Friday, July 24, 2015

လမ်းပြကြယ်/လမ်းပျောက်ကြယ်/ကြယ်တွေစုံပြီလား။

လမ်းပြကြယ်
•••••••••••••••

     မီးရောင်မှိန်ပြပြ လေးများနဲ့ သစ်ပင်ပုလေးတွေ ဘေးနားက ဝိုင်းလေးတွေမှာ လူကုံထန်တို့ ညင် သာစွာ ဝိုင်းဖွဲ့သောက်စားလျက် ရှိသလို စင်ပု လေးရဲ့ အပေါ်က ဂစ်တာတစ်လက်နဲ့ Country Song တွေဖျော်ဖြေမှု ကလည်း တကယ့်ကို လိုက် ဖက် တင့်တယ် ကြည်နူးဖွယ်ပေါ့။

    အမြဲ သတိထားနေ လျက်က ကောင်းမွန်ရဲ့ မျက်လုံးတွေက စင်ပုလေးပေါ်မှာ ခုံမြင့်လေးနဲ့ ထိုင်ပြီး ဂစ်တာကို ကျွမ်းကျင်စွာ တီးခေတ်ကာ အင်္ဂလိပ်သီချင်းများကို အသံကောင်းကောင်းနဲ့ သီဆိုနေတဲ့ ဂျက် စီကို ရောက်တာနဲ့ မျက်နှာလွှဲဖို့ မေ့လျော့ နေတက်စမြဲပါပဲ။

    " ကောင်း လုပ်စရာရှိတာ လုပ်ဆူခံထိမယ် "

    ဒီစကားကို ဘယ်သူမှမပြောပါ။ ဒါပေမယ့် စင်ပု လေးပေါ်က လှမ်းကြည့်လိုက်တဲ့ ဂျက် ရဲ့မျက်ဝန်း တွေက ပြောလိုက်တာကို ကောင်း နှလုံးသားက အလိုလို ခံစားသိရှိလာ တာပါ။

   ကောင်းကျေနပ်စွာပြုံး လိုက်ပြီး လင်ဗန်းလေး ကိုင်ကာ အစားအသောက်များ ထားတဲ့ စားပွဲဆီ လျောက်သွားပါတော့တယ်။

  ဂျက်ဖနီ လို့ခေါ်တဲ့ တစ်ကိုယ်တော် ဖျော်ဖြေရေး သမားလေး ဂျက် သူ့အစီအစဉ် ပြီးလို့ ဂစ်တာကို အိတ်ထဲပြန် ထည့်ကာ ဟိုတယ်ရဲ့ အပြင်ကိုထွက် လာတုန်း မှာပဲ

  " ဂျက် ဒီမှာ ရေသန့် ရေခဲမစိမ်ထားတာ "

    ရေသန့်ဘူး အသေးလေးကို ကမ်းပေးလာတဲ့ ကောင်းမွန်မြတ်။ စားပွဲထိုး ဝတ်စုံလေးနဲ့တောင် သန့်ပြန့်ပြီး ချစ်စဖွယ် ကောင်းလွန်းလှတဲ့ အပြုံး ပိုင်ရှင်လေးလေ။ ဂျက် အတွက်အမြဲ အလိုက်သိ တက်စွာနဲ့ ဒိလိုလေး ဂရုတစိုက်ရှိလှပါတယ်။

   " ကျေးဇူးပါဗျာ ကောင်း ဂျူတီ ဘယ်ချိန်ပီးမလဲ"
   " ဒိနေ့က 10 off ဂျက် ဒါပေမယ့် ၁၁ လောက်မှ ပီးမယ်ထင်တယ် "
    " Ok အဲဒါဆို ၁၀ ခွဲအတိ ကို ဒီရှေ့ကို လာကြို မယ် စောင့်နေနော် ဟုတ်ပီလား "

    ကောင်း မျက်နှာလေး ဝင်းခနဲ ဖြစ်သွားကာ ခေါင်းကို ခပ်သွက်သွက်လေး ငြိမ့်ပြလေရဲ့။

      ကောင်း အလုပ်တွေ အရမ်းကိုမြန်မြန် လုပ်နေ မိတယ်။ အလုပ်သိမ်းလို့ ဟိုတယ်ရှေ့ ရောက်တော့ ဂျက်ရဲ့ ဆိုင်ကယ်လေး ကိုတွေ့ တယ်။ဂျက်က လမ်းဘေးက ဓါတ်တိုင်ကို မှီခါ ဆေးလိပ်သောက် နေတာ တကယ့်ကို မင်းသား တစ်ပါးလိုပါပဲ။
     သွယ်လျှတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက် လှစွာ ဝတ်ဆင်ထားတဲ့ ဘောင်းဘီနဲ့ အင်္ကျိတွေက ချပ်ရပ်စွာ အပေါ်က ကုတ်ကလဲ သေသပ်စွာနဲ့ အလွန်ဆွဲဆောင်မှုရှိလှတဲ့ ပုခုံးခန့် ဆံပင် ရွှေအိုရောင်လေးတေက တလွင့်လွင့်ပေါ့။

   " လာ ကောင်း သွားမယ် ကျုံးဖက်ကို တစ်ပတ် ပတ်စီးဦးမလား "
   " ဟုတ် စီးချင်တယ် ဂျက် "

