Wednesday, December 30, 2015

ဝိညာဉ်ပေးတဲ့ အိပ်မက် * * * မန့်လေးရေးပြီး အားပေးပါလားဗျာ :D

ဝိညာဉ် ပေးတဲ့ အိပ်မက်

 " တောက်စ် င့ယီး မီးကပျက်နေသေးတယ် ဖွီ တိုက်တဲ့ တိုက်စုတ် တိုက်ပဲ့ ငိုးမပွဲစား ယီးဖဲ "
    မော်ကွန်းထင် တစ်ယောက်ထဲ ဆဲဆိုပြီး အိမ်သော့ ဖွင့်ခါ မီးရောင်မှိန်ပြပြ ထဲစမ်းတဝါးဝါး နဲ့လျောက်လာမိ ပါတယ်။
 " ဂလုံ အ့မယ်လေး သောက်ပတ်ဂျီးးး "
  ခြေထောက်က ဘာကိုတိုက်မိမှန်း မသိ ဂလုံခနဲ အသံ ကျယ်ကြီးကြောင့် လန့်ဖြန့်ခါ သွားမိပါတယ်။ သတိရပြီ ဖုန်းကို ထုတ်ပြီး ဖုန်းမီးလေးဖွင့်လိုက်တော့ လင်းသွားပါ တယ်။ အနားမှာလဲသူတိုက်မိထားတာ ဘာမှမရှိ တနေ ရာရာကိုလိမ့်များသွားလေ သလားမသိ။
  " ဟာ ဖုန်းကလဲ အားကုန်တော့မယ် ညစ်ပါတယ် "
     အပြင်ပြန်ထွက်ဖို့ကလဲ ကို့မြို့လဲမဟုတ် ညကလဲမိုး ချုပ်နေပြီ။ မထူးတော့ပါဘူး အိပ်ခန်းထဲဝင်ခါ ကုတင်မှာ ပက်လက်လှန်လှဲချလိုက်ပါတော့တယ်။ မီးအလာစောင့် ရုံပဲလေ။ မလာတော့လဲ အိပ်တာပေါ့။
    မော်ကွန်းထင် ကဒီမြို့လေးကို စာရေးဖို့လာတာပါ။ တည်းခိုခန်းတွေ ဟိုတယ်တွေမှာ မတည်းချင်လို့ အသိ ပွဲစားနဲ့ အိမ်ရှာခိုင်းတာ ဒီတိုက်အိမ်လေးကို အေးချမ်းပါ တယ်ဆိုပြီး ငှားခဲ့တာလေ။ ၃ လပဲ ငှားထားတာ။ ဒိနေ့ပဲ ရောက်တယ် ပြသနာက စတော့တာပါပဲ။ မီးပျက်တာ လေ မီးဒိလိုခနခန ပျက်ရင်သူ့အတွက် အဆင်မပြေဘူး
   " ဟူးးးးး "
   " ဟင်းးးး "
   ဟာ ထင် နားနဲ့ဆက်ဆက်ကြားလိုက်တာ ထင် သက် ပြင်း ဟူး ခနဲချလိုက်ပြီးတာနဲ့ နောက်ကဟင်းးခနဲ သက် ပြင်းလိုက်ချလိုတဲ့ အသံလေ။ ဇတ်ခနဲ ထထိုင်ပြီးဘေး ဘယ်ညာကြည့်တော့လဲ ဘာမှမရှိ။

    စိတ်ထဲမှာ ကျိတ်ပြီးပျော်သွားမိတယ် ဒါသရဲများလား ပေါ့။ သရဲဆိုလို့ကတော့ ကြိုက်ပြီလေ။ ဇတ်လမ်းပုံစံ အသစ်လေး ရေးချင်နေတာနဲ့ ကွက်တိ ဟိဟိ။ ပထမဦး ဆုံး ဒီကောင်တကယ် ရှိမရှိ စမ်းကြည့်ရမယ်။
    ထင် အိပ်ယာပေါ်ပြန်လှဲ ချလိုက်ခါ ခနငြိမ်နေလိုက် ပြီးမှ တောက် အကျယ်ကြီး ထခေါက်လိုက်ပါတယ်။ ထို စဉ်မှာပဲ ဟင်း ဆိုတဲ့ အသံကြားလိုက်ရတယ် ဒိတခါ က ခုနလို သက်ပြင်းချတာ မဟုတ်ပဲ မဲ့ရွဲ့ခါ ပြောလိုက်တဲ့ လေသံပါ။ ဒါဆို ဒိမှာ တခုခုရှိနေပြီပေါ့။ အသံကတော့ အက်ကွဲသံပါနေတာမို့ အထီးလား အမလား မသိပေ။
    ဒါကလွယ်ပါတယ်။ ထင် အင်ကျီဘောင်းဘီတွေကို ချွတ်ခါ ကုတင်ဘေးကို ပစ်ချလိုက်တယ်။ အတွင်းခံသာ ရှိတော့တဲ့အချိုးကျကျ ထင့်ကိုယ်လုံးလေးက လရိပ်ကျ နေတဲ့ကုတင်ပေါ်မှာ လူးလွန့်နေပါတယ်။ ထင့် ရဲ့လက် တို့က ရင်ဘတ်တွေ ပေါင်ကြားတွေ ကို့ဖာသာပွတ်နေ သလို မျက်လုံးလေးစင်း ပါးစပ်လေးဟ ခေါင်းလေးမော့ ခါ ညင်းသဲ့သဲ့ ညည်းသံတို့က အိပ်ခန်းလေးထဲမှာ လွင့် ပျံ့နေပါတယ်။
   အခန်းထဲ ရှိတဲ့ အထီးမှန်းအမမှန်း မသိတဲ့ သရဲကငြိမ် သက်နေတာမို့ စိတ်ဝင်စားစွာကြည့်နေတာလား အခန်း ထဲမှာပဲ မရှိတော့တာလား မသိပေ။ ထင် အတွင်းခံကို ချွတ်ခါ လက်တဖက်က ကိုင်ပြီး ကုတင်ဘေးကိုတချက် ကြည့်ကာ ပစ်လိုက်တော့ ဝုန်း ခနဲ အသံကြားရတယ်။
  " ဟား ဟား ဟား ခုမှမကြောက်ပါနဲ့ကွ "
  " တောက်စ် "
   ဒီတခါတော့ ကြည်လင်စွာ ကြားလိုက်ရတာမို့ ထင် ပျော်သွားမိတယ်။ သူ့အတွက် ဇာတ်လမ်းရပြီလေ။
  " မင်းက ဘဲလား စော်လား ပြောပြစမ်းပါ "
    ဘာအသံမှ မကြားရပေ။ ဘာမှလဲ ထူးခြားတာ မမြင် ရဘူး စိတ်ထဲက အသဲယားလာခါ။
   " အော် အခြောက်မကိုး အ့ဆိုရင့် ငါ့နား မကပ်နဲ့ "
   " ဘာ "
    ဒီတခါလဲ ကြည်လင်စွာ ခပ်ကျယ်ကျယ် ကြားရပြန်ပါ တယ်။ ဒိတခါတော့ယောက်ျားလေး တစ်ယောက်အသံ ဆိုတာ ထင် ခန့်မှန်းမိပါပြီ။
    ဒီသရဲက နောက်လို့တော့ ကောင်းသားပဲ မဆိုးဘူး။ ဖြဲ ချောက်တဲ့ သရဲတော့မဟုတ်ပေ။ ဖြဲချောက်လဲ ထင် ကကြောက်မှာ မဟုတ်ပေ။
  " ဒီအိမ်က အခုငါငှားထားတာ ငါပိုင်တယ် ဒီတော့မင်း ကိုငါနှင်ထုတ် လို့ရတယ် မင်းဆက်နေချင်တယ် ဆိုရင် လိမ်လိမ်မာမာနေ ကြားလား ဟျောင့် ခလေးအထှာနဲ့ တော့လာ မခြောက်နဲ့ ငါမကြောက်တက်ဘူး "
   " ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား "
   ရီသံက တော်တော် ကျယ်လောင်လှပါတယ် ပတ်ဝန်း ကျင်က အိမ်တွေနဲ့က တဖက်ကိုပေ တစ်ရာလောက် ခြားနေတာ ဆိုတော့ ကြားလောက်မယ် ထင်ပါတယ်။ ရီနေတာက မခန့်ပေါက်နဲ့ ရီနေတဲ့ အသံ။
   " ဟီးဟီး ဟိုးဟိုး ဟားဟား ခိခ် ခွီခွီ ခွီးးဟီးးးးဗြဲ ဟဲဟဲ ငစ်ဟစ်ဟစ် အဟိဟိ ခလိခလိ "
   ထင် ထပြီးအာဗြဲကြီးနဲ့ ရီလိုက်တော့ သရဲရီသံတိတ်ခါ သွားပါတယ်။ ထိုစဉ်ဖျတ်ခနဲ ထင့်ဘေးကနေ ဖြတ်သွား တဲ့ အရိပ်တခု ထင့် လက်ကလဲ မြန်ပြီးသား ဆတ်ခနဲပဲ လှမ်းဆွဲလိုက်ပေမယ့် လေထဲမှာပဲ ဘာမှမဖမ်းဆုပ်မိ။
   " အေးးး မိလို့ကတော့ သေမယ့်သာပြင်ထားနော် "
   နံရံထက်မှဇောက်ထိုးကြီး ဆင်းလာတဲ့ လူရိပ်တခု
  " မီးပျက်နေတာနဲ့ အတော်ပဲ ငါကလဲ စတန့်တွေမျက် လှဲ့တွေ ကြိုက်တယ်ကွ အဟေး အဟေး "

   " စာ့ပ ဖဲ "
   " အမ် ငိုးမ သရဲ ငါမဆဲပဲနက် ယီးမို့ ဆဲတာလား ဟမ် နေဦး သေးနဲ့ကို လိုက်ပက်မယ် "
   ထင် ကုတင်ဘေးက ခုံပေါ်မှာ ညနေက တင်ထားတဲ့ ရေသန့်ဘူး အဖုံးဖွင့်ခါ ခေါင်းရင်းပြတင်းပေါက်ကိုဖွင့်ပြီး သွန်ချလိုက်ပါတယ်။ ပြီးမှ ပေါင်ကြားထဲ ထိုးထည့်လိုက် တော့မှ
   " ဟီး ဟီး "
   အသံက မျက်နှာချိုသွေးတဲ့ အသံနဲ့ ရီသံကြားပြန်ရဲ့။
  " သောက်ခွက် လာမပြောင်နက်နော် နေအူး မှောင်နေ လို့ အပေါက်မတည့်မာ ကြောက်လို့ ဟွှင်းး "
  " ဟင့် "
  " မ ဟင့် နဲ့ ခုနက ငါ့ကိုဆဲပြီးတော့ ဟင်းးးတွေ့မယ် "
   အဲဒိချိန်မှာပဲ ထင့် လက်ထဲက ရေသန့်ဘူးကို လုယူခါ သွားခြင်းခံလိုက် ရသလို ထင့်ခေါင်းကိုပါ ဒေါင်ခနဲဘူးနဲ့ ခေါက်ချလိုက်ခြင်း ခံရတာမို့ ဒေါသတွေ ထွက်ခါ
  " သြော် မင်းကဒီလိုလား ရတယ် ရတယ် ခနလေး "
   ထင် အင်ကျီ ဘောင်းဘီတွေ ပြန်ဝတ်ခါ ကုတင်ခေါင်း ရင်းဘက်ကို လှဲ့ခါ တမလင်ခွေ ထိုင်လိုက်ပြီး လက်အုပ် ချီလိုက်တယ်။ မျက်နှာရှေ့မှာ အေးခနဲ ဖြစ်သွားတာမို့ မျက်စိဖွင့် ကျိလိုက်တော့ ရုတ်တရက် ရင်တဲထိပ်ခနဲပင် ဖြစ်သွားရပါတယ်။ ခေါင်းတချမ်းကျေနေပြီး သွေးလိမ်း လိမ်းနဲ့ ကြောက်မက်ဖွယ်ရာ မျက်နှာတခု။ စိတ်ကိုပြန် တင်းလိုက်ခါ တံတွေးကို မြိုချလိုက်ပြီး
  " အ့ ရုပ်လောက်က ခင်စန်းဝင်းမလိုဘူး သူ့တပည့်နဲ့ တင်ပြင်လို့ရတယ် ခေါ်ပေးရမလား "
   မျက်စိပြန်မှိတ်ခါ လက်အုပ်ပြန်ချီ လိုက်စဥိမှာပဲ
  " မလုပ်ပါနဲ့ဗျာ "

   ပကတိ လူတစ်ယောက်ရဲ့ အသံလိုကြည်လင်ပြတ် သားစွာ ကြားလိုက်ရတာမို့ ထင် မျက်လုံးပြန်ဖွင့်ကြည့်မိ လိုက်တော့ အခန်းနံရံမှာ ကပ်ခါရပ်နေတဲ့ ကောင်လေး တစ်ယောက် နံရံမှာလူကို ကပ်ရပ်နေသလို လက်ကလဲ ကပ်ထားပြီး ကြောက်နေတဲ့ ပုံပါပဲ။
    သာမန်လူသားတစ်ယောက် ရဲ့ပုံမို့ ရုတ်တရက် ထင် အံ့သြသွားခါ
   " မင်းက သရဲလား "
   သူက ထင့်ကိုခေါင်းခါပြပါတယ်။ ဟင် ဘာလဲဟ့
  " လူလား အ့ဆို "
  သူ ထက်ပြီးခေါင်းခါ ပြပြန်တာမို့ ခေါင်းရှုတ်လာခါ
" ဟ့ အ့ဆိုဘာလဲဟ့ ဘောပဲ လာနောက်နေတာလား "
   " ဝိညာဉ်ပါ "
   " ဟ့ ဝိညာဉ်ပါဆို သရဲမဟုတ်လို့ နိဂျီးတော်လား "
   ကောင်လေး ခေါင်းငုံ့ခါ ငြိမ်နေပြန်ပါတယ်။ အင်းဒိလို သရဲလေးဆိုရင်တော့ မဆိုးဘူးပဲ ဟဲ ဟဲ။ ပုံစံလေးကလဲ မိုက်တယ် မျက်နှာကသွယ်သွယ် မျက်လုံးမျက်ခုံးလှလှ ချစ်စဖွယ်လေးပါပဲ။
   " မင်းကို ငါကိုင်ကြည့်လို့ရလား "
   ကောင်လေးက မော့ကြည့်လာပြီး ခေါင်းငြိမ့်ပြတယ်
   " အ့ဆို ဒိနားလာ ခဲ့ကိုင်ကြည့်မယ် "
   ကောင်လေးက ထင့်နားကိုလျောက်လာတာမို့ ထင့် ရင်တွေခုန်လာပါတယ်။ အနားရောက်တော့ ထင် က
   " ဟိုဘက်လှဲ့ပြီး ဖင်ကုန်း "
  " ဘာ ခများလူမဟုတ်ဘူးဆိုပြီး စော်ကားချင်တာလား လုပ်ချင်တိုင်းလုပ်လို့ မရဘူးဗျာ့ ဘာမှတ်နေလဲ "
  " ဟုတ်ပါဘူး မျက်နှာ မစမ်းရဲလို့ တင်ပါးကိုစမ်းကြည့် မလို့ပါ ဟီးးးး စိတ်မဆိုးနဲ့ "

   ကောင်လေးက သူ့ပေါင်ကိုလက်နဲ့ ထောက်ခါ တင်ပါး လေးကို ထင့် ရှေ့သို့ ကော့ပေးလာပါတယ်။ ထင်လက် ညှိုးလေးနဲ့ ထိုးလိုက်တာ အားပါသွားတယ် ထင်တယ်။
   " အား ခများ ခများ ဘယ်ထဲထိုးထည့်တာလဲ ဟင် "
   ကောင်လေး သူ့ဖင်ကို ပွတ်ပြီးအော်လိုက်တာမို့ ထင် ရီလိုက်မိပါတယ်။
  " မင်းကလဲ မှောင်နေလို့ ချော်ထိုးမိတာပါ ဟီး "
  " မီးက ကျနော် ဖျက်ထားတာ "
  " ဟမ် အ့လိုလား အ့ဆိုပြန်လာခိုင်းလိုက်တော့ "
   ထငိ့စကားဆုံးတာနဲ့ ဖျက်ခနဲ မီးတွေအကုန်လင်းလာ ပါတော့တယ်။ ကောင်လေးကတော့ ထင့်ရှေ့မှာရပ်နေ ဆဲပါပဲ။ ကြည့်ပါဦး ၂၀ ဝန်းကျင်အရွယ် ကောင်လေးက ချောလိုက်တာ မွှတ်နေတာပဲ။
    ထင် မှင်သက်ခါ ငေးမောမိတော့ ကောင်လေးက
  " ဘာလဲဗျ လာကြည့် နေတာကလဲ ကြောက်ဆျာဂျီး "
  " ဟီးးးစောဒီး ချောလိုက်တာကွာ မင်းက အမ်မလေး သောက်ပတ်ကျီး "
    ထင်ကြည့်နေတုန်းမှာပဲ ခုနက တခြမ်းပိန်ခေါင်းကြီး ပြန်ဖြစ်သွားတာမို့ လန့်အော်မိတာပါ။ ဒါပေမယ့် ချက် ခြင်း ပြန်ပြောင်းသွားတာမို့ ထင် သက်ပြင်းချလိုက်ခါ
   " နောက်ခါ အဲဒိရုပ်ကြီးကြီး လာလာမပြနဲ့ရွံတယ် "
   " ခများလဲ နောက်ခါ လက်မပါနဲ့ ဒါပဲ  "
   " စွာလိုက်တဲ့ သရဲ "
   " စွာစွာဖဲ အိမ်မာအငယ်ဆုံးဗျ ကျနော်က "
   " ငင့် တော်တော့ ငါအိပ်မယ် လာမကြည့်နဲ့ ဟွှာလုပ် အူးမာ ကြားလား "
   " ဟင်း ရုပ်နဲ့မလိုက်အောင် အကျင့်ယုတ်တယ် "
    " ဟား ဟား ဟား ဟား "

    ထင် အိပ်ယာနိုးတော့ ဟိုလှဲ့ဒီလှဲ့နဲ့ ဇိမ်ခံနေတုန်း ဟို သရဲလေးကို သတိယကာ
  " ဟေ့ သရဲလေး ဘယ်ရောက်နေတာလဲ လာဦး "
  " ဘာဗျ နာမည်ရှိတယ် နာမည်ခေါ် "
   ဘေးနားက ကပ်ပေါ်လာတဲ့  သူ့ကြောင့်လန့်သွားခါ
  " သောက်ပတ်ဂျီး လန့်လိုက်ထာ ပြော နင့်နာမည် "
  " ဆောင်းသစ်ထူး "
  " ဟား ဟား ဟား သရဲနာမည်က အလန်းပါလားနေဦး မင်းငါ့ဘေးမှာ လာအိပ်နေတာလား ပြောစမ်းဟျောင့် "
  " ဟုတ်တယ်လေ အဖော်မရှိလို့ ဘာဖြစ်လို့လဲ "
   " ကြိုက်ပြီလေ ဒီညတော့ မင်းငါနဲ့တွေ့ပြီ "
   " ခများထိလို့ရရင်ထိလေ ဟ ဟ "
   " အေးပါကွာ မင်းက သရဲဆိုတော့ လုပ်ထားဦးပေါ့ "
   " ခများ ကျနော့ကို သရဲသရဲနဲ့ မခေါ်ပါနဲ့ဗျ ကျနော်က ဝိညာဉ်ပါ သရဲမဟုတ်ဘူး "
    " မသိဘူး မသိဘူး လူမဟုတ်ရင် သရဲပဲ သွားငါအီးပါ မလို့လိုက်မလာနဲ့ "
    " လိုက်မနေဘူး ခများနဲ့ လူလေးကချောပြီး အီးပါရင် နံမယ် ရုပ်ကြီး အူပုတ်ကြီး "
    ထင် စောင်ကိုဆွဲခွါ လိုက်တော့ ညကအိပ်တဲ့အတိုင်း အဝတ်ဗလာနဲ့မို့
   " ဟာ "
 သစ်ထူး ဖြစ်သွားတဲ့ပုံကြောင့် ထင် ပေါင်ကြားကိုလက် နဲ့အုပ်လိုက်ခါ
   " ဟျောင့် အဲဒါသေးပေါက်ချင်လို့ဟ့ ခွီးးဒဲမဖဲ "
ထင် ပေါင်ကြားကိုလက်နဲ့အုပ်ခါ ကွတကွတနဲ့ အိပ်သာ ထဲပြေးဝင်သွားပါတော့တယ်။ အိမ်သာမှာ ထိုင်နေရင်း သွားတိုက်ဆေးကိုသွားပွတ်တံ ထဲထည့်ခါတိုက်နေရင်း

   " သရဲလေးက နေ့ခင်းလဲ မြင်ယတယ်နော် တမျိုးပါ လားဟ့ မင်းက ဘာလဲ "
   " ဝိညာဉ် ပါဆိုဗျာ "
  ဘေးနားမှာ ဖျတ်ခနဲပေါ် လာတာမို့ ပေါင်ကိုစေ့လိုက် ပြီး ထင် သွားဖြီးပြ လိုက်တယ်။
  " ဘု ဘတစ် ဗျစ် ထစ် ထစ် "
   " ငင့် ရွံလိုက်တာ ဝေါ့ "
   ဆောင်း မျက်နှာဟိုဘက်လှဲ့ကာ နှခေါင်းပိတ်ပြီးရှုံ့တွ သွားတာမို့ ထင် ရီလိုက်မိတယ်။
   " မင်းက အခြောက်လေးလားဟင် ဒီမှာကြည့်စမ်း အဲ ဒီမှာ ဒီမှာ ဟိ ဟိ "
  ထင်ကအိမ်သာကြွေခွက်မှာ ထိုင်ရင်း ပေါင်ကိုဖြဲလိုက် စိလိုက်နဲ့ ဆောင်းကို ပြောင်နေပါတယ်။ ဆောင်း ဖျတ်ခ နဲ ပြောက်သွားတာမို့ ထင်ရေပန်းကိုကိုင်လိုက်ခါ ခုနက ဆောင်းရပ်နေတဲ့ နေရာကို ပန်းထုတ်လိုက်ပါတယ်။
   " အွတ် အဟွတ် ဟွတ် အင်းဟင်း အဟွတ် "
   " ဟား ဟား ဟား ကိုယ်ယောင်ဖျောက်ပြီး ကြည့်နေ တာမိပြီကွ နှာဘူးသရဲလေး အခြောက်သရဲလေး "
   တဟား ဟား ရယ်ရင် ထင် ဖင်ကိုရေနဲ့ဆေးနေတုန်း ဆောင်းပုံရိပ်လေးပေါ်လာပြန်တယ် အခန်းဒေါင့်မှာထိုင် ပြီး ရေမွန်းနေတဲ့ ပုံစံမို့ ထင် စိုးရိမ်သွားခါ
  " ဆောင်း မင်းဘာဖြစ်သွားတာလဲ ဟင် ငါစတာပါ "
  " မသိဘူး တခါမှဒိလိုမဖြစ်ဖူးဘူး ခုနခများရေပန်းကို လုံးဝမရှောင်နိုင်ပဲ မွမ်းသွားတာ အသက်တောင်မနဲရှု နေရတယ်ဗျာ့ ဟူး "
  ထင် အနားကပ်ခါ သူ့ကိုသွားကိုင် ကြည့်လိုက်တော့ မြင်နေရပေမယ့် ကိုင်မရပေ။
   " စောတီးပါ ဆောင်းရယ် အကိုကစလိုက်တာပါကွာ "

    " ရပါတယ်ဗျာ ရတယ် "
  ထင့်စိတ်ထဲမှာ သနားသွားမိတယ် သရဲလေးကိုလေ။
   " ငါမင်းကို အခုကိုင်တာ ကိုင်လို့မရဘူး ဘာဖြစ်လို့ "
   " ကျနော် စိတ်ကိုစုစည်းပြီးရင် တင်းထားပေးမှ ခများ ကိုင်လို့ရမှာ ဒါလဲခနပဲရတယ်ဗျာ့ တစ်မိနစ်တောင်ပြည့် မှာ မဟုတ်ဘူး "
   " အော် အဲ့ဒိလိုလား အပြင်တွေကောသွားလို့ရလား "
  " တချို့နေရာတွေ ရတယ် ခများသွားရင်လိုက်မှာ "
   " အမ် ပြသနာတော့ လိုက်မရှာနဲ့နော် "
  " မရှာပါဘူးဗျာ ကျနော် အိမ်မှာပြင်းလို့ပါ "
  " အင်း အ့ဆိုလိုက်ချင်လိုက်ခဲ့ ငါလဲအဖော်ရတာပေါ့ "
   " ဝှေးးးးးးးပျော်pလေ "
   " ငင့် တော်တော်တက်တဲ့ သရဲလေး "
  ဒိနေ့တော့ ဒီမြို့လေးမှာ လျှောက်လည်ဖို့ စဉ်းစားထား ပြီးသားမို့ ထင် ရေချိုးပြင်ဆင်ပြီး ထွက်လာလိုက်တယ်။ ဒိမှာနေရင်းစီးဖို့ ဆိုငိကယ်လဲငှားထားတယ်လေ။ ထင် ကဆိုင်ကယ် ဦးထုပ်ကိုဆောင်း လိုက်တော့ ဆောင်းက
  " ကျနော့ကိုလဲ ပေးလေ ကျနော်လဲ စောင်းမယ်လေ "
  " အမ် မင်းကိုဘယ်သူမှမမြင်ဘူးလေ မသာရဲ့ "
  " ဟာ ဗျာ "
  စိတ်ဓါတ်ကျသွားတဲ့ လေသံလေးနဲ့ ပြောလိုက်တာမို့ ထင် သနားသွားခါ
 " တက်ပါကွာသွားမယ် မိုးတအားချုပ်နေရင် မကောင်း ဘူးကွ "
   မြို့လေးက တောင်ပေါ်မြို့လေးမို့ အအေးဓါတ်က စိမ့် စိမ့် စိမ့်စိမ့်နဲ့ နေလို့ကောင်းလှပါတယ်။ နေဝင်ခါနီးလေး ဆိုတော့ ဆိုငိကယ်စီးလို့လဲ ကောင်းလှပါတယ်။ သူလဲ ရှောက်ကြည့်ရင်း စီးလာတာ မြို့ထဲသို့ရောက်လာပါရဲ့။

      မြို့လည်က Coffee ဆိုင်လေး တစ်ဆိုင်ထဲ ဝင်ထိုင်  ကော်ဖီပူလေး တစ်ခွက်မှာ သောက်တော့ ဆောင်းကပါ သောက်ချင်တယ် ဆိုတာ နဲ့ ကော်ဖီက ၂ ခွက်မှာ မုန့် ၂ ပွဲ နဲ့သူ ထိုင်ခါ ဆောင်းနဲ့ စကားပြောနေလိုက်တယ်။
     ဆောင်းက စလို့နောက်လို့ ကောင်းတာမို့ သူနောက် ပြောင်ခါ တခွီးခွီး နဲ့ရယ်နေမိတုန်း ဆောင်းက သူ့လက် ကိုပုတ်ခါ မျက်စောင်းထိုးက ဝိုင်းကိုပြတယ်။
   အဖိုးနဲ့အဖွား အတွဲတတွဲ နှစ်ယောက်စလုံး သူ့ကိုငေး ကြည့်နေတယ်။ သူသဘောပေါက်သွားပြီး စချင်တာနဲ့ ဆောင်းကို
   " သရဲလေး ပါးစပ်ဟ ငါမုန့်ခွံကြွေးမယ် တကယ်စားရ မယ်နော် အကြီးကြီး ကိုက် အမ်းးးးဟုတ်ပြီနောက်တခါ ကိုက်ဦး လိမ္မာတယ် ဟုတ်ပြီကွ ကောင်းလား "
    ဆောင်းခေါင်းငြိမ့်ပြ ပေမယ့် ကြောင်တောင်တောင် လေးနဲ့ ဘာမှန်းမသိဖြစ်နေတယ်။ ထင်က အဖိုးနဲ့အဖွား ကိုလှဲ့ကြည့်လိုက်တော့ အဖွား ပါးစပ်မှာကိုက်ထားတဲ့ မုန့်ပြုတ်ကြသွားသလို အဖိုးလဲ မျက်မှန်ကို မျက်လုံးနား ဆွဲကပ်လိုက်ပြီး မျက်လုံးကြီး ပြူးသွား ပါတယ်။ ဘာလို့ လဲဆိုတော့ ခုနထင်ကိုင်ထားတဲ့ မုန့်အချောင်းက ထက် ဝက်ခန့် မရှိတော့လို့ပါပဲ။
   ပြီးတော့မှာ အဖိုးက အဖွားလက်ဆွဲခါ ဆိုင်ထဲကထခါ ပြေးသွားကြပါလေတော့တယ်။
  " ဟား ဟား ဟား ဟား "
   ခုမှ ဆောင်းလဲ သဘောပေါက်သွားခါ တခွီးခွီးရီနေရဲ့
 " ဆောင်း မင်းကိုလူတွေမြင်အောင် ပြလို့မရဘူးလား "
 " ရတယ်လေ မြင်အောင်ပြတာတော့ ရပါတယ် အခုက မိုးလဲချုပ်နေပြီပဲဟာကို ဘာလို့လဲဗျ "
  " ငါတယောက်ထဲ ပြင်းလို့ကွ တူတူလည်မယ်လေ "
 ဆောင်းက ဘယ်လိုလုပ်လိုက်လဲ မသိဆောင်းပုံရိပ်ကို ထင်းခနဲ မြင်လိုက်ရတယ်။ ချစ်ဖို့ကောင်း လိုက်တာကွာ သရဲလေးရာပါးချိုင့်လေးနဲ့ ပြုံးပြနေတာ မျက်နှာလေးက
  ဆောင်းပုံရိပ် ပေါ်လာစဉ်မှာပဲ အသံတခုကြားရပြန်ရဲ့
       " ဂလွမ်းးးးဒုံးဒလုံး "
   လှဲ့ကြည့်လိုက်တော့ Waiter လေးမျက်လုံးကြီးပြူး၍ ကြည့်နေတာတွေ့ရပါတယ်။ ထင်က ဆောင်းကိုမျက်စ ပစ်ပြခါ တဟားဟားရယ်ရင်း ဆိုင်ထဲမှ ပြေးထွက်လာခဲ့ ပါတော့တယ်။ ဆိုင်ကယ်လေးပေါ် တက်ခါမောင်းထွက် ခဲ့တော့ဆောင်းက ထင့်ခါးကိုဖက်ထားတာ ထင် ခံစားရ ပေမယ့် ထိတချက်မထိတချက် နဲ့ပါပဲ။
 Mini Mart တစ်ခုထဲကို ဝင်လိုက်တော့ ထင်နဲ့ဆောင်း ကိုလူတွေ ဝိုင်းကြည့်နေကြတယ်။ ဘာဖြစ်လို့လဲလို့ထင် တွေးနေမိတယ် ဆောင်းလေး ချစ်စရာကောင်းလို့ထင် နေတာဘယ်ဟုတ်မလဲ ဆောင်းက ပေါင်တိုလေးနဲ့ T Shirt လက်တိုလေး ဝတ်ထားတာကိုး။ ပြီးတော့သူက လုံးဝ မအေးသလိုပဲ ခပ်တည်တည်ပဲလေ။
  " ဆောင်းမင်းအနွေးထည် နဲ့ဘောင်းဘီရှည် ဝတ်ထား သင့်တယ် ခုချိန်က တအားအေးနေတာလေ ကွာ "
 " အော် လွယ်ပါတယ် ခနလေး ဟော တွေ့ပြီ လာစမ်း "
   ဆောင်းက သူ့ရှေ့တည့်တည့်က ကောင်တာဘေးမှာ ကပ်ထားတဲ့ ပိုစတာကိုကြည့်ခါ လာစမ်းလဲပြောလိုက် ရော ထိုထဲမှ မင်းသားဝတ်ထားတဲ့ နွေးထည်နဲ့ဘောင်း ဘီက ဆောင်းကိုယ်ပေါ် ရောက်လာပါတော့တယ်။ ခုန ထဲက သူတို့ကို ကြည့်နေတဲ့ ကောင်တာမှ အရောင်းစာ ရေးမလေးက ပိုစတာကိုလှဲ့ကြည့်လိုက်တော့ ပိုစတာမှ မင်းသားက အတွင်းခံလေးသာကျန်ပြီး ပေါင်လေးစိကာ ဒူးနှစ်လုံးပူးကာ ပေါင်ကြားကို လက်တဖက်နဲ့အုပ် ပြီးမှ ကျန်လက်က ရင်ဘတ်ကို အုပ်ထားတာ တွေ့ရပါတယ်။

     အရောင်းစာရေးမလေးက မျက်လုံးကြီး ပြူးသွားခါ ထင် တို့ကိုကြည့်လိုက် ပိုစတာ ကိုကြည့်လိုက်နဲ့ ၃ ခါ လောက်လုပ်ပြီးမှ ဝုန်းခနဲပစ်လဲ ကျသွားပါတော့တယ်။
    ထင်နဲ့ဆောင်းနဲ့ တဟားဟား ရယ်ခါ ပြန်ထွက်လာခဲ့ လိုက်ပါတော့တယ်။ ဒီမြို့လေးရဲ့ ကုန်းထိပ်ဘုရားလေး နားမှာ တောင်ခြေဖက်ကို လှမ်းကြည့်လို့ရတဲ့ နေရာရှိ တယ် အဲဒိမှာ ခုံတန်းလေးတွေနဲ့ ညဆို အတွဲတွေလာခါ အပန်းဖြေလေ့ ရှိတယ်တဲ့။ အဲဒိနေရာလေးကို ထင်တို့ ရောက်တော့ ခနနားပြီး ခုနအကြောင်းတွေ ပြန်ပြောပြီး ရီနေကြတာလေ။ တဟားဟားနဲ့။
     ဘေးကထသွားတဲ့ အတွဲက ထင့်ကိုသေချာကြည့်ခါ သွားတာမို့ ဆောင်းကိုပြန်ကြည့်လိုက်မိတော့ ဆောင်းပုံ ရိပ်လေးက ဝါးတားတားလေး ဖြစ်နေတယ်။
  " ဟင် ဆောင်း မင်းဘာဖြစ်ပြန်တာလဲဟ့ မရတော့ဘူး လား ပြန်ပျောက်သွားပြန်ပြီ "
  " ကျနော် မလုပ်နိုင်တာ့ဘူးဗျာ အားမရှိတော့ဘူးဗျ "
  " မင်းပင်ပန်းနေတယ်နဲ့ တူတယ်ကြည့်ရတာ အိမ်ပြန် ကြမယ်လေ နားချင်သေးလား ဒီမှာ "
  " ဟင့်အင်း အိမ်ပဲပြန်ချင်တော့တယ် "
 " လာလာ ထ ရလား ငါကလဲ ကိုင်ပေးလို့ကမရ ဟင်း "
   သူဆိုင်ကယ်မောင်းရင်းက နောက်ကိုစိတ်မချတာမို့ လှဲ့လှဲ့ကြည့်နေမိတယ်။ ဆောင်းကျန်ခဲ့မှာစိုးလို့လေ။ တော်တော်လေး မောင်းလာပြီးတော့မှ နောက်လှဲ့ကြည့် မိတော့ဆောင်းမရှိတော့ပေ။ ထင် ဆိုင်ကယ်ကိုလမ်းရဲ့ ဘေးမှာ ကျွီခနဲ ထိုးရပ်လိုက်ခါ
   " ဟင် ဆောင်း ဆောင်း ဘယ်ရောက် သွားတာလဲ ဆောင်းဒီနားမှာရှိလား ငါစိတ်ပူနေတယ်နော် မစနဲ့မင်း ဒိနားမှာ ရှိလား ငါ့ကိုပြောစမ်းပါ ဆောင်း ဆောင်းရေ "

    မျက်လုံးတွေ ပြာသွားကာ စိတ်တွေ တအားပူကာသူ အိမ်ကို အမြန်ဆုံးပြန်လာ ခဲ့တယ်။ အိမ်တံခါးကို ဖွင့်ခါ
   " ဆောင်း ဆောင်းရေ ဆောင်းလေး "
   အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ ကုတင်ပေါ်မှာလှဲနေ တဲ့ ဆောင်းသစ်ထူး။ ထင်ဘေးကို ပြေးသွားခါ
 " ဆောင်းရယ် စိတ်ပူလိုက်ရတာကွာ ဘယ်လိုနေသေး လဲဟင် မျက်နှာကလဲ ဖြူစုပ်နေတာပဲ ဟား ကိုင်လို့က လဲမရဘူး တောက် ဒုက္ခပါပဲ "
    ဆောင်းက ထင့်ကိုကြည့်ကာ ပြုံးပြလိုက်ပြီးတော့
 " ဘာတွေဖြစ်နေတာလဲဗျာ့ ကျနော်ဘာမှ မဖြစ်ပါဘူး "
   " မင်းသာဘာမှ မဖြစ်တာ ဒီမှာစိတ်ပူလှပြီ ဟူးးး "
   " ဝမ်းသာပါတယ် ဗျာ သက်သာသွားမှာပါ "
  ထင် ဆောင်းဘေးမှာ ဝက်လှဲ လိုက်ပြီး ခေါင်းကိုလက် နဲ့ထောက်၍ ဆောင်းပုံရိပ်လေးကို ကြည့်နေမိတယ်။ ပုံ ရိပ်လေးက ထင်ရှားလာလိုက် ဝေဝါးသွားလိုက်နဲ့ ဒါပေ မယ့် ဆောင်းကလဲ သူ့ကိုကြည့်ခါ ပြုံးပြနေပါတယ်။
   ဆောင်းလေးရယ် ငါ့ကိုဝေဒနာတွေ ပေးတော့မယ်နဲ့ တူပါတယ်ကွာ။ မဖြစ်နိုင်တဲ့ အခြေနေကို ငါကိုယ်တိုင် ကိုက သိသိကြီးနဲ့ တိုးမိတော့မယ် ထင်ပါရဲ့။
    ဆောင်းနဲ့ထင်ရဲ့ နောက်ရက်တွေက နောက်လိုက်စ လိုက်ရီလိုက်မောလိုက် နဲ့ပေါ့ပါးသွက်လက်စွာ ပျော်ရွှင် ဖွယ်ရာတွေ ပြည့်နှက်နေပါတယ်။ မမြင်နိုင်တဲ့ သံယော ဇဉ်ကြိုးလေးတွေ တရစ်ပြီးတရစ် တင်းတင်းရစ်ခါ ချည် နှောင်နေမိ ကြပါတော့တယ်။
   " ခနလေး ငြိမ်ငြိမ်နေစမ်းပါ ဆောင်းရာ ငါဒိမာစာရေး ရတာ ဖီးလ်ပြတ်ပြတ်သွားတယ် သွားအခန်းအပြင်မှာ သွားနေ သွား ပြီးရင်ငါထွက်ခဲ့မယ် "
   ခုနက ဆောင်းကို ထင်အော်ထုတ်ခဲ့လိုက်မိတယ်။

   ထင် စာရေးတာရပ်လိုက်ပြီး အခန်းအပြင်ထွက်လာမှ ဆောင်းကို လိုက်ရှာမိတော့ မတွေ့ရပေ။ စိတ်ဆိုးသွား လေသလား မသိ။
   " ဆောင်းရေ ဆောင်းသစ်ထူး ဆိုတဲ့ အရူး သရဲလေး ထွက်ခဲ့စမ်း မင်းကို ငါလွမ်းနေပြီကွ လာခဲ့နော် လိမ္မာပါ တယ် လာ ငါဗိုက်စာနေလို့ အပြင်မှာ မုန့်သွားစားမှာ မင်း မလိုက်ဘူးလားပြော "
" ခေါ်နက် လိုက်ဘူး ခုနကတော့ ကျနော့်ကိုအော်ထုတ် ပြီးတော့ အီးဟီးဟီး "
  " အေးပါကွာ လာ နောက်ခါမအော်ဘူးနော် ကိုကစာ ရေးနေရင် ငြိမ်သက်နေမှ ရေးတက်လို့ပါကွာနော် "
" အ့လိုပြောပြီး အော်အော်ထုတ်တာ ခုနဲ့ဆို ၁၇ ခါရှိပီ "
   " ဟားဟားဟား ဟုတ်ပါပီကွာ လိမ္မာတယ် သရဲလေး က နော် စိတ်မကောက်နဲ့တော့ ဟုတ်ပြီလား "
   အော် ဘာလို့များ ဒိလိုတွေ ချော့နေရတာကို ကျေနပ် နေမိပါလိမ့်။ သူ့ကိုယ်သူ အမြဲသတိပေး ဆင်ခြင်နေပါ လျက်နဲ့ တဖြေးဖြေး နစ်မှန်းမသိ နစ်လာမိပြီ ထင်ပါရဲ့။
    ဆိုင်ကယ်လေးနဲ့ မြို့ထဲထွက်လာတော့ ဆောင်းက
 " ဟိုးတောင်ကုန်းထိပ်ကို မောင်းပေးပါလားဗျာ့ အဲဒိမှာ တရုတ်စကားပန်းပင်တွေ ရှိတယ် လသာတဲ့ရက်ဆိုရင် အရမ်းသာယာတယ် ပန်းကြွေတောမှာထိုင်ပြီး ကြယ် တွေ ကိုငေးမောကြည့်လို့ရတယ်ဗျာ့ "
   " ဟုတ်လား မိုက်တာပေါ့ ခနလေး ကိုမုန့်နဲ့ကော်ဖီပူ လေးဝင်ဝယ်လိုက်မယ် ဟိုရောက်မှ စားမယ် အိုခေ "
   " yesssssssssssssir "
    ဆွဲငင်ပြောလိုက်တဲ့ အသံလေးက သာယာချိုမြိန်လှ ပေစွ။ မင်းလေး အရမ်းချစ်ဖို့ကောင်းတယ် ဆောင်းရယ်
ငါ မင်းကို ချစ်မိတော့မယ် ထင်ပါရဲ့ကွာ။

    တကယ့်ကို ဆောင်းပြောသလို သာယာလှတဲ့နေရာ လေးပါ ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်နဲ့ လာတဲ့ အတွဲတွေ ရှိတာမို့နေရာရွေးကာ တောင်စောင်းလေးမှာ သူတို့ထိုင် လိုက်ကြတယ်။ အနားမှာ တရုတ်စကားပန်းပွင့် အကြွေ လေးတွေ ပြန့်ကျဲလို့ညလေ အေးအေးနဲ့ ကြယ်ရောင်စုံ လေးတွေကြည့်ရတာစာရေးဆရာဖြစ်တဲ့ မော်ကွန်းထင် အတွက် အရမ်းကိုကျေနပ် မိတာပေါ့။
   ကော်ဖီသောက်ကာ ငေးကြည့်နေတဲ့ ထင့်ကိုဆောင်း ကဘေးနား ပုခုံးကိုမှီခါ ထိုင်လာပါတယ် ပြီးတော့မှ
   " ပန်းတွေက ကြွေပြီးရင် ပြန်လည်ရှင်သန်ခွင့်ဆိုတာ မရှိတော့ဘူးနော် သူတို့ကို ကျနော်သနားလိုက်တာ "
   ပထမတော့ ရိုးရိုးပြောတယ် ထင်မိပေမယ့် နောက်မှ ထင် သဘောပေါက်သွားကာ
   " ကြွေပေမယ့် အနံ့မပျယ် ခြောက်သွားတာတောင်မှ မွှေးနေတဲ့ ပန်းလေးတွေ လဲရှိပါတယ် ဆောင်းရယ် လူ့ ဘဝမှာ အရာအားလုံးက မမြဲကြပါဘူး အစွဲအလမ်းကြီး တက်တဲ့သူတွေဟာ ကို့ကိုယ်ကို ညှုင်းဆဲရာရောက်ပါ တယ် ကိုကတော့တန်ဖိုးထား မြတ်နိုးပေမယ့် စွန့်လွှတ် ပေးဖို့ကိုလဲ ပြင်ဆင်ထားရမယ်ဆိုတာ သတိထားစေ ချင်တယ် ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သင်္ခါရကို လက်ခံခြင်း တစ်မျိုးပဲ မဟုတ်လား "
  " လောကမှာ အချစ်ဆိုတာ မရှိရင်ကောင်းမယ်နော် "
  " အင်း ဒါကလဲ လူတွေအတွက် လိုအပ်လို့ဖြစ်တည်ခဲ့ တဲ့ ပြရုပ်တစ်ခုပါပဲ အချစ်ကြောင့် လူတွေ ရှင်သန်တယ် သေဆုံးတယ် ကြေကွဲဝမ်းနည်း ပျော်ရွှင်ရတယ် ဒါပေမဲ့ အဲဒိလို ခံစားချက်တွေ ရှိမနေရင်လဲ လူဆိုတာ သက်ရှိ စက်ရုပ်တွေ ဖြစ်ကုန်မှာပေါ့ ဆောင်းရဲ့ "
 ဆောင်းရဲ့ သက်ပြင်းချသံကို ကြားမိလိုက်ပါတယ်။

    " ဆောင်း ဘာတွေခံစားနေရ လို့လဲဟင် "
   " ဟာ ကြယ်ကြွေပြီ ဆုတောင်း ဆုတောင်း ကို "
  ဆောင်းက လက်နှစ်ဖက်ကိုစုပ်၍ မျက်လုံးလေးမှိတ်ခါ ဆုတောင်းနေတာကို ကြည့်ရင်း ထင်လဲ စိတ်ထဲကနေ ဆုတောင်းမိတယ်။
    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒီဘဝ ဒီခန္ဒာ ဒီ နှလုံးသားနဲ့ပဲ ဆောင်းကိုချစ်ခင်စွာ သေတပန်သက်တ ဆုံး အတူချစ်သွားခွင့်ရ ပါရစေလို့။
   " ဟာ ဆုမတောင်းပဲနဲ့ ဘာလို့ ကျနော့ကိုကြည့်နေရ တာလဲဗျာ့ ဘာလဲ မယုံလို့လား ခများက "
   " ခုနက ကိုလို့ ခေါ်လိုက်သလားလို့ ဟုတ်လား "
" အမ် မခေါ်ပါဘူးဗျာ လျှောက်ပြောပြန်ပြီ ခများကလဲ "
   ထင် ပြုံးလိုက်ခါ ခေါင်းကိုငြိမ့်ပြီး
  " ထားပါတော့ ကဲ ဆောင်း ဘာဆုတောင်းလဲပြောပြ "
  " ဟား ဟား မပြောပြပါဘူး အသေသတ် "
  " လုပ်ပါ ဆောင်းရ ကို့ကိုချစ်ရင်ပြောပြ "
  " ဟင် ခများ ဘာပြောလိုက်တာလဲ "
  " ဟုတ်တယ် ဆောင်းရယ် ငါမင်းကိုချစ်နေမိပြီကွာ "
  ဆောင်း ခေါင်းငိုက်စိုက် ချသွားတာမို့ ထင် စိတ်ပူစွာနဲ့
  " စောတီးကွာ ကို့ကိုစိတ်ဆိုးသွားလားဟင် ဆောင်း "
   " မဆိုးပါဘူးဗျာ ဘယ်လိုမှ မဖြစ်နိုင်တာ ကျနော်တို့ သိကြတာပဲ မဟုတ်လား တကယ်လို့သာ ချစ်ခွင့်ရမယ် ဆိုရင် ခများပြောတဲ့ ချိန်ထိတောင် ကျနော်စောင့်နေခဲ့ မှာမဟုတ်ပါဘူး ကျနော်က ချစ်နေတာ ကြာလှပြီလေ "
   " ဆောင်းလေးရယ် "
   ထင်ကဆောင်းရဲ့ ပုခုံးလေးကို ဖက်ခါ ငြီးငြူမိပါရဲ့။
  " ကို မရရအောင် ကြံဆောင်ပါ့ပမယ်ကွာ "
  ဆောင်းခေါင်းလေးသာ ငြိမ့်ပြပါတော့တယ်။

     အိမ်ပွဲစားဆီကနေ တဆင့်ဒီနေရာကို စုံစမ်းပြီး ထင် ရောက်လာတာပါ။ အိမ်ထဲကိုဝင်လိုက်တာနဲ့ နတ်ရုပ်ထု တွေတပုံတပင် နှင့်အတူအမွှေးတိုင် ဖယောင်းတိုင်တွေ ပူစော်ထားတာ တွေ့ရပါတယ်။ အခန်းထဲမှာ အသက် ၄၀ခန့်ခပ်နွဲ့နွဲ့လူတစ်ဦး ထွက်လာခါ ထင့်ကိုတွေ့တော့ မျက်လုံးပြူးသွားခါ သေချာခြေဆုံးခေါင်းဆုံး ကြည့်နေ ပါတော့တယ်။ ပြီးတော့မှ
   " အော် အောင်သင်းပြောတဲ့ ရန်ကုန်က စာရေးဆရာ နဲ့တူတယ် သူပြောတုန်းက ဒိလောက် မထင်ထားဘူး "
  " ဗျာ ဘာကိုလဲမသိဘူးဗျ "
  " ထိုင် ထိုင် စာရေးဆရာ ချောချောလေးတဲ့ အခုတော့ ချောရုံတင်မက သန့်ပြီးတောင့်ဖြောင့် နေတာပဲ ဟီး "
   ထင် သက်ပြင်းချ မိလိုက်တယ် တိုင်ပင်ဖို့ အဆင်ပြေ ပါ့မလား။ သူ့မျက်လုံးတွေက တခုခုဆိုတာ ထင် ခံစားမိ တော့ကျောချမ်းမိပါရဲ့။
   " တိုင်ပင်စရာ ရှိလို့ဆို တိုင်ပင်လို့ရပါတယ် အေးဆေး ဆွေးနွေးတာပေါ့လူသိမှာစိုးရင် အိပ်ခန်းထဲ ဝင်မလား "
   " ဟာ နေ နေ ရတယ် ဒိမှာပဲပြောပါ့မယ်ဗျာ့ "
   " ရပါတယ် ဒါဆိုလဲပြော ဖြေးဖြေးသာပြောနောက်ကျ ရင် ဒီမှာအိပ်သွားလဲရတယ် သိလား "
  " ဟုတ် ဟုတ် ကျေးဇူးပါ ဒီလိုပါဗျာ့ *@&$%#=!/  "
  " အဲဒိတော့ ဒီက ဘယ်လိုကူညီပေး ရမလဲပြောပါ "
  " ကျနော့ချစ်သူကိုယ်စား ကျနော်နဲ့အတူအိပ်ပေးနိုင်မဲ့ လူငယ်တစ်ယောက်လောက် လိုချင်တာပါဗျာ့ "
   " ဟယ် အမလေး ရင်တွေတုန်လိုက်တာ ဟယ် ဟင့် ဒီကကူညီလို့မရဘူးလားဟင် ဟိုလေ သူ့ချစ်သူလိုသာ သဘောထား ပြုသမျှခံပါ့မယ်လို့ တပြားမှ ပေးစရာလဲ "
   " နေ ပါ ဦး ဗျာ ပြောတာလဲသေချာ နားထောင်ပါဦး "

   " ပြော ပြော ဘာမဆို ကူညီမယ် အဆင်သင့်ပဲ "
  " လူငယ်ခပ်သန့်သန့် တစ်ယောက်ကို စိတ်ကြိုက်ဖြစ် ရင်တောင်းသလောက် ပေးပါ့မယ် ကျနော်နဲ့တစ်ညအိပ် ပေးရမှာပါဒါပေမယ့်အဲဒိချိန်မှာသူ့ခန္ဓာကိုယ်မှာ ကျနော့ ချစ်သူရဲ့ ဝိညာဉ်ဝင်နေပါလိမ့်မယ် ဒါကိုသဘောတူပေး ရမှာပါဗျာ့ "
   " ဒီက အလကား ကူညီပါ့မယ်ဆိုနေဟင်း ပြီးရော ခန တော့စောင့်ဦး ရှာပေးပါ့မယ် "
   နောက်ထပ် ၂ ရက်မြောက် ညမှာတော့ ထင်နေတဲ့ အိမ်လေးကို ကောင်လေးတစ်ယောက် ရောက်လာပါရဲ့ ရုပ်ရည်လေးက ကြည့်ကောင်းပြီး သန့်သန့်ပြန့်ပြန့်ပါပဲ။
   " ကိုပြောထားတာတွေ ညီလေး သိထားပြီးပြီနော် ဟို သဘောကောတူရဲ့လား တကယ်လို့ ကို့ဖက်ကကို့ချစ် သူနဲ့နေတာမို့လို့ အတိုင်းအတာတခုကိုရောက်သွားခဲ့ ရင်ကော ညီလေး လက်ခံနိုင်ရဲ့လား "
  " နဲနဲကြောက်ပေမယ့်ဟိုကိစ္စကိုတော့ အကို့စိတ်ထဲမှာ ရှိတဲ့အတိုင်းလုပ်ပါ ကျနော် လက်ခံပါတယ်ဗျာ့ "
  " အိုခေ လာညီလေး အခန်းထဲ သွားရအောင်နော် "
  ထင့်ရဲ့အိပ်ခန်းလေးက မှီးပိတ်ထားပြီး ပြင်ပမှအလင်း ရောင်တချို့သာ ရှိနေပါတယ်။ ဘယ်အရာမှ သဲကွဲစွာနဲ့ မမြင်ရပါဘူး။ လေအတိုက်လိုက်ကာတချို့ လှုပ်ခတ်နေ တာမှလွဲရင် အရာအားလုံးငြိမ်သက်လို့။
    " အသာလေးလှဲအိပ်ပြီး စိတ်ကိုငြိမ်ငြိမ်ထား မျက်လုံး ကိုမှိတ်ထား ဘာမှမတွေးနဲ့နော် ညီလေး "
   နှစ်ဦးစလုံး ငြိမ်သက်နေလိုက်ကြတာ မိနစ်အချို့ကုန် ဆုံးသွားပါတော့တယ်။ ဆောင်းလေး ရေလာပါတော့။ ကိုယ်မင်းကို မျှော်နေပြီ ချစ်တဲ့ဆောင်းလေးရယ်။
   " ကို "

      ရင်တထိပ်ထိပ်နဲ့ စောင့်နေမိတာက ထင်ပါ ခုနက တိုးညင်းစွာ ထွက်ပေါ်လာတဲ့ ကောင်လေးရဲ့ အသံက ထင် ကြားနေကျ ဆောင်းရဲ့အသံလေးပါပဲ။
    " ဟင် ဆောင်းလေးလားဟင် ဆောင်းလေး "
  ကောင်လေးခေါင်းကိုငြိမ့်ပြ လာပါတယ်။ ကောင်လေး ရဲ့ မျက်လုံးတွေက ရီဝေနေ ပါတယ်။ ထင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေပြီး ကောင်လေးရဲ့ လက်မောင်း ကိုဖြစ်ညှုစ်လိုက်ခါ နှုပ်ခမ်းလေးကိုနမ်းဖို့ ပြင်လိုက်မိပါ တယ်။ နှုပ်ခမ်းနှစ်ခု ထိခါနီးမှာ ထင်မျက်စိကိုမှိတ်ချပြီး ချစ်တဲ့ ဆောင်းရဲ့ပုံရိပ်ကိုမြင်ယောင် ကြည့်လိုက်ပါရဲ့။
    ထင့် နှုပ်ခမ်းနဲ့ ကောင်လေး နှုပ်ခမ်းအထိမှာ ကောင် လေး တွန့်ခနဲ ဖြစ်သွားတယ်။ ထင် မျက်စိတွေဖွင့်ကြည့် တော့ကောင်လေးက မျက်စိတွေ မှိတ်ထားပြီး ချွေးတွေ ပြန်နေပါတယ်။
   " ဆောင်းလေး ဘာဖြစ်တာလဲဟင် ဆောင်း "
   ကောင်လေးက ခေါင်းကိုဖြေးညင်းစွာ ခါပြလိုက်ပြီးမှ
  " ဘာမှမဖြစ်ဘူး ကို ဒါပေမဲ့ ဒါ ပေ မဲ့ - - - "
  " ဒါပေမဲ့ ဘာဖြစ်လဲ ဆောင်းရယ် ဆောင်းအဆင်မပြေ ရင် နေပေ့စေတော့နော် သူ့ဖာသာအိပ် ပေ့စေတော့ "
   ဆောင်း ခေါင်းကို လေးတွဲ့စွာ ခါပြန်တယ်။ ပြီးမှ သူ့ လက်နှစ်ဖက်ကို ဆန့်တန်းပေးတာမို့ ထင် ထိန်းမလိုက် ခါ ထိုင်ခိုင်းပြီး ဖက်ထားလိုက်မိတယ်။
   " ကျနော် မှားသွားပြီ ကိုရယ် ကျနော် ကျနော် "
  " ဘာတွေ ဖြစ်နေတာလဲ ဆောင်းလေးရယ် ပြောပါ "
   " ကျနော့် ဝိညာဉ်ပြောက်ကွယ် သွားတော့မယ်နဲ့တူ တယ် ကို ကျနော် သိနေတယ် အစက ဒီလိုဖြစ်မယ်မှန်း သိရင် ကျနော် ဒီကိစ္စကို အကောင်အထည် မဖော်ခဲ့ပါ ဘူးကိုရယ် ခုတော့ ကျနော်တို့ ခွဲရတော့မယ်နဲ့တူပါရဲ့ "

    " ဟာ မရဘူးလေ ဆောင်းရဲ့ အဲဒိလိုလုပ်လို့ မရဘူး ကိုတို့မခွဲနိုင်ဘူးလေကို ဆောင်းကို တအားချစ်တာလေ ဆောင်းကို့ကို ထားမသွားရဘူး ကို ရူးသွားလိမ့်မယ် "
    ထင် ဆောင်းကိုအတင်းဖက်ထားမိတယ်။
   " ကျနော်လဲ ကို့ကို အရမ်းချစ်ပါတယ်ဗျာ ကျနော့်မှာ အချိန် သိပ်မကျန်တော့ဘူး ကို "
   " ဟာ ဟာကွာ ဘာတွေလဲ ဆောင်းရယ် မလုပ်ပါနဲ့ ကို့ ကိုမရက်စက်ပါနဲ့ကွာ ကိုတောင်းပန်ပါတယ် "
   " ကျနော်လဲ မခွဲနိုင်ဘူးကိုရယ် ဘယ်လို ဘဝမျိုးနဲ့ပဲ ဖြစ်ဖြစ် ကို့နားမှာပဲ နေချင်တာပါဗျာ "
  ထင် ဆောင်းကို ဖက်ထားရာကနေ ခွါလိုက်ပြီးမျက်နှာ က်ုသေချာစိုက် ကြည့်လိုက်တော့ ဆောင်း မျက်ရည်ကျ နေတယ် ထင် လဲ မျက်ရည်တွေနဲ့ပါပဲ။
   " ကျနော့်ကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် အဖြစ်နဲ့ နမ်းပေးပါလား ဟင် ကို "
   ဆောင်း အသံတွေက လှိုက်မောတုန်ရင် နေပါတယ်။ ထင် ဆောင်းရဲ့နှုပ်ခမ်းကို သေချာကြည့်ပြီး တဖြေးဖြေး ချင်း ကပ်သွားလိုက်မိတယ်။ နှုပ်ခမ်းခြင်း ထိခါနီးမှာပဲ ဆောင်းက သူ့နှုပ်ခမ်းကိုသူ့ဖာသာ ကိုက်ပြီး ငိုချလိုက်ပါ တော့တယ်။ ထင် ဆောင်းကိုဖက်ထားလိုက်ခါ ဆောင်း ကိုချော့မြူပွတ်သပ် ရင်းက ထင်ပါ ငိုနေမိတယ်။
   " ဟင့် ကျနော် မှားပြီ ကျနော် မှားပြီဗျာ ကျနော် ကိုနဲ့ မခွဲနိုင်ဘူး ကျနော် ဘာလုပ်ရမလဲ ဆိုတာကျနော် မသိ တော့ဘူး အီး ဟီး ဟီး "
   " ဆောင်း ရယ် ဆောင်းလေးရယ် မငိုပါနဲ့ကွာနော် "
   " ကျနော် ကို့ကို အရမ်းချစ်တယ်ဗျာ့ အဟင့် အင့် "
  ထင် ဆောင်းရဲ့ခေါင်းကိုဆွဲမော့ခါ နှုပ်ခမ်းတို့ ကိုဆွဲစုတ် ခါ အားရပါးရ နမ်းပစ်လိုက် ပါတော့တယ်။

     ဆောင်းရဲ့ကိုယ်လေး တစ်ချက် ဆတ်ခနဲ ဆတ်ခနဲနဲ့ တုန်တက်သွားတာမို့ ထင် လှဲချခါ ပေါင်ပေါ်တင်ပြီးငုံခါ ကြည့်နေလိုက်မိတယ်။ ဆောင်းရဲ့ လက်လေးတွေကိုလဲ အတင်းစုပ်ကိုင်ခါ ထားမိပါတယ်။
   " ဆောင်းလေး ဆောင်းလေး မသွားရဘူးနော် ခလေး ကို့ကို ထားမသွားနဲ့နော် "
  " ကို ကျနော် မရတော့ဘူး ကျနော် ကို့ကို အ့ဟား အင့် ဟင်း ချစ် တယ်  ချစ်  တယ်  ကို  ရယ် "
   " ကို့ကို ချစ်ရင် မင်းပြောက်ကွယ် မသွားပါနဲ့ ခလေးရာ ကို ရူးသွားလိမ့်မယ် ဆောင်းရဲ့ ကိုမင်းမရှိရင် မနေတက် တော့ဘူး ကို့ကို သနားပါဦး ဆောင်းလေး ရယ် နော် "
    ဆောင်း မျက်စိလေးမှေး စင်းခါ ပါးစပ်လေး ဟလာပြီး ခေါင်းလေးမော့လာတာမို့ထင် အလိုက်တသိငုံ့ခါ နှုပ်ခမ်း ချင်းထိကပ်ပေး လိုက်ပါတယ်။
   နှုပ်ခမ်းသားခြင်း ထိတယ်ဆိုတာ သိလိုက်ချိန်လေးမှာပဲ ဆောင်း ခေါင်းက အောက်ကို ပြန်ပြီး ပြော့ကျသွားတာမို့ ထင် အလန့်တကြား ပြန်မခါ ဆောင်း နှုပ်ခမ်းတွေကိုစုပ် နေမိတယ်။ ဆောင်း ဘက်ကဘာတခုမှ တုန့်ပြန်မှု မရှိပေ ထင် ဆောင်းကို အားရပါးရနမ်းလိုက်ပြီးမှ မျက်နှာကိုခွါခါ
   " ဆောင်းလေး မသွားရဘူးနော် မောရင် ခနနားနော် ကို စောင့်နေမယ် သိလား ဆောင်းလေးက ကို့ကိုတအား ချစ်တာကိုသိတယ် ကို့ကိုမထားဘူးနော် ဟုတ်တယ် မဟုတ်လား ကို စောင့်နေမယ်နော် ဆောင်းလေး "
    ထင် ဆောင်းရဲ့ခေါင်းလေးကို ရင်ခွင်ထဲထည့်ခါ ဖက် ထားလိုက်ပြီး ငြိမ်သက်ခါ စောင့်နေမိတယ်။ မျက်စိတွေ ကလဲ အခန်းအနှံ့ လိုက်ကြည့်နေမိတယ်။ ဆောင်းလေး များပေါ်လာ လေမလားပေါ့။ ဆောင်းလေးက မောလို့နား နေတာ နေမယ်။ ဘာမှမဖြစ်ဘူး သူစောင့်နိုင်တယ် ။

      ဆောင်းရဲ့ ခန္ဓာကိုယ်လေး လှုပ်လာပြန်တာမို့ ထင် ဝမ်းသာအားရ နဲ့
   " ဆောင်းလေး ဆောင်းလေး အမောပြေပြီလားဟင် ကို ထင်ပါတယ် ဆောင်းလေး ကို့ကိုမထားခဲ့ဘူးဆိုတာ "
   " အကို ကျနော် နေမခ ပါဗျာ့ အကို့ချစ်သူ မဟုတ်ဘူး "
  " လျှောက်မပြောနဲ့ ဆောင်းလေးရယ် ကို့ကိုမနောက်ပါ နဲ့ကွာနော် ကို ဆောင်းကိုစောင့်နေတာလေ "
     ကောင်လေးက အတင်းရုန်းကာ ပြန်ထတာမို့ ထင် က ပြန်ပြီး အတင်းလိုက်ဆွဲ ပါတော့တယ်။
  " ဆောင်းလေး ကို့ကို မထားခဲ့ပါနဲ့ကွာ ကို မင်းကိုအရမ်း ချစ်လို့ပါကွာ နော် ဆောင်းလေးနော် နော် "
  " ဟာဒုက္ခပါပဲ စိတ်ညစ်လိုက်တာ အကို အဲဒိလိုမလုပ်ပါ နဲ့ ကျနော် အကို့ချစ်သူ မဟုတ်ဘူး မလုပ်ပါနဲ့ဗျာ "
 " ဆောင်းရယ်မင်းရှိနေတာကိုသိပါတယ် မင်းကဆောင်း ပဲလေ နော် ဆောင်းလေး မသွားပါနဲ့ကွာ ဆောင်းရယ် "
  " အကို ဟာဗျာ ကျနော်ပြန်တော့မယ် ဖယ်ပေးပါ အကို ဟာ ဘေးဖယ်ဗျာ ပြန်မယ် "
   ကောင်လေးကို အတင်း ထင်လိုက်ဖက်နေတာမို့သူက လဲ အတင်းပြန်ရုန်းကာ အိမ်ရှေ့ကို အတင်းပြေးထွက်ပါ တော့တယ်။ အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ပေါ်တက်ခါ အမြန်မောင်းပြေး ပါတော့တယ်။
    ညထဲက စေ့ထားတဲ့ ခြံတံခါးကိုပင် ဆိုင်ကယ်ရှေ့ဘီးနဲ့ တိုက်ခါဖွင့်ပြီး မောင်းထွက် သွားပါတော့တယ်။ ထင် လဲ အနောက်ကနေ အတင်းပြေးလိုက် ပါတော့တယ်။ ဒါပဲရှိ တော့တာလေဒီကောင်လေးပဲ သူ့ရဲ့နောက်ဆုံးမျှော်လင့် ချက်လေးပါ။ ဆောင်းက သူ့ဆီပြန်ဝင်လာ မှာလေ။
   " ဆောင်းလေး ဆောင်းရေ ဆောင်းးးးး ဆောင်းးးး "
   " တီးးးးးးးးးးးးးတီ တီ တီ တီးးးးးး "

     ထင် ကောင်လေးဆိုင်ကယ်နောက်ကို ပြေးလိုက်စဉ် မှာပဲ ဘေးခြံထဲမှ ထွက်လာတဲ့ အရေးပေါ်လူနာတင်ကား ထွက်လာတာနဲ့ ကြုံပြီး တိုက်မိမလို ဖြစ်တာမို့ ဟွန်းတီး လိုက်တာပါ။
    ကားက ထင့်ရှေ့မှာ ဘရိတ်အုပ်လိုက်သလို ထင်ကလဲ လမ်းဘေးကို ကပ်ပေးလိုက်ပါတယ်။ ကားကချက်ခြင်းပဲ မောင်းထွက်သွားပါ တော့တယ်။ ထင် ထိုနားမှာပဲ ထိုင်ချ လိုက်ခါ ငိုလိုက်မိပါတော့တယ်။
     " ဆောင်းရယ် ကို့စီပြန်လာပါကွာ ကို့ကိုမထားခဲ့ပါနဲ့ ကို လွမ်းလွန်းလို့ သေရပါလိမ့်မယ်ကွာ "
    အဲဒိညက စပြီး ထင့်ရဲ့ အိမ်လေးမှာ ဆောင်းရဲ့အသံပုံ ရိပ် တခုမှ မမြင်ရတော့ပေ။ ထင့်မှာတော့ ရူးမတက်ပါပဲ။ အထူးသဖြင့် ညဖက်တွေဆို ဘာအသံပဲကြားကြား ထပြီး လိုက်ရှာရတာ အမောပါပဲ။ ဆောင်းလေး များလို့လေ။
    ဆောင်းသူ့ကို ထားခဲ့ပြီဆိုတာ ထင် လက်မခံချင်ပါပဲ လက်ခံ လိုက်မိချိန်ကတော့ အိမ်လေးကိုငှားထားတာ ၃ လ ပြည့်ချိန်မှာပါပဲ။ အိမ်ရှင်နဲ့သွားတွေ့ကာ ထိုအိမ်လေး ကို ဝယ်ဖို့တောင်းဆို ကြည့်မိတော့
    " ဘယ်လိုမှ ရောင်းလို့ မဖြစ်ပါဘူး အဲဒီအိမ်လေးက ဒီ အိမ်က သားငယ်လေးရဲ့ အပန်းဖြေတဲ့ အိမ်လေးပါ သူလဲ လုံးဝ သဘောတူမှာ မဟုတ်ပါဘူး ဒါ့ကြောင့်ပါ "
   " ဒါဆို ကျနော် သူ့ကို တွေ့ပြီး တောင်းပန်ကြည့်ပါရစေ ကျနော့ကိုတွေ့ ခွင့်ပေးပါဗျာ ကျနော့်အတွက် အရမ်းကို အရေးကြီးနေလို့ပါ "
   " အဲဒိကိစ္စကလဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူးကွယ် သားငယ်လေးက ကျန်းမာရေးမကောင်းတော့ ဘယ်သူနဲ့ မှ ပေးမတွေ့နိုင်ပါဘူး စိတ်မကောင်းပါဘူး "
  ကို ကပဲ လက်လျော့လိုက်ရပြီပေါ့ ဆောင်းလေးရယ် ။

     စိတ်တို့က လေးလံထိုင်းမှိုင်း နေပေမယ့် ပစ္စည်းတွေ သိမ်းဖို့ကလဲ ရှိတာမို့ ကို့ဖာသာပဲ အိမ်လေးကို တက် နိုင်သမျှ ရှင်းလင်းပြီး အထုတ်တွေ ပြင်ဆင်နေလိုက်ရဲ့။ ကိုမှမလုပ်လဲ လုပ်မယ့်သူမရှိဘူး မဟုတ်လား။ အိမ်လေး ကို စွန့်ခွာသွားဖို့ အလွန်အမင်း ဝန်လေးနေမိတယ်။ ဒါက လဲ ဆောင်းလေးကို ပြန်တွေ့ရလို ပြန်တွေ့ရငြား ဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ပါ။
    လူတစ်ရပ်ကျော်ခန့်ရှိတဲ့ အဝတ်ဘီဒိုကြီးထဲမှ အဝတ် အစားတွေကို အိတ်ထဲထည့်ဖို့ ဘီဒိုပေါ်ပစ်တင်ထားခဲ့တဲ့ လက်ဆွဲအိတ်ကြီးကို ထင် လှမ်းဆွဲချလိုက်စဉ်မှာပဲ
   " ခလွမ်းးးး "
 အိတ်အောက်မှာ ညပ်ပါလာကာ ဘီဒိုပေါ်မှ ပြုတ်ကျလာ သောအရာလေးတစ်ခုရဲ့ ကျကွဲသံကြားရပါတယ်။
    ထင် ကောက်ခါယူကြည့်လိုက်တော့မှ ထင့် မျက်လုံး တွေ ဝိုင်းစက်ပြူးကျယ် သွားရပါတော့တယ်။ ဆောင်းရဲ့ပုံ လေးထည့်ထားတဲ့ အလှဓါတ်ပုံထည့်တဲ့ မှန်ဘောင်လေး ပါလား။ ရင်တွေ တဒိန်းဒိန်းခုံ သွားရပါတော့တယ်။ ဒါဆို ဒီအိမ်လေးက ဆောင်းနဲ့ ပက်သက်မှု ရှိနေတာ ကျိန်းသေ သွားပြီ။ ကြည့်ပါဦး အခုမှသူ စဉ်းစားမိတယ်။
    ဒါဆို ဒီအိမ်လေးမှာ အပန်းဖြေတက်တယ် ဆိုတာက ဆောင်လေးများလား။ မဟုတ်လောက်ဘူး ဆောင်းလေး ကလူမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အထုတ်ပြင်ခြင်းကို ရပ်ဆိုင်းလိုက်ပါပြီ။
    ဆောင်းလေးအကြောင်းကို သူသိအောင်စုံစမ်းတော့မှ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သဲကွဲစွာ သူသိချင်တယ်လေ။ ချစ် တဲ့ဆောင်းလေးနဲ့ ပြန်တွေ့ရဖို့ သူဘာမဆိုလုပ်ဖို့အတွက် ဝန်လေးနေမှာ မဟုတ်ပေ။ ပထမဆုံးအနေနဲ့ အပန်းဖြေ တက်တဲ့ သားငယ်လေး ဆိုတာအရင် စုံစမ်းရပေမည်။

    ထင် ဆေးရုံထဲကို ပြေးလာနေမိတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့ဘူး အခုချိန်မှာ အရေးကြီးဆုံးက သူ သိပ်ချစ်တဲ့ ဆောင်းလေးပါပဲ။
    အခန်းတစ်ခုရှေ့ ရောက်တာနဲ့ ခြေထောက်တွေကတုံ့ ခနဲထိုးရပ် လိုက်ပါတော့တယ်။ ရင်တွေခုန်နေတာ မော လို့ဟုတ်မယ် မထင်။ အထဲကိုလှမ်း မကြည့်ခင် မျက်စိကို မှိတ်ချလိုက်ပြီး အသက်ကို ဝအောင်ရှုလိုက် မိတယ်။
   ပြီးမှ မျက်စိကိုဖြေးဖြေးချင်း ဖွင့်ခါ အခန်းထဲကို တံခါးရဲ့ မှန်လေးကနေ လှမ်းကြည့်လိုက်တော့
   " ဟင် ဆောင်း ဆောင်းလေး "
   " သားငယ်လေးရဲ့ သူငယ်ချင်းလား "
   " အောင်မယ်လေးဗျာ့ "
    ရုတ်တရက်အခန်း တံခါးဖွင့်ခါ ပြောလိုက်တာက ထင် နားကပ်ပြီး ပြောတာမို့ ထင်လန့်သွားတာပါ။
   " ဘာဖြစ်တာလဲ ညီလေးရ သားငယ်လေး သတိရနေပြီ ခုက အိပ်ပျော်နေလို့ကွ တွေ့ချင်ရင် အထဲဝင်လေ "
    " ဗျာ ဟုတ်ကဲ့ ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ့ ကျနော် ထိုင်စောင့်နေလိုက်ပါ့မယ် "
    " အေး အေးလာထိုင် ညီလေး "
    သူ့ကိုထွက်ခေါ်တဲ့သူက ဆောင်းနဲ့ဘာတော်လဲတော့ သူမသိပါဘူး ဒါပေမယ့် လူလတ်ပိုင်း လူရည်သန့်တစ်ဦး ဆိုတာတော့ ငြင်းလို့မရပေ။
    သူ ဆောင်းအိပ်နေတဲ့ ကုတင်ဘေးက ခုံမှာ ဝင်ထိုင်ခါ ဆောင်းမျက်နှာလေးကို ငေးကြည့်နေမိတယ်။
  " ညီလေးက သားငယ်လေး သတင်းကြားလို့ လာတာ လား ခုမှရုတ်တရက်တွေ့တာလား ရော့ညီ ကော်ဖီပူပူ လေးသောက်လိုက်ဦး "
  ထင် ကော်ဖီခွက်ကို လှမ်းယူလိုက်ပါတယ်။ပြီးမှ
    " အသိတစ်ယောက်က ပြောလို့ပါဗျာ ဝမ်းသာလွန်းလို့ ဘာမှတောင်မဝယ် ခဲ့ရဘူး တန်းပြေးလာတာဗျာ့ "
   " အေးကွာ အကိုတို့လဲ ဒီလိုပါပဲ သူသတိပြန်ရလာမယ် လို့ မျှော်လင့်ကိုမထားရဲတော့တာ ခုတော့ ၃ နှစ်စောင့်ခဲ့ ရတာ တန်သွားပြီလေ သားငယ်လေး ကံကောင်းတယ် "
  " ဟုတ်တယ်အကို သူအရမ်းကံကောင်းတာပဲနော် "
  " အင်းပေါ့ ညီလေးရယ် သူ့အဖြစ်ကလဲ သိတဲ့တိုင်းပဲ တော်တော်လေး သနားဖို့ကောင်းတာကိုး ညီလေးရ "
  " ဟုတ်ကဲ့ အကို ညီနဲ့က မတွေ့တာ ၅ နှစ်လောက်ရှိပါ ပြီ သူဘယ်လိုဖြစ်သွားတာလဲ ဆိုနာတောင် ညီမသိလိုက် ဘူး ကျန်းမာရေးကြောင့် ဘယ်သူ့မှ ပေးမတွေ့တော့ဘူး ဆိုတာပဲ သိလိုက်တာဗျာ့ အခုလိုပြန်တွေ့ရတော့ ညီလဲ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ် အကိုရာ "
   " ထားလိုက်ပါတော့ ညီရယ် အော် အကိုအပြင်ခနသွား ချင်လို့ညီလေး အချိန်ရရင် စောင့်ပေးမလား မေမေတို့က ညနေမှလာလိမ့်မယ် ကိုကလသိပ်မကြာပါဘူး "
  " ဟာ ဟုတ်ကဲ့ သွားပါအကို ကျနော်တစ်နေကုန်အား တယ် ထိုင်စောင့်ပေးပါ့မယ် "
  " အေးလေ စောင့်နေလိုက် မင်းသူငယ်ချင်း နိုးလာရင် စကားပြောကြဦးပေါ့ကွာနော့ "
  သဘောကောင်းပုံ ရတဲ့ဆောင်းအကိုက အပြင်ကိုထွက် သွားတော့ ထင် တမျိုးတော့စိတ်ချမ်းသာ သွားတယ်။ ဒါ ပေမယ့် ဆောင်းလေး နိုးလာရင် သူ့ကိုမှ သိပါ့မလား မှတ် မိပါ့မလား ဆိုတာ သူမပြောတက်ပါ။
    ထင် မဝံ့မရဲနဲ့ ဆောင်းလက်လေးကို ကိုင်လိုက်မိတယ် နွေးထွေးအိစက်နေတဲ့ လက်လေးက သူ့လက်ကိုပြန်ကာ စုပ်ကိုင် လိုက်တာမို့ ထင် ရင်ထဲမှာ လှပ်ခနဲ ဖြစ်ခါသွားရ ပါတော့တယ်။

      ဆောင်း မျက်လုံးလေးတွေ ဖွင့်လာပြီး ထင့်ကိုကြည့် တော့ ထင် ခေါင်းကိုငြိမ့်ခါ ပြုံးပြလိုက်ပါတော့တယ်။ ခုန စုပ်ကိုင်ထားတဲ့ ဆောင်းလက်တွေကို ချက်ခြင်းဖြည်ပြီးမှ
   " ဟင် အကိုက ဘယ်သူလဲဗျ ကိုလေး ဘယ်ရောက် သွားတာလဲဗျ "
   " ဆောင်း "
   " ဗျာ "
   " ဆောင်းလေး "
   ဆောင်းမထူးတော့ပဲ သူ့ကိုမျက်မှောင်ကုတ်ခါ စူးစိုက် ကြည့်လာပါတော့တယ်။ ထင် မျက်ရည်တွေ တလိမ့်လိမ့် ကျနေမိတာ ကို့ဖာသာတောင် သတိမထားမိဘူးလေ။
  " ဟာ အကိုဘာလို့ငိုနေတာလဲဗျာ ဒုက္ခပါပဲ "
   " ဆောင်းလေး ကို့ကို တကယ်ပဲ မမှတ်မိတာလား "
   " ကျနော် အကို့ကို တကယ်မသိတာပါဗျာ "
   " ဆောင်းလေးရယ် ရက်စက်လိုက်တာကွာ "
   " ဟာ ဒုက္ခပါပဲ အကိုရာ ကျနော်မှ တကယ်မသိတာကို ကိုလေးကလဲ ဘယ်သွားနေလဲ မသိဘူး "
   ကိုလေးဆိုမှ ခုနကလူကို ထင်သတိရသွားခါ
   " ကို တစ်ခုလောက်တော့ တောင်းပန်ပါရစေ ဆောင်း "
   " ဗျာ ဘာကိုလဲ ဘာလို့လဲဗျာ့ "
   " ခုနက ဆောင်းအကိုကို ကိုကဆောင်းရဲ့သူငယ်ချင်း ပါလို့ ပြောလိုက်တယ် ဒါ့ကြောင့်သူ ကို့ကိုခနစောင့်ခိုင်း ပြီးအပြင်သွားနေတာ ဆောင်း သူပြန်လာရင် သူငယ်ချင်း လိုပဲနေပေးပါဆောင်းရယ် ကိုတောင်းပန်ပါ တယ်နော် "
    ဆောင်းသူ့ကို မျက်မှောင်ကုတ်ခါ ကြည့်လိုက်ပြီး
   " နေဦး အကိုကဘာလို့ ဒီလိုလုပ်တာလဲ ကျနော်ကမှ အကို့ကို တကယ်မသိတာဘာတေလဲကို မသိတော့ဘူး "
   " ကို ရှင်းပြပါ့မယ် ဆောင်းလေး "

     အဖြစ်အပျက်တွေကို ထင် ပြောပြနေမိတယ် ပုံရိပ်တို့ ကမနေ့တနေ့ကလိုပဲလေ ထင့်အတွက်တော့။ အားလုံး ကိုပြောပြပြီး ချိန်မှာတော့ ဆောင်း မျက်လုံးလေးတွေဝိုင်း ဆက်ခါ သူ့ကိုပြူးပြီး ကြည့်နေပါတယ်။
  " အကိုက စာရေးဆရာ လား ဘာနာမည်နဲ့ရေးတာလဲ "
  " ကလောင်နာမည်ကလဲ မော်ကွန်းထင် ပါပဲ ဆောင်း "
  " ဟားဟား ဖြစ်မှဖြစ်ရလေဗျာ So Amazing ဆရာရာ ကျနော်အရမ်းကြိုက်တယ် ဆရာ့ဝတ္ထုတွေကို ထွက်တိုင်း လဲဖတ်ခဲ့ဖူးပါတယ် ဒါပေမယ့် ဆရာကိုယ်တိုင် အခုလို ဇာတ်လမ်းတစ်ပုဒ် လာပြောပြမယ်လို့ ကျနော်မထင်ထား ဘူး တွေးလဲမတွေးခဲ့မိဘူးလေ ကျေးဇူးတင်ပါတယ်ဗျ "
    ထင့် နှလုံးသားကို စုပ်ချေလိုက်သလို ခံစားလိုက်ရပါ တော့တယ်။ ဆောင်းလေးရယ် ရက်စက်လိုက်တာ ကိုတို့ ချစ်ခဲ့ကြတာပုံပြင်မဟုတ်ဘူး ဒဏ္ဍာရီ မဟုတ်ဘူး စိတ်ကူး ယဉ်တာလဲမဟုတိပါဘူး။
  ထင့်မျက်နှာ ပျက်သွားတာတွေ့တော့ ဆောင်းရီနေတာ ကိုရပ်လိုက်ပြီးတော့မှ
   " Sorry ပါ ဆရာ ဘာပဲဖြစ်ဖြစ် ဆရာနဲ့တွေ့ရတာကိုပဲ ဝမ်းသာလှပါပြီ ခု ဆရာကျနော့အိမ်မှာပဲ နေနေလား "
   " ဟင့်အင်း အိမ်က အပ်လိုက်ရပြီလေ ကိုက ဟိုတယ် မှာပဲ တည်းနေတာ ဆောင်းလေးကို စောင့်ရင်းနဲ့ "
    ဆောင်းရီခါ ခေါင်းကိုငြိမ့်ရင်းနဲ့ ထင့်အား
   " ဟုတ်ပါပြီဗျာ ထားပါတော့ ဘာပဲဖြစ်ဖြစ် ဆရာမပြန် သေးဘူးဆိုရင် ကျနော့အိမ်လေးမှာပဲ နေပါ ဆရာမပြန် မချင်းကြိုက်သလောက် နေပါဗျာ့ "
   ဆောင်းရဲ့စကားတွေ ပြောဆိုပုံတွေက ထင် ပြောတာ တွေကို လုံးဝယုံကြည့်ပုံ မရတာ ထင့်အတွက် ကံဆိုးစေ တာပါပဲ။ ဆောင်းလေးရယ် ကိုဘာဆက်လုပ် သင့်သလဲ။
    " တော်ပါပြီ ဆောင်းရယ် ကိုကနေစရာနေရာလိုချင်ခဲ့ တာမဟုတ်ဘူးလေ ကိုချစ်တဲ့ခိုလှုံစရာရင်ခွင် လိုချင်ခဲ့ တာပါ အခုတော့ "
  " ဟီး မိုက်တယ် စာရေးဆရာဆိုတော့ တော်ကီကောင်း တယ်နော် အကိုက "
    ဆောင်း ထရီလိုက်ပြန်တယ်။ ထင် အတွက်တော့အခု ဆောင်းပြောတဲ့ စကားတိုင်းက နာကြင်စေတာ ဆောင်း မသိဘူးထင်ပါတယ်။ ထင် ပြောနေတာ နှလုံးသားနဲ့ပါ။ ဆောင်းနားထောင်နေတာ နားနဲ့လေ။
    " ကိုပြန်တော့မယ် ဆောင်းလေးရယ် နောက်မှပဲလာ တွေ့တော့မယ်နော် နေကောင်းအောင်နေ "
   " ကျနော့ကို စိတ်ဆိုးသွားတာလား ဆရာ "
   " မဆိုးပါဘူး ဆောင်းလေးရယ် ကိုအခု တကယ်မခံစား နိုင်တော့လို့ပါ သွားမယ်နော်ဆောင်း "
    ထင် ဆောင်းရဲ့ ခေါင်းလေးကိုပွတ်ခါ လှည့်ထွက်လာခဲ့ စဉ်မှာပဲ ဆောင်းအသံကို ကြားရတယ်။
   " တောင်ကုန်းထိပ်မှာ ကြယ်ကြွေတာတွေ့တော့ ပြော ခဲ့တယ်လေ ဆုတောင်းပါလို့ ကျနော်ကတော့ တောင်း တဲ့ဆု တကယ်ပြည့်သွားတယ်ဗျ "
    ထင့် ရင်ထဲမှာ လှစ်ခနဲဖြစ်သွားမိတယ်။ ဒါဆိုဆောင်း
   " ဟင် ဆောင်း ဆောင်းလေး ဟားးပျော်လိုက်တာ "
   " ကျနော် တကယ့်အချစ်စစ်မှန်ရင် ကို နဲ့ပေါင်းရပါစေ လို့ ကျနော် ဆုတောင်းခဲ့တာ "
   " ဟား ပျော်လိုက်တာ ကိုလဲ အဲဒါပဲတောင်းခဲ့တာ "
   ထင် ဆောင်းရဲ့ ကိုယ်လေးက်ု တင်းနေအောင်ဖက်ခါ ထားလိုက်မိပါတော့တယ်။
   " ဆောင်းရယ် သတိရရဲ့သားနဲ့ရက်စက်လိုက်တာကွာ ကို့မှာ ရူးမတက် ခံစားနေရတာကို ကြည့်ရက်တယ် "

    " ဟင့်အင်း ခုန ကိုပြန်ပြောပြမှ ဆောင်းသတိရတာပါ ဒါပေမယ့် မပြောရဲလို့လေ ရုတ်တရက်ကြီးဆိုတော့ "
   " ချစ်လိုက်တာ ဆောင်းလေးရယ် "
   " ကျနော်လဲ ကို့ကို အရမ်းချစ်ပါတယ်ဗျာ "
    နောက်ထပ် ၃ ရက်လောက် အကြာမှာတော့ ထင်နေခဲ့ တဲ့ ဆောင်းရဲ့ အိမ်လေးမှာ ထင်နဲ့ဆောင်းနဲ့ ပျော်ရွှင်စွာ အတူတကွ နေထိုင်နေတာ တွေ့ရပါတော့တယ်။
  " ဟေ့ သရဲလေး အီးသွားပါမို့ လိုက်မကြည့်နဲ့နော် "
  " ဟာ အကျင့်ပုတ် "
  " ဟား ဟား ဟား "
   " ကဲကွာ ကဲကဲ "
   " အား ဟား ဟား နှာဘူးသရဲလေး ဟား ဟား "
  ထင့်အတွက်တော့ ဆောင်းပေးခဲ့တဲ့ အိပ်မက်တွေဟာ တကယ်ဖြစ်လို့ လာပါပြီ။ ဒါဟာအချစ်စစ်ကြောင့်လား။

    ဖြူစင်တဲ့မေတ္တာနဲ့ စစ်မှန်တဲ့ ချစ်ခြင်းသာ သင်ပေးပါ။
 သင့်အတွက် တစ်စုံတစ်ရာ မလွဲမသွေ ပြန်ရပါလိမ့်မယ်။
 ဝမ်းနည်းကြေကွဲခြင်းတွေ ဖြစ်နေရင်လဲ သင်္ခါရလို့သာ လက်ခံပြီး ခံယူလိုက်ပါ တစ်နေ့ပျော်ရွှင်ရမှာ မလွဲပါဘူး။



အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့



Lamin Lay

No comments:

Post a Comment