူး တခြားသူလိုချင် တာတွေ တစ်ခုပြီး တစ်ခု ဝယ်ခိုင်းနေတာ မဝယ်ပေး နိုင်ဘူးလို့ ပြောရင်လဲ သူ့သူငယ်ချင်းတွေ ငါ့ကိုမေးနေ တာတဲ့ ပြောပြလိုက်ရ မလားတဲ့ "
" အော် အဲ့ဒိလိုတွေ ဖြစ်တာလား "
" အခုလဲ i phone 5 တဲ့ ငါတောင် အိမ်ကိုဝယ်ခိုင်း ထားတုန်းရှိသေးတယ် စောင့်ပါဦးပြောတာလဲ မရဘူး ဒိနေ့လိုချင်တာတဲ့ ငါတအားစိတ်ညစ်တယ် သုတရာ အဲဒါကြောင့် ငါဒိနေ့ကျောင်းမတက်တာ "
" အေးကွာ ခေါင်းအေးအေးထားပြီး စဉ်းစားကြတာ ပေါ့ ငါသေချာ စဉ်းစားပြီး ညကျမှ ဖုန်းဆက်လိုက်မယ် မင်းအရမ်းကြီးလဲ ညစ်မနေနဲ့နော် ခွန်းဆင့် "
" ငါကတော့ ဘာမှကို မစဉ်းစား တက်တော့တာကွာ မင်းငါ့ကို ကူညီပါဦး သုတရယ် နော် "
" အေးပါ မင်းနားမှာ ငါရှိပါတယ် ဘာမှ မပူနဲ့နော် "
အဲဒိနေ့က အိမ်ပြန်ရောက်ထဲက သုတ အခန်းထဲ အောင်းခါ တချိန်လုံး စဉ်းစားတယ်။ ခွန်းဆင့် ကိစ္စကို ဘယ်လိုရှင်းရ မလဲဆိုတာပေါ့။ ခေါင်းတွေ ထူပူလာပြီး ရေထချိုးချိန်မှာ အတွေးတစ်ချက်က လက်ခနဲ။
ခွန်းဆင့်သာ ထွန်းတောက်ကို ခေါ်ပြီး အအေးဆိုင် လေးထဲ ဝင်လာခဲ့ပါတယ်။ အအေးမှာပြီး တော့မှ
" ကျနော် အဆင်မပြေသေးဘူး ထွန်းတောက်ရာ "
" ဟက် ဟက် ညီလေးရာ မင်းသက်သက်ညစ်တာပါ မင်းလို အခြေအနေနဲ့ အဆင်မပြေဘူးဆိုတာ ဟား "
" ချမ်းသာတာက ကျနော့မိဘလေဗျာ ကျနော်က ကျောင်းသားပါ အိမ်ကပေးတဲ့ မုန့်ဖိုးပဲရ တာဗျ "
" သဘောက မဝယ်ပေးနိုင်ဘူးပေါ့ အ့လိုလား "
" မဟုတ်ပါဘူးဗျာ တလလောက်တော့ စောင့်ပေးပါ "
" ဟ့ တလတောင် မင်းကလဲကွာ အဓိပ္ပါယ် မရှိတာ "
" ကျနော် တကယ် မတက်နိုင်လို့ပါဗျာ "
" မတက်နိုင်လဲ ရတယ်လေ မဝယ်ပေးနဲ့တော့ မင်း အကြောင်းကို ငါပြောပြလိုက် မယ် ဟုတ်ပြီလား "
" ဘာအကြောင်းကို ပြောမှာလဲ ထွန်းတောက် "
ထွန်းတောက် ရုတ်တရက် ကြောင်သွားပြီးတော့မှ
" မင်းနဲ့ငါ ငါ့သူငယ်ချင်းအိမ်မှာ မိထားတဲ့ ကိစ္စလေ "
" အိပ်ဖို့ခေါ်တာက ဘယ်သူလဲဗျ "
" အော် ဟား ဟား ဟား ငါခေါ်တာလေ ဒါပေမယ့် ငါက ယောက်ျားအစစ်ကွ မင်းဘာလုပ်ပေးနေတယ်ဆို တာငါ့သူငယ်ချင်း ကိုတိုင်မြင်ထားတာလေ "
" ခများ ဒီဂွင်ကို လိုချင်လို့ ဖန်ထားတာမှတ်လား အခု ခများကျနော့ကို အကြပ်ကိုင် နေတာပဲလေ "
" ဟ့ ဒိနေ့ထူးထူးဆန်းဆန်းတွေ ပြောနေပါလားကွ "
" အဲဒိထက် ထူးဆန်းတာကို ပြောပြဦးမယ် ခင်များ နောက် ကျနော်နဲ့ လာ မပက်သက်ပါနဲ့ ကျနော့ရဲ့ အ ကြောင်းကိုလဲ ခများပြောချင်တဲ့သူကိုပြောပါ ဒါပေမယ့် ခများရဲ့ စကားအတွက် ခများပြန်တာဝန်ယူရလိမ့်မယ် ကျနော် သွားပြီ ခများကို့ဖာသာပြန်ပါ "
ခွန်းဆင့် ထိုင်ရာက တစ်ယောက်ထဲ ထပြန်ခဲ့ပါတယ် ကားပေါ်ရောက်တာနဲ့ ဖုန်းကို ဖွင့်လိုက် ပြီးတော့ ခုန recording လုပ်ထားတဲ့ အသံ file လေးကို viber ကနေ ထွန်းတောက်ဆီ ပို့ပေးလိုက်ပါတယ်။ ပြီးမှ
