ရေစက်ဟောင်း
တီတီတာ ဆိုတဲ့နာမည်ကိုက နွဲ့နေတာလား မပြော တက်ပေ။ လူကမနွဲ့သော်လည်း ဒိနာမည်ကြားတိုင်းသူ့ ကိုစချင် နောက်ချင်ကြတယ်။ တကယ်ဆို တီတီတာကို လူတိုင်းက ချစ်ကြတာလဲ ဒီနာမည်လေးကြောင့်ဆိုရင် မမှားသလို ချောမောပြေပြစ်ပြီး ချစ်စဖွယ် အပစ်ကင်း တဲ့ဟန်ပန်လေးနဲ့ ပြောပုံဆိုပုံလေးတွေကလဲ လိုက်ဖက် လို့နေပြန်တယ်ထင်ပါရဲ့။
ဆယ်တန်းအောင်လို့ တက္ကသိုလ် တက်ဖို့လျှောက် ကြတော့ တီတာက ဘူမိဘာသာ။ ဝင်ခွင့်ရဖို့ မိုင် ၂၀ လျှောက်ရမယ် ဆိုတော့လဲ မငြီးမငြူ လျှောက်ခဲ့တာပါပဲ အဲဒိမှာပဲ တီတာနဲ့ သူနဲ့စတွေ့ခဲ့ကြတာလေ။
ကျောင်းသားအားလုံးက တက်ကြွနေကြသလို စိုးရွံ့ မှုတွေလဲ ရှိနေကြတယ်။ ဖြစ်ပါ့မလားပေါ့။ အဲဒိထဲမှာသူ တစ်ယောက်ကတော့ အရွယ်နဲ့မလိုက်အောင် အတော့် ကိုတည်ငြိမ် လွန်းပါတယ်။
ဝတ်ထားတဲ့ ဝတ်စုံက အပြာနုနဲ့အဖြူနဲ့စပ် ထားတာ မို့သူ့အသားအရေနဲ့ကလဲ ထင်းနေတာပါပဲ။ နှဖူးစီးလဲစီး ထားသေးတယ်။ ဘယ်လိုလေးမှန်း မသိဘူး။ ဘာပဲဖြစ် ဖြစ် အဲဒိနေ့မှာထဲက သူ့ကို မိန်းခလေးတော်တော်များ များနဲ့ အတူ တီတာလဲ မှတ်မှတ်ရရရှိ ခဲ့ပါတယ်။
တီတာ့ စိတ်ထဲကတောင် တွေးမိသေးတယ် သူ့ကို။ ကျောင်းတက်ဖို့ ရှိုးထုတ်ဖို့ ဘယ်တုန်းထဲက ပြင်ထား တာလဲမသိဘူးလို့လေ။ ပြေးကြတော့ ကျောင်းကိုပဲပတ် ပြေးတာပါ။ ၃ ပတ်လောက်လဲ ရောက်ရော တီတာ့မှာ ဟောဟဲ စိုက်နေပါပြီ။ အသက်တောင် မနဲရှုနေရတယ်။
ပြေးရမှာ ၅ ပတ်တဲ့။ သေချင်စော်နံနေပါပြီ။ အဲဒိချိန်မှာ သူ တီတာ့ကို စကားလာပြောတာပါပဲ။
" ဖြစ်ရဲ့လား အသက်ကို နှာခေါင်းကနေ ရှုသွင်းပြီးမှ ခနလေးအောင့်ပြီး ပါးစပ်ကနေ မှုတ်ထုတ် စိတ်ကိုတင်း မထားနဲ့ မောတယ်လို့လဲ မတွေးနဲ့ "
ဘယ်သူမှန်းမသိလို့ လှဲ့ကြည့်တော့မှ အံ့သြသွားရပါ တယ်။ ခုနက သူပဲ။ တီတာခေါင်းပဲ ငြိမ့်ပြနိုင်တယ်။ ပြန် တောင်ပြုံးမပြနိုင်ဘူး။ သူက တီတာ့ ပုခုံးကိုပင် ပုတ်ခါ ပြုံးပြပြီး ရှေ့ကနေပြေးကာတီတာ့ကို လက်ပြပြီးခေါ်နေ တာမို့ တီတာ အပြေးလေး လိုက်မိပါတော့တယ်။
ကံကောင်းစွာပဲ တီတာကော သူပါ ဘူမိ တက်ခွင့်ရခဲ့ ကြပါတယ်။ ကျောင်းစတက်တဲ့ နေ့မှာပဲ သူက တီတာ့ ဘေးကိုလာ ထိုင်ခါ စပြီးနှုတ်ဆက်တယ်လေ။ တီတာ့ စိတ်ထဲမှာတော့ မာနကြီးမယ် ထင်ထားတာ ဒီလိုဆိုပြန် တော့လဲ မဆိုးဘူးလို့ တွေးမိပြန်ပါတယ်။
" တီတီတာ နဲ့တက်ချင်လို့ ဒိအခန်းကို ပြောင်းထား တာကွ တခြားသူတွေနဲ့ မခင်ချင်ဘူးလေ "
" အမ် ဘလိုကြီးလဲ တမျိုးပဲနော် "
ပြောပြီး တီတာက သွားလေးဖြဲခါ ရီပြလိုက်တော့
" ငါကလူတွေအများကြီးနဲ့ သိပ်မနေတက်လို့ပါ မင်းရဲ့ ပုံစံလေးကိုတော့သဘောကျလို့ ဖြစ်တယ်မုတ်လား "
မသိရင် တီတာကတောင် ဂုဏ်ယူရ မလိုလိုပါလား။
" အင်းရပါတယ်ဗျာ ကျနော်က လူမရွေးဘူး "
" သိပါတယ်ဗျာ မပေါင်းခင်ထဲက အားလုံးစုံစမ်းထား ပြီးသားပါ တော်တော်များများ သိထားပြီးပြီ "
" ဟာဗျာ ပေါင်းရမာတောင် လန့်လာသလိုပဲ "
" ဟ ဟ မလန့်ပါနဲ့ ငါ့နာမည် မင်းမနိုင် အဲဒိတော့ မင်း ငါ့ကို မနိုင်ပါဘူးကွာ ဟဲ ဟဲ "
အံမယ် ရီလိုက်တော့မှ သွားတက်လေး တစ်ဖက်က သွားတိုက်ဆေး ကြော်ငြာသလို လက်ခနဲ ဖွေးလို့နေရဲ့။
ချစ်သူမကျရည်းစားမက ဆိုတာ ဒါမျိုးလား မသိ။ သူ နဲ့တီတာကျောင်းတက်ပြီးတလအကြာမှာ အတော့်ကို တွဲဖြစ်သလို အရမ်းလဲ ခင်ခဲ့ကြတယ်။ ခက်တာက အမြဲ ရန်ဖြစ်နေ ကြတာပါပဲ။ တွေ့တာနဲ့ စကားအကောင်းကို ၁၀ ခွန်းပြည့်အောင် မပြောရ ပြသနာကစပြီ။
ပြီးရင် မင်းမနိုင်က တီတာ့ကို တအားအူတိုတာလေ။ ဟိုလူ ဒီလူနဲ့နဲနဲလေးကြာအောင် စကား မပြောလိုက်နဲ့ ကောက်ကွေးပြီး J တွေဝင်နေပြီ။ သူ့ကျတော့ ဘယ်သူ နဲ့မှ မရောနှော စကားလဲ သိပ်မပြောပေ။
တီတာ့ကို ကျတော့လူတွေက Sweet ဖြစ်တာမို့ထင် တယ် တအားခင်ကြတယ်လေ အဟီး။ တီတာမကြိုက် တာကျတော့ မင်းမနိုင်က စာတအားဖတ်ခြင်းပါပဲ။ တခါ တလေများ စာဖတ်နေရင် တီတာ့ကိုပင် လှဲ့မကြည့်ပေ။
တီတာက အ့လောက်စာမဖတ် ဖတ်ရမှာလဲ ပျင်းလို့ လေ။ တီတာက စကားပြောစနောက် ရယ်မောအ့လိုနေ ချင်တာ သူကတမျိုး။ တွေ့လဲတကျက်ကျက် မတွေ့ရ ပြန်ရင်လဲ ဖုန်းဆက်ပြီး အလွမ်းသယ် ရန်ဖြစ်ရတာက အမောပေ။ ဒါပေမယ့် တီတာကလဲ မင်းမနိုင်ကိုတအား သံယောဇဉ် ဖြစ်မိတယ်။ သူပြောရင် ရွဲ့ပြချင်တာကလဲ သူပြောတာ ဆိုတာငြူစူနေတာ လေးကိုပဲ တီတာက ကြည်နှုးနှစ်ခြိုက် ကျေနပ်မိတာလဲ ကို့ကိုယ်ကို အသိပဲ။
မင်းမနိုင်ကလဲ ကြည့်ဦးလေ တီတာ့ကို တအားအလို လိုက် လိုက်လျှောသည့်အပြင် ဂရုတစိုက် ရှိလှပါတယ်။ ပါးစပ်က ပွစိပွစိပြောတာ လေးတစ်ခုပဲ။ ဒါပေမယ့်လဲ တခြားသူတွေ ဆိုရင်စကားကို လေးလုံးကွဲ အောင်ပင်မ ပြောတာကလဲ တီတာကျေနပ်ရတဲ့ အချက်ပါပဲ။
တခါတလေ စဉ်းစားမိတယ်။ ငါတို့က ရည်းစားတွေ များလားလို့ အဲ့လိုလဲ မဟုတ်သေးပါဘူးလေ။
ပထမနှစ်ရဲ့ ပထမနှစ်ဝက် စာသင်နှစ်အတွက် တီတာ တို့ တောထဲမှာ စာသင်ဖို့ ကျောင်းသားအားလုံးတက် ကြွနေကြပါတယ်။ ဆန်းသစ်မှုကို နှစ်သက်တဲ့လူငယ် တို့ရဲ့ သဘာဝမဟုတ်လား။
မင်းမနိုင်က တီတာနဲ့အတူသွားရ မှာတောင်တီတာ့ ကိုစိတ်ပူပေးနေတာ တရားလွန်ပါပဲ။ တကယ်ပဲ တခါ တစ်လေ တော့လဲ ကြည့်လို့ကို မရဘူး သူ့ကို ဟွန်း။
" လိုအပ်တာတွေ သေချာစဉ်းစားပြီး ထည့်ထားနော် တီတာ ဟိုရောက်မှ ဒုက္ခရောက်နေမယ် "
" ဟုတ်ကဲ့ပါ ဖေဖေလေး "
ရွဲ့ပြောတော့ သူကလဲ မဲ့ပြပါတယ်။ အ့လို မဲ့တာလေး တွေကလဲ တီတာ သိပ်သဘောကျတာလေ ဟိဟိ။
တကယ်ပဲ ရွာငယ်လေး တစ်ခုကိုရောက်ပြီး အဲဒိမှာ တည်းခါ တောထဲကို ကွင်းစင်းရမည် ဆိုတော့ အဲဒိမှာ တီတီတာတို့ ပြသနာတက်တာမှ တခုပြီးတခု အကုန် လိုက်ဖြေရှင်းပေး တာက ပွစိပွစိနဲ့ မင်းမနိုင်။
ခနနေ တစ်ရှုးလိုပြန်ပြီ။ ခနနေ စောင်လိုချင်ပြန်ပြီ တ မျိုးပြီးတမျိုး မရိုးရသော တီတာ့လိုအပ်ချက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မင်းမနိုင်ဆီမှာ အဆင်သင့်။
" အစထဲက မပြောဘူးလား ဟင် ပြောစကားဆိုတစ် ခါလောက် နားထောင်ဖူးအောင် ထောင်ကြည့်ပါလား "
" ထောင်ကြည့်ချင်ပါဘူး ရှက်တယ် အဟီးး "
" အမ် ပြောင်စပ်စပ်နဲ့ မျက်နှာကိုက ဟွန်း "
တောထဲဝင် တောင်ပေါ်တက် လုပ်ကြတော့လဲ သူက တီတာ့ကို အမြဲဖေးမပေးခဲ့တယ်လေ။ ဒီခရီးလေးက သူ တီတာ့ ရင်ဘတ်ထဲကို တရားဝင်ရောက်စေခဲ့တဲ့ ခရီး လေး တစ်ခုပါပဲ။ နဂိုကထဲ ရှိပြီးသားဆိုတော့ အခုတော့ တရားဝင် ချစ်သူတွေ ဖြစ်ကြရတဲ့ မတည့်အတူနေတွေ။
ဂရုစိုက်နေတဲ့ သူက မင်းမနိုင် ဖြစ်ပြီးတကယ်တမ်း ခရီးပမ်းခါ ဖျားသူကလဲ မင်းမနိုင်ပင်။ ဒိတခါပြယာခတ် နေသူကတော့ တီတာပေါ့။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ခါ စိတ်ပူတာပဲ တက်နိုင်တော့တယ်လေ။
တစ်ညလုံးလဲ အိပ်လို့မပျော်ပေ မင်းမနိုင် သက်သာ မဲ့ အချိန်ကိုပဲ စောင့်မျှော်နေမိတယ်။ စိတ်ပူလို့မင်းမနိုင် လက်လေးကို ကိုင်ခါ ငိုက်နေမိတယ်။ တီတာ့ လက်ကို ညှစ်လိုက်တာကြောင့် တီတာ လန့်နိုးလာပြီး
" မင်း မင်းသက်သာပြီလား ဟင် တော်သေးတာပေါ့ ကိုယ်လဲ မပူတော့လို့ ဟူး ခုမှရင်အေးရတော့တယ် "
" ဘာလို့ ကို့ဖာသာ ဒုက္ခရှာတာလဲ တီတာရာ အိပ် တာမဟုတ်ဘူး ငါကသာမန်ဖျားတာပါ သက်သာသွားမဲ့ ဟာပဲကို မနက်တောထဲသွားရင် မူးနေဦးမယ် "
" ဟာ ဒီကဒိလောက်စိတ်ပူနေတာကို ကျေးဇူးမတင် ပဲနဲ့ လူကိုလာပြောနေတယ် တော်ပြီ အိပ်မယ် "
တီတာ ဘေးနားမှာ ကျောပေးခါလှဲ အိပ်လိုက်တော့ မင်းမနိုင် နောက်ကနေ ဖက်လိုက်ပြီး တိုးတိုးလေးပြော လာပါတယ်။
" ငါမင်းကို အရမ်းချစ်နေမိပြီ တီတာရာ ချစ်တယ် "
တီတာ မအံ့သြပါဘူး သူချစ်နေတာသိသလို တီတာ ကလဲ ချစ်နေတာပဲလေ။ ဖက်ထားတဲ့ မင်းမနိုင်ရဲ့လက် ခလေးကို ပြန်ခါ စုပ်ကိုင်ထားလိုက်မိပါတယ်။
သူတို့ရဲ့ ပထမဆုံး အချစ်ညလေးမှာ သူတို့အချိန်ကြာ ကြာပင် မကြည်နူးလိုက်ရ မိုးလင်းလို့ သွားဖို့ပြင်ကြရပါ တော့တယ်။ ပထမဆုံး တောတောင်ရဲ့ အတွေ့အကြုံမို့ လားမပြောတက် တီတာ ရင်တွေတအားခုန်နေမိတယ်။
မင်းမနိုင်ကလဲ ပျော်မဆုံး မော်မဆုံး အချစ်ဆုံးနဲ့ကိုး။
ဘာမှန်းမသိ လွမ်းလွမ်းလို့လာတာ တီတီတာပါပဲ။
" မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လို့လဲ တီတာ တအားပင်ပန်းနေလို့လား ငါဘာလုပ်ပေးရမလဲ "
" အော် အင်း ရတယ် မင်း ငါတမျိုးပဲ ဘာကိုလွမ်းနေ မိမှန်း မသိဘူး တောတောင်ရိပ်ကြောင့် ထင်တယ် "
" ဟား ဟား ငါ့ချစ်ချစ်ကတော့ ဘေးမှာချစ်သူကိုထား ပြီး လွမ်းနေပါလား လာငါ့လက်ကိုတွဲထား "
" တိုးတိုး ပြောပါ မင်းကလဲ ဖယ်ရတယ် လူတွေနဲ့ "
သူတို့စာသင်ဖို့ နားတဲ့နေရာလေး တစ်ခုကိုရောက် စဉ်မှာပဲ တီတာ့ခေါင်းတွေ မိုက်ခနဲဖြစ်သွားတယ်။
" ကဲ ဒိနားမှာ နေရာယူမယ်ဟေ့ ဟိုးဘက်ကိုမသွား နဲ့နော် အဲဒိဖက်ကချောက်ရှိတယ် "
ဆရာ့အသံကြားပေမယ့် တီတာ့ခြေလှမ်းတွေက အဲဒိ နေရာကိုပဲ ဦးတည်ကာ တရွေ့ရွေ့ လှမ်းမိနေတယ်။ မင်းမနိုင်ကလဲ အိတ်ကိုချကာ နေရာယူနေတာမို့ သတိ မထားမိလိုက်။ သတိထားမိလို့ လိုက်ရှာတော့ ချောက် ကမ်းဖက်ကို သွားနေတဲ့ တီတာ့ကို တွေ့တာမို့ အပြေး အနောက်ကနေ လိုက်လာခဲ့ပြီး
" တီတာ ဘာသွားလုပ်တာလဲ နေဦး ဆက်မသွားနဲ့ "
တီတာ့ ခြေလှမ်းတွေက ရပ်တန့်မသွား တဖြေးဖြေးနဲ့ ချောက်ကမ်းပါး အစွန်းကို ကပ်လာတာမို့
" တီတာ ရပ်တော့ တီတာ ဘာလုပ်တာလဲ ရပ်စမ်း "
အနောက်ကကျောင်းသားတွေလဲ အပြေးလိုက်လာ ကြသလို ဝိုင်းအော်ကြပေမယ့် တီတာ့ခြေလှမ်းတွေက မရပ်တန့်သွားပေ။ မင်းမနိုင် တီတာနဲ့ လက်တကမ်း အလိုမှာ လမ်းခုန်ကာ အဆွဲ တီတာယိမ်းခနဲ ချောက်ထဲ ကိုလွင့်ကြ သွားတာအရုပ်လေး တစ်ရုပ်လိုပါပဲ။ ဒါကို ကြည့်ရင်း မင်းမနိုင် ရင်ထဲဟာခနဲ လှစ်ခနဲ ဖြစ်သွားကာ
" တီတားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
မင်းမနိုင်ကို ကျောင်းသားတွေ အတင်းဝိုင်းဆွဲ ထားရ ပါတယ်။ ဆရာတွေလဲ ပြာယာခတ်ကုန်ကြတယ်။ အဲဒါ နဲ့ ကျောင်းသားတွေ အုပ်စုခွဲပြီး ဆင်းရှာကြဖို့ တိုင်ပင်ရ တယ်။ အားလုံး စိတ်မကောင်း ဖြစ်နေကြသလိုအံ့သြ နေတာတစ်ခုက မင်းမနိုင်ပါပဲ။
အနေတည်လှတဲ့ မင်းမနိုင် တစ်ယောက်ခုတော့ သူ မဟုတ်သလိုပဲ ငိုထားလိုက်တာ မျက်နှာတစ်ခုလုံးနီရဲ နေတာပဲ။ သူ့ကိုလဲ တခြားကျောင်းသား ၂ ယောက်က စောင့်ကြည့်ပေးနေ ရတယ်။ သူ့ဖာသာ ဆင်းသွားမှာစိုး လို့ ဆရာတွေက စောင့်ခိုင်းတာ။
အဲဒိကိစ္စကြောင့် သူတို့နှစ်ယောက်ရဲ့ ပက်သက်မှု အတိမ်အနက်ကိုလဲ ကျောင်းသားတွေ သတိထားမိကြ လောက်ရောပေါ့။ မင်းမနိုင် မျက်လုံးထဲမှာ တီတာ ပြုတ် ကျသွားတဲ့ ပုံကိုခုထိထုတ်မရ။ သစ်ရွက်လေး တစ်ရွက် လိုလွင့်ခနဲ ကျသွားတာ။
တီတာရယ် မင်းဘာမှမဖြစ်ပါနဲ့ကွာ။ ငါမင်းစီကိုအမြန် ဆုံးရောက်အောင်လာပါ့မယ်။ မင်းမပါပဲ ဒိကနေငါလုံးဝ ပြန်သွားမှာ မဟုတ်ဘူး။ မင်းကိုငါ တအားချစ်တယ်။ တီ တာရေ ဘာမှမဖြစ်ပါစေနဲ့။
ဆရာတွေ တာဝန်တွေ အမြန်ခွဲပြီး ရှာမလို့လုပ်နေစဉ်
" အမြန်လုပ်ကြပါဗျာ ဆရာတို့ကိုစောင့်နေ တာနဲ့ပဲ အောက်ကလူက သေတော့မယ် အမြန်ဝိုင်းရှာပေးကြပါ တောင်းပန်ပါတယ်ဒါမှမဟုတ်လဲ ကျနော်အရင်ဆင်းပြီး သွားရှာပါရစေဗျာ "
" ပြီးပြီ ပြီးပြီ အခုသွားမယ် မင်းမနိုင် ဆရာတို့နဲ့လိုက် သူ့ကိုတစ်ယောက် တွဲထားလုံးဝ လူမကွဲစေနဲ့ "
ရွာခံလူ ၂ ယောက်ပါလာတာမို့ အဖွဲ့ ခွဲတော့သူတို့က တစ်ယောက်စီ လမ်းလိုက်ပြပေးလို့ တော်သေးပါရဲ့။
တစ်လမ်းလုံး အော်ဟစ်ခါရှာပေမယ့်လဲ တီတာ့ကို ရှာမတွေ့ပေ။ လူတွေလဲ မောဟိုက်နေကြပါပြီ။ သူတို့ ကမောရုံတင်ပါ မင်းမနိုင်မှာ ရင်တွေပူလွန်းလို့ သေလု မတက်ပါပဲ။
အချိန်ကတဖြေးဖြေး နေပင်စောင်း လာပါပြီ။ လိုက် ရှာပေးတဲ့ သူတွေလဲ ပင်ပန်းခါ ဗိုက်တွေစာလှပြီမို့ ပြန် ဖို့ ပြင်ဆင်ကြ ချိန်မှာတော့ မင်းမနိုင် လစ်ပြေးပြီးကျန်ခဲ့ ဖို့ချောင်းနေပါပြီ။ သူ တီတာ့ကို ဒီတိုင်းတော့ ပစ်မထား ခဲ့နိုင်ပါဘူး။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ငါလာရှာမယ် တီတာ မင်းငါ့ကိုစောင့်နေပါ - - - -
♡ ♡ ♡ ♡ ♡
လူခန္ဓာကိုယ် တစ်ခုလုံးက ပေါ့ပါးညင်သာစွာနဲ့ လေ နှင်ရာက်ု တိမ်စိုင်သားတွေ နဲ့အတူ လွင့်နေသလို ခံစား နေရတယ်။ ဤအရာမှ လွဲ၍အခြားသော အာရုဏ်အသိ တွေတစ်ခုမှ တီတီတာ့ ဆီမှာကပ်ညိနေခြင်း မရှိပါ။
ဘာကိုမှလဲ တီတာ မတွေးမိခဲ့ပါဘူး။ လွင့်မြောခြင်း ရဲ့အဆုံးသပ်မှာ လှပ်ခနဲတီတာ သတိဝင်လာ ခဲ့ပါတယ် ပတ်ဝန်းကျင်ကို ကြည့်မိတော့ ခေါင်းတွေက မိုက်ခနဲမို့ မျက်စိတို့ကို အသာပြန်မှိတ်လိုက်စဉ် နူးညံ့အိစက်လှတဲ့ လက်တစ်ဖက်က တီတာ့ ပုခုံးကို ကိုင်လာပါတယ်။
မျက်စိတွေကို ဖွင့်ကြည့်မိတော့ ဘဝမှာ တစ်ကြိမ်မှ စိတ်ကူးမကြည့် ဖူးတဲ့တည်ကြည်ခန့်ညားသော ဥပတိ အကြင်နာတွေပြည့်နှက်နေသော မျက်ဝန်းတစ်စုံက သူ့ ရင်ကို ဒိန်းခနဲ စောင့်ခုန်စေ ပါတယ်။
ဆံပင်တွေက နွယ်ခွေတွေလို ရှည်လျားနက်မှောင်နေ သလောက် ဆင်ဆွယ်နှစ်လို့ ညက်အိနေတဲ့ အသားအ ရေ အဖုအဖောင်းတွေနဲ့ တင်းရင်းနေတဲ့ လက်မောင်း တီတာ့ဘဝမှာ ဒါမျိုးတခါမှ စိတ်ပူးပင်မယဉ်ဘူးတာပါ။
အင်ကျီမပါတဲ့ ခန္ဓာကိုယ်က ယောက်ျားပီသ နေတာ အထင်အရှားပါပဲ။ ခါးမှဝတ်ထားတာက ပုဆိုးလိုမဟုတ် ပိတ်ဖြူစ အိအိလေးကို ခတောင်းကြိုက် ထားသလိုပါပဲ။ ဒါဆိုသူက နတ်သားတစ်ပါးလား တော်ဝင်မင်းသားတစ် ပါးလား မသိတော့ပေ။
" မမှတ်မိတော့ လိုများလား ချစ်ငယ်ရယ် ကြည့်လှ ချည်လား အကိုတော်က ဖြင့်လွမ်းလွန်းလို့နေ့စဉ်မျှော် နေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာလှပေါ့ကွယ် "
တီတာ့ကို ညင်သာစွာပြောလာတော့ တီတာ ရှက်လို့ သွားမိတယ်။ ကိုက တအားငမ်းသလို ဖြစ်နေတာကိုး။ ဒါပေမယ့်စိတ်ထဲမှာလဲ တအားကိုရင်းနှီး သလိုခံစားနေ ရတာ သူ့ရဲ့ဖော်ရွေမှုကြောင့်လားတော့ မပြောတက်ပေ
" ဟိုလေ ကျွန်တော် ဘယ်ရောက်နေတာလဲ ဗျာ "
" အကိုတော်ရဲ့ နန်းဆောင်မှာ ချစ်ငယ် အကိုတော် ကိုမေ့နေပြီလား ချစ်ငယ်ကို သိပ်ချစ်ခဲ့တဲ့ အကိုတော် ကိုတောင် မေ့နေပြီလား ချစ်ငယ်ရယ် "
" ကျနော် မမှတ်မိဘူးဗျာ့ အကိုတော်က ဘယ်သူလဲ ကျနော် ဘယ်ကိုရောက်နေတာလဲ ဟင် "
" အကိုတော် ပြောပြပါ့မယ် လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်က အကိုတော်နဲ့ ချစ်ငယ်ဟာ သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူတွေလေ ချစ်ငယ်ရဲ့ဖခမည်းတော် နဲ့ အကိုတော် ရဲ့ မယ်တော်ဟာ မောင်နှမတစ်ဝမ်းပဲကွ ကြတယ် "
" ဟာဗျာ အဲဒါဆို ညီအကိုတွေပေါ့ ရှက်စရာကြီး "
" မရှက်ပါနဲ့ ချစ်ငယ်ရယ် အကိုတော်တို့ ခေတ်မှာက ဒိလိုပဲလေ အခုချစ်ငယ်တို့ ခေတ်နဲ့တော့ မတူဘူးထင် ပါရဲ့ထားပါတော့လေ အကိုတော်တို့ ကိစ္စကို ဦးရီးတော် နဲ့ မယ်တော်တို့ သိသွားပြီး ပြင်းထန်စွာ တားမြစ်ခဲ့ကြပါ တယ် တားမရရင် သေဒဏ်ပေးမယ့် အခြေအနေထိပဲ "
သူပြောနေတာတွေ ချစ်ငယ် နားမလည်ပေမယ့် သူ့ ပြောပုံဆိုပုံတွေက ငေးကြည့်ခါ နားထောင်လို့ကောင်း နေတာမို့ ခေါင်းညိတ်ပြလိုက်ပါတယ်။
" အဲဒိအချိန်မှာပဲ အကိုတော်တို့ တစ်နယ်တစ်ကျေး ကိုထွက်ပြေးဖို့ကျိုးစားတုန်း အဖမ်းခံခဲ့ရတယ် ချစ်ငယ် ရဲ့ခမည်းတော် အရှက်တွေရလို့ အမျက်တော်ရှပြီး သူ့ ရဲ့တစ်ချက်လွှတ် အမိန့်နဲ့ချစ်ငယ်ကို အရှင်လတ်လတ် ဖန်နန်းဆောင် အလုံပိတ်ပြီး ကွပ်မြတ်ဖို့ စီစဉ်ခဲ့တယ် "
အက်ုတော်ရဲ့ မျက်နှာတွေ အုံ့မှိုင်းလို့ လာပါတယ်။
" အကိုတော်နဲ့ မယ်တော်ကိုလည်း နန်းကနေအပြီးနှင် လွှတ်ခဲ့တယ် ချစ်ငယ်ကို ဖန်နန်းဆောင်သွင်းတဲ့နေက
- - - - - "
အကိုယ်တော်ရဲ့ ပြောပြနေပုံတွေက တီတာ့ရဲ့မျက် ဝန်းထဲမှာ ပုံရိပ်တွေ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လို့လာပါရဲ့။
တောစပ်တစ်နေရာက ဂူငယ်တစ်ခုကို အလှအပတို့ နဲ့ချယ်သ ထားပြီး ဖန်သားအချပ်ကြီး တွေက ဂူဝမှာအ ပြည့်ပိတ်ထားတယ် လူတကိုယ်စာ ဝင်ရုံအပေါက်ငယ် ရဲ့ရှေ့မှာ စစ်သည်ရဲမက်တွေ ဝန်းရံလို့ပေါ့။
ချစ်ဆွေငယ် ဆိုတဲ့ လုလင်လေးရဲ့ မျက်ဝန်းမှာမျက် ရည်တို့ပြည့်နှက်နေ ပါပြီ။ သေရမှာ မကြောက်ပေမယ့် ချစ်တဲ့ အကိုတော် လွမ်းလုလင်ကို မခွဲနိုင်မချန်ရက်ပေ။
ဟော ဟိုးမှာ ပြေးလာတာ အကိုတော်ပါလား။ ချစ်ငယ် ရဲ့ဒူးတွေ နုံးပျော့ခွေ မတက်ခံစား နေရပါပြီ။
" ချစ်ငယ် ချစ်ငယ် ဟောဟဲ ချစ်ငယ်လေး "
" အကိုတော် "
အနားရောက်လာတော့ တစ်ယောက်ကိုတစ်ယောက် ပြုတ်ထွက်သွားမှာ စိုးသလိုအတင်း ဖတ်ထားမိကြရဲ့။
" အကိုယ်တော်ပါ ချစ်ငယ်နဲ့ လိုက်ခဲ့မယ်နော် "
ချစ်ငယ် အရမ်းကို တုန်လှုပ်သွားမိတယ်။ ဒိလိုဖြစ်မှာ အရမ်းစိုးရိမ် ခဲ့တာလေ။ အကိုတော် သေလို့မဖြစ်ဘူး။
" ချစ်ငယ်ပြောတာ နားထောင်ပါဦး အကိုတော်ရယ် ချစ်ငယ်အကိုတော့်ဆီ ပြန်လာခဲ့မယ် အကိုတော်စောင့် နေပေးပါနော် အခုချစ်ငယ်တို့ သစ္စာဆိုကြမယ်လေ ဒီ သစ္စာတရားမှန်ခဲ့ရင် ချစ်ငယ်တို့ အမြန်ဆုံးပြန်တွေ့ရပါ လိမ့်မယ် အကိုတော်သာ ချစ်ငယ်ကို စောင့်နေပေးပါ "
" အို ဘယ်ဖြစ်မလဲ ချစ်ငယ်လေးရယ် ဒီလိုဘာမှန်းမ သိတဲ့ ခရီးကိုအဖော်မပါ တကိုယ်တည်းချစ်ငယ်ချည်း လွှတ်လို့ ဖြစ်မတဲ့လား အကိုတော်ကို ချစ်ရင်မတားပါနဲ့ အကိုတော် တခါထဲလိုက်ခဲ့ပါရစေနော် ချစ်ငယ် "
" ချစ်ငယ်ကို ငယ်စဉ်ထဲက အလိုလိုက်ခဲ့တဲ့ အကိုတော် ကအခုတော့ ချစ်ငယ်ရဲ့နောက်ဆုံး ဆန္ဒကိုတောင်မှပဲ မလိုက်လျောနိုင်တော့ဘူးလားဟင် "
" ချစ်ငယ်ရယ် ချစ်ငယ်မရှိပဲ အကိုတော်က ဘယ်လိုပုံ နဲ့ အသက်ဆက်ရှင် ရမှာလဲကွယ် အကိုယ်တော်ကိုလဲ သနားတော်မူပါဦးကွယ် "
မျက်နှာခြင်းဆိုင်ခါ လက်တွေကိုတင်းနေအောင်စုပ် ကိုင်ထားရင်းမှ ချစ်ငယ် ကျလာတဲ့မျက်ရည်တွေကို ပု ခုံးစွန်းနဲ့သုပ်လိုက်ခါ
" ဒီတစ်ကြိမ်တော့ ခွင့်ပြုတော်မူပါ အကိုတော်နောက် ဆုံးအနေနဲ့ချစ်ငယ်ဆန္ဒကို လိုက်လျောတော်မူပါ ဟင့် "
" တိတ် တိတ် တိတ်ပါကွယ် ချစ်ငယ်ရဲ့သဘောပါပဲ "
ရင်တွေနာတာမှ ပေါက်ကွဲထွက်မတက်ပေ။ ချစ်တဲ့ သူရဲ့ အရှင်လတ်လတ်ဈာပန်ကို လွမ်းလုလင် ဘယ်လို ခွန်အားမျိုးနဲ့ရင်ဆိုင် ရမှာတဲ့လဲ။ ရက်စက်လိုက်တဲ့ ကံ ကြမ္မာ ဆိုးဝါးလွန်းလှတဲ့ ဘဝပါပဲ။ ယောက်ျားခြင်းချစ် ကြိုက်မိတာ ဤမှိအပစ်ကြီးပါလေရော့ သလား။
" အချိန်တော် နီးကပ်လာပြီမို့ နန်းဆောင်ဝင်ရန်သင့် ပါပြီ သခင်လေး ခများ "
ရဲမက်ရဲ့ စကားကို ချစ်ဆွေငယ် ခေါင်းညိမ့်ပြလိုက်ခါ
" အကိုတော် ညီတော်တိုင်ပေးတာ လိုက်ဆိုပေးပါ "
လွမ်းလုလင် ချစ်ဆွေငယ်ရဲ့ လက်တွေကို ကျစ်ကျစ်ပါ အောင်စုပ်ကိုင်ပြီး အံကိုကျိတ်ခါ ခေါင်းငြိမ့် ပြမိတယ်။
" လွမ်းလုလင်နှင့် ချစ်ဆွေငယ် မည်သော အကျွနှ်ပ် တို့နှစ်ဦးသည် အမျိုးသား ယောက်ျားခြင်း ချစ်ကြိုက်မိ သည်မှန်သော်လည်း မဖောက်ပြန်မှန်ကန်သော သစ္စာ
တည်ကြည်သော မေတ္တာတို့နှင့် အချစ်စစ်သည်မှာ မှန် ကန်ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် အကျွနှ်ပ် တို့ ချစ်သူနှစ်ဦးမှာ မလွဲမသွေ ထိုထိုသော ဘဝတကွေ့ ၌ ဤရုပ်ဤခန္ဓာဤချစ်ခြင်းတို့ဖြင့်သာ ပြန်လည်၍ တွေ့ ဆုံပေါင်းသင်း ရပါစေသား အရှင်ဘုရား "
" - - - - - - - - - - - - - - - - - "
လွမ်းလုလင် သစ္စာဆိုအပြီးမှာ ချစ်ဆွေငယ်ကိုတင်းနေ အောင်ဖက်ထားမိလိုက်တယ်။
" မသွားပါနဲ့ မသွားပါနဲ့ ချစ်ငယ်ရယ် အကိုတော့်ကို ဒိလိုတော့ မထားခဲ့ပါနဲ့နော် နှလုံးသားတွေ ကြေမွပျက် စီးပြီး ဒိနေရာမှာတင် သေပွဲဝင်ရပါလိမ့်မယ်ကွယ် "
" ချစ်ငယ် သွားတော့မယ် အကိုတော်ရယ် ချစ်ငယ် အကိုတော့်ကိုသိပ်ချစ်တယ် ချစ်ငယ်ကို သိပ်ချစ်တာ မှန်ရင်ချစ်ငယ်ပြန်မလာမခြင်း ဒီကနေ စောင့်နေပါ့မယ် လို့ ကတိပေးပါ ချစ်ငယ်လဲ အမြန်ဆုံးပြန်လာပါ့မယ်လို့ အကိုတော်ကို ကတိပေးပါတယ် "
လွမ်းလုလင် အံကိုကျိတ်ထားတာ သွေးစတွေတောင် ထွက်နေပါပြီ။ ခေါင်းကို အငြိမ့်မှာ မျက်ရည်တို့ကကျော ပေါ်ပေါက်ခနဲ ကျလာတယ်။ ရဲမက်တို့ ဆွဲခေါ်နေပါပြီ။
" ချစ်ငယ်လေး ချစ်ငယ် အ့ဟား ဟား ချစ်ငယ် "
" အကိုယ်တော် ချစ်ငယ်ပြောတာ မမေ့နဲ့နော် အကို တော့်ကို ချစ်ငယ်အရမ်းချစ်တယ် သိပ်ချစ်တယ် "
ချစ်ငယ်ကို ၁၀ ပေဝန်းကျင်ဂူလေးထဲ သွင်းလိုက်ပြီး ဖန်သားတံခါးကို ဆေးတွေနဲ့ ပိတ်နေချိန်မှာ ချစ်ငယ်ရဲ့ အသံကို လုလင်မကြားနိုင်တော့ပါပေ။
ဖန်ထူသား စိမ်းမြမြ ကာခြားထားတဲ့ အထဲကနေသူ့ ကိုစကားတွေ ပြောနေပြီး လက်လေးကို ဖန်သားပေါ်မှာ ကပ်ထားတာမို့ လုလင်လဲ လက်လေးနဲ့ကပ်ပြီး အေး စက်တဲ့အငွေ့ အသက်တွေကို ခံစားနေရတယ်။
လက်ကနေတစ်ဆင့် ပါးချင်းကပ်ထားမိ ကြပြန်တယ် ဖန်သားကပဲအေးစက်တာလား မျက်ရည်တွေကပဲအေး စက်စေတာလား သူတို့မတွေးမိကြပါ။ ရင်တစ်ခုလုံး မီး ဟုန်းဟုန်းတောက် နေတာကို ဒိအေးစက်မှုက ချေဖျက် မပေးနိုင်တာ အမှန်ပါပဲ။
ချစ်ငယ် အထဲကနေ ခေါင်းညိမ့်ပြနေတာကို လုလင် လဲပြန်ပြီး ခေါင်းညိမ့်ပြ မိတယ်။ သူမှာတာတွေ အားလုံး နားထောင် ဖို့မှာနေတာလေ။ မျက်ရည်တွေ အဖော်ပြု နေ့မှညပြောင်း ညမှနေ့ပြောင်းလို့ နှစ်ယောက်စလုံး ဖန်ချပ်ကြီးရဲ့ တစ်ဖက်တစ်ချက်မှာ အဟာရမဲ့စွာနဲ့လဲ လို့နေကြပြီလေ။
သတိလေး ကပ်နေသေးသရွေ့ သူတို့လက်တွေက ကပ်ထားမြဲပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုဆိုတာက မျက်ဝန်းမှ အကြည့်လေးတွေရယ် လက်ချောင်းလေး တွေရဲ့ လှုပ်ရှုားမှုသာ ကျန်ပါတော့တယ်။
ရတ်သတ္တပတ် တပတ်ပြည့်ချိန်မှာတော့ နှစ်ယောက် စလုံး အသိတွေကင်းကွာလို့ လောကကြီးနဲ့အဆက်အ သွယ်ပြတ်သွား ကြပါတော့တယ်။
" ဟာဒါဆို အကိုတော်ကော အဲဒိမှာပဲ သေသွားတာ ပေါ့ ဟုတ်လား ဒါဆို "
" မဟုတ်ပါဘူး ချစ်ငယ်ရယ် အကိုတော်က သတိလစ် သွားခဲ့တာပါ အကိုတော် သတိလည်လာပြီး အားပြန်ရှိ လာတာနဲ့ ချစ်ငယ်ရဲ့ ဖန်နန်းဆောင်ကို သွားကြည့်ခဲ့ပါ တယ် အဲဒိချိန်မှာချစ်ငယ်ရဲ့ ရုပ်အလောင်းကို မှန်ပေါင်း ချောင်နဲ့ ထည့်ပြီးဆေးတွေစီမံ ထားပြီးနေပြီလေ ဒိနေ့ဒိ အချိန်ထိ အကိုတော် အဲဒိနေရာကို နေ့စဉ်သွားပြီးချစ် ငယ်ပြန်လာမယ့် အချိန်ကိုမျှော်နေခဲ့တာပါကွယ် "
" ကျနော့်ကို အဲဒိနေရာလိုက်ပြပေးလို့ ရမလားဗျ "
" ပြမှာပေါ့ ဒါပေမယ့် အခုချိန်တော့ မသွားပါနဲ့ ညနေ လူသူရှင်းတော့မှ သွားကြနာပေါ့ "
" ဟင် ဒီမှာ အကိုတော်လို တခြားလူတွေရှိတယ်ပေါ့ ဟုတ်လား အံ့သြစရာပဲ အဲဒါလူတွေလား သရဲတွေလား နတ်တွေလားဟင် "
" ဘယ့်နှယ်ပြောလိုက် ပါလိမ့်ချစ်ငယ်ရယ် အားလုံးက လူတွေပါပဲ သူတို့တွေက လူတွေဆိုပေမယ့် ချစ်ငယ်တို့ လောကနဲ့မတူဘူး ဒိကလူတွေက ငါ့ပါးသီလကိုစောင့် ထိန်းပြီး နောင်ပွင့်တော်မူမယ့် ဘုရားရှင်ကို ဖူးမျှော်ဖို့ကို စောင့်စားနေသူတွေပါ "
အော်ဒါကြောင့် သူဒိလောက်တောင် ဖြူစင်ကြည်လင် ပြီးကြည့်ကောင်းနေတာကိုး။
" ဒါဆို အိမ်ထောင်ပြုတာကော ရှိလား ပြုလို့ကောရ လားဗျ "
" ရပါတယ် ချစ်ငယ်ရဲ့ ဒါပေမယ့် ကာမလွန်ကြူးတာ မျိုးတော့ မရှိကြပါဘူး "
ဘာလို့မှန်းမသိ တီတာ သက်ပြင်းသာ ချမိလိုက်ရဲ့ ပြီးမှ ကို့ဖာသာကို မလုံမလဲ ဖြစ်သွားမိတယ်လေ။
အဲဒိနေ့ညနေပိုင်း ရောက်တော့ အကိုတော်နဲ့အတူ အဆောင်တော်ကနေ ထွက်လာဖြစ်တယ်။ တီတာက ဒူးခေါင်းအထက် ဘောင်းဘီတိုအကျပ်လေးနဲ့ အတွင်း ကစွပ်ကျယ်လေး ဝတ်ခါအပေါ်က ရှပ်အင်ကျီလက်တို လေးထပ်ဝတ်ထားတာမို့ အဲဒိကလူတွေနဲ့တော့ လုံးဝ ကွဲပြားနေပေမယ့်လဲ တွေ့တဲ့သူတွေ အားလုံးက သူ့ကို လုံးဝအံ့သြမှုကိုမပြပဲ အေးချမ်းတည်ငြိမ်စွာနဲ့ သွားလာ လှုပ်ရှုားနေကြ ပါတယ်။
တောစပ်ကိုရောက်တော့ တောထဲကို အတော်လေး ပြန်ဝင်ခါလျှောက်လာပြီး အခြားတောစပ်လေး တစ်ခုရဲ့ အနားလဲ ရောက်ရော တီတာ့ တကိုယ်လုံး ကြက်သီး တွေထလို့လာပါတယ်။
" ဟိုရှေ့ကနန်းဆောင်လေးပဲ ချစ်ငယ် လာ "
ထိုအနားကိုသွားဖို့ တီတာတအားတုန်လှုပ် နေမိတာ ဘာ့ကြောင့်ပါလဲ။ ဒူးတွေပင်တဆတ်ဆတ် တုန်လာပါ လေရဲ့။ နန်းဆောင်ရှေ့ရောက်တော့ ဖန်သားချပ်ကြီးနဲ့ ပိတ်ထားတဲ့ ဂူငယ်ထဲက ကျောက်ကလပ်ပေါ်မှာ မှန်စီ ရွှေချအခေါင်းတစ်ခု အထဲမှာ လဲလျောင်းနေတဲ့ အရာ တစ်ခုက တီတာ့ကို မူးခနဲမိုက်ခနဲ ဖြစ်စေပါတယ်။
ဘုရား ဘုရား ဆံပင်ပုံစံကလွဲလျင် အသားအရေရုပ် ရည်နဲ့ ခန္ဓာကိုယ် တွေအားလုံးက တီတာနဲ့ တစ်ထေရာ ထဲပင်။ သူလဲ အဖြူစကို ခါးတောင်းကြိုက်ထားတာပါပဲ လက်မောင်းနဲ့ လည်ပင်းမှာ ရွှေတွေဆင်ထားတာကလဲ မင်းသားတစ်ပါးဆိုတာကို ပြသနေသလိုပါပဲ။
တီတာမူးလာတာမို့ ဖန်သားချပ်ကြီးကို လက်ထောက် လိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ လက်က ဓါတ်လိုက်တာ လိုမျိုးကျင်တက်သွားကာပုံရိပ်တွေကခေါင်းထဲမှတဆင့် နှလုံးသားထဲကို တဖြတ်ဖြတ်နဲ့ လင်းလက်စေပါတယ်။
" အဟင့် အီးဟီး အကိုတော် အကိုတော် အာ့ဟား ဟား ချစ်ငယ် ချစ်ငယ် ပြန်လာပြီ အင့်ဟင့်ဟီး "
တီတာ လုလင်ကိုဖက်ခါ အားရပါးရ ရှိုက်ကြီးတငင်ငို ချလိုက်ပါတော့တယ်။ လုလင်ကလဲ တီတာ့ပုခုံးကိုဖက် ခါမျက်ရည်တွေ ကျနေပါတယ်။
" တိတ်ပါ ချစ်ငယ်ရယ် အခုအကိုတော်တို့ ပြန်ဆုံကြ ပြီပဲ တိတ်ပါနော် အရမ်းချစ်တယ် ချစ်ငယ်ရယ် "
" ချစ်ငယ်လဲ အကိုတော့်ကို အရမ်းချစ်တယ် "
★ ★ ★ ★ ★
" သားမလိုက်ဘူး မေမေ သားကိုခွင့်လွှတ်ပါဗျာ ခွင့် မလွှတ်နိုင်လဲ မေမေတို့ ကြိုက်သလိုသာ လုပ်ပါ အခု လုံးဝ ပြန်မလိုက်နိုင်ဘူး သူသတိမရမခြင်း သားဒိနေရာ ကလုံးဝ မသွားဘူးမေမေ "
မင်းမနိုင်စကားကြောင့် မိခင်ဖြစ်သူ ဒေါ်နိုင်နိုင်မော်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေရသလို တစ်ဖက်လူနာရှင့်ရဲ့ မိဘတွေကိုလဲ အားနာလှပါပြီ။
" သားရယ် ဟိုဘက်က မိဘတွေကို အားနာပါဦး "
ဆေးရုံထဲရှိ အထူးခန်းလေးရဲ့ အတွင်းတစ်နေရာက ကုတင်ဘေးတစ်ဖက်မှာ မင်းမနိုင်နဲ့ သူ့မိခင် တို့ရှိနေပြီး ကုတင်ရဲ့တခြားတစ်ဖက်မှာတော့ တီတာ့မိဘတွေရှိလို့ နေပါတယ်။ အလယ်က ကုတင်ပေါ်မှာတော့ သတိမေ့ မြောနေတဲ့ တီတီတာ။
" ဟုတ်သားပဲ သားလေးရယ် အခုလောက်ကူညီပေး ခဲ့တာပဲ ကျေးဇူးတင်လှပါပြီ သားပြန်ပြီး နားပါတော့နော် သားငယ်လေး သတိရလာရင်အန်တီတို့ ဖုန်းဆက်ပေး ပါ့မယ် အခုတော့ပြန်နားပါဦးနော် သား "
တီတာ့ အမေကပြောလာတော့ မင်းမနိုင် ကိုင်ထား တဲ့ တီတာ့ လက်တဖက်ကို လွှတ်လိုက်ပါတော့တယ်။
ပြီးမှ တီတာ့ မိဘတွေထိုင်နေတဲ့ ထိုင်ခုံဘေးနားမှာ ဒူးထောက်ချလိုက်ခါ
" ကျနော့်ကို ခွင့်လွှတ်ပေးကြပါဗျာ ကျနော်မသွားပါ ရစေနဲ့ သူနဲ့ကျနော်က သူငယ်ချင်းတွေ မဟုတ်ပါဘူး ချစ်သူတွေပါ ကျနော်သူ့ကို သိပ်ချစ်လို့ပါ ကျနော့်ကို ဒိမှာပဲ စောင့်ခွင့်ပေးပါနော် "
တီတာ့ဖခင် မျက်နှာနီရဲသွားခါ အခန်းပြင်ထထွက် သွားသလို မင်းမနိုင် မေမေကလဲ မင်းမနိုင် ပုခုံးကိုဆွဲခါ
" ထစမ်း သားဘာတွေပြောနေတာလဲ မဟုတ်တာ တွေမပြောနဲ့ လူကြီးတွေကို အားနာစရာ သူတို့ဖာသာ သူတို့တောင် စိတ်ညစ်နေကြတဲ့ဟာကို သားရယ် "
" မဟုတ်ဘူး သားတစ်ကယ်ပြောတာပါ မေမေ သား ကိုလဲခွင့်လွှတ်ပေးပါ သားသူကလွဲရင်ဘယ်သူ့မှလဲ လက်မထပ်နိုင်ပါဘူး မေမေ သားသူ့ကိုပဲချစ်တယ် "
တီတာ့ မေမေကတော့ တရှုံ့ရှုံ့နဲ့ ငိုနေပြန်ပါတယ်။ ဒေါ်နိုင်နိုင်မော်ကတော့ ပြောမရတာမို့ အိမ်ကိုပဲပြန်လို့ သွားပါတော့တယ်။ အချိန်ကြာလာနဲ့ အမျှတီတာ့ မိဘ တွေက မင်းမနိုင်ကို ဘာမှမပြောပဲ ဘေးမဲ့ပေးသလိုမျိုး လွှတ်ပေးထား လိုက်ပါတော့တယ်။
ညပိုင်းရောက်တော့ မင်းမနိုင်အား တီတာ့ကိုအပ်ခါ အိမ်သို့ပြန်သွား ကြပါတော့တယ်။ မင်းမနိုင် တီတီတာ့ လက်လေးကို ကိုင်ခါ မျက်နှာကိုသေချာစွာစိုက်ကြည့်ခါ
" ပြန်ထလာပါတော့ တီတီတာလေးရယ် အရင်လိုပဲ စကားတွေတီတီတာတာပြောပါဦး ငါ့ကိုလဲရန်တွေ့ပါဦး မင်းမရှိပဲနဲ့ ငါမနေတင်ဘူး တီတာရယ် မင်းပြန်နိုးလာပါ တော့ကွာ "
မျက်ရည်စက်တို့က တီတာ့လက်ပေါ်သို့ ပေါက်ခနဲကျ သွားပါတော့တယ်။
" အာ့ ကျွတ် ကျွတ်စ် "
တီတာ့လက်ကို လုလင်ကိုင်ထားစဉ်မှာပဲ လက်ဖမိုးကို မီးစနဲ့ ထိုးလိုက်သလို ခံစားရတာမို့ တီတာ လက်ကိုပြန် ဆွဲယူကာ ပွတ်နေလိုက်မိပါတယ်။
" ဘာဖြစ်တာလဲ ချစ်ငယ် တခုခုဖြစ်သွားတာလား "
" ဟုတ်လက်ခုံကို မီးစနဲ့ထိုးလိုက်သလို ပူခနဲဖြစ်သွား တာ အကိုတော် ဘာဖြစ်တာလဲ မသိဘူး "
အကိုတော် မျက်နှာ ချက်ခြင်းပျက်ခါ တီတာ့ကိုဖက် ထားလိုက်ပြီး
" ချစ်ငယ်ရယ် အကိုတော့်ကို နောက်ထပ်ခွဲမသွားပါနဲ့ တော့နော် ဒိတခါဆို အကိုတော် တကယ်ရင်ကွဲပြီးသေ ရပါလိမ့်မယ်ကွယ် အက်ုတော့်ကို သနားပါနော် "
" ဟုတ်ဟုတ် ဘာဖြစ်သွားတာလဲဗျာ့ ရုတ်တရက်ကြီး ပါလား အကိုတော်ရယ် လန့်လိုက်တာ "
" ဟင့်အင်း အကိုတော် ချစ်ငယ်ကို ပြန်ပြီး အဆုံးရှုံးမခံ နိုင်တော့ဘူးချစ်ငယ်ကို ဘယ်မှသွားခွင့် မပြုတော့ဘူး "
" ဟုတ်ပါပြီ အကိုတော်ရယ်ချစ်ငယ်ကလဲ အကိုတော် နဲ့နောက်ထပ် ထပ်ပြီးမခွဲနိုင်တော့ ပါဘူးဗျာ "
လုလင်နဲ့ တီတာ တို့ အဆောင်တော်ကို ပြန်ရောက် တော့ လုလင်က တီတာ့ ကို ကုတင်ပေါ်မှာ လဲလျောင်း စေပြီးဘေးကနေလက်လေး ခေါင်းကိုထောက်ခါ တစိမ့် စိမ့် ကြည့်နေပါတော့တယ်။ တီတာကလဲ ပြန်ပြီးပြုံး၍ အကြည့်ချင်း ပြိုင်နေသည့်နှယ်။
" ချစ်လိုက်တာ ချစ်ငယ်ရယ် အကိုတော်တို့ သစ္စာတွေ သက်ရောက်တော့မယ် အကိုတော်တို့ ဘယ်တော့မှမခွဲ ကြတော့ဘူးနော် အမြဲအတူနေကြမယ် "
" ဟုတ်ကဲ့ပါ အကိုတော်ရယ် "
သူတို့တယောက်ကိုတယောက် ဖက်ခါနမ်းနေမိကြပါပြီ။
တီတာက လုလင်ရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို ပွတ်နေ ရင်းမှ လက်ကလုလင်ရဲ့ ပိတ်ဖြူပိုင်းလေးကို ဆွဲချွတ်ချ လိုက်ပါတယ်။ လုလင်ကလဲ တီတာ့အင်ကျီတွေကိုပြန် ချွတ်ပေးလေရဲ့။ အဝတ်တွေ ချွတ်ပေးနေတဲ့ လုလင်ကို တီတာ စိုက်ပြီးကြည့်နေ မိရင်းက ပီတိတွေဖြစ်နေပါရဲ့။
တီတာ့တကိုယ်လုံး အဝတ်တွေကင်းမဲ့သွားချိန်မှာပဲ တီတာလုလင်ကို ပက်လက်လှန်လိုက်ခါ နမ်းရှိုက်လိုက် ပြီး အနမ်းတို့က နှုပ်ခမ်းမှတဆင့် ရင်အုတ်ပေါ်သို့ ထိုမှ တဖန် ဗိုက်သားတွေဆီသို့ ထို့နောက်တီတာ့ခေါင်းက လုလင်ရဲ့ ဆီးစပ်အောက်သို့ ရောက်သောအခါ လုလင် ဝုန်းခနဲ ထထိုင်လိုက်ခါ
" ဘယ်ဘယ်လို လုပ်လိုက်တာလဲ ချစ်ငယ်ရယ်မသင့် လျော်တာတွေကိုကွယ် အကိုတော် တောင်းပန်ပါတယ် ဒါမျိုးမလုပ်ပါနဲ့နော် အကိုတော့်ကို ချစ်လျင်ဖြင့် "
" ကောင်းပါပီအကိုတော် ချစ်ငယ်လဲ ဘာဖြစ်သွားတာ မှန်းမသိတော့ပါဘူး ခွင့်လွှတ်တော်မူပါ "
အဲဒိချိန်မှာပဲ တီတာ့ခေါင်းထဲမှာ ဖြတ်ခနဲအလင်းတန်း တစ်ခုပေါ်လာသလို ခေါင်းကလဲ ရိပ်ခနဲ ဖြစ်သွားပါရဲ့။
" ဘာဖြစ်တာလဲဟင် ချစ်ငယ်လေး "
" ခေါင်းထဲမှာ ဖြတ်ခနဲအလင်းတစ်ခု ပေါ်လာပြီးတော့ ခေါင်းလဲရိပ်ခနဲ ဖြစ်သွားလို့ပါ "
" ဟင် ဟုတ်လား မဖြစ်ဘူး မဖြစ်ဘူး အဝတ်တွေပြန် ဝတ်ပါ ချစ်ငယ် ပြီးရင်အကိုတော့် လက်ကိုမြဲမြဲသာစုပ် ကိုင်ထားပါတော့နော် "
တီတာ နားမလည်ပေမယ့် ခေါင်းငြိမ့်ပြလိုက် ပါတယ်။ ကုတင်ပေါ်မှာ တီတာ လုလင်ရဲ့လက်ကို ကိုင်ထားရင်း ကနေ လုလင်စကားတွေ တတွတ်တွတ်နဲ့ပြောနေတာ ကြားတချက် မကြားတချက် ဖြစ်နေပါတော့တယ်။
" အကိုတော့်ကိုထားမသွားပါနဲ့ ချစ်ငယ်ရယ်အကိုတော် သေရပါလိမ့်မယ် မသွားပါနဲ့ကွယ် မသွားပါနဲ့နော် "
" အက်ုတော် အကိုတော် ချစ်ငယ်ကို ဆွဲထားပါ ဆွဲပါ ချစ်ငယ်ဘယ်မှမသွားချင်ဘူး အကိုတော်နဲ့ပဲ နေပါရစေ ချစ်ငယ်ကို ဆွဲထားပါ အကိုတော် အကိုတော် "
အသံတွေက ပါးစပ်ကမထွက်ပဲ ရင်ထဲမှာသာ ပဲ့တင် လို့နေပါတယ်။တီတာလုလင်ရဲ့လက်ကို လက်နှစ်ဖက် နဲ့အတင်း စုပ်ကိုင်ထားမိ ပါတယ်။ တစ်စုံတခုက သူတို့ နှစ်ယောက်ကို ဝေးကွာသွားအောင် ဖန်တီးနေပြီဆိုတာ သူတို့အလိုလိုသိရှိ ခံစားနေရပြီလေ။
ထိုစဉ် တီတာသတိပြုမိလိုက်တာက သူထိုင်နေတာ လုလင်ရဲ့ကုတင် မဟုတ်ပဲဆေးရုံ ကုတင်တခုပေါ်မှာပါ ဒါပေမယ့် သူ့လက်တဖက်ကလုလင်လက်ကို ကျစ်ကျစ် ပါအောင်စုပ်ထားဆဲပါ။ လုလင်ရဲ့ခန္ဓာကိုယ်က လေထဲ မှာဝေ့ဝဲနေသယောင်ပါပဲ။ ပြီးတော့ကုတင်ပေါ်မှာလဲနေ တာက တီတာ တစ်ယောက်။
သူ့ကိုယ်သူ ပြန်တွေ့လိုက်ချိန်မှာပ တီတာအံအား သင့်ခါ လုလင်ရဲ့လက်ကို လွှတ်လိုက်ပြီး ပါးစပ်ကိုလက် နဲ့အုပ်လိုက် မိပါတော့တယ်။ ထိုစဉ် နားထဲမှာလဲ
" ချစ်ငယ်ရယ် အကိုတော်ကို မထားခဲ့ပါနဲ့ ချစ်ငယ် "
လိုက်ရှာကြည့်ပြန်တော့ လုလင်ကိုမတွေ့ရတော့ပေ။ အသံကိုတော့ ကောင်းစွာကြားနေ ရပါတယ်။
" အကိုတော် အကိုတော် ချစ်ငယ်ကို လာခေါ်ပါ အာ့ ဟား ဟား အကိုတော်နဲ့ မခွဲပါရစေနဲ့တော့ အကိုတော် အကိုတော်ရေ ချစ်ငယ်ကို လာခေါ် အင့်ဟင့် ဟင့် "
" ချစ်ငယ်ရေ အကိုတော့်ဆီ ပြန်လာပါကွယ် နော် ချစ် ငယ်လေး အကိုတော့်ဆီ ပြန်လာခဲ့ပါကွယ် "
တီတာ့ နှလုံးသားတွေ ကွဲကြေမတက်ပင် ခံစားရပါပြီ။
အကိုတော်နဲ့ မခွဲနိုင်ပါ အကိုတော်နဲ့ပြန်ပြီး ဆုံစည်းဖို့ စောင့်ခဲ့ရတဲ့ နှစ်တွေက နဲတာမှမဟုတ်တာ။ ဘယ်လို ကံကြမ္မာ ဝဋ်ကြွေးများကြောင့်ပါလဲ။ အချစ်ကြီးချစ်မိလို့ အစွဲအလမ်းကြီးခဲ့ကြတဲ့ ချစ်ငယ်နဲ့လုလင်ရဲ့ ချစ်ခြင်းကို ဒိလောက်ထိ ရက်စက်ဖို့ ကောင်းရဲ့လား။
လုလင်ရဲ့အသံတွေက တဖြေးဖြေးဝေးကွာလို့ပျောက် ကွယ်သွားသလို တီတာ့ရဲ့ ငိုရှိုက်သံတွေကလဲ မှေးမှိန် သွားခါ လူတက်ုယ်လုံး လွင့်ခနဲ မြောက်တက်သွားပြီး
" အင်း ဟင်း အင်း "
" ဟာ တီတာ သတိရလာပြီ တီတာ ငါရှိတယ် ဒီမှာ "
တီတာ မျက်စိတွေကို မနဲဖွင့်လိုက်ရပါတယ်။ ဟင် သူ ဆေးရုံကို ရောက်နေတာပါလား။ ပြီးတော့ သူ့လက်ကို ကိုင်ထားတဲ့ သူတစ်ယောက်။ ဒါဘယ်သူလဲ?
" တီတာ တော်သေးတာပေါ့ တီတာရယ် မင်းအသက် ပြန်မရှင်လာရင် ငါလေသေရမှာပါကွာ ကျေးဇူးတင်ပါ တယ် တီတာရယ် ငါ့အတွက်အသက်ပြန်ရှင်ပေးခဲ့လို့ ပါ ငါမင်းကိုအရမ်းချစ်တယ် သိပ်ချစ်တယ်ကွာ "
တီတာ သူ့လက်ကို အသာလေးစွဲပြီး ယုတ်လိုက်တာ မို့ မင်းမနိုင် အံ့အားသင့်သွား ရပါတော့တယ်။ ပြီးတော့ တီတာ့ မျက်လုံးတွေက စိမ်းသက်နေတယ်။ မင်းမနိုင် အရမ်းထိပ်လန့်သွားခါ
" တီတာ ငါ ငါမင်းရဲ့ချစ်သူ မင်းမနိုင်လေ ငါ့ကိုမှတ်မိ တယ်မဟုတ်လား မင်းလဲငါ့ကို အရမ်းချစ်တယ်လေကွာ ငါလဲ မင်းကို အသက်လောက်ချစ်တာလေကွာ "
တီတာ ခေါင်းကိုဖြေးညှုင်းစွာ ခါပြလိုက်ပြီး ပါးစပ်က
" အကိုတော် ရော အကိုတော် "
မင်းမနိုင် ဝုန်းခနဲထခါ တာဝန်ကျ ဆရာဝန်ကို ပြေးခေါ် ပါတော့တယ်။ ငါ့ကို မမေ့လိုက်ပါနဲ့ တီတာရယ်။
ဆရာဝန် စစ်ဆေးနေချိန်မှာပဲ တီတီတာ့ မိဘတွေပြန် ရောက်လာပါတော့တယ်။ အဖြေကတော့
" ခေါင်းကိုထိခိုက်ခဲ့လို့ မှတ်ဥာဏ်ချို့ယွင့်မှု တစ်ခုခုဖြစ် သွားတာပါ အချိန်ယူပြီး ကုသရင်တော့ ပျောက်ကင်းဖို့ မျှော်လင့်လို့ ရပါတယ်ဗျာ လူနာကို စိတ်လှုပ်ရှုားအောင် မလုပ်ကြပါနဲ့ဦး သူနားပါစေဗျာ "
တီတီတာ့ မိခင်ကောဖခင်ပါ ငိုကြပါလေပြီ။ တီတာက ဘာကိုမှ မမှတ်မိတော့ပဲ အကိုတော် ဆိုတာကိုပဲပြော နေပါတော့တယ်။
တီတာရယ် တီတာရာ မင်းကိုဒိလောက်ထိချစ်တဲ့သူ ကိုတောင် မင်းမေ့နေရက်တယ်နော်။ ငါ့ရင်တွေကွဲပါပြီ တီတာရယ်။ မင်းရဲ့မျက်လုံးစိမ်းတွေက ငါ့ကိုရေနှစ်ပြီး သတ်နေသလိုမွန်းကျပ်စေတယ်။ မင်းရဲ့ ဥပ္ပခါပြုမှုတွေ ကငါ့ကို အရှင်လတ်လတ် မီးတင်ရှို့နေသလို ပူလောင် စေပါတယ်။ မင်း သတိပြန်ရ ပါတော့ကွာ။
မင်းမနိုင် တစ်ယောက် တီတာ့ကို ဆက်ပြီးကြည့်နေ ဖို့အင်အားပင် မရှိတော့ပါ။ ဆေးရုံရှေ့က ခုံလေးမှာပဲ ခေါင်းငိုက်စိုက်ချခါ မျက်ရည်တွေ ကြလို့နေရပါပြီ။ ဘဝ မှာ အချစ်ဆိုတာကို ပထမဆုံး စတင်တွေ့ရှိခဲ့ ချိန်ဟာ စောလွန်းနေတာလား နှနယ်သေးတဲ့ နှလုံးသားက မင်း အတွက် ခံနိုင်ရည်မဲ့နေရပြီ တီတီတာ။
မင်းမနိုင် ဆိုတာက အသက် ၁၈ နှစ်အရွယ် ကောင် လေးတစ်ယောက်ပါ။ ငါသိပ်ချစ်ခဲ့တာကလဲ ငါ့အရွယ် ချစ်စဖွယ်ကောင်လေး တီတီတာလေ။ ငါတို့အချစ်တွေ အဖူးအငုံ ဘဝနဲ့ ညှိုးနွမ်းခြောက်သွေ့ ရတော့မှာလား။
မဖြစ်သင့်ပါဘူး တီတာရယ်။ မင်းအဲဒိလိုကြီးတော့ ငါ့အပေါ်မရက်စက်ပါနဲ့။ ငါ့ဘဝရဲ့ အချစ်ဦး အချစ်ဆုံးနဲ့ အချစ်တွေအားလုံး မြှုပ်နှံပုံအောပြီး ချစ်ခဲ့တာပါကွာ။
တီတီတာရဲ့ ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာတွေအား လုံး ကောင်းမွန်လာပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ အရင်လို ပြန်ဖြစ်မလာခဲ့ပါ။ အကိုယ်တော် ဆိုတာကိုပဲစွဲ လန်းတမ်းတလို့ နေမြဲပါပဲ။
ကျောင်းကိုပါ နားထားလိုက်ရ တော့အထိပါပဲ။ မိဘ တွေကိုလဲ မမှတ်မိ မင်းမနိုင် ကိုလဲမမှတ်မိ တော့ပါဘူး။ မင်းမနိုင်လဲ ဘယ်လိုလုပ်သင့်တယ် ဆိုတာကို စဉ်းစား ရတာ ဆံပင်တွေပါ ဖြူလောက်ပြီ။
ဒီကြားထဲ အိမ်ကပြသနာက တစ်မျိုး မင်းမနိုင်ကိုအိမ် က တီတီတာနဲ့ ကိစ္စကို သိသွားတာမို့ အမေကသိပ်ပြီး မပြောပေအယ့် အဖေကတော့ ပြင်းထန်စွာရှုံ့ချကာ သူ ကျောင်းပြီးတဲ့ ထိမစောင့်ပဲ မိန်းမပေးစားဖို့ ပြင်ဆင်နေ ပါတော့တယ်။
တီတာ့ မိဘတွေက်ုတော့ မင်းမနိုင် ခြေစုံဖက်ခါမျက် ရည်စက်လက်နဲ့တောင်းပန်ထားတာမို့ ဘာမှမပြောပဲ လာတွေ့ခွင့်တော့ ပေးထားပါတယ်။ တီတာ့မှာ အဖော် လိုအပ်တာလဲ ပါတာပေါ့လေ။
" တီတာ ဘာတွေလုပ်နေလဲ ငါကျောင်းကပြန်လာပြီ ရော့ ဒိမှာမင်းကြိုက်တဲ့ လိမ္မော်သီး ဝယ်လာတယ် "
ကျောင်းကပြန်တိုင်း တီတာ့ထံကို ပုံမှန်ဝင်ကြည့်လေ့ ရှိပါတယ်။ ချစ်သူကို အစကနေစပြီး ပြန်ကျိုးစားနေရသ လိုဖြစ်နေပါတယ်။ တီတာက သူ့ကိုမမှတ်မိပေမယ့် သူ့ ရဲ့ဂရုစိုက် ဖေးမကြင်နာမှုတွေ ကြောင့်သူ့ကိုပြန်ပြီး သံ ယောဇဉ် ဖြစ်နေပါပြီ။ တီတာ့မိဘတွေပင် သူ့အပေါ်မှာ တဖြေးဖြေး ချစ်ခင်တွယ်တာလာတာ မင်းမနိုင် အသိပဲ။
" အင်း ကျေးဇူးပဲ ငါလဲမင်းကို မျှော်နေတာ ပြောစရာ ရှိလို့ ညက ငါအိမ်မက်မက်တယ် သိလား "
မင်းမနိုင်ပြုံးကာခေါင်းငြိမ့်ပြလိုက်ရပါတော့တယ်။
နှုတ်ခမ်းကပြုံးနေပေမယ့် ရင်ဘတ်ကငိုချင်နေမိပြီ။ ဒိလိုပြောလာလျှင်တီတာဘာကိုပြော တော့မယ်ဆိုတာ မင်းမနိုင် သိတာပေါ့။ တီတာက နေ့စဉ်နဲ့အမျှ ဆိုသလို လွမ်းလုလင် ဆိုတဲ့ သူ့အိမ်မက်ထဲက မင်းသားကြောင်း ကို ပုံစံမျိုးစုံနဲ့ ပြောပြလေ့ရှိပါတယ်။
ချစ်သူက သူချစ်တဲ့ တခြားတစ်ယောက် အကြောင်း မျက်စိလေး တလက်လက်နဲ့ တပြုံးပြုံးပြောပြလို့နေတဲ့ ခံစားမှုကို ဘယ်သူများ ခံစားဖူးပါသလဲ။ နာကြင်မှုတွေ က မင်းမနိုင်အတွက် အသားကျနေ လေရော့သလား။
ဘာပဲဖြစ်ဖြစ် အဲဒိလူအပြင်လောကမှာ ရှိမနေတာ မင်းမနိုင် အတွက် အလွန်ကံကောင်းလှ ပါပြီ။ ချစ်တဲ့သူ ပျော်ရွှင်ဖို့ သူ့ရင်ခွင်ကို နင်းချေခွင့် ပြုထားရတာ သူလဲ ပင်ပန်းလှပါပြီ။
" သူ ငါ့စီလာတော့မယ်နဲ့ တူတယ်နော် မင်းမနိုင်အဲဒါ ကြောင့်ငါသူ့ကို အိပ်မက်မက်တာနေမှာနော် "
မျှော်လင့်တကြီး ပြောလာတဲ့ တီတာ့ရဲ့ စကားတွေကို မင်းမနိုင် ပြုံးပြီး ခေါင်းလေးငြိမ့်ကာ
" သူ မင်းစီ လာမှာပါကွာ မင်းကသူ့ ကိုသိပ်ချစ်တာ သူသိတာပဲ ဟာကို "
" ဟုတ်တယ်နော် မင်းတောင် ငါသူ့ကိုဘယ်လောက် ချစ်တာသိရင် သူဆိုပိုပြီး သိမှာပေါ့နော် "
" အေးပေါ့ တီတာရဲ့ စားလေကွာ လိမ္မော်သီးကို "
" အော် အေးပါစားမှာပေါ့ ကိုင်ထားချင်သေးလို့ပါ "
" အင်း အဲဒါဆို ငါပြန်ဦးမယ်နော် တီတာ "
" မနက်ဖြန်လဲ လာမှာမလား ငါစောင့်နေမယ် "
" လာမှာပေါ့ သွားပြီနော် တာ့တာ "
တီတာ ခေါင်းလေးငြိမိ့ကာ ပြုံးပြနေတာကြည့်ပြီး ဒိနေ့ လဲ ရင်နာစွာနဲ့ လှဲ့ပြန်ခဲ့ရ ပါတော့တယ်။
ဒိလိုနဲ့နေလာတာ မင်းမနိုင်ဒုတိယနှစ်ရဲ့ စာမေးပွဲတွေ ပင်ဖြေနေရပါပြီ။ ကျောင်းတက်ရတာ မဖြစ်မနေမို့သာ တက်နေရတာ မင်းမနိုင် အဖို့ကတော့ တီတာ မရှိတာနဲ့ ကျောင်းတစ်ခုလုံးက ဂန္ဓာရလို ခြောက်သွေ့နေရတယ် စာမေးပွဲပြီးတာနဲ့ ပြသနာကလဲ တက်တော့တာပါပဲ။
ဖေဖေ့ အသိရဲ့ သမီးနဲ့ စေ့စပ်ကြောင်းလမ်းခြင်းပင် မပြုပဲ တခါထဲ တန်းမင်္ဂလာဆောင်ပေးဖို့ အလောကြီး စွာစီစဉ်နေကြ ခြင်းပါပဲ။ ဘယ်လိုငြင်းဆိုလို့မှ မရတာမို့ ထုံးစံအတိုင်း လူကြီးတွေနဲ့ စကားများခါ တီတာ့ဆီလာ ခဲ့လိုက်ပါတော့တယ်။
စိတ်တွေတအား ရှုတ်ထွေးနေတာမို့ မနဲကိုဖုံးကွယ်ခါ တီတာ တို့အိမ်ထဲဝင်ခဲ့ လိုက်ပါတယ်။
" သားလေး မင်းမနိုင်လာပါဦး ဒိမှာ တီတာ ဘာတွေ ပြောနေမှန်း မသိဘူး ထိန်းလို့ကို မရဘူး ဖြစ်နေတယ် "
တီတာ့မေမေ အိမ်ဝနေအပြေး လာပြောတာမို့ သူလဲ စိတ်ပူခါတီတာ့ အခန်းထဲပြေး ဝင်ခဲ့လိုက်ပါတော့တယ်။
" မင်းမနိုင် ငါ့ကို အကိုတော့်ဆီ ပို့ပေးပါနော် ဟိုမှာသူ စောင့်နေတယ်တဲ့ ငါ့ကို အမြန်လာပါလို့ ခေါ်နေလို့ပါ "
" နေပါဦး ဘယ်ကိုပို့ပေးရမှာလဲ သေချာပြောပါဦး "
" ဟင့်အင်း ငါမသိဘူး ငါတို့နေတဲ့နေရာလေကွာ နော် ငါ့ကိုအမြန်ပို့ပေးပါ မင်းမနိုင်ရယ် ပို့ပေးပါကွာနော် "
မင်းမနိုင် တီတာ့ ပုခုံးကို ဖက်ထားလိုက်ပြီး အသည်း အသန်စဉ်းစား နေမိတယ်။ ဘယ်နေရာလဲ ပို့ပေးသင့်ရဲ့ လား။ ဟင် နေရာ နေရာက တီတာပြုတ်ကျခဲ့တဲ့တော ထဲက တစ်နေရာများလား။ ဟူး ရင်မောလိုက်တာကွာ။
မဖြစ်ဖြစ်တဲ့နည်းနဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကိုထွက် အောင်ပြုလုပ်ရပေတော့မည်။ ဒါမှ တိကျတဲ့ ဆုံးဖြတ်မှု တခုကို သူပြုလုပ်နိုင်မှာ မဟုတ်လား။
" နင်အဲဒါ ဘယ်သွားမလို့လဲ မင်းမနိုင် နင်မိဘတွေကို ဒိလောက်ထိဒုက္ခ ပေးရရင် တော်ပါတော့တော့ဟယ် ငါ သေသာသေလိုက်ချင်တော့တယ် တကယ်ပဲ "
မင်းမနိုင် ရဲ့မင်္ဂလာဆောင် ရောက်ဖို့ ၃ ရက်ပဲလိုတော့ တာလေ။ ခု မင်းမနိုင်ကကျောပိုးအိတ် နဲ့အပြင်ထွက်ဖို့ ပြင်နေတာ မေမေ မြင်တာနဲ့ ပြသနာစတော့တာပါပဲ။
" ဘာဖြစ်နေတာလဲ မနိုင် မင်းသား ဘာတွေဂျိုလ်ထ နေပြန်တာလဲ မင်းက အဲဒါဘယ်ကိုလဲ မင်းမနိုင် "
" သား တီတီတာ့ ဆီခနသွားမလို့ပါ ဖေဖေ "
" ဘာ လာပြန်ပြီ ဒီနာမည် သောက်ရှက်မရှိ ငါ့ရှေ့မှာ ပြောရဲတယ်မင်းမို့နေပါဦး အဲဒိအိတ်က ဘာလုပ်တာလဲ မင်းကတစ်သက်လုံးပြန်မလာ တော့မှာမို့လို့လား အေး ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့ အမွေတော့အဖြတ်ဘူး ငါကိုယ်တိုင် အသေလိုက်သတ်မှာ ဟွန်း "
ဖေဖေ ပြောချင်တာ ပြောပြီး လှဲ့ထွက်သွားပါတယ်။
မေမေလဲ ဖေဖေ့နောက်က လိုက်သွားတော့မှ အိမ်ပြင် ကို အမြန်ပြေးထွက်လာလိုက် ပါတော့တယ်။
တီတာ့ အိမ်ရောက်တော့ တီတာ့ မိဘတွေနှင့်ကလဲ ကြိုတင်တိုငိပင် ပြီးသားမို့ အားလုံးပြင်ဆင်ပြီးနေပါပြီ။
" သားလေး အန်တီတို့ စိတ်ချပါရစေနော် "
" သြော် စိတ်ချပါ မေမေရယ် သားကို မင်းမနိုင် အမြဲ ဂရုစိုက်တာ သိရဲ့သားနဲ့ ဘာမှစိတ်မပူနဲ့နော် ဟိုမှာ အကိုတော် တို့လဲ ရှိပါတယ် မေမေရဲ့ စိတ်ချနော် "
အရမ်းတက်ကြွ နေတဲ့ တီတာက အတင်းဝင်ဖြေနေ တာပါ။ ဒီခရီးက သူ့အတွက်တော့ ကံစမ်းမဲ တစ်ခုပါပဲ။ တစ်ဘဝလုံးစာ အတွက်ချစ်သူကို ပိုင်ဆိုင်ခွင့်ရှိမရှိပေါ့။
မင်းမနိုင်ကတော့ အိမ်ကထွက်လာထဲက ပြန်လာဖို့မရှိ တော့ဘူး ဆိုတာဆုံးဖြတ်ခဲ့ပြီးသားပါ။
ဒီနေရာလေးကို ရောက်ခါနီးလေ တီတာ့စိတ်တွေက တက်ကြွလေ ဆိုတာ မင်းမနိုင် ဝမ်းနည်းစွာတွေ့နေရ ပါတယ်။ ရွာကိုရောက်တော့ အရင်က သိကြွမ်းဖူးတဲ့သူ တို့အသိ အိမ်လေးမှာ တစ်ညတည်းခို လိုက်ပါတယ်။
တညလုံး တီတာ စကားတွေပြောနေတယ်။ မင်းမနိုင် လဲတညလုံး တီတာ့မျက်နှာကို တစိမ့်စိမ့်သာ ကြည့်နေ လိုက်တာ တညလုံးနီးပါးပါပဲ။ မိုးလင်းခါနီးတော့မှ နိုးလို့ လာပါတော့တယ်။
မင်းမနိုင် နိုးလာတော့ တီတာက သူ့ရင်ခွင်ထဲမှာအိပ် ပျော်နေတုန်းပါပဲ။ တီတာ့ နှဖူးလေးကို ဖွဖွလေးနမ်းရင်း မင်းမနိုင် မျက်ရည်တွေစို့တက်လာခါ တီတာ့နှဖူးပေါ်ကို ပေါက်ခနဲ ကျတော့ တီတာလဲ လန့်နိုးလာပါတယ်။
" ဟင် မင်းမနိုင် ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ "
" အင်း ဘာမှမဖြစ်ပါဘူး အိပ်ချင်လို့ အာသန်းရင် အဲ့လို ပဲ မျက်ရည်ကျတက်တယ် တီတာရ ထတော့ မျက်နှာ သစ်ရေချိုးပြီး တောထဲတိုးရအောင်နော် "
" ဟာ အေးမြန်မြန်လုပ်မှ လာလာတူတူသွားမယ် "
သူတို့ရေမိုးချိုးပြီး တည်းတဲ့အိမ်မှာပဲ မနက်စာစားခါ တောထဲကို အဖော်တစ်ယောက်ခေါ်ပြီး ဝင်လာခဲ့ကြပါ တော့တယ်။ တကယ်တမ်း တောထဲရောက်တော့သူတ်ု့ ကိုဦးဆောင်သွားတာက တီတီတာပါပဲ။
တစ်နေရာရောက်ချိန်မှာတော့ ရွာခံလူကရပ်လိုက်ခါ
" အဲဒိဖက်ထဲ ဆက်သွားဖို့ မသင့်တော်ဘူး ထင်တယ် အဲဒိဖက်က နေရာကြမ်းတယ် သိုက်နန်းကြီးတစ်ခုလဲရှိ တယ် ဘယ်သူမှမသွားကြဘူး ကျနော်တော့ ဆက်ပြီးမ လိုက်နိုင်တော့ဘူးဗျာ့ ဒီကနေပဲ ပြန်ကြရအောင်ပါ "
" ဟာ မဖြစ်ဘူးရောက်ခါနီးနေမှ ငါတို့ဖာသာဆက်ပြီး သွားမယ် မင်းမနိုင် သူမလိုက်ချင်ပြန်ပေ့စေတော့ "
" ခနနေပါဦး တီတာရယ် စဉ်းစားပါရစေဦး "
" မရဘူး မင်းမနိုင် မင်းလဲပြန်ချင်ပြန် ငါကတော့မပြန် နိုင်တော့ဘူး ငါ့ဖာသာဆက်သွားမယ် "
" မလုပ်ပါနဲ့ တီတာရယ် ခန ခနလေးပါကွာ "
လမ်းပြပေးတဲ့ အဖော်ကို တောင်းပန်ပေမယ့် ဘယ်လို မှမရပေ။ အဲဒိချိန်မှာပဲ တီတာလှစ်ခနဲ တောထဲဝင်ပြေး တာမို့မင်းမနိုင် အနောက်နေပြေးလိုက်ခါ လက်ကိုလှမ်း ဆွဲလိုက်စဉ် တီတာအရှိန်နဲ့ပစ်လဲခါ ဘေးမှာ ဖြတ်ထား တဲ့ ကျွန်းပင်ငုတ်တိုနဲ့ ခေါင်းကို အရှိန်ပြင်းစွာ စောင့်မိပါ တော့တယ်။
" ဟာတီတာ ဟင် သွေးသွေးတွေအကိုလုပ် လုပ်ပါဦး ဗျာ အမြန်ရွာကို ပြန်ရအောင် ဝိုင်းထမ်းပါဦး "
တီတာ့ကိုရွာ အမြန်ပြန်သယ်လာပြီး ဆရာဝန်နဲ့ပြခါ လိုအပ်တာတွေ လုပ်ပြီးချက်ခြင်း မြို့ကိုပြန်ခဲ့ရပါတော့ တယ်။ တီတာရယ် မင်းဘာမှမဖြစ်ပါစေနဲ့ မင်းမိဘတွေ ကိုငါဘယ်လို မျက်နှာပြရပါ့မလဲ။ ဒါဏ်ရာက သေစေဖို့ လောက်မဟုတ်တာပဲ ကျေးဇူးတင်လှပါပြီ။
ရန်ကုန်ရောက်တော့ ဆေးရုံမတင်ပဲ တီတာတို့အိမ် ကိုသာ တန်းပြန်လာခဲ့ ပါတယ်။ အိမ်ရောက်တော့လဲ အခန်းထဲထည့်ပြီး မင်းမနိုင်ပဲ ဆက်စောင့်ပေးနေရပါ တယ်။ တီတာ့ မိဘတွေကိုတော့ သတိရတာနဲ့ လာခေါ် မယ်လို့ မှာထားလိုက်တယ်။
တီတာကိုကြည့်ရင်းက မင်းမနိုင် စိတ်တွေလေးလံလို့ နေမိပါတယ်။ ဒီတခါတော့ မင်းငါ့ကိုထပ်မမေ့လိုက်ပါနဲ့။ ငါ့အတွက် တအားအရေးကြီးတဲ့ အချိန်ရောက်နေလို့ပါ။
" အင်း ဟင်း "
" ဟာ တီတာ တီတာ သတိယပြီလားဟင် "
" အင်း ငါအိမ်ပြန်ရောက်နေတာလား မင်း "
" ဟင် မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ တီတာဟာ မင်းငါ့ကို သတိယပြီလား မှတ်မိပြီလား "
" ဘာဖြစ်တာလဲ မူးရတဲ့အထဲ ဖေနဲ့မေရော "
" ဟာပျော်လိုက်တာ ငါနဲ့မင်းနဲ့ ဘာလဲပြော "
" ဘာလဲ ဟ့ ရူးသွားပြီလား "
" ဖြေ မြန်မြန်ဖြေစမ်းပါ တီတာရယ်လုပ်စမ်းပါ "
" ငါ့ချစ်သူ မင်းက ငါ့ချစ်သူ ဟုတ်ပြီလား "
" ဟေး - - - - ငါ့ကို သတိယပြီကွ "
အဲဒိချိန်မှာပဲ လူကြီးတွေရောက်လာပြီး အားလုံးဝမ်း သာကုန်ကြပါတော့တယ်။ တီတာ့ အခြေအနေက အား လုံးကိုပြန်သတိယလာပြီကိုး။ မေ့နေတုန်းကအကြောင်း တွေကိုလဲ လောလောဆယ်တော့ ပြန်မပြောဖြစ်ကြပေ။ သူနေကောင်းမှ အေးဆေးပြောပြမှဖြစ်မယ်လေ။
ဘာပဲဖြစ်ဖြစ် ချစ်သူအတွက် အိမ်ကနေအပြီး စွန့်ခွါ၍ လာတဲ့ မင်းမနိုင် အတွက်တော့ အချစ်စစ်မှန်လို့ပြန်ပြီး ပေါင်းဖက်ရတာ မဟုတ်ပါလား။ တီတီတာ့ မိဘတွေက တော့ မင်းမနိုင်ရဲ့ မေတ္တာကို မငြင်းဆန်နိုင်တော့တာမို့ လက်ခံလိုက်ကြပါတော့တယ်။
" ပျော်လိုက်တာ တီတာရယ် ငါတို့နောက်ဆို အမြဲပဲ အတူနေမယ်နော် ငါ့ကိုဘယ်တော့မှမမေ့သွားရဘူး "
" မင်းရုပ်ကြီးကို ခွေးချီသွားတောင် မမေ့ဘူး ဟွန်း "
" ဟား ဟား ဟား ဟား "
သူတို့ရယ်မောနေကြ တစ်အိမ်လုံးကို ဆူညံလို့နေပါ တော့တယ်။ သူတို့မမြင်ရတဲ့ တစ်နေရာမှာ အရိပ်တခု ကတော့ဖြင့် ♡ ♡ ♡
အားလုံးကို ကျေးဇူးတင်ပါတယ်။
Lamin Lay
No comments:
Post a Comment