ကုန်းလား ရေလား
ဒီနေရာလေးက အက္ခရာညီ ရဲ့ စိတ်ကူးယဉ် ကမ္ဘာ ငယ်လေး တစ်ခုပါပဲ။ အက္ခရာညီ ဆိုတာတော့ မြန်မာ လူငယ်လေးတစ်ဦးပါ ဒါပေမယ့် သူနေထိုင်နေတာက ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းခြေ မြို့လေးတစ်မြို့မှာပါဗျာ
သူအဖိုးဖွားတွေ လက်ထပ်ထဲက ဒီမှာပဲ နေခဲ့ကြပေမဲ့ သူ့ကိုတော့ မြန်မာပြည်မှာပဲ မေမေမွေးပေး ခဲ့တာပါ။ ခု တော့သူ ဒီမှာပဲ ကျောင်းတက်နေရတာလေ။ မေမေက မြန်မာပြည်ကို သိပ်ချစ်တာ ဖေဖေကတော့ မွေးထည်း ကဒီမှာပဲ ကြီးလာတဲ့သူမို့ စီးပွားရေးကိုသာ ဦးစားပေးခဲ့ တာလေ။
ဒီနေရာလေးက ပင်လယ်ကမ်းစပ် တစ်နေရာပေါ့ ။ ဒီနေရာလေးကို သဘောကျတာကလဲ လူအလာနဲတဲ့ နေရာလေးဖြစ်တာလဲ ပါပါတယ်။ ဒီကနေ ပင်လယ်ပြင် ကြီးကို ငေးပြီးတွေးချင်တာတွေ တွေးနေတက်တာလဲ အက္ခရာရဲ့ ဖီလင်တစ်ခုပါပဲ။
ညကလေပြင်းမုန်တိုင်းတွေ တိုက်ထားတာမို့ ကမ်းခြေ တစ်လျောက်လုံးမှာ အမှိုက်ပေါင်းစုံ ပစ္စည်းပေါင်းစုံတို့နဲ့ ပွနေတာပါပဲ။ လိုက်ကြည့်နေတဲ့ သူတွေလဲ စည်ကားခါ နေပါတယ်။ အက္ခရာကတော့ ထုံးစံအတိုင်း ကမ်းစပ်ရဲ့ ဟိုးခပ်လှမ်းလှမ်းမှကျောက်ဆောင်တွေကို တွယ်တက် ပြီးကျော်ခွကာ သူထိုင်နေကျ နေရာလေးကို လာခဲ့ပါပြီ
ထိုင်နေကျ ကျောက်ဆောင်လေးမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ အညှီုနံ့တစ်ခုက နှာခေါင်းထဲမှာ စွဲခနဲပေါ်လို့ လာတာမို့ ပတ်ဝန်းကျင်ကို လိုက်ပြီးကြည့်မိတယ်။
ဟင် အဝတ်အစား မဲ့စွာနဲ့ တစောင်းလေး လဲကျနေတဲ့ အမျိုးသား တစ်ဦးကို အက္ခရာ တွေ့လိုက်ရ ပါတော့ရဲ့။ တောင့်တင်းလှတဲ့ ခန္ဓာကိုယ်နောက်ကျောပိုင်းကြီးကပဲ ထိုသူရဲ့ ယောက်ျားပီသမှုကို ပြသနေပါတယ်။
ပြီးတော့ ဆံပင်ရှေတွေက ဖယိုဖရဲနဲ့ ရှည်လျားလို့ နေတာမှ ကျောလည်လောက်ပင် ရှိမည်ထင်မိတယ်။ ထို့ထက်ပိုတာက အနံ့တွေ အညှီုနံက အနားကပ်လေပို စူးလေ ဖြစ်လာတာမို့ အက္ခရာ နှာခေါင်းကို လက်နဲ့ညှစ် ခါထားလိုက်ရ ပါတော့တယ်။
ဘာဖြစ်လို့ ဒိလောက်ညှီုနေရတာလဲ ကြည့်ရတာည တုန်းက ငမန်းတွေ ဘာတွေများ မြိုချပြီးမှ ပြန်အံထုတ် ထားတာလား။ ဟိဟိ ကို့ဖာသာတွေး ရင်းပြုံးလိုက်မိပါ တယ်။ အမ် ခုမတွေးမိတာက ဒါလူသေကြီးများလား။ တော်ကြာ အမှုပတ်နေပေ ဦးမည်။
ဒါပေမယ့် စိုလက်နေတဲ့ အသားအရည် တောင့်တင်း တဲ့ Body တွေကြောင့် သူ့မျက်နှာကို ကြည့်ချင်မိသော စိတ်ကလဲ ထိန်းမရ။ ဘာလို့လဲ ဆိုတော့ အက္ခရာ ဟာ ခုချိန်ထိ ရည်းစားမထားဖူးသေးတဲ့ အသက် ၁၉ အရွယ် လိင်တူချင်းသာ စိတ်ဝင်စားသူလေးမို့ ပါပဲ။
အနားကို အသာကပ်မယ် လုပ်ပြီးမှ မကပ်ရဲတာနဲ့ပဲ ခပ်လှမ်းလှမ်းကနေ ခဲနဲ့ပေါက်ကြည့်မိတယ်။ တစ်ချက် နှစ်ချက် သုံးချက်မြောက်မှ သူလှုပ်လာတယ်။ ဒါဆို သူ မသေသေးဘူးးပေါ့။ အက္ခရာ ပျော်သွားပြီး နှာခေါင်းကို ပိတ်ခါ အနားတိုးကြည့်မိစဉ် သူကလဲ ပြန်လှဲ့ကြည့်ပြီး အက္ခရာကို မြင်သွားပါတော့တယ်။
သူက အက္ခရာကို လဲမြင်ရော လန့်သွားပြီး သူ့ပုံစံမှာ လဲချက်ခြင်း ပြောင်းသွားကာ ကျောက်ဆောင်ကြားထဲ မှာ တဝုန်းဝုန်းနဲ့ လူးလှိမ့်နေပါတော့တယ်။ အက္ခရာ မှာ အံ့သြလွန်းလို့ ပါးစပ်ပင်မစိ နိုင်ပဲ မျက်လုံးပြူးကာကြည့် နေမိပါတော့တယ်။
ဘာလို့လဲ ဆိုတော့ သူ့အောက်ပိုင်းတစ်ခုလုံးက ငါး ကြီးပုံပြောင်းသွားပြီး အပေါ်ကလူပုံအတိုင်းပဲ မို့ပါပဲ။
ဘဝမှာ တခါမှ စိတ်တောင်မကူး ကြည့်မိဘူးတဲ့ ဖြစ် ရပ်တစ်ခုပါလား။ ဒါဟာလူတွေပြောပြောနေတဲ့ ရေသူမ ပေါ့ မဟုတ်သေးပါဘူး ရေသူထီးပေါ့။ လန့်နေတဲ့သူ့ရဲ့ မျက်နှာက အတော်လေးကို ပြေပစ်ခါ ချောမာနေတာမှ တော်ဝင်နန်းဆန် မင်းသားတစ်ပါးလိုပါပဲ။
အတော်လေးကြာမှ သူငြိမ်သွားခါ ကျောက်ဆောင် ကြားမှာ ကိုယ်ကို အတင်းကပ်ပြီး အက္ခရာကို စိုက်သာ ၍ကြည့်နေပါ တော့တယ်။ အက္ခရာ အနောက်ကိုဆုပ် လိုက်ပြီးမှ သူ့ကိုလက်လှမ်းပြလိုက်ခါ
" ကျနော့နာမည် အက္ခရာညီ ပါ ခများကဘာလဲ "
သူက ခေါင်းပဲအတင်းခါပြနေတာမို့ အက္ခရာကပဲ
" ခများစကား မပြောတက်ဘူးလား "
သူကခေါင်းငြိမ့်ပြတော့ လဲအံ့သြရပြန်သည်။
" ဟာ နားတော့နားလည်တာပဲ တမျိုးပါလား ဟ့ "
ထိုသူက အက္ခရာက်ုကြောက်နေတုန်းပါပဲ ဒါကြောင့်
" အိုခေ အဲဒါဆို အဆင်ပြေပြီ ခများကျနော့ကို လုံးဝမ ကြောက်ပါနဲ့ ကျနော် ခများ ရန်သူမဟုတ်ပါဘူး ကျနော် ခများကို ဘာအကူအညီပေး ရမလဲ ပြောပါ "
သူတစ်ချက် စဉ်းစားလိုက်ပြီးမှ ပင်လယ်ဖက်ကိုသူ လက်ညှိုးထိုးပြ ပါတော့တယ်။
" သြော်ပင်လယ်ထဲ ပြန်သွားချင်တာကိုး "
သူခေါင်းငြိမ့်ပြပါတယ်။ အက္ခရာ ခေါင်းကိုငြိမ့်ခါ
" ကျနော် ခများကိုယ်လုံးကြီးကို ဘယ်လိုသယ်နိုင်မှာ လဲဗျ ဒိလောက်အကြီးကြီးကို "
ဟုတ်တယ်လေ အက္ခရာက ခပ်ပိန်ပိန်ကျစ်ကျစ်လေး ဆိုတော့ ဘယ်လိုမနိုင်မှာလဲ။ အဲဒိချိန်မှာပဲ သူ့အမှီးပိုင်း ကြီးက ဖြတ်ခနဲ ပျေက်သွားခါ လူပုံစံအတိုင်းပဲ ပြန်ဖြစ် သွားခါ ခြေထောက်ကိုကွေးခါ လက်နဲ့အုပ်ထားလေရဲ့။
အံ့သြသွားပေမယ့် သူ့ပုံကို ကြည့်ခါ အက္ခရာ ရီလိုက် မိတာမှ တဟားဟားနဲ့ပါပဲ။ ကျားကျားယားယား ချော၂ မောမောလူကြီးက ဆံပင်ရှည်တွေနဲ့ ကျုံ့ကျုံ့လေးထိုင် နေတာလေ။
သူ့မျက်နှာ ရှုံ့မဲ့သွားပုံကလဲ ကြည့်လို့တော့ကောင်း သားပဲ။ အက္ခရာသတိရသွားခါသူဝတ်လာတဲ့ စပန့်သား ဘောင်းဘီတို အပျော့လေးကို ချွတ်လိုက်ပါတယ်။ သူ့ အောက်မှာ အတွင်းခံပေါင်တိုလေး တစ်ထည်ပါသေးပါ တယ်။ အပေါ်ကတော့ စွပ်ကျယ်လေးသာ ပါတာမို့ပါ။
ရှေ့တိုးကာ ဘောင်းဘီ သွားပေးမလို့ လုပ်ပြီးမှ ညှီုနံ့ ကရလာပြန်တာမို့ နှာခေါင်းကို ပိတ်ခါ မျက်နှာကိုရှုံ့ပြီး ဘောင်းဘီကို လှမ်းပစ်ပေးလိုက်ပါတော့တယ်။
သူက ဘောင်းဘီကို ကောက်ခါဟိုဘက်လှဲ့ပြီး အမြန် ဝတ်တော့ အက္ခရာ ရီမိပြန်တယ်။ ရှက်တော့ရှက်တက် သားပဲပေါ့လေ။ သူ ဒီဖက်ကိုပြန်လှဲ့လာခါ မတ်တပ်ထ ရပ်လိုက်တော့ အရမ်းကိုခန့်ညားတဲ့ လူသားတစ်ဦးပါပဲ။
သူက သူ့နှာခေါင်းကို ပိတ်ပြီး ခေါင်းခါပြတော့ ဘာလဲ လို့စဉ်းစားမိပြီးမှ သဘောပေါက်ခါ အက္ခရာ နှာခေါင်းကို ပိတ်ထားတဲ့ လက်ကိုဖယ်လိုက်မိတယ်။ အဟုတ်ပဲလေ ဘာအနံ့မှ မရတော့ပါ။ ဒါဆိုသူဟာ တန်ခိုးရှင်တစ်ဦးပဲ ဖြစ်နေမလား။ စိတ်ဝင်စားမိတာတော့ အမှန်ပါပဲ။
သူကခေါင်းငြိမ့်ပြခါ ကမ်းစပ်ဖက်ကို လမ်းလျောက်ခါ သွားတော့ အက္ခရာ စိတ်ထဲဝမ်းနည်းမိပြန်ပါတယ်လေ ဒါဟာ အိမ်မက်တစ်ခုလို ပျောက်ကွယ်သွားတော့မှာပါ လား။ ရေစပ်နား ရောက်တော့မှ သူထိုင်ချလိုက်တာကို တွေ့တာမို့ အက္ခရာ သူ့နားကို ပြေးသွားလိုက်မိပါတယ်။
ဟင် သူ့မျက်နှာလေး ပြန်ညှိုးနေပါရော့လား။ သူလဲ အက္ခရာကို မခွဲနိုင်တာများလား။ ကိုလိုရာတွေးမိတာပါ။
သူ အက္ခရာကို လှဲ့ကြည့်ပြီး ခေါင်းခါပြပါတယ်။ ပြီးမှ သူလက်ညှိုးလေးနဲ့ သဲပြင်ပေါ်မှာ ပုံတွေဆွဲပြပါတယ်။ မြှားတွေပြီးတော့ ကြက်ခြေခတ်တွေ ဘာတွေလဲ မသိပါ နောက်မှ သဘောပေါက်ခါ
" အော် ခများနေရာကို မမှတ်မိတာပြောတာလား "
သူခေါင်းငြိမ့်ပြတော့ အက္ခရာတစ်ယောက် ကျိတ်ပျော် သွားမိတာပေါ့။ ပြီးတော့သူ ဆွဲပြတာ ငမန်းပုံတွေ ရေ ဘဝဲပုံတွေ ။ အက္ခရာ ခေါင်းငြိမ့်ပြလိုက် မိပါတော့တယ် သူ့နေရာကို သူမမှတ်မိသေး လမ်းမှာလဲ အန္တရယ်တွေ ရှိနေနိုင်တာကို သူပြောပြနေတာပါ။
" ခများ ကျနော်နဲ့ လိုက်နေပေါ့ လောလောဆယ် ပြီး မှ တဖြေးဖြေးချင်း ခများနေရာကို ပြန်ဖို့ကျိုးစားကြတာ ပေါ့ မဟုတ်ဘူးလား "
သူပြုံးပြီး ခေါင်းကိုအခါခါ ငြိမ့်ပြတော့ အက္ခရာလဲပြန် ပြုံးပြခါ ခေါင်းငြိမ့်ပြလိုက်မိပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒိလို လူထူးဆန်းကြီးနဲ့ နေရတော့မှာမို့ အသဲတယား၂နဲ့ ပျော်နေမိတာတော့ အမှန်ပေ။ သူကချောတာကိုး ဟိ။
" နေအူးဗျ ဒိတိုင်းခေါ်သွားလို့တော့ မရဘူးနေဦး ခများကို နာမည် အရင်ပေးရမယ် နေဦး နေဦး စဉ်းစား စမ်းဘယ်လိုပေးမလဲလို့ အင်းးးးး "
အက္ခရာ အပြေးအလွှား စဉ်းစားနေမိပါတယ်။
" ဟုတ်ပြီ ညက မိုးတွေရွာ မုန်တိုင်းတွေ တိုက်တုန်း ရောက်လာတာမို့ မိုးည လို့ခေါ်ရမယ် မှတ်ထားနော် ခု ခများနာမည် မိုးည ဖြစ်သွားပြီ မိုးည တဲ့ မိုးည မိုးးးးည "
သူကပြုံးပြီး ခေါင်းငြိမ့်ပြ ပြန်တယ်။
" နောက်မှ ခများကို လူစကားသင်ပေးမယ် နော် အခု အိမ်ရောက်ရင် ကျနော့သူငယ်ချင်းရဲ့ အသိဒုက္ခရောက် နေလို့ ကူညီလာတာ စကားမပြောတက်ဘူးပဲ ကျနော် ပြောထားလိုက်မယ် ခများ ကျနော့စကားနားထောင် "
အက္ခရာ လူတက်ကြီးလုပ်ခါ မိုးည ကို အိမ်ကိုခေါ်ခဲ့ လိုက်ပါတယ်။ အိမ်မာက အဖွားပဲရှိတာလေ။ အဖိုးက ဆုံးတာကြာပြီ။ အဖေနဲ့အမေက သူတို့သက်ဆိုင်ရာသူ တို့အလုပ် နဲ့နီးရာမှာ အတူအခန်းငှားနေ ကြတယ်လေ။ ဒီမှာက အက္ခရာနဲ့ အဖွားသာနေပြီ အိမ်ပိုင်လေးလဲဖြစ် တယ်။ နှစ်ထပ်ပျဉ်ထောင် အိမ်လေးပေါ့။ ကမ်းစပ်နဲ့လဲ သိပ်မဝေးဘူး။ ကျောင်းနဲ့တော့ အနဲငယ်လှမ်းတယ်။