    ကောင်း ဂျက်ရဲ့ ခါးလေးကို အနောက်ကနေ ဖက်လိုက်တယ်။ ခါးလေးက အနေတော်လေးမို့ ဖက်လို့ကောင်း။ ဂျက် ရဲ့ကိုယ်သင်းရနံ့လေးက နှာခေါင်းထဲ တိုးဝင်လာတယ်။

     ဆိုင်ကယ်လေး တဖြေးဖြေး မောင်းနှင်လာစဉ် ညရဲ့ လေနုအေးလေးက အဝှေ့ ဂျက်ရဲ့သင်းပျံ့ တဲ့ ဆံနွယ်တွေ ကောင်းမျက်နှာကို တိုးဝှေ့သွား တော့ ကောင်း ခိုးပြီးနမ်းရှိုက် မိတယ်။ ဖက်ထား တဲ့ လက်တွေကလဲ ပိုမိုတင်းကျပ်လာတယ်။

   ဂျက်က သူ့ခန္ဓာကိုယ်ကို အနောက်သို့ အသာမှီ ချထားတာမို့ ဂျက်ရဲ့ ပုခုံးပေါ် ကောင်း မေးစေ့ လေး တင်လိုက်ပီး နားရွက်လေးကို နမ်းမိပြန်ရဲ့။

    " ကောင်း ပျော်လားဟင် "
    " ပျော်တာပေါ့ ဂျက်ရာ အိမ်တောင် မပြန်ချင် တော့ဘူး ဒါပေမယ့် အိမ်မှာမေမေ တစ်ယောက် ထဲ စောင့်နေမှာ မို့လို့သာ "
     " အင်းပါ ကိုတို့ ဒီနားမှာ ခနထိုင်မလား "
    " ဂျက် သဘောလေ ထိုင်ပါ "

    ကျုံးရဲ့ နဘေးက ထိုင်ခုံလေးတွေက ညည့်နက် လှပီမို့ လူတွေရှင်းလို့ နေလေရဲ့။ ဂျက် ဆိုင်ကယ် လေးကို ရပ်ပြီးဖဆင်းတော့ ကောင်းလဲ ဆင်းကာ ထိုင်ခုံလေးမှာ အတူထိုင်လိုက်တယ် ဆိုရင်ပဲ ကောင်းရဲ့ ပုခုံးကို ဂျက်က ဖက်ပြီး

   " ကို မင်းကို ချစ်တာ ပြောပြဖို့လိုသေးလား "
  " ကောင်း လဲပြောမပြတော့ဘူး နော် ဂျက် "

    ဂျက်ရဲ့ အနမ်းတို့ ကောင်းပါးပြင်ပေါ် ဆင်းလာ သလို ကောင်းရဲ့ အနမ်းတို့ကလဲ ပြန်လည်လို့ ခြွေချနေ လေရဲ့။ ခနထိုင်ပြီးမှ ကောင်း အိမ်ကို ဂျက်က လိုက်ပို့ပေးပါတယ်။ ကောင်းတို့ သားအမိ နေတဲ့အိမ်လေးက ၁၀ ပေနှစ်ထပ် သစ်သားအိမ် ယိုင်နဲ့နဲ့လေးပါ။

     အမေတခု သားတစ်ခုနဲ့ ကျောင်းတစ်ဖက် မိခင်ကိုတဖက် လုပ်ကိုင် ရှာဖွေကျွေးနေတဲ့ သူ ဆိုတာ ဂျက်ကတော့ မသိလောက်ပါဘူး။ သူနဲ့ ဂျက်နဲ့က ဟိုတယ်မှာ နေ့စဉ် တွေ့နေရပြီး ဒိနေ့မှ ဂျက် ရဲ့ အချစ်ကို ကောင်းရလိုက်တာပါ။

     အဲဒိနောက်ပိုင်းမှာတော့ ဂျက် အားတဲ့နေ့ဆို ကောင်းနဲ့ ကျုံးတပတ်ဆိုင်ကယ်စီးပြီး ပြန်ပို့ပေး လေ့ရှိသလို ဂျက်မအားတဲ့ နေ့တွေမှာတော့ ထုံးစံ အတိုင်းလမ်းလျောက်ပြန် တာပေါ့။

      ဒိနေ့ လစာထုတ်တာမို့ ဂျက် ကိုမျှော်နေမိရဲ့ တခုခု ဝယ်ကျွေးချင်တယ်လေ။ ပိုက်ဆံတွေတော့ အများကြီး သုံးလို့ မဖြစ်ဘူး အခုတလော မေမေ ကျန်းမာရေးမကောင်းဘူးလေ။

     ဂျက်နဲ့တွေ့တော့ ဂျက် မျက်နှာက မကောင်း ဘာဖြစ်လို့ပါလိမ့် စိတ်တော်တော် ပူသွားတယ်။
 
    " ဂျက် ဘာဖြစ်လို့လဲဟင် မျက်နှာလဲ မကောင်း ပါလား ကောင်းကို ပြောပြပါလားဟင် ဂျက် "
    " ကို ရွာကို ခနပြန်အူးမယ် ကောင်း အိမ်မှာ အမေ နေမကောင်းဘူး အဲဒါ ဒီလ လခကလဲ "
     " အင်း ဘာဖြစ်လို့လဲ ဂျက်ရဲ့ ဂျက်က သီချင်း ဆိုတာဆိုတော့ အများကြီးရတယ် မဟုတ်လား "
    " ဂျာကြီးဆီက အကြွေးယူထားတာတွေ ဖျတ် လိုက်တာ သောင်းဂဏန်းပဲ ကျန်တော့တယ် "
    " ဂျက်ရယ် "

