Friday, July 24, 2015

မှားတဲ့ဘက်မှာ
•••••••••••••••••

     ဖုန်းကိုချပြီး လ္ဖက်ရည်ဆိုင်ဘေးပေါက်ကနေ လွှမ်းမိုးသူ အပြင်ထွက်ပါတယ်။ ဒီညလဲ အိပ်ရ တော့မည် မထင် အခုပဲ 2:00 am ရှိနေပြီ။ ဆိုင် ထဲက အလုပ်သမားတွေလဲ အကုန်အိပ်မောကျ နေပြီ သူသာ မအိပ်နိုင်သေးတာ။

     ဇာမဏီ တော်တော်ကိုမွှေတဲ့ကောင် ညနေက club သွားမယ်ဆိုလို့ ပိုက်ဆံပေးလိုက်တယ်။ ခု သူ့အိမ် မပြန်ရဲတော့လို့ လွှမ်းမိုးသူ စီလာအိပ်ဦး မယ်တဲ့။ ကိုက မနက်အစောကြီးဆိုင်ပြန် ဖွင့်ရဦး မယ်။ ဘယ်အချိန်အိပ် ရတော့မလဲ။ ဟူးးးးးးး။

   Taxiတစ်စီး ရပ်လာပြီးကားပေါ်ကနေ ဆင်းလာ တဲ့ ဇာမဏီ  ကယိုင်တိုင်တိုင်နဲ့ စပ်ဖြဲဖြဲ။

   " အဟဲ သူလေး နဲနဲနောက်ကြ သွားတယ် "
  " စကားများမနေနဲ့ လာအထဲဝင်မယ် "
   " အင်း ငါက အစောကြီး ပြန်မလို့ပါ ဟိုကောင် တွေအတင်းဝိုင်းတားနေလို့ သိလား ကိုသူ "

   လွှမ်းမိုးသူ ပုခုံးကို ဖက်ခါလိုက်လာသော သူ့စီက အနံ့က နှာခေါင်းထဲဝင်လာတော့ နှာခေါင်းကို ရှုံ့လိုက်မိတယ်။ ဇာမဏီ အကျင့်က အဲ့လို လိုချင်တာရှိရင် သူလေး သူလေးနဲ့ ဖားပြီး ခေါ်တာလေ။ ပုံမှန်ဆိုရင်တော့ ကိုသူ ပဲခေါ်တာ။

   " ကဲ အဝတ်အစားတွေ ချွတ်တော့ ရော့ ဒီမှာ ပုဆိုး လဲထား ဟိုကုတင်မှာ ထုံးစံတိုင်း အိပ် "
   " မင်းကို အဲဒါကြောင့် ချစ်တာ ဟိဟိ "
   " တော်စမ်းပါ ဇာမဏီရာ မင်းအိမ်ကို ပြောထား ရဲ့လား ဒီမှာ အိပ်မှာ "
   " မလိုပါဘူး တလောကလုံးမှာ ငါ့ကို ဂရုစိုက် တာ မင်းပဲရှိတဲ့ဟာကို "

   တကယ်တော့ ဇာမဏီ ကသူ့အိမ်နဲ့ ဘယ်တော့ မှမတည့်သူပါ။ သူ့အမေဆုံးပြီးထဲက ဒီလိုပဲ ပေတေနေတာ သူ့အဖေနဲ့ အကိုအမတွေလဲ သူ့ မနိုင်တော့ လွှမ်းမိုးသူ ကိုသာ အပ်ထားတာ။
သူ့အိမ်မှာ အငယ်ဆုံး အဆိုးဆုံး သူက သူ့အမေ ကလွဲရင် ကျန်တဲ့သူတွေက သူ့ကိုမချစ်ကြဘူးပဲ အမြဲပြောနေကြလေ။

    ကုတင်ပေါ်မှာ လှဲချပြီးအိပ်နေတာ ခြေထောက် တွေက ကုတင်အောက် တွဲလောင်းကျလို့ ကိုသူ ထပြီး မတင်ပေးတော့

  " အဟဲ ငါပြောတာ အဲဒါပဲ အိပ်ပြီ ကိုသူ "

   သက်သက် မအိပ်ပဲ ကိုသူ ဂရုစိုက်တာကို ခံချင် လို့လုပ်တာ။ ကိုကလဲ မနေနိုင်ဘူး ဘာလိုလို အမြဲ ဖြည့်ဆည်းပေးရမှ။ သူဘယ်လောက်ဆိုးဆိုး အမြဲ အလိုလိုက်ကာ သူ့ဘက်က ရပ်တည်ပေးရမှလေ။
ဒါကို သူလဲသိတာပေါ့ ဒါကြောင့်သူကလဲ ကိုသူမှ ကိုသူ။ ကိုသူ ပြောမှရတာ။ ဒါပေမယ့် ဇာမဏီ မသိသေးတာက ကိုသူ သူ့ကို ချစ်တောပါပဲ။

     အင်ကျီချွတ်နဲ့ ပုဆိုးတိုတိုဝတ်ပြီး အိပ်နေတဲ့ ဇာမဏီ့ပုံကို ကိုသူငေးကြည့်နေမိတယ်။ အသား ဖြူဖြူ ကိုယ်လုံးကျစ်ကျစ်လေးမှာ tatoo တွေက လက်တွေကော ခြေသလုံးတွေကော ပွစာတက် နေတာပဲ။ ဆံပင်ကလဲ ပုခုံးကျော်နေတာပေမယ့် အမြဲရှုတ်ပွလို့ နှာတံစင်းစင်း မျက်ခုံးကောင်း၂နဲ့ ချစ်ဖို့ကောင်းတာတော့ ဘယ်သူမှမငြင်းနိုင်ပေ။

   အချိန်ရသလောက် အိပ်မှဖြစ်မာမို့ လွှမ်းမိုးသူ အိပ်ယာပေါ် လှဲလိုက်စဉ် ဝုန်းခနဲ ဇာမဏီ သူ့ဆီ ကူးလာခါ သူ့ကိုအတင်းဖက်ခါ ခွလိုက်တာမို့

   " ဖယ်စမ်းပါ ဇာမဏီရာ ကို့ဖာသာသွားအိပ်စမ်း ပါငါက မနက်အစောကြီးထရဦးမှာ အိပ်တော့မယ် ကွာ သွားပါ ဟိုဘက်ကုတင်ကို "

