ရင်ခွင်တခို
အနမ်းဆိုတာ ဘာမှန်းမသိချိန်မှာ အချစ်ဆိုတာကို သေချာ မသိပေမယ့် ကြားဖူးနားဝ ရှိနေပါပြီ။ အချစ်ဆို တာနဲ့ ကြိုက်နှစ်သက်တာ ကိုလဲ မသဲကွဲ သေးပေ။ ဒါနဲ့ အချစ်လားလို့ အကြိမ်ကြိမ် ပြန်စဉ်းစား မိတဲ့ ကိစ္စလေး တစ်ခုက ရှိနေပါတယ်။
" ရင်ခွင် မင်းဘယ်မှာလဲ ငါမင်းတို့လမ်း ထိပ်နားက လက်ဖက်ရည်ဆိုင်မှာ ရောက်နေတယ် အခုလာခဲ့ "
ဖုန်းကို ဖွင့်လိုက်တာနဲ့ တစ်ချက်လွှတ် အမိန့်ကိုခြွေ ချခါ ဖုန်းကိုပါ ပြန်ပိတ်သွားတာ ရင်ခွင်အိမ် ရဲ့ တစ်ဦး တည်းသော ချစ်လှစွာသော သူငယ်ချင်း မိုးဝသန် ပါ။
ခု ရင်ခွင်ရောက်နေတာက မြို့ထဲမှာ ဘယ်လိုလုပ်ခါ အချိန်မှီ ပြန်ရပါ့မလဲ။ သူဖုန်းဆက်ပြီး ၁၅ မိနစ်အတွင်း မရောက်ရင် ပြသနာက မသေးလှဘူးလေ။ အိတ်ကပ် ထဲက ပိုက်ဆံကို ထုတ်ကြည့်လိုက်တော့ ၂၀၀၀ ကျော် ရှိတာမို့ Taxi တစ်စီးတားခါ အမြန်ဆုံးမောင်း ခိုင်းခဲ့ရပါ တော့တယ်။
ဝသန့်စီရောက်တော့ ၁၇ မိနစ်ဖြစ်နေပြီလေ။ အမော မဖြေအားဘူး သူ့မျက်နှာကို အရင်ကြည့်ရတယ်။
" ဖြစ်ပျက်နေလိုက်တာ အမောတကောနဲ့ အချိန်ကို လဲပြန်ကြည့်ဦး ကောင်းတယ် အဲဒါငါ့ကို အသိမပေးပဲ လျှောက်သွား ချင်ဦး ဒီတခါတော့ ခွင့်လွှတ်လိုက်မယ် "
အအေးသောက်ရင်းက မျက်နှာတချက်မှ မပြောင်း သွားပဲ ရင်ခွင့်ကို ကြည့်ကာ တစ်လုံးခြင်းပြောနေတယ်။
ဘာပဲဖြစ်ဖြစ် ဒိလောက်ပဲဆို အခြေအနေက မဆိုးပါဘူး
" ငါ စာအုပ်သွား ဝယ်တာပါကွာ မနေ့ကပြောတော့ မင်းပဲ မအားဘူးဆို အဲဒါနဲ့ ငါမခေါ်တာပါကွာ "
" သောက်ပိုတွေ ရင်ခွင်ရာ တော်စမ်းပါ ဘယ်မှာလဲ မင်းသွား ဝယ်တဲ့စာအုပ်က "
စာအုပ်ဖိုးက ကားငှားပြီး ပြန်လာရလို့ ကုန်ပြီလေ။
" မတွေ့လို့ မဝယ်ခဲ့တာပါ ဝသန်ရာ မင်းကလဲ "
" ကဲ အဲဒါဆို အအေးဖိုးရှင်း ခုပြန်သွားဝယ်မယ် "
" ဟာ ဟို ငါ ငါမောနေပြီ နောက်မှသွားတော့မယ် "
" အိုခေ အဲဒါဆိုငါပြန်တော့မယ် ညနေ ၆ နာရီအိမ်ကို လာခဲ့ ငါစောင့်နေမယ် "
ပြောပြီးတာနဲ့ ထထွက်သွားတာ လှည့်ပင်မကြည့်ပါ။ ရင်ခွင် သက်ပြင်းသာချ လိုက်မိပါတယ်။ ဒိလိုမျိုး သူ့ရဲ့ ဒါဏ်တွေ ခံလာခဲ့တာ အခုဆို ၅ နှစ်ပင်ရှိခဲ့ ပေပြီ။ သူတို့ ၈တန်းကျောင်းသား ဘဝထဲကပေါ့။
ရင်ခွင်အိမ် အိမ်ကိုပြန်လာခဲ့ပြီး လူကြီးတွေကို လိမ်ရ ပြန်တယ်။ ပြီးမှအခန်းထဲ ဝင်ပြီးတံခါးလော့ချခါ ကုတင် ပေါ်မှာလှဲချ နှဖူးပေါ် လက်တင်ပြီး စည်းစားမိတယ်။
သူတို့ ၈ တန်းနှစ်က ရင်ခွင်တို့ အတန်းပိုင် ဆရာမက စာမေးပွဲဖြေမယ့် ရက်ကို အိမ်ခေါ်သိပ်တယ်။ သူနဲ့ ရင် ခွင် အတူသိပ်တယ်။ အဲဒိမှာ ရင်ခွင့် ဘဝရဲ့ အမှားယွင်း ဆုံး လုပ်ရပ်တစ်ခုကို လုပ်မိခဲ့ပါတယ်။
အခန်းထဲမှာ ထဲကဝသန့်ကို တိတ်တခိုး သဘောကျ နေမိတာမို့ အဲဒိညက အရမ်းလဲ ပျော်နေမိတယ်။ အဲဒါ နဲ့ တစ်ညလုံး အိပ်မပျော်ဘူး။ ဝသန်ကတော့ အိပ်မော ပင်ကျ နေလေရဲ့။ အိပ်နေတဲ့ ဝသန့်မျက်နှာလေးကိုပဲ တစိမ့်စိမ့် ကြည့်ရင်းက စိတ်ကဘယ်လိုမှ ထိန်းနိုင်စွမ်း မရှိတာမို့ ရင်ခွင် ပါးလေးကို နမ်းမိတယ်။
ဘယ်ကော ညာကော နှဖူးလေးပါ နမ်းမိတာလေ။ နမ်းနေရင်းက ဝသန်ရဲ့ နှုပ်ခမ်းဖူးဖူးလေးကို နှာခေါင်း လေးနဲ့ ဖိနမ်းလိုက်စဉ်မှာပဲ
" အား - - - သေပါပြီဗျ "
နှာဖျားလေးကို အကိုက်ခံလိုက်ရတာမှ မညှာမတာပါပဲ။
" သောက်ကမြင်းကျော ထမနေနဲ့ မနက်ဖြန်စာမေးပွဲ ဖြေရမယ့်ဟာကို အိပ်တော့ မအိပ်ရင်ငါ ဆရာမနဲ့တိုင် ပြောရမလား "
" အင်း အင်း "
နောက်တစ်နေ့ စာမေးပွဲတွေ ဖြေပြီးကြတော့ ရင်ခွင့် မှာဆင်ဖြူ့မျက်နှာ ဆင်မဲမကြည့်ဝံ့ ဖြစ်နေရတယ်။
" ဟေ့ကောင် ရင်ခွင်အိမ် မင်းညက ငါ့ကိုဘာလို့နမ်း တာလဲ မင်းငါ့ကိုကြိုက်နေတာလား မင်းကအခြောက် လား ပြောငါ့ကို "