      ကောင်း စိတ်မကောင်းလိုက်တာ မိဘခြင်းလဲ ကိုယ်ချင်းစာပါတယ်။ ကောင်းမှာကလဲ ဟင်းးးးး။ မထူးပါဘူး ။

    " ရော့ ဂျက် ဒါဒိနေ့ ကောင်းလစာထုတ်လာတာ တဝက်ယူသွားနော် တဝက်ကတော့ ကောင်းတို့ သားအမိ ဒိလစားဖို့ ထားရဦးမှာလေ "
    " ဟာ နေပါစေ ကောင်းရယ် ရပါတယ် "
    " ကောင်း မိဘချင်း ကိုယ်ချင်းစာ ပါတယ် ယူနော် စိတ်ချလက်ချသွား မြန်မြန်သက်သာ ပါစေလို့လဲ ကောင်း ဆုတောင်း ပေးနေမယ် "

      ကောင်းရတဲ့ လစာကော ဘောက်ဆူးငွေပါဆို ၂ သိန်းကို နဲနဲ ကျော်တယ်လေ။ ဂျက်ကို တသိန်း ပေးလိုက်ပြီး အိမ်ပြန်ရောက်တော့ မေမေ့ကို

   " သား ဒီလ သူငယ်ချင်းတစ်ယောက်ကို ခန ကူညီ လိုက်တယ်မေမေ အဲဒါ ဒိလောက်ပဲ ကျန် တယ် မေမေသားကို စိတ်မဆိုး ပါနဲ့နော် "
   " မဆိုးပါဘူး သားငယ်ရယ် သားငယ်ကို မေမေ ယုံပြီးသားပါ နော် အဟွတ် အဟွတ် အွတ် "
   " မေမေ မေမေ ရလား သက်သာရဲ့လား "

     *     *     *     *     *      *     *

     ဂျက် ဒိနေ့ပဲ ရန်ကုန်က ပြန်ရောက် တာပါ။ ဂျက် ကငယ်စဉ်ထဲက မိဘတွေ မရှိပါဘူး။ အမျိုး တွေလက်ပေါ်မှာ အနှိပ်ခံ ဘဝနဲ့ ကြီးပြင်းလာပြီး အရွယ်ရောက်တော့ ကို့ဘဝကို ရပ်တည်ရတာ။

     ဝါသနာပါတဲ့ အနှပညာ အလုပ်ကိုလဲ တက်နိုင် သလောက်ကျိုးစားပြီး အောင်မြင်ဖို့ မျှော်လင့်နေ တဲ့သူပါ။ သူ့ဘဝ အတွက် အောင်မြင်ဖို့ ရပ်တည် ဖို့ သူဘာမဆို လုပ်ခဲ့တယ်လေ။

     ချောမောလှပတဲ့ ရုပ်ရည်နဲ့ အသံကောင်း လေး ကိုအရင်းတည်ပြီး သူအဆင်ပြေ သလိုရပ်တည် ခဲ့ တာပါ။ သူ့ အတွက် သုံးဝင် လို့ကတော့ ကျား မ ကြီး ငယ် မရွေး သူအသုံးချခဲ့တယ်လေ။

    အခုလဲ သူ့မှာ တခြားစားပေါက်တွေ ရှိနေရဲ့နဲ့ ကောင်းမွန်မြတ် ဆိုသော ကောင်လေးချောချော လေးကိုလဲ သူ့ကိုသဘောကျနေတာမို့ အလွတ် မပေးခဲ့ပေ။

    ဂျက် ကောင်းတို့လမ်းထဲ ရောက်တော့ ကောင်း တို့အိမ်က ပိတ်ထားတာမို့အနားက ကွမ်းယာ ဆိုင်လေးမှာ ဆေးလိပ်ဝယ်ရင်း မေးကြည့်မိတယ်။

   " သြော် ကောင်းမွန်လား ပီးခဲ့တဲ့ ၂ ပတ်လောက် က သူ့အမေဆုံးသွားတယ်လေ ကောင်းမွန် တကယ်    သနားဖို့ ကောင်းပါတယ်ဟယ် အမေတစ်ခု သားတစ်ခု သူလုပ်ကြွေးနေတာ သူ့အမေက နေမကောင်းတာ အတော်ကြာပီ အသဲအသန် ဖြစ်တော့ သူ့မှာလဲ အားကိုးကမရှိ ငွေကလဲမရှိနဲ့ အရပ်ထဲကလဲ တက်နိုင်သရွေ့ ကူကြပါတယ် အခုတော့ သူ့အမေ ရက်လည်လဲ ပြီးရော သူလဲပြောက်သွား တော့တာပဲ။ မတွေ့တာ ၄ /၅ ရက်ရှိပြီ မောင်လေးရဲ့ "

     ဂျက်ဖနီ ပါးစပ်ထဲက ဆေးလိပ်ပင် ပြုတ်ကျ လေရဲ့။ သူ မှားပီ ဆိုတဲ့ အသိက သူ့ရင်ကို ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေနဲ့ အတူဝင်ရောက် လို့လာပါတော့တယ်။ သူဆိုင်ကယ်ကို ခွကာ ဟိုတယ်သို့ အမြန် မောင်းလာပြီး ဂျာကြီးဆီဝင်၍  ကောင်း ကိုမေးတော့ ကောင်းအလုပ်ထွက် သွား ပြီတဲ့ မထွက်ခင်က ဂျက်အကြောင်းကို လာမေး သေးတယ်တဲ့။

