ဆေးကျောင်းတက်ခဲ့တာ ၄ နှစ်ရှိပြီ ဒိလောက်တခါ မှရင်မခုန် ဖူးပေ။ ဟောက်ဆင်းမှအသစ်ပြောင်းလာတဲ့ ကျောင်းသား တစ်ယောက်ကြောင့် သူ့ရင်တွေ ခုန်နေရ တာလေ။ သူတို့အဖွဲ့နဲ့လဲ တွဲပြီးချထားခြင်း ခံရတာမို့လဲ အတိုင်းမသိ ဝမ်းသာနေမိတယ်။
ဒါဖူးစာပါလို့ ပဲဖြစ်မှာ။ ခိခ်။ သန့်ပြန့်တဲ့ရုပ်ရည်နဲ့ သူ့ တည်ကြည်မှုတွေကြောင့် သူဟာခနလေးအတွင်းမှာပဲ ဆေးရုံ တစ်ခုလုံးက သတိထားမိလာစေတယ်။ ဒါပေမဲ့ သူကတော့ ရေခဲတုံးလိုလူမျိုး ရေခဲရိုက် အပြုံးမျိုးပင်မ ပြုံးတက်တာ ကျောင်းသားချင်းပါမကာ ဆရာတွေအထိ ထိုသို့သာ ဆက်ဆံတာပါ။ နာမည်နဲ့ လိုက်တယ်ပြောရ မလာပဲ သူ့နာမည်က ဝေမှိုင်းညို တဲ့။
သက်ဦးပန် ဆိုတာကတော့ ဆေးရုံမှာ လူတကာနဲ့ ခင်မင်ပြီး လူတိုင်းကချစ်ကြတယ်။ တလွဲတွေ တအား လုပ်တက် ပေမယ့် ခလေးဆန်တဲ့ သူ့ရဲ့မျက်နှာလေးက အမြဲတမ်း အပြစ်ကင်းစင် နေတက်ပြန်တယ်လေ။
သက်ဦးပန်က နွဲ့တာမဟုတ်ပဲ ချစ်ဖို့ကောင်းပေမယ့် တကယ်တမ်း သူကျိတ်ရင်ခုန်နေတာ ကောင်လေးတစ် ယောက်ဆိုတာတော့ ဘယ်သူမှ သတိမထားမိသေးပါ။ ဆေးရုံ ရောက်တာနဲ့ လစ်ရင်လစ်သလို ခိုးပြီးငမ်းတက် တယ်။ နောက်ပြီး လူနာကြည့်ချိန်တွေ ဆိုလဲ မှိုင်းညို ရဲ့ အသားနဲ့ မရမက လိုက်ထိပြီး ကျေနပ်နေ တက်တယ်။
မှိုင်းညိုရဲ့ အသားလေးကို ထိတာပဲဖြစ်ဖြစ် အနားကို ကပ်လိုက်လို့ အနံ့သင်းသင်းလေး ရတာပဲဖြစ်ဖြစ်သူ တအားကို ကျိတ်ပြီးကျေနပ်နေတက်တယ်။ ဒါပေမဲ့ သူ့ ကိုလဲ မှိုင်းညိုက သာမန်အတိုင်းသာ ဆက်ဆံတက်ပြီး စကားအပို မပြောသလို ပြုံးလဲမပြဘူးပေ။ သက်ဦးပန် ကတော့ လုံးဝစိတ်ဓါတ်မကျသလို ဇွဲလဲမလျော့ခဲ့ပေ။
ကျောင်းသား ကျောင်းသူတွေ တခါတရံ အဖွဲ့ကျပြီး တဟားဟားရယ် တဲ့အချိန်တွေ မှာတောင် ဘေးမှာထိုင် နေတဲ့ မှိုင်းညိုက တော့ အပြုံးရိပ်ပင် မထင်တက်ပေ။ ဒါ သူ့စတိုင်လား ခံစားချက်မဲ့တာလား ဒါမှမဟုတ် သူ့မှာစိုး ရွားတဲ့ အတိတ်တွေ ရှိနေတာလား။ သူများတွေ ကလဲ သိချင်ကြပေမယ့် သက်ဦးပန် ကတော့ ကျိတ်ခိုက်နေ တာမို့ ပိုပြီးစိတ်ဝင်စား လှတာပေါ့။
ဒိနေ့လူနာတွေ လိုက်ကြည့်ကြတော့သူက လူနာကို ပြုံးပြလိုက်ချိန်မှာ သက်ဦးပန် တစ်ယောက် အသက်မဲ့ သွားသလို ခံစားလိုက်ရတယ်။ ကြည့်ပါဦး ပါးချိုင့်လေး တစ်ဖက်က နစ်ခနဲ နှုပ်ခမ်းလေးတွေက တွန့်ခနဲ ဟင်း သက်ဦးပန်ရဲ့ ရင်ထဲမှာလဲ ဟာခနဲ လှစ်ခနဲပါပဲ။
ချစ်ဖို့ကောင်းလိုက်တာ မှိုင်းညိုရယ်။ ခများသာ ကျ နော့လို ပေါ့ပါးလွတ်လပ်စွာ နေတက်တဲ့သူဆို သိပ်ကို ကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျနော့ရဲ့ ဆဋ္ဌ္မအာရုဏ်မှာ ခများဟာ ကျနော်ချစ်သင့်တဲ့သူ ကျနော့ကိုလဲပြန် ချစ်မဲ့ သူဆိုတာ ကျနော် အလိုလိုသိနေပါတယ်။
ခုဆိုရင် သက်ဦးပန် ဆေးရုံအတူကျခဲ့တာ ၁ လပင် မကတော့ပေ။ ဒါပေမယ့် ခုချိန်ထိရင်းနှီး ခွင့်ရဖို့ဝေးလို့ သူနဲ့ပင် စကားကောင်းစွာ မပြောဖူးသေးပေ။
ဒိနေ့ သက်ဦးပိုင် ဆေးရုံသွားတော့ တိုက်ဆိုင်စွာနဲ့ ပဲ သက်ဦးပိုင် စီးတဲ့ကားပေါ်ကို မှိုင်းညှိုတက်လာပါရဲ့။ ကားကဘေးတန်းပင်မပြည့် လိုက်ထရပ်ကားလေးမို့လဲ အလည်မှာ ခုံပုလေးတွေ ကပါသေးတယ်လေ။
သက်ဦးပန်က ဟိုးရှေ့မှတ်တိုင်ထဲက တက်တာမို့လို့ ကားရဲ့အပေါက်နားမှာ ထိုင်ပြီး မှိုင်းညိုကတော့ ကားရဲ့ ခေါင်းနားမှာကပ်ခါထိုင်ရပါတယ်။ အလယ်ခုံပုလေးထိပ် ဆုံးမှာကုမ္မဏီဝတ်စုံပေါင်တို စကပ်လေးနဲ့ မိန်းခလေး။
မှိုင်းညိုကိုတွေ့တာနဲ့ တလောကလုံးကို မေ့သွားခါ ခေါင်းကိုလဲ မော့ပြီးပေါ်တင် မကြည့်ရဲတာမို့ အောက် ပိုင်းလေးကို မျက်လုံးလှန်ကြည့်လိုက်မိတယ်။ ဟာ ဖြူ ဖွေးနေတဲ့ ခြေဖမိုးလေးနဲ့ ခြေချောင်းသွယ်သွယ် ခြေသဲ တိတိလေးတွေ ကတ္တီပါ ကြက်သွေးရောင် ဖိနပ်လေးတို့ ပေါင်းစပ်မှုမှာ အင်မတန်ရင်ခုန်စရာ ခြေထောက်လေး ကိုငေးကြည့်ခါအာခေါင်ထဲ လျှံတက်လာတဲ့ တံတွေးကို ဂလုခနဲ မြိုချလိုက်စဉ် မှာပဲ
" ဟဲ့ ရုပ်လေးသနားကမားနဲ့ နဲနဲပါးပါးလဲ နှမခြင်းစာ နာပါဦးကွယ် သူများထိုင်ရတာ ဒုက္ခရောက်နေပြီ အဲဒါ တွေပဲ အမြင်မတော်တော့ မနေနိုင်ဘူး ခက်လိုက်တာ "
သက်ဦးပိုင် ဘေးမှာထိုင်နေတဲ့ အဒေါ်ကြီးပြောတော့ မှပဲ ထိပ်ဆုံးက မိန်းခလေး မျက်နှာတွေ ပျက်နေတာကို သတိထားမိတော့တယ်။ သူ့ပေါင်ကို အတင်းစေ့ထားမှ သက်ဦးပိုင် သဘောပေါက်ခါ မျက်နှာကြီးရဲ တက်သွား ပါတော့တယ်။
" ဘာဖြစ်ကြတာလဲဗျ ဘယ်သူဘာလုပ်တာလဲ "
ကားစပါယ်ရာ ငုံ့ခါမေးလာတော့ အဒေါ်ကြီးကမဲ့ခါ မျက်နှာလွှဲသွားမှ သက်ဦးပိုင် အသက်ရှုရဲတော့တယ်။ ကားကမှတ်တိုင်မှာ ရပ်တာနဲူ့ဆင်းလိုက်ပါတော့တယ်။ သေချင်စော်ကို နံသွားတာပါပဲ။ အခုမှအသက်ရှုဝပါရဲ့။