   လွှမ်းမိုးသူ ရဲ့အခန်းမှာ ဇာမဏီ ခနခန လာအိပ် တာမို့ ကုတင်အပိုတစ်လုံးနဲ့ အိပ်ယာကို သူ့တွက် အဆင်သင့်လုပ်ထားပေးတာလေ။

   " အိပ်ဖူး ပျင်းတယ် မင်းနဲ့အိပ်မယ် နော် သူလေး ကလဲကွာ တခါတလေ အိပ်တာကို ဘာဖြစ်နေ တာလဲ ငြိမ်ငြိမ်နေ အိပ်တော့ လိမ်မာတယ် "

     ကို ကျိတ်ပြီး ချစ်နေရတဲ့သူက ဒိလိုလာဖက်ပြီး အိပ်နေမှတော့ ဘယ်လိုလုပ် အိပ်ပျော်တော့မလဲ။
ဒီကြားထဲ လူပိန်သလောက် ကြီးမားလှတဲ့ သူ့ရဲ့ လီးကြီးက တောင်မနေပေမယ့် လွှမ်းမိုးသူရဲ့ ပေါင်ကို လာထိကပ်နေတာ စိတ်ကိုမနဲထိန်းထား ရတယ်။ တစ်သက်လုံး ဖြူစင်ခဲ့တာတွေကို အမုန်း အဖြစ်ပြောင်းလဲ သွားမှာ ကြောက်လို့သာပေါ့။

   ခနနေတော့ ဇာမဏီ တရှုးရှုးနဲ့ အိပ်ပျော် သွားပါ ပြီ။ လွှမ်းမိုးသူ သူ့ရင်ခွင်ထဲကနေ အသာထွက်ပြီး ကုတင်ပေါ်မှ ဆင်းကာ ဇာမဏီ့ကို တချက် ဖွဖွ လေး ခိုးနမ်းလိုက်ကာ ဟိုဘက်ကုတင်မှာ သွား အိပ်လိုက် ပါတော့တယ်။

  -   -   -   -   -    -   -   -    -    -    -   -    -    -

     လွှမ်းမိုးသူ ဆိုင်မှာလူပါး တော့အိမ်ဘက် ခန ပြန်လာခဲ့တယ်။ အိမ်က ဇာမဏီ တို့အိမ်နဲ့ နှစ်အိမ် သာခြားတာလေ။ လမ်းထိပ်ရောက်တော့ ဇာမဏီ့ အစ်မနဲ့ ဆုံပါလေရော။

   " ဟဲ့ ကိုသူ အတော်ပဲ နင့်ကောင်လေ အိမ်မှာ တပူပူတဆူဆူလုပ်နေတယ် သူအဝတ်အစား ဝယ်ဖို့ ပိုက်ဆံတောင်းတာ အဖေက မပေးလို့တဲ့ တောင်းတာကလဲ ကြည့်ပါဦးဟယ် တစ်သိန်းတဲ့ နဲလား သူလဲရှာတာ မဟုတ်ပဲနဲ့ "
  " ဟုတ်လား မကြီး ကျနော်ဝင်သွား လိုက်မယ် "
  " အေးအေး ငါအပြင်ခနသွားအူးမယ် "
  " ဟုတ် မကြီး "

     ဇာမဏီ တို့အိမ်အရင်ဝင်တော့ သူက အခန်း ထဲကကုတင်မှာ မှောက်ယားထိုးကြီး ဒေါသတွေ ထွက်နေတာလေ။ ကိုသူ ပြုံးလိုက်ပြီး

" ဟေ့ကောင် ဇာမဏီ ငါမင်းမွေးနေ့ကျရင် မအား မှာစိုးလို့ ဒိနေ့တို့ shopping သွားရအောင် "
  " သွားချင်ဘူး ကို့ဖာသာကိုသွား ဒိမှာ ပိုက်ဆံ တောင်းမရလို့ တင်းနေတာနော် မအားကြည့် မင်းဆိုင် မီးနဲ့လာရှို့ပစ်မယ် "
   " ဟုတ်ပါပြီ ဒိနေ့က မင်းအတွက် မွေးနေ့လက် ဆောင်လိုက်ဝယ်ပေးမလို့ပါ မင်းလိုချင်တာယူ "
   " ဟာသူလေး တကယ်လား ဟား အ့ကြောင့် မင်းကိုချစ်တာ မင်းပဲငါ့အပေါ်ကောင်းတယ် "
   " ပြောပြန်ပြီ မဟုတ်တာတွေ လုပ်အဝတ်လဲ ငါ အိမ်ကိုခနသွားဦးမယ် အပြန်ဝင်ခေါ်မယ် "
   " အိုခေ သူလေး ရွှတ်ရွှတ် "

   ကြည့် ကိုသူ့ပါးကို သူနမ်းပြန်ပြီ တကယ်ပါပဲ စိတ်မောလိုက်တာ။ ကိုသူကလဲ နွဲ့တဲ့သူမဟုတ်ပါ ဒီလိုစိတ်မျိုး ရှိတာတောင် ဘယ်သူမှမသိပါဘူး။
ဒါနဲ့ပဲ ဒီနေ့လဲ စုထားတဲ့ ပိုက်ဆံလေး ကုန်ပြန်ပေ တော့မည်။ ဒါပေမယ့် ငါပျော်ပါတယ် ဇာမဏီရယ်
အဲဒါ မင်းပျော်နေလို့ပါ။

    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ ငါ တောင်းမယ့်ဆုက မင်းဆုတောင်းတိုင်း ချက်ခြင်း ပြည့်ပါစေလို့သာ ငါဆုတောင်းလိုက်ချင်တယ်။

   -   -   -   -   -   -    -   -    -    -    -    -   -    -

      ဒီနေ့ညလဲ ရပ်ကွက်ရုံးမှာ ကိုသူ ဝန်ခံကတိနဲ့ အာမခံ လက်မှတ်ထိုးပေးရတယ်။ ဇာမဏီ ရန်ဖြစ် လို့လေ တော်သေးတာက တဖက်လူတွေက ပြသနာ မရှာတာပါပဲ။

   " မင်းကွာ အေးဆေးနေစမိးပါ ဇာမဏီရယ် "
   " ဘာလဲ ကိုသူ မင်းက ငြိုငြင်တာလား ငါလဲငါ့ ဖာသာနေတာပဲကွ ဒိကောင်တွေက ဗလိုင်းကြီး သောက်ပြသနာ လာရှာနေတာ "
  " မင်းကိုငါက ဘယ်တုန်းက ငြိုငြင်ဘူးလို့လဲ "
   " အေးပါကွာ ငါနောက်ခါ မဖြစ်တော့ဘူးနော် "
   " ပြောလိုက်ရင်တော့ ချောနေတာပဲ "
   " အဟဲ သူလေးကလဲ "

