Friday, July 24, 2015

ရင်နှင့် အမျှ * ဒါက ကျနော့ ကိုယ်တွေ့ဖြစ်ရပ်လေး တစ်ခုပါဗျာ။

ရင်နှင့်အမျှ
……………

     Online ပေါ်က ချစ်ပုံပြင်တွေ များစွာကြားဖူး ကြမှာပေါ့ဗျာ။ အိပ်မက်တွေကို အသက်သွင်း စိတ်ကူးတွေကို အရောင်ချယ် အရယ်အမော အလွမ်းအဆွေး အချစ်အမုန်းတွေ စုံလို့ပေါ့။
ဒီလိုပါပဲ တစ်ခါက ကျနော် သိပ်ချစ်ခဲ့ရတဲ့ sorry မဟုတ်ဘူး အခုထိ ကျနော် သိပ်ချစ်ရတဲ့ ချစ်သူလေး တစ်ယောက်အကြောင်း ကျနော် ရင်ဖွင့်ချင်ပါတယ်။

အတိတ်[ က ]

    ကျနော်က online ပေါ်မှာ စာတိုပေစလေးတွေ ရေးပြီး တင်လေ့ရှိပါတယ်။ အထူးသဖြင့် ကို ဝါသနာပါရာ ကိုအားသန်ရာ ဟဲ ဟဲ Homo Sexy Story လေးတွေပေါ့ဗျာ။ သူငယ်ချင်းတွေက အားပေးကြပါတယ်။ Like တွေ comment တွေ share တွေပုံစံမျိုးစုံပေါ့။ Like ပေးပြီး အသိ အမှတ်ပြု ခံရတာရှိသလို comment တွေနဲ့လဲ ရင်းနှီးမှုကို ရယူခဲ့ကြတယ် မဟုတ်ပါလား။
    ကျနော် သတိထားမိတဲ့ သူတစ်ယောက်ရှိတယ် သူပေးတဲ့ comment လေးတွေက နွေးထွေး တဲ့ခံစားမှုကို ရှိစေတယ်။ ဟာသရသကိုလဲ သူပေးနိုင်တယ်လေ။ ကျနော့ကို chat box ကနေ စကားပြောတဲ့သူတွေ တော်တော်များများရှိတာမို့ ကျနော်တက်နိုင်သလာက် စာပြန်ပါရဲ့။
ဒီပါ      :   :  hi
လမင်း :   :  hi ပါခမျာ့
ဒီပါ      :   :  ခင်လို့ရလား ကျနော်က စာရေးဆရာတွေက်ု ခင်လို့ပါ ဗျာ
အဲဒိလိုစကားစပြောလာတဲ့ တစ်ယောက် ကတော့ ကျနော့ ချစ်သူ ဒီပါပေါ့။  ကျနော် ကလဲ အစ ထဲက သူ့ကိုသတိထားမိတာမို့ တထိုင်ထဲမှာပဲ ရင်းနှီးပြီး ခင်မင်သွားကြ တယ်လေ။
ဒီပါ      :    :  ဟေ့ လပြွတ် ဘာတွေ လုပ်နေလဲ
လမင်း :    :  ငင့် ဆိုးထှာ ဘားမလုပ်ဝူး
ဒီပါ      :    :  ခ်ခ် ငပျင်းကြီး အလုပ်မလုပ်ပဲနဲ့ အပျင်းထူနေတာ