     ဒါဆို ကောင်းက ဂျက်အကြောင်းတွေ သိသွား လို့ ဂျက်ကို ရှောင်ထွက်သွား တာပေါ့။ ဂျက်ကို ကောင်း စိတ်နာသွားပီပေါ့။ ကောင်းရယ် ကိုကကောင်းရဲ့အကြောင်းတွေ တကယ်မသိပါဘူးကွာ ကို ကောင်းကို လိမ်ခဲ့ တယ်ဆိုတာလဲ ဒိလောက် ဖြစ်သွားမယ်လို့ ထင်မထားမိလို့ပါ။

    ကောင်းကို သူ အသုံးချမိခဲ့ပေမယ့် ကောင်းရဲ့ ချစ်စဖွယ် အမူအရာတွေ ကောင်းရဲ့ ဂရုစိုက်မှုတွေ အဲဒါတွေကြောင့် သူ့ရင်ထဲကို ကောင်း အမှန်တကယ် ဝင်ရောက်နေပီ ဆိုတာ ကောင်းနဲ့ဝေးမှ သူတကယ် သိခဲ့တာပါ။

     ဂျက် ကောင်းကို လိုက်ရှာပါ့မယ်။ ဂျက် အသက် ရှင်နေသရွေ့ ကောင်းကို  မတွေ့တွေ့ အောင်ရှာပါ့မယ်။ ပြီးမှ ဂျက်မှား ခဲ့တာတွေ အတွက် ကောင်းကို ဝန်ချ တောင်းပန်ပြီး တစ်ယောက်ထဲ အထီးကျန် ဆန်နေတဲ့ ကောင်းဘဝကို တစ်သက်လုံး အချစ်တွေနဲ့ စောင့်ရှောက်သွား ပါ့မယ်။

    နောက်ကိုလဲ ဒိလို မျိုးဘယ်တော့မှ မဖြစ်စေ ရ တော့ပါဘူး။ ကို့ရဲ့ ခပ်ပေါ့ပေါ့ လိမ်လည်လိုက်မှု ဟာ လူတဖက်သားရဲ့ ဘဝကို ဒိလောက်ထိ ထိခိုက်စေ လိမ့်မယ်လို့ ဂျက်မတွေးမိ ခဲ့ပါဘူုး။

    ကောင်း ရယ် ကို့ကို ခွင့်လွှတ်ပေးပါ။ ကိုမင်းကို ပြန်လည်ပေးဆပ်ခွင့် ပြုပါတော့ ကွာ။ ကို မင်းဆီ မတွေ့တွေ့အောင် ရှာပြီး လာခဲ့ပါ့မယ် ချစ်သူရယ်။


လမ်းပျောက်ကြယ်
••••••••••••••••••••••

       မြစ်ကြီးနားမြို့ရဲ့ အစွန်ဘက်က သင်္ချိုင်းကုန်း တစ်ခုကို ဖျတ်ပြီး ဆောက်လုပ် ထားတဲ့ အစိုးရရုံး အသစ်လေး တစ်ခုမှ အငယ်တန်း စာရေးအဖြစ်နဲ့ ကောင်းမွန်မြတ် လာရောက် လုပ်ကိုင်နေတာပါ။

    နေရာသစ်မို့ ကိုင်းပင်တွေက ခါးထက်မက သစ်ပင်ကြီး တို့ရဲ့ အုပ်ဆိုင်းမှု ကလဲ မရိုးမရွပေါ့။ ပထမတော့ ဂျက်အကြောင်းတွေ တွေးရင်းက မျက်ရည်တွေ ဝဲကာကျလာရပါတယ်။ ဒါပေမယ့် တဖြေးဖြေး အမှောင်သန်းလာ ချိန်မှာတော့ ကောင်း နေတဲ့ အခန်းလေးက ပျဉ်ထောင်အိမ် သေးသေးလေး ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ် ငြိမ်သက်လို့။

       ရုံး ခြံဝင်းရဲ့ ဟိုးဘက်ဒေါင့်မှာက စာရေးမကြီးတစ်ဦးရဲ့ မိသားစု နေထိုင်တဲ့ အိမ်လေးကို မီးလေး မှိတ်တုတ်မှိတ်တုတ် သာ မြင်နေယတယ်။

    လူတစ်ယောက် ကောင်း အိမ်ခန်းလေး ဘက် လျောက်လာတာ တွေ့တော့ ကောင်း မျက်နှာကို ပြင်လိုက်ခါ ဖယောင်းတိုင် မီးလေးကို အနားယူ ထားလိုက်တယ်။

    " အကိုနဲ့ အဖော်အိပ်ပေးဖို့ ဆိုပြီး အမ ဇုန်းဆောင်း လွှတ်လိုက်လို့ "

      ကောင်းအရွယ် ကချင်ကောင်လေး တစ်ဦးက ပြောလာတော့ ကောင်း ဝမ်းသာသွားပြီး

    " သြော် ဟုတ်ကဲ့ လာလာ အကို ကျနော်လဲ တစ်ယောက်ထဲ ဆိုတော့ လန့်နေတာ အဟဲ "
 