   -    -    -    -   -   -    -    -    -    -    -    -    -    -  

   " ဘာ - - - - - ဘာပြောတယ် ဇာမဏီ "
   " ဟာ ဖြေးဖြေးအော်ပါဟ့ လန့်လိုက်တာ ခွီးပဲ "
   " ပြန်ပြောစမ်းပါဦး ဇာမဏီ ပြောပါ "
   " အော် ငါ့ဘော်ဒ်ါနဲ့ အသိဘဲကြီးတပွေက ငါ့ကို ပြောခိုင်းတာလေ သူနဲ့ အတူနေပေးရင် တလ ၁၀ သိန်းနဲ့ နေစရာ စားစရာ အကုန်စီစဉ် ပေးမယ်တဲ့  ဂျော်ကြီးပေါ့ကွာ ၄၀ ကျော်လောက် ရှိမယ် အဲဒါ ဘယ်လိုလုပ်ရမလဲ လို့ မင်းကိုတိုင်ပင်တာ "

        လွှမ်းမိုးသူရဲ့ နားထဲမှာ သံရည်ပူတွေ လောင်းထည့် လိုက်သလို ရင်ဘတ်တွေလဲ မိုင်းဗုံး ကွဲသလို ခံစားရပါတယ်။ ကြည့်ပါဦး ကိုအမြတ် တနိုးတန်ဖိုး ထား ဒုက္ခခံပြီး ပြုစုခဲ့ရတဲ့ ကို့အသဲ ပန်းကို ငွေဆိုတဲ့ ဓါးတလက်နဲ့ အဖျတ်ခံရတော့ မှာပါလား။

   " တောက် ဇာမဏီ မင်းအဲဒိကိစ္စကို လက်ခံပြီ ဆိုတာနဲ့ ငါနဲ့ သေခန်းပြတ်ပြီလို့ သဘောထား လိုက်တော့ မင်း အဲ့ဒိလောက်ထိ ငွေလိုနေလား ဟုတ်လား ဟမ် ဘယ်လောက်လို တာလဲပြော ငါမရရအောင်ရှာ ပေးမယ် "

    ဇာမဏီ့ မျက်လုံးတွေက မာနကို ထိပါးခံရသူ တစ်ယောက်လို အရောင်တွေ လက်လာပြီး တစ် လုံးခြင်းပြောချ လိုက်တာက

   " မင်း က ငါ့ ကို ကြိုက် နေ လို့ လား "

    နားထဲမှာ မိုးကြိုးအစင်း တစ်ရာ ပစ်ချလိုက် သလို ပါပဲ။

      ကြည့်စမ်း သူမို့လို့ ဒီလိုမေး တက်တယ်။ ရင် တွေနာ လိုက်တာ ပြောစရာပင် မရှိတော့။ ပါးပေါ် ကျလာတဲ့ မျက်ရည်စက်ကို လက်နဲ့ ကြမ်းတမ်းစွာ ပွတ်သုတ်လိုက်ပြီး

   " အေးပေါ့ ဇာမဏီ မင်းက စင်ပေါ်တက်ဖို့ပြင် နေပြီကိုး ရတယ်လေ မင်းတစ်နေ့ စင်အောက်ကို ပြန်ကြလာတဲ့အချိန်မှာ လူကျလေးတော့ ကျလာ ခဲ့ ငါစောင့်နေမယ် ခုချိန်မှာတော့ မင်းငါနဲ့ လုံးဝ လာမပက်သက်ပါနဲ့ ငါသွားပြီ "
   " ဟျောင့် ကိုသူ မင်းငါမေးတာကိုဖြေ "

    လှည့်ထွက်လာတဲ့ လွှမ်းမိုးသူရဲ့ လက်ကို ဇာမ ဏီ စောင့်စွဲကာ မေးလိုက်တာမို့ လွှမ်းမိုးသူ မျက် နှာကို မဲ့လိုက်ပြီး

  " ဟုတ်တယ် အစက မင်းကိုချစ်တယ် အခုတော့ မင်းစိတ်ဓါတ်ကို ရွံသွားပြီ ဇာမဏီ ငါမင်းကိုချစ်ခဲ့ တာ အညှီအဟောက်မပါဘူး မင်းအပေါ်ထားခဲ့တဲ့ စေတနာတွေကလဲ တဏှာ အတွက်မဟုတ်ဘူး အဲဒိတော့ မင်းလဲလုပ်ချင်တာသာ လုပ်တော့အေး တစ်နေ့ မင်းဒုက္ခ ရောက်ရင်တော့ အချစ်မပါပဲ စေတနာနဲ့ မင်းကိုငါပြန်ကူညီမယ် ဒါပေမယ့် မင်း မက်မောတဲ့ ပကာသနနဲ့ အညစ်အကြေးတွေကို သန့်စက်အောက်ဆေးကြောခဲ့ ဒါပဲ "

     ဇာမဏီ့ လက်ထဲက သူ့လက်ကိုစောင့်ခနဲ ပြန် ရုန်းကာ ကိုသူ အပြေးတပိုင်းထွက်ခွါ သွားပါလေ တော့တယ်။ အနောက်မှာ ကျန်ခဲ့တဲ့ ဇာမဏီရဲ့ တောက်ခေါက်သံ ခပ်ပြင်းပြင်းကို တော့ကြားသွား ပါသေးတယ်။

       *           *           *           *           *

    ငါ့ရင်တွေနာတယ် ဇာမဏီ မင်းငါချစ်နေတာကို သိရဲ့သားနဲ့တောင် ဒိလိုကိစ္စမျိုးကို လုပ်ဖို့စိတ် ကူးရက်တယ်။ အထက်တန်းကျောင်းသား ဘဝ ထဲက မင်းဆိုးသမျှ မင်းအပေါ်အနစ်နာခံ သည်းငြီး ခံခဲ့တဲ့ ငါဆိုတဲ့ကောင်က နွားကြီးပေါ့။

    " ~~~ ဒါစိတ်ကူးလေးပါပဲ အိမ်မက်လေးပါပဲ ~ မကြာခင် လွင့်ပျောက်သွားမယ့် အတွေးငယ်လေး ရယ် ~ ငါဟာ အစွဲလမ်းကြီးနေတဲ့ ခလေးလေး တစ်ယောက်လိုပဲ ~ လမင်းကြီးကို သိမ်းထား ချင်မိတယ် ~~~ "