ဆေးရုံ ရောက်တော့ မှိုင်းညိုကို မရဲတရဲ ကြည့်မိပါ တယ် သူကတော့ မသိသလိုပါပဲ။ ဒါလဲ ကောင်းပါတယ် ဒိနေ့တော့ သူတို့မွေးခန်းဝင်ပြီး လေ့လာရမှာပါ။ ခက်ပြီ သက်ဦးပန်ကလဲ အသန့်ကကြိုက်တာနဲ့ ရွံတက်တာနဲ့ တော့တွေ့ပြီ ဟင်း နောက်တော့ ကျင့်သားရမှာပေါ့။
မွေးခန်းရဲ့ တဖက်က ကုတင်ပေါ်မှာ ပက်လက်လှန် ပြီးညည်းနေတဲ့ မိန်းမတစ်ယောက် အမလေး။
မျက်နှာတွေ ပူလိုက်တာ တအားပဲ အောက်ပိုင်းက ဗလာနဲ့လေ။ တာဝန်ကျ အိုဂျီက ထိုမိန်းမရဲ့ မိန်းမကိုယ် ကိုလက် ၂ ချောင်းနဲ့ ထိုးကာ ကလန့်သလိုလုပ် လိုက် တော့ သက်ဦးပန် အနားမှာရှိတဲ့ မှိုင်းညိုနောက်ကျော နားကို အသာကပ်လိုက်မိတယ်။
သားအိမ်ခေါင်း ပွင့်မပွင့်စမ်းနေတာတဲ့။ ကြောက်ဖို့ ကောင်းလိုက်တာ။ ခနနေတော့မှ ဖွားစင်ပေါ် ထိုမိန်းမ ကို သူ့ဖာသာလျှောက်ခိုင်းပြီး တက်ခိုင်းပါတယ်။ သက် ဦးပန် မှိုင်းညိုမျက်နှာကို ကြည့်မိတော့လဲ ခပ်တည်၂ပဲ။
ခါးလောက်သာရှိတဲ့ ဖွားစင်ပေါ်မှာ ပေါင်ကားခါအော် နေတဲ့ ထိုမိန်းမကို ကြည့်ပြီးပထမဆုံး မေမေ့ကို သတိရ မိတယ်။ ထိုအချိန်မှာ အိုဂျီပြောတာတွေ လိုက်မှတ်နေရ ပေမယ့် စိတ်ထဲမှာတော့ ကြောက်လှသည်။ ကလေးက အဝကိုလဲ ရောက်လာရော မိန်းမကိုယ်ရဲ့ အောက်ဖက် ကိုကတ်ကျေးနဲ့ ဆတ်ခနဲ အစိမ်းဖြတ်လိုက်တာ မြင်ရ တော့မျက်လုံးပြူးရပြန်တယ်။
ဒါတောင်သူမကတော့မသိ နာကျင်မှုတွေ မည်မျှပင် များနေလို့ပါလဲ။ ကလေးထွက်လာပြီးတော့လဲ သူမရဲ့ မိန်းမကိုယ်ထဲ လက်ကိုလျှိုထည့်လိုက်တာ သက်ဦးပန် မျက်လုံးပင်ပြူးသွားရတယ်။ ဂေါစနဲ့ သားအိမ်ကိုဆေး ကျောနေချိန်မှာ သူမအတော်လေး ခံစားနေရရှာမှာပဲ။
" အမလေးတော့ သေပါပြီ အားးးး အ့ဟားဟား နာ အ့နာလိုက်တာ ကိုတင်ဝင်း မသာကြီး သူကတော့ အား ဘာမှမဖြစ်ဘူး အားဟာ့ဟားးး "
ထိုမိန်းမ သူ့ဟောက်ျားထင်ရသူကို တခါဆဲပါလေရဲ့
" သူလဲစိတ်ပူနေမှာပါဗျာ အပြင်မှာစောင့်နေတယ် မဟုတ်လား "
ဆရာဝန်ကြီးက စိတ်ပြောင်းဖို့အတွက်ပြောပေးတာပါ
" အမလေး အားကျွတ် ကျွတ်သေပါပြီ မသာကြီးရဲ့ အ့ နောက်ခါ ငါ့နားသေတောင် မကပ်နဲ့ အာ့ဟား "
" ဒါနဲ့ ခုခလေးက ဘယ်နှစ်ယောက်မြောက်လဲဗျ "
" ၃ ယောက်ပါ အာ့ အမလေး "
သူတို့အားလုံးပြုံးမိကြတယ်။ တချို့ကလဲ ပါးစပ်ပိတ် ခါရယ်ကြတယ်။ မိန်းမကိုယ်အတွင်းကို တထပ် အသား ကိုတထပ် အပြင်ကိုတထပ် ပြန်ချုပ်ပေးနေရတာလေ။
" အော် အရင်မွေးတုန်းကလဲ အဲဒိလိုပြောတာပဲလေ "
" မရဘူး ဒိတစ်ခါ သူမမွေးရင် အနားတောင် မကပ်ရ အ့မလေး မကပ်ရဘူး အားကျွတ် ကျွတ် "
သြော် မိခင်တစ်ယောက်ရဲ့ ဒုက္ခကို စာနာမိပါတယ်။ တော်တော်လေးကို ဒုက္ခခံပြီး ကျနော်တို့ကို လူ့လောက ထဲခေါ်လာပေး ကြတာပဲ။ ကျေးဇူးပါ မေမေ။
ထမင်းစားချိန် ရောက်တော့ သက်ဦးပန် စားလို့မဝင် တော့ပေ။ မှိုင်းညိုလဲ မစားဘူးပဲ။ ဒိနေ့တော့ အရဲစွန့်ခါ မှိုင်းညိုကို နီးစပ်ဖို့ ကျိုးစားဖို့ စဉ်းစားထားတယ်။
" မှိုင်းညို ထမင်းမစားဘူးလား ဗျ ကျနော်လဲ စားလို့ မရဘူး ကန်တင်းမှာ အအေးသွားသောက်ရအောင် "
" ကျေးဇူးပါဗျ မလိုက်တော့ပါဘူး "
" လာပါဗျာ တစ်ခါလောက် မိတ်ဖြစ်ဆွေဖြစ်လိုက်ခဲ့ ပေးပါလား ဒီတခါပါပဲနော် "
မှိုင်းညို မျက်ခုံးတွေကို ပင့်လိုက်ခါ ခေါင်းညိမ့်လိုက်မှ သက်ဦးပန် ကျေနပ်သွားမိတယ်။ ဒိလောက်ဆို မဆိုးပါ။
ကန်တင်းရောက်တော့ သက်ဦးပန်ကပဲ
" တခုခုသောက်ပါလားဗျ ကျနော်တိုကိပါရစေ "
" Cola ပဲ ရပြီ "
အပြုံးမဲ့သော ခေါင်းငြိမ့်ခေါင်းခါများနဲ့သာ ထိုနေ့က အချိန်တွေကုန်ခဲ့ ရပေမဲ့ သူကျေနပ်ပါတယ်လေ။
မှိုင်းညိုစိတ်ထဲမှာ အတော်လေး ကသိကအောင့်ဖြစ် ရတာကတော့ သက်ဦးပန် ဆိုတဲ့သူကြောင့်ပါပဲ။ အခုပဲ ကြည့်ဦး လူနာကို ဆီးပိုက်ထည့်တာ လူနာရဲ့တန်ဆာ ကို ကိုင်ပြီး တုန်နေတာ လူနာကသူ့ကြည့်ပြီး ကြောက် တာနဲ့ သေတော့မယ် ဟိုမှာ။
မှိုင်းညိုက လက်တဖက်က ချောဆီသုတ် ထားသော ပိုက်ကို ဆတ်ခနဲယူကာ လူနာကောင်လေးရဲ့ ဆီးလမ်း ကြောင်းထဲကို အသာလေးထိုးထည့် လိုက်ပါတယ်။ ၁၀ တန်းအရွယ် လူနာလေး တွန့်ခနဲ ဖြစ်သွားသလို သက် ဦးပန်လဲ မျက်နှာလွှဲလိုက်တယ်။
တော်သေးတာပေါ့ အနားမှာ ဆရာဝန်ကြီးရှိမနေလို့ နို့မို့ဆို ဆူခံထိမာလေ။ ဒိလိုနဲ့ မှိုင်းညို တဖြေးဖြေးခြင်း သက်ဦးပန်ကို ကူညီပေးတက်လာတာ အကျင့်လိုပင် ဖြစ်နေပါပြီ။
သက်ဦးပန်နဲ့ မရင်းနှီးလိုသော်လည်း မဖြစ်မနေမလွှဲ မရှောင်သာ ကိစ္စကြုံလာတာမို့ သက်ဦးပန်ရဲ့ အိမ်ကိုသူ ရောက်ဖြစ်ခဲ့တယ်။ အဲဒိနေ့က သက်ဦးပန် ဆေးရုံမှာ တအားဖျားနေတာမို့ ဆေးရုံတက်ဖို့ ပြောသော်လည်းပဲ အတင်းငြင်းနေတာနဲ့ အိမ်ပြန်လိုက်ပို့ဖို့ကို တာဝန်ကျ လာတဲ့ သူကတော့ မှိုင်းညိုပဲ ဖြစ်ပါတော့တယ်။