     အဲ့ဒိလိုပဲ သူကစကားပြောရင် အရွှတ်အနောက်လေးတွေနဲ့ တခါတလေ အဆဲပါခံရသေး။
ကျနော်တို့ ခင်မင်လာပြီး တော့မှ ကျနော်သိလိုက်ရတာက သူ့မှာလက်ရှိ ချစ်သူရှိနေတာပါပဲ။တကယ်တမ်း ပြောမယ်ဆို ကျနော့်မှာလဲ အီစီကလီတွေက အများသားပဲဗျာ့။  ဒါပေမယ့် သူ့မှာ ချစ်သူရှိတာ သိလိုက်ရတဲ့ အချိန်မှာ ကျနော် တအားဝမးနည်းသွားတယ်။ တန်ဖိုးထားတဲ့ အရာ တစ်ခုကို လက်လွှတ်ဆုံးရှုံး လိုက်ရသလိုမျိုးပေါ့။
 ဒီပါ      :   :  ဟိတ် ဘာလုပ်နေလဲ
 လမင်း :   :  ဘာမှမလုပ်ဘူး စိတ်ညစ်လို့ ရူးချင်နေတာ
 ဒီပါ      :   :  ခ်ခ် သနားစရာလေး မညစ်ပါနဲ့ဗျာ
 လမင်း :   :  သိဘူး စိတ်ညစ်ပါတယ်ဆိုနေ လာပြောင်မနေနဲ့
     သူကတော့ ပေါ့ပါးစွာ ရယ်မောလို့ နောက်ပြောင်လျက်ပါပဲ။ အဲဒိလိုနဲ့ ကျနော် Status လေး တွေကို ဝင်္ကဝုတ္တိနဲ့ သူသိစေဖို့ တင်ပေးခဲ့ပါတယ်။ သူကလဲသိနေတာပါပဲ ကျနော်သူ့ကိုချစ် နေတာကိုပေါ့ဗျာ။  ကျနော် အဲဒိတုန်းက စိတ်တွေ တအားညစ်လို့ ဆံပင်တွေကို ကပ်ညေးနဲ့ ဖြစ်သလို ထိုးညှပ်ပြစ်ပြီး ရေကန်ထဲမှာ ခေါင်းကို အကြာကြီးစိမ် ခဲ့သေးတယ်လေ။
ဒီပါ      :    :  ကဲ အရူးကြီး စိတ်ညစ်မနေ နဲ့တော့နော် ကျုပ်ခများကို ချစ်တယ် ဟုတ်ပီလား
လမင်း :    :  မနောက်ပါနဲ့ ပါလေးရာ ပါလေးမှချစ်သူရှိတာ သိပါတယ်
ဒီပါ      :    :  အင်း ဟုတ်တယ် ဒါပေမယ့် သူ့ကိုဖွင့်ပြောလိုက်ပီ ခများကြီးကိုလဲ ချစ်တယ်လို့
လမင်း :    :  ဟင် တကယ်လား ပါလေး ရတယ် ပါလေး ဒုတိယနေရာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျေနပ်တယ် ပါလေးရဲ့ အသိအမှတ်ပြုခံရရင်ပဲ ကျေနပ်ပါပီဗျာ
ဒီပါ      :    :  သောက်ပိုဒွေ ခ်ခ်