   " ပိတ်စမ်း ဘယ်သူဖွင့်နေတာလဲ ပိတ်ထားအခု ဒုန်း ဒလုံး "
   
   လ္ဖက်ရည်ဆိုင်ထဲက ဝန်းထမ်းတွေ အခန်းထဲက လွှမ်းမိုးသူ အသံကြောင့် သီချင်းကို အမြန်ပိတ်ခါ လုပ်စရာရှိတာတွေ ဆက်လုပ်နေကြတယ်။ ကိုသူ ဘာတွေဒေါသထွက်နေမှန်း မသိပေမယ့် တခါမှ ဒိလောက်ဒေါသ ထွက်တာမတွေ့ဖူုးတော့ အကုန် စိုးရိမ်ကာ ကြောက်လန့်နေကြတယ်လေ။

    ငါရူးရတော့မယ် ထင်တယ်  ဇာမဏီရယ် ငါမင်း ကိုတအားမုန်းတယ် သေလောက်အောက်ကို မုန်း တယ်။ အဟား ဟား။ မျက်နှာကို ခေါင်းအုံးနဲ့ ဖိခါ ငိုချမိပြန်ပါပီ။ မျက်နှာပြင် တခုလုံးကလဲ ငိုထားလို့ နီရဲမို့အစ်ခါ မြင်လို့ပင် မကောင်းတော့ပါ။

   ဇာမဏီ သူ့အိမ်နဲ့ ပြသနာတက်ပြီး အိမ်ပေါ်က ဆင်းသွားတဲ့ သတင်းတွေ သူဌေးတစ်ယောက်ရဲ့ ကားနဲ့ မကြာခနတွေ့တယ် ဆိုတဲ့ သတင်းတွေ ဒီ သတင်းတွေ ကြားတိုင်း လွှမ်းမိုးသူ ကျိတ်ပြီးငိုခဲ့ ရသလို ဇာမဏီ့ ကိုလဲ အမုန်းကြီး မုန်းနေရပါပီ။

        *          *           *           *           *

     ဆောင်းရဲ့မနက်ခင်း အေးချမ်းလှပေမယ့်လဲ လွှမ်းမိုးသူရဲ့ လ္ဖက်ရည်ဆိုင်လေးက ထုံးစံအတိုင်း အစောကြီးထကာ ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြ မုန့်လုပ် ဖို့ပြင်ဆင်ကြနဲ့ အအေးဒါဏ်ကိုအံတုကာ လှုပ်ရှုား နေကြပါပြီ။ ဆိုင်ရှေ့က ဘာဂျာတံခါးကြီးကို ဖွင့် လိုက်ချိန်မှာတော့

   " ကိုသူ ကိုသူ ဆိုင်ရှေ့မှာ မူးပြီးမှောက်နေတာ ကိုဇာမဏီနဲ့ တူတယ် လာကြည့်ပါအူး "

   လွှမ်းမိုးသူ ချက်ခြင်းဆိုင်ရှေ့ကို ပြေးသွားတော့ ဆို်င်တံခါးရှေ့မှာ မှောက်နေတဲ့ လူတစ်ယောက် ဆံပင်တွေက တိုကပ်အောင်ညှပ်ထားပေမယ့် လှန်မကြည့်ပဲ ဇာမဏီ ဆိုတာ ကိုသူသိပါတယ်။
လက်မှာ tattoo တွေက သက်သေလေ။

   " သူ့ကို ငါ့အခန်းထဲ ဝိုင်းမပြီးပို့ပေး ကြဦး "

     အခန်းထဲရောက်တော့ အဝတ်တွေအကုန်လဲ ပေးပြီး တကိုယ်လုံးရေပတ်တိုက်ခါ ဆောင်ခြုံပေး ပြီးသိပ်ထားလိုက်တယ်။ အပြင်မာ တအားအေး နေတာမို့ ဇာမဏီ့ တကိုယ်လုံးက အေးဆက်နေ တာမို့ ကိုသူ စိုးရိမ်မိတယ် တခုခုဖြစ်မှာကို။ မင်း တနေ့နေ့ ငါ့ဆီ ပြန်ရောက်လာမယ်ဆိုတာ ငါ ယံကြည်ပြီးသားပါ ဇာမဏီ။ မင်းမျက်နှာကို မြင်ရ တိုင်း ငါ့ဒေါသတွေ အမုန်းတွေ အလိုလို အရည် ပျော်ကြကုန်တာလဲ ငါ့ဘဝရဲ့ ဝဋ်ကြွေး တစ်ခုပါပဲ။

    ဇာမဏီ အိပ်ပျော်နေတာမို့ ကိုသူအခန်းထဲက ထွက်ခါ အပြင်မှာ ဆိုင်အလုပ်တွေ လုပ်နေလိုက် တယ်။ စိတ်ကတော့ မဖြောင့်ပေ။

    ဇာမဏီ အိပ်ယာကနိုးလာတော့ ဘယ်နေရာ ရောက်နေမှန်းမသိ စိတ်ထဲမှာတော့ နွေးထွေးမှုကို ခံစားရမိတယ်။ အသံတွေ နားထောင်ပြီး အခန်း လေးကို သေချာကြည့်မိတော့မှ ဒါသူအိပ်နေကျ ကုတင်လေးပဲ ယခုတိုင်မပြောင်းလဲသေးပါလား။
တစ်နှစ်နီးပါးပင် ရှိတော့မည်ပဲ။

     သူလေးရာ မင်းငါ့အပေါ် ဒိလောက်ထိ ချစ်တာ ငါသိပါတယ်။ ဒါပေမယ့် ငါမှားခဲ့ပြီကွာ။ မင်းကိုရွဲ့ ချင်တဲ့စိတ် အိမ်ကိုမုန်းတဲ့စိတ်တွေနဲ့ ငါအခုတော့ ဒုက္ခလှလှကြီး တွေ့နေပီ သူငယ်ချင်းရယ်။ ရုတ်တရက် အခန်းတံခါးဖွင့် သံကြောင့် ဇာမဏီ အိပ်ချင်ယောင်ဆောင်နေ မိလိုက်တယ်။ ရင်ဆိုင် ဖို့အသင့် မဖြစ်သေးဘူး သူလေးရယ်။