မှိုင်းညိုနဲ့က လမ်းကြောလဲ သင့်တာမို့ပါ။ မှိုင်းညို က Taxi ပေါ်ကနေ သက်ဦးပန်ကို တွဲလာပြီး တိုက်ခန်းဝလဲ ရောက်ရော သက်ဦးပန်ပေးတဲ့ သော့လေးကိုဖွင့်လိုက် ပြီး အိပ်ခန်းထဲထိ တွဲပို့ပေးလိုက်ပါတယ်။
" ငါပြန်တော့မယ် သက်ဦးပန် နားလိုက်တော့ "
" ဟင်းအင်း ကျေးးးဇူး တင် ပါ တယ် ဟင်း "
အဖျားတွေ တက်နေတာမို့ မှိုင်းညိုလဲပစ် မထားရက် တော့ပေ။ လူမှုရေးတော့ သူမခေါင်းပါး ပါဘူးလေ။
သက်ဦးပန်ကို ရေပတ်တွေတိုက် အဝတ်တွေလဲပေး လိုက်တယ်။ ပြီးတော့ သက်ဦးပန်အိပ်နေတာမို့ သူလဲ ရေချိုးလိုက်ပြီး အပေါ်က ရှပ်အင်ကျီကို ချွတ်ထားသလို ဘောင်းဘီကိုလဲ ချွတ်ထားခါ သူအောက်မှာ ခံဝတ်လာ တဲ့ ဘောင်းဘီပေါင်တိုအဖြူလေးနဲ့ စွပ်ကျယ်အဖြူလေး သာ သူဝတ်ထားလိုက်ပါရဲ့။
အိမ်ပုံစံကြည့်ရတာ သက်ဦးပန် တစ်ယောက်ထဲနေ ပုံရတာမို့ မီးဖိုခန်းဝင်ကာ ဆန်ပြုတ်လေးပြုတ် ထားပြီး အိမ်ရှေ့ခန်းမှာ သူ TV ခနထိုင် ကြည့်နေလိုက်ပါတယ်။
ဆန်ပြုတ်ရနေပြီ ဖြစ်သော်လည်း သက်ဦးပန် မနိုး သေးတာမို့ သူလဲကော်ဖီနဲ့မုန့် ကိုညစာအဖြစ် စားလိုက် ပြီး သက်ဦးပန်ရဲ့ ကုတင်ဘေးမှာ ထိုင်စောင့်ပေး လိုက် ပါတော့တယ်။
ကျောင်းစာအုပ်ထုတ်ခါ ဖတ်နေလိုက်ပြီး မျက်စိက တဖြေးဖြေး စင်းလာတာမို့ သူဖတ်နေတဲ့စာအုပ်ကိုစားပွဲ ပေါ်လှမ်း တင်ပြီးထမလို့လုပ် လိုက်စဉ် စားပွဲပေါ်ကစာ အုပ်လေးတစ်အုပ် ပြုတ်ကျလာလို့ သူကောက်လိုက်မိ ပါတယ်။ စာရွက်လေး ပွင့်နေတဲ့နေရာမှာ သူတွေ့လိုက် တာက { တော်တော် အကျင့်ပုတ်တဲ့ မှိုင်းညို သူ့ကြောင့် ငါကားပေါ်မှာ ဝိုင်းထိုးခံရတော့မလို ဖြစ်နေတာတောင် သူကလှည့်မကြည့်ဘူး ဟွန်း }
အမ် သူရုတ်တရက် ကြောင်သွားမိပြီးမှ ဟိုတခါကား ပေါ်မှာဖြစ်တဲ့ ကိစ္စပြန်တွေးမိလိုက်တယ်။ နောက်ထပ် တစ်မျက်နှာ လှန်လိုက်တော့လဲ သူ့အကြောင်းတွေပဲ ရေးထားတာမို့ သူ သက်ဦးပန်ကို တချက်လှမ်းကြည့်မိ လိုက်တော့ အပစ်ကင်းစွာနဲ့ အိပ်ပျော်နေတာ သနားစ ဖွယ်လေးပါ။ စာအုပ်လေးကိုင်ပြီး သူဧည့်ခန်းကိုထွက်ခါ သေချာထိုင်ပြီး ဖတ်နေလိုက်မိပါတယ်။
ရေးထားလိုက်တာ သူ့အကြောင်းတွေ ချည်းပဲပြီးတော့ ကြိမ်းမောင်းထားတာလဲ ကြောက်စရာပင်။
{ မှိုင်းညိုရယ် မင်းတစ်နေ့ငါ့ကို အရမ်းချစ်ပါတယ် အသက်လေးရယ် လို့တဖွဖွ ပြောစေရမယ် ဟဲ ဟဲ }
{ မင်းရီနေတဲ့အချိန် ပါးချိုင့်လေးကို လက်ညှိုးနဲ့ထိုးချင် လိုက်တာ ချစ်သူဖြစ်မှ တနေကူန်ထိုင်ထိုး ပြစ်မယ် }
{ ငါစိတ်မရှေတော့ဘူး မှိုင်းညို မင်းငါ့ကိုချစ်မှာလားမ ချစ်ဘူးလား ဒါပဲပြော မချစ်ဘူးဆိုရင်လဲ ကြိုက်တော့ ကြိုက်လိုက် ငါကဒိလောက် ချောတာကို ဟီးး }
{ အေးပါမင်းအခုစကားတွေ မပြောသမျှ အကြွေးမှတ် ထားတယ် သိလား ချစ်သူဖြစ်မှ မင်းကိုတနေကုန် ထိုင် ပြောခိုင်းမယ် ပြောစရာမရှိရင် ဝတ္ထုစာအုပ်ထိုင်ဖတ်ခိုင်း ပြီး နားထောင်ပြစ်မယ် အေးရော }
{ ဟင်း စိတ်ညစ်ပါတယ်ကွာ မှိုင်းညိုသာ ယောက်ျား လေးချင်း စိတ်မဝင်စားရင် ဟင့် မရဘူး ဝင်စားရမယ် }
{ ဒိနေ့ ကြောက်ချင်ယောင်ဆောင်ပြီး မှိုင်းညိုရဲ့ကျော မှာကပ်ပြီး သူ့ပုခုံးလေး ခိုးနမ်းခဲ့တယ် အားးးးးးစ် မွှေးနေ တာပဲ ပျော်လိုက်တာ }
မှိုင်းညို တဖြေးဖြေးနဲ့ ပြုံးလို့လာမိပါတယ်။ ဒိကောင် တော်တော်မလွယ်တာပဲ သူ့စာအုပ်ထဲမှာ မှိုင်းညိုဟာရ စရာပင်မရှိတော့ သူလုပ်ချင်တိုင်းကို လုပ်နေတော့တာ။ ပြီးတော့ပါသေးတယ်။
{ တေမိလုပ်နေတဲ့ မင်းနှုပ်ခမ်းတွေကို ငါသိမ်းပိုက်ပစ် မယ် မှိုင်းညို အဲ့ကျမှ ထမအော်နဲ့ }
{ မှိုင်းညိုရယ် မင်းကလေ ရုပ်လေးချောသလောက် အီးပါတော့နံလိုက်တာ ဘေးအိမ်သာခန်းကနေ အသံ နားစွင့်နေတဲ့ ငါတောင် ထပြေးရတယ် ဟင်းး }
မှိုင်းညို ထခါရယ်မိ ပါတော့တယ်။ တကယ့်ကောင်ပဲ။
" ဟာ မှိုင်းညို ရယ်နေပါလား ထူးဆန်းလိုက်တာ "
အခန်းဝမှာ ရပ်လာတဲ့ သက်ဦးပန် အံ့သြစွာပြောပြီးမှ မှိုင်းညို လက်ထဲမှ သူ့စာအုပ်ကိုလဲ မြင်ရော မျက်နှာတ ခုလုံး နီရဲတွက်သွားခါ
" အဲဒါငါ့စာအုပ် ဘာလို့လျောက်ဖတ်နေတာလဲ ပြန် ပေးပါ မှိုင်းညို ပေးအခုပေး "
" မင်းစာအုပ်ပေမယ့် ရေးထားတာ ဘယ်သူ့အကြောင်း တွေလဲ ပြောပါဦး ဒိထဲမှာ မှိုင်းညိုလို့ တွေ့မိလားလို့ပါ "
" ဟားဟား မှိုင်းညိုတွေ ပေါလွန်းလို့ မင်းတစ်ယောက် ထဲ ရှိတာမှတ်နေလား အံ့သြပါ့ "
ဗြောင်လိမ်နေတဲ့ သက်ဦးပန်ကို ကြည့်ခါ မှိုင်းညိုအသဲ ယားလာ မိပါတယ်။
" နာမည်တင်မဟုတိဘူး ပါးချိုင့်ပါတာကော တူတယ် နောက်ပြီးဆေးရုံမှာ မှိုင်းညိုဆိုတဲ့ နာမည်နဲ့ ဆရာဝန်က ငါပဲရှိတာလေ သေချာလဲ ရွှီးပါဦး "
" အားးးးးမသ်ဘူး ပြန်ပေးငါ့စာအုပ်ပြန်ပေး ဟင့် "
" ဟာာာာ မငိုနဲ့ မငိုနဲ့ ယောက်ျားလေးဖြစ်ပြီးတော့ကွာ ရော့ မင်းစာအုပ် ကုတင်ပေါ်သွားပြန်လှဲနေ ငါဆန်ပြုတ် ယူလာခဲ့မယ် "