" ကျနော် ဘာလဲဆိုတာ လူတွေသိတဲ့နေ့မှာ ခများ ဘာလဲ ဆိုတာလဲ လူတွေသိစေရမယ် ထွန်းတောက် "
အဲဒိစာလေးရိုက်ပို့ပြီး ကားကိုမောင်းထွက် လာခဲ့ပါ တော့တယ်။ အရင်ဆုံး ကျောင်းကိုလာပြီးမှ သုတကို ခေါ်ကာ ကန်ဘောင်ကို မောင်းလာခဲ့ပါတော့တယ်။
ကန်ဘောင်ရောက်တော့ အရိပ်လေးမှာ ထိုင်ဖြစ်ပြီး
" အားလုံး အိုခေတယ် သုတ ကျေးဇူးပဲ သူဒိထက်ပို ယုတ်မာလာရင်တော့ မင်းပြောသလို နောက်တနည်း သုံးကြတာပေါ့ကွာ အခုမှ စိတ်ထဲ နဲနဲပေါ့သွားတော့ တယ် အဲဒါမင်းကျေးဇူးကြောင့် "
" ရပါတယ်ကွာ ကို့သူငယ်ချင်းပဲ ကူညီရမှာပေါ့ "
" ဒါနဲ့ ဟိုတစ်ခါ မင်းအပေါ်ငါ ဆက်ဆံခဲ့ မိတာတွေ အတွက် စိတ်မဆိုးပါနဲ့နော် သုတ ငါလဲ မထင်မှတ်ပဲ ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ နောက်ပြီး - - "
" ပြောပါကွာ အားနာမနေပါနဲ့ ရတယ်ပြော "
" ငါမင်းကို လုံးဝ ရင်ခုန်လို့ မရဘူး သုတ sorry နော် "
" ငါသဘောပေါက်ပါတယ် နားလဲ နားလည်ပါတယ် "
" တကယ်စိတ်မကောင်းပါဘူး သုတရယ် ငါတို့အခင် အမင်တော့ မပျက်ချင်ဘူးကွာနော် သူငယ်ချင်း "
" အင်းပါ ခွန်းဆင့်ရယ် ငါကျေနပ်ပါတယ်ကွာ "
" အော် ဟိုဟာလေ ပြောရင်လဲ စိတ်ဆိုးမလားပဲ "
" ပြောပါကွာ မင်းကိုငါက ဘယ်တုန်းကစိတ်ဆိုးလို့လဲ "
" အင်း ဒါဆို မင်းလိုအပ်နေတာ ငါဖြည့်ဆည့်ပေးလို့ ရနိုင်တာ ငါဖြည့်ဆည်းပေးပါ့မယ် မင်းဆန္ဒရှိရင်ပေါ့ "
သုတရဲ့ ရင်ဘတ်ထဲက အသဲတွေကို စွဲချေပစ်လိုက် သလိုခံစားရပါတယ်။ သုတ လိုချင်တာက Love ပါဗျာ
အသက်မပါတဲ့ ခန္ဓာကိုယ်ကြီးရဲ့ Sex ကိုမဟုတ်ပါဘူး။
" ငါနားလည်ပါတယ် ခွန်းဆင့် ကျေးဇူးလဲတင်ပါတယ် ဒါပေမယ့် ငါလိုချင်ခဲ့တာ အဲဒါမဟုတ်ဘူးလေအဲဒိတော့ ငါ့တို့ ဒိတိုင်းလေးပဲ ခင်မင်ကြတာပေါ့ကွာ နော် "
" အင်း နောက်ပြီး မင်းငါ့အတွက်နဲ့ တစ်သက်လုံးဒိလို ပဲအဖော်မဲ့ပြီး နေနေမှာမျိုးလဲ မဖြစ်ပါစေနဲ့ သုတ ငါလဲ ငါချစ်တဲ့သူ တွေ့ရင် လက်တွဲမှာမို့လို့ပါ "
" စိတ်ချပါ ငါမင်းကို အရမ်းချစ်ခဲ့ပေမယ့် မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငါမိုက်ရူးရဲ မဆန်ပါဘူး သင့်တော် တဲ့သူတွေ့ တဲ့တစ်နေ့ ငါချစ်သူအဖြစ် လက်တွဲမှာပါ "
ရင်ဘတ်တွေ နာကျင်နေပေမယ့် ဒါဟာ တကယ်ကို လက်ခံရမယ့် ကိုမျှော်လင့်ပြီးသား အကြောင်းတရား ဖြစ်နေတာကိုး။ ချစ်ခွင့်မရှိပေမယ့်လဲ အနီးကပ်ကြည့်ခါ ကူညီနေခွင့်ရ ရင်ပဲ ကျေနပ်ပါပြီ ခွန်းဆင့်ရယ် ။
" ဒါဆို မင်းစာအုပ်ကြားထဲက ရောင်စုံစာရွက်လေး တွေ ထက်မရေးနဲ့တော့နော် သုတ "
သုတမျက်နှာရဲ ခနဲဖြစ်သွားတာမို့ ခွန်းဆင့်ရယ်လိုက်ခါ
" လာ ငါ့ကို အာဘွား ပေး တစ်ခါပဲရမယ်နော် "
သုတ ဘာလုပ်ရမလဲ ?? ဘာလုပ်သင့်ပါသလဲ ??
အားလုံးကို ကျေးဇူးတင်ပါတယ်ခမျာ့။
Lamin Lay
No comments:
Post a Comment