အတာတန်ခူး နဲ့ နှာဘူး
^^^^^^^^^^^^^^^^^
" ဝေးးးးးးးးးး "
" နှာဘူး မင်းအကျနေ့ ကားစုတ်မလုပ်နဲ့နော် "
" အေးပါ မင်းလဲ တနေကုန် စားဖို့နဲ့ သောက်ဖို့ တာဝန်ယူရမှာ မေ့မနေနဲ့ "
နိုင်ထူးတို့ အဖွဲလေးက သူငယ်ချင်း ၆ ယောက် ရှိတယ်လေ။ မိန်းခလေးက ၂ ယောက် ယောက်ျားလေးက ၄ ယောက်။ ဒီနှစ်က တက္ကသိုလ် နောက်ဆုံးနှစ် ဖြေပြီး ပြီမို့ နောက်ဆို သိပ်တွေ့ဖြစ်မည် မဟုတ် တာကြောင့် ဒီနှစ် သင်္ကြန်ကို အားလုံး အတူ တကွ လည်ရန် စီစည်ကြခြင်း ဖြစ်လေသည်။
အားလုံးကလဲ ငွေကြေးတက် နိုင်သူတွေမို့ ကား ၃ ရက်နှင့် အစားအသောက် ၃ ရက်စာကို မဲ ၆ မဲခွဲကာ ကို့တာဝန် ကိုယူကြခြင်း ဖြစ်ပါတယ်။ နိုင်ထူးက အကျနေ့ ကားတဝန် ယူရမည်။ နိုင်ထူးကို သူငယ်ချင်းတွေက အမြဲ ရှုဆေးဘူး လက်က မချသူ မို့ နှာဘူးဟု ခေါ်ကြတာ ဘယ်လိုမှ တားမရပေ။
တစ်ယောက်ကို လူပို တစ်ယောက် ခေါ်ခွင့်ရှိတယ်လေ။ အားလုံး ၁၂ ယောက် သူ ငယ်ချင်းတွေက အကုန်က ပျော်တက် နောက်တက်ပေမယ့် ပြသနာ မရှိပေ။ မိန်းခ လေး ၂ ယောက် ကလဲ အားလုံးနှင့် မောင်နှမ သဖွယ် ရင်းနှီး နေကျလေရဲ့။
ဒီနေ့ သင်္ကြန် အကြိုနေ့ မနက်ဖြန် လည်ဖို့ကားကလဲ ငှားပြီးသား။ မိသက် က အစား အသောက်အတွက် ဘီယာ ၃ ဖာနှင့် မုန့် မျိုးစုံ အပြင် နေ့လည်စာကိုပါ ရှင်းပေးရမှာ။ အကြိုနေ့ မှာထဲက လူက လည်ဖို့ ပတ်ဖို့ အတွက် တက်ကြွ မြူးတူးနေပီလေ။ နိုင်ထူး က သူ့ညီဝမ်းကွဲ နယ်ကလာလည်သူ တစ်ယောက်ကို ခေါ်မှာ ဖြစ်ပါတယ်။
အကြိုနေ့ ။ ။ နေ့လည် ၁ နာရီ လောက်မှာ ဝေလင်း အိမ်ကကား ရောက်လာ ပြီး မဏ္ဍပ်တွေ လိုက်ကြည့်ဖို့ လာခေါ်လေရဲ့။ ကားက အကျတ်နေ့ လည်ရန် ပြင်ထား တဲ့ အမိုးပွင့် ဂျစ်ကားလေး မို့ သူတို့အဖွဲ့ အကုန်ပါလာလေရဲ့။
" နှာဘူး မင်းညီကော ခေါ်လေကွာ "
" ခေါ်ခဲ့ပါဟယ် ငါတာဝန်ယူ ပါတယ်ဟဲ့ ဟားးဟားးဟား "
စိုးမိုးက နိုင်ထူးရဲ့ ညီပါခေါ်ခဲ့ရန် ပြောတာကို မိသက် ကဝင်နောက်လို့ အားလုံးက ဝိုင်းဟား ကြခြင်းဖြစ်လေရဲ့။
" မိသက်ရေ နင်တစ်ယောက်ထဲတော့ မရဘူး ငါလဲ တာဝန်ယူပါရစေ "
" အေး ရတယ်လေ ကေသွယ် ငါတို့လဲ သိတယ်နော် "
" ဝေးး ဟေးးး ဟေးး လုပ်ထည့်လိုက်တော့ သားကြီးရေးးး "
" မောင်း ဟေ့ မောင်း မောင်း ကြာတယ် ဝေလငါးစုတ် "
မိန်းခလေး သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ မိသက်နဲ့ ကေသွယ်ကလဲ သူတ်ု့ ညီမ တွေ ပါလာတာမို့ နိုင်ထူးတို့က အားကျမခံ စနောက်နေ ကြခြင်းပါ။ နိုင်ထူး ဝေလင်း စိုးမိုး အောင်ကျော် တို့ကတော့ ယောက်ျားလေး တစ်ယောက်စီ အဖော်ပါလေရဲ့။
နိုင်ထူး နဲ့ နိုင်ထူးရဲ့ညီ ညီညီ တို့ကားပေါ်တက် ကြတော့ နိုင်ထူးဘေး မှာ စိုးမိုးရဲ့ သူငယ်ချင်း တစ်ယောက်ရှိ နေတာလေ။ ဖြူဖြူ ချောချောလေး ပါပဲ။ နိုင်ထူး ကပြုံးပြ တော့ သူကလဲ ရင်းနှီး ဖော်ရွှေစွာ ပြန်လည် ပြုံးပြ လေရဲ့။
သူတို့ ကားလေးက ပြည်လမ်း အတိုင်း ၈မိုင်ဘက်ကနေ ဝင်လိုက်တာမို့ IC မဏ္ဍပ် နားရောက်တော့ ကားပိတ်မှုနှင့် စတင်တွေ့ပါပီ။
" ကဲ ကဲ IC က်ု လစ်ကြမယ်ဟေ့ အဖွဲ့ မကွဲစေနဲ့ ကား ရောက်မှပြန်စုမယ် "
တဖွဲ့လုံး ဆင်းလိုက်ခါ မိန်းခလေးတွေ ကို ဝိုင်းရန်ကာ Show ကြည့်ဖို့ လမ်းလျှောက် လာခဲ့ကြတယ်လေ။ လမ်းလျှောက်ရင်း ဒီနေ့တော့ ကိုယ့် အစီအစဉ်နဲ့ ကိုယ်မို့ ဘီယာ တွေ ဝယ် မုန့်တွေဝယ်ပြီး စားကြလေရဲ့။
" ဟာ မသာ စိုးမိုး ကို့ဖာသာဝယ်မစားဘူး ဘီယာတော့ ဝယ်သောက်တယ် "
" မိသက် မကြွေးနဲ့ အဲ့ကောင်တွေကို အား မကြွေးဘူး နှာဘူး စုတ် "
" ဟားဟား ဝေလင်းရေ ဒိမှာ ငါတ်ို့အတွက် အမြည်းတဲ့ လုကြ လုကြ "
" ဟား ဟား "
ဝေးလား ဝါးလားနဲ့ ပျော်မဆုံး တပြုံးပြုံးနဲ့ နောက်ပြောင်နေကြတုန်း
" ရော့ ကျနော် အကို့အတွက် ဝယ်လာတာ ဗျာ့ "
" အော် ကျေးဇူးပဲ ညီလေး ရော့ ဒီမှာ ကြက်ကြော်ယူလိုက် "
ခုန သူ့ဘေးမှာ ရပ်နေတဲ့ စိုးမိုးရဲ့ သူငယ်ချင်းလေးက သူ့ကို မိတ်ဖွဲ့တာမို့ သူကလဲ ပြန်လည် ရင်းနှီးမှု ယူကြလေရဲ့။ မဏ္ဍပ်ရှေ့ ရောက်တော့ မနေနိုင်ကြတော့
" ဟဲ့ ကေသွယ် နင်တို့ ဒီနားကနေပဲ ကြည့်ကြ ငါတို့ရှေ့မှာ သွားကဦးမယ် "
" အေးပါ ရန်မဖြစ်စေနဲ့နော် ဒီမှာ ယောက်ျားလေး ၂ ယောက်လောက်နေခဲ့ "
ညီညီနဲ့ အောင်ကျော် ရယ် သူ့ညီရယ် ၃ ယောက်နေခဲ့တော့ နိုင်ထူးတို့ လူအုပ်ထဲ တိုးကာ ကကြတော့တယ်။ အရှိန်လေးက ရလာတာရယ်။ Rocker ကြီးတွေရဲ့ မြူးကြွ တဲ့ ဖျော်ဖြေ မှုတွေကြောင့် ကလို့ကလဲ ကောင်းမှကောင်း ပါပဲ။
ကနေရင်းက အမြဲ သူ့ဘေးမှာ ရှိနေ တက်တဲ့ စိုးမိုးရဲ့ ညီလေးကို သူ သတိထား မိ တယ်။ နိုင်ထူးကို မကြာခန စိုက်ကြည့်နေ တက်တယ်။ ကနေရင်းကလဲ တခါတခါ လာဖက်လိုက် ကိုယ်လုံးခြင်း ပွတ်လိုက်နဲ့ ဒိလောက်ဆို နိုင်ထူး သဘောပေါက် ပါရဲ့။
မြွေသားစားတဲ့ သူရဲ့ အနံ့ကို မြွေတွေ သိနေသလိုမျိုး။ အာရုဏ်က သိနေလေပေပီ။
~~~ အမဲလိုက်အက ခွန်အားရှိမှ ဆုတံဆိပ်တွေ ရလိမ့်မယ် ရေးးးး ရေးးးး ~~~
~~~ ဟေး ဟေး ဟေး ~~~
ကတာထက် ခုန်ရတာက ပိုပြီးပျော် ဖို့ကောင်းနေတာလေ။ လူတွေကလဲ ကျိတ်၂ တိုးစည်ကား နေတာ မဟုတ်လား။ နိုင်ထူး ကောင်လေးနဲ့ လက်ခြင်းတွဲကာ ခုန်နေမိ တယ်လေ။ ပါးစပ်ကလဲ ငယ်သံပါအောင် လိုက်အော် နေကြတာလေ။ ပျော်တာမှ ပြော မနေနဲ့။
" အကို ကိုစိုးမိုး တို့ ဟိုမိန်းခလေးတွေ နားရောက်သွား ပြီသွားရအောင် "
လက်ထဲကို ဘီယာတစ်ဘူး ထိုးပေးရင်း လာခေါ်သော ကောင်လေးကို ကြည့်ကာ
ဒိကောင်လေး ငါ့ကို စိတ်ဝင်စား နေတာ ထင်တယ်။
" အေးသွားမယ် မင်းနာမည် ဘယ်လိုခေါ်လဲ ညီလေး "
" သစ်ထွန်း ပါကိုနိုင်ထူး "
" ဟား ဟား အေးပါကွာ ဟိုကောင်တွေလို နှာဘူး မခေါ်တာပဲ တော်သေးရဲ့ "
IC ကနေပြန်ထွက်တော့ အနည်းငယ်ပင် မှောင်စပြုနေပြီမို့ အားလုံးက ပြန်ဖို့သာ သဘောတူ ကြတာမို့ တစ်အိမ်ခြင်း လိုက်ပို့ပေးလေရဲ့။ မိန်းခလေးတွေ အရင်ပို့တာ မို့ ကားပေါ်မှာ ချမ်းလို့ ငုတ်တုတ်လေးတွေ ပူးကပ်ခါ ထိုင်နေကြတော့လဲ သူ့ဘေးမှာ
သစ်ထွန်း ကပ်ပြီး ထိုင်နေတာပါပဲ။
" အေးလိုက်တာဗျာ နောက်နေ့တော့ သဘက်ကြီး ထည့်လာမှ ဖြစ်မယ် "
သစ်ထွန်း စကားကြောင့် နိုင်ထူး သစ်ထွန်းက်ု ဆွဲဖက်ထားလိုက်တော့
" နှာဘူးရေ အဲဒါ ငါ့သူငယ်ချင်း နော် မင်းဒါလေးတော့ ချမ်းသာပေးပါကွာ "
" လပြွတ် ချမ်းလို့ဟ့ ဒိမာ နှစ်ယောက်လုံး ချမ်းနေတာမတွေ့ဘူးလား "
" နှာဘူးမ သူငယ်တွေ ရှာနေတယ်ဟေ့ ဟား ဟား ဟား "
" ကောင်မတေ ကားပေါ်မှာ ကဲမနေကြနဲ့နော် ဟား ဟား ဟား "
" ဝေးးးးဟေးးးးး ရွှီးးးးးးးးးး "
သူတို့ကို ဝိုင်းနောက်ကာ ဟားကြပေမယ့် သူက သစ်ထွန်းကို မလွှတ်ပေး ခဲ့ပေ။ သစ်ထွန်းကလဲ လိုက်ရီနေပေမယ့် နိုင်ထူး ဖက်ထားတာကို ရုန်းမထွက်ခဲ့။ ကဲ အဒိမှာ
စပြီး တွေ တာပါပဲ။ ဒီနှစ် သင်္ကြန်ကနော့ နိုင်ထူးအတွက် စိုပြေပြီပေါ့လေ။
သင်္ကြန် အကျနေ့ ။ ။ ဒီနေ့က နိုင်ထူး အိမ်ကနေ ကားက စထွက် မှာမို့ မနက် ၇ခွဲ လောက်ထဲက လမ်းကြောင်း ကိုရွေး ရပီလေ။ စိတ်က စိုးမိုး စီကိုသာ အရင်ဆုံး သွား ချင်နေတာ နဲ့ လမ်းကြောင်းကို အဲဒိဘက်ကနေ ပတ်လိုက်ပါတယ်။ စိုးမိုး ပြီးမှ မိသက် နဲ့ ကေသွယ် တို့ကိုဝင်ခေါ် ပြီးမှ အောင်ကျော်နဲ့ ဝေလင်း။
စိုးမိုး တို့အိမ်ရောက်တော့ စိုးမိုးကော သစ်ထွန်းပါ အဆင်သင့် စောင့်နေလေရဲ့။
သစ်ထွန်းက ကားပေါ်ရောက်တာနဲ့ နိုင်ထူး ဘေးနားမှာ လာရပ်ပြီး နေရာယူပါရော။
ကားထွက်တော့ သစ်ထွန်းက နိုင်ထူးကို ရေသန့်ဘူး ထဲမှ ရေတွေနဲ့ လောင်းချ ကာ
" အေးချမ်းသာယာတဲ့ နှစ်သစ်လေးဖြစ်ပါစေ ကိုထူး "
" ဟေ့ကောင် သစ်ထွန်း မင်းလဲနော် နှာဘူး ကိုကျိတ် ခိုက်နေပီ ထင်တယ် ဟားး "
သူတို့ရယ်မောလိုက်ကာ မိသက်တို့ အိမ်ရောက်တော့ ကေသွယ်တို့ ညီအမ ပါရောက် နေတာမို့ အဆင်ပြေလေရဲ့။ မိသက်က ဘီယာတွေ အစားအသောက် တွေကို ကားခေါင်း ခန်းထဲ ထည့်ပြီး အနောက်ခန်းမှာ နေရာယူ ကြလေရဲ့။
" နှာဘူးရေ ဒီမှာ ငါတို့ မိန်းခလေး တွေကို စောင့်ရှောက် ဖို့မေ့မနေနဲ့နော် ဟွန်း "
" ဟုတ်ပ့ ကေသွယ် အ့ကောင် ကိုကြည့်ရတာ သိပ်မရိုးဘူး "
" ကိုညီညီ လာ သမီးတို့နားမာနေ ရေပတ်ရင် ကာပေး "
ကေသွယ့် ညမလေးနဲ့ မိသက် ညမလေး တွေက ညီ့ညီ့ကို အနားခေါ် ထားလေရဲ့။
အောင်ကျော် တို့အိမ်မှာလဲ ဝေလင်းတို့ ညီအက်ုတွေ ရောက်နေ တာလေ။
" ဝေးးးး လာပီဟေ့ ဒုံးးးဒုံးး ဂလုံးးးဂလုံးးး ဂျွမ်းးးဂျွမ်းးးးဂျွမ်းးးး ရွှီးးးးး "
ဝေလင်းနဲ့ အောင်ကျော် ဘယ်အချိန်က လုပ်လိုက် တယ်မသိ ဆီပုံး အဝါကြီး နှစ် ပုံးကို ထိပ်ဖွင့်ထားပြီး တစ်ဒေါင်လောက် ဒုတ်တွေကို ထိပ်မှာ အဝတ် ပတ်ထားကာ တီးလိုက်တော့ အသံတော်တော် လေးထွက် လေရဲ့။ ဝေလင်းရဲ့ ညီကလဲ စတီး ပန်း ကန်ပြား နှစ်ချပ်ကို ဖင်ချင်ရိုက်တာ တဂျွမ်းဂျွမ်းနဲ့လေ။ အောင်ကျော်ကလဲ ဝီစီတလုံး ကို ပါးစပ်မှာခဲလို့ ပွဲကတော့ စည်ပီလေ။
" ဟေးးးး ဝေးးးးးးး ရွှီး ရွှီး မိုက်တယ်ဟေ့ တက်တက် သွားကြမယ် "
မိန်းခလေး တွေပါ တက်ကြွစွာ အော်ဟစ်ခါ ကားလေး စထွက်လာပါပီ။
" နှာဘူးရေ လမ်းကြောင်းလေး အမိန့်ရှိပါခမျာ့ "
" အမိန့်ရှိဖို့ အာခြောက်တယ် စိုးမိုး မင်းဘေးက ဘီယာဖာ ဖောက်တော့ လူစုံပီ
တစ်ယောက်တဘူး ဝေတော့ကွာ ချီးယားးချင်ပီ "
" ဟာ ဒါအကောင်းဆုံး အစီအစဉ်ပဲ ရော့ ဝေလင်း မင်းတို့ ညီအကို ၂ ဘူး "
" ဟေ့ကောင် မင်းဘီဟာဝေတာ ငါ့နာမည် ထည့်မပြောနဲ့ကွ "
" ဟားးးဟားးးး "
" ဒုံးးးဒုံးး ဂျွမ်း ဒုံးးးဒုံးးး ဂျွမ်း ဒုံးး ဒုံးး ဒုံးးဒုံးးး ဂျွမ်း ဟေ့ ဟေ့ ဟေ့ "
" ဟဲ့ ငါတို့လဲ တယောက်တဘူး နော် အကောင်တွေ "
" ဟာ ဒါ နင်တို့နဲ့ မတည့်ဘူး မသောက်နဲ့ "
" ဟဲ့ မရဘူး သောက်မာ ကေသွယ် ရော့ ဖောက် "
" ကဲ အကုန်လုံး ချီးယားလုပ်မယ် ဟေ့ ကားလဲ သေချာ ကိုင်ထားကြ "
" ဝမ်းးးတူးးးးသရီးးးး ချီးယားးးးးးးး ဟေးးးး ဒုံးးဒုံး ဒုံး ဒုံး ဒုံး မြန်မာ မြန်မာ "
ဝယ်လာတာက မြန်မာဘီယာ ဘူးတွေမို့ ရောက်တက် ရာရာ ဘူးတွေ မြှောက်ခါ တီးတဲ့ သူနဲ့ ဟုတ်နေကြတာပဲ။
" အခု ငါတို့ Sedona ရှေ့မှာ ဝင်တန်းစီမယ် ကဲမယ် နေ့ခင်းကို လသာမှာ sky net မဏ္ဍပ်ဘက်လစ်မယ် "
" ဟေးးးး ဒုံးးဒုံးး sky net ဒုံးးဒုံးး sky net ဝေးးးးး "
တယောက်တပေါက် အော်ဟစ် ဆူညံနေတဲ့ သူတို့ကားက သူများကား တွေထက် ပို၍ စည်ကား နေလေရဲ့။ ဘေးက ကားတွေလဲ လိုက်နောက် လမ်းလျောက်နေ တဲ့သူ တွေလဲ မချန်ပေ။ ဘေးကားက မမဝဝ တစ်ယောက် ကိုတွေ့တော့
" စည်ပိုင်းကြီး လိမ့်လာပီ ဒုံး ဒုံး စည်ပိုင်းကြီး လိမ့်လာပီ ဒုံး ဒုံး စည်ပိုင်းကြီး ပိုင်ကြီး လိမ့်လာပီ ဒုံး ဒုံး ဂျွမ်းး ရွှီးးးးး ဟေးးးး '"
" ဟေ့ကောင်တွေ ဟိုမှာ မင်းတို့ကို ရဲကြီး ကြည့်နေတယ် "
ယာဉ်ထိန်းရဲကို လက်ညှိုးညွှန်ကာ ပြော လိုက်တော့ တယောက်က ထဖောက်ရဲ့
" ဦးရဲကြီး ကြည့်နေတယ် ဒုံး ဒုံး ဦးရဲကြီး ကြည့်နေတယ် ဒုံးး ဒုံး ဦးရဲ ကြီး ရဲကြီး ကြည့်နေတယ် ဒုံး ဒုံး ဒုံး ဂျွမ်းးးးး ရွှီးးး ဟေးးးးးးး "
အနားက ကားတွေကော တာဝန်ကျ ယာဉ်ထိန်း တွေပါ ပြုံး ရယ်ကြကုန်ရဲ့။ ကဲတာ ကဲတာ ဆိုတာ ပြောမနေနဲ့
" ကိုထူး ကျနော် ကိုထူး အတွက် ဘီယာ သက်သက်ဝယ်လာသေးတယ် နော် "
" ဟား လိမ်မာ လှချည်လား သစ်ထွန်း ငါကတော့ မင်းအတွက် သဘက်ကြီးပဲ ထည့်လာတယ်ကွ "
" ဟာ တော်သေးတယ် ညီ မနက်ကလေ မေ့လာတာ နော်လိုက်တာ ကိုထူးက "
လူတွေက ဝေးလားဝါးလား ဆူညံနေတော့ သူတို့လဲ စကားကပ်ပြော ရတာအဆင် ပြေတာပေါ့။ ကားတချက် တချက်မောင်းလိုက် လို့ ယိုင်သွားရင် သစ်ထွန်းက သူ့လက် ကိုလာလာ ကိုင်တယ်။ သူကလဲ ပြန်ထိန်းပေး ထားတယ်လေ။ မိန်းခလေး တွေကလဲ
သူတို့ အဖွဲ့နဲ့ သူတို့လေ။
" ဆင်းမယ်ဟေ့ ဆင်းမယ် မဏ္ဍပ် ရှေ့မှာ သွားက ကြမယ် မိန်းခလေးတွေ ဒီက စောင့် နေ လျောက်မသွား နဲ့ "
" ဟဲ့ မရဘူး ဒို့လဲ လိုက်မှာ ငါတို့လဲ ကမယ် ဆင်းကြ ဆင်းကြ "
တဖွဲ့လုံး ဆင်းကာ မဏ္ဍပ် ရှိရာသို့ လျောက်လာ ကြတယ်။ ကားကတော့ တန်းစီလို့ မဏ္ဍပ်ရှေ့ ရေပက်တဲ့ နေရာ ရောက်တော့ နေရာလွတ်ကို ရွေးကာ ကို့အဖွဲ့နဲ့ကို ကကြ လေတော့တယ်။
ရေမှုန်တွေ ကြားမှာ ကကွက်တွေက သေသပ်လှပစွာ စိုစွတ်နေတဲ့ အဝတ်တွေက ဝင်းမွတ်တဲ့ အသားအရေနဲ့ လိုက်ဖက်စွာ ခန္ခာကိုယ် အချိုးအစား က်ုဖော်ပြလို့။
သစ်ထွန်းက ကနေ ပေမယ့် နိုင်ထူးကို ကြည့်နေတာမို့ ရေတွေ ကြားမှာ အကြည့်ချင်း ဆုံ အပြုံးချင်း ဖလှယ်။
ကြည့်နေတာ သေချာစိုက် ကြည့်နေကြတာ တစ်ယောက်ကို တစ်ယောက်။ အပြုံး တွေနဲ့ ကကွက်တွေမှာ အသက်မပါတော့။ မျက်ဝန်းက စာတွေကို အပြန်အလှန် ဖတ် နေကြရင်း ရင်ခုန်သံတွေက မဏ္ဍပ်က DJ ကြောင့် သက်သက်တော့ မဟုတ်တော့။
ရုတ်တရက် သစ်ထွန်းက နိုင်ထူး လက်ကို ဆွဲကာ လူအုပ်ကြားမှ ဆွဲပြေးတော့
" ဟေ့ကောင်တွေ ဘယ်သွားကြ မှာလဲ ဒီက်ုပဲ ပြန်လာနော် "
" အေးအေး သေးသွားပေါက်မလို့ ဟားးဟားး "
ရေတွေကြားကနေ လက်ကိုမလွှတ်တမ်း ဆွဲကာပြေးလာပြီး လူတွေကိုရှောင်ဖယ် ကန်ဘောင် ဘက်ကိုပြေး လူလွတ်တဲ့ နေရာက မရှိ။ အဲဒါနဲ့ မဏ္ဍပ်ကြီးရဲ့ အနောက် သွပ်တွေ ကာထားတဲ့ နေရာ ကိုရောက်တော့ နိုင်ထူးကို သွပ်ပြား ဘက်မှာ ကပ်သွား အောင် သစ်ထွန်း တွန်းလိုက်ရဲ့ ပြီးတော့မှ နိုင်ထွန်း ခေါင်းကို ကိုင်ကာ နှုပ်ခမ်းခြင်း တေ့ပြီး Kissing ဆွဲပါလေတော့တယ်။
မျက်စိတွေ စုံမှိတ်ပြီး နမ်းနေရာက နိုင်ထူး မျက်စိဖွင့်လိုက်တော့ သစ်ထွန်းရဲ့ ခေါင်းကို ကျော်ကာ တွေ့လိုက် တာက ၁၅ နှစ်အရွယ်ခန့် ရှုးပေါက်နေတဲ့ ခပ်ချော၂ ချာတိတ်လေး တစ်ယောက် အံ့အားသင့်စွာ ပါးစပ်လေးဖွင့်လို့ ငေးနေတာ နိုင်ထူး မျက်စိ တစ်ဖက် မှိတ်ပြလိုက်တော့ ဘောင်းဘီပင် ဇစ်မတပ်ပဲ လှည့်ပြေး ပါရော။
" ဝေးးးးးးဟေးးးးးး လုပ်ထားကွ ဝေးးးးး "
ကန်ဘောင်ပေါ်က ဖြတ်သွားတဲ့ အဖွဲ့တဖွဲ့ရဲ့ လှမ်းအော်သံ တွေကြားမှ ရင်ခုန်စွာ အနမ်းတွေကို ရပ်လိုက်ခါ တယောက်မျက်နှာ တစ်ယောက် သေချာစိုက် ကြည့်ပြီး ပြိုင်တူ ပြောလိုက်တာက
" ချစ်တယ် "
နိုင်ထူးနဲ့ သစ်ထွန်း တို့ လက်ကို တွဲကာ အဖွဲ့ ပြန်လာ ကြတယ်။ ကားက မရောက် သေး အဖွဲ့တွေလဲ ကဲကောင်း နေ ကြတုန်း။ ဒါနဲ့ မဏ္ဍပ် ဘေးက လမ်းဘေး ဆိုင်လေး မှာ ထိုင်ပြီး Beer တဘူးနဲ့ ကြက်ကြော် တစ်တုံးမှာကာ နိုင်ထူးက ဘီယာ မော့လိုက် သစ်ထွန်းက ကြက်ကြော်လေး ခွံပေးလိုက် သစ်ထွန်းက မော့လိုက် နိုင်ထူးက ခွံလိုက် စကားတွေ ပြောလိုက် ရယ်လိုက် မောလိုက်နဲ့ ပျော်လိုက် တာမှ တအားပင်။
" ဟေ့ကောင် နှာဘူး ကားက ဟိုးရှေ့ မဏ္ဍပ် ရောက်နေပီ ဘောပဲ မြန်မြန်လာ "
" အေးအေး လာပြီ အောင်ကျော် လာပြီ လာပြီ "
ပိုက်ဆံက ရှင်းပြီး သားမို့ ထရပ်ကာ ထွက်လာတော့ သစ်ထွန်းက ရပ်နေမြဲမို့
" ဘာဖြစ်လို့လဲ ညီ သွားမယ်လေ "
သစ်ထွန်းက ဘာမှ ပြန်မဖြေပဲ လက်သာ ထိုးပေး တာမို့ နိုင်ထူး လက်ကို တွဲပြီး
" လာပါဗျာ ချစ်ဆုံး ကလဲ ကဲလိုက်တာ သူငယ်ချင်းတွေ ရှိသေးတယ်လေ "
" သူငယ်ချင်းတွေ ထက် ညီ့ကို ပိုမချစ် နိုင်ဘူးလား ကိုထူး "
" ဟား ဟား ဟား ချစ်ပ့ဗျာ လာပြေး ကြမယ် လူအုပ်ထဲ တိုးပြီး "
ဒီတခါတော့ သစ်ထွန်းကို နိုင်ထူးက လက်ဆွဲကာ လူတွေ ကြားထဲမှာ တိုးပြီး ပြေးရ တာ ရေတွေကဆို လူတွေက မြူးကြွ နေတော့ တကယ့် ပျော်စရာပါ။
" အား sorry sorry ဟား ဟား ဟား "
" ကန်တော့ ကန်တော့ ဟား ဟား ဟား "
ကားနား ရောက်တော့ ကေသွယ်တို့ မိန်းခလေးတွေ ကားပေါ်မှာ ကနေကြတယ်။
ဝေလင်း တို့လဲ ကားနားမှာ ကနေတုန်းလေ။ ကားကလဲ ရပ်လိုက် မောင်းလိုက်နဲ့ မဟုတ်လား။ အဲဒိချိန် မှာပဲ မိသက်က လှမ်းပြီး ဖောက်ပါ တော့တယ်။
" နှာဘူး နင် အဲဒိကလေးနဲ့ လင်မယားတွေ ဖြစ်သွား ပီလားဟင် "
" အေးလေ ဟယ် နှာဘူး နော် နင် ဘဝပြောင်းပြီး ဂန်ဒူး ဖြစ်ချင်နေတာပေါ့ "
" ဒူးဒူး ဘူးဘူး ငါဆိုတာ ငါပဲလေ ဘာမှမှ မပြောင်းလဲ သွားတာ ဟဲဟဲ အူမတိုနဲ့ "
" ဘုရားရေ သေချာပီ သေချာပီ ဒီကောင် "
" ဟယ် က်ုရီးနိုင်ထူး နှမြော လိုက်တာ အဟင့် ဟားဟား ဟား "
တစ်ယောက် တစ်ပေါက်နဲ့ ဝိုင်းဟား နေကြ ပေမယ့် ဒီသူငယ်ချင်း တွေက ပြောမနာ ဆိုမနာ တွေမို့ နိုင်ထူး ရီလို့သာ နေပါတော့တယ်။ ဘာပဲပြောပြော ချစ်သူလေး မျက်နှာ ပြုံးနေဖို့သာ အဓိက မဟုတ်လား။ ကားက မဏ္ဍပ်ရှေ့ ဖြတ်တော့ မှာမို့ အကုန် ပြုံပြီး တက်လာကာ တဝုန်းဝုန်းနဲ့ ကကြပြန်တယ်။
ရေတွေကလဲ မီးသတ်ပိုက်ကြီး တွေနဲ့ ဆိုတော့ နီးရာ လူအုပ်ထဲတိုးကာ ရွစိထိုး နေကြ တာလေ။ နိုင်ထူးကတော့ သစ်ထွန်းကို တင်းနေအောင် ရင်ခွင်ထဲ ထည့်ပြီး ဖက်ထား တာပေါ့။ ရေပက်တဲ့ နေရာကျော်ပြီး stage ရှေ့ရောက်တော့ သူ့ထက်ငါ ကကြပြန်တယ်။ ကတာထက် ခုန်ပေါက် နေတာများများရယ်။
~~~ တစ်နှစ် တစ်ခေါက်တော့ အရောက် လာမယ် မိန်းမချောလေးရယ် ~~~
~~~ ဖလားလေးနဲ့ နှစ်ယောက်အတူ ရေသွားပက်ကြမယ် ~~~
စင်ပေါ်က အဆိုတော် ဆိုနေတဲ့ သီချင်းကို ဝိုင်းပြီး အော်ဟစ်ကာ လိုက်ဆိုကြတာ အလွန်ပင် ပျော်ဈာ ကောင်းလှရဲ့။ နိုင်ထူး တို့က မဏ္ဍပ်ဘက် အခြမ်းမှာမို့ ကနေရင်း က နိုင်ထူးတို့ကားကို ရေပက် မဏ္ဍပ်က လက်ညှိုး ထိုးကာ ဝိုင်းအော် ကြတယ်။
" ဖင်ပေါက်ကြီး ဖင်ပေါက်ကြီး အစိမ်းရောင်လေးနဲ့ ဖင်ပေါက်ကြီး "
ပထမ နောက်နေတယ် ထင်တာ နိုင်ထူးက အင်ကျီ အစိမ်းရောင် ရင့်တီရှပ်နဲ့ ဘောင်းဘီ အဖြူရောင်ကို အတွင်းခံ အနီလေးနဲ့ မို့ အသားဖြူဖွေး နေတဲ့ နိုင်ထူးက ရေဆိုလိုက်တော့ အားလုံးထဲမှာ ထင်းနေတာ။ ဝေလင်း က ပုခုံးကို ပုတ်ကာ
" ဟေ့ကောင် နှာဘူး မင်းဘောင်းဘီ ဖင်ပြဲနေတယ် "
ဝတ်ထားတဲ့ ဘောင်းဘီက အကျပ်မို့ ဘယ်ချိန်က ချုပ်ရိုးကနေ ကွဲသွားမှန်း မသိ။ အထဲက အတွင်းခံလေးက ထင်းနေအောင် ပေါ်နေတာလေ။
" ရော့ ကိုထူး ခါးမှာ ပတ်ပီး ချည်ထားလိုက် "
သစ်ထွန်းက သူ့အပေါ်က ထပ်ဝတ်ထားတဲ့ အင်ကျီ အနီကွက်လေး ချွတ်ပေးတော့ နိုင်ထူး ခါးမှာ ပတ်ခါ စီးထားလိုက်တယ်လေ။ ကားပေါ်က အဖွဲ့တွေ တစ်ယောက် တစ်ပေါက် ဝိုင်းဟား နေတာပေါ့။ အခုမှ နိုင်ထူး သစ်ထွန်းကို သေချာကြည့်မိတယ်။
စွတ်ကျယ် လက်ပြတ် အနက် ဘောင်းဘီ အနက်အကျပ် နဲ့ တော်တော်လေး ကို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ပါ အသားအရေကလဲ အနက်ဝတ်စုံနဲ့ လိုက်ဖတ်အောင် ဖြူတာမဟုတ်ပဲ ဝင်းမွတ်နေတာလေ။ စွပ်ကျယ် ဘေးမှာ မြင်နေရတဲ့ ရင်အုပ်တင်း၂ တွေ လက်မောင်းအိုး တုတ်တုတ်တွေ မှာ ရေသီးလေးတွေ ခိုကပ်နေတာ ကြည့်ပီး နိုင်ထူး စိတ်တွေ မနဲထိန်း နေရတယ်။ နားရွက် နားလေး ကပ်ခါ
" ကျေးဇူးပဲ ချစ်ဆုံး အရမ်း ချစ်တယ်ကွာ "
သစ်ထွန်းက ခေါင်းညိတ်ပြကာ ပြုံးနေလေရဲ့။ မဏ္ဍပ်တွေ ကြဲသွားတော့ နောက်တစ် နေရာက်ု ရွှေ့ဖို့ ကားလေး မောင်းလာရဲ့။ အဲဒိချိန်မှာ အားလုံးက ချမ်းကျ ပီလေ။ နိုင်ထူး ကားခေါင်း ဖက်ကိုလှဲ့ ရပ်ခါ သူ့အရှေ့ ရင်ခွင်ထဲကို သစ်ထွန်းကို ဆွဲထည့် ထားလိုက်တယ်။
" ချမ်းနေပီလား ညီ စွပ်ကျယ် လေးနဲ့ ဆိုတော့ ရော့ သောက်လိုက်ဦး "
" ချမ်းပေမယ့် ဒီအကွက်ကို လိုချင်လို့ အင်ကျီ ချွတ်ပေးလိုက်တာ ဟား ဟား "
" တိုးတိုးပြောဟ့ ဟေ့ကောင်ရ သူများတွေ ကြားကုန်မယ် "
" ကြားကြား ဗျာ အော်လိုက်ရ မလား ကျနော် ဟား ဟား ဟား "
ဒိလိုနဲ့ နေ့လည် ထမင်းစားချိန် ရောက်တော့ ကားကို မဏ္ဍပ်မှာ တန်းစီ ထားလိုက် ပြီး အဖွဲ့လိုက် ထမင်းဆိုင် လိုက်ရှာကာ ဝါးတီးဆွဲဖို့ ချီတက် ကြ ပါလေတော့သည်။
" မိသက်ရေ ဈေးအကြီး ဆုံးဆိုင်ရွေးနော် ဟား ဟား ဟား "
" အေးပါ နင်တို့ အလှဲ့ လဲ မနွဲ့ကြေးနော် ဟင်းဟင်း "
" အား နားလိုက်မှ ဗိုက်ကဆာလာပီ မြန်မြန် လုပ်ကြပါဗျိုးးးးး "
" ဟိုးနောက်က နှာဘူးတို့ လင်မယား နှစ်ယောက် ကျန်ခဲ့ဦးမယ် မြန်မြန်လာ "
ဝေးလားဝါးလား အော်ဟစ် နောက်ပြောင် ရင်းက နိုင်ထူး တို့ဘက်လှဲ့လာ ပါပီ။
ထမင်းဆိုင် ထဲဝင်တော့ တစ်ယောက်တမျိုး ဆူညံနေ အောင် မှာကြတယ်။ ဆိုင်ထဲမှာ လူတွေကလဲ အများကြီး သူတို့ အဖွဲ့နဲ့ ဆိုတော့ ဆိုင်က ကမ္ဘာ ပျက်နေသလို။ ပြီးတော့ ထမင်းဟင်း တွေလာချတော့လဲ သူ့ဟာ ငါနှိုက် ငါ့ဟာ သူနှိုက် ( ဟင်းကိုပြောတာပါ )
" ကေသွယ်ရေ ခုနက ပြောထားတဲ့ Interview အစီအစဉ်လေး စလိုက်ရအောင် "
" အဟမ်း အဟမ်း အဟွတ် ဟား ဟား ဟား "
" ကောင်မကလဲ မေးပါဆို ဖြစ်နေလိုက်တာ ငါမေးမယ် "
" ဟဲ့ ငါမေးမယ် နေနေ ဒီလိုပါရှင့် ဒိနေ့ ကျမတို့ အဖွဲ့ထဲမှာ ထူးခြားမှု တစ်ခု ရှိပါ တယ် ဘယ်သူ တွေသိ ပါသလဲရှင့် "
ကေသွယ်က ပြောလဲပြော မျက်စိတွေက နိုင်ထူးနဲ့ သစ်ထွန်းကို ကြည့်နေ တာမို့ အားလုံးက ဝိုင်းရီကြ ပြန်ပါတယ်။ တစ်ယောက်တမျိုး ဝိုင်းစကြပြန် ပါတယ်။ အဲဒိ ထဲမှာ စိုးမိုးနဲ့ ဝေလင်း ကထဖောက် ပြန်ပါရော။
" နင်တို့ကလဲဟာ စတာနောက်တာ ပျော်စရာ ကောင်း ပေမယ့် အတည်တော့ ငါ လက်မခံဘူး ဘယ်ကောင်က ဘာမှန်း မသိ အဓိပ္ပါယ် မရှိတာတွေ "
" နှာဘူး ငါတို့နဲ့ ပေါင်းလာတာ တက္ကသိုလ် တက်ထဲကပါ ဒီလိုမျိုး တခါမှ မရှိပါဘူး "
" သစ်ထွန်းကလဲ ငါနဲ့ တရပ်ကွက် ထဲနေတာ ၅ နှစ်လောက် ရှိပါပြီကွ "
" မဟုတ်ပါဘူးကွာ နှစ်ယောက်လုံး ကျားကျားယားယား ကြီးတွေပါ မင်းတို့ကို သက်သက် စနေတာ နေမှာ ဒိကောင်တွေ "
" ဟဲ့ အခု မျက်စိရှေ့မှာ မြင်နေ ရတာလေ "
" ကဲ ကဲ တော်ကြပါ တော့ကွာ ဘာမဟုတ် တာ လေးနဲ့ စကားများ ကြပြန်ဦးမယ် "
သဘောထားတွေ ကွဲလွဲ လာကြတော့ သစ်ထွန်း မျက်နှာတွေ နီရဲလာပြီး မျက်ရည် တွေဝဲ လာပါတယ်။ လူပုံ အလယ်မှာ မဟုတ်လား။ နိုင်ထူး စိတ်မကောင်း ဖြစ်မိတယ် ဒါက သူတို့ အဖွဲ့လေ သစ်ထွန်းက အခုမှ သူစိမ်း ရှက်မှာပေါ့။
" ခနလေးကွာ အားလုံး ခနလေး ငါပြောပြမယ် မင်းတို့ထင်တာ မမှားဘူး ငါတို့ ဒိနေ့ပဲ ချစ်သူတွေ ဖြစ်သွားတာ ဝန်ခံတယ် ဒါပေမယ့် ဘယ်သူမှ ခြောက်နေတာ မဟုတ်ဘူး ငါတို့ဖာသာ ချစ်မိလို့ ချစ်သွားတာ မင်းတို့ကို အရင်း နှီးဆုံး သူငယ်ချင်း တွေ မို့လို့ ဒိလိုဖွင့် ပြောပြတာ အဲဒါကို မင်းတို့က လက်မခံ နိုင်ဘူး ဆိုရင် ငါဒီကနေပဲ လှည့်ပြန် သွားပေးမယ် "
အားလုံး အံ့အားသင့်စွာ ပါးစပ်တွေ အဟောင်းသား ဖြစ်ကုန်လေရဲ့။ မိသက်က
" ဘာပဲ ဖြစ်ဖြစ်ဟယ် သူငယ်ချင်းတွေ ပဲဟာ ပြန်ဖို့တော့ မပြောပါနဲ့ "
" အေးလေ အခုမှ အကျနေ့ပဲ ရှိသေးတယ် နှာဘူးတို့က ဖောက်လာပြီ တကယ်ပဲ "
" မင်း အဓိပ္ပါယ် မရှိတာတွေ လျောက် မပြောနဲ့ နှာဘူး မင်းက ဘယ်တုန်းက
ဒိလို ဖြစ်သွားတာလဲ ငါကတော့ လက်မခံဘူး မင်းဒီလို မဖြစ်ကဘူး ဟျောင့် "
" ဝေလင်း ဒါက သူ့လွတ်လပ်ခွင့်လေကွာ မင်း အဲဒိလိုပြောလို့ တော့မရဘူး "
" ဟာ့ နှာဘူးက တို့ အချစ်ဆုံး သူငယ်ချင်း လေကွာ လမ်းမမှား အောင် မင်းတို့ ဝိုင်းပြော ပေးရမှာ မဟုတ်ဘူး လားကွ "
" ငါ့အပြစ်ပါကွာ ငါ့ သူငယ်ချင်းကို ငါခေါ်လာ မိလို့ပါ "
" မဆိုင်ဘူး စိုးမိုး မင်းက အတင်းလိုက် ကြိုက် ခိုင်းနေတာမှ မဟုတ်တာ "
" ကဲ တော်ကြပါတော့ နင်တို့ ဟိုမှာ ကာယကံရှင် တွေက်ုလဲ အားနာပါဦး "
သစ်ထွန်း ခေါင်းကို အတင်းငုံ့ထား တာပေမယ့် မျက်ရည်တွေ ကျနေတာ မြင်နေ ရတယ်။ စားပွဲ အောက်ကနေ နိုင်ထူးက သစ်ထွန်းရဲ့ လက်ကို ဆုပ်ကိုင် ဖြစ်ညှစ်လို့ အားပေးနေ ပေမယ့် သူလဲ အရမ်းကို စိတ်ရှုတ်နေ ရတာပါ။ ညီညီက
" ကျနော်ကတော့ ကိုကြီးကို နားလည်ပေး နိုင်ပါတယ် အိမ်က မသိစေရဘူး စိတ်ချ "
" ကောင်းတယ် မောင်လေး နောက်မှ ကြည့်လုပ် ကြတာပေါ့နော် "
" သစ်ထွန်း မင်းလဲ အဲဒိကိစ္စတော့ မပူနဲ့ ငါစည်းရှိပါတယ် သူငယ်ချင်း "
စိုးမိုးကလဲ သစ်ထွန်းကို မပူဖို့ ပြောပါတယ်။ ကျန်တဲ့သူတွေလဲ ဘာပြောရမှန်း မသိ ဖြစ်နေချိန်မှာ မိသက်ကပဲ
" ဒိလိုလုပ်ပါဟယ် အားလုံး ကိုယ်စား ငါပြောမယ် နင်တို့နှစ်ယောက် ဒီသင်္ကြန်မှာ သေချာစဉ်းစား ကြပေါ့ နင်တို့ တကယ် ချစ်နေတာလား ဆိုတာ အခုတော့ ငါတို့ အားလုံး အရင်လိုပဲ ပျော်ပျော် ပါးပါး လည်ကြတာပေါ့ နောက်ပြီး ကျန်တဲ့ သူတွေ ကလဲ နှာဘူး ဘာပဲ ဖြစ်နေဖြစ်နေ ငါတို့ လက်တွဲ မဖြုတ် နိုင်တဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်မို့ ကျေနပ်စွာ နားလည် ပေးလိုက်ပါ လှောင်ပြောင် မိတာမျိုး မဖြစ်စေဖို့ အထူးဂရု စိုက်ပေးကြပါ ငါပြောချင်တာ ဒိလောက်ပဲ "
" နင်လဲ တော်တော် သောက်ကျော ရှည်တာ မိသက် နင်တို့ သဘောပဲလို့ ပြောလိုက် ပြီး နေတဲ့ဟာကို ဆရာမကြီး အတင်းဝင်လုပ်နေတယ် "
" မသာ အောင်ကျော် အ့ဆို နင်ပြောလား သူတော့ မပြောပဲ နဲ့ "
" ကဲ ကဲ အားလုံး သွားကြမယ်ဟေ့ မိသက်ရေ ပိုက်ဆံ ရှင်းမယ်နော် ဟားဟား "
" စိုမိုး မိသက်ကို ကြည့်ထားလိုအပ်ရင် ခြေမချိုး ယက်ခပ်ပေး ရအောင် "
တစ်ယောက် တပေါက် ဝေးလား ဝါးလား ပြန်ဖြစ်သွား တော့မှ နိုင်ထူး သက်ပြင်း ချကာ သစ်ထွန်းရဲ့ ပုခုံး လေးက်ု ဖက်လိုက်ပြီး ညဖျစ်ညှစ်ကာ အေးပေး လိုက်ပါ တော့တယ်။
" ဘယ်လို ကိစ္စပဲ ရှိရှိ ချစ်ဆုံး အရှေ့မှာ ကို ရှိနေ ပေးပါ့မယ်နော် ချစ်ဆုံး "
" ဘာကြောင့်ပဲ ဖြစ်ဖြစ် ညီလဲ ကို့နားက တစ်ယောက်ထဲ ထွက် မသွားပါဘူး "
" ကဲ သွားကြမယ်ဟေ့ အလွမ်းသယ် မနေနဲ့ တနေကုန် တွေ့နေရမဦးမှာ ဟွန်း "
ဒီနှစ် သင်္ကြန်လေးကတော့ နိုင်ထူးနဲ့ သစ်ထွန်းတို့ သဘဝ အတွက် တစ်သက် မမေ့ နိုင်စရာ နှစ်သစ် မင်္ဂလာလေး ပါပဲ။ တစ်ယောက် လက်ကို တစ်ယောက် တွဲလို့ အပျော်တွေ မျှဝေ ခံစားရင်း နွေးထွေး မှုတွေ ဖလှယ်ကာ ရင်ငွေ့လှုံ မဟာ သင်္ကြန် ကြီးပဲ ဖြစ်ပါတော့တယ် ခများးးးး။
ဘာပဲ ဖြစ်ဖြစ် ချစ်ဆုံး သူငယ်ချင်း တွေက သိပ်သဘော မကျသူတွေ ပါပေမယ့် နိုင်ထူးတို့ ကိစ္စကို တားမြစ် ကန့်ကွက် ရှုတ်ချ မှုတွေ မလုပ်ခဲ့ပေ။
အကျတ်နေ့ ။ ။ ဒိနေ့လဲ နိုင်ထူးတို့ နှစ်ယောက် အရမ်းပျော် ခဲ့ရတယ်။ ချစ်သူ ရဲ့ လက်ကိုတွဲ ရေတွေထဲ မှာ ပြေးလွှား ကခုန် မြူးတူး ပျော်ပါး စော့ကစားရင်း ပေါ့။
အတက်နေ့ ။ ။ နိုင်ထူး ဒိနေ့လဲ ချစ်တဲ့ ညီ နဲ့ လည်ရမှာမို့ တက်ကြွ နေသလို နောက်ဆုံး ရက်လဲ ဖြစ်လို့ နောက်ပိုင်း ဘယ်လို တွေ့ကြမယ် ဘာတွေ လုပ်ကြမယ် တွေ တိုင်ပင် ရမယ်။ စိတ်လွတ် ကိုယ်လွတ် ပျော်မယ် လို့တွေးရင်း ကားနဲ့ ပါလာမယ့် ချစ်သူကို လည်ပင်း တမော့မော့နဲ့ စောင့်မျှော် နေတာလေ။
ကားဝင်လာတော့ တစ်ယောက်တမျိုး ဆူညံနေတဲ့ အသံတွေ တိတ်သွားပြီး
" ဒိနေ့ သစ်ထွန်း ကိုသူ့ အိမ်က မလိုက်ခိုင်း လို့ မလိုက်လာဘူး နှာဘူး "
ရင်ဘတ်ထဲက မျှော်လင့် ချက်လေး အမှတ်မထင် ကျကွဲသွားတော့ လူက ဟာခနဲ
" ဒါပေမယ့် သူရတာနဲ့ လစ်ထွက် လာမယ်တဲ့ မင်းကို မှာ လိုက်တယ် "
ကားပေါ်တက် ရမယ့် သူ့ခြေထောက်တွေ လေးလံလို့ နေပါပီ။ ချစ်သူရယ် ဒီနေ့မှ
" ကဲ တက်ပါကွာ သူအဆင်ပြေရင် လိုက်လာမှာပေါ့ မင်းကလဲ ဒိနေ့ နောက်ဆုံး ပျော်ရမှာကွ အဲ့လိုကြီး လုပ်မနေပါနဲ့ "
" အေးလေ ဟယ် တက်တက် နှာဘူး သွားကြမယ် "
" ငါမလိုက်တော့ဘူးဟာ နင်တို့ သွားကြတော့ ညီညီ့ကို ခေါ်သွား "
" ဟာ အဓိပ္ပါယ် မရှိတာ လာပါ အတူတူပဲ သွားရအောင် "
" အေးလေကွာ နှာဘူး တို့ကတော့ လုပ်ပြန်ပြီ "
" ဟျောင့် တက်သွားမယ် သောက်ပိုတွေ လုပ်မနေနဲ့ "
" ငါ သစ်ထွန်း ဆီလိုက် သွားမယ် သူထွက်လို့ ရတာနဲ့ မင်းတို့ကို ဖုန်းဆက်ပြီး မင်းတို့ ရှိတဲ့ နေရာ လိုက်ခဲ့မယ်ကွာ "
" အဲလို လုပ်လို့ မရဘူး လေကွာ မင်းဘာနဲ့ လိုက်လာမှာလဲ ကားတွေမှ မရှိတာ "
" ကဲ ငါတို့ပါ လိုက်စောင့်မယ် မထူးဘူး လောလောဆယ် စိုးမိုးတို့ အိမ်ရှေ့ မှာ ရေပက်ရင်း စောင့်ပေးမယ် ကွာ ဘယ်လိုလဲ ကျန်တဲ့ သူတွေကော "
" သဘောဟေ့ သဘော မင်းတို့ အဆင် ပြေသလို သာလုပ်ကြ "
" မင်းတို့ လည်ကြပါကွာ နေပါစေ "
" တက်ကွာ သွားမယ် သောက်စကား မများနဲ့ "
ကားကို စိုးမိုးတို့ အိမ်ဘက် ပြန်မောင်း လာခဲ့တယ်။ စိတ်တွေ က မပျော်တော့ပေ။
စိုးမိုး တို့လမ်းထိပ် နားရောက်တော့ လမ်းထိပ်မှာ မက်တပ်လေး ရပ်ပြီး ကားတွေကို လိုက်ကြည့်နေတဲ့ သစ်ထွန်း အဝေးကပင် လှမ်းမြင်ရ နေပါတယ်။
" ဝေးးးး လည်လို့ရပြီကွ ဒုံးးဒုံးးးဂျွမ်း ဒုံးးဒုံးးဒုံးးဒုံးဂျွမ်းးးးးရွှီးးးးးးး "
" သစ်ထွန်း သစ်ထွန်း သစ်ထွန်း ဒုံးးဒုံးဒုံးးဒုံးးဂျွမ်း "
သစ်ထွန်း အသံတွေ ကြားတော့ ကားဘက်ကို ပြေးလာပါတယ်။ ကားတွေက ပိတ်နေ တာမို့ နိုင်ထူး ကားပေါ်က ဆင်းကာ သစ်ထွန်းစီ ပြေးသွား လိုက်ကာ တွေ့ တာနဲ့ တစ်ယောက်ကို တစ်ယောက် အတင်း ဖက်လိုက် ပါတော့တယ်။
" ဝေးးးးရွှီးးးဒုံးးးဂျွမ်းးးးးးး "
" တော်သေးတာပေါ့ ချစ်ဆုံးရယ် ကိုက ဒီနေ့ တော့ မတွေ့ရမခြင်း စောင့်မလို့ "
" ညီ လဲ အိမ်ပြန်ရောက်မှ သတ်ချင် သတ် ပေ့စေ ဆိုပြီး အတင်းခိုး ထွက်လာတာ "
" ချစ်လိုက်တာ ချစ်ဆုံးရယ် "
" ညီလဲ တအား ချစ်တယ် ကိုထူးရာ "
ကားက ဘေးကို ရောက်လာပြီမို့ ပျော်ရွှင်စွာ ခုန်တက်လိုက် ကြတယ်လေ။
" ငါ့လခွီး နှာဘူးတို့ ရုပ်က ခုနက သေတော့ မလိုနဲ့ အခု ချက်ခြင်း ရုပ်က တမျိုး "
" အမလေး ကျုပ်တို့ မိန်းမ တွေထက် ချစ်တက် နေလိုက် ကြတာ ဟွန်း "
" ဆွဲ ဆရာရေ ဒုံးးးဒုံးးးရွှီးးးးးး ဂျွမ်း ဂျလွမ်းး "
မနက်ပိုင်း တပိုင်းလုံး လည်ပတ် ကြပြီးတော့ ကန်တော်ကြီး ထဲမှာ ဝင်နားကြတယ်။ အုပ်စုလိုက် ဟိုနားတဖွဲ့ ဒီနား တဖွဲ့ လူတွေက အပြည် ပါပဲ။ သူငယ်ချင်းတွေနဲ့ အတူ စားသောက်ကြပြီး ကန်စပ် နားက လူရှင်းတဲ့ နေရာလေးမှာ နိုင်ထူးနဲ့ သစ်ထွန်းတို့ နေရာယူ ကြတာပေါ့ဗျာ။
" ကိုထူး ညီ့ကို တကယ်ချစ်လားဟင် "
" ချစ်တော့ ချစ်တယ် နဲနဲလေးပဲ ဟားးဟားးဟားး "
" ဟာဗျာ အကောင်းမေး နေတာကို ကိုထူးကလဲ "
" ချစ်တာပေါ့ ချစ်ဆုံးရ ဒိလောက်ချစ်လို့လဲ သူငယ်ချင်းတွေ ရှေ့မှာတောင် ဖွင့်ပြော ခဲ့တာပေါ့ ကို့ဘဝမှာ ချစ်ဆုံးက အချစ်ဆုံးပဲ ဟုတ်ပီလား "
ကန်စပ်လေးက သစ်ပင်ကြီး တပင်ကို မှီကာ နိုင်ထူးက ထိုင်နေပြီး သစ်ထွန်းက နိုင်ထူး ပေါင်ပေါ်မှာ ခေါင်းအုန်းပြီး ပက်လက်လှန် အိပ်နေ တာမို့ နိုင်ထူးက သစ်ထွန်း နှဖူးလေးကို ရွှတ်ခနဲ ငုံနမ်းလိုက်တယ်။ ဘယ်သူတွေ ကြည့်ကြည့် ပေါ့။
သစ်ထွန်းက သူ့ခေါင်းက ဦးထုတ်လေး ကို ချွတ်ခါ နိုင်ထူးကို စောင်းပေးလိုက်ခါ
" ညီ့ကိုယ်စား ကိုထူး အခန်းထဲမှာ သိမ်းထားနော် "
နိုင်ထူးကလဲ သူ့အပေါ် အင်ကျီလေးကို ချွတ်ခါ သစ်ထွန်း ရင်ဘတ်ပေါ် တင်ပေး လိုက်ခါ ပြုံးပြ လိုက်တော့ သစ်ထွန်းက အင်ကျီလေးကို နမ်းရှိုက်လိုက်ခါ
" ချိတ်နဲ့ ချိတ်ထားပြီး အခုလို နေ့တိုင်း နမ်းနေမယ် ကိုထူး အရမ်းချစ်လို့ "
" ကိုလဲ တူတူပဲ ကဲလာ ဒိတိုင်းနေရင် အိပ်ချင်တယ် တံတားပေါ် ခနသွား လျောက် ရအောင် အပျင်းအပြေ "
" လက်ကို လုံးဝ မလွှတ်နဲ့နော် ဒါပဲ "
" ဟား ဟား ဟား ဟုတ်ပါပီ ချစ်ဆုံးရယ် "
သူတို့ လက်ခြင်းတွဲကာ တံတားပေါ်မှာ လျောက်နေကြတယ်။ နေပူပေမယ့် ချစ်သူ နဲ့မို့ သတိပင် မထားမိပေ။ အဲဒိအချိန်မှာ လေတချက် ခပ်ပြင်းပြင်း ဝှေ့အတိုက်
" ဟာ ဦးထုပ် ဦးထုပ် ကြသွားပြီ "
သစ်ထွန်း မျက်နှာလေး ညှိုးသွားကာ
" နေပေ့စေတော့ ကိုထူး ထားလိုက်ပါ တော့ဗျာ "
သစ်ထွန်း စကားပင် မဆုံးလိုက်
" ဝုန်း "
" ဟာ ကိုထူး ပြန်တက်ခဲ့ ပြန်လာခဲ့ နေပေ့စေတော့ ကိုထူး ပြန်တက်ခဲ့ "
သစ်ထွန်း အော်နေပေမယ့် နိုင်ထူးက တရွေ့ရွေ့နဲ့ ရွေ့နေတဲ့ ဦးထုပ်လေး ဆီကို အမှီ လိုက်ဆယ် နေပါတယ်။
" ကိုထူး ရပြီလာတော့ မဆယ်နဲ့တော့ "
သူတို့ အော်နေတာကို အနားကလူတွေ တချို့ ရပ်ကြည့်နေ ကြသလို စိုးမိုး တို့လဲ အဝေးကနေ ပြေးလာ ကြတာလှမ်း တွေ့နေရပါတယ်။ နိုင်ထူး လက်ထဲ ဦးထုပ်လေး လဲကိုင် မိရော နိုင်ထူး ရေထဲကို မြုပ်သွား ပါရော။ ဦးထုပ်လေး ကိုင်ထားတဲ့ လက်လေး တဖက်သာ ထောင်ပြီး ပေါ်လို့။
" ဟာ နစ်နေပြီထင်တယ် "
" ဟုတ်တယ် အဲဒါနစ်နေတာ ကြွက်တက် နေတာ ထင်တယ် ခုနက ကူးနေသေးတာ "
" ကိုထူးးးးး "
သစ်ထွန်း ဘာမှ မစဉ်းစား တော့ပဲ ရေထဲ ခုန်ချ လိုက်ပါတယ်။ သစ်ထွန်းက ရေမကူး တက်သူမို့ ခုန်ချတဲ့ နေရာမှာတင် နစ်ပါလေတော့တယ်။
" ဟဲ့ နှစ်ယောက်လုံး နစ်နေပီ ကယ်ကြပါအူး "
" လုပ်ကြပါး ဒီမှာ နစ်နေပီ "
အနားရောက် လာပြီ ဖြစ်တဲ့ အောင်ကျော်နဲ့ ဝေလင်း ဖိနပ်နဲ့ ဘောင်းဘီ အင်ကျီတွေ ကိုအမြန်ချွတ်ကာ အတွင်းခံ လေးတွေနဲ့ ရေထဲ ထိုးဆင်း သွားပါတယ်။
" ဝေလင်း မြန်မြန် မြန်မြန် ဟိုဘက်မှာ နှာဘူး နှာဘူး "
" အောင်ကျော် ရလား ဟာ ဒိကောင် သစ်ထွန်း သတိလစ်နေပီ ထင်တယ် "
" ဝေလင်း မြန်မြန်းးးးးးးးး အဲဒိနားမှာ ခုန လက်လေး ပေါ်နေတယ် "
" အောင်ကျော် ဒိတိုင်ကိုဖက်ထား ငါတို့ ဆွဲတင်မယ် "
" ဟဲ့ ဝိုင်းဆွဲစမ်းပါ မြန်မြန် အောင်ကျော် သေချာကိုင်ထားနော် "
သစ်ထွန်းက တံတားနားမှာမို့ အောင်ကျော်က ဆယ်လာကာ တိုင်ကို တဖက်ဖက် ပြီး သစ်ထွန်းကိုလဲ ဖက်ထား လေရဲ့။ အနားမှာ ရှိတဲ့ သူတွေပါ ဝိုင်းကူညီ တာနဲ့ သစ် ထွန်း တံတားပေါ် ပြန်တင်လိုက် နိုင်လေရဲ့။ ဒါပေမယ့်သတိတော့ လစ်နေ တုန်း။
" ဝေလင်းရလား ငါပြန်လာရမလား ဖြေးဖြေးကူးဖြေးဖြေးကူး "
" နိုင်ထူးကို ရပြီဟေ့ "
" မြန်မြန်လာပါ အမြန် ဝိုင်းဆွဲကြပါ ဒီနားကို လာ ဝေလင်း ဒိနား "
ဝေလင်း နိုင်ထူးကို ဆယ်လာတော့ သစ်ထွန်းက သတိယ လာပါပီ ရေတွေလဲ အန် ထွက်အောင် လုပ်ပေး ပြီးပြီလေ။ သူ့ဘေးမှာ နိုင်ထူး ဦးထုပ်လေးကို လက်ထဲမှာ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားဆဲ။
" ဘာမှ မဖြစ်ဘူး နှာဘူး သတိလစ်နေတာ ဖယ်ဖယ် "
" မြန်မြန်လုပ်ကြပါဟယ် စိတ်တွေလဲ ညစ်ပါတယ် "
" က်ုထူး အဟီးးးးအီးးးး ဟီးး "
" မင်းတို့ကောင်တွေကွာ တနေကုန် ပြသနာပဲကွာ လေပါတယ် "
" တော်သေးတယ် ဘာမှ မဖြစ်တာပဲ "
" ရေဆို ဖိနပ်နဲ့ ဂျင်းဘောင်းဘီ မှမချွတ်တာ ကြွက်တက်တာ နေမှာပေါ့ "
" နှာဘူးက ရေကူးတက်ပါတယ် "
" သစ်ထွန်း မင်းကလဲ ရေမကူး တက်တာ ငါတို့လာအောင် မစောင့်ဘူး တကယ် "
တစ်ယောက်တမျိုး ပွက်လောရိုက်နေတုန်း နိုင်ထူး သတိယလာပါတယ်။
" ကိုထူး ဘာမှ မဖြစ်ဘူးနော် ဘာမှ မဖြစ်ဘူး မဟုတ်လား "
နိုင်ထူး ပြုံးလိုက်ကာ ဦးထုပ်လေးကို မြှောက်ပြ တယ်။ သစ်ထွန်း နိုင်ထူးရဲ့ လက်တွေ ကိုဆွဲ ကိုင်လှုပ်ရင်း ဝမ်းနည်းစွာ မျက်ရည်ကျ မိပါတယ်။
" တော်သေးတာပေါ့ဗျာ "
" ဘာမှဖြစ်ဘူး တိတ်တော့နော် ချစ်ဆုံး "
" ခွေးကောင်တွေ ဒိမှာ ဆယ်ပေးရ တဲ့ သူတွေက သေတော့မယ် အခုမှ သောက်လွမ်း လာသယ်နေတယ် ဘောပဲ "
" အေးလေ ငါတို့မှာ မျက်ရည်တောင် ကျရတယ် မသာကောင်တွေ "
" နင်တို့ အချစ်နလန် ထတာ ရိုးရိုးထပါနော် တကယ်ပဲ ဘလိုဟာတွေမှန်း မသိဘူး "
" အေးလေ တနေကုန် မွှေတဲ့ ကောင်တွေ တွေ့မယ် မင်းတို့ ဟင်း "
နိုင်ထူးက သစ်ထွန်း လက်လေး ဆုပ်ကိုင်ကာ ဝိုင်းအုံ ရန်တွေ့ နေသော သူငယ်ချင်း တွေဖက် လှည့်လိုက်ပြီးမှ
" အားလုံးကို ကျေးဇူးလဲ တင်ပါတယ် တောင်းလဲ တောင်းပန်ပါတယ် မနက်ဖြန် တနေကုန် ဘုရားတွေ အနှံ့ လိုက်ပို့ပြီး စားဖို့သောက်ဖို့ပါ ငါတာဝန်ယူ ပါတယ် "
" အကိုတို့ တဖွဲ့လုံး ဒီည အဝကဲဖို့ ညီ တာဝန်ယူပါတယ် သွားချင်တဲ့နေရာ သွား ပြီးစားချင်တာစားကြပါ ညီ ကျေးဇူး ဆပ်ပါရစေဗျာ "
" ဟေးးးးးး ကောင်းတယ် အဲဒိအစီအစဉ် အကောင်းဆုံးပဲ "
" တခါထဲ ပြောရဦးမယ် ဒီည သူကျွေးတာ ငါတို့ရဲ့ Wedding လို့ သဘောထား ပေးပါ ငါတို့ နှစ်ယောက် တစ်သက်လုံး အတူတူနေ သွားဖို့ ငါဆုံးဖြတ် လိုက်ပြီ "
" ဟယ် တကယ် "
" ဟာ ဟုတ်ရဲ့လား "
" ဖြစ်ပ့မလား "
" သဘောပဲကွာ "
" ဒိလောက် ချစ်နေကြတာ အားပေးတယ် ချသာချ "
" အ့ ဆိုမင်း ဟိုဘက် လှည့်လိုက်လေ အောင်ကျော် "
" ငိုးမတား ဝေလင်း မင်းလှည့် "
" ဟားးး ဟားးဟားးး "
အားလုံးက နောက်ပြောင် ရယ်မောနေ ချိန်မှာ နိုင်ထူးက သူ့ကို သေချာ စိုက်ကြည့် ကာ ပြုံးနေသော သစ်ထွန်းရဲ့ ခေါင်းလေးကို ဆွဲကာ အကြင်နာ ပေးလိုက်တာမို့
သူငယ်ချင်း အားလုံးက ဝိုင်းကာ ထောပနာ ပြုပေးလိုက်တာက
" နှာဘူးးးးးးးးးးးးးးးးးးးး "
ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့။
Lamin Lay
No comments:
Post a Comment