ရှက်ယမ်းယမ်းကာ အော်လိုက်တော့မှ မှိုင်းညိုစာအုပ် ကိုပြန်ပေးလာပြီးဆန်ပြုတ်ပါပြုတ်ထား ပေးတယ်လဲဆို ရော သက်ဦးပန် မျက်နှာကြီးက ဖြီးလို့ခေါင်းတဆတ်၂ ငြိမ့်ခါ အခန်းထဲ ပြန်ဝင်သွားပါတော့တယ်။
မှိုင်းညိုက ဆန်ပြုတ်ကိုနွေးပြီး ယူလာပေးကာ ဘေး နားကစားပွဲမှာ ချပြီး သူ့စာအုပ်ကို အိတ်ထဲပြန်ထည့်ခါ
" မင်းသက်သာရင် ငါပြန်တော့မယ် သက်ဦးပန် "
အသားဝင်းဝင်းလေးမှာ စွပိကျယ်အဖြူ ဘောင်းဘီတို အဖြူလေးနဲ့ မှိုင်းညိုရဲ့ပုံစံက သက်ဦးပန်ကို ရင်ခုန်ရစေ ပြနိပါတယ်။ သက်ဦးပန် တံတွေးမြို ချမိပြန်ပါပြီ။
" ဟို တအားမိုးချုပ်နေပြီပဲ ဒိမှာပဲ အိပ်သွားပါလား "
အရဲစွန့်ခါ တောင်းဆိုမိလိုက် ပေမယ့် မျှော်လင့်မထား မိတာတော့ အမှန်ပါပဲ။ မှိုင်းညို စက္ကန့်အတော်ကြာ စဉ်း စားနေပြီးမှ ခေါင်းကိုညိမ့်ပြ လိုက်တာမို့ သက်ဦးပန်မှာ အတိုင်းမသိ ရင်တွေခုန်သွား ရပါတော့တယ်။
ဒါဟာ သူ့အတွက် အလားအလာ ကောင်းတစ်ခုပါပဲ။ အိပ်ခန်းက တစ်ခန်းထဲရှိတာမို့ မှိုင်းညိုက အပြင်မှာသူ့ ကိုစောင့်ရင်း အိပ်ပေးမယ် လို့ပြောတော့ သူလက်ခံခဲ့ရ ပါတယ်။ အတူအိပ်ရင် အဖျားကူးမှာလဲ စိုးရိမ်ရတယ်။
အပြင်က ဆိုဖာလယ်သာအနက်ပေါ်မှာ အဖြူရောင် မင်းသားလေး တစ်ပါးလဲလျောင်းနေတာကို အခန်းထဲ ကနေသက်ဦးပန် တစိမ့်စိမ့် ချောင်းကာ ကြည့်နေမိတာ လွန်များသွားသလား မပြောတက်ပေ။
" ချောင်းမနေနဲ့ ဒိမှာအိပ်ချင် လာခဲ့ "
ကို့နားပင်ကိုယ် မယုံချင်ပေမယ့် တကယ်ကိုခေါ်နေ တာမို့ သက်ဦးပန် အပြင်ထွက်လာခါ မှိုင်းညိုရဲ့ ရှေ့မှာ အသာလေးကပ်ခါ ဝင်ခွေပြီး လှဲအိပ်လိုက်တော့ မှိုင်းညို ကသူ့ခါးကို နောက်ကနေ ဖက်လာပါတယ်။
ငါ့ ရင်ခုန်သံတွေ တအားကို ဆူညံနေပြီ မှိုင်းညိုရယ်။
လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ သက်ဦးပန်ကို မှိုင်းညိုက
" ဘာဖြစ်လို့လဲ ငြိမ်ငြိမ်နေလေ ကွာ "
" ငါအရမ်းပျော်တာပဲ မှိုင်းညိုရာ မင်းငါ့ကို - - - "
တိုးဝင်သွားတဲ့ သက်ဦးပန်ရဲ့ အသံကထွက်မလာတော့ ပါဘူး။ စိတ်ဆိုးသွားမှာ လဲစိုးလို့လေ။ မင်းညိုက သက် ဦးပန်ရဲ့ဂုတ်ပိုးလေးကို နမ်းလိုက်စဉ်မှာပဲ သက်ဦးပန်ရဲ့ မျက်နှာမှာ အပြုံးလေးတစ်ပွင့်ပွင့် သွားပါလေရဲ့။
ခုတော့လည်း သက်ဦးပန် ရဲ့ ချစ်ခြင်းတွေက တရား ဝင်မှတ်ပုံတင်ပြီး သွားပြိမို့ သဲသဲလှုပ် ချစ်မဝ အကဲပိုပြီး အမြဲလိုလို အချစ်ကဲနေတာကလဲ သက်ဦးပန် ပါပဲ။
မှိုင်းညိုကတော့ စကားသိပ်မပြော ပေမယ့် သက်ဦးပန် အပေါ်ကို ဂရုတစိုက် ရှိလှသလို အတူလဲလာနေပေးတာ မကြာခနပါပဲ။ ကျောင်းရောက်ရင် သူငယ်ချင်း အိမ်ပြန်၍ ရောက်လျင် ချစ်သူ။ မခွဲမခွါ အတူတူ လက်တွဲလာခဲ့တာ ရက် ၁၀၀ သို့ပင်ပြည့် ခဲ့ပြီလေ။
ဒိနေ့ရက်တစ်ရာပြည့်မို့ မှိုင်းညိုက သက်ဦးပန်ကိုပျော် ရွှင်စေဖ်ို့ အိမ်အရင်ပြန်နှင့်ကာ လက်ဆောင်ပန်းအိုးလေး နဲ့အတူ စားသောက်ဖွယ်ရာများ ပြင်ဆင်ပြီး စောင့်နေလေ ပါတော့တယ်။ အဲဒိနေ့မှထူးခြားစွာနဲ့ပဲ သက်ဦးပန် မှာလဲ ည ၁၀ နာရီကျော်မှ ပြန်ရောက်ခဲ့ပါတယ်။
" နောက်ကျလှချည်လား သက်ရာ ကိုစောင့်နေတာ "
" စောရီးပါ မှိုင်းရာ သက်ကလူနာ တစ်ယောက်ဆွေးနွေး တာထိုင်စောင့်ပေးနေရလို့ပါ "
မှိုင်း သက်ပြင်းချလိုက်ခါ မျက်နှာကို ပြုံးလိုက်ပြီး
" လာခဲ့ "
သက်ရဲ့လက်ကို ဆွဲပြီး မီးဖိုခန်းကို ဝင်ခဲ့လိုက်တယ်။ အထဲရောက်မှ မီးကိုမဖွင့်ပဲ မီုးခစ်ကိုခြစ်ခါ ဖယောင်းတိုင် လေးကိုမီးညှို လိုက်တယ်။ ဝိုင်တစ်ပုလင်း ဘေးမှာ သစ် သီးတွေ သေချာခွဲစိတ်ထား တဲ့ပန်းကန်နဲ့ ဝိုင်ခွက် ၂ လုံး။
" ဝါးးမိုက်တယ် ဒါဘာလုပ်တာလဲ မှိုင်း "
မှိုင်းမျက်နှာ တချက်ပျက်သွားခါ ကဒ်လေးတစ်ခု ကမ်း ပေးလိုက်တာမို့ သက်ဦးပန် ယူခါ ဖွင့်ကြည့်လိုက်ပါတယ်။
ချစ်သူဖြစ်တာ ရက်တစ်ရာပြည့် အထိမ်းအမှတ်တဲ့
" ဟင် စောရီးပါ မှိုင်းရာ သက်တကယ် အလုပ်များလို့ မေ့သွားတယ်ကြည့်ပါဦး မှိုင်းက တအားချစ်ဖို့ကောင်းတာ ပဲ ကျေးဇူးပါ မှိုင်းရယ် အရမ်းချစ်တယ် "
သက်က မှိုင်းရဲ့ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်ပါတယ်။
" ကဲ သောက်စို့ လာထိုင် "
အတူတူသောက်လိုက် ကြတာ ဝိုင်တစ်ပူလင်းကုန်ရော။
" ဝူးးးးအရမ်းပျော်တယ် မှိုင်းရယ် ချစ်တယ်ဗျာ "
မှိုင်းကဘာမှ ပြန်မပြောပဲ ပြုံး၍သာနေပါတော့တယ်။
" မှိုင်း သက်ကိုသီချင်း ဆိုပြပါလား အမှတ်တရပေါ့ "
" အင်း ခနစောင့်နော် "
မှိုင်းက အိမ်ရှေ့မှာ ဂစ်တာထွက်ယူပြီးကြိုးညှိုနေရဲ့။ သက်ကတော့ မှိုင်းလုပ်တာကိုပဲ ထိုင်ကြည့်နေတာလေ။
ဘယ်လိုကြည့်ကြည့် ကြည့်ကောင်းတဲ့ မှိုင်းပါပဲ။ ခနနေ တော့ ဂစ်တာသံလေး ထွက်လာပါပြီ။
♬♬ဘယ်တော့ငါ့ကို မင်းပစ်သွားမလဲ ငါမသိ ♬♬
♬♬ဘယ်လောက်ငါ့ကို မင်းချစ်ဖူးလဲ ငါမသိ ♬♬