" ဟာ မဟုတ်ဘူး မဟုတ်ပါဘူး ငါအိပ်မက်မက်ပြီး "
" သောက်ပိုမလုပ်နဲ့ မင်းမအိပ်ပဲ ငါအိပ်ပျော်တာကို စောင့်နေတာငါသိတယ် အဲဒါကြောင့် ငါအိပ်ချင်ယောင် ဆောင်နေတာ အမှန်တိုင်းပြော မပြောရင် ငါ့အိမ်ကိုငါ ပြောလိုက်မယ် ကျနော့ကို အိပ်နေတုန်း ရင်ခွင် ခိုးပြီး လာနမ်းလို့ ဒီည ဆရာမအိမ်မှာ မအိပ်တော့ဘူးလို့ "
" မလုပ် မလုပ်ပါနဲ့ ဝသန်ရယ် ငါတောင်းပန်ပါတယ် ငါနောက်ခါ မင်းကိုလက်ဖျားနဲ့တောင် မထိစေရဘူးလို့ ကတိပေးပါတယ် နော် မလုပ်ပါနဲ့ကွာ "
" ငါမေးတာကိုပဲ ဖြေပါ အမြန်ဖြေ "
" ငါ မင်းကိုကြည့်ရင်း နမ်းချင်လာလို့ပါ "
မျက်နှာကို ငုံ့ထားပြီး တုန်ရင်စွာနဲ့ပြန်ဖြေမိ ပါတယ်။
" အေး ဘာလို့ နမ်းချင်တာလဲ ပြော "
" ငါ ငါ အီးဟီး ငါတောင်းပန်ပါတယ်ကွာ ငါ့ကိုထိုးချင် ထိုးလိုက်ပါတော့ အာ့ဟီးး အီးး ဟင့် "
" ဟာ ဟေ့ကောင် မငိုနဲ့ တိတ်တော့ ဟေ့ကောင် "
ရင်ခွင် ဘယ်လိုမှ ထိန်းမရတော့ပေ ရင်ထဲမှာ ရှက်လို့ လားဘာလားမသိ တလှိုက်လှိုက် ဝမ်းနည်းတက်လာ တာမှတအားပဲ ဒါ့ကြောင့် ရှိုက်ကြီးတငင် ငိုချလိုက်တာ။
လူပင်တကိုယ်လုံး တုန်ခါနေပါတယ်။ ဝသန့်မျက်နှာ ရှုံ့မဲ့လာပြီး ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်ပြီး
" မင်းဆက်ငိုနေရင် ငါထိုးမှာနော် ရင်ခွင်အိမ် "
" အင့်ဟီးး ထိုးထိုး သေအောင်သာ တခါထဲသတ်ပစ် လိုက် အ့ဟားဟား အီးး "
" ကဲကွာ ခွပ် တိတ် မတိတ်ရင် ထက်ထိုးမယ် "
ဝသန် တကယ်ထိုးချ လိုက်တာမို့ ရင်ခွင် ဖင်ထိုင်ကျ ခါလဲသွားပါတော့တယ်။ အံ့အားသင့်ခါ မော့ကြည့်လိုက် ပြီးငံကျိကျိ ဖြစ်လာတဲ့ နှုပ်ခမ်းကို ပွတ်လိုက်တော့ သွေး စတချို့ လက်မှာပေလာပါတော့တယ်။
ရင်ခွင် ထိုနေရာမှထခါ အိမ်ကိုပြန်ပြေး လာခဲ့ပါတော့ တယ်။ ထိုနေ့က ညနေဖက်ရောက်တော့ တခါမှလာပြီး မခေါ်ဘူးတဲ့ ဝသန်က ရင်ခွင့်အိမ်ကို လာခေါ်တာမို့ သူ ဆရာမအိမ် လိုက်အိပ်ဖြစ်ခဲ့ပါတယ်။
ညအိပ်ကြတော့ ရင်ခွင်က ဝသန့်ကိုကျောပေးခါ ခပ်ခွါခွါလေး ချောင်ကပ်အိပ်နေ မိပါတယ်။
" ငါမနက်က ထိုးမိတာတောင်းပန်ပါတယ် ရင်ခွင်ရာ "
ရင်ခွင်ဘာမှ ပြန်မပြောမိပေ။ အသာလေးငြိမ်နေမိရဲ့။
" အေး ငါတောင်းပန်ပြီးပြီနော် တခုတော့ ပြောထား မယ် မင်းအဲဒိလို စိတ်နောက်တစ်ခါပေါက်ပြီး ငါဖြစ်ဖြစ် သူများပဲဖြစ်ဖြစ် တယောက်ယောက်ကို နမ်းကြည့် အဲဒိ လိုထပ်ဖြစ်လို့ကတော့ သေအောင်ထိုးသတ်ပစ်မယ် "
ဘာမှန်းမသိတဲ့ သဘောကျ နှစ်သက်မိတဲ့ စိတ်လေး တစ်ခုက ရင်ခွင့်ကို ချောင်ပိတ်မိစေ ပါပြီ။ ဒါဟာ အချစ် လားဆိုတာ မသေချာသေးပါဘူး။ အနမ်း တစ်ပွင့်တွက် ပေးဆပ်ခဲ့တာက ရက်မှလ / လမှနှစ် သို့ပင်ပြောင်းခဲ့ ပါပြီ။ မပြောင်းလဲတာက လွှမ်းမိုးနေသူနဲ့ နာခံခဲ့သူတို့ ရဲ့ ဆက်ဆံရေး မခြေအနေပါပဲ။
ည ၆ နာရီထိုးဖို့ ၁၅ မိနစ် အလိုလောက်မှာ ရင်ခွင် သူ့အိမ်ကို ရောက်သွားတော့ ခြံဝမှာ တွေ့လိုက်ရတဲ့ သူကြောင့် ရင်ခွင် စိတ်ထဲမှာ နင့်ခနဲ ခံစားလိုက်ရတယ်
" ရင်ခွင်တောင် ရောက်လာပြီကိုး ငါပြန်တော့မယ် အထဲမှာ ဝသန်ရှိတယ် လူကြီးတွေတော့ တစ်ယောက် မရှိဘူး အဟက် ဟက် ဝင်သွားလိုက် "
" အော် အင်း အင်း "
သူကပဲ အလှူ့ရှင်လိုလို ပြန်လုပ်သွားတဲ့ ဖုန်းမြင့်သူ ကို ရင်ခွင်ခေါင်းညိတ်ပြခါ အိမ်လေးထဲ ဝင်လာခဲ့ပါရဲ့။ ရီသွားပုံကလဲ အထှာ တခုခုပါနေ သလိုလိုပါပဲ။ အဲဒါနဲ့ ဝသန့်အခန်းထဲကို တန်းမဝင်ပဲ အခန်းဝကနေ အသာ လေး ချောင်းကြည့်မိတော့ ။
စိတ်ထဲမှာ ဟင် ခနဲဖြစ်သွား တာကို ပါးစပ်ကထွက်မှာ စိုးလို့ မနဲပြန်စေ့ ထားလိုက်ရတယ်။ ကြည့်ပါဦး ကုတင် ပေါ်မှာ ခြေပစ်လက်ပစ် ပက်လက်လှန်ခါ အိပ်နေတဲ့သူ့ ခန္ဓာကိုယ်မှာ အတွင်းခံလေးသာ ပါပါတယ်။