     လွှမ်းမိုးသူ အိပ်ပျော်နေတဲ့ ဇာမဏီရဲ့ နှဖူးပေါ် လက်လေးတင်ကာ စမ်းကြည့်လိုက်စဉ် တွေ့ရတဲ့ မြင်ကွင်းကြောင့် လက်ကို ချက်ခြင်းရုတ်လိုက်မိရဲ့ ဇာ ဇာမဏီ မျက်ရည်တွေ ကျနေပါလား။

     အဲဒိလိုမျိုး မြင်ရတော့ သူလဲအလိုလို မျက်ရည် တွေကျလာရပါပီ။ ဇာမဏီ့ ကုတင်ပေါ်ထိုင်ချမိ လိုက်စဉ် ဇာမဏီ့ ဆီက ရှိုက်သံကို ကြားလိုက် ရတာမို့

    " မင်းငါ့ဆီပြန်လာတာဆိုရင် ဖြစ်ပြီးခဲ့ သမျှတွေ မေ့ထားလိုက်ပါတော့ တကယ်လို့ ပြန်လာတာ မဟုတ်ဘူး ဆိုရင် ဘာတစ်ခုမှ မပြောပဲ မင်းထွက် သွားပေးဖို့ ငါတောင်းပန်ပါရစေ ဇာမဏီ "

    ဇာမဏီ အိပ်နေရာကနေ ကုန်းထကာ ကိုသူ့ ကို အနောက်ကနေ တင်းနေအောင်ဖက်ပြီး ကိုသူ ပုခုံးမှာ ပါးအပ်ခါ ငိုချ လိုက်ပါတော့တယ်။ ကိုသူ လဲငိုနေတာပါပဲ။

   " ရတယ် ဇာမဏီ ငါနေသားကျနေပါပီ မင်းသွား မယ်ဆိုလဲ သွားပါကွာ "
  " ဟင့်အင်း ကိုသူ ငါမင်းနဲ့မခွဲတော့ဘူး ငါမှားခဲ့ပါ တယ်ကွာ ငါ ငါ မသေခင်လေး မင်းနဲ့နေပါရစေ အ့ဟီးးး အီးးး အင့် "
  " ဘာ - - - - "

  ကိုသူ မျက်ရည်တွေတောင် မသုတ်နိုင်ပဲ ဇာမဏီ့ ဘက်လှည့်ကာ ဇာမဏီ့ လက်မောင်းတွေကို  စုပ်ကိုင် လှုပ်ရမ်းကာ

   " မင်းက မင်းက ဘာလို့သေရမှာလဲ ပြောစမ်း ငါ့ကိုပြောစမ်းဘာ ဇာမဏီ ပြောလေကွားးးးး "

       မျက်ရည်တွေနဲ့ ဇာမဏီ မော့ကြည့်လာပြီးမှ ပြုံးလိုက်ခါ

   " အချိန်တန်ရင် လူတိုင်းသေမှာလေ သူလေး ငါကမသေခင် အထိမင်းနဲ့ အတူနေချင်တယ်လို့ ပြောတာပါကွာ "
   " စကားကို ရှင်းအောင်မပြောဘူး မင်းတော့ "
  " မင်းငါ့ကို တအားစိုးရိမ်သွားတယ် မဟုတ်လား မင်းငါ့ကို ချစ်သေးရဲ့လားဟင် ကိုသူ "

    လွှမ်းမိုးသူ ကိုသေချာ စိုက်ကြည့်ကာ လေးနက် စွာမေးလာတဲ့ ဇာမဏီ့ စကားကြောင့် ကိုသူသက် ပြင်းတချက် ချလိုက်ခါ

    " ငါလေမင်းကို တအားမုန်း ပေမယ့် အဲဒိအမုန်း ထက်မင်းကိုချစ်တဲ့ အချစ်တွေက ပိုနေ ပါတယ် ဇာမဏီရယ် "
   " ဒါဆို ငါဒီကနေ မပြန်တော့ဘူးနော် ကိုသူ "
  " ဒိနေရာက မင်းအတွက် ဘယ်တုန်းကမှပြောင်း လဲသွား ဖူးလို့လဲကွာ ဒါမင်း ပိုင်တဲ့နေရာပဲလေ ဇာမဏီ မင်းသဘောပါပဲ "

    ဇာမဏီ ကိုသူ့ကိုသိမ်းဖက်လိုက်ကာ နမ်းပစ် လိုက်ပြီး ကိုသူက အတင်းရုန်းတော့မှ

  " ငါလဲ မင်းကို အရမ်းချစ်ခဲ့တာပါကွာ ကိုသူ "
  " ဖယ် ဖယ် ငါအလုပ်သွားလုပ်ဦးမယ် မင်း အခု ရေချိုးတော့ ပြီးရင်စားဖို့ငါပြင်ထားမယ် ထတော့ "      " ဟုတ်ပါပီဗျာ အာဘွား ဟိဟိ ပျော်လိုက်တာ "
 
    ဇာမဏီ ကဒီဆိုင်က အလုပ်သမားတွေနဲ့က ခင် ပြီးသားဖြစ်သလို သူတို့အကြောင်းကိုလဲ သိနေပီ မို့ အားလုံးက ပျော်ရွှင်စွာနဲ့ သာယာသော နေ့တွေ ကို ကျော်ဖြတ်နိုင်တော့မည် မှာမလွဲတော့ပေ။

    *     *     *     *     *     *     *     *     *

    ဇာမဏီ့ ကို ကိုသူက ညနေပိုင်းက မြို့ထဲကို ဈေးဝယ် လွှတ်လိုက်တာမို့ ပြတ်လာတော့ ဆိုင်က ပိတ်ထားပြီ ဒိနေ့အစောကြီး ပိတ်တာဘာ များဖြစ်လို့ပါလိမ့်။ စိုးရိမ်သွားကာ ဆိုင်ဘေးက လူဝင်ပေါက်လေးမှ ဆိုင်ထဲဝင်လိုက်စဉ် မှောင်ပြီး
တိတ်ဆိတ်ငြိမ်သက် နေရာမှ ရုတ်တရက် မီးတွေ လင်းလာပြီး

    " HAPPY BIRTHDAY ကိုဇာမဏီ ဟေးးးး "

     မွေးနေ့ကိတ်လေးနဲ့ ပူစီပေါင်းတွေ ဖဲကြိုးတွေ ပန်းတွေနဲ့ ဆိုင်လေးထဲမှာ သေသေချာချာပြင်လို့ ထားတာပဲ ရုတ်ရတ်ဆိုတော့ တအားဝမ်းသာ သွားကာ သူ့ကို ပြုံးပြီးကြည့်နေတဲ့ လွှမ်းမိုးသူကို ပြေးဖက် လိုက်ခါ အားလုံးရှေ့မှာ နမ်းပစ်လိုက်လို့
   " ဝှေးးးးး ရွှီးးးဖျောင်းးးးဖျောင်းးးး "
 