♬♬ဘယ်ထိငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့ ♬♬
♬♬ ဒါတောင် အစအဆုံးမရှိ ချစ်ခဲ့သည် ♬♬
သီချင်းဆိုတဲ့ အသံလေးက ဆွဲဆောင်မှုကောင်းလှသလို မျက်နှာဟန်ပန်လေးက ခေါင်းလေးမော့ပြီး ဂစ်တာတီးနေ တာမို့ ချစ်စဖွယ်လေးပါပဲ။
♬♬ဘယ်လောက်ငါ့မှာ အကျိုးအမြတ် ရှိမလဲ ငါမသိ
♬♬ဘယ်ခါ စိတ်လေး ချမ်းမြေ့ရမယ် ငါမသိ ♬♬
♬♬ ဘယ်နေ့ မင်းကြောင့် ဘဝပျက် သွားမလဲ ငါမသိခဲ့
♬♬ဒါတောင်ပုံအော လို့ချစ်ခဲ့သည် ♬♬
အသံလေးက လှိုက်ဖိုနေသလို ခံစားရတာမို့ သက် ရင် ထဲမှာ တစ်စုံတစ်ခု ခံစားလိုက်ရပါတယ်။ ဒါ သက် ကိုများ သူ ရည်ရွယ်နေတာ များလား။ မှိုင်းရယ် - - -
♬♬အလိုချင်ဆုံး မင်းစီကငါ သစ္စာတရားလေ ♬♬
♬♬အပိုဆုလေး တောင်းပါဦးဆို သစ္စာရှိပါလေ ♬♬
♬♬ရင်ခွဲပြလို့ရရင် ဒီရင် အနက်ရှိုင်းဆုံးခွဲပြ ♬♬
♬♬ငါဟာမင်းအတွက် အသက်ရှင်နေထိုင်
ဖြစ်တည်တဲ့ဘဝ ♬♬
ဟင် သက်ကို ကြည့်လာတဲ့ မှိုင်းမျက်ဝန်းတွေ ညှို့မှိုင်း ခါနေပါလား။ မှိုင်း တခုခုဖြစ်နေတာများလား ။
သီချင်းလဲ ဆုံးရော ပျော်ချင်လို့ ဆိုခိုင်းမိတာကိုပဲ သူ နောင်တရ ရမလမသိ ရင်ထဲမှာ စို့နင့်ခါ ကျန်ခဲ့ရပါတယ်။
ဒါပေမယ့် ဝတ္တရားမပြတ် မှိုင်းကို အနမ်းလေးပေးခါ
" အရမ်းကောင်းတာပဲ မှိုင်းရယ် သက်ငိုတောင်ငိုချင် သွားတယ် သိလား မှိုင်းအရမ်းတော်တယ် "
မှိုင်းကပြုံးပြပြီး ခေါင်းပဲငြိမ့်ပြတာမို့ သက်စိတ်မရှေစွာနဲ့
" မှိုင်းကလဲ ချစ်သူတွေ ဖြစ်နေတာတောင် စကားပြော တာကို ကပ်စေးနဲလိုက်တာ ဟွန်း "
" ငါစကားတွေ သိပ်အများကြီး မပြောချင်ဘူး သက် အဲ့ စကားလုံးတွေနဲ့ ငါလူသတ်ခဲ့ဘူးလို့ပဲ "
မှိုင်းရဲ့စကားကြောင့် သက် ရုတ်တရက်ကြောင်သွားရ ပါတယ်။ ငါ တဲ့ မှိုင်းစိတ်တိုနေတာလား။ ခုနကတော့ သူ အကောင်းပါပဲ။
" ဟင် သက်ကိုစိတ်ဆိုးသွားလို့လားဟင် မှိုင်း "
မှိုင်းခေါင်းခါပြတော့ သက်က ထက်ပြီးမေးရပြန်တယ်
" လူသတ်ဖူးတယ် ဆိုတာ ဘယ်သူ့ကိုလဲဟင် မှိုင်း "
" တစ်နေ့နေ့ပြောပြပါ့မယ် ခုတော့ထက်မမေးနဲ့ "
သက် သက်ပြင်းချခါ မှိုင်းရဲ့ လက်မောင်းပေါ်ကို ခေါင်း လေးတင်ထား လိုက်မိပါတော့တယ်။ မှိုင်းရယ် မှိုင်းမှာလဲ မပြောပြနိုင်တာတွေ ရှိသလို သက်မှာလဲ ရှိခဲ့ဖူးပါတယ်။
သက်လဲတစ်ချိန်ကြရင် မှိုင်းကို အမှန်အတိုင်းဝန်ခံမှာပါ ခုတော့သက်ဖုံးကွယ်ထားတာကိုမှိုင်း တချိန်မှာနားလည် ပေးဖို့ပဲ သက်မျှော်လင့်ပါတယ်ဗျာ။
မှိုင်းစိတ်ထဲမှာတော့ သက်ရဲ့ချစ်ခြင်းတွေက အေးခဲ၍ လာသလို ခံစားရတယ်။ ပါးစပ်ကမပြောပေမယ့် တကယ် လေးနက်တာက မှိုင်း ပါးစပ်က တဖွဖွပြောပြီး တဖြေးဖြေး အေးဆက်လာတာက သက်ဦးပန် ဖြစ်နေပြီထင်ပါရဲ့။
ခုမှေ့ မတက်နိုင်တော့ပါ ချစ်မိနေပြီကိုး သက်ရယ် - - - -
ဒိနေ့မှိုင်းညို ထမင်းစားမလို့ သက်ဦးပန်ကို စောင့်နေ တာ အချိန်ပင် အတော်လင့်နေ ပေပြီ။ အပြင်ခန ဆိုပြီး သွားလိုက်တာ ပေါ်မလာတော့ပေ။ ဖုန်းလဲမဆက်ချင် တာနဲ့ အအေးသောက်ပြီး အိပ်နေပစ်လိုက်တယ်။
မနက် ၉ နာရီကသွား တဲ့သက်ဦးပန် ညနေ ၄ နာရီထိုး ပြီးမှပြန်ရောက်လာခဲ့သည်။ မှိုင်းညိုထွက်မကြိုပဲ အခန်း ထဲမှာသာ အိပ်နေလိုက်ပ်တယ်။ ထင်ထားတာက သူ့ကို လာချော့မယ်လို့ ထင်ထားတာ သက်ဦးပန်ကတော့သူ့ အိပ်ခန်းထဲပင် ဝင်လို့မလာပါချေ။
အတော်ကြာမှ မှိုင်းညို စိတ်မရှေတော့ပဲ အခန်းထဲ မှထွက်လာလိုက်တော့ ဆိုဖာပေါ်မှာ ချေပစ်လက်ပစ် လှဲခါ အိပ်နေတဲ့ သက်ဦးပန်ကို တွေ့ရပါတော့တယ်။
" သက် ထစမ်း ဘာဖြစ်လာလို့လဲ "
မှိုင်းညို လှုပ်နှိုးလိုက်မှ သက်ဦးပန် ပြန်လှုပ်လာခါ
" ဟင် အင်း ဘာမှမဖြစ်ဘူး အိပ်ချင်လို့ သက် ခနအိပ် ဦးမယ်နော် မှိုင်း ခနလေးပဲ "
မှိုင်းညို ဘာမှမပြောပဲဘေးနားကနေ ပေစောင်းစောင်း နဲ့ လိုက်လာခဲ့စဉ် သက်ဦးပန် အင်ကျီပုခုံးစွန်းက ကွက် နေတဲ့ အကွက်လေးက အင်ကျီအဖြူပေါ်မှာ ခပ်ထင်း၂ လေးဖြစ်နေတာ တွေ့တာမို့ လက်နဲ့ဖက်ခနဲ ကိုင်ကြည့် လိုက်မိပါတော့တယ်။ အနည်းငယ် အစိုဓါတ်ရှိပေမယ့် ခပ်မာမာ ကပ်စေးစေးဖြစ်နေတာ မို့ မှိုင်းမျက်လုံးတွေ ဝိုင်းစက်လို့ သွားရပါတယ်။
သက်ကရုတ်တရက် မှိုင်းရဲ့လက်ကို ပုတ်ထုတ်ပစ်ခါ
" ကား ကားပေါ်မှာ သူများတံထွေးတာ လာစင်သွား တာပါ မှိုင်းရဲ့မကိုင်နဲ့ ညစ်ပတ်မှာစိုးလို့ "
မှိုင်း မျက်နှာက တင်းမာနေပြီး သက်ဦးပန်ရဲ့ ပုခုံးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ သူ့ဖက်ကို ဆွဲလှဲ့လိုက်ပါရဲ့။
" သက်ဦးပန် အမှန်တိုင်းဖြေစမ်း ငါအရူးမဟုတ်ဘူး "
" ဘာလဲ ဘာကိုဖြေရမှာလဲ ဖယ်စမ်းပါ မှိုင်းရာ "
သက်ကဘာမှ မသိသလို သူ့လက်ကနေ ရုန်းနေတာမို့ မှိုင်းရဲ့ အသံက ဟိန်းခါထွက်လာပါတော့တယ်။