အိမ်ရောက်တာနဲ့ အဖွားက တံခါးလာဖွင့်ပေးခါ ထူး ဆန်းတဲ့ အကြည့်တွေနဲ့ မိုးညကို သေချာကြည့်ရင်းက အက္ခရာကို မေးငေါ့ပြတယ်။
" ဟိုလေ ဖွားဖွားကြီး သူကသားသူငယ်ချင်းရဲ့အကို တစ်ဝမ်းကွဲပါ နယ်ကနေလာတာလေ သူတို့ကလဲ အိမ် မှာသိပ်အဆင်မပြေတော့ သားခေါ်လာတာ ခနကူညီ တဲ့ သဘောပေါ့ ဖွားဖွားကြီးရယ် ဟဲ ဟဲ "
" ဘာ - - - "
ဖွားဖွားကြီး အသံကြောင့် အက္ခရာ တွန့်ခနဲဖြစ်သွားရ သလို မိုးညကလဲ အက္ခရာရဲ့ နောက်ကျောကို ပြေးခါ ကပ်ရင်းကွယ်၍ ချောင်းကြည့်နေပါတယ်။
" နင်က ဘယ်သူ့ခွင့်ပြုချက်နဲ့ခေါ်လာတုန်း ညီညီရဲ့ "
" အော် ဖွားဖွားကြီးကလဲ သတ္တဝါတွေ ဆိုတာကယ်ရ ကောင်းတယ်လို့ ဖွားဖွားကြီးပဲ ခနခနပြောထားတာပဲ မဟုတ်လား သူက သနားဖို့ကောင်းတယ် ဖွားဖွားကြီးရဲ့ စကားလဲ မပြောတက်ဘူး မိဘတွေလဲ မရှိနဲ့ မို့ပါဗျာ "
" ဟဲ့ ဗလကြီး ဒိလောက်ကောင်းနေတာ ကြုံရာကျရာ လုပ်စားပေါ့နင်တော့နော် ညီညီ နင့်အဖေနဲ့ကိုတိုင်ပြော မှဖြစ်မယ် ရှုတ်ရှုတ်ရှပ်ရှပ်တွေ သိပ်လုပ်တာပဲ "
ဖွားဖွားကြီး ရှေ့ကဝင်သွားတော့မှ သူ မိုးညကိုလက် ပြပြီး အထဲခေါ်လိုက်တယ်။
" ဖွားဖွားကြီး "
အနောက်ကနေ အက္ခရာအတင်းလိုက်လာပြီး ခေါ်ရာ မီးဖိုခန်းထဲမှာ ဟင်းအိုးမွှေရင်းကနေ
" ဘာလဲဟဲ့ ဒီမှာ ချက်နေတုန်း မမြင်ဘူးလား "
" ပြောဈာရှိလို့ပါဗျာ့ သူ့ကိုသေချာကြည့်ပါဦးလို့စ်သူ ကစကားမပြောတက်ပေမယ့် တအားလဲချောတယ် ပြီး တော့အသားအရေက ဝင်းပြီးစိုနေတာပဲနော် "
" အဲဒါဘာဖြစ်လို့လဲ "
အက္ခရာ စားပွဲမှာ မိုးညကိုထိုင်ခိုင်း လိုက်ခါ
" ဟိုလေ ဖွားဖွားကြီး သားငယ်ငယ်က ပြောပြတဲ့ ဟို သိုက်တေလေ အ့တေများ "
အက္ခရာ စကားကိုရပ် ထားလိုက်ပေမယ့် ဖွားဖွားကြီး ကချက်ခြင်း လှဲ့လာခါ မိုးညကို သေချာကြည့်နေပါရဲ့။ အက္ခရာ ဖွားဖွားကြီး အညှာငိုကိုင်လိုက်တာလေ ဟိဟိ ဒါမျိုးဆို ဖွား၂ကြီး တအားစိတ်ဝင်စားတာ မဟုတ်လား။
" ဟုတ်တယ် ငါ့မြေးပြောတာ ဖြစ်နိုင်တယ် ကြည့်ဦး ဒိလောက်ခန့်ညားချောမောပြီး စိုပြေနေတဲ့သူက စကား မပြောတက်ဘူးတဲ့ ဒါသိုက်တခုခုက လာတာပဲ ဖြစ်ရ မယ် ဟုတ်တယ် ဟုတ်တယ် "
" ဟုတ်တယ် သူက ငါးပူတင်းသိုက်က လာတာဗျ "
ဖွားဖွားကြီး အက္ခရာ ဖက်လှဲ့ခါ အော်ပါတော့သည်။
" ဟဲ့ ဘယ်က ငပူတင်းသိုက်တုန်း နဂါးသိုက်တို့ ပြီး မိကျောင်းသိုက်တို့ပဲ ကြားဖူးပါတယ် ငါ့နှယ်နော် "
" အော် သူတို့သိုက်က ဒီခေတ်မှ ပေါ်တဲ့သိုက်လေ "
" ဒီခေတ်မှ ပေါ်တဲ့သိုက်! "
" အင်းလေ ဖွားဖွားကြီး ပြောတဲ့သိုက်တွေက မြန်မာ ပြည်ကသိုက်တွေ ဒါကထိုင်းသိုက် ဟိဟိ ဟာ ဟင်းအိုး ဝေကျတော့မယ် ဝေကျတော့မယ် "
ထမင်းစားတော့ ပြသနာစတက်တော့တာပါပဲ။ မိုးည က ထမင်းမစားတက်ပေ။ ဇွန်းခက်ရင်းလဲ မကိုင်တက်။
" ညီညီ နင့်လူက ဘာဖြစ်နေတာလဲ စားခိုင်းလေ "
" ဟိုလေ ဟို သူ သူက လောလောဆယ် မီးလွတ်စား နေတာတဲ့ ဖွားဖွားကြီးရဲ့ ဟဲဟဲ ဟဲဟဲ နော် မိုးည "
မိုးည ဘာမသိညာမသိ ခေါင်းငြိမ့်ပြ လိုက်ပါတယ်။
" အော် ဟုတ်လား ဒါသူ့ကို အထက်ကညွှန်ကြားထား တာနေမှာပေါ့ အေးအေး အဲဒါဆိုလဲ ရေခဲသေတ္တာထဲမှာ အသီးတွေရှိတယ် စားပေ့စေ စားပေ့စေ "
ညအိပ်မယ်ဆိုတော့ မိုးညက အဝတ်တွေအကုန်ပြန် ချွတ်လိုက်တာမို့ အက္ခရာ ရှက်သွားပေမယ့် အဟီး မသိ ချင်ယောင်ပဲ ဆောင်နေလိုက်တယ်။
အက္ခရာက ကုတင်ပေါ်မှာ အိပ်ပြီး မိုးညက ကုတင် ဘေးက အောက်မှာ အိပ်နေပါတယ်။ ညရဲ့အလင်းမှာ ပြောင်တင်း ဝင်းမှဲ့ အဲ ဝင်းဝါနေတဲ့ အသားအရေတွေနဲ့ ဝစ်လစ်စလစ် အိပ်နေတဲ့ ဆူဖြိုးနေသော ထိုအမျိုးသား ပျိုကို ကြည့်ခါ အက္ခရာရဲ့ စိတ်တွေ ထိန်းမရတော့ပါ။
လှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ နိမ့်တုန်မြင့်တုန်ုဖြစ် နေပုံကလဲ ရင်ခုန်ဖွယ်ပါပဲ။ ဟူးးးး စိတ်မောလိုက်တာ မိုးည ရယ်။ ခများက ဒဏ္ဍာရီထဲက နတ်သားလားဗျာ။ နတ်သားဆိုလဲ လုံလုံလဲလဲ ဝဋ်ပါလား အ့လိုကြီးနေနေ တော့ ဟင့် ရှင်ချင်တယ်လို့။
ကုတင်ပေါ်ကနေ ခြေဖျားလေးကို အသာချပြီး သူ့ နားကို ကပ်ပြီး သူ့ဆံပင်လေးကို ကိုင်ကြည့်မိတယ်။ အို နူးညံ့လှချည်လား အနံ့လေးက ညှီမနေပဲ ရနံ့နမျိုးသင်း နေတယ်။ ပုခုံးကို လက်ဖျားလေးနဲ့ ပွတ်ကြည့်တော့လဲ အိခနဲ အေးစက်စက်အရသာလေး။ လက်လေးက ပုခုံး ကနေလက်မောင်းအတိုင်း ဆင်းလာပြီး ခါးလေးကို ။
ထိုမှတစ်ဆင့် တင်ပါးတင်းတင်းကြီး ပေါ်ကိုအသာပဲ ရင်ခုန်စွာနဲ့ ပွတ်ကြည့်နေမိစဉ်
" ဝုန်း ဒုန်း ဂလုံး ဗြုံးဒုံး "
" အောင်မလေးဗျ "
အက္ခရာ လန့်ပြီးအော် လိုက်မိတာတော့ သူကိုင်တာ ကိုသိသွားပြီး မိုးည လန့်ခါရုန်းလိုက်တာ အမှီးကြီးပြန် ထွက်လာလို့ပါပဲ။ အမှီးကြီးက လှုပ်နေတာမို့ စာကြည့် စားပွဲပေါ်မှ ပစ္စည်းတွေ ပြုတ်ကျခါ ဆူညံသွားတာပါ။
ထိုစဉ်မှာပဲ ဖွားဖွားကြီး ရောက်လာပြီး တံခါးကိုထုခါ
" ညီညီ ဘာဖြစ်တာလဲ ညီညီ တံခါးဖွင့်စမ်း "
အက္ခရာ ကုတင်ပေါ်ကဆောင်ကို ဆွဲပြီး မိုးညကိုဖုံး အုတ်လိုက် ပါတယ်။ ပြီးမှ အခန်းဝသွားခါ
" ဘာအဖြစ်ဘူး ဖွားဖွားကြီး မိုးညကုတင်ပေါ်ကပြုတ် ကျလို့ သားလန့်အော်လိုက်တာ ရပီ ရပီ အိပ်တော့ "
" ဟယ် အအိပ်အနေ ကြမ်းလိုက်ကြတာကွယ် "
ဖွားဖွားကြီးပြန်သွားမှ သက်ပြင်းချကာ မိုးညဘေးမှာ ဝင်ထိုင်လိုက်ခါ
" ခများက လန့်ရင်အဲ့ဒါကြီး ထွက်ထွက်လာလား "
မိုးည ခေါင်းငြိမ့်ပြပါတယ် ခုတော့ အမှီးပြန်ပြောက်ခါ သွားတာမို့ မထူးပါဘူးဆိုပြီး အက္ခရာလဲ
" ခများက လူပုံဖြစ်သွားရင် ယောက်ျားတွေလိုပဲလေ ဟိုဟာပါလား သိချင်လို့ ပါဗျာ့ ဟီးးး ပြလို့ရလား "
မိုးည ခေါင်းကိုအတင်းခါပြတာမို့ အက္ခရာ ရယ်လိုက် ပြီးစချင်တာနဲ့ အနားကပ်ခါ စောင်ကိုအတင်းခွာလိုက်ခါ လိုက်ပြီး နှိုက်ကြည့်ပါတော့တယ်။
" အှင်းးးး အင်းးး ဟင်းးး "
မိုးညအရမ်းတော့ တွန်းမထုတ်ပေမယ့် သူ့ဟာက်ုလက် နဲ့အတင်းအုပ်ခါကာကွာ ထားပါတယ်။
အက္ခရာက သဘောတွေကျခါ တခိခိရယ်ပြီး လိုက်၍ ဆွဲပါတယ်။ အဲဒိအချိန်မှာပဲ အိုးညကအရှောင် အက္ခရာ ကအဆွဲနဲ့ ချောကြခါ သွားပါတော့တယ်။ ကျပုံကလဲပဲ ယဉ်သကို့ ယဉ်သကိုး အောက်မှာမိုးညက ဆန့်ဆန့်ကြီး အပေါ်မှာ အက္ခရာ ကဒိုက်ထိုးသလို မျက်နှာချင်းကပ်၍ မျက်လုံးတွေက တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိရဲ့။
အက္ခရာ က မိုးညရဲ့ အပေါ်နှုပ်ခမ်းလေကို စုပ်လိုက် တော့မိုးည မျက်စိတွေကို နှစ်ဖက်လုံးအတင်း ဖိမှိတ်ခါ ထားတာတွေ့ရပါတယ်။ ပန်းရောင်သန်းနေတဲ့ မိုးညရဲ့ နှုပ်ခမ်းချိုအေးလေးတွေ ကနေတဆင့် လျာလေးကိုသူ လှမ်းစွဲလိုက်တော့ မိုးည မျက်လုံးကြီး ပြူးလာပြန်တာမို့ သူ ခွီးခနဲထရီမိကာ အရှိန်ပျက်သွားရပါတယ်။
မိုးညကတော့ သူ့နှုပ်ခမ်းသူ ပွတ်ခါ အက္ခရာ နှုပ်ခမ်း တွေကိုလဲ စိုက်ကြည့်နေပါတယ်။ အက္ခရာ အသည်း ယားလာပြီး မိုးညရဲ့ လည်တိုင်တွေကို စုပ်ယူပစ်လိုက်မိ ပြန်ပါတယ်။ မိုးညကအက္ခရာခေါင်းကို သတိအနေထား နဲ့ အတင်းဖိကာ ကိုင်ထားပြန်ပါတယ်။
အက္ခရာရဲ့ ရင်ဘတ်တွေကနေ တဆင့်နို့သီးခေါင်း လေးကို စုပ်လိုက်ချိန်မှာ တွန့်ခနဲ ဖြစ်သွားအောင်တုန် တက်သွားတဲ့ မိုးညပုံစံက ဖီးလာရမယ့်အစား ရီစရာပင် ကောင်းနေပါတော့တယ်။
အဲဒိအချိန်မှာပဲ အက္ခရာရဲ့ မျက်လုံးတွေလဲ ပြူးကျယ် ခါသွားပြီး သူ့ရင်ဘတ်နဲ့ မိုးညရဲ့ပေါင်ကြားကို ငုံ့ကြည့်ခါ လန့်ဖျန့်လို့သွားပါတော့တယ်။ မိုးညက အက္ခရာကိုနား မလည်စွာ စိုက်ကြည့်နေပါလေရော။
အဲဒိနောက်မှာတော့ မိုးည လက်တွေက အက္ခရာရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ခါ ဘေးကိုလှဲချပြီး အပေါ် မှတက်ခါ ခွလိုက်တာမို့ အက္ခရာ ပြန်ပြီး လန့်သွားရပါ တော့တယ်။ သူဘာလုပ်မှာလဲ လို့လဲ စိတ်ဝင်စားမိပါရဲ့။
မိုးညက အက္ခရာကို တစ်ချက်စိုက် ကြည့်လိုက်ပြီးမှ ပါးတွေကို စတင်ပြီးနမ်းပါတော့တယ်။ အက္ခရာ မျက်စိ လေးမှိတ်ခါ ဇိမ်ခံမယ်ပေါ့ ဒါပေမဲ့ မိုးညရဲ့နှုပိခမ်းတွေက အစာတွတ်တဲ့ ငါးလိုပဲ နှုပ်ခမ်းနဲ့ဇတ်ခနဲ ထိလိုက် တနေ ရာရွှေ့သွားလိုက်နဲ့ပေါ့။
ခြေထောက်တွေ ကလဲ အငြိမ်မနေ တလှုပ်လှုပ်နဲ့ဖြစ် နေပါသေးတယ်။ ပထမတော့ ဒါဟာ ဖီးပဲလို့ ဇွတ်တွေး ပြီး မျက်စိစုံမှိတ်ခါ အံကျိတ်ခံနေလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုတွေးတွေး ယားနေတာတော့ ထိန်းမရပေ။
ပါးတွေလည်တိုင်တွေ တခုမှ မကျန်ရင်ဘတ်ကိုဆင်း လာတော့ အက္ခရာ ဘယ်လိုမှ အောင့်အီးကာ မခံစား နိုင်တော့တာမို့ မိုးညကိုယ်ကြီးကို တွန်းဖယ်လိုက်ခါ
" အာ့ဟားဟား သေတော့မှာပဲ ယားလို့ ဘာတေလာ လုပ်နေတာလဲ ဟင့် သေချင်တယ် ဖယ် "
မိုးည အက္ခရာဘေးမှာခေါင်းကို လက်လေးနဲ့ထောက် ခါ မျက်နှာငယ်လေးနဲ့ စိုက်ကြည့်နေတယ်။ သနားစရာ ပုံစံလေးနဲ့လေ။
" တော်ပီ ခများကို ဒါလဲ သင်ပေးရဦးမယ် ခများပြော စကားမားထောင်နော် မနက်ဖြန်ကျောင်းတစ်ရက် ပိတ် သေးတယ် ခများအတွက် အင်ကျီတွေ ဝယ်ပေးမယ် ပြီး တော့အိမ်မှာ ဒိတိုင်းမနေနဲ့ ဖွားဖွားကြီးကို အလုပ်တွေ ကူလုပ်ပေး ဒါမှ ကျနော်လဲ အပြောမခံရမှာ ခုကျနော် ပြောတာတွေ ခများနားလည်လား "
သိပ်တော့နားလည်ပုံ မပေါ်ပါဘူး မျက်လုံးဝိုင်းလေး တွေနဲ့သာကြာ့်နေပါတယ်။
" ခများ တအားချောတယ် မိုးညရယ် ခများကိုအရမ်း ချစ်တာပဲ ခများကျနော်နဲ့ တစ်သက်လုံးအတူနေရမယ် ဘယ်တော့မှ ကျနော့ကို ခွဲမသွားရဘူးနော် မိုးည "
အမယ် ဒီတခါတော့ ခေါင်းထညိမ့်ပါလား။ အက္ခရာပြုံး လိုက်ပြီး မိုးညရဲ့ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်ပါတယ်။ အခြေအနေ ဘဝခြင်းမတူတာတွေ အက္ခရာ မတွေးချင် တော့ပါ။ တွေးမိရင် စိတ်ညစ်ရလို့လေ။
မနက်မိုးလင်းတော့ အက္ခရာရဲ့ အင်ကျီတွေထဲကသူ နဲ့တော်တာ စွပ်ကျယ်ပဲရှိတာမို့ စွပ်ကျယ်နဲ့ ဘောင်းဘီ တိုပွပွ တစ်ထည်ကို ဝတ်ခိုင်းပြီး သူ့ဆံပင်တွေကိုတော့ အက္ခရာရဲ့ လက်ပတ်ကြိုးနဲ့ စုချည်ပေးလိုက်ပါတယ်။
ဆိုင်ကယ်ကိုတော့ အက္ခရာပဲ မောင်းခါမြို့ထဲထွက် လာခဲ့လိုက်တယ်။ကုန်တိုက်ထဲရောက်တော့ မိန်းမတွေ ရဲ့မျက်လုံးတွေကမိုးညစီမှာသာ တညီတညွတ်ထဲစာပြုံ ရောက် လို့နေပါတော့တယ်။
စွပ်ကျယ် အောက်က ဗလတောင့်တောင့်နဲ့ အသား အရေက တမူထူးခြားစွာ ဝင်းဝါပြီး ဆံပင်ရှည်တွေဖြင့် တအားကို လန်းနေတာ အက္ခရာပင် မနာလိုချင်မိလာပါ တယ်။ ဒါပေမယ့် မိုးညကတော့ အက္ခရာရဲ့ နောက်နား မှာသာကပ်နေပြီး မြင်သမျှကို ထူးဆန်းစွာ လိုက်ကြည့် နေပါတော့တယ်။
အိမ်ရောက်တော့ ဖွားဖွားကြီးကို ဝိုင်းကူခိုင်းပြီး သူက တော့ စာလုပ်စရာ ရှိတာလုပ်ဖို့ အပေါ်တက်ခဲ့ပါတယ်။ အတော်လေး ကြာလို့အောက်ဆင်းလာတော့ မြင်လိုက် ရတဲ့မြင်ကွင်းက ကျေနပ်စရာပါပဲ။
ဖွားဖွားကြီးက အသားတုံးလေးတွေကို ဆားနံနွင်းငြုပ် တို့နဲ့နယ်နေသလို ဘေးမှာ မိုးညက အရွက်တွေကိုခြွေ ပေးနေတယ်လေ။ ဖွားဖွားကြီးကတော့ ထုံးစံအတိုင်းသူ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေလေရဲ့။
" ဟား ဟား ဖွားဖွားကြီးက အခုအဖော်ရ နေတာပေါ့ နက်ဖြန်ကျောင်းသွားရင် သူ့ကိုခေါ်သွားမှာနော် ဒါပဲ "
" ခုလောလောဆယ်တော့ ဆိုင်ကယ်စီးတာ သင်ပေး လိုက်ပါဦးမယ် မိုးည လာခဲ့ ခြံထဲ သွားမယ် "
နောက်နေ့ ကျောင်းသွာတော့ မိုးညကို အဝတ်အစား သစ်တွေ ဝတ်ခိုင်းခါ ခေါ်သွားလိုက်ပါတယ်။ ဆိုင်ကယ် ကို မိုးညကို မောင်းခိုင်းလိုက်တယ်။ မနေ့က တညနေ လုံး လျှာထွက်အောင် သင်ပေးထားရကျိုး နပ်ပါတယ်။
ကျောင်းကို လျောလျောရှုရှုပဲ ရောက်ခဲ့လေရဲ့။ ဟဟ ကျောင်းကဟာတွေကြည့်လိုက်ကြတာ မျက်စိကျွတ်ပြီး ထွက်လာမလားတောင် မပြောတက်ပေ။ အက္ခရာကလဲ အကျေနပ်ကြီးကျေနပ်ခါ မိုးညကို လှဲ့နှုတ်ဆက်လိုက်ပါ တယ်။
" မိုးည -- နာရီအတိ ဒီနေရာကိုပဲ လာကြိုနော် ရပြီ ပြန်တော့ ဆိုင်ကယ်ကို ကောင်းကောင်းမောင်း --- "
" ဝူး - - - အား သေပါပြီဗျ "
မိုးည လီဗာကို စောင့်ဆွဲ လိုက်တာ ဆိုင်ကယ်က သူ့ ခြေထောက်ကို တက်ကျိတ်သွားတာမို့ အက္ခရာ ခွေခနဲ ပုံလဲ သွားပါတော့တယ်။
အက္ခရာရဲ့ အော်သံကြောင့်ရော ဆိုင်ကယ်ကစောင့် ထွက်သွားတာကြောင့်ပါ မိုးည လန့်ပြီး ဆိုင်ကယ်လီဗာ ကိုစောင့်စွဲလိုက်ရာ ကွေ့နေရာမို့ မကွေ့သွားပဲ ကျောင်း ရှေ့က ပန်းခြုံထဲ ဇောက်ထိုးကျပါလေတော့တယ်။
" အားးးးး ငါ့ဆိုင်ကယ် သွားပါပြီ ဟ့ "
မိုးည ပန်းခြုံထဲက အတင်းကုန်းထ လာတော့ သူ့ရဲ့ ဆံပင်မှာ သက်ရွက်တွေ သစ်ခက်တွေနဲ့ ဒီကြားထဲသူ့ ဘောင်းဘီက သစ်ကိုင်းလေးနဲ့ ညိနေတာမို့ စောင့်ဆွဲ လိုက်တာ ဖင်ပြဲသွားပြီး အတွင်းခံက မပါတာမို့ ဖင်သား တွေကိုဖွေးစွတ်စွာ မြင်နေရပါတယ်။ မိုးညကတော့ဘာ မှဂရုမစိုက်ပဲ သူ့စီသာ ပြေးလာနေပါတော့တယ်။
နောက်တနေ့ အက္ခရာ ကျောင်းလာတော့ ခြေထောက် မှာပတ်တီးနဲ့ ဆိုင်ကယ်ကို သူ့ဖာသာ မောင်းလာပါလေ ရဲ့။ မိုးညကိုတော့ မခေါ်ရဲတော့ပေ။ အစကတော့ ကြွား ချင်တာမို့ ခေါ်ခဲ့တာလေ။ သူတို့ကျောင်းမှာက ၄ ပုံ ၃ ပုံ လောက်က ယောက်ျားလေးတွေ ပြီးတော့ အချင်းချင်းပဲ ကြိုက်နေကြတာတွေ ကလဲ အတော်ပင်ပေါတာမို့လေ။
မနေ့က ခြေထောက် ဒဏ်ရာရလို့ ကျောင်းမတက် လိုက်ရတာ ဒိနေ့လဲ ကြရောကျောင်းမှာ သူ့ကိုမိုးညရဲ့ အကြောင်းတယောက်ပြီး တယောက်မေးနေကြတာမှ လက်မလည်အောင် ဖြေပေးရတယ်လေ။ မျက်နှာတွေ ပွင့်တာဆိုတာ ပြောမနေနဲ့ မုန့်တွေလဲ အတော်လေးကို စားလိုက်ရတယ် ဟိဟိ။
ညနေလဲ ရောက်ကော အိမ်ကို သူငယ်ချင်းတစ်စု စု ပြီးရောက်လာကြပါလေရော။သူ့အခန်းထဲမှာ အုန်းအုန်း ထနေကြတာပဲ။
" ဟျောင့်အက္ခရာ မင်းအကို ကိုခေါ်လိုက်ပါဦး ဟဲဟဲ ငါတို့နဲ့ မိတ်ဆက်ပေးလေ လုပ်ပါကွာ မင်းကလဲ "
" အေး မင်းတို့ တအားတော့ မကဲနဲ့နော် ငါ့အကိုက တအားအေးတာ ဘာမှသိပ်နားလည်တာ မဟုတ်ဘူး "
" အေးပါကွာ ငါအစစအရာရာ တာဝန်ယူပါ့မယ် "
" ဘာ - - - "
" ဖြေးဖြေးအော်ပါဟ့ လန့်လိုက်တာ "
" စေတနာပျက်အောင် မလုပ်နဲ့ လငတ်တွေ ဟင်း "
ကင်း , မိုက် , နန်ခါ နဲ့ ဒင်း တို့က သူနဲ့ တအားခင်ကြ တဲ့သူငယ်ချင်းတွေပါ။ သူတို့အားလုံးကလဲ အခြောက် တွေမဟုတ်ပေမယ့် ယောက်ျားခြင်းသာ စိတ်ဝင်စားကြ တာကိုယ့်အချင်းချင်းမို့ ပွင့်လင်းစွာ ပြောဆိုနေကြလေ။
" မိုးညရေ ဖွားဖွားကြီး စီက ကော်ဖီနဲ့ မုန့်ယူခဲ့ဦး "
ခနနေတော့ ကော်ဖီနဲ့မုန့်ဗန်းကို ယူပြီး မိုးညဝင်လာပါ တော့တယ်။ စွပ်ကျယ် ပွပွလေးနဲ့ ဘောင်းဘီတို ပေါင် လယ်လောက် ကိုဝတ်ထားပေမယ့် အတွင်းခံ မပါတာမို့ ဟိုကောင်တွေ မျက်လုံးတွေပြူး ပါးစပ်တွေ ဟခါ မျက်စိ တွေကအဓိက နေရာမှာသာစုပြုံနေတာမို့ မိုးည ရှက်ပြီး သူ့ဟာသူ မလုံမလဲငုံ့ ကြည့်လိုက်ပါတော့တယ်။
" ဝုန်း ခလွမ်း အားးးးး သေပါပြီဗျ ပူလိုက်တာ "
အောက်ကိုငုံ့ ကြည့်လိုက်တာမို့ မိုးညလက်ထဲကဗန်း ကလျှောကျကာ အက္ခရာ ပေါင်ပေါ်မှ တဆင့်ကြမ်းပေါ် ကို ပြုတ်ကျပါလေတော့သည်။
" ငါ့ကို အသေသတ်နေတာလား မိုးညရဲ့ အီးဟီးဟီး "
မိုးည မျက်နှာပျက်သွားပြီး ခေါင်းကိုအတင်းခါလိုက် ခါပြာပြာသလဲ အက္ခရာရဲ့ ဘောင်းဘီကို ဆွဲချွတ်လိုက် ပါတော့တယ်။ အနားမှာလဲ သူငယ်ချင်းတွေ ရှိတာမို့လို့ မိုးည ကုန်းအော်လိုက်ပြန်ပါတော့တယ်။
" အား ဖယ်စမ်း ဘာလုပ်တာလဲ အီးဟီးဟီး ဒုက္ခပါပဲ "
ဘာတခုမှ ပြန်မပြော ဘာမှလဲ မလုပ်တက်ဖြစ်နေတဲ့ မိုးည မျက်နှာလေးက ဇီးရွက်လောက်သာ ကျန်ပါတော့ တယ်။ ပေါင်ပေါ်ကို ကော်ဖီပူတွေ ကြတာမို့ အက္ခရာမှာ ခံစားရတာမသက်သာလှပေ။ ဖွားဖွားကြီး ရောက်လာမှ သူငယ်ချင်းတွေကိုအခန်းပြင် ထွက်ခိုင်းခါ ပေါင်ကိုဆေး လူးလိုက်ရပါတော့တယ်။
" ငါ့မြေးလေး ဟိုမတော်ရာတွေကော ထိသွားသေး လားဟင် အဲဒါဆို ဒီဆေးလေးကို မိုးညကို လူးခိုင်း "
မိုးညကဆေးကိုယူပြီး ခေါင်းငြိမ့်ပြပါတယ်။ ဖွားဖွားကြီး ထွက်သွား တော့ မိုးညက ရှေ့တိုးလာပါလေရော။
" ဖယ် အနားမကပ်နဲ့ ခများကျနော့ကို သေကြောင်း ကြံနေတာများပြီ သွား အနားလာ မကပ်နဲ့ ထွက်သွား "
မျက်နှာငယ်လေးနဲ့ ခေါင်းမငြိမ့် ခေါင်းမခါပဲ နောက် ကိုဆုတ်ခါ ဘီဒိုဘေး ဒေါင့်လေးမှာ ကပ်ပြီးရပ်နေတဲ့ မိုး ညကို အခန်းထဲ ပြန်ဝင်လာတဲ့ ဒင်း/ကင်း/မိုက်နဲ့ နန်ခါ တို့လဲ တွေ့ရော ကင်းက
" ဟင် မင်းအော်လိုက်တာလား အက္ခရာ ရာ "
" သနားပါတယ်လာ ကိုမိုးည ဒီကိုသူ့ကိုမကြောက်နဲ့ "
ဒင်းက မိုးည လက်မောင်းကို အသားယူကာ ဝင်ပြီးစွဲ ခေါ်နေပါတယ်။ နန်ခါကလဲ မိုးည ဘေးပြေးကပ်ခါ
" အေးကွာ သူ့ဗလကြီးနဲ့ ကြောက်တာတော့ မဟုတ်ပါ ဘူး စိတ်မကောင်း ဖြစ်သွားရှာတာနေမှာ လာ ကိုမိုး "
" နေ့ပေ့စေ ဟေ့ကောင်တွေ သူကငါ့ကို သေစေချင် နေတာ ငါဒုက္ခရောက်မှ ကျေနပ်မှာ ငါသေမှအေးမှာ "
အက္ခရာ ဝင်ပြောလိုက်တော့ မိုးည ခေါင်းလေးငုံ့သွား ရှာပါတယ်။ တကယ်ဆို အက္ခရာက မိုးညကို ချစ်တယ် ဆိုတာ ကို့ဖာသာသိပါတယ်။ ဒါပေမယ့် သူ့တလွဲလုပ် တဲ့ဟာတွေ ကိုလဲ ကြည့်ဦး လူကမသေရုံ တမယ်ပဲ။
ပ်ုဆိုးတာက ဟိုကောင်တွေကို ကြည့်မရတာလေ။ ကြွားလဲကြွားချင်တယ် အူတိုတာကလဲ သူ့အပြင်မရှိပေ ဟိုကောင်တွေကလဲ ကဲလိုက်ကြတာ ဒဏ်ရာရတဲ့ သူ့ ကိုမေးတာကနဲနဲ မိုးညကို တယောက်တမျိုး ဝိုင်းပြော၍ တတို့ရရ နှစ်တို့ရရ ဟိုထိဒီကိုင်နဲ့ ကြည့်ရတာ မျက်စိကို နောက်နေတာပဲ။
" ကဲ ဟေ့ကောင်တွေ ငါအိပ်တော့မယ် ပြန်တော့ "
" ငါမင်းကို စိတ်မချဘူး ဒီညငါဒီမှာ စောင့်အိပ်ပေးပါ့ မယ် နန်ခါတို့ ပြန်ကြတော့ "
" အေးဟုတ်တယ် ငါလဲ တအားစိတ်ပူနေတာ ဒင်းနဲ့ ငါအဖော်အိပ်မယ် မင်းတို့ပြန်ကြ "
" ဟေ့ကောင်တေ မင်းတို့လူလည် မကျနဲ့ အိပ်ရင်ငါ တို့လဲ အတူတူအိပ်မယ် ပြန်လဲ တူတူပြန်မာပဲ "
တစ်ယောက်တပေါက် ပြောဆိုငြင်းခုံနေ ကြပြန်တာမို့
" ကဲ အကုန်ပြန်ကြပါ ငါဘားမှမဖြစ်ဘူး သွားကြ "
အားလုံးကို အတင်းအော်တော့မှ ပြန်ကုန်ကြတယ်။ အားလုံးထွက် သွားကြတော့လဲ မိုးညက အခန်းဒေါင့်မှာ ရပ်လျက်ငြိမ်သက်နေဆဲ။ အမြင်ကပ်တာနဲ့ အက္ခရာ မီး ပိတ်ခါ အိပ်ရာပေါ်လှဲ အိပ်လိုက်ပါတော့တယ်။ ထိုစဉ် မှာပဲ လက်ခနဲ အရာတစ်ခုကို မိုးည မျက်နှာမှာတွေ့ရပါ တော့တယ်။
" ဟင် မိုးည လာဦး ဒီနားကို မြန်မြန် လာဦး "
မိုးည သူ့နားကို ချက်ခြင်းရောက်လာ ပါတော့တယ်။ သူ မိုးည ပါးကို ကိုင်ပြီးပွတ်ကြည့်တော့ ဘာမှမရှိပါဘူး။
" ခုန ကျနော် ခများ မျက်နှာမှာ လက်ခနဲ တွေ့လိုက် တယ် အဲဒါဘာလဲ မိုးည "
မိုးညက သူ့လက်ဖဝါးကို အက္ခရာရှေ့မှာ ဖြန်ပြလိုက် တော့ တလက်လက်တောက်နေတဲ့ အတုံးဖြူဖြူလေး တွေ ကိုင်ကြည့်တော့ မာနေတာမှ ကြောက်လေးတွေ လိုပါပဲ။ သူ မိုးညကို ဖြတ်ခနဲ မော့ကြည့်လိုက်ပြီးမှ
" ခများ ငိုလိုက်တာလား မိုးည အဲဒါကြောင့်ဒါတွေကျ လာတာလား ဟုတ်လား "
မိုးည ခေါင်းငြိမ့်ပြ လာတော့ အက္ခရာ စိတ်မကောင်း ဖြစ်သွားခါ မိုးညကို သိမ်းဖက်လိုက်တော့ မိုးညကလဲသူ့ ကိုတင်းနေအောင် ပြန်ဖက်ထားပါတော့တယ်။
" မိုးညရယ် ခများနောက်ခါ ကျနော့်ကြောင့် မျက်ရည် မကျစေရပါဘူးဗျာ နော် ကျနော်လဲ အသားတအားနာ လို့ စိတ်တိုပြီး အော်လိုက်မိတာပါ မငိုနဲ့တော့နော် "
မိုးည သူ့ကိုဖက်ထားရင်းက ခေါင်းငြိမ့်ပြ လာပါတယ်
" လာဒီမှာ ကျနော်နဲ့ပဲ အတူတူအိပ်တော့နော်နောက် ပြီး နောက်ခါ ဘာပဲလုပ်လုပ် ဂရုစိုက်လုပ်နော် မိုးည "
ခလေးတစ်ယောက်ကို သင်သလို သင်ပေးနေမိတယ်။
" မလုပ်တက်ရင် မလုပ်တက်ဘူးလို့ ခေါင်းခါပြီးငြင်းလို့ ရတယ် ဘာမှ မဖြစ်ဘူး သိလား အိပ်တာလဲ သတိထား ကျနော့ ခြေထောက်ကို လာထိနေဦးမယ် နော် "
ခလေးလေးတစ်ယောက်လို ခေါင်းကိုတဆတ်ဆတ် ငြိမ့်ပြ ပြန်တော့လဲ သနားစရာ လေးပါပဲ။ အက္ခရာ မိုးည ရဲ့ခေါင်းလေးကို ဖက်လိုက်ခါ ဆံနွယ်ရှေ တွေကိုပွတ်ခါ ပေးနေမိပါတော့တယ်။
မနက်မိုးလင်းတော့ ဖွားဖွားကြီးက မိုးညကို မနက်စာ နွားနို့ တိုက်ပြီး အက္ခရာကို လဲ မုန့်နဲ့ကော်ဖီ အချို့ပြင် ဆင်ပြီး ကျွေးနေတုန်း ဘဲလ် တီးသံကြား လို့ကြည့်မှ ဟို မြောက် ၄ ကောင် စောစီးစွာ ရောက်လာပြန်ပါတယ်။
" အက္ခရာ ကျောင်းတက်နိုင်ရဲ့လားလို့ လာကြည့် တာပါ ဖွားဖွားကြီး "
" အေး လာလာ ခနနေမှ ဖွားဖွားကြီး ကားနဲ့လိုက်ပို့ ပေးမလို့ပဲ သားတို့ ခေါ်ရင်လဲ ခေါ်သွားလေ မြေးလေး သူတို့နဲ့ ပဲ လိုက်သွားမလား "
" ဟုတ် သားကျောင်းအင်ကျီ သွားလဲ လိုက်ဦးမယ် "
ထော့ကျိုးထော့ကျိုးနဲ့ အပေါ်ထပ် တက်တော့ဘေးမှ မိုးညက လာတွဲပေးပါတယ်။ မိုးည ထလာတော့ ဟို ၄ ကောင်ပါ လိုက်တာ လာတာမို့ အခန်းဝရောက်တော့
" ငါအင်ကျီလဲ မလို့ပါဆို မလိုက်ခဲ့နဲ့ ခွေးကောင်တွေ မိုးည တံခါးတခါထဲ ပိတ်လိုက် "
" ဒုန်းးးး အားးးလားလား သေပါပြီ သေပါပြီဗျ အီး "
မိုးည ပြာပြာသလဲ ဖြစ်သွားတော့ အက္ခရာ အော်နေ ရင်းက မိုးညကို တံတောင်နဲ့ တွတ်ခါ တံခါးဝကိုမေးငေါ့ ပြပါတယ်။ မိုးည တံခါးပိတ်လိုက်တာ အက္ခရာ လက်ကို ညှပ်ပိတ်ထား တာပါ။
မိုးည မျက်လုံးပြူးသွားကာ တံခါး ကို အမြန်ပြန်ဖွင့်ခါ အက္ခရာ လက်ကို လာကိုင်ပါတယ်။
အက္ခရာ ပုတ်ထုတ်လိုက်ပါတယ်။ ဖွားဖွားကြီး တက် လာပြီး ပွစိပွစိနဲ့ ဆေးလိမ်းပေးပါတော့တယ်။ ဟိုငတိ ၄ ကောင်လဲ နှမ်းဖြူးနှာဘူး ပြီးကျောင်းလစ်သွားပါလေရဲ့ အက္ခရာကတော့ ကျောင်းမတက်နိုင်ပြန်ပါဘူး။
" မိုးညရယ် နင်လုပ်လိုက်ရင် အမြဲတမ်း တလွဲတွေပဲ ကြာရင် ငါ့မြေးလေ သေရချည်ရဲ့ဟယ် ဒုက္ခပါပဲ "
မိုးည ကုတင်ဘေးကို လာတော့ အက္ခရာ ကုတင်မှာ ထိုင်နေရာကနေ နောက်ကိုကပ်လိုက်ပြီး
" မလာနဲ့ မလာနဲ့ အဲ့နားမှာပဲနေ ဟင်း စိတ်ညစ်တယ် သေသာသေလိုက် ချင်တော့တယ် ဟင့်အီးဟီး "
မိုးည မျက်နှာငယ်လေးနဲ့ ကုတင်ခြေရင်းမှာ ရပ်နေပါ တော့တယ်။ စိတ်တွေလဲ ညစ်လှပါပြီ ဘယ်လိုလုပ်ပြီးဒီ လိုပုံစံနဲ့ ရှေ့ဆက်သွားရမှာလဲ မိုးညရယ်။
" ဖွားဖွားကြီး အောက်ဆင်းရင် သူ့ကိုခေါ်သွား "
" အေးပါဟယ် ပြီးရော ပြီးရော လာ မိုးည သွားမယ် အောက်မှာ ဖွားဖွားကြီးကို ဝိုင်းကူ လုပ်ပေးနော် "
မိုးည ခလေးငယ် တစ်ယောက်လို ခေါင်းလေးငြိမ့်ခါ ဖွားဖွားကြီး နောက်ကနေ လိုက်သွားပြီး အခန်းဝရောက် တော့ အက္ခရာကို လှဲ့ကြည့်ပါတယ်။ အက္ခရာ နှုပ်ခမ်းပဲ မဲ့ပြလိုက်ပါတော့တယ်။
" လာ လာ မိုးညရေ နင်ကလဲ လုပ်လိုက်ရင် တလွဲ ဟိုကလဲ ဘာတွေဘလို ဖြစ်နေလဲ မသိဘူး ငါနဲ့နေရင် နင်ကအကောင်း သူနဲ့ဆို ဖြစ်ပြီ ဟင်း ရေခဲသေတ္တာထဲ က အောက်ဆုံးမှာ မနက်ကဝယ်ထားတဲ့ ငါးကျင်းငါး ရှိ တယ် ဒီကိုယူခဲ့ "
မိုးည ရေခဲသေတ္ကာကိုဖွင့်ပြီး မျက်နှာပျက်သွားပါရဲ့။
ငါးကျင်းကြီးက အေးစက်တောင့်တင်း နေတာကြီး ပြီးတော့ အကောင်လိုက် စိတ်ထဲမှာ တမျိုးကြီးဖြစ်လာ ပါလေရော။ ငါးကိုအမှီးကနေ လက်ဖျားလေးနဲ့ ကိုင်ခါ ဖွားဖွားကြီး ရှေ့မှာ ပစ်ချလိုက်ပြီး ဘေစင်ကိုပြေးခါ ဝေါ့ ခနဲ ထိုးအန် လိုက်ပါတော့တယ်။
" အမလေးဟဲ့ သူများစားမယ့်ဟာကို အဲ့လိုလုပ်ပြနေ တော့ငါက ဘယ်လိုလုပ်ရပါ့မလဲ စိတ်ညစ်ပါတယ် "
ဖွားဖွားကြီး ပွစိစိလုပ်ခါ ငါးကိုပြန်ထည့်ပြီး ဝက်သား အသားပြားကို အတုံးလေးတွေ တုံးရေဆေးနေပါတယ်။
" အဲဒိမှာ ကြက်သွန်နီကို ကျိတ်စုံနဲ့ ကျိတ်မနေ့ကပြ ထားသလို သေချာလုပ်နော် မိုးည "
မိုးည ခေါင်းကို ငြိမ့်ခါကြက်သွန်နီကို ခွါပြီးအတုံးလေး တွေလှီးခါ ကျိတ်စက်ထဲ ထည့်ခါ ကျိတ်နေတုန်း မျက်စိ ထဲကြက်သွန်ဖတ်က ဝင်လာတာမို့လို့ အားခနဲ အော်ပြီး နောက်ကိုဆုတ်လိုက်တာ ဖွားဖွားကြီးရဲ့ တင်ပါးကိုအား နဲ့စောင့် လိုက်သလို ဖြစ်တာမို့ ဖွားဖွားကြီး မျက်နှာက သူ ဆားနနွင်း ငြုပ်သီးမယ်နေတဲ့ ဝက်သားဇလုံထဲ စိုက် သွားပါတော့တယ်။
" အမလေးတော့ စပ်လိုက်တာ ရေ ရေခပ်ပြီး လောင်း ပေးစမ်းပါ မြန်မြန် မြန်မြန် မြန်မြန်လုပ် "
မိုးည အနားမှာတွေ့တဲ့ ရေတဝက်ခန့် ရှိတဲ့ ရေပုံးကို ယူခါ ဖွားဖွားကြီး မျက်နှာကို ဝုန်းခနဲ လောင်းချလိုက်ပါ တယ်။ အစောနကမှ အစိမ်းကြော် ကြော်ရန် အသီးရွက် တွေဆေးထားတာ မို့ခေါင်းမှာ အဖတ်တွေကပ်ပြီးတော့ တကိုယ်လုံး ရွှဲနစ်သွားပါ တော့တယ်။
" အမလေးလေ မိုးညရဲ့ အက္ခရာကို လုပ်လို့မဝလို့ငါ့ ကိုပါ အသေသတ်နေတာလား ဟဲ့ အီးဟီး "
မိုးည ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပေ။
အောက်ထပ်က အသံတွေကြောင့် အက္ခရာဆင်းလာ တော့ မြင်ကွင်းတွေက မကောင်းပေ။ ခြေထောက်အနာ ကတမျိုး ပေါင်ကအပူလောင်တက တဖုံ လက်ကလဲနာ နဲ့ ဘာမှကို မလုပ်နိုင်ပဲ လှေခါးရင်းမှာသာ ထိုင်ချခါ သူ့ နှဖူးကိုသာ သူရိုက်ချ လိုက်မိပါတော့တယ်။
ခေါင်းကို ရေထိတာ တော်ရုံမခံနိုင်တဲ့ ဖွားဖွားကြီးမှာ နောက်ရက်ကျတော့ ဖျားပါလေတော့တယ်။ နန်ခါတို့ လာပြီး ဝိုင်းပြုစုပေးကြပါတယ်။ အက္ခရာလဲ ကျောင်းက ပျက်တာတွေ များနေတော့ ဖွားဖွားကြီးကို မိုးညနဲ့ထား ခဲ့ပြီး ကျောင်းကို ဒင်းတို့နဲ့ လိုက်ခဲ့ပါတော့တယ်။
မုန့်စားနားတဲ့ချိန် အက္ခရာတို့ အဖွဲ့တွေ ထိုင်နေတုန်း မိုးည ဆိုင်ကယ်နဲ့ ရောက်လာပါတော့တယ်။ မျက်နှာက လဲ ပျက်နေတာမို့ ဒင်းက
" ကိုမိုးည ဖွားဖွားကြီး တခုခုဖြစ်လို့လား ဟင် "
မိုးည အက္ခရာကိုပဲ ကြည့်ခါခေါင်း ငြိမ့်ပြလိုက်ပါတယ်
" အခြေအနေ တော်တော်ဆိုးလို့ ထင်တယ်ကွ "
ကင်းရဲ့စကားကိုလဲ ခေါင်းငြိမ့်ပြပြန်ပါတယ်။
" ဟာ ဒါဆို သွားပြီနဲ့ တူပါတယ်ကွာ "
" ဟာကွာ ပေါက်ကရတွေ "
နန်ခါရဲ့စကားကို မိုက်ကဝင်ဟန့်တော့ မိုးညအတင်း ခေါင်းဝင့်ငိမ့်ပြတာမို့ အားလုံးမျက်လုံးတွေ ပြူးကုန်ခါ
" ဟာ ဒါဆို အက္ခရာအမြန်လိုက်သွားတော့ ငါကလူကြီး တွေလိုပ်ခေါ်မယ် ကင်းက နာရေးအသင်းကို ဖုန်းဆက် မိုက် မင်းကျောင်းက ဆရာတွေကိုပြော ခွင့်တောင်းပြီးမှ လိုက်ခဲ့ ကဲသွားကြမယ် "
နန်ခါ ဆရာကြီး လုပ်ခါအစီအစဉ်တွေဆွဲ နေပါတော့ တယ်။ အက္ခရာ ဘယ်လိုမှ မယုံနိုင်စွာနဲ့
" နေ နေ ကြပါဦးကွာ မဟုတ်လောက်ပါဘူးကွာ "
မိုးည ခေါင်းကိုဝင်ငြိမ့်ပြ ပြန်ပါတော့တယ်။ အက္ခရာ ငို ပါလေပြီ။ ကျန်တဲ့သူတွေလဲ အကုန်လုစု ခွဲကြပြီပေါ့။ အက္ခရာအိမ်ပြန်လဲရောက်ရော ကုတင်ပေါ်မှာ တုံးလှဲခါ နေတဲ့ ဖွားဖွားကြီးကို တွေ့ရပါတော့တယ်။
" ဟာ ဖွားဖွား ဖွားဖွားကြီး ဘာမှမဖြစ်ဘူးနော် ဟာဗျာ တော်သေးတာပေါ့ ဒီမှာ မိုးည အတင်းလာခေါ်တော့ သားတို့က ဟင်း မိုးည မိုးည "
" ငါခေါ်ခိုင်းတာလေ ဘာဖြစ်လို့လဲ ညီညီရဲ့ ပြနေကြ ဆရာဝန်က နေ့လည်ပိုင်းပဲ အားမယ်ဆိုလို့ နင့်ကိုလိုက် ပို့ခိုင်းမလို့ အဲဒါဘာဖြစ်လို့လဲ "
" ဟင်းးး ဘာမှမဖြစ်ဘူး ဘားမှမဖြစ်ဘူး မိုးည မိုးည "
တအောင့်လောက်လဲ နေရော နာရေးကားရော ဒင်း တို့မိဘတွေကော စုပြုံရောက်လာကြတာမို့ အားလုံးကို အတင်းတောင်းပန်ကာ ပြန်လွှတ်လိုက်ရပါတော့တယ်။ လူတွေအကုန်ရှင်းတော့ မှောင်စပင်ပျိုးခြေပြီ။
" ဟဲ့ ညီညီ နင့်လူကို အခုချက်ခြင်း ပြန်လွှတ်လိုက်ငါ လုံးဝ လက်မခံနိုင်တော့ဘူး အမလေး သေကြောင်းကြံ တာမဝလို့ ငါ့ကို သင်္ချိုင်းပါ တစ်ခါထဲ ပို့နေပြီဟဲ့ ငါ့နဲ့နော် သေခါနီးမှ အတင်းကို သေခိုင်းနေကြပါလား "
မိုးညကို မောင်းထုတ်ဖို့ ကြတော့ စိတ်ဆိုးပေမယ့်လဲ သူ့ဘဝကိုသိနေတော့ အက္ခရာ မမောင်းထုတ်ရက်ပါ။ နောက်ပြီး အက္ခရာ မိုးညကို ချစ်တယ်။ မိုးညရယ်။
" နင်မသွားခိုင်းရင် ငါမောင်းထုတ်မယ် မိုးည နင်အခု ငါတို့အိမ်က ထွက်သွား နင့်ဖာသာကြိုက်တာ လုပ်စား ကြုံရာမှာနေ ဒိမှာ ကြာကြာနေရင် ငါတို့ပါသေကုန်လိမ့် မယ် သွားပါတော့ ကြွပါတော့ ကိုမိုးညရယ် ပြန်ပါတော့ ဟဲ့ ပြန်ပါတော့ "
မိုးညခေါင်းလေးငုံ့ကာခြေစုံရပ် လက်ပိုက်ရပ်နေဆဲပါပဲ။
" ခများထွက်သွားလိုက်ပါတော့ မိုးညရာ သွားလိုက်ပါ "
အက္နရာရဲ့ စကားလဲ ဆုံးရော မိုးည အက္ခရာကို မော့ ကြည့်လာတဲ့ မျက်လုံးတွေက ရီဝေငေးမောစွာနဲ့ပေါ့။ မျက်လုံးလေးမှာ ငွေ့ရည်တွေ ယှက်သန်းပြီး တလက်၂ နဲ့ လက်လို့နေပါတယ်။
အက္ခရာ ခေါက်းအငြိမ့်မှာ မိုးည ထွက်ခွါသွားပါတော့ တယ်။ အက္ခရာက ထလိုက်မယ် လုပ်တော့ ဖွားဖွားကြီး က လက်ကိုဆွဲ ထားပါတယ်။ မိုးည ထွက်သွားပြီ။ ဟင် အပြင်မှာ မိုးတွေရွာနေတယ်။
ရေတွေနဲ့ထိရင် သူအဆင်ပြေပါ့မလား။ သူဘယ်ကို သွားမှာလဲ။ ဖွားဖွားကြီး စိတ်ကျေနပ်အောင် အနားမှာ ခနနေပေးပြီးတော့မှ အက္ခရာ ဖွားဖွားကြီးလဲ အိပ်ပျော် သွားရော အက္ခရာ အိမ်ကနေ အမြန်ပြေး ထွက်လာမိပါ တော့တယ်။ ခများ ဘယ်ရောက်နေလဲ မိုးညရေ။
မိုးရေတွေ ထဲမှာဘယ်ဘက်ကို လိုက်ရမလဲ မတွေး တက်ပေ။ ဒုက္ခပါပဲ။ အက္ခရာ စိတ်ထဲမှာ ပထမဆုံးမိုးည နဲ့တွေ့ခဲ့တဲ့ နေရာလေးကို သတိရခါ အပြေးလိုက်လာခဲ့ ပေမယ့် အရိပ်အယောင်ပင် မတွေ့ရပေ။
" မိုးည ရေးးးးး မိုးည မိုးည--------------- ဒိန်း "
အက္ခရာရဲ့ အော်သံ နောက်မှာ မိုးချိန်းသံက ကပ်လို့ပါ လာသလို အက္ခရာလဲ သောင်ပြင်ပေါ်မှာ ဒူးထောက်ချ လိုက်ပါတော့တယ်။
" မိုးညရယ် ခများ ပြန်သွားပြီလား ခများကို ကျနော် ထက်မတွေ့ရတော့ ဘူးလားဗျာ ကျနော့ကို ထာဝရခွဲခွါ သွားပြီလားဗျာ ကျနော့ဆီကို ပြန်လာပါ "
ဒူးထောက်ထားရာကနေ အက္ခရာ ပက်လက်လှန်လှဲ ချလိုက်ပါတော့တယ်။ မိုးရေစက်တွေက အက္ခရာ မျက် နှာပေါ်တပေါက်ပေါက် ကျလို့လာပါတော့တယ်။
မိုးညရယ် ခများကို ကျနော်ချစ်တယ် ခများကိုကျနော် မခွဲနိုင်ဘူး ခများ ကျနော့်ကို ခွဲမသွားပါနဲ့ဗျာ။ နားထဲမှာ အက္ခရာရဲ့ နာမည် ခေါ်သံကိုကြား မိတယ် ဘယ်သူလဲ ဘယ်သူခေါ်နေတာလဲ မိုးသံလေသံတွေနဲ့ ရောနေလို့
" အက္ခရာရေး အက္ခရာ အက္ခရာ "
ဟင် ဒါ ဒင်းတို့ မိုက်တို့ အသံတွေပဲ ဘာများဖြစ်လာပါ လိမ့် အရေးတကြီးအော်နေသလိုပဲ ဒါ့ကြောင့် အက္ခရာ ထိုင်ရာကနေ အမြန်ထပြီး အသံလာရာစီကို လာခဲ့ရပါ တော့တယ်။
" ဒင်း မိုက် နန်ခါ ဘာဖြစ်တာလဲ ငါဒီမှာဟေ့ "
" အက္ခရာ ဟားး မောလိုက်တာကွာ ဟူး "
" အက္ခရာ မိုး မိုး "
" အေး မိုးရွာနေတာ သိရဲ့သားနဲ့ မင်းတို့က ဘာလို့ ထီးမယူ မိုးကာမဝတ်ပဲ ထွက်လာလဲကွ ခွီးးပဲ "
" မဟုတ်ဘူးဟ့ အမေလေး မောရတဲ့ထဲ သူကတမျိုး "
" မိုးညကို ငါတို့တွေ့ခဲ့တယ် "
" ဘာ "
" ဟုတ်တယ် အက္ခရာ သူ့ကို မင်းတို့လမ်းထိပ်နားက မြောင်းထဲမှာ တွေ့တာ သူ သူ လူတပိုင်း ငါးတပိုင်းကြီး ဖြစ်နေတယ် အဲဒိနားမှာ ကင်းကို စောင့်ခိုင်းခဲ့ပြီး မင်းကို ငါတို့လိုက်ရှာနေတာ အိမ်မှာလဲ မရှိလို့လေ "
ဒါဆိုသူခုန ထွက်ခဲ့တဲ့ဘက်မှာ မဟုတ်ဘူးပေါ့။ သူခုမှ အတင်းထပြေးပါတော့တယ်။ လမ်းထိပ်ရောက်တော့မှ ကင်း ကိုတွေ့ပါတော့တယ်။
" အက္ခရာမြန်မြန်လာ သူဒီတံတား အောက်မှာရှိတယ် လူတွေမြင်မှာ စိုးလို့ အထဲဝင်နေခိုင်းထားတာ "
အက္ခရာ မြောင်းထဲဆင်းပြီး တံတားအောက်ကိုကြည့် လိုက်တော့ ခပ်နိမ့်နိမ့် တံတားရဲ့ မြောင်းလေးဘေးမှာ ကပ်ပြီး ထိပ်လန့်နေတဲ့ မိုးညကို တွေ့ရပါတော့တယ်။
အက္ခရာ တံတားအောက်ကို ဝင်လိုက်ခါ မိုးညကိုဖက် လိုက်ပါတော့တယ်။ မိုးည ကလဲသူ့ကို အတင်းပြန်ဖက် ထားပါတော့တယ်။
" မိုးညရယ် ခများကို သနားလိုက်တာဗျာ "
မိုးညကတော့ ဘာမှပြန်မပြောပေ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစုံပြီးအတော် ကြာကြာ စိုက်ကြည့်နေမိ ကြတယ်။
မိုးညက အက္ခရာကို ခေါင်းငြိမ့်ပြတယ်။ အက္ခရာက
" ခများကို ကျနော်ချစ်တယ် မိုးညရယ် "
အဲဒိညက သူတို့အချိန်အတော်ကြာ တံတားအောက် မှာနေလိုက်ရသလို ဒင်းတို့အဖွဲ့ကလဲ တညလုံးထိုင်ပြီး စောင့်ပေးကြပါတယ်။ သူတို့လဲ တအားစိတ်ဝင်စားနေ ကြတာကိုး မိုးတိတ်မှ သူတို့ကို သေချာရှင်းပြ ရတယ်။
ပြီးတော့ မိုးည နေဖို့နေရာ ရှာရတော့တယ်။ ဒင်းတို့ ကတော့အတင်း တာဝန်ယူချင်ကြ ပေမယ့် သူစိတ်မချ။ နောက်ဆုံးတော့ သူ့အိမ်ကိုပဲ ခေါ်ခဲ့လိုက် မိပါတော့ရဲ့။ မတက်နိုင်ဘူး ဖွားဖွားကြီး မသိအောင် ခနထားပြီးတော့ နောက်မှ ပြန်၍ နားချဖျောင်းဖျရ ပေတော့မည်။
မတက်နိုင်ဘူး သူကမှ သူများနဲ့မိုးညကို စိတ်မချတာ ကိုး။ ဟိုကောင်တွေ ကိုလဲ မနဲကို နှုတ်ပိတ်ထားရသေး တယ်။ အိမ်ပြန်ရောက်တော့ ဖွားဖွားကြီး နိုးနေတာမို့လို့ အဆူခံရသေးတယ်။ မိုးည ကိုတော့ သူ့အခန်းထဲမှာပဲ နေခိုင်းလိုက်ရတယ်။
ဘာပဲပြောပြော သူချစ်တဲ့ မိုးညကို ပြန်တွေ့လာရလို့ သူအရမ်းကျေနပ်ပါတယ်။ ပျော်လဲပျော်တယ် တကယ် လို့ဒိတိုင်းသာ မိုးညထွက်သွားရင် သူဘယ်မှာ လိုက်ရှာ လို့ရှာရမှန်းသိမှာမဟုတ်ဘူး။ နောက်ခါတော့ ဒါမျိုးမဖြစ် အောင် ဂရုစိုက်ရပေတော့မည်။ ဒါမှလဲ - - -
ဖွားဖွားကြီး နေကောင်းလာတဲ့ ထိစောင့်ခါ မိုးညနေဖို့ ထပ်မံတောင်ဆို ရပြန်ပါတယ်။ ဒီတခါမှာတော့ ဒိတိုင်းမ ရတော့တာမို့ မိုးညအကြောင်းကို အမှန်တိုင်း ဖွင့်ပြောပြ လိုက်ရပါတော့တယ်။
" ဘုရား ဘုရား မြတ်စွာဘုရားကယ်တော် မူပါ ငါဖြင့် ငါ့တစ်သက် ရေသူမပဲ ကြားဖူးတာ ဒါတောင် ဒဏ္ဍာရီပါ တခါမှ မမြင်ဖူးဘူး နင့်ဟာက ဟုတ်ကော ဟုတ်ရဲ့လား ဟယ် ညီညီရဲ့ "
" သိတယ် လာဖွားဖွားကြီးကို လက်တွေ့ပြမယ်လာခဲ့ "
အက္ခရာတို့နောက်ဖေး ခြံထဲမှာက ပန်းပင်လေးတွေ နဲ့ ၁၀ ပေပတ်လည် ဘဲဥပုံရေကူးကန်လေး ပါရှိတယ်။ ဒီနေရာက ကမ်းခြေနဲ့နီးတဲ့ တောမြို့လေးမို့ ခြံတွေက လဲကျယ်ပါတယ်။
အက္ခရာနဲ့ ဖွားဖွားကြီး ခြံထဲရောက်တော့ မိုးညကန် ဘောင်ပေါ် လက်လေးတင်ပြီး ကြည့်နေပါတယ်။ သူ့ နားကိုရောက်တော့ အက္ခရာက ခေါင်းငြိမ့်ပြလိုက်ရာ စိမ်းပြာရောင် လက်နေတဲ့ ငါ့မှီးကြီး ရေကန်ထဲကနေ ထောင်ထွက်လာ ပါတော့တယ်။ အမှီးက လူတစ်ရပ်ခန့် ရှိတာမို့ အတော်ကိုလှပါတယ်။
ဖွားဖွားကြီး အသံပင်မထွက်နိုင် ဟနေတဲ့သူ့ပါးစပ်ကို လက်နဲ့အုပ်ပြီး မျက်လုံးကြီးပြူး ကြည့်နေပါတယ်။ အဲဒိ ချိန်မှာပဲ မိုးညက ကန်ဘောင်ပေါ် တက်ထိုင်လိုက်ရဲ့။ သူ့အကြေးခွံတေက ခါးအထိဖုံးနေကာ အမှီးကြီးကလဲ တလှုပ်လှုပ် တဖျတ်ဖျတ်နဲ့ပေါ့။ အက္ခရာကတော့ဖြင့် သေချာကြည့်ကာ ပြုံးနေလိုက်တာ မျက်နှာပါမကမျက် လုံးတွေပါ တလက်လက်ထနေတာပဲ။
မိုးည လှဲ့ကြည့်လိုက်တော့ အက္ခရာ ခေါင်းထပ်ငြိမ့်ပြ လိုက်ရာ မိုးညသူ့အမှီးကြီးကို ၃/၄ ချက်ခါလိုက် ပါရဲ့။
အဲဒိနောက် မျက်စိအောက်မှာပဲ အမှီးကြီးပျောက်ခါ လူသားပုံပေါက်ပြီး ကိုယ်တုံးလုံး ကျုံ့ကျုံ့လေးထိုင်နေ တာမြင်ရပါတော့တယ်။
" င င ငပူတင်း ငပူ တင်း အင်း "
" ဟာ ဖွားဖွားကြီး ဖွားဖွားကြီး မိုးည လာဝိုင်းသယ် "
မိုးညကို ကြည့်ခါ သတိလစ်သွားတဲ ဖွားဖွားကြီးကိုသူ နဲ့မိုးည အတူသယ်ပြီး အိပ်ခန်းကို ပို့လိုက်ပါတယ်။ အိပ် ခန်းကုတင် ပေါ်လဲရောက်ရော ဖွားဖွားကြီးကို ကုတင် ပေါ်အသာချနေတုန်း သတိယလာပါတယ်။
ဖွားဖွားကြီး မျက်စိလဲဖွင့်လာကော သူ့ခေါင်းဘေးမှာ အဝတ်မပါ ကိုယ်တုံးလုံးနဲ့ ရပ်နေတဲ့ မိုးညရဲ့ ဘာကိုမြင် လန့်သွားတယ် မသိပေ။ တဆတ်ဆတ်နဲ့ တုန်ခါသတိ ပြန်လစ်သွား ပြန်တော့သည်။
" ဟာ သတိလစ်သွားပြန်ပြီ မိုးည အဝတ်သွားဝတ်ခဲ့ ငါဖုန်းဆက်လိုက်အူးမယ် ဆရာဝန်ဆီကို "
မိုးညခေါင်းငြိမ့်ခါ ထွက်သွားပါလေတော့တယ်။ ဟူး စ ထဲက ယဉ်သကိုး ဆိုသလိုဖြစ်နေပြီ မိုးညရယ်။ ခများနဲ့ တော့ခက်ပါတယ်။
နောက်နေ့ ကျောင်းရောက်တို့ သူလဲရောက်ရောဒင်း တို့ လေးယောက် မျက်နှာတွေ ပျက်နေကြတာတွေ့ရပါ တယ်။ တခုခုတော့ တခုခုပဲ။
" ဘာတွေ ဖြစ်နေကြတာလဲ မင်းတို့က "
" ဘာ ဘာမှ မဖြစ် ပါဘူး ကွ ဟဲ "
နန်ခါ ဝင်ပြောတာကို မိုက် ကအတင်းဝင်ပြီးငြင်းပြန်ရဲ့
" ဘာမဖြစ်ရမှာလဲ အဲဒိကောင် နန်ခါ မိုးညအကြောင်း ကို သူ့လင် မာခန် ကိုသွားပြော မိတယ်တဲ့ သူ့လင်က ဟိုကောင် နမ်ပိ တို့နဲ့ တဖွဲ့ထဲ မို့ ဒီကောင့်ကို ငါတို့ဝိုင်း ပြီး ဆဲနေကြတာ "
နမ်ပိ ဆိုတာက သူတို့အဖွဲ့နဲ့ လုံးဝမတည့်တဲ့ကောင် တွေအဖွဲ့ပါ။ အဲဒိကောင်တွေက သူတို့က်ု မယှဉ်နိုင်လို့ တွေ့တာနဲ့ အခြောက်တွေဘာတွေဆိုပြီး မခံချင်အောင် စစနေတာလေ။ တွေ့တိုင်းပြသနာ ဖြစ်နေရတာ အဲဒိ့ ကောင်တွေက အကျင့်ကလဲ ပုတ်သေးတယ် မိုးည ရဲ့ အကြောင်းသိရင် ဒိတိုင်း ငြိမ်နေကြမှာ မဟုတ်ပေ။
" ငါတောင်းပန်ပါတယ်ကွာ ရေသူမအကြောင်းငြင်း ကြရင်းနဲ့ ငါမခံချင်တာနဲ့ ပြောပြလိုက်မိတာပါ ငါ့ကိုစိတ် မဆိုးပါနဲ့နော် အက္ခရာ နော် နော် "
အက္ခရာ ဘာမှမပြောပဲ အိမ်ကိုပဲ လှဲ့ပြန်လာခဲ့မိတယ်။ မိုးညကို အနေအထိုင် သတိထားခိုင်းရ ပေတော့မည်။ နန်ခါ အတင်းလိုက်တောင်းပန်နေတာကို လက်သာပြခဲ့ လိုက်ပါတယ်။ တနေ့မဟုတ် တနေ့ဖြစ်လာမှာကိုတော့ သူလဲ ကြိုတွေးမိခဲ့ပါတယ်။
အိမ်ရောက်တော့ သူ မိုးညကို အတင်းအော်ခေါ်မိရဲ့
" မိုးညရေ မိုးည မိုးည လာဦး မိုးည "
" ဟဲ့ ဟဲ့ အဲဒါက ဘာဖြစ်လာတာလဲ ညီညီရဲ့ အမော တကောနဲ့ အလန့်တကြား "
" မိုးည ဘယ်သွားတာလဲ ဖွားဖွားကြီး "
မေးနေတုန်းမှာပဲ မိုးည ရောက်လာပါတယ်။ အက္ခရာ သက်ပြင်းကို ချလိုက်ခါ
" ဖွားဖွားကြီးရေ မိုးညက ရေသူထီး ဆိုတာကို နန်ခါ ကသူ့သူငယ်ချင်းတစ်ယောက်ကို ပြောမိတယ်တဲ့ အဲဒိ ကောင်က သားတို့နဲ့ လုံးဝမတည့်ဘူး အဲဒါကြောင့်သူ တို့တခုခု ပြသနာရှာမှာ ကျိန်းသေတယ် အဲဒါ မိုးညကို သတိနဲ့နေဖို့ သွားဖို့လာဖို့ သတိလာပေးတာ ဖွားဖွားကြီး လဲ သူ့ကိုသေချာကြည့်ထာပေး ဦးနော် "
" ဟယ် ဒုက္ခပါပဲ ငါစိတ်ညစ်လိုက်တာ ညီညီရယ် "
မိုးညကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ပေါ့ ဖွားဖွားကြီးကလဲ မိုးညကို သံယောဇဉ်ရှိရှာတော့ စိတ် ညစ်ပြီး ခေါင်းတွေကုတ်နေ ပါလေပြီ။
သူတို့ရဲ့အိမ်ကို ဒင်းတို့ကင်းတို့ လာကြတော့ နန်ခါပါ မလာပါဘူး။ သူ့ကိုကြောက်လို့တဲ့။
" အလကား သောက်ပိုတွေ လုပ်တုန်းကလုပ်ပြီး "
" ကိုမိုးည က body လန်းတယ်နော် gym ဆော့ထား တာလားမသိဘူး ဟီး "
" ပေါက်ကရတွေ ပြောပြန်ပြီ ကင်းစုတ် အော် အဟဲ ကိုမိုးည ဟိုလေ လူလိုပြောင်းတာတော့ ဟုတ်ပါပြီအမြဲ ဒီပုံစံပဲပြောင်း နေတာလား တခြားပုံပြောင်းလို့ မရဘူး လား ဥပမာ လီမင်ဟို လိုပုံစံတို့ ဒိုလေး ပုံစံတို့ပေါ့ "
မိုးည အက္ခရာ ဘေးမှာထိုင်ပြီးတော့ ဘာမှမသိသလို မျက်လုံးလေး ပြူးပြီးခေါင်းခါပြပါတယ်။
" သောက်ရူးရဲ့ သူက ကိုရီးယားကားတို့ ဘောပွဲတို့ ကြည့်တာမှ မဟုတ်တာ ဘလိုလုပ်သိမလဲဟ့ "
ဒင်းကို မိုက်ကဝင်ပြီး ဟောက်ပါတော့တယ်။ ပြီးမှ
" တော်တော့လျှောက်ပြောမနေနဲ့ အဓိကက ကိုမိုးည သတိဝရိယနဲ့နေဖို့ပဲ ပြီးတော့ ဟိုကောင်တွေကိုလဲ မင်း တို့နားစွင့်ထားကြဦး အရေးကြီးရင် ချက်ခြင်းပြောကြ ကြားလား "
မိုက်က ကြားလားဆိုတာကို အသံကိုမြှင့်ခါပြောလိုက် တာမို့ အားလုံးက ခါးကိုမတ်လိုက်ခါ ဝိုင်းအော်လိုက်ရဲ့။
" ရက်စားးးးးးး "
" ငင့် မသာတွေ သောက်ရွဲ့လာတိုက် နေတယ် "
အားလုံး တခွီးခွီး ရီလိုက်ကြပါတော့တယ်။ မိုးညလဲပဲ ပြုံးနေပါတော့တယ်။ လတ်တလော အပူအပင်တွေကို မေ့ခါ အားလုံး ပျော်ပါးလို့နေကြလေရဲ့။
ဒီနေ့ညတော့ ကင်းတို့အိမ်မှာ ပါတီရှိတာမို့ အက္ခရာ မိုးညကို ခေါ်လာပါတယ်။ သူငယ်ချင်းတွေက အတင်းပဲ ခေါ်ခိုင်းနေတာမို့သာ ခေါ်လာရတာ စိတ်တော့ သိပ်မချ ရပါဘူး။ ပါတီမှာက လူတွေစုံတယ် တစ်ရပ်ထဲသားတွေ မို့လို့ ဟိုကောင် နမ်ပိတို့အဖွဲ့လဲ ပါပါတယ်။
အဲဒါကြောင့် သူတို့အားလုံးသတိဝရိယနဲ့ နေနေရ ပါတယ်။ ဒါပေမယ့် ပွဲကစပြီးလို့ အတော်လဲကြာရောလူ တွေက တဖြေးဖြေးထွေ လာပါတော့တယ်။ နဲနဲစီယူခါ သောက်ကြရင်းက မူးလာကြတာပါ။ ဒါပေမယ့် မိုးညကို တော့ ဝိုင်းကြည့်ပေး နေကြပါတယ်။
ပါတီက DJ ပွတ်လာတော့ လူတွေကလဲ တလွန့်လွန့် နဲ့ ဒွန့်လာပါတော့တယ်။ Pool Party ဆိုတော့ ရေကန် စပ်မှာ လူတွေက ဟိုတစုဒီတစု လူးလွန့်လှုပ်ရှုားကာက နေကြပါတော့တယ်။ အနောက်တိုင်း ဝတ်စုံအပြည့်နဲ့မို့ မိုးညရဲ့ body တွေကတင်းပြည့်ခါ တအားကြည့်လို့ပင် ကောင်းနေပါတယ်။
အက္ခရာလဲ နဲနဲလေးထွေလာတာကြောင့် မိုးညကိုတွဲ ပြီးကန်နဲ့ ခပ်လှမ်းလှမ်းမှာ ခါးကိုဖက်ပြီး ကနေလိုက်မိပါ တော့တယ်။ အဲဒိအချိန်မှာပဲ နမ်ပိနဲ့သူ့လူ တစ်ယောက် အနားကို ရောက်လာပြီး မိုးညကို အတင်းလက်ဆွဲခါတွဲ ခေါ်သွားတာမို့ အက္ခရာ ပါးစပ်ကလဲ အတင်းအော်ပြီးမှ လက်ကလဲ အတင်းလိုက်ဆွဲ ရပါတော့တယ်။
သူတို့က မိုးညကို ရေကန်ဘက် အတင်းဆွဲနေတာပါ ကင်းနဲ့မိုက် လဲပြေးလာနေပါတယ်။ ဒါပေမယ့် သူတို့မ ရောက်ခင်မှာပဲ ၂ ယောက်တစ်ယောက်မို့ အက္ခရာ မစွဲ နိုင်တော့ပဲ မိုးည တဖြေးဖြေးပါသွားပြီး ရေကန်ထဲကို ဝုန်း ခနဲ ပစ်ချချင်းခံလိုက်ရ ပါတော့တယ်။
" မိုးည - - - - - - - - - "
" ဟာ ဟင် အမလေး ဘယ်လို ဖြစ်တာလဲ ဟ့ "
" ကို့နေရာမှာကို ငြိမ်ငြိမ်လေး နေပေးကြပါ ဗျာ့ "
" ဝုန်း ဝုန်း ဝုန်း "
" ဖုန်းက မီးနဲ့ဝိုင်းထိုး စမ်း မြန်မြန်လုပ်ကြပါဟ့ "
ရုတ်တရက် ပါတီပွဲတခုလုံး မီးတွေမှောင်ကြသွားတာ ပါ။ Pool Party မို့အနားမှာလဲ သစ်ပင်တွေရှိနေတာက တကြောင်း အိမ်ခြက်းကလဲ သိပ်မနီးတာကြောင့် ထိုနေ ရာတဝှိက်လုံးဝ မှောင်မဲသွားတာပါ။
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ အဲဒိချိန် မှာပဲ အက္ခရာရယ် ကင်းရယ် မိုက်ရယ် ရေကန်ထဲခုန်ချ လိုက်ကြပါတယ်။ နမ်ပိတို့ကလဲ အချိန်မှီ ဖုန်းတွေထုတ် ပြီး မီးထိုးမလို့လုပ်နေပါတယ်။
မိုက်က မိုးည ကိုရေကန်ဘောင်ပေါ် တင်လိုက်ချိန် မှာပဲ မိုးည လူပုံစံပြန်ဖြစ်သွားခါ ကင်းက ခါးမှစည်းထား တဲ့ ပုဝါနဲ့ မိုးညကို ပတ်ပေးလိုက်ပါတယ်။ ဖုန်းမီးရောင် တစ်ခု ဖြတ်ခနဲ သူတို့ဖက် အလာမှာ ကင်းနဲ့မိုက်က လူ နဲ့ကွယ်လိုက်ခါ အက္ခရာကမိုးညကိုဆွဲကာ သစ်ပင်တွေ နောက်ဖက်သို့ ပြေးပါလေတော့တယ်။
သစ်ပင်အကွယ်ရောက်မှ သူ့အပေါ် အင်ကျီကိုမိုးည ကိုဝတ်ခိုင်းလိုက်ခါ အောက်မှာတော့ ပုဝါကြီးကို ပေါင် လည်လောက်ထိ ဆွဲချကာ စည်းထားပါတော့တယ်။ သူ့ ဆံပင်တွေကလဲ အရှည်တွေမို့ မသိရင် မိန်းမတောင့်၂ ကြီးတစ်ယောက်နဲ့ပင် တူနေပါတော့တယ်။
နမ်ပိတို့ အဖွဲ့ကလဲ သစ်ပင်တွေဖက်ကို ဆက်ပြီးပြေး လိုက်လာတာမို့ အက္ခရာ မိုးညကိုဆွဲခါ ထပ်ပြေးရပြန် ပါတော့တယ်။ ကင်းနဲ့မိုက်က နမ်ပိတို့ကို အတင်းလိုက် တားနေပါတယ်။ ခုနက မီးတွေပိတ်ချလိုက်တာ နန်ခါ ပါပဲ။ သူလဲ အက္ခရာ ဖက်ကပဲပေါ့ သူငယ်ချင်းတွေကိုး။
နောက်တနေ့ မနက်ရောက်တော့ သူတို့အဖွဲ့တွေစုပြီး တိုင်ပင်ကြရပြန်ပါတယ်။ ဖွားဖွားကြီးကိုလဲ မပြောရဲပေ။ အစထဲက မခေါ်သွားဖို့ တားခဲ့တာလေ အက္ခရာက သူ့ သူငယ်ချင်းတွေ အတင်းတောင်းဆိုပြီး သူတို့ဘာဝိုင်း၍ စောင့်ရှောက်ပါ့မည်လို့ ကတိပေးလို့သာ ခေါ်သွားတာ။
" ဒီကောင်တွေ တော်တော် တရားလွန်နေပြီကွာ "
နန်ခါ ပြောတာကို ကင်းကခေါင်းငြိမ့်လိုက်ပြီးမှ
" ညကလဲ ရေကန်ထဲမှာ မိုးညဘောင်းဘီ အပြဲတွေ့ လို့ငါ မနဲအမြန်သိမ်း လိုက်ရသေးတယ် နောက်ပြီး ငါ့ရဲ့ အဖေက ညကမီးပျက်တုန်း ရေကန်ထဲမာ ဘာလဲမသိ ဘူးတွေ့လိုက်တယ်တဲ့ ဧည့်သည်တွေ လန့်မှာစိုးလို့သူ မပြောလိုက်တာတဲ့ တဖြေးဖြေးပေါ်ကုန်တော့မှာပဲ "
" အေးလူကြီးတွေ သိတာတော်သေးတယ် ဟိုကောင် တွေက ယုတ်မှာနော် သူတို့ကဒီကိစ္စကို ဖော်ပြီးဂုဏ်ယူ ချင်နေကြတာကွ အဲဒါပဲ အရေးကြီးတာ "
" အေးကွာ ဒီကောင်တွေနဲ့ ဒဲ့ရှင်းရင်ကောဘလိုလဲ "
မိုက် စကားကြောင့် ကျန်တဲ့သူတွေ ခေါင်းခါကြခါ
" မလုပ်နဲ့ကွ အဲဒါမှ ပြသနာတက်ရင် ပွကုန်မာ ခုချိန် သူတို့ကလဲ မသေချာသေးတော့ ငြိမ်နေသေးတာ "
နန်ခါ ပြောတာကို ကင်းကဝင်ဟောက်တယ်
" အဲဒါ မင်းဖင်ယားတာလေ နန်ခါ ကောင်းတယ် "
" ဟျောင့်ငါလဲ မတော်တဆဖြစ်သွားတာလို့ တောင်း ပန်ပြီးပြီလေကွာ ခုလဲ မင်းတို့ဖက်ကအကုန်လိုက်လုပ် ပေးနေတာကို အ့လိုတော့မပြောနဲ့ "
" မပြောလို့ရမလား မင်းသောက်ပေါက်သာ လုံရင်ဒါ တွေဖြစ်စရာကို မရှိဘူး "
" ဟေ့ကောင် မင်းတော်တော့နော် "
" ပြောတယ်ကွာ ဘာဖြစ်လဲ ဟျောင့် "
နန်ခါနဲ့ ကင်းနဲ့စကားများကြ ပါတော့တယ်။ မိုက်ကပဲ
" တော် ကြစမ်းပါကွာ သောက်ရေးထဲ လာပြီးရန်ဖြစ် နေကြသေးတယ် လီးလိုပဲ "
အဲဒိချိန်မှာပဲ ဈေးသွားတဲ့ ဖွားဖွားကြီးရဲ့ကား ပြန်၍ ရောက်လာခါ အမောတကော အိမ်ထဲဝင်လာပါတော့ တယ်။ ပြီးတော့မှ
" ဟဲ့ ဒုက္ခတွေရောက်ကုန်ပါပြီ ဟယ် အမလေး နင်တို့ နဲ့တော့ငါလဲ သေချင်တာပဲ မောလိုက်တာ "
" ဖွားဖွားကြီး ဘာဖြစ်လာတာလဲ မိုးညရော မိုးည "
" ရေတခွက်ပေးစမ်းပါဟဲ့ ပါသွားပြီ ပါသွားပြီ "
" ဟာ ဒုက္ခပါပဲ "
" ရော့ဖွားဖွားကြီးသောက်လိုက်ဦး ဖြေးဖြေးသောက် "
ဖွားဖွားကြီးရေသောက်ပြီးမှ သက်ပြင်းကိုချခါ
" ဈေးထဲမှာ ငါလဲ သတိထားပြီး သူ့ကိုခေါ်သွားတာပဲ အဲဒါငါရှေ့မှာ ဈေးဝယ်နေတုန်းသူမူးလဲသွားတယ် အဲ့ဒိ မှာ ကောင်လေး ၂ ယောက်က သူတ်ု့ဝိုင်းသယ်ပေးမယ် ဆိုတာနဲ့ သယ်ခိုင်းလိုက်တာ သူတို့ကားပေါ်တင်ပြီးမှ မောင်းပြေးသွားတယ်ငါလိုက်သေးတယ်မမှီလိုက်တာ "
" ကားနံပါတ်ကော မှတ်ထားလားဖွားဖွားကြီး ကားက ဘယ်လိုကားလဲ ပြောပါဦးမြန်မြန် "
" - - / - - - - - ကားက ပေါငိမုန့်ကားအဝါလေး "
" ဒါဆို မိုက် မင်းရဲစခန်းသွား အကြောင်းကြား ဒင်းက နမ်ပိတို့ အဖွဲ့တွေ အိမ်တွေ လိုက်ပြီးအခြေအနေကြည့် အကြောင်းထူးတာနဲ့ဖုန်းဆက် နန်ခါနဲ့ကင်းက ငါနဲ့အတူ လိုက်ခဲ့ ဒီကောင်တွေ စတဲချတဲ့နေရာတွေ လိုက်ကြည့် ကြမယ် "
အက္ခရာတို့ သွားဖို့ပြင်ကြတော့ ဖွားဖွားကြီးက ထခါ တားလိုက်ပြီး အက္ခရာကို လှမ်းပြောပါတယ်။
" နေဦး နေဦး ရဲစခန်းကိုက ဖွားဖွားကြီးသွားပါ့မယ် မိုက်က ဒင်းနဲ့ အဖော်လိုက်သွား တခုခုဖြစ်ရင် ငါ့ကိုလဲ လှမ်းပြောကြဦး ကြားလား ညီညီ အတင့်မရဲနဲ့နော် မြေး လေး သတိဝရိယနဲ့ သွား "
" ဟုတ်ကဲ့ အဲဒါအဆင်ပြေတယ် သွားကြမယ်ဟေ့ "
အက္ခရာကတစီး နန်ခါနဲ့ကင်းက တစ်စီးထွက်ကြပြီးမှ ဒင်းနဲ့မိုက်ကတစီးဆိုင်ကယ်အသီးသီးနဲ့ ထွက်ကြသလို ဖွားဖွားကြီးကလဲ ကားနဲ့ထွက်ပါ တော့တယ်။
အက္ခရာ ရင်တွေမီးတောက်မတက် ပူလောင်နေပါပြီ မိုးညကို သူတို့နှိပ်စက်နေကြလေ မလားပေါ့။ မိုးညရယ် မင်းဒုက္ခမရောက်ပါစေနဲ့။
နမ်ပိတို့ မေ့ဆေးနဲ့အုပ်ခါ ခေါ်သွားခံရပြီး အဆောက် အဦးပျက် တစ်ခုထဲမှာ မိုးညကို ကြိုးတုတ်ခါခေါ်လာခဲ့ ပြီး တနေရာမှာ ပစ်ချခါ ရေနဲ့မျက်နှာကို ပက်လိုက်တာ မို့လန့်ပြီး သတိရလာပါတော့တယ်။
" ဟေ့ကောင် မင်းက ရေသူထီးဆို ဟုတ်လားပြောင်း စမ်းအခု ဟေ့ကောင်တွေ ရေနောက်တပုံးနဲ့ထက်ပက် "
ဒီတခါရေပုံးက ကြီးတာမို့ မိုးည တကိုယ်လုံးရွှဲနစ်လို့ သွားပါတော့တယ်။ မိုးည သတိထားပြီး အံကိုဖိကျိတ်၍ ထားတာကြောင့် ပုံစံပြောင်းသွားခြင်းမရှိပါ။ မိုးညဘာမှ နားမလည်ပေမယ့် ဒီလူတွေက သူ့ကိုဒုက္ခပေးမယ်ဆို တာတော့ကောင်းကောင်း ကြီးသိပါတယ်။ ဒါ့ကြောင့်လဲ မနဲသတိထားကာ တောင့်ခံနေရပါတယ်။
နမ်ပိက တောက်ခပ်ပြင်းပြင်း ခေါက်လိုက်ခါ
" တောက်ခ် မင်းကမပြောင်းဘူးပေါ့ ရတယ်လေ လာခဲ့ ဟေ့ကောင်တွေ ခြံနောက်က ရေကန်ဟောင်းထဲ ပစ်ချ ကြစမ်းကွာ မစမ်းပါဟာ့ လီးပဲ ကြောက်နေတာလား "
မိုးည မျက်လုံးတွေက နီရဲနေတာမှ မီးကြီးခဲတွေလိုပါပဲ။
သူတို့မိုးညကို ခြေလက်တွေ ကြိုးတုတ်ထားတာမို့ အပေါ်အောက်က ဝိုင်းသယ်ခါ ခြံနောက်က ရေကန်ထဲ ပစ်ချပါတော့တယ်။ ရေကန်က အဟောင်းမို့ နောက်ကျိ နေရုံမက မဲနက်ခါ အမှိုက်တွေနဲ့ နံစော်နေတာလေ။
" ဝုန်း ဝုန်း ဝုန်း ဟား ဟား ဟား ဟား ရိုက်ကြစမ်း သူ့ ပုံကိုသေချာမိမိရရရိုက်ကြ ဟားဟား မင်းဘာခံနိုင်သေး လဲ ရေသူထီးရယ် ဟား ဟား ဟား "
" ငါတို့တော့ထောတော့မယ် နမ်ပိ ဒီကောင့်ကို ရုံသွင်း ပြီးပြမယ် ဟား ဟား ဟား ချက်ခြင်းကို နာမည်ကြီးချမ်း သာသွားမှာကွ ဟား ဟား ဟား "
တဟားဟား ရယ်မောကာ အကျေနပ်ကြီး ကျေနပ်နေ ကြတဲ့နမ်ပိတို့အဖွဲ့ ထဲက တချို့ကောင်တွေက ဖုန်းနဲ့ ရောကင်မရာတွေ နဲ့ပါ ဓါတ်ပုံတွေ ဝိုင်းရိုက်ကြတော့ မိုး ည ကသူ့အမှီးကို ရေကန်ထဲမှာ နှစ်ခါဖွက်ထားပါရဲ့။
" ဟာ ရိုက်လို့မရဘူး သူ့မျက်ခွက်ပဲပေါ်တာ ဘယ်လို လုပ်မလဲ အမှီးပေါ်အောင် "
" ဟိုးမှာ ခဲတွေရှိတာပဲခဲနဲ့ဝိုင်းထုကွာ နာမှလှုပ်လာမှာ "
သူတို့စကားသံကြောင့် မိုးညထိပ်လန့်သွားမိတာတော့ အမှန်ပါ။ သူဒုက္ခရောက်နေရပြီလေ။ ရေတွေကလဲ နံပြီး ညစ်ပတ်နေတာပဲ ခုလဲသူ့ကို ခဲနဲ့ဝိုင်းပစ်နေတာ မနဲကို ရှောင်နေရပါတော့တယ်။
ခဲလုံးတွေလာလိုက် အထဲကိုခေါင်းငုံ့ဝင်လိုက် အနံ့ တွေမခံနိုင်လို့ ခေါင်းဖော်လိုက် ခဲနဲ့ဝိုက်းထုလိုက်နဲ့သူ့ ဒုက္ခတွေကို လာကူလှည့်ပါတော့ အက္ခရယ်။
နမ်ပိတို့ အဖွဲ့က စုစပေါင်း ၈ ယောက်တောင်မှ သူ့ကို ဝိုင်းပြီးနှိပ်စက်နေတာလေ သူဘလိုပြန်ရင်ဆိုင် ရပါ့။ ဒီ တခါခေါင်း အဖော်မှာ ကန်နဲ့အနီးဆုံးက တစ်ယောက် ကိုအမှီးနဲ့ ကန်ထဲသို့ ရိုက်ချလိုက်ပါတော့တယ်။
ကန်ထဲရောက်လာတဲ့ တစ်ယောက်ကို အတင်းဖက်ပြီး ဆွဲနှစ်ခါ အဆွယ်တွေထွက်လာတဲ့ သူ့ပါးစပ်တွေနဲ့ခန္ဓာ ကိုယ်အနှံ့ ကိုက်ပစ်လိုက်ပါတော့တယ်။
" ဟာ ကိုက်နေပြီ ဝိုင်းကယ်ကြပါဦးဟ့ လုပ်ပါဦး "
ပုခုံးကို ၂ ခက်ကျောနဲ့ ပေါင်ကို ကိုက်ပြီးမှ ထိုသူက မိုးညကို စောင့်ကန်ကာ ကန်ပေါ်အတင်းဖက်တက် သူ့ သူငယ်ချင်းတွေက ဝိုင်းဆွဲတာမို့ လွတ်သွားပါတော့ရဲ့။
နမ်ပိက မီးချောင်းတစ်ချောင်းက မီးကြိုးကိုဆွဲဖြုတ်ချ လိုက်ခါ ရေကန်ဘက်စီ လှမ်းပစ်လိုက်တော့ နမ်ပိ ရဲ့ သူငယ်ချင်းက မီးခလုပ်ကို ဖွင့်ချလိုက်ပါတော့တယ်။ ရေကန်ထဲမှာ ကြိုးစက ကျနေတာမို့ ဓါတ်တွေလိုက်ခါ ဖုန်းခနဲအသံမြည်သွားပြီး မိုးညလဲ တဝုန်းဝုန်းနဲ့ အမှီးကို ရိုက်ခါ ငြိမ်ကျသွားပါတော့တယ်။
" ဟေ့ကောင်တွေ ဝိုင်းဖမ်းကွာ အမှီးကို ကြိုးနဲ့ချည် လက်ကိုကြိုးနဲ့ချည်ပြီး ကိုယ်လုံးကို ရေထဲနှစ်ထား "
မိုးည သတိပြန်ရလာတော့ ပုခုက်ကြီးတခုလို တွဲလွဲ လက်နှစ်ဖက်နဲ့ အမှီးကို ချည်ထားခြင်း ခံရပါတော့ရဲ့။ ဘယ်လိုမှ ရုန်း၍ မရပေ တကိုယ်လုံးကလဲ နာကျင်နေ ပါပြီ။ လှုပ်ဖို့ပင်အား မရှိလှပေ။ ကိုယ်လုံးကရေထဲနစ် နေတာမို့ ခေါင်းကိုအတင်းမော့ကာ အသက်ရှုနေရပါပြီ။
ချစ်တဲ့ အက္ခရာရယ် ငါ့ကိုအမြန်လာကယ်ပါတော့။
" သူ့အကြေးခွံတွေ တော်တော်လှတယ်ကွ နှုတ်ကြ စမ်းကွာ လေးငါးဆယ်ခုလောက် သေချာနှုတ်နော် "
အကြေးခွံက ကျပ်စိသာသာရှိတာမို့ သူတို့အတင်းကို လက်နဲ့ဆွဲနှုတ်နေပါတယ်။ မိုးညမှာ အရှက်လတ်လတ် မို့ လက်သဲစွဲချွတ်ခံရသလို နာကျင်လှပါတော့တယ်။
" ဝါးးးးးးးးးးးး "
" အော်တယ်ကွ တော်တော်မာတယ် ရအောင်နှုတ် "
မိုးညရဲ့ အော်သံက ခလေးငိုသံလိုပါပဲ ရင်ထဲကလှိုက် လှိုက်ပြီး အော်နေတာမို့ ကြားရတာအသဲယားစရာပဲ။ မိုးညရဲ့ ရင်ခေါင်းထဲက အော်သံက တိုက်ကြီးတခုလုံးပဲ တုန်ဟီးလို့ သွားပါတယ်။
အကြေးခွံ နှုတ်တဲ့သူတွေပင် တွန့်သွားရပါတော့ရဲ့။ အက္ခရာဆိုင်ကယ်ကို ရှေ့ကမောင်းနေရာကနေ ကြွီခနဲ ဘရိတ်ကိုနင်းချလိုက်တာ ဆိုင်ကယ်ပင် ၄၅ ဒီဂရီလည် သွားပြီး ထိုးရပ်သွားပါတယ်။
ကင်းတို့ဆိုငိကယ်ကလဲ နောက်ကနေ အတင်းဘရိတ် အုပ်၍ရပ်လိုက်ခါ နန်ခါ က အက္ခရာကို
" ဘာဖြစ်တာလဲ ဟျောင့် ဘာလို့လဲ "
အက္ခရာရင်ဘတ်ကို ဖိထားရင်းကအံကိုကျိတ် မျက်စိ ကိုမှိတ်ခါ တဖြေးဖြေး ပြန်ဖွင့်လိုက်ရင်း
" ငါ မိုးည အသံကိုကြားလိုက်တယ် ကင်း ငါတို့ဒီဖက် လာတာလမ်းလွဲနေတာ သေချာပြီ ကျောင်းနောက်ဖက် မှာသူတို့ရှိနေလိမ့်မယ် ငါသေချာပြောလို့ရပြီ "
" ဒါဆိုသွားမယ် နန်ခါ တက်လစ်မယ် သွားမင်းရှေ့က "
သူတို့ဆိုင်ကယ်တွေကို အရှိန်နဲ့မောင်းထွက်ခဲ့ပါရဲ့။
" ဟေ့ကောင်တွေ မြန်မြန်လုပ်စမ်းပါဟ့ ပုံရိုက်တဲ့သူ တွေကလဲ သေချာအမိအရ ရိုက်သောက်တလွဲ လုပ်ကြ လို့ကတော့ မင်းတို့ မလွယ်ဘူး "
နမ်ပိ ရဲ့ခပ်မာမာ စကားကြောင့်သူ့ အဖွဲ့ထဲမှ ၂ ဦးက ဘုကြည့်လှဲ့ ကြည့်ပါတယ်။ အကြေးခွံက ၃ ခုရနေပါပြီ။ နှုတ်ထားတဲ့ နေရာတွေက သွေးတွေကလဲ တစက်စက် နဲ့ ကြမ်းခင်းပေါ် စီးကြလို့နေပါတယ်။ မိုးညကတော့ရုန်း ကန်ရန်ပင် အားမရှိတော့ပါပေ။
" ဟေ့ကောင် မင်းတို့ ၂ ယောက်က အမှီး ၃ ချောင်း လောက်ထက် နှုတ်ကွာ ဒါမှစုံမှာ မရရအောင်နှုတ် "
" ခနနေရင် ငါမှာထား တဲ့ကွန်တိန်နာကား လာလိမ့် မယ် ဒီကောင့်ကို တကိုယ် လုံးကြိုးနဲ့ သေချာတုတ်ပြီးမှ သယ်သွားမယ် လုပ်ဈာရှိတာ မြန်မြန်လုပ်ထားကြ "
နမ်ပိက သူ့လူတွေကို မှာနေတာလဲ ကြားရော မိုးည အလွန်ပင် ထိပ်လန့်မိပါတော့တယ်။ သူ့ကိုခေါ်သွားရင် အက္ခရာနဲ့ ဝေးကြရတော့မှာပေါ့။ ဒါတော့ မဖြစ်ဘူး သူ အက္ခရာနဲ့ မခွဲနိုင်ပါ။ အက္ခရာကလဲ ခုထိမလာသေးဘူး ဘာတွေများ ဖြစ်နေပါလိမ့် အမြန်လာပါတော့ ချစ်ရယ်။
မိုးည အမှီးကို တစ်ယောက်ကဖက်ထားခါ တဦးကစွဲ နှုတ်နေပါပြီ။ နာကျင်မှုက အသည်းပင်ခိုက် လှပါပြီလေ
" ဝုန်း ဝုန်း ဝုန်း ဒုန်း အား "
မိုးည အားတွေကို စုစည်းခါ ကိုယ်ကိုယိမ်းခါ ပစ်လိုက် မို့ အမှီးပိုင်းက လူတွေ လွင့်ထွက်ကုန်ပါတော့တယ်။
" ဟာ ဒီကောင်လှုပ်လာပြန်ပြီ ဟေ့ကောင် မီးခလုပ် "
နမ်ပိရဲ့ စကားပင်မဆုံးသေး တယောက်က မီးခလုပ် ကိုကောက်နှိပ်လိုက်ရာ မိုးည တကိုယ်လုံး ကျင်တက်ခါ
ရှိသမျှ အင်အားတို့က နွယ်ပင်မြက်ပင်တောင် ဖမ်းစုပ်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်နေရပါပြီ။
မီးခလုပ်ပိတ်လိုက် ဖွင့်လိုက် ၂ ခါလောက်လုပ်ချိန်မှာ တော့ မိုးညမှာ မလှုပ်နိုင်မအော် နိုင်တော့ပဲ ပျော့အိခါနဲ့ သူတို့လုပ်သမျှ ခံနေရပါတော့တယ်။ အရှင်လတ်လတ် သွေးစိမ်းရှင်ရှင် ထွက်နေတာတောင် မအော်နိုင်တဲ့ဘဝ
အက္ခရာ တို့ဆိုင်ကယ် တောစပ်ကိုရောက်ချိန်မှာပဲ မိုးညရဲ့ ငိုသံကို ကြားလိုက်ရတာမို့ အက္ခရာ ဆိုင်ကယ် ကို စက်မသတ် ဒေါက်မထောက်ပဲ ပစ်လှဲချလိုက်မိပါရဲ့ ပြီးတော့မှ တောထဲကို အတင်းဝင် ပြေးပါတော့တယ်။
နောက်ကနေ ကင်းနဲ့နန်ခါလဲ အပြေးလိုက်ရပါတော့ တယ်။ နန်ခါက မိုက်ကို နေရာကိုဖုန်းလှမ်း ဆက်ပါ၏။
" ဟေ့ကောင် နေဦး ဇွတ်ဝင်လို့မရဘူးကွ နေဦး "
ကင်းက အက္ခရာကို အတင်းစွဲထား လိုက်ပါတယ်။ ဒီ တောထဲက အဆောက်အဦးပျက်ကြီးကို သူတို့သိပေမဲ့ ဒီနေရာလို့ မထင်မိဘူးလေ။ သူတို့နဲ့ နီးနေတာကိုး။ ခုမှ အဆောက်အဦးကို လှမ်းမြင်နေရပါပြီ။
" ဒီလိုလုပ် အပြင်ကနေ တစ်ယောက်ချင်းကို စပြီးမှ ရှင်းသွားမယ် သူတို့ကငါတို့ထက် လူများမှာတော့ ကျိမ်း သေတယ်ကွ အဝက နှစ်ကောင်ကို မျှားခေါ်ကွာ "
ကင်းနဲ့သူတို့ တိုင်ပင်ခါ ကင်းကရိပ်ခနဲ ထပြေးပါပါရဲ့။ အဆောက်အဦး အဝကကောင် တစ်ကောင် ထွက်လာ ပြီးကျန်တစ်ကောင်က အထဲပြန်ဝင်သွားပြီး သတင်းပေး တယ်နဲ့တူတယ်။ သစ်ပင်အကွယ် ရောက်တာနဲ့ နန်ခါမှ ဒုတ်နဲ့ ဖြတ်ရိုက်ချလိုက်ပါတယ်။
အထဲက ၃ ကောင်ပြန် ထွက်လာပါတယ်။ အက္ခရာတို့ က ပထမကောင်ကိုသစ်ပင်ကွယ်ကနေ မတ်တပ်ရပ်နေ သလို ထိန်းကိုင်ထား ကြတယ်လေ။
" ဟေ့ကောင် ဘာတွေ့လဲကွ ဟမ် "
အက္ခရာ သတိလစ်နေတဲ့ ကောင်ရဲ့မေးစေ့ကိုကိုင်ခါ လှုပ်ပြလိုက်တယ်။ ခေါင်းခါပြ သလိုပေါ့။
" ငါ့လခွီးထဲ မင်းကဘာဖြစ်နေတာလဲ "
အနားရောက်လာတဲ့ လူတစ်ယောက်ပေါ်သို့ ပထမလူ ကိုယ်လုံးဖြင့် စောင့်တွန်းချလိုက်ပြီး ကျန်တဲ့ကောင်ကို အက္ခရာနဲ့ ကင်းကဝင် လုံးပါတော့တယ်။ လူပိနေတဲ့လူ ကိုတော့နန်ခါက ခုနဒုတ်နဲ့ ထက်ရိုက်ချလိုက်ပါတော့ရဲ့ အဲဒိချိန်မှာပဲ မိုက်နဲ့ ဒင်း ရောက်လာတာမို့ သူတို့အားရှိ သွားပါတော့တယ်။
သူတို့ ၅ ယောက် လူစုမိချိန်မှာပဲ အထဲမှ ၂ ယောက် ထက်ထွက်လာတာမို့ ဝိုင်းသမ ကြပါတော့တယ်။
ထိုလူ နှစ်ယောက် မှောက်သွားတော့ အထဲကိုဝင်ပြီး မိုးညကို ရှာပါတော့တယ်။ နမ်ပိ နဲ့သူ့အဖော် ၂ ယောက် သာကျန်တာမို့ သူတို့ အခြေအနေကို ကြည့်ခါ ဒင်းနဲ့နန် ခါကအပြင်က ကောင်တွေကို သူတို့ အင်ကျီတွေချွတ်ခါ သူတို့ကိုပြန်တုတ် ထားလိုက်ပါတယ်။
နမ်ပိတို့ ထဲက တစ်ယောက်ကို ဒုတ်နဲ့ ဖြောင်းခနဲဝင် ရိုက်ချလိုက်ခါ နမ်ပိနဲ့ နောက်တစ်ယောက်ကို မိုက်ရယ် ကင်းရယ်က ဝင်ထိုးကြပါတော့တယ်။ ဒင်းနဲ့ နန်ခါပါ ဝင် လာပြီမို့ အက္ခရာ မိုးညစီ ပြေးပါတော့တယ်။
ပုခက်လို တွဲလောင်းချည်ထား ခံရပြီး ခေါင်းငိုက်စိုက် ကျနေတဲ့ မိုးညရဲ့ ခေါင်းကို အက္ခရာ ဖက်လိုက်ခါ
" မိုးည မိုးည မိုးညရယ် ကျနော် နောက်ကျသွားတယ် ဗျာ ကျနော်တောင်းပန် ပါတယ် မိုးည ထပါဦးဗျာ "
သူမိုးည ခေါင်းကိုရင်ခွင်ထဲ ထည့်ခါဖက်ထား လိုက်မီ ပါတော့တယ်။ ပြီးတော့ သူအားရပါးရ အောင်ချလိုက်ပါ တော့တယ်။
" မိုးည - - - - - - - "
" ဟျောင့် ဟိုကောင်တွေ ကိုသိပ်ထားပြီးပြီ အရေးကြီး တာက မိုးညကို ပုံစံပြောင်းခိုင်းမှဖြစ်မယ် ခနနေ ရဲတွေ ရောက်လာတော့မှာကွ မြန်မြန်လုပ် "
" မိုးည သတိရပါတော့ဗျာ မိုးညရယ် ထပါတော့ "
မိုးညက လှုပ်ပင်မလှုပ်တော့ပါပေ။ တကိုယ်လုံးမှာလဲ သွေးတွေက ရဲတွက်ခါ မျက်နှာတွေက ပြာနှမ်းလို့နေပါ တယ်။ သနားလိုက်တာ မိုးညရယ်။
" ကင်း မင်းမိုးညအမှီးကကြိုးကို သွားဖြတ် နန်ခါက လက်ကကြိုးကိုဖြတ် အက္ခရာက ပုခုံးကနေကိုင်ထား ငါ နဲ့ မိုက်က အမှီးကနေ မထားမယ် အပေါ်တင်ရအောင် လုပ်ကြမြန်မြန် "
ဒင်းပြောသလိုပဲ အားလုံးထိန်းခါ မိုးညကို ကန်ဘောင် ပေါ်တင်လိုက်ပါတော့တယ်။ ပြီးမှမိုးညခေါင်းကို သူ့ရဲ့ ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားခါ
" မိုးညရယ် အချစ်ရယ် ထပါတော့ဗျာ ကျနော်ခများကို အရမ်းချစ်တယ် ခများတခုခုဖြစ်လို့ မရဘူးနော် မိုးည "
မိုးည ရယ် ထပါတော့ဗျာ။ မိုးည မြန်မြန်ထပါ လူတွေ လာရင်ခများဒုက္ခရောက်လိမ့်မယ်ဗျာ့။ ထပါဗျာ ကျနော့ ကိုချစ်ရင် ထပါတော့ဗျာ။
မိုးည တချက်လှုပ်လာပြီး သတိရလာပါတယ်။
" မိုးည မြန်မြန်လုပ် ခများပုံပြန်ပြောင်းပါ လူတွေလာ တော့မယ် ကျနော်လာပြီ "
မိုးည ခေါင်းကိုဖြေးညင်းစွာ ခါပြလာပါတယ်။ သူ့မှာမှ ပြန်ပြောင်းဖို့ အင်အားမရှိတော့တာလေ။ မိုးညရယ်။
" မဖြစ်ဖူး မိုးညရယ် မြန်မြန်လုပ်ပါ လူတွေလာတော့မှ ခများပုံကို တွေ့ရင်ပြသနာတွေ ပိုတက်ကုန်မယ်ဗျ "
မိုးည သူ့ကိုမျက်နှာငယ်လေးနဲ့ ကြည့်ရင်းမျက်ရည် တွေဝဲလာပါတယ်။
" မငိုပါနဲ့ ခများမျက်ရည်မကျပါနဲ့ဗျာ ကျနော့ကိုခများ တကယ်ချစ်တယ်ဆိုရင် ရအောင်ပြောင်းပါဗျာနော်နော် ခများကို ကျနော် အရမ်းချစ်တယ် မိုးညရယ် ခများကို ကျနော် သိပ်ချစ်ပါတယ်ဗျာ ပြောင်းစမ်းပါဗျာ နော် "
မိုးညမျက်လုံးတွေကို ဖိပြီးမှိတ်လိုက်စဉ် မျက်ရည်စက် တစ်စက်ပေါက်ခနဲ ကျလာပါတယ်။ အက္ခရာလက်နဲ့ခံခါ သိမ်းထားလိုက်တယ်။ မိုးညကိုယ်လုံးကြီးဖျတ်ခနဲ ဖျတ် ခနဲ တုန်ခါနေပါတယ်။ လူပုံစံကတော့ မပြောင်းသေးပါ။
" လုပ် မိုးည မြန်မြန်လုပ် ကျနော့ကိုချစ်ရင်ပြောင်းပါ "
" ကိုမိုးည လူသံတွေ ကြားရတယ် မြန်မြန်လုပ်ပါ "
" အမြန်လုပ် က်ုမိုးည မြန်မြန် မြန်မြန် "
မိုးည တကိုယ်လုံ ဆတ်ခနဲခုန်ခါ လူအဖြစ်ပြောင်းသွား သလို သတိလစ်ခါ ခွေလဲကြသွား ပါတော့တယ်။
" ဟာ " " ဟင် " " ဟိုက် "
" ဟေ့ကောင်တွေ မကြည့်နဲ့လေကွာ "
အက္ခရာ မိုးညရဲ့သွေးတွေစို့နေတဲ့ ဝတ်လစ်စလစ်ခန္ဓာ ကိုယ်ကို သူ့အင်ကျီနဲ့ ဖုံးခါ တိုက်နောက်ဖက်သို့ ထမ်း၍ ထုတ်သွားပါတော့တယ်။ ထိုနေရာကနေ မိုးညကိုကယ် ထုတ်လာပြီးတော့ အိမ်လဲရောက်ရော ပြသနာစတက် ကြပါတော့တယ်။
" မသင့်တော်ဘူး မြေးလေးရယ် သူ့ဘဝနဲ့ကို့ဘဝက တူတာမှ မဟုတ်တာ သူ့ကိုလွတ်လပ်စွာ ပြန်ပါစေနော် သူဒီမှာနေရင် ပြသနာတွေက ထက်ပြီးတက်နေဦးမှာပဲ သူ့ကိုဘယ်သူမှ အလွတ်ပေးကြမှာ မဟုတ်ဘူး "
" ဟုတ်တယ် အက္ခရာ ငါတို့လဲကိုမိုးညကို ခင်ပါတယ် ဒါပေမယ့် ဖွားဖွားကြီးပြောသလိုပဲ သူ့ကိုပြန်ခိုင်းလိုက် တာက ပိုကောင်းလိမ့်မယ် ထင်ပါတယ်ကွာ "
အက္ခရာ မိုးညရဲ့လက်လေးကို ကိုင်ခါ မိုးညကိုကြည့် လိုက်တော့ ဖျော့တော့တဲ့ မျက်နှာနဲ့ မျက်နှာငယ်လေး နဲ့သူ့ကို မော့ကြည့်နေပါလေရဲ့။
" မိုးညကို ငါမခွဲနိုင်ဘူး မိုးညကို ငါမစွန့်လွှတ်နိုင်ဘူး ငါ ငါသူ့ကို အရမ်းချစ်တယ် အီးဟီး ဟီး "
" မြေးလေးရယ် "
ဒင်းတို့ အဖွဲ့တွေလဲ မျက်နှာတွေ ပျက်ကုန်ပါတော့ရဲ့ ဖွားဖွားကြီးကတော့ စိတ်မကောင်းစွာနဲ့ အခန်းထဲကနေ ထွက်သွားပါတော့တယ်။
" မိုးညရယ် ခများကို ကျနော်တအား ချစ်မိနေပြီဗျာ့ ခုကျနော် ခများကို မခွဲနိုင်တော့ဘူး ကျနော့ကို ထားခဲ့ မှာကျနော် မခံစားနိုင်ဘူးဗျ ဟီးးးအီး အီး "
ပြသနာတွေကို ဒိုင်ခံဖွားဖွားကြီးက ရှင်းပေးနေပါလေ ရဲ့။ ကမ်းစပ်လေးရဲ့ တစ်နေရာမှာတော့ ခပ်လှမ်းလှမ်း မှာ ကင်းတို့အဖွဲ့ ရှိနေပြီး ကမ်းစပ်လေးမှာတော့ သူနဲ့ မိုးည လက်နှစ်ဖက်ကို ကိုင်ခါမျက်နှာခြင်းဆိုင် ရပ်၍နေ ပါတော့တယ်။
မျက်လုံးချင်း စကားတွေ ပြောနေကြတယ်။ မိုးည လဲ ခွဲခွာရမှာသိတော့ ဝမ်းနည်းကျေကွဲ နေတာသိသာပါရဲ့။ အက္ခရာ ရင်ထဲမှာတော့ မုန်တိုင်းတွေ ထာန်နေပါပြီ။
" မိုးညရယ် ကျနော်တို့ ဒီတစ်သက်တော့ ရှင်ခွဲခွဲရပြီ ပေါ့ ဘယ်ချိန်ဘယ်ကာလမှ ပြန်တွေ့ခွင့်ရမလဲဆိုတာ မသိပေမယ့်ကျနော်အမြဲ မျှော်လင့်နေမယ် ကျနော့တစ် ဘဝစာ ကျနော့အချစ်တွေကို ခများကို ပေးလိုက်ပါပြီ ခများကို ကျနော်အရမ်းချစ်တယ် မိုးညရယ် "
မိုးည ခေါင်းငြိမ့်ပြပါတယ်။ အက္ခရာ မိုးညရဲ့ပါးလေးကို ရွှတ်ခနဲနမ်းလိုက်မိပါတယ်။ မိုးည ခြေတလှမ်းစပြီးစုတ် ချိန်မှာ သူမိုးည လက်တွေကို ဆတ်ခနဲ တင်းနေအောင် ကိုင်ထားလိုက်မိပါတယ်။ မိုးည တဖြေးဖြေး ခွါသွားရင်း ကနေ လက်တွေပြုတ်သွားပါတော့တယ်။
ကမ်းစပ်ကနေ တဖြေးဖြေး ပင်လယ်ထဲကို ဆင်းသွား တဲ့မိုးညကို ကြည့်ရင်း အက္ခရာ မျက်ရည်တွေ ကျလာပါ ပြီ။ မိုက်တို့ရောက်လာပြီးသူ့ပုခုံးကို စုပ်ကိုင်အားပေးကြ ပါတော့တယ်။
ချစ်တယ်ဆိုတဲ့ စကားလေးတောင် ကြားခွင့်မရခဲ့ရပါ လား မိုးညရယ် ။ အက္ခရာ ပါးစပ်ကိုလက်နှစ်ဖက်ကာခါ
" မိုးည ရေး ခများ ကို ကျနော် ချစ်တယ်းးးးးးးး "
Lamin Lay
No comments:
Post a Comment