သူ ဖုန်းမြင့်သူနဲ့ ဘာတွေများ လုပ်ကြလို့လဲ။ ဝသန့် အိမ်မှာကလဲ လူတွေက တစ်ယောက်မှ မရှိကြဘူးလေ။ ရင်ခွင် တွေးရင်းဝမ်းနည်းလာ မိတယ်။ ပက်လက်လှန် အိပ်နေတာမို့ တင်းရင်းနေတဲ့ ဝသန့်ပေါင်သားတွေက ဘေးကို ကားထွက်နေပါတယ်။
ဖြူဝင်းတဲ့ပေါင်လေးမှာ အမွှေးစင်းစင်းလေးတွေက ရင်ခုန်စရာ။ အတွင်းခံလေး အောက်မှာ ဖောင်းမို့ပြီးမှ မောက်ထွက်နေတဲ့ အရာလေးကလဲ မြင်သာထင်သာ။ ငယ်စဉ်ထဲက ချောမောကာ ဆွဲဆောင်မှုရှိတဲ့ ထိုအမျိုး သားလေးကိုများ ဖုန်းမြင့်သူက - - ဟင့်အင်း မဟုတ်နိုင် ပါဘူး ဒါမဖြစ်နိုင်ဘူး ဖြစ်ခြင်းဖြစ် ရင်ခွင်နဲ့သာဖြစ်ရမှာ။ အမြဲအနစ်နာခံ သည်းညည်းခံပြီး နေခဲ့တာ ရင်ခွင်လေ။
ရင်ခွင်ရင်ထဲမှာ ဘာကိုဝမ်းနည်းလာမှန်း မသိဘူးမို့ နောက်လှဲ့ခါ ပြန်ရန်ပြင်စဉ်
" ဘာလုပ်တာလဲ ဝင်ခဲ့တာ မဟုတ်ပဲနဲ့ "
ဒီအသံက ဘယ်အချိန်ပဲ ကြားကြားနားထဲမှာစွဲစေတဲ့ အသံပါပဲ။ လှမ်းနေတဲ့ ခြေလှမ်းတို့က တုန့်ခနဲရပ်ခါ သူ့ အလိုလို အခန်းထဲ ပြန်ဝင်လာမိပြီးသား။ ကုတင်ဘေး မှာ မတ်တပ်ရပ်ပြီး ခေါင်းငုံနေမိတယ်။
" ဘာဖြစ်နေတာလဲ ထိုင်လေ ဖင်မပါဘူးလား "
ဘာတခွန်းမှကို မပြောမိပဲ ကုတင်ပေါ် တင်ပါးလွှဲထိုင် လိုက်တယ်။ ရင်ဘတ်ထဲမှာ စို့နေတာ ဘာမှလဲပြောလို့ မထွက်ဖြစ်နေတယ်။ ဝသန့်သူ့ကို ဆွဲလှဲခါ ခြေတဖက် ကခွပြီး လက်ကနေ သိုင်းခါဖက် ထားလိုက်ပါတယ်။
တကယ်ဆို ဒိလိုနေခွင့်ရ ဖို့ဆိုတာ တစ်နှစ်မှာတစ်ခါ တောင်ရဖို့မလွယ်။ အချိန်တွေ အကြာကြီး မျှော်လင့်ပြီး တောင့်တနေရတာ တကယ်ဖြစ်လာတော့ ဘာလို့ပျော် မနေနိုင်ရတာလဲ။ မသိမသာလေး ရုံးမိလိုက်တော့ သူ ကအတင်းပြန်ပြီး ဖက်ထားတယ်။
သူ့ကိုယ်သင်းရနံ့က မကြာခန အနားကပ်မိတိုင်း ခိုးရှုနေကြ ခုလိုအနီးကပ်ရ နေတာက လူကိုရူးသွပ်စေ သလား။ သူ့အသား အိအိအေးစက်စက် လေးတွေက နူးညံ့တဲ့ အထိအတွေ့ အာရုဏ်တပါး ပါပဲ။ ကြောပေး တဲ့သူ့ကို ခွထားတာမို့ မြင်နေရတဲ့ ဝသန့်ခြေချောင်း ဖြူဖြူသွယ်သွယ် ခြေသည်းတိတိလေးတွေနဲ့ အမွှေး လေးတွေကလဲ အမြင်အာရုဏ်ကို ဖျားယောင်းပြန်ရော
ဖျတ်ခနဲ ဖုန်းမြင့်သူ မျက်နှာကို မြင်ယောင်မိစဉ်မှာပဲ လူက ဆတ်ခနဲ ရုံးလိုက်မိပြန်ပါတယ်။
" လီးပဲကွာ ဘာဖြစ်နေတာလဲ သွားတော့ မင်းပြန်ချင် လဲပြန်တော့ သွား "
ပါးစပ်ကပြောရုံသာ မကပဲ လူကိုပါတွန်း လိုက်တာမို့ ကုတင်ပေါ်က ပြုတ်ကျမလို ဖြစ်တာကို မနဲဟန်ချက်ကို ထိန်းလိုက်ရတယ်။ စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားခါ ဝသန့်ဖက်လှဲ့၍ မျက်နှာကို စေ့စေ့ကြည့်ပြီး
" ဖုန်းမြင့်သူ ဘာလာလုပ်တာလဲ သူနဲ့မင်းကဘယ်လို ပက်သက်နေတာလဲ ဝသန် "
" ဟက် ဟက် အဲဒါလား မင်းလဲသိရဲ့သားနဲ့ဒိကောင် ကခြောက်တောက်တောက်နဲ့ ငါ့ကိုအတင်းကျိတ်ကြွေ နေတာလေ ဒိနေ့အိမ်မှာလူကြီးတွေ လစ်တာနဲ့ခေါ်ပြီး "
ဝသန် စကားကို မဆက်ပဲနဲ့ ရင်ခွင့်မျက်နှာကို စိုက်ခါ ပြန်ကြည့်နေတာမို့
" ဆက်ပြောပါ ဝသန် ငါသိချင်တယ် ပြောပြပါ "
" မင်းက ဘယ်လိုထင်လို့လဲ မင်းထင်သလိုပဲပေါ့ "
ရင်ခွင် မျက်နှာကို မဲ့ခနဲပြုံးလိုက်ပြီး ဝသန့်ကို
" ကောင်းပြီလေ ဝသန် ငါမင်းကို အချိန်အကြာကြီး မျှော်လင့်နေခဲ့တာ ဒီကိစ္စမဟုတ်ဘူး မင်းရဲ့အချစ်ပါအခု တော့ အချစ်ဆိုတာလဲ ဒီကိစ္စနဲ့ ရာခိုင်နှုန်းများစွာပါဝင် ပက်သက်နေတာ ငါနားလည်လိုက်ပြီ ငါဘယ်လောက် ထိမင်းကို အနစ်နာခံ သည်းညည်းခံပြီး စောင့်စားနေခဲ့ရ လဲဆိုတာလဲ မင်းအသိဆုံးပါ ကိုချစ်တဲ့သူကို သူများက စိတ်နဲ့ပစ်မှားရင်တောင် မခံစားနိုင်တာ အိပ်ယာပေါ်ကို တက်ပြီး ဖက်မယ် နမ်းမယ် ပြီးတော့ တော်ပြီပါငါမပြော ချင်တော့ဘူး အဲဒိတော့ ငါမင်းကို တခါထဲ ပြောခဲ့လိုက် မယ် ဝသန် အစက မင်းလုပ်ချင်သလို လုပ်တာခံဖို့ငါက အမြဲအသင့် ဖြစ်နေခဲ့တာ ဒါတွေအားလုံး အခုပြီးဆုံးပြီ ငါ့ဘဝမှာ မင်းအတွက်ပေးစရာ ဘာမှမကျန်တော့ဘူး ငါသွားတော့မယ် "