" မင်းအခု ဘယ်ကပြန်လာတာလဲ ဖြေ အခု "
" ဟ့ ဘာလို့စွတ်အော် နေတာလဲမှိုင်းရာ သက်အိပ်ချင် ပြီ အိပ်ပါရစေတော့နော် ဖယ်ပေးပါ "
" မရဘူး မရဘူး မင်းငါ့ကိုအဲဒိလို မလုပ်နဲ့ ဖြေ "
" ဘာဖြေရမှာလဲ မသွားခင်ထဲက သဉ္စာ့အိမ်ကို အလှူ ရှိလို့သွားမယ် ပြောသွားတာပဲ ဟာကို "
" ကောင်းပြီ လေ မင်းမဖြေချင်လဲ ရပါတယ် "
မှိုင်း ကသက်ကို ကုတင်ပေါ် ပစ်တွန်းလိုက်ခါ အပေါ် ကနေအတင်းဖက်ခါ သက်ရဲ့ပုဆိုးကို ဆွဲချွတ်ပါလေရဲ့။
" အား ဖယ်စမ်း မှိုင်း မင်းဘာလုပ်တာလဲ အင့် အား ဖယ်လို့ဆိုနေ ဝေမှိုင်းညို လွှတ်နော် "
ဒုန်းဒိုင်းနဲ့ ကုတင်ပေါ်မှာ နှစ်ဦးသား ရုန်းရင်းဆန်ခတ် ဖြစ်နေပါတော့တယ်။ မှိုင်းညိုက ဘာမှပြန်မပြောပဲ သူ လုပ်ချင်တာကို အတင်းကျိုးစား နေသလို သက်ကလဲ အတင်းငြင်းဆန်ကာ ရုန်းကန်နေ ပါတော့တယ်။
လုံးထွေးနေရာကနေ မှိုင်းရဲ့လက်ထဲကို သက်ရဲ့တွင်း ခံဘောင်းဘီလေး ပါသွားသလို သက်ရဲ့ အော်သံကလဲ စူးခနဲ ထွက်ပေါ်လာပါတယ်။
" အားးးးးး သေပါပြီ အ့စ် ဟင့် အင်း အား "
မှိုင်းကသက်ရဲ့မျက်နှာကိုသက်ရဲ့အတွင်းခံနဲ့ပဲ ပြန်ပြီး အားရပါးရပေါက်ချလိုက် ပါတော့တယ်။
" တောက် "
ခြင်္သေ့ တစ်ကောင်ရဲ့ ဟိန်းဟောက်သံ ကျားနာတစ် ကောင်ရဲ့ မာန်ဖီသံလို မှိုင်းအသံက အားပါလှပါတယ်။
" မင်းငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့ ဟုတ်လား အေး အဲဒိအတွက်မင်းငါ့ကို ပြန်ပေးရမှာက ရဲရဲနီနေတဲ့မင်းရဲ့ မင်းရဲ့နှလားသား အရှင်လတ်လတ်ပဲ သက်ဦးပန် မင်း စောင့်ကြည့်နေလိုက် မင်းနှလုံးသားကို သွေးစိမ်းရှင်ရှင် ကျစေဖို့ ငါတာဝန်ယူလိုက်ပီ "
သက်ကိုလက်ညှိုးငေါက်ငေါက်ထိုးခါ မီးတောက်တော့ မတက်မျက်ဝန်းတွေနဲ့ စိုက်ကြည့်ခါ နာနာကျည်းကျည်း ပြောပြီး ထွက်သွားတဲ့ မှိုင်းရဲ့ကျောပြင်ကို ကြည့်ရင်းက သက်ဦးပန် အားရပါးရ ငိုချလိုက်ပါတော့တယ်။
ခုနသက်ရဲ့ ဘောင်းဘီမှာ သွေးတချို့စွန်းနေပါတယ် ပြီးတော့ သက်ရဲ့ခန္ဓာကိုယ် မှမမြင်အပ်တဲ့တနေရာကို မှိုင်းလက်နဲ့ ဖိချလိုက်တာ သက်မထိန်းနိုင်ပဲ တအားကို အော်လိုက်မိတယ်။ ဒါဘာတွေလဲ ဆိုတာ သက်သေပြ ဖို့မလိုလောက်အောင်ကို ရှင်းလင်းနေတယ်လေ။
မှိုင်းရယ် ငါ့ကိုနားလည်ပေး နိုင်မှာမဟုတ်ပါဘူးကွာ။ ငါဆိုတဲ့ သက်ဦးပန်ရဲ့ နှလုံးသားကို တစ်သက်လုံးမှာ ပထမဦးဆုံး ပန်ဆင်ခွင့်ရထားတဲ့ မင်းသာ ငါ့ရဲ့ထာဝရ ချစ်သူပါ။ မင်းလိုချင်တဲ့ သစ္စာကို ငါတည်ပေးဖို့ နည်းမျိုး စုံနဲ့ ကျိုးစားပေမယ့် မရခဲ့ဘူး မှိုင်းရယ် ငါ့ကို မင်းကြိုက် သလိုသာ အပစ်ပေးပါတော့ကွာ။
မှိုင်းအိမ်ကိုလဲ မပြန်ချင်တာမို့ ဟိုတယ်တစ်ခုကိုသွား အိပ်လိုက်တယ်။ တညလုံး Beer တွေချည်းပဲ ထိုင်ပြီးမှ သောက်နေလိုက်တယ်။ သက်ဦးပန်ကိုနားမလည်နိုင်ပါ တကယ်ဆို သူကစပြီး အတင်းချစ်ခဲ့တာ အခုကိုကပြန် ပြီးချစ်မိတော့ သူကသစ္စာမရှိဘူး တောက်။
မှိုင်းဘဝမှာ သစ္စာမရှိတာကို အမုန်းဆုံးပဲ။ ပထမဆုံး ဒယ်ဒီက သူ့မျက်စိရှေ့မှာတင် တခြားမိန်းမတယောက် နဲ့ မာမီ့ကိုသစ္စာ ဖောက်ခဲ့တယ်။
သူတို့ဘဝတွေလဲ ကသောင်းကနင်း ဖြစ်ခဲ့ရတာပေါ့။ နောက်ပြီး သူ့မမ အိမ်ထောင်ကျတော့ ယောက်ျားက ပစ်သွားခြင်း ခံရပြန်တယ်။ ပထမဆုံးသူချစ်မိခဲ့တဲ့သူက လဲ သူ့အပေါ်သစ္စာဖောက်ခဲ့တယ်။
ဒါဆို လောကကြီးမှာ သစ္စာဆိုတဲ့ အရာဟာ ဘာလဲ။ အချစ်နဲ့သစ္စာဟာ ဘာမှမပက်သက်တဲ့ အရာများလား။
သူဆေးကျောင်း ဒုတိယနှစ်မှာ ချစ်သူတစ်ယောက် ထားခဲ့တယ်။ သူ့လိုပဲချောမော ပြေပစ်သူ ကောင်လေး တစ်ဦးပါပဲ။ တတိယနှစ်မှာတော့ အဲဒိကောင်လေးအိမ် ကသိသွားပြီး တစ်ခြား ကောင်မလေးတစ်ဦးနဲ့ ချက်ခြင်း မင်္ဂလာဆောင်ပေးလိုက်တယ်။
ကောင်မလေးက ခရစ်ယာန် ဖြစ်တာကြောင့် ဘုရား ကျောင်းမှာ မင်္ဂလာဆောင်နေစဉ်မှာပဲ အဲဒိပွဲကိုသူကန့် ကွက်ခဲ့ပါတယ်။ အကြောင်းအရာက ထိုသတို့သားဟာ သူနဲ့ အတူ ချစ်ကြိုက်နေတဲ့ ယောက်ျားခြင်းသာ ချစ်ခင် တက်သူ တစ်ယောက်ဖြစ်တာကြောင့်လို့ သူတင်ပြခဲ့ရာ ပြသနာအကြီးအကျယ် တက်ခဲ့သလို ထိုနေ့မှစ၍ မှိုင်း ရဲ့ ချစ်သူကို လုံးဝမတွေ့ရတော့ပါပေ။
လူမသေပေမယ့် လူကိုတော့မတွေ့ရတော့ပေ။ သူ လဲ လုံးဝမေ့ပစ်လိုက်ချိန်မှာ သက်ဦးပန်ကို သူတွေ့ခဲ့ရ တာပါ။ သက်ဦးပန်ကို ထာဝရလက်တွဲဖို့ ဆုံးဖြတ်ထား ပေမယ့် ၆ လပင်မခံတဲ့ သက်ရဲ့ သစ္စာတရားက သူ့ကို ပြင်းထန်စွာ ထိခိုက်စေပါတော့တယ်။
သူတစ်ခုခုတော့ ပြန်လည်ရယူ ရပေလိမ့်မည်။ သူရဲ့ ချစ်မှန်တဲ့ ချစ်ခြင်းကို စော်ကားခဲ့တာ အတွက်ပါပဲ။ မင်း နောင်တမရပါစေနဲ့လို့ ငါဆုတောင်းပါတယ် အသက်။
နောက်တနေ့ ဆေးရုံရောက်တော့ အသက်ကိုမတွေ့ ရပါ။ ဆေးခွင့် တပတ် ယူထားတယ်တဲ့။
ရုတ်တရက် ပူသွားမိတဲ့ မိမိရင်ကို မိမိဖာသာပဲ အပစ် တင်လိုက်မိပါတယ်။ ငါ့အတွက်အချိန်ရတာပေါ့။