   ကောင်လေးက အနားဝင်ထိုင် လိုက်တယ်။ သူတို့ အိမ်လေးရဲ့ အပေါက်ဝမှာ ခြေထောက် တွေတွဲလောင်းချကာ အပြင်ဘက် မှောင်မှောင်ထဲ ကိုဘာမှန်းမသိ ကြည့်နေကြ တာလေ။

   " မကြောက်ပါနဲ့ဗျာ ငါဆို အိပ်တာနဲ့ တန်းအိပ် ပျော်သွားတာ ဘာမှမသိတော့ဘူး ဟီး "

    အော် အတော့ကို အားကိုးရမယ့် ပုဂ္ဂိုလ်လေးပဲ အသားဖြူဖြူ မျက်ပေါက် ကျည်းကျည်း ပေမယ့် သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသူ လေးပါပဲ။

    " မင်းနာမည် ဘယ်လိုခေါ်လဲ ငါက ကောင်း "
    " အားတု လို့ခေါ်တယ် "
    " အတု ! "
    " ဟာ မဟုတ်ပါဘူး အားးးးတု အဲ့လို "
   " ခိခ် "

    ကောင်းမွန်မြတ် ပြုံးလိုက်မိတယ်။ စကားပြော တာလေးတေက သဘောကျ စရာပါပဲ။

   " ဟာ ဘယ်သူလဲ အဲဒါ တွေ့လိုက်လား "

    လူရိပ်တစ်ခု အိမ်လေးဘေးက ထွက်လာပြီးမှ ရုတ်တရက် ပျောက်သွား တာမို့ ကောင်း လန့်ဖျန့် ကာ အားတု ရဲ့ပေါင်ကိုထောက်ပြီး အားတု ဘက် ရွှေ့လိုက်စဉ် လက်ကချော်သွားကာ မတော်ရာကို သွားဖိမိသဖြင့်

    " အား သေပါပီဟ့ နာလိုက်တာ "
   " Sorry Sorry လန့်ပြီး ဖိချလိုက်မိတာ "

    အားတု ကသူ့ပေါင်ခြားကို အတင်းဖိကာ ပွတ် နေတာမို့ ပုဆိုးအောက်က အကောင်က ထကြွခါလှုပ်ရှုားနေတာ မြင်တော့ ကောင်းလန့်သွားပြန်ရဲ့ နဲတဲ့ဟာကြီး မဟုတ်ပါလား လူက အရပ်ခပ်ပြတ် ပြတ် ခန္ဓာကိုယ်က တောင့်၂တင်း၂ အမလေး။
တွေးရင်း ကြက်သီးပါ ထမိပါတယ်။

    " ဘာဖြစ်တာလဲ အဲဒိလောက် ကြောက်မနေနဲ့ ဒါတွေက ရိုးနေပီ အမဇုန်းဆောင်း ယောက်ျားဆို ဟိုတလောက အုတ်ခဲတေကောက်ပြီး ပန်းပင်မှာ အုံထားတာ တညလုံး သရဲက သူ့အုတ်ခဲကို လာ တောင်းတာ ဆူညံ နေရောပဲ "
   " ဟင် အဲ့လောက်တောင် ကြမ်းလားဟင် "
   " ဟိုးမှာ လှဲထားတဲ့ ဇီးပင်ကြီးတွေ့လား "

    အားတု ပြတာက ရုံးထိပ်မှာ အလံတိုင် စိုက်ဖို့ မလွတ်လို့လှဲထားတဲ့ လူတစ်ဖက်ခန့် ဇီးပင်အိုကြီး
    " အစက အဲဒိအပင်အောက်မှာ မကောင်းတာ လုပ်စားတဲ့ မိန်းမ တစ်ယောက်ကို ၃ ပိုင်းပိုင်းပြီး ပစ်ထားခဲ့တာ ညဆို လေမတိုက်လဲ တဝေါဝေါ မြည်နေတာ အဲဒိအပင်ကြီးက ဒါပေမယ့် သူ့ဇီးသီး ကတော့ တအားချိုပဲ "
   "  ဟင့် ကြောက်ပါတယ်ဆိုမှ စိတ်ညစ်ပါတယ် "

    ကောင်း မသိမသာ အားတု နားကပ်မိ တယ်။ တကယ်လဲ ကြောက်လို့ပါ။ အဲဒိညက အိပ်ကြ တော့ ကြမ်းပြင်မှပဲ ဘေးချင်း ယှဉ်ရက် အိပ်ကြ တယ်လေ။ အားတုက ခနလေးနဲ့ အိပ်ပျော်သွား ပေမယ့် ကောင်းကတော့ အိပ်မပျော်။ ဟိုတွေး ဒီတွေးနဲ့ပေါ့။

     ဖယောင်းတိုင် မီးကိုလဲ မညိမ်းသေးတာမို့ ခန နေတော့ အားတု ဟိုကုတ်ဒီကုတ်နဲ့ ပုဆိုးက ခါး အပေါ်တက်နေပါပီ။ သူ့ရဲ့ ဖွားဖက်တော်က ချက် ပေါ်ထိ ပက်လက်လှန်ကာ စက်တော်ခေါ်နေရဲ့။

    ကောင်း မနေနိင်တော့လို့ အနီးကပ် သွားပြီး ငုံကြည့်မိတော့ အနံ့တမျိုး သင်းသင်းလေးထွက် နေတာသိလိုက်တယ်။ ပက်လက်လေးမို့ အကြောလေးတွေ နှုပ်ခမ်းကွဲလေးတွေကို သေချာ အနီးကပ်မြင်နေယပါတယ်။ အမွှေးတွေ ကလဲ အုံထနေတာပဲလေ။

     အဲဒိချိန်မှာ အားတု ကကောင်းဘက် လှဲ့လိုက် တာမို့ ဘေးတိုက် တွဲလောင်းကြီး ကြမ်းပြင်နဲ့ပင် ထိလို့ နဲတဲ့ဟာကြီး မဟုတ်ပေ။ စိတ်တွေက ဘာ ဖြစ်မှန်းမသိ တုန်ယင်စွာနဲ့ လက်လှမ်းလိုက် ပြန် ပြီးတွန့်သွား လိုက်ဖြစ်နေမိတယ်။

       ကောင်းရဲ့ ခေါင်းက အားတု ရဲ့ဟာကြီး နား ရောက်နေစဉ် အားတုက ကောင်းရဲ့ ပုခုံးကို ခွထား လိုက်တာမို့ ကောင်း မရုန်းသာတော့ ရုန်းလိုက်လို့ နိုးသွားရင်လဲ အရှက်ကကွဲဦးမည်။ မျက်နှာနဲ့ လက်တဝါးစာ အကွာက အကောင်ကြီးကလဲ မိမိ ကိုဆွဲဆောင်နေပြန်တယ်။

    ကောင်း မျက်စိတွေ မှိတ်ချ လိုက်တော့ ဂျက် ချစ်သော ဂျက်ဖနီ ရဲ့ပုံရိပ်တွေက ထင်ဟပ်လို့ လာပြန်တာမို့ အံကိုကျိတ်ခါ အိပ်ချလိုက် ပါတော့ တယ်။ ချစ်သူက လူလိမ်တစ်ယောက် ဆိုပေမယ့် ကောင်းသစ္စာ မဖောက်ရက်ပါဘူး။

      မိနစ်ပိုင်းစာ သာယာမှုအတွက် တစ်ဘဝစာ ချစ်တဲ့သူကို မညိုညင် စေချင်ဘူးလေ။ စိတ်နာလို့ ပြေးခွါ ခဲ့ပေမယ့် နှလုံးသားကတော့ ချစ်မြဲချစ်ဆဲ ။ဂျက်ရယ် အမြန်ဆုံး မေ့ပစ်လိုက်ချင်ပါပီဗျာ။

    အခုတော့ ကောင်း ဘဝက အားကိုးရာ မဲ့တဲ့ တစ်ကောင်ကြွက် အထီးကျန် ဆန်လှပါတယ်။ ဘဝရဲ့ ခရီးကို ဘယ်လို မျှော်လင့်ချက် တွေနဲ့ ဆက်လက် လျှောက်လှမ်း ရမည်ပင်မသိတော့။
လမ်းပျောက်တဲ့ကြယ်လေး ဖြစ်နေရပီလေ။

     *     *     *     *     *     *     *

    " ကျနော် ဒီနေ့ ဒီဟိုတယ်မှာ နောက်ဆုံး ဖျော်ဖြည်တဲ့ အနေနဲ့ ကျနော့ ခံစားချက် မြန်မာ သီချင်းလေး တစ်ပုဒ် သီဆိုပါရစေဗျာ့ နားဆင်ပေး ကြပါဦး "

" ^^^^  ~ တဖက်က ငါ့ရဲ့ဝါသနာ ~ တဖက်မှာ ငါ့ရဲ့ဝမ်းစာ ~~~ ရူးသွားရင် ကောင်းလိမ့်မယ် ~ ဟုတ်တယ် ~ ရူးလောက်အောင် ချစ်တဲ့ အချစ် မျိုးနဲ့ ~ ဘာတွေကို ရွေးချယ် ဘာတွေကို ရွေးရ မလဲ ~~~ ^^^ "

    ကိုမင်းကို မနက်ဖြန်က စပြီး မတွေ့ တွေ့အောင် ရှာတော့မယ် ကောင်းမွန်မြတ်။ ကို့ဝါသနာကို ကို့ အချစ်အတွက် ကိုခန တော့ စွန့်လွှတ်ရမှာပေါ့။

   ကိုတို့ အမြန်ဆုံး ပြန်ဆုံတွေ့ကြမယ် ကောင်း။


ကြယ်တွေ စုံပြီလား
•••••••••••••••••••••••

        ဂျက် ပထမဆုံး ကောင်းတက်တဲ့ အဝေးသင် ဌာနက စာရေးမကို လက်ဆောင် တွေပေးပြီး ကောင်း ပြောင်းရွှေ့သွားတဲ့ တက္ကသိုလ်ကို စုံစမ်း တော့ မြစ်ကြီးနား တက္ကသိုလ်တဲ့။

     ဒါနဲ့ မြစ်ကြီးနားမြို့ကို ချက်ခြင်းလိုက် လာခဲ့ရဲ့။ ဒီရောက်တော့ ကောင်းကို မတွေ့မခြင်းနေရမှာမို့ အသိအိမ် တစ်အိမ်မှာ ခတ္တေခွင့်တောင်းကာ တည်းခိုပြီး လိုက်ရှာ ပါတော့တယ်။

    ရက်ကနေ လသို့ပင်ပြောင်း လာခဲ့ပါပီ။ ဂျက် ခုထိ ကောင်းကို ရှာမတွေ့သေးပါဘူး။ စားသောက်ဆိုင်ကြီးတွေ ဟိုတယ်တွေ အစိုးရ မူလတန်းကျောင်းလေတွေ ကုန်သလောက်ရှိပြီ။ ဘယ်မှာများလဲ ကောင်းမွန်မြတ် ရယ်။

     မိုးတွေက သဲသဲမဲမဲရွာ နေတာဆိုပေမယ့် မထူး တော့ပြီမို့ ဂျက်ဖနီ တည်းတဲ့အိမ်ဆီကို လမ်းတိုင်း လျောက်ခါ လှည့်ပြန်လာ ခဲ့တော့သည်။ အစား မမှန် အအိပ်မမှန်တော့ လူကအားနည်းနေတာမို့ ခေါင်းတွေက မူးဝေနေသည်။ ခန္ဓာကိုယ် တခုလုံး ကလဲ ပြောမပြတက်အောင် ချမ်းစိမ့်နေပါပြီ။

    " ~~~ အပြင်မှာ လောကကြီးတောင် ငိုနေပြီ~ ချစ်သူ အဝေးမှာ ဖြေစရာမရှိ ~~~ တစ်ယောက် ထဲနေ့ညများ ကျော်ဖြတ်တော့လဲ ~ ဘယ်သူမှ ကို့ဖက်လှဲ့ မကြည့် ~~~ "

     မိုးတွေရွာနေတာကို ကောင်းထိုင်ကြည့် ရင်းက ရေဒီယိုက လွှင့်တဲ့ ဝိုင်းစု သီချင်းလေး ကြောင့် မျက်ရည်တို့ က စို့လို့ လာပြန်ပါပြီ။ မေ့ပြစ်လိုက် ချင်ပါပြီ ဂျက်ရယ်။

      ကောင်းတို့ရုံးရှေ့ လမ်းမပေါ်မှာ ထီးမပါပဲ တစ်ယောက်ထဲ လျောက်နေတဲ့ လူတစ်ယောက် ကို ကောင်း ငေးကြည့်နေ မိတယ်။ ဂျက် ဖြစ်ရင် ကောင်းမှာပဲလို့လဲ ရူးမိုက်စွာ တွေးမိသေးတယ်။ကောင်း ကြည့်နေတုန်းမှာပဲ အဲ့ဒိလူခွေခနဲလဲသွား တော့ ကောက်း ထိပ်ခနဲဖြစ်ကာ စောင့်ကြည့် နေမိ တယ်။ သူ ထမလာပါဘူး အဲဒိ အတိုင်းလေး ပုံပြီး လဲနေတာမို့ ကောင်း မိုးကာလေး ကောက်စွပ်နေ ချိန်မှာပဲ အမ ဇုန်းဆောင်း အိမ်ထဲကနေ သူ့အမျိုး သား ထွက်လာပြီးသွား ကြည့်နေတာ တွေ့တော့ ပြန်ထိုင်နေမိလိုက်တယ်။ ဘာမှမဖြစ်ပါစေနဲ့။

       မိုးတွေ တညလုံးရွာနေတာမို့ ကောင်း ထိုကိစ္စ ကို သွားမေးမကြည့်မိတော့ပေ။ နောက်မနက်ရုံး ရောက်တော့ ပြောနေ သံတွေ ကြားယတယ်။ အဖျားတက်ပြီး မေ့လဲသွားတာတဲ့ ကောင်လေးက ငယ်ငယ် ချောချောလေးတဲ့။ အခုထိ သိပ်ပြီးသတိ မရသေးလို့ ဘာမှမမေးကြည့် ရသေးဘူးတဲ့။

    မနေ့ညနေက ဂျက် ဖြစ်ပါစေဆိုတဲ့ အတွေးကို သတိယမိပြီး ပြုံးမိသေးတယ်။ ဂျက် ကိုတော့ ဒိလို မဖြစ်စေချင်ပါဘူး။

     " ကောင်းမွန်မြတ် အမအိမ်မှာလေ ရေနွေးဘူး လေးနဲ့ လက်ဖက်သုပ်လေး သွားယူပေးပါလား တို့တွေ အတူစားရအောင် အိမ်မှာ နင့်အကို ရှိတယ် ဟိုလူနာလဲ သတိယပြီလား ကြည့်ခဲ့ "
   " ဟုတ်ကဲ့ အမဇုန်းဆောင်း "

      ကောင်း ရုံးဒေါင့်က အိမ်လေးကို ထွက်လာမိ တော့လမ်းမှာ ခလုတ်တိုက်တာ တော်တော်နာ သွားတယ် ခြေထောက်က ထော့နဲ့ထော့နဲ့ နဲ့။ ထို အိမ်လေးရောက်တော့ အိမ်ဘေးကနေ ကိုဘရန် ထွက်လာကာ

   " အော ကောင်းမွန်မြတ် ဒိမှာ ဒိမှာရော့ "
   " အမ က လူနာလဲ ကြည့်ခဲ့တဲ့ ကိုဘရန် "
   " အေး အိမ်ပေါ်မှာလေကွာ သွားကြည့် "

     ကောင်း အိမ်ပေါ်ကို တက်ပြီး အိပ်ပျော်နေတဲ့ လူနာဘေးမှာထိုင်လိုက်စဉ်

   " ဟင် "

     ဘုရားဘုရား ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စအခု တကယ်ဖြစ်နေပါလား။ ဂျက် ဂျက်မှဂျက် အစစ်။ မျက်နှာတွေက ဖြူစုပ်နေပြီး မျက်တွင်းဟောက် ပက်နဲ့ ဂျက်ရယ်။ နှိုပ်စက်လို့ အားမရသေးလို့ ဒိထိရောက်အောင် လိုက်လာတာလားဗျာ။ ကောင်းအိမ်ကို ချက်ခြင်းပဲ ဂျက်ကို ရွှေ့လိုက် ပါတယ်။ အနားကမခွါ ချင်တာ စိတ်မချလို့ပါ။

        ဂျက် သတိရတော့ မျက်စိတွေက မဖွင့်နိုင် မနဲကို ဖွင့်ရတယ်။ ခေါင်းတွေကလဲ အုံခဲလို့ပေါ့။

   " အား ကျွတ် ကျွတ် "
   " ရလား ဂျက် မထနဲ့ဦးလေ "

    ဟာ ဒါကောင်း ကောင်းပဲသူ ကယောင် ကတမ်း တွေများ ဖြစ်နေတာလား မသိတော့ ပေ။ သူ့ဘေး မှာ ကောင်းကထိုင်လို့ သူ့ကို ကြည့်နေတာလေ။

    " ကောင်း ကောင်း မဟုတ်လား ကောင်းရယ် ရှာ လိုက်ရတာကွာ မသေရုံ တမယ်ပါပဲ အ့ "
   " နောက်မှ အေးဆေးပြောပါ ဂျက် ကောင်းရှိနေ တာပဲ "

    ဂျက်က ကောင်းလက်လေးကို စုပ်ကိုင် ထားပြီး

  " ဟင့်အင်း ကောင်း ထက်ပျောက်သွား မှာစိုးလို့ ပါကွာ ကို့အမှားတွေ အတွက် ကိုကောင်းကို တသက်လုံး ပြန်ပြီး ပေးဆပ်ပါရစေ "
   " အင်း ကောင်း လက်ခံပါတယ် ဂျက်ရာ အခု နားပါအူးနော် ကောင်း ဆန်ပြုတ်လေး ပြုတ်ထား တယ် ခနနေစားလိုက်နော် ဆေးလဲသောက် "
   " ရတယ် ကောင်းပြောတာတွေ အကုန် လုပ်ပါ့ မယ် ကောင်း ကို့ကို သေချာဖြေ ပါကွာ ကို့ကို အခု ထိ စိတ်နာနေ မုန်းနေ သေးလားဟင် ကောင်း "
   " ဘယ်တုန်းကမှ မမုန်းခဲ့ပေမယ့် ညီ့အပေါ်ကို လုပ်ရက်တဲ့ ဂျက်ကို စိတ်နာ ခဲ့တာတော့ အမှန်ပါ ဒါပေမယ့် ဒါပေမယ့် ဂျက်ရယ် ညီ မုန်းတက်ချင် ပါတယ် မမုန်းရက်ဘူး ညီ ပဲ အရှုံးပေးပါတယ် "

    ပြောနေရင်းက ကောင်း မျက်ရည်တွေ တလိမ့် လိမိ့နဲ့ ကျလာသလို ဂျက်လဲ မျက်ရည်တွေ ကျရ ပါပြီ။ အရမ်းကို ဖြူစင်တဲ့ ချစ်သူလေး ကို ဂျက်ပြန် ရှာတွေ့ပီလေ။

   " ဝမ်းသာလိုက်တာ ကောင်းရယ် ကိုအရမ်း ပျော်သွားပြီ ကို ကောက်းကို တသက်လုံးစောင့် ရှောက်သွားပါ့မယ် ကိုတို့ ဘယ်တော့မှ မခွဲတော့ ဘူးနော် ကောင်းလေး "
   " ဟုတ် "

      *     *     *     *     *     *     *

    ဂျက် နေပြန်ကောင်း လာတော့ ကောင်းအိမ်မှာ လာနေပါတယ်။ ကောင်း တို့နှစ်ယောက် ဘဝကို အတူတကွ ရင်ဆိုင်ကြဖို့ အသင့်ဖြစ်နေပီလေ။

    " ကောင်း လာကို သီချင်းဆိုပြမယ် "
   " အင်း ကောင်းကောင်းလေးဆို "

   " ~~~ အတူတူလက်တွဲပြီး နေလိုက်ချင်တယ် ဒီတသက်လုံးပဲ ~~~ "

   ကောင်းပြုံးလိုက်မိတယ် ဂျက်လိုအသံ မကောင်း ပေမယ့် အလှည့်ရောက် လာတော့လဲ

 " ~~~ ကြင်နာသူ အတူခေါ်သွား ရေမြေခြားရင် နေလို့ မရ နောင်လာမယ့် နှစ်လတွေ အသစ် အသစ်တိုင်အောင် အတူရှိရမှ ~~~ "

     ဒီညလေးက သူတို့ဘဝ အတွက် ကြယ်တွေစုံ တဲ့ညလေးပါပဲ။ အချစ်တစ်ခု ထဲနဲ့ သူတို့ အရာ အားလုံးကိုရင်ဆိုင်ဖို့ အသင့်ရှိနေကြပြီလေ။


ပြီးပါပြီ။


အားလုံးကို ကျေးဇူးတင်ပါတယ်။


Lamin Lay

No comments:

Post a Comment