 ဒီပါက မလေးရှားမှာလေ ကျနော်က မြန်မာပြည်မှာပေါ့။ ကျနော်တို့တခါမှ အပြင်မှာ မတွေ့ဖူး ကြပါဘူး။ ဒါပေမယ့် ကျနော်သူ့ကိုသိပ်ချစ်ပါတယ်။ သူကလဲ ကျနော့ကို ချစ်ခဲ့တာပါပဲဗျာ။ ဒီလို ကနေ သူ့ချစ်သူက သူနဲ့လမ်းခွဲသွားတော့ ကျနော် ကျနော့်ချစ်သူကို ပိုင်နိုင်စွာ ချစ်ခွင့်ရခဲ့တာ ပေါ့။ သူတို့က ဘာပြသနာမှ မရှိပဲ နားလည်မှုတွေနဲ့ လမ်းခွဲခဲ့ကြတာပါ။
     အဲဒိတုန်းက ကျနော်တစ်စုံတခုကို တွေးပူခဲ့ မိပါသေးတယ်။ ကျနော် သူများချစ်သူကို လုယူ မိသလို ဖြစ်ခဲ့တာလေ ကျနော် ဝဋ်လည်မှာ တအားကြောက်တယ် ဒါပေမယ့် သူ့ကိုလဲ တအား ချစ်ရတော့ ပိုဆိုင်ချင်မိပါတယ်။
   သူညဆိုင်း အလုပ်ဆင်းတဲ့ ရက်တွေဆို ကျနော် တော်တော်နဲ့ မအိပ်ဖြစ်ဘူးသူနဲ့ စကားတွေ ပြောကြတယ်လေ။သူကအတင်း အိပ်ခိုင်းမှ အိပ်တော့တာ။ ဒါတောင်သူမသိအောင် face book ကို log out လုပ်ပြီး Browser ထဲကနေ man to man movie လေးတွေ ခနကြည့်သေးရဲ့။
မနက်ကျတော့ အိပ်ယာထ နောက်ကျပီး လမ်းလျှောက်သွားနေကျ အလုပ်ကို taxi နဲ့သွားရ တာကလဲ မကြာခနပါပဲ။
    မျက်စိနှစ်လုံးပွင့်တာနဲ့ ဖုန်းကိုကိုင် fb ဖွင့် သူဘာစာတွေပို့ထားလဲ ကြည့်ရတာအမောပါ။
တခါတလေ အလုပ်ကို လမ်းလျောက်သွားရင်း လမ်းမှာလဲ chat တယ်။ အလုပ်မှာလဲ သူဌေး မရှိရင် မရှိသလို သူနဲ့chatတယ် ။ သူဌေးရှိလို့ အလုပ်တွေရှုတ်နေရင်တောင် အိမ်သာထဲက ခိုး chat တယ်။
    သူနဲ့ချစ်သူတွေဖြစ်နေတဲ့ အချိန်မှာ ကျနော် တခြားသူတွေကို Q ခြင်းကို လုံးဝတရားဝင် ရပ်စဲခဲ့ပါတယ်။ သူနဲ့ status တွေတင်တယ်။ comment တွေကနေ သူကလဲ အလှု့ရှင်လိုလို မဏ္ဍပ်တိုင်လေး တပ်ခါတပ်ခါပေါ့ဗျာ။ ကြွားတယ် ထင်ထင် ရင်ထဲမှာ ကြည်နှုးမိတယ်။
သီချင်းဆိုပြနေတာ မဟုတ်ပါဘူး။ တကယ်ပြောတာပါဗျာ။ ချစ်ကြတဲ့ တချိန်ကဆိုတော့ ဟုတ်သလိုလိုပါပဲ အခုတော့လဲ တွေးလေ အသည်းနာရတယ် မျက်ရည်များကို ထိန်းမရ ဘူးလေကွယ်။