ဒိနေ့က အသက် ခွင့်တပတ်ပြည့်လို့ ဆေးရုံလာရမဲ့ ရက်ပါ။ သူ့အရင်အခန်းထဲ ရောက်နေပြီး ဂျူတီကုတ်နဲ့ သူ့လာတာမတွေ့ပဲအဆောင်ထဲ လမ်းလျှောက်သွားနေ တဲ့အသက်ကို အနောက်ကနေ ကြည့်ရတာ ပါးလှပ်ပြီး လွင့်မြောနေသလိုပါပဲ။
အားအင်တွေ ချိနဲ့နေတာ များလားလို့ တွေးမိတော့ ရင်ဘတ်ထဲက ဆူးခနဲ ကျင်တက်သွားပါတော့တယ်။
ထမင်းစား ချိန်ရောက်တော့ နာနေခန်းထဲမှာ လူတွေ စုံနေပါပြီ။ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေပေမယ့် သူတို့ကတော့ မုန်တိုင်းထာန်တော့မယ့်ပင်လယ်ပြင်ပမါ နှစ်ယောက်စလုံး ငြိမ်သက်လို့နေပါတော့တယ်။
ညနေဖက် အိမ်ပြန်ချိန်ရောက်တော့ အသက်ကသူ့ ကိုလာပြီး တောင်းပန်ပါတယ်။ အသက်မျက်နှာပြင်က သွေးစုပ်ဖြူရော် နေသလိုပါပဲ။
" မှိုင်း သက်ကို ခွင့်လွှတ်ပါနော် သက်နဲ့ပြန်လိုက်ခဲ့ပါ "
" မင်းငါနဲ့ လာပက်သက်ရဲ တာကို ငါအံ့သြတယ် "
" ငါရှင်းပြပါ ရစေ မှိုင်းရယ် "
" တော်တော့ သက်ဦးပန် အစထဲက ငါလိုချင်တာဟာ သစ္စာတရားပဲလို့ငါပြောခဲ့ပြီးပြီအဲဒိထဲကမှ သစ္စာဖောက် ခဲ့တဲ့မင်းကို ငါကပြန်ပေးစရာ တစ်ခုပဲရှိတယ် ဒါပေမယ့် အချိန်တစ်ခုတော့ မင်းစောင့်လိုက်ဦး ထိုက်ထိုက်တန်၂ ရစေရမယ် သက်ဦးပန် ငါသွားတော့မယ် "
" မှိုင်းညို မှိုင်းညို "
မှိုင်းညိုလှဲ့မကြည့်တော့ပဲ ထွက်ခွါလို့သွားပါပြီ။ မှိုင်း ငါသစ္စာဖောက်ခဲ့တာမင်းအတွက်ဆိုရင်ကော မင်းဘယ် လိုဆုံးဖြတ်မလဲ ငါသိချင်လိုက်တာကွာ။
နောက်ပိုင်းရက်တွေမှာ အမြဲတမ်း တစ်ယောက်ထဲနေ တက်တဲ့ ဝေမှိုင်းညို ဆိုတဲ့ ဒေါက်တာလေးက နာ့စ်ချော ချောလေးတစ်ယောက်နဲ့တွဲနေတာ သူတို့အသိုင်းဝိုင်း
မှာ တစတစပြောလာ ကြပါတယ်။ သက်နဲ့တွဲတုန်းက ဆေးရုံမှာ သာမန်တိုင်းသာ နေကြတာမို့ ဘယ်သူမှပင် မသိခဲ့ပါဘူး။
မှိုင်းညိုရယ် အဲလိုမလုပ်ပါနဲ့ကွာ ငါမင်းကို အရမ်းချစ် ခဲ့တာမင်း မသိဘူးလား။ မင်းငါ့ကို မရက်စက်ပါနဲ့ကွာ။ လူလစ်တဲ့ တနေ့ဆေးရုံထဲက တစ်နေရာကို အတင်းသူ ခေါ်ပြီး မှိုင်းကို တောင်းပန်ခဲ့ပြန်ပါတယ်။
" ငါယောက်ျားခြင်း ချစ်ရတာကို အတော်လေးစိတ် ပျက်သွားပြီ သက်ဦးပန် သစ္စာဆိုတဲ့ အရာကို ငါရှာဖွေဖို့ ဒါဟာ ငါ့အတွက်တော့ နောက်ဆုံးနည်းလမ်းပဲ "
ထိုအချိန်မှစ၍ မှိုင်းရဲ့သူစိမ်းဆန်မှုတွေက တချို့အသိ တွေကပင် မင်းတို့တခုခုဖြစ်ထား ကြလားလို့ မေးကြပြီ။
♬နင်ငါ့ကို ဒါဏ်ရာတွေနဲ့ ထားခဲ့ချိန် တကိုယ်ရေ စိတ်ကူးနွံ ထဲမှာ အလွမ်းများနဲ့ ရွက်လွှင့်နေပါပြီ ♬
♬ဒီဝဋ်ကြွေး လည်စင်းပြီးတော့ ငါခံမယ် မြိုသိပ်ရင်းနဲ့ ကြေကွဲမယ် ဝေးပြီ ငါတို့ဝေးပြီ ♬
ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းသံလေးတွေကြားရ တိုင်းတယောက်ထဲ ကျိတ်ငိုခဲ့ရတဲ့ ရက်တွေ မနဲတော့ပါ
ဒီကြားထဲမှာပဲ ကောလဟာလ လားတကယ့်အမှန်ပဲ လားမသိဝေမှိုင်းညို လက်ထပ်တော့မယ် ဆိုတဲ့သတင်း လဲကြားရော သက်ဦးပန် ခွေခေါက်ကျိတ်မှိတ် ခံစားရင်း အိပ်ယာထဲပါလဲ ရပါတော့တယ်။
မှိုင်းညို ခုတလောဆေးရုံမှာ အသက်ကို မတွေ့မိလို့ စုံစမ်းကြည့်မိတော့ အတော်နေမကောင်း ဖြစ်နေတယ် လို့ကြားရတော့ စိတ်ထဲမကောင်းမိပြန်ပါဘူး။
တကယ်တမ်းကိုယ်က သူ့ကိုဝေဒနာပြန်ပေး ချင်ပေ မယ့် သူခံစား နေရတယ် ဆိုတော့လဲ စိတ်မကောင်းပေ ဖြစ်နိုင်ရင် သွားကြည့်ချင်မိတဲ့ စိတ်ကို မနဲထိန်းထားရပါ တယ်။ ဒါသူ့အပြစ်နဲ့သူပဲ မဟုတ်ပါလား။
" ဝေမှိုင်းညို မင်းကို ဦးဇော် ခေါ်နေတယ် သူ့ရုံးခန်းက စောင့်နေမယ်တဲ့ သွားလိုက်ဦး "
" ဟုတ်ကဲ့ဗျ "
စီနီယာ တစ်ယောက်လာပြောတာမို့ မှိုင်း ဦးဇော်အခန်း ကို ထွက်လာခဲ့ လိုက်ပါတယ်။ ဦးဇော်ဆိုတာ အထူးကု ဆရာဝန်ကြီးပါ အသက် ၄၀ ကျော်လူပျိုကြီး လိပ်ခေါင်း အထူးကုလေသူက။ ဦးဇော်စီ ရောက်တော့ သူနဲ့အပြင် ခနလိုက်ခဲ့ဖို့ ခေါ်တာမို့ မှိုင်းလိုက်ခဲ့ လိုက်ပါတယ်။
အရေးကြီးကိစ္စလေး ပြောစရာရှိလို့ ခနလေးပါပဲတဲ့။ သူ အံ့သြတာက ဦးဇော်ခေါ်လာတာ တိုက်ခန်းတစ်ခုပါ ဒါဦးဇော်ရဲ့ အခန်း ထင်တယ်။ အခန်းထဲ ရောက်တော့
" ထိုင်ဦး ဝေမှိုင်းညို ရော့ဒါတွေ အရင်ဖတ်ကြည့်ပါ "
ဦးဇော်ပေးလာတဲ့ ဆေးခန်းပြတဲ့ စာအုပ်နဲ့ဆေးစာရွက် တွေပေါ်မှာ သက်ဦးပန်လို့ ရေးထားတာတွေ့တော့ သူ စိတ်လှုပ်ရှုားစွာ ဖတ်မိတယ်။ ပြီးတော့မှ အံ့သြမှုနဲ့အတူ သူ အသက်ကို သနားမိပြန်တယ်။
" ဒါတွေ တကယ်လား ဦးဇော် "
" အင်း ကို ကိုယ်တိုင်စစ်ဆေးပေးခဲ့ပြီး ကုသပေးနေ တာပါ သူမင်းနဲ့အတူ စနေထဲက အဲဒိရောဂါကို ခံစားနေ ရတာပဲ ပထမအကြိမ် လာပြတော့ ကိုသူ့ကို နောက်ခါ ဒါမျိုးမလုပ်ဖို့ တားပေမယ့် မရခဲ့ဘူး "
ဦးဇော်စကားကြောင့် မှိုင်းမျက်နှာရဲခနဲ ဖြစ်သွားပြီးမှ ခေါင်းကိုငုံ့ ထားလိုက်မိပါတယ်။ ဟုတ်တယ်လေ ဒီကိစ္စ ရဲ့ တရားခံက သူဖြစ်နေတာကိုး။
" သူကအတွင်းလိပ်ဖြစ်တယ် ထင်ပြီးကို့စီ လာပြတာ တကယ်လဲ ဟုတ်ပါတယ် ဒါပေမယ့် ကိုသိလိုက်တာက သူ တယောက်ယောက်နဲ့ ဆက်ဆံနေတယ် ဆိုတာပဲ "
မှိုင်းထ၍ပင် ပြေးချင်လောက်အောင် ရှက်နေမိတယ် အသက်မှာ ဒီလိုဖြစ်နေတာသိရင် သူဒါမျိုး လုပ်ပါ့မလား စောစောထဲက ပြောပါတော့လား အသက်ရယ်။
" ကို မနေ့ကမှ သက်ဦးပန်ကို သွားကြည့်ပေးရင်းနဲ့ပဲ မင်းတို့ရဲ့ အကြောင်းစုံ သိခဲ့ရတယ် ဝေမှိုင်းညို သူ့ကို မင်းအထင်လွဲ နေခဲ့တာပဲ တကယ်တော့ သူ့မှာ အပစ် မရှိပါဘူး ရှိတာက ကို ပါ ဝေမှိုင်းညို "
" ဗျာ "
မှိုင်း ထပ်ခါ အံ့သြရပြန်ပါတယ်။ ဘယ်လိုလုပ် သူကဒီ ကိစ္စထဲ ပါလာရတာလဲ။ မဖြစ်နိုင်တာပဲ။
" မင်း အံ့သြရင်လဲ အံ့သြသွားပါလိမ့်မယ် ဒါပေမယ့် ခု ကိုပြောပြတာတွေကို သေချာနားထောင်ပြီးရင် မင်းနား လည်သွားမှာပါ ကိုပါရဂူဘွဲ့ယူဖို့ ရုရှားမှာ ကျောင်းသွား တက်ရင်းက ဒီလိုလိင်တူ ကိစ္စတွေကို စိတ်ဝင်စားခဲ့တာ ပထမဆုံး ဝန်ခံပါတယ် ဘဝတူတွေပဲပေါ့ကွာ တစ်ခုဆိုး သွားတာကတော့ ကို သက်ဦးပန် အပေါ်မှာ ပစ်မှားခဲ့မိ တယ် မြန်မာပြည်ပြန် ရောက်ထဲက ကို့ရာထူးကို့သိက္ခါ ကို့အသိုင်းအဝိုင်းတွေကြောင့် ဒီကိစ္စတွေကို မြိုသိပ်ခဲ့ရ တာ နှစ်နဲ့ချည်နေတဲ့ အချိန်မှာ သက်ဦးပန် အဖြစ်ပျက် ကိုလဲ သိရော ကိုသူ့ကို ဖြည့်ဆည်းပေးဖို့တောင်းဆိုခဲ့ မိတယ် ဝေမှိုင်းညို "
" ဟာ ဦးဇော် "
" ခနလေး ဆုံးအောင် နားထောင်ပေးပါ ပြီးမှမင်းစိတ် ကြိုက်ဆုံးဖြတ်ပါ ဝေမှိုင်းညို "
မှိုင်း အံကိုတင်းနေအောင် ကျိတ်ထားမိပါတော့တယ်။
" သက်ဦးပန်က ငြင်းတာမှ အတင်းကိုငြင်းခဲ့တာပါပဲ ဒါပေမယ့်ကိုယုတ်မာမိတယ်ကွာ ကိုယ့်ရဲ့တအားပြင်းပြ နေတဲ့ဆန္ဒတွေ အာသာပြေဖို့ သူ့ကိုအကြပ်ကိုင်ခဲ့မိပါ တယ်ကို့အလိုကို မလိုက်ရင် ဝေမှိုင်းညိုက မင်းနဲ့ဖြစ်နေ တာပါလို့ ကို ဆေးရုံမှာ ပြန်ပြောလိုက်မယ်လို့ ပြောခဲ့မိ တယ် ဒါနဲ့သူကို့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တယ် ဒါပေမဲ့ ကိုကသူရောဂါ ဖြစ်နေတာသိတဲ့အတွက် အဲဒိလောက် ထိတော့ မလွန်ကျူးခဲ့ပါဘူး မင်းသဘောပေါက်ရဲ့လား အဲဒိနေ့မှာပဲ သူ့အင်ကျီက ကိုယ့်ကြောင့်စွန်းသွားပြီးမှ ပြသနာဖြစ်ကြတာလို့ သိရပါတယ် အဲဒါကြောင့်လဲ အခု သူသေမတက် ခံစားနေရတော့ ကိုမကြည့်ရက်တော့လို့ အခုလို ခေါ်ပြီး ရှင်းပြပေးလိုက်တာပါ မင်းကို့ကို ကြိုက် သလိုအပြစ်ပေးပါ ဒါပေမယ့် ဘဝတူခြင်းမို့လို့ ကို့သိက္ခါ ကိုတော့ငဲ့ကွက်ပေးပါ ဝေမှိုင်းညို "
ဒါ့ကြောင့် အသက်ရဲ့ဘောင်းဘီမှာ သွေးစတွေစွန်း နေတာကိုး ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အရှက်သိက္ခါ အတွက် အသက်က မလိုက်လျောချင်ပဲ လိုက်လျောခဲ့ရ တာပေါ့။ အသက်ရယ်။ ဦးဇော် ခေါင်းငိုက်စိုက်ချထားပါ တယ် သူဖြစ်ပြီးခဲ့သမျှ အတွက် ဘာမှမပြောချင်တော့ပါ အခန်းထဲကနေ ထထွက်လိုက်တော့ ဦးဇော်က
" ကို့ကို တခုခုပြန်ပြောခဲ့ပါဦး ဝေမှိုင်းညို "
" ခုလိုရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ် ဦးဇင် ဒီ ကိစ္စတွေ မရှိခဲ့ဘူးလို့ပဲ ကျနော်မှတ်ထားလိုက်ပါ့မယ် "
ဦးဇော်ပြုံးသွားတာ တွေ့မေကယ့် သူတန်းပြီးထွက် လာလိုက်ပါတယ်။ ကားတစ်စီးတားပြီး အသက်စီကိုပဲ အမြန်ဆုံး သွားနေမိပါပြီ။ မင်း ငါ့ကိုပွင့်လင်းခဲ့ဖိုလိုသွား တာပါ အသက်ရယ် တကယ်ဆို ငါကလဲ အေးစက်စက် နိုင်ခဲ့မိတာကိုး ။
မပွင့်လင်းမှုတွေ အထင်လွဲမှုတွေ ကြောင့်သူတို့အခု လိုစိတ်ဒုက္ခတွေ ရောက်ခဲ့ကြရတာပေါ့။ ဒီကြားထဲမှာသူ ကလဲ မိမိဆန္ဒကြောင့် သူတစ်ပါးကို တစ်စာခံ လုပ်မိခဲ့ပါ သေးတယ်။ ထိုမိန်းခလေး အတွက် သူဘာပြန်ပြီးပေးရ ဦးမလဲမသိပေ။ တကယ်ဆို သူ့ပြသနာထဲကို တခြားသူ ဆွဲမခေါ်ခဲ့ သင့်ပေ။ Sorry ပါနာ့စ်မလေးရယ် တကယ် တော့ငါက ယောက်ျားခြင်းချစ်တဲ့သူမို့ နားလည်ပေးပါ။
♬တကယ်ဆို ဘဝပေးလဲ မကောင်းတာ ငါသိတယ် ငါ့အကြောင်းနဲ့ငါ့ကံ ခံလိုက်မယ် ♬
♬ဒီလူကို ချန်ထားပြီး အဝေးကို ထွက်သွားခဲ့ ♬
ကုတင်ပေါ်မှာ ဖျော့လျော့စွာ လဲလျောင်းပြီး ပြတင်းဝ ဖက်ကိုငေးခါ သီချင်းသံ တိုးတိုးလေးကို နားစွင့်နေတဲ့ အသက်။ ဘယ်လောက်ထိ ခံစားနေရမလဲ အသက်ရာ။
" အသက် "
မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုငဲ့ကြည့်လာ တဲ့ အသက်ကို သူတင်းနေအောင် ဖက်ထားမိလိုက်ပါ တော့တယ်။
" ကိုနောက်ခါ ဘယ်တော့မှ မထားခဲ့တော့ပါဘူးနော် အသက် မင်းကို ကိုအရမ်းချစ်တယ် "
အသက်က မျက်ရည်တွေနဲ့ ခေါင်းကို အကြိမ်ကြိမ်ငြိမ့် လို့နေပါလေတော့သည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
Lamin Lay