    ဆိုင်က ဝန်ထမ်းလေးတွေ ဝိုင်းအော်ကာ လက် ခုပ်ဝိုင်းတီးကြပါတယ်။ ကိုသူက ရှက်သွားပြီးမှ

  " Happy Birthday ဇာမဏီ လာ ကိတ်မုန့် ခွဲရ အောင် အော်ရော့ ဒါက ငါပေးတဲ့ လက်ဆောင် "

   Brand အကောင်းတွေကို မက်မောတက်သော ဇာမဏီ့ အတွက် နာမည်ကြီးတံဆိပ် နာရီဘူးလေး တန်ဖိုးက ၂ သိန်းတော့အသာလေး ကျော်မည်။
ဇာမဏီ လက်တွေတုန်ရီစွာ ဖြင့်လက်ခံလိုက်ရဲ့။

     " မီး မှုတ်လို့ရပြီ ကိုဇာမဏီ မြန်မြန်လုပ်တော့ စားချင်လို့စောင့်နေတာ ကြာလှပီဗျာ့ "
   " အေးပါကွာ လာပီလာပီ လာ ကိုသူ "
 " Happy brithday to you   ~~ to you ဟေး "
 
    ဇာမဏီ ကိုသူ့လက်ကိုဆွဲလိုက်ခါ လက်နှစ်ခု ပူးကာဓါးကို ကိုင်ပြီး ကိတ်မုန့်ကိုလှီးလိုက်ပြီးမှ ကိုသူ့ကို အရင်ဆုံး ခွံ့လိုက်တယ် ကိုသူကလဲ ပြန်ခွံ့ပေးတယ် မျက်ဝန်းအကြည့်တေက မလွှဲပဲ မျက်ရည်ကြည်တို့နဲ့ တလက်လက်တောက်ပလို့

      အားလုံးကို ဇာမဏီ လိုက်ခွံ့ကြွေးပြီးတော့မှ
ဇာမဏီ့ ရှေ့မှစားပွဲပေါ်မှာ လက်ဆောင်လေးတွေ လာတင်ပေးကြတာ ဝန်ထမ်း ၂၀ လောက်ရှိတာမို့ အတော်လေးတော့များသား တပြုံးပြုံးနဲ့ပျော်နေ တဲ့လွှမ်းမိုးသူကို ကြည့်ကာ ဇာမဏီ စိတ်မကောင်း
     " ကိုသူ ဟင်းပွဲတွေ ချရတော့မလား "

     ဆိုင်ကကောင်လေးမေးတော့ ကိုသူခေါင်းကို ငြိမ့်ပြလိုက်တယ်ဆိုရင်ပဲ စားပွဲတွေကို ဆက်ခါ ခုံရှည်ကြီးခင်း စားပွဲခင်းဖြူကြီးနဲ့အုပ် ပန်းအိုးတွေ ဟင်းပွဲတွေ ဘီယာတွေနဲ့ တခဏအတွင်းမှာပဲ
အားလုံးပြည့်စုံသွားပါတော့တယ်။

    သိတက်လိုက်တာ ကိုသူရယ် ငါမင်းကိုကျေးဇူး တင်လိုက်တာ။ ငါမင်းကို အရမ်းချစ်တယ်ကိုသူ။

   " ကိုဇာမဏီ သီချင်းဆိုပြပါ ဗျို့ ကျနော်တို့ လဲ လိုက်အော်ချင်လို့ "  "ဟေး ဟုတ်တယ်ဟေ့ "

   စားပွဲထိုးလေး လက်ထဲလာထည့်ပေးတဲ့ ဂစ်တာ ကို ဇာမဏီ ကြိုးညှိုလိုက်ပြီး ဝန်ထမ်းတွေ ဖက်လှဲ့ ကာ နှုပ်ခမ်းပေါ် လက်ညှိုးလေးတင် ပြလိုက်တယ် အားလုံးက အလိုက်တသိ ခေါင်းညိတ်လေရဲ့

  " ~~~ ဘာမှအသုံးမကျဘူး တစ်ချိန်လုံးမှား နေလဲ ~ မငြိုညင်ဘူး ~ မျက်ရည်လေးနဲ့ ပြုံးသူ ရယ် ~ လူတကာ ဘေးမဲ့ပေးထားတဲ့ ငါ့ကို ~ အကြင်နာထားပြီး မင်းချစ်ရဲတယ် အိုး မချစ်ချင်ပါ နဲ့တော့ ခလေးရယ် ငါလူဆိုး လူမိုက် တစ်ယောက်မို့ နစ်နာမယ် ~~~ "

    လွှမ်းမိုးသူကို စိုက်ကြည့်ကာ သီဆိုရင်း ဇာမဏီ မျက်ရည်များပင်ဝဲလို့ လာရပါသည်။ အားလုံးက အကြောင်းသိတွေမို့ စိတ်မကောင်းကြပေ။

    " တီ တီ  ~  တီ တီ ~ တီးးးးးးးးးးး "

    အဆတ်မပျက်ပေါ်လာတဲ့ ကားဟွန်းသံကြောင့် အားလုံးဆိုင်ရှေ့ကို ပြေးကြည့်ကြတော့ တန်ဖိုးကြီး ကားအကောင်းစားကြီး ပေါ်ကဆင်း လာတဲ့ ယောက်ျားလိုဝတ်ထားသော်လဲ ခပ်နွဲ့နွဲ့ အသက် ၅၀ကျော် လူကြီးတစ်ယောက်

   "  အရမ်းပျော်နေတယ်ပေါ့ ဟုတ်လား ဇာမဏီ အေး လောက်ဆိုတော့ ချီးတွင်းမှာပဲ ပျော်မှာပေါ့ ဒီမှာ နင့်ပစ္စည်းတွေ စောက်ကြက်သရေ မရှိလို့ လာပြန်ပို့တာ ငါ့စီကချူစားလို့ဝလို့ ဘယ်များ သွားပိုင်းလုံး လုပ်နေသလဲလို့ နင်ကဒီလို အစုတ် အပဲ့ ဘဝထဲ လာပျော်နေတာကိုး ဟင်း ကို့ စောက်ကြောင်းကိုသိရင် ပြီးတာပဲ သေချင်ရင် အဲ့လိုပဲ နေ မသနားဘူး နင့်ကို သွားမယ် "