အတိတ် [ ခ ]
----------
         Online ချစ်သူတွေ ဘာသာဘာဝ ပုံးလေးတွေပို့ကြ လှတာကော ယွတာကော ထတာပါမကျန်ပေါ့။ လိုင်းပေါ်ကနေ စကားလုံးလေးတွေနဲ့ သူ့ငါဆွ ငါ့သူဆွ နဲ့ပေါ့ဗျာ
( စိတ်ဆွတာပြောပါတယ် )။ လမင်းကလဲ စာတိုပေစလေးရေးတော့ ပရိတ်သတ် ရှိ သလို သူကလဲ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုသလို လူချစ်လူခင် ပေါလှရဲ့။
 ဒီပါ      :   :  ချစ် ဘာတွေလုပ်နေလဲ
လမင်း  :   :  ခုလား ရုပ်ရှင်ကြည့်မလို့ ပါလေးရ လိုင်းပေါ်က fri နဲ့ date ထားတာ
ဒီပါ       :    :  အော် ဟုတ်ပါပီ အဲဒါဆို ပါလေး အလုပ်လုပ်လိုက်ဦးမယ်နော်
လမင်း  :    :  အိုခေ ပါလေး ညမှတွေ့မယ်

       ဒိလိုဆိုရင် လမင်းလွန်တယ်ပေါ့ဗျာ။ ချစ်သူရှိရဲ့သားနဲ့ ဒီလိုလုပ်တာကိုပေါ့။ အဲဒါ ဆိုရင် ပြောပြပါ့မယ် ကျနော်နဲ့ အတူသွားခဲ့တာက ၂ယောက်ပါ ကျနော်ပါ ဆို၃ယောက် ပြီးတော့ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ကြတာလေ။ ရုံထဲမှာလဲ မကလိ ပါဘူး။ တကယ်ဆို ကျနော် လိုချင်ခဲ့တာက သူ့ရဲ့သဝန်တိုမှုတွေကိုပါ။ ဒါပေမယ့် ဟိုးနဂို အစထဲက သူ ပြောထားပါတယ်။ တစ်ယောက် ကိုတစ်ယောက် မချုပ်ချယ်ကြေး ဆိုတာကိုလေ။ But ချစ်မိလာတော့ သဝန်တိုတက်ရမယ်ဗျာ အနည်းနဲ့အများပေါ့ ဒါကျနော့် ခံယူချက်ပါ
        နောက်ပြီး ကျနော်တို့နှစ်ယောက်က ခနခန ရန်ဖြစ်ကြတယ်။ စကားများကြ တယ်။ တခါတလေ စကားမများ ရန်မဖြစ်တာ ၂ ရက် ၃ ရက်လောက်ဖြစ်သွားရင် တစ်ယောက်ယောက်က စပြီးပြသနာရှာကာ ရန်ဖြစ်ကြတယ်။ ပြီးမှ ရန်မဖြစ်ရတာ ကြာလို့ ပြသနာရှာတာ ဆိုပြီး နှစ်ယောက်စလုံး ရယ်မောခဲ့ကြတယ်။
      ဒိလိုကနေ တရက်တော့ သူစာလေးတစ်စောင်ပြလာပါတယ်။ သူ့လက်ရေးလှလှ လေးတွေနဲ့ရေးထားတာပေါ့။ သူကျနော့်ကိုသိပ်ချစ်ကြောင်း အကိုလိုကော သူငယ် ချင်းလိုကော ချစ်သူလိုပါချစ်ကြောင်း သူ့ကိုကျနော့လောက်ချစ်နိုင်မည့်သူမရှိတော့ ကြောင်းတွေအပြင် ကျနော်အရင်က ပွေခဲ့ရှုတ်ခဲ့သမျှတွေ နားလည်ပေး နိုင်ပေမယ့် ယခုလက်ရှိချိန်မှာ တခြား တယောက်က သူ့ ကို ကျနော်နဲ့အတူ အိပ်တဲ့အကြောင်း တွေလာပြောတော့ သူစိတ်မကောင်းစွာ မျက်ရည်ကျ ရကြောင်းပေါ့။
       အဲဒိချိန်မှာပဲ ကျနော် သိလိုက်ရတာက ကျနော်တို့နှစ်ယောက် သိပ်ချစ်တာကို မနာလိုလို့ နှောက်ယှက်တဲ့သူ ရှိနေပီ ဆိုတာပါပဲ။ သူတို့သိပ်ရက်စက်တယ်ဗျာ။ အဲဒါ ကိုသိတဲ့ အချိန်မှာ ကျနော် အရမ်း ပေါက်ကွဲခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တကယ်မဟုတ်ခဲ့လို့ပါပဲ။ ထိုအဖြစ်အပျက်တွေ ဖြစ်ပျက်နေချိန်အထိ ကျနော်ဟာ စာရေးနေသော်လည်း ချစ်သူအတွက် ကျနော့ရဲ့တန်ဖိုးထားရာ အရာတခုကို မငြိစွန်း အောင်စောင့်ရှောက် နေခဲ့တာပါ။ အဲဒိအရာကို ကျနော့ချစ်သူ ကလွဲရင် ကျနော် ဘယ်သူ့ကိုမှ မပေး နိုင်ပါဘူး။ သူငယ်ချင်းတို့တော့ သဘောပေါက် မှာပါနော်။
        သူ့ကိုအဲဒိကိစ္စ ဘယ်လိုမေးမေး သူမဖြေခဲ့ဘူး။ အဲဒါနဲ့ ကျနော့ရဲ့ ဒုတိယ အချစ်သက်သေအနေနဲ့ ကျနော့ရဲ့ စာရေးတဲ့ Lamin Lay account ရဲ့ Passward ကို သူ့ကိုပေးခဲ့ပါတယ်။ အန္တရယ်များတာ သိပါတယ်။ ဒါပေမယ့် ကျနော်သူ့အချစ်ကို သိ ချသ်သလို ကျနော့အချစ်ကိုလဲ ပြချင်တာကြောင့်ပါ။ သူနဲ့ချစ်သူဖြစ်ထဲက ရပ်နား ထားတဲ့ Q တဲ့အလုပ်တွေကို ကျနော် ပြန်လုပ်ပါတယ်။ ကျနော် မျှော်လင့်ခဲ့တာက ကျနော့်ကို Q တဲ့သူတွေကို သူသဝန်တို စေချင်တာပါ။ သူက စိတ်ဆိုးပြီး တခွန်းပဲ ဝင် ပြောလိုက်ပါ အကောင့်တခုလုံးက Friends တွေ ကုန်သွားရင်တောင် သူတစ်ယောက် ထဲနဲ့ လဲနိုင်လောက်အောင် ကျနော် ကျေနပ်နေမှာပါ။
      ဒါပေမယ့်ထင်သလိုဖြစ်မလာခဲ့တာတော့ ကျနော့ ကံတရားပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ သူက ကျနော့် အကောင့်ကို ဝင်မကျိလို့ပါပဲ။ သူကခံစားချက်ကို ထုတ်ဖော် မပြောတက် တဲ့သူမျိုးလား။ ဒါမှမဟုတ် လုံးဝကို စိတ်မဝင်စား တာလားတော့ ကျနော် မပြောတက်ခဲ့ပါဘူး။
      တစ်ခါတော့ ကျနော် ငွေလိုနေလို့ သူမလေးရှားကနေ ငွေလွှဲပေးခဲ့တယ် ကျနော် လက်ခံခဲ့တာ ဘာလို့လဲ သိလား ချစ်သူပေးတဲ့ အသိအမှတ်ပြုမှု တခုကို တန်ဖိုးထား ချင်လွန်းလို့လေ။ ဒါပေမယ့် သူကျနော့်ကို မပေးခဲ့တဲ့ အခွင့်အရေးတွေက သူ့လိပ်စာ ကျနော်မသိတာပါ မြန်မာပြည်ကကော မလေးရှားက ဟာပါ မသိတာလေ။
      အဲဒိနောက်ပိုင်းမှာ သူကျနော့ကို တစ်ကြိမ် အဆက်အသွယ်ဖြတ်ချလိုက်တယ် ၃ လလောက်ရှိမှာပေါ့။ အဲဒိအတော့အတွင့်မှာ ကျနော်သူ့ကို တအားလွမ်းခဲ့ရတယ်။ သူ့ မွေးနေ့ ဘုရားသွားတယ် ကုသိုလ်တွေ လုပ်ပေးတယ်။ ဒါပေမယ့် သူ့ဆီက ကျေးဇူး တင်ဖို့ ဝေးစွ စာလေးတလုံးတောင် Reply ပြန်မလုပ် ခဲ့ပါဘူး။ ဒါပေမယ့်လေ ကျနော် သူ့ကို သိပ်ချစ်နေတုန်းပါပဲ။
      အဲဒိကနေ သူကျနော့်ကို စကားပြန် ပြောတဲ့ အချိန်မှာတော့ သူက ကျနော့ကို Fri အဖြစ်နဲ့သာ ဆက်ဆံပါတော့တယ်။ အဲဒိလောက်နဲ့ ကျနော် ရောင့်ရဲ တင်းတိမ် ခဲ့ပါရဲ့။ကျနော်လဲ အဒိအချိန်မှာ ရည်းစားတွေ ပြန်ထားတယ် status တွေတင်တယ်။ ဒါတွေ သူ့ကိုရည်ရွယ်ခဲ့တာ တားပါလား စိတ်ဆိုးပြပါလား။ လုံးဝပါပဲ။ ဒါပေမယ့် သူရိုက်တဲ့ ရိုက်ချက်တွေ တိုင်းကတော့ ကျနော့် နှလုံးသားကို ခေါင်းအုံးရိုက်ပွဲ ကျင်းပနေသလို တဖုန်းဖုန်း တဒိုင်းဒိုင်းပါပဲ။
       အဲဒါတွေတော့ ထားလိုက်ပါတော့။ အားလုံးက ကျနော် လွန်ခဲ့တာတွေပါ။ ဒါပေမယ့် ဘယ် Titel နဲ့ ကျနော်သူ့ ကိုတောင်းပန်ရမလဲ ကျနော်မသိပါဘူး။ ရှင်းပြ ဖို့ အချက်အလက်ဆိုတာလဲ မရှိခဲ့ပါဘူး။

လက်ရှိ
------
        သူကျနော့်ကို နောက်ဆုံးအကြိမ် အနေနဲ့ facebook တွေ အားလုံး block လိုက် တယ်။ သူကျနော့ ဘဝထဲက ထွက်ခွါ သွားပြန်ပါပြီ။ ဒါပေမယ့် ကျနော် ပြောချင်တာ လေးတခုက သူသိသည်ဖြစ်စေ မသိသည် ဖြစ်စေကျနော် ဆက်ပြီးချစ်နေဦးမှာပါ။
             ကျနော်သိရသလောက်တော့ သူ့မှာ တခြားချစ်သူလဲမရှိပါဘူး။ နောက်ပြီး သူ ကျနော့ကို တအားမုန်းနေတယ်ဆိုတာပါပဲ။ ဖြေရှင်းခွင့်မရှိတဲ့ ဘဝက အရပ် မျက်နှာ မသိပဲံ ဂန္တာရထဲ ရောက်နေသလိုမျိုး ခံစားစေရတယ်လေ။  သူစိတ်ချမ်းသာရင်ပဲ ကျနော် ကျေနပ်နေသင့်တယ် မဟုတ်ပါ လားဗျာ။
       ဒါ့ကြောင့်သူ့ကိုကျနော် မနှောက်ယှက် တော့ပါဘူး သူမသိတဲ့ အကောင့်အသစ် လေးတွေကနေ သူ့အကောင့်ကို ဝင်ကြည့်တယ်။ Fri မဟုတ်တော့ Post တွေ အကုန် မမြင်ရပေမယ့် တွေ့သမျှသူ့ ပုံလေးတွေ save ထားတယ် သူနေကောင်း လား အဆင်ပြေလား အမြဲ တမ်းသွား သွားကြည့်တယ်။
      ကျနော်သူ့ကို ဘယ်ချိန်ထိ ချစ်သွား နိုင်မလဲ ဆိုတာ ကျနော် မပြောတက်ပေမယ့် သေချာတာတခုကတော့ ယခုချိန်ထဲ နက်နက်ရှိုင်းရှိုင်း ချစ်မိနေဆဲပဲ ဆိုတာ အသေ အချာပါပဲ။ ပေးဆပ်ခွင့်များရခဲရင် ပေးဆပ်ချင်ပါသေးတယ်။ မှေးစက်ခွင့်များ ရခဲ့ရင်သူ့ရင်ခွင်မှာ မှေးစက်ချင်ပါသေးတယ်။
      သူ့ကိုတောင်းပန်ခွင့်ရချင်တယ်။ သူကိုပြန်ပြီးပိုင်ဆိုင်ခွင့်ရချင်တယ်။ သူ့ကို အရမ်းလွမ်းတယ်။ သူ့ကိုအရမ်းချစ်တယ်။ ကျနော့မျက်ရည်တွေက်ု သူမြင်ပါစေ။ ကျနော့ ချစ်စကားသံတွေသူကြားပါစေ။ ရင်နှင့်အမျှ ချစ်ရပါသော ချစ်ဆုံးရယ်။

     အခုတော့ အဆိုတော်  " ဝန "  ရဲ့    "  အရှုံးနဲ့လူ "  သီချင်းလေး နားထောင်တိုင်း မျက်ရည်တွေ စို့စို့ တက်လာ တက်တာ အကျင့်ပါနေပါပီ ပါလေးရယ်။

ပြီးပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

Lamin Lay

1 comment:

  1. စာ​ရေးဆကြီး
    ကယ်​ကြီးလား :)

    ReplyDelete