ပြောချင်တာပြောခါ ရင်ခွင်လှဲ့ ပြီးပြန်ဖို့ ပြင်လိုက်စဉ်
" ရပ်စမ်း ရင်ခွင် "
ရင်ခွင့်ခြေလှမ်းတွေ တုန့်ခနဲ့ ရပ်သွားပြီး ဝသန့်ကိုလှဲ့ ကြည့်လိုက်ခါ
" မင်းပြောလို့ရပ် တာတော့မဟုတ်ဘူးနော် ဒါပေမယ့် နောက်တခါ မင်းစကားပြောတာတွေ ဆင်ခြင်ပါလို့ပြော မလို့ ငါမင်းပြောသမျှ လုပ်သမျှ ငြိမ်ခံနေမှာ မဟုတ်ဘူး ဆိုတာ မငိးသိထားပါ မိုးဝသန် "
ရင်ခွင်အခန်းထဲက ထွက်လာတော့ အခန်းထဲမှဝသန် ရဲ့ တဟားဟား အော်ရီတဲ့ အသံကို ကြားရပါတော့ရဲ့။ သိပ်ချစ်မိလို့ သိပ်နာကြည်းရတယ်။ ရင်ထဲမှာ နာတဲ့ အနာက ဘာနဲ့တင်စားပြ ရမလဲတောင် မသိတော့ပေ။
စိတ်ဆိုးတာ ပြန်ပြေနိုင်ပေမယ့် နာကြည်းမိရင်တော့ ဘယ်လိုနည်း နဲ့မှပြန်ဖြေနိုင်မယ် မထင်ပါ။ ချစ်တဲ့စိတ် နဲ့ အပြိုင် နာကြည်းတဲ့ စိတ် မုန်းတဲ့စိတ်တွေ ကလဲ ဖိမ နိုင်ဖုံးမရတလိမ့်လိမ့် တက်နေပါတော့တယ်။ မင်းစောင့် ကြည့်လိုက် မိုးဝသန် လွမ်းစရာရှိရင် နာစရာနဲ့ဖြေလို့ရ တယ်တဲ့ ဖြေမရလို့ လဲသေရင်သေပေ့စေ မင်းရှေ့မှာငါ ဘယ်တော့မှ ဒူးမထောက်တော့ဘူး။ အဲဒါငါ့ရဲ့ ဆုံးဖြတ် ချက်ပဲ။ တနေ့ငါ့အတွက်နဲ့ မင်းခံစားစေရမယ်။
အချစ်ဆိုတဲ့ အရာဟာ မင်းအတွက်ဘယ်တော့မှ မဖြစ်စေရဘူး။ ဒိနေ့အကြွေးကိုဆပ်ဖို့ ငါ့တာဝန်ကြေစေ ရမယ်။ ဘယ်လိုနည်းနဲ့ မဆိုငါ့ ပေးဆပ်မှုတွေကို မင်းစီ ကနေ ငါရအောင်ပြန်ယူမယ် မိုးဝသန်။ မင်းကိုငါ အရမ်း ချစ်သလို အရမ်းမုန်းတယ်။
အချစ်ကြီးသူက ရှုံးတာမှန်တယ် ဒါပေမယ့် အဲဒိအရှုံး က ငါ့တွေက နောင်တမဟုတ်ဘူး မင်းကိုချစ်လို့ငါပေး ဆပ်ခဲ့တယ်။ အခုမုန်းလို့ ပြန်ပြီးပေးဆပ်ဦးမယ် မင်းသာ စောင့်နေဖို့ မမေ့နဲ့။
စိတ်ထဲက ဝေဒနာအတွက် ဖြေစရာ ရှာကြည့်တော့ ဘယ်မှာမှ ရှာမတွေ့။ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ကျောင်းက Welcome မှာ သီချင်းလေး တစ်ပုဒ်တက်ခါ ဆိုလိုက်တာ ကျောင်းတစ်ခုလုံးမှာ မထင်မှတ်ပဲရေပန်း စားခါ Popular ဖြစ်သွားခဲ့ရတယ်။
တချို့ခပ်ကဲကဲ မိန်းခလေးတွေဆို အခန်းရှေ့လာခါ ရင်ခွင့်ကို ကြည့်သည်အထိပင်။ ထိုအရာတွေက မိမိရဲ့ အကြိုက်မဟုတ်ထူးခြားတာ တစ်ခုကသူ့လိုပဲ ပထမနှစ် ဒသနိကမှ ကျောင်းသားတစ်ယောက်ပါပဲ။
သူ့နာမည်က ညီဇင်လင်းတဲ့။ သူဝင်လာပုံက တကယ့် ကို အာရုဏ်ထဲ ရင်ဘတ်ထဲကို တန်းမတ်စွာ ထိုးဖောက် ခါဝင်ရောက်လာ တာပါပဲ။
အဲဒိနေ့က ရင်ခွင်အတန်းထဲမှာ စာသင်နေရင်း စိတ် ထဲကတော်တော်လေးညစ် လာတာမို့ ခိုးခါထွက်လာပြီး ကန်တင်းလဲ မသွားချင်တာမို့ နားအေးပါးအေး သစ်ပင် ရင်တစ်ခုကို ရှာခါတစ်ယောက်ထဲ ထိုင်နေမိတယ်။
အတွေးတွေက တဖြေးဖြေး နယ်ချဲ့ကာ ရင်ဘတ်ထဲမှ နာလာသလို မျက်ရည်တို့ကလဲ ကျလို့လာပါတော့ရဲ့။
အသံမထွက်အောင် ကျိတ်ခါရှိုက်ငို နေမိစဉ်မှာပဲ ရင်ခွင့် လက်ကို ဖြတ်ခနဲ ဆွဲခါပြေးသွား ခြင်းခံလိုက်ရတာမို့လို့ ရင်ခွင် ယက်ကန်ယက်ကန်နဲ့ ဘာမှန်း ညာမှန်းမသိပါခါ သွားပါတော့တယ်။
" လွှတ် ငါ့လက်ကိုလွှတ်စမ်း ဟေ့ကောင် "
တင်းနေအောင် စုပ်ကိုင်ထားတာမို့ လက်တွေပင်နာ လာပါတော့တယ်။ ရုန်းချိန်ကို မရဘူး သူပြေးတဲ့နောက် ကိုသာ အတင်းမလဲအောင် ထိန်းကာ ပါသွားပါလေရဲ့။
သူ့မျက်နှာ ကိုလဲ မမြင်ရ သူဘယ်သူမှန်းလဲ မသိပါပေ။ ဘာလို့ ရင်ခွင့်ကို အတင်းဆွဲပြေး တာမှန်းလဲ မသိပေ။
စိတ်ညစ်တာတွေတောင် ဘယ်ရောက်သွားမှန်းမသိ။ စိတ်တွေတိုလာပေမယ့် ဘာတခုမှပြန် တုန့်ပြန်ချိန်မရ။ အဆောင်ကြီး တခုနောက်သို့ ရောက်ချိန်မှာတော့သူက ရင်ခွင့်ကို နံရံမှာ တွန်းကပ်လိုက်ခါ သူ့ရင်ဘတ်နဲ့ ရင်ခွင့် ကိုဖိထားခါ ရင်ခွင့်လက်တွေ ကိုလဲ ချုပ်ထားပါတယ်။
ရင်ခွင့်အောက်နှုပ်ခမ်းတွေကို သူ့ပါးစပ်နဲ့ ဆွဲခါစုပ်ပြီး မထင်မှတ်ပဲ နမ်းလိုက်တာမို့ ရင်ခွင် မျက်လုံးတွေ ပြူးခါ သူ့မျက်နှာကို အနီးကပ်ကြည့်မိတယ်။ မျက်ခုံးလှလှတို့ နှဖူးဆံစပ်မှ အမွှေးနုလေး တွေကို အနီးကပ်မြင်နေရပါ တယ်။ ခြွေးသီးလေးတွေ စို့နေတာကလဲ တမျိုးစိတ်ကို ဆွဲဆောင်နေသလိုပါပဲ။
ရင်ခွင် မျက်လုံးတွေပြူးပြီး သွားတွေကိုစေ့ ထားမိပါ တယ် သူ့လျာအေးစက်စက်ပေါ့ရွှတ်ရွှတ်လေးက သွား တွေအတင်းပွတ်ခါ ပါးစပ်ထဲ ဝင်ခွင့်ရဖို့ ကျိုးစားနေပါပြီ ရင်ခွင် နံရံကို တံတောင်နဲ့ထောက်ခါ သူ့တွန်းလိုက်မှပဲ သူအနောက်ကို တစ်ချက်ယိုင်ခါ မျက်နှာခြင်းလဲကွာလို့ သွားပါတော့တယ်။
" ကဲ မင်းကိုငါ တအားနမ်းချင်လို့ နမ်းလိုက်ပြီ မင်းခု ဘယ်လိုလုပ်ချင်လဲ ကြိုက်သလိုလုပ်ပါ ငါခံပါ့မယ် "
" ဟေ့ကောင် မင်းငါ့ကို အခြောက်ထင်နေလားဟမ် "
" မထင်ပါဘူး အခြောက်ဆို ငါကနမ်းမလားကွ "
ရင်ခွင် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ် ထူးဆန်းစွာ ခုနတိုနေတဲ့ စိတ်တွေက သူ့မျက်နှာမြင်ပြီး ဘယ်ပျောက်ကုန်မှန်း မသိတော့ပေ။ ဒိတိုင်းတော့ ငြိမ် ခံနေလို့ မဖြစ်ဖြစ် တခုခုတော့ ပြန်လုပ်ရပေမည်။
ဘယ်လိုပြန်ဆုံးမ ရမလဲ အတင်းစဉ်းစား နေမိတယ်။
" ကောင်းပြီ အဲဒါဆို ဒိနေ့ကနေစပြီး တလတိတိငါ့ကို မနက်လာကြို ထမင်းစားချိန် လိုက်ပို့ အိမ်ပြန်လိုက်ပို့ "
" Wooooooo … … … ပျော်ဘီလေ အရမ်းကျေနပ် တယ် ရင်ခွင်အိမ် ဒိနေ့ကစပြီး ငါ့ကြောင့် မင်းပျော်ရွှင် စေရမယ်လို့ ငါကတိပေးတယ် "
ပျော်ရွှင်ကျေနပ်သွားတဲ့ ထိုအမျိုးသားလေးက ဖြူဖြူ ဖျောင်ဖျောင့် ချစ်စရာလေးပါ။ မြင်တာနဲ့ကို အေးချမ်းလှ တဲ့ မျက်နှာလေး လက်ရဲဇက်ရဲနိုင်တာ တခုပဲ။
" မင်းစကား မင်းမှတ်ထားနော် နာမည်ပြောဦး "
" ညီဇင်လင်း ချစ်ညီလို့ခေါ် ရင်ရပြီ အဲဒါ့ အိမ်နာမည် "
" တော်တော်တက်တယ် ဒါမျိုးကြတော့ "
" အဟဲ အခုမှရင်ထဲက အလုံးကြီးကျ သွားတော့တယ် အသေခံ ဗုံးခွဲသမားလို အဆုံးတွက်ပြီး နမ်းပစ်တာလေ အဟဲ ခုပေးတဲ့ အပစ်လောက်ကတော့ တသက်လုံးကို ခံပစ်လိုက် ချင်သေးတယ် "
သူ့ပြောပုံဆိုပုံ လေးတွေကလဲ Cute ဖြစ်နေတာပဲဗျ။ ရင်ခွင်လဲ ကျေနပ်သလိုလို ခံစားနေရတယ်။ ဒါပေမယ့် ရုပ်ကိုခပ်တည်တည် ပဲနေနေရတယ်။ ဒိကောင်ကသိပ် လွယ်လှတာ မဟုတ်ပေ။
" ငါသွားတော့မယ် ညနေကျောင်းဆင်းချိန်အတိကိုပဲ လိုချင်တယ်နော် နောက်မကျစေနဲ့ "
" ဟုတ်ကက်ခည အဟားးးးးးးးး ငါကွ "
သူပျော်ရွှင်စွာ လက်ခမောင်း ထခပ်နေတာကို အသံ ကြားရုံနဲ့သိပါတယ်။ လှဲ့မကြည့်ပေမယ့် ပြုံးလိုက်မိရဲ့။ စာသင်ဆောင် ပြန်ရောက်တော့ ရင်ခွင် ထိုင်နေကျဖြစ် တဲ့ နေရာမှာ ဖုန်းထိုင်နှိပ်နေတဲ့ မိုးဝသန်ကို တွေ့ရပါ တယ်။ ရင်ခွင်သူ့ဘေးမှာပဲ သွားထိုင်လိုက်ခါ ဘာမှလဲ မပြောပဲ စာအုပ်ထုတ်ခါ ဖတ်နေလိုက်တယ်။
ဝသန်ကလဲ COC အဆော့မပျက် မော့၍ပင်မကြည့်။ တကယ်ဆို သူတို့က မေဂျာခြင်း တူကြတာ မဟုတ်ပါ။
ဘာလို့ ခုလိုလာထိုင်နေတာလဲ ရင်ခွင်နားမလည်ပေ။ ဆရာဝင်လာတော့ သူထထွက်သွားခါ အခန်းရှေ့နားမှ ဝရံတာပေါ်မှာ ထိုင်ခါဖုန်း နှိပ်နေပြန်တယ်။ ဒါကဘာလို့ ဒီလိုလုပ်နေတာလဲ သူရင်ခွင့်ကို လာချော့တာများလား။
နှုပ်ခမ်းတဖက်က မဲ့ခနဲတွန့်တက်သွား မိပါတယ်။ ခု ချိန်ထိ မပြန်သေးပေ။ ဒိတချိန်ပြီးရင် ကျောင်းဆင်းပြီ။ ညီဇင်လင်း လာတော့မယ်။ ဝသန်နဲ့ တွေ့ကြပြီပေါ့။ ကျေနပ်စွာပြုံး လိုက်မိတယ်။ ဒါဟာ အခွင့်အရေးပဲ။
အတန်းချိန်ပြီးလို့ လူတွေတိုးကျိတ်ခါ ထွက်ကြတော့ သူ့နားကို အတင်းတိုးခါ လာနေတဲ့ ဝသန့်ကို မသိချင် ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။
အဆောင်အပေါက်ကိုလဲ အရောက်ဝသန်လဲသူ့ဘေး ကိုရောက်လာစဉ်မှာပဲ
" ရင်ခွင် ငါဒီမှာ "
ညီဇင့်အသံကြားလို့ သူရပ်နေတဲ့ သစ်ပင်နားကိုသွား ဖို့ပြင်စဉ်မှာ လက်ကို လှမ်းဆွဲခံလိုက်ရခါ
" ဟေ့ကောင် ရပ်စမ်း "
ရင်ခွင် ဝသန့်ကိုလှဲ့ကြည့်ပြီး လက်ကို စောင့်ရုန်းကာ
" အဲဒိစကားတွေ သူများကိုသွားပြော မိုးဝသန် မင်းရှေ့ မှာရပ်နေတာ အရင်တုန်းက ရင်ခွင်အိမ် မဟုတ်ဘူး "
ပြောပြီးလှဲ့ထွက် လာခါ ညီဇင့် ဆီကိုလာခဲ့တယ်။ ညီဇင်ကလဲ သူ့နားရောက်တာနဲ့ ရင်ခွင့်ပုခုံးကို ဖက်၍
" သူငယ်ချင်းတွေလဲ ဖက်ကြတာပဲဟာ နော့် ရင်ခွင် "
" အပိုတွေ ပြောမနေနဲ့သွားမယ် လာမြန်မြန် "
" ရင်ခွင်အိမ် ရပ်စမ်းဟေ့ကောင် ခုရပ်လိုက် "
အနောက်ကနေ အော်သံကြားရပြန်တယ် ဝသန်ပဲပေါ့။ " မင်းဘယ်လိုဖြစ်နေတာလဲ မိုးဝသန် အေးဆေးနေပါ "
" ချစ်အိမ် ဘာဖြစ်လို့လဲ ချစ်ညီကိုပြောပြလေ "
" ဘာဟေ့ကောင် မင်းသောက်ရှက် မရှိဘူးလားဟင် ဒါငါ့ချစ်သူကွ ချစ်အိမ်တဲ့ ထွီ မင်းအခုပြန်လိုက်တော့ "
ဝသန် ရင့်သီးစွာ ပြောလိုက်ပေမယ့် ညီဇင် ကတော့ အပြုံးပင် မပျက်ပေ။ ရငိခွင့်အသဲ ထဲမှာတော့ အေးခနဲ ခံစားလိုက် ရပါတယ်။ ဟင်းးး ဒါကလဲ မခံချင်လို့ သူပဲ အနိုင်လိုချင်လို့ ပြောတာပဲ နေမှာပါ။
" သွားရမှာက မင်းပဲ ဝသန် သူကငါ့ကိုအိမ် ပြန်ပို့ပေး ဖို့ငါခေါ်ထားတာ နောက်ပြီး မင်းရဲ့အသုံးအနှုံးတွေကို ဆင်ခြင်ပါ ငါဒိထက်ပိုပြီး သည်းခံနိုင်မှာ မဟုတ်ဘူး "
" အေး အဲဒိတော့ မင်းကဘာလုပ်ချင်လဲ ဟင် ပြောစမ်း မင်း ငါ့ကိုဒါမျိုးအချိုး ချိုးလို့ရမယ် မထင်နဲ့ ရင်ခွင်အိမ် "
" သွားကြမယ် ချစ်အိမ် ကျောင်းသားတွေ ရှိသေးတယ် ကြည့်နေကြပြီ သူ့ကိုဂရုစိုက် မနေနဲ့ "
ညီဇင်လင်းရဲ့စကားက ဝသန့်အသည်းဖျားကို ကျွဲခတ် သွားသလို သွေးစိမ်းရှင်ရှင် ကြခါ ဆတ်ဆတ်ခါအောင် နာစေခဲ့ပါပြီ။ တစ်သက်လုံးက ကို့စေလိုရာ နေခဲ့တဲ့သူ ကို့ကိုအရိပ်တကြည့်ကြည့် ချစ်ခဲ့တဲ့သူ ခပ်ရိုင်းရိုင်းပြော ရရင်ကို့အိတ်ထဲက ဖားကို နှိုက်စားသွားတဲ့ကောင်က ခုလ်ုပြောလာတော့ စိတ်ကို ထိန်းမရတော့။
ဝသန့်ရဲ့ မြှောက်တက်လာတဲ့ လက်သီးကို ရင်ခွင်က ပုတ်ထုတ်လိုက်ခါ
" တောက် မင်းတော်တော် လွန်လာပြီ တခါထဲပြောပြ လိုက်မယ် အခုသူအချစ်ကို ငါလက်ခံဖို့ မင်းရှေ့မှာပဲငါ ဆုံးဖြတ်လိုက်ပြီ အဲဒိတော့ နောက်နောင် မင်းငါနဲ့လုံးဝ လာပြီးမပက်သက် ပါနဲ့တော့ ကို့လမ်းကိုသွား ကို့အထှာ နဲ့ကိုနေ မင်းကိုငါ ရင်မခုန်တော့ဘူး ရှင်းလား "
ဝသန် စုပ်ထားတဲ့ လက်သီးကို ကျစ်နေအောင်ထပ် စုပ်ထားလိုက်ပြီး အသားတွေပါ တဆတ်ဆတ်တုန်လို့ ။
" တောက် "
ရင်ထဲမှာနာလာတဲ့ အနာက ဘာနဲ့မှ မတူဘူး စူးနစ်စွာ ထိုးနှက်လာတာပါ။ ရင်ခွင်အိမ် မင်းဒါသက်သက်မဲ့ငါ့ကို ရွဲ့တာငါသိတယ်။ မင်းကိုငါ ဘယ်တော့မှ လက်လွတ် မခံဘူး ငါ့ဆီကနေ မင်းထွက်သွားခွင့် ရဖို့တစ်သက်လုံး မမျှော်လင့်နဲ့။
ပုခုံးက်ု ဖက်ခါထွက်ခွါသွားတဲ့ ရင်ခွင်နဲ့ ဟိုကောင့်ကို ကြည့်ရင်းက ဝသန့် နောက်ကြောင်းလှဲ့ခါ ပြန်ခဲ့လိုက် ပါတော့တယ်။
ရင်ခွင် ပုခုံးပေါ်တင်ထားတဲ့ ညီဇင့် လက်ကိုဖယ်ချခါ
" ဖယ်စမ်းပါ ညီဇင်ရယ် စိတ်ညစ်ရတဲ့ အထဲ "
" ဟာ ချစ်အိမ် ခုနက ချစ်သူအဖြစ်လက်ခံ လိုက်ပြီလို့ ပြောပြီး စလစ်နော် ဒါမနောက်ကောင်းဘူးဗျ "
" ဟူးးးးးး မင်း အခြေအနေကို သဘောပေါက်တယ် မဟုတ်လား ဒိလို အကျပ်အတည်းမှာတောင် မင်းကလူ ကိုချောင်ပိတ် ရိုက်ချင်သေးတာလား ဟမ် "
ညီဇင်လင်း မျက်နှာလေး ကွက်ခနဲ ပျက်သွားခါ
" အဲဒိလိုတော့ မပြောပါနဲ့ ချစ်အိမ် မင်းကိုငါချစ်လွန်း လို့ မအောင့်နိုင်တော့လို့အတင်းဖက်နမ်း ခဲ့တာလဲ မင်း အသိပါ ဒါပေမယ့် မင်းပြောသလိုတော့ ငါအဖြစ်မခံနိုင် ပါဘူး မင်းအချိန်ယူ စဉ်းစားပေးပါ မင်းကိုငါ အရမ်းချစ် တယ် ရင်ခွင်အိမ် "
ရင်ခွင် သက်ပြင်းသာ ချလိုက် မိပါတော့တယ်။ အိမ် ရောက်တော့ ညီဇင်နှုတိဆက်ခါ ပြန်သွားပြီး ညကြရင် ဖုန်းဆက်မယ်လို့ ပြောသွားပါသေးရဲ့။
တကယ်ပဲ ည ၈ နာရီအတိမှာ ညီဇင် ဖုန်းဆက်လာပါ တော့တယ်။ ရင်ခွင် စိတ်တွေက နောက်ကျိနေဆဲ။
" ခုခေတ်စားနေတဲ့ သီချင်းလေး ဆိုပြချင်လို့ပါနော် "
♬ ♬ Chit Thu A Nar ချစ်သူ့ အနားမှာ အမြဲတမ်း ရှိခွင့်ရရင် ဘားမှထက်ခါ မတောင့်တ တော့ပါ အားလုံး ပြည့်စုံ ငါ့ရဲ့နေ့ညများ ဘာမဆို ရင်ဆိုင်ရဲတယ် ♬ ♬
ညိမ့်ညောင်းတဲ့ အသံလေးနဲ့ စီးဝင်နေတဲ့ ညီဇင့်ရဲ့ တေးသွားလေးတွေ ခံစားနေမိတုန်းမှာပဲ အသံတစ်ခုက ဝင်လာပါတော့တယ်။
♬ ♬ ငါ့အသဲများလဲ ကွဲပြီကြွေကာ ပျက်စီးတော့ နင်လဲ တပါးသူ အချစ်မှာ ပျော်နိုင်ပြီပေါ့နော် ငါနဲ့ချစ် နေစဉ်မှာ တခြားသူအကြင်နာ ရအောင်ယူ လှည့်စား နေသူ ဟာ မင်းပါပဲနော် ♬ ♬
ရုတ်တရုက် လက်ထဲက ဖုန်းအိပ်ယာပေါ် လွတ်ကျခါ သွားမိပါတော့တယ်။ ဒါဝသန့်အသံပဲ အိမ်ရှေ့မှာလာဆို နေတာပဲ။ ဘုရားရေ ဒိကောင်ရူးသွားတာလား။ ဒီလိုမှ မဟုတ်ရင် သူ့ကိုပဲရူးစေ ချင်တာလား။
♬ ♬ နင်အရမ်း မုန်းတဲ့ငါ့ကို အသေသာ သတ်သွား တော့ ငါလဲနင့်ရဲ့ အမုန်းကို မခံနိုင်တော့ဘူးနော် ♬ ♬
ဆိုတဲ့သူတော့ မသိ ရင်ခွင်ထိုင်ရက်ကနေ ငြိမ်သက် စွာနဲ့ မျက်ရည်တွေ ပေါက်ပေါက်ကျလို့ လာပါပြီ။ သူက တော့ဆက်ပြီး ဆိုလို့နေတုန်း ပါပဲ။
♬ ♬ မင်းပြောတဲ့ ချစ်တယ်ဆိုတာ ငါ့ဘဝအတွက် အလင်းရောင်ခြည်ပါ ဘယ်တော့မှမထားခဲ့ ဘူးဆိုပြီး တော့ ငါ့မုန်းနေပြီလား အချစ်စစ်မှ မပေးနိုင်ရင်လဲ အစ ထဲက မပက်သက်ပါနဲ့ အရူးအမူးပဲ ချစ်ခဲ့မိမှ ငါ့ရဲ့အသဲ ကို ခွဲရက်တယ်ကွာ ♬ ♬
ရင်ခွင် ကုတင်ပေါ်မှာ မှောက်ချလိုက်စဉ် ဖုန်းထဲမှ Hello Hello နဲ့ ညီဇင့်အသံကို ကြားနေရတယ်။ ဘာမှ လဲမပြောချင်တော့ပါ ငိုချင်တာပဲ သိတော့တယ်။ ခေါင်း အုံးကိုယူခါ နားမှာပိတ်၍ ငိုချလိုက်ပါတော့တယ်။
ညီဇင် ကကျောင်းသွားခါနီး အိမ်ရှေ့ကို အဆင်သင့် ရောက်လို့ လာပါတော့တယ်။ အင်ကျီအဖြူ လက်ရှည် ကို တံတောင်ဆစ်ထိ ခေါက်ထားပြီး ဂျင်းနက်ပြာနဲ့ ရှုး အဖြူလေးစီး ထားကာ ဘေးလွယ်အိတ်အပြာနုလေးကို လွယ်ထားတယ်။ နေကာမျက်မှန်လေး တပ်လို့ထားတဲ့ ညီဇင်လင်းရဲ့မျက်နှာလေးက သန့်ရှင်းဝင်းမွတ်ခါ အပစ် ကင်းစင်လှပါတယ်။
ရင်ခွင် ညက ကိစ္စအတွက် အားနာနာ ဖြစ်နေတာမို့
" ညတုန်းကလေ - - - "
" ဟိုး ကောင်းလွန်းလို့ အိပ်ပျော်သွားတာ မဟုတ်လား မဟုတ်လဲ ဟုတ်လိုက် Morning ချစ်အိမ် လစ်စို့ "
ပြောတာကလဲ ဟန်ပန်လေးတွေနဲ့မို့ ရင်ခွင်ပြုံးလိုက် မိတာ ကို့ကိုယ်ကိုပင် သတိမထား လိုက်မိပါ။ လမ်းပေါ် ရောက်တော့ ညီဇင်က
" ဒိနေ့ ချစ်အိမ်တို့ လက်တွေ့မရှိဘူး အရေးကြီးတဲ့ အတန်းက ထမင်းစားပြီးမှ ဟုတ်တယ်မလား "
" အင်း ဟုတ်တယ် သိလှချည်လား ညီဇင်ရ "
" အဟဲ နေရာလေးတစ်ခုကို ခနလိုက်ခဲ့မလား နေ့ခင်း ၁၂ အတိ ကျောင်းကို ပြန်ရောက်စေရမယ် "
" ဘယ်ကိုလဲ ညီဇင်ရ ဘာလုပ်ဖို့လဲ "
" လုပ်ပါကွာ ချစ်အိမ်ရာ နော် Please "
ရင်ခွင် စိတ်ပြေလက်ပြောက်ပေါ့လို့ စဉ်းစားလိုက်ခါ
" Okay, As You Like "
" ရေးးးးးးး ရဟူး တော်သေးတယ် ပျော်လိုက်တာ ရွှီ "
ရင်ခွင်လမ်းထိပ် ရောက်နေပီမို့ ညီဇင်က ကားတစ်စီး ကို လက်ခေါက်မှုတ်ခါ တားလိုက်ပါတယ်။ Taxi သမား ကိုကန်တော်ကြီး ကိုသွားမယ်လို့ ပြောပြီးဈေးညှိုခါကား နောက်ခန်းကို တက်လိုက်ကြ ပါတယ်။
ပန်းစည်းတစ်စည်းက နောက်ခန်း ထိုင်ခုံပေါ်မှာ တွေ့ လိုက်ရပါတယ်။ ရင်ခွင်က ကောက်ကိုင်လိုက်ခါ
" ကားဆရာ ဟာထင်တယ် ညီဇင်ရ "
" အင်း ဟုတ်မယ်ထင်တယ် ပြကြည့် ဟာ ချစ်အိမ်သို့ ဆိုပါလား ဒီမှာ ဒီမှာ "
ရင်ခွင် ခုမှသဘောပေါက်လိုက် ပါတော့တယ်။
" ဟင်း ညီဇင် မင်းလူတကာ သိအောင်လုပ်နေတာပေါ့ လေဟုတ်လား ဒါပေမယ့် ကျေးဇူးတင်တယ် တအားလှ တဲ့ပန်းစည်းကို ဒိတခါပဲ ရဘူးလို့လေ "
လီလီပန်းပွင့် ဖြူဖြူကြီးတွေကို ရင်ခွင်နမ်းလိုက်စဉ်မှာ
မနေ့ညက ညီဇင်ဆိုပြ ခဲ့တဲ့ ချစ်သူ့အနား ဆိုတဲ့သီချင်း လေးပျံ့လွင့်လို့ လာပါတော့တယ်။ နောက်တစ်ကြိမ် ညီဇင့်ကိုကြည့်မိတော့ သူ့ကိုပြုံးပြနေတာမှ နှစ်ခြိုက်စွာ အသက်ဝင်လှပါတယ်။
ကန်တော်ကြီးထဲ ရောက်တော့ကားပေါ်ကဆင်းစဉ် ညီဇင်က အလိုက်တသိနဲ့ ပန်းစည်းကို ကိုင်ပေးတယ်။ ပြီးတော့မှ ရေစပ်မှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်နားမှာထိုင် ဖြစ်ကြတယ်။
" ကျေးဇူးတင်တယ်နော် ညီဇင် အားလုံးကိုပေါ့ "
ညီဇင်က မသိသလိုလုပ်နေခါ သစ်ပင်ဖက် လှဲ့ကြည့် နေရင်းက ကြိုးစ တစ်ခုကိုတွေ့တော့
" ဟာ ဖဲကြိုးလေး ပါလား ဆွဲကြည့်ပါလား ချစ်အိမ် "
ဟုတ်သားပဲ ဖဲကြိုးလေး တစ်ခု ရင်ခွင် အပင်ပေါ်ကို မော့ကြည့်တော့ ညီဇင်က မျက်လုံးကို လက်နဲ့ကွယ်ခါ လက်တဖက်က ရင်ခွင့်လက်ထဲကို ကြိုးစလေးထည့်လို့ ပေးတာမို့ ရင်ခွင် ဆွဲချလိုက်ပါတော့တယ်။
ညီဇင့်လက် အဖယ်မှာ သစ်ပင်ပေါ်က ပူဖောင်းရောင် စုံလေးတွေနဲ့ ရွှေမှုံလေးတွေ ကြလာပါတော့တယ်။
မြေပေါ်ကြလာတဲ့ ပူဖောင်းလေးတွေက ခုန်စွစွနဲ့မို့ ရင်ခွင်ပြုံးခါ လိုက်ကြည့်နေမိပြီးမှ ညီဇင့်ဘက်ကို လှဲ့ခါ ကြည့်မိလိုက်တယ်။ သူ့ဘေးမှာ ဒူးကိုထောက်ပြီးခေါင်း ကိုငုံခါ ဘူးလေးတစ်ခုကို သူ့ကိုကမ်းပေးထားတယ်။
လက်စွပ်ဖြူဖြူလေးတွေမှာ စိန်ပွင့်လေးတွေ လက်နေ တာ ကတ္တီပါဘူး ပြာလေးက ပနာရစွာ တင့်တယ်လို့နေ ပါတော့တယ်။ လှလိုက်တဲ့ လက်စွပ်လေးတွေ။
" ကို့အချစ်ကို လက်ခံပေးပါ ချစ်အိမ်ရယ် "
ရင်ခွင် ညီဇင့်လက်ကို အုပ်ကိုင်လိုက်ခါ မျက်နှာကိုဆွဲ မော့လိုက်ပြီး ပြုံးပြခါ
" အကောင်းဆုံး အဖြေရဖို့ ခနလေးစောင့်ပေးပါလား ညီဇင် ဒိနေ့တကယ်စိတ် လှုပ်ရှုားမိတာ ဝန်ခံတယ် ဒီ လက်စွပ်ကိုတော့ လက်မခံပါရစေနဲ့ နော် "
ညီဇင်က ရင်ခွင့်ဘေးကို ကပ်ထိုင်ချလိုက်ခါ ရီမော၍
" ချစ်အိမ်ကလဲ ဒါက 925 ပါဈေးမကြီးဘူး ခုလက်ခံပါ ချစ်အိမ်မယူရင် ဒီကန်ကြီးကိုပဲ ပေးခဲ့မယ် ကိုကအတူ ဝတ်ချင်လို့ ချစ်အိမ်နဲ့ လူခြင်းမဆုံခင်ထဲက ဝယ်ထားခဲ့ တာဗျ ဆင်တူလေးဝတ်ရအောင်နော် "
ရင်ခွင် ပြုံးလိုက်မိပြန်တယ်။ တက်လဲ တက်နိုင်တဲ့သူပဲ လက်ကို ညီဇင့်ပေါင်ပေါ်တင်ပေးလိုက်တော့ ညီဇင်က တယုတယ ဝတ်ပေးတယ်။ ပြီးတော့ကျန်တဲ့ တစ်ကွင်း ကိုရင်ခွင့်ကို ကမ်းပေးတော့ရင်ခွင်လဲ ပြန်ဝတ်ပေးလိုက် မိပါတော့တယ်။
ထိုစဉ် သန့်ရှင်းရေး အမျိုးသမီးတွေ ရောက်လာခါ
" ကျမတို့ သန့်ရှင်းရေးလုပ်တော့မယ် နော် "ဆိုပြီး ဘူဖောင်းတွေ ရွှေမှုန်တွေ လိုက်သိမ်းနေရင်းက တစ်ဦး က ညစ်ပတ်တဲ့ရေတွေ ပေနေတဲ့ တံမြက်စည်းကို မပြီး ခါလိုက်တော့ သူတို့တွေ အကုန်စင်ကုန်ပါတယ်။
" ဟာ ပေကုန်ပါပြီဗျာ ဒုက္ခပါပဲ ကျစ် "
" လာ လာ ချစ်အိမ် ဟိုနားမှာ သန့်စင်ခန်းရှိတယ် "
ညီဇင်