   ဆိုင်ကဝန်ထမ်းတွေက တရှုးရှုးဖြစ်ကုန်လို့ ကိုသူ မနဲထိန်းလိုက်ရတယ်။ ဆိုင်ပတ်ဝန်းကျင် က လူတွေလဲ ထွက်ကြည့်ကြတာ အုံခဲလို့နေရဲ့။ ဇာမဏီ ကတော့ ကျောက်စစ်ရုပ် တစ်ရုပ်လို ခေါင်းကိုငုံကာ မတုန် မလှုပ် ပစ္စည်းတွေ ချပြီး ကားကြီး ပြန်ထွက်သွား တော့ ဇာမဏီ ဆိုင်က အုတ်ဘောင်ကို ခေါင်းနဲ့ ပြေးစောင့်တာမို့ ကိုသူ ဆွဲရပြန်တယ်။

     အခန်းထဲ ပြန်ရောက်တော့ ဇာမဏီ ရှုံးပွဲချကာ ငိုနေတာ ဘယ်လိုမှ ချော့လို့မရတော့ပေ။ ရင်နာ လိုက်တာ ဇာမဏီရယ် ငါတစ်သက်လုံး အမြတ် တနိုးဆန်ဖိုး ထားခဲ့တဲ့ မင်းကို ပြောသွားလိုက်တာ ရစရာကိုမရှိဘူး။ ငါလဲဒေါသဖြစ်ပေမယ့် ဒိကိစ္စမှာ ငါဝင်ကြမ်းရင် ဆိုင်ကဝန်ထမ်းတွေနဲ့ ပိုပြီး ပြသနာ ကြီးမှာစိုးလို့ပါကွာ။

      " တော်မတော့ ဇာမဏီရယ် နင်းဆက်ငိုနေရင် ငါ့ရင်တွေကွဲရ ပါတော့မယ်ကွာ ငါ့ကို သနားပါဦး "       " ငါ ငါ မင်းကို သနားလို့ ငါ့ကြောင့် မင်းပါအရှက် ကွဲရပြီ ငါတကယ် စောက်သုံးမကျတဲ့ ကောင် "
 " အဲလိုမပြောပါနဲ့ ဇာမဏီ မင်းက သူများအတွက် အမှိုက်မကလို့ မစင်ကြီး ဖြစ်နေပါစေ ငါ့အတွက် တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ မင်းငါ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးရှင်သန်ပေးရင်ပဲ ငါ မင်းကို တသက်လုံး မညိုမညင် ကျေကျေနပ်နပ် ကြီး ချစ်သွား မှာပါကွာ နော် ဇာမဏီ "

     လွှမ်းမိုးသူ အခန်းတံခါးကို ချက်ချလိုက်ပြီးမှ ဇာမဏီ့ကို အတင်းဖက်ခါ နမ်းပစ်လိုက်သည်။ ဇာမဏီလဲ ပြန်နမ်းကာ လုံးထွေးပြီး ပွတ်သပ်နေ ရာမှ လွှမ်းမိုးသူက ဇာမဏီ့ ဘောင်းဘီကို ချွတ် လိုက်စဉ် ဇာမဏီက နောက်ကိုဆုတ်လိုက်ခါ ကိုသူ့ရဲ့ လက်ကို ပုတ်ထိုက် လိုက်တာမို့

     " ဟင် "

    " sorry သူလေး ငါရုတ်တရက် ဖြစ်သွားလို့ "

     ဇာမဏီ့ စကားကြောင့် လွှမ်းမိုးသူ ဘာမှပြန် မပြော တော့ပဲ တဖက်သို့လှဲ့ အိပ်လိုက်ခါ မျက် ရည်တွေပဲ ကျရပြန်သည်။ ဝမ်းနည်းသွားတာ ရှက်သွားတာကော ပါတာပေါ့။ ဇာမဏီ နောက်မှ ကိုသူ့ကို ဖက်ခါ ငြိမ်သက်စွာ နေလိုက်ပါတယ်။

    ဒိနေ့ကိုသူ ဆိုင်အတွက် ဈေးဝယ်ထွက်တော့ ဇာမဏီ ကဆိုင်ထိုင်ပြီး ကျန်ခဲ့ပါလေရဲ့။ ကိုသူ အားဆေးတွေ ဝယ်ရင်းက အခုတလော ဇာမဏီ့ မျက်နှာ ဖြူဖပ်နေတာ သိပ်သဘောမကျမိပါ။ ဆေးခန်းပြခိုင်း တာလဲမရဘူးလေ။

   " ဟာ ဟေ့ကောင် လွှမ်းမိုးသူ ခနနေဦး "
  " အော် ဇော်ကြီး ဘယ်လာတာလဲ "
 " အဲဒါအသာထား အခု ဇာမဏီ မင်းစီမှာဆို "
 " အေးလေ ၂ လလောက်တောင် ရှိပြီ ဘာလို့လဲ "       " ဟူးးး ပြောရမှာလဲ ဒုက္ခ မပြောပြန်လဲ အင်း "
" ဘာလို့လဲ ဇော်ကြီးရ ပြောပါ ရပါတယ် ငါတို့ အကြောင်းလဲ မင်းသိနေတာပဲ မဟုတ်လား "
 " လာကွာ ဟိုလ္ဖက်ရည်ဆိုင်မှာ အေးဆေး ပြောရ အောင် မင်းကောင်လေးကို ခနထားခဲ့လိုက် "

    ကိုသူနဲ့ အဖော်လိုက်လာတဲ့ စားပွဲထိုးလေးကို လိုတာတွေ ဝယ်ခိုင်းလိုက်ပြီး ကိုသူတို့က ဆိုင် ထိုင်ကာ စကားပြောကြတယ်။

   " ဇာမဏီ့ကို ဟိုဘိုးတော်နဲ့ ငါချိတ်ပေးခဲ့တာကွ သူ လွန်ခဲတဲ့ ၅ လလောက်က နေမကောင်းဖြစ်လို့ ဘိုးတော်က ဆေးခန်းပြပေးခဲ့တယ် အဲဒိမှာပဲ သူ့ မှာ သွေးကင်ဆာ ရောဂါဖြစ်နေတာ သိခဲ့ရတာတဲ့ အဲဒါနဲ့ ဘိုးတော်ကလဲ တက်နိုင်သလောက်တော့ လုပ်ပေးပါတယ် ဒါပေမယ့် ဒိကောင် သူ့အခြေအ နေကို သိသွားတာနဲ့ မင်းစီပြန်ပြေး တာတဲ့ အဲဒါ ငါဟိုနေ့က ဘိုးတော်နဲ့တွေ့မှ သိရတာ အခုကော ဒိကောင်အခြေအနေ ဘယ်လိုရှိလဲ ငါလဲစိတ်မ ကောင်းဘူးကွာ သနားပါတယ် ဇာမဏီ "
 
     ဇော်ကြီးပြောနေတာတွေ နားထဲဝင်တစ်ချက် မဝင်တစ်ချက် ဇာမဏီ ကသွေးကင်ဆာတဲ့ ဒါဆို ဇာမဏီ သူ့ကိုခွဲသွားပြန်ဦး မှာပေါ့။ မဖြစ်ဘူး ဒါက ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ ဖုန်းက မြည်လာတာမို့

    " ဟယ် ဟယ်လို "
   " ကိုသူ ဒီမှာ ကိုဇာမဏီ သွေးတွေ အန်နေတာ တအားပဲ မြန်မြန်ပြန်လာပါဦး "

    ဆိုင်နဲ့ဈေးက ပုံမှန်ဆို မိနစ် ၂၀ လောက်လမ်း လျောက်ရတာ အခု ကိုသူဆိုင်ကို ဘယ်လိုပြန်၍ ရောက်လာမှန်း မသိတော့ အခန်းထဲရောက်တော့ ဇာမဏီ မချိမဆန့် မျက်နှာနဲ့ ပြုံးပြကာ

   " ငါဘာမှ မဖြစ်ဘူး သူလေး ရတယ် ခနပဲ "
 
    ဆိုင်ဝန်ထမ်းတွေ အားလုံးအပြင်သို့ အလိုက် တသိထွက်သွားကာ အခန်းတံခါးစေ့ ပေးခဲ့ကြရဲ့။
ကိုသူ ဇာမဏီ့ဘေးမှာ ဝင်ထိုင်လိုက်စဉ်

   " အဟွတ် ဟွတ် အော့ "

    ကိုသူ ဇာမဏီ့ လက်ကိုထိန်းကိုင်လိုက်ပြီး ရင် ဘတ်ကို အသာဖိပေးလိုက်တယ် ကြည့်ပါဦးသွေး တွေမြင်မကောင်းဘူး။ ဒါတွေ ဘာလို့ သူအခုမှသိ ရတာလဲ။ ဇာမဏီရယ် မင်း ကွာ။

    " ငါဘာမှ မဖြစ်ဘူး သူလေး စိတ်မပူနဲ့နော် "
   " ဇာမဏီရယ် မင်း ကွာ မင်း  မင်းအဲလို ဖြစ်လို့ မရဘူးလေ ငါမင်းကို ဒိလောက်ချစ်တာ မင်းသိရဲ့ သားနဲ့ကွာ အားဟားဟားး တောက် ဇာမဏီရာ "
  " ငါ ငါ ဘာမှ မဖြစ်ဘူး မင်းမငိုနဲ့ အဟွတ် အွတ် ငါလဲ မင်း မင်းကို ချစ်တယ်လေ "
  " တော်တော့ မပြောနဲ့တော့ မင်း မောနေပြီ  အခု ဆေးရုံ သွားကြမယ်နော် "
  " ဟင့် အင်း လိုမှ ဟင်းး မလိုတော့တာ ငါ မင်းရဲ့ ဟူးး မင်းရဲ့ လက်ပေါ်မှာပဲ "
   " ဇာမဏီ မရဘူးနော် မင်း အဲလို လုပ်လို့မရဘူး ငါ့က်ုချစ်တယ်ဆို သနားတယ်ဆို အဲ့လို မလုပ်ပါနဲ့ အီးးဟီးးဟီးးး ဇာမဏီ "

    ကိုသူ ဇာမဏီ့ ခေါင်းကိုမယူကာ ရင်ခွင်ထဲကို ပိုက်ထားလိုက်ပြီး ငိုနေပါတော့တယ်။ ဇာမဏီရဲ့ အင်အားချိနဲ့နေပြီ ဖြစ်တဲ့လက်တွေက ကိုသူရဲ့ ပုခုံးကို ကိုင်ကာ ညှစ်နေလေရဲ့။

   " ငါ့ အ့ ငါ့ကို တ တကယ် ချစ်ရင် အွတ်ဟွတ် မင်း ဆက်ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ အဟွတ် အဟွတ် "
   " တော်ပါတော့ အေး ငါသိတယ် စိတ်ချ ငါကတိ ပေးတယ်နော် ဇာမဏီ ဟင့် "
 
   " ချစ် ချစ်တယ် သူ သူ လေ "
   " အားးးးးးးးးးးးးးးးးးးးးးး "

  လွှမ်းမိုးသူရဲ့ အာခေါင်ခြစ်ခါ အော်လိုက် သံကို ကြားတော့ ဆိုင်ဝန်ထမ်းတွေ ရောက်လာခဲ့ ပါပီ။

     *     *     *     *     *     *     *     *

      အုတ်ဂူဖြူဖြူ အသစ်လေးရဲ့ ဘေးမှာ ထိုင်ရင်း ကိုသူ တစ်ယောက်ထဲ မျက်ရည်တွေ ကျလို့နေ ပါတယ်။ ဇာမဏီရယ် တကယ်တော့ မင်းဟာ သိပ်ကို သနားဖို့ကောင်းပါတယ်။ ငါလေ မင်းကို အရမ်းချစ်တယ် ဇာမဏီ။ ငါမင်းစီကို အမြန်ဆုံး လိုက်လာခဲ့ပါမယ်။ မင်းတစ်ယောက်ထဲ အားငယ် မနေနဲ့နော် ဆိုးလဲ မဆိုးပါနဲ့တော့ကွာ ငါမရှိရင် မင်းကိုဘယ်သူက စောင့်ရှောက်ပေးမှာလဲ နော်။ မင်းငါ့ကို ဆက်ဆက်စောင့်နေနော်။

    " ~~~ ဒီချိန်မှာ ငါလွမ်းနေတာ မင်းမှမရှိတာ ~ ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိတော့ပါ ~ နောက် ဘဝလဲ စောင့်လို့ နေပါ ~ ချစ်ဆုံးလေးရာ ~ ငါလဲ တစ်နေ့တော့ မင်းနောက် လိုက်လာ ခဲ့မှာ ~~~"

ပြီးပါပြီ။

အားလုံးကို အထူးကျေးဇူး တင်ပါသည်။

Lamin Lay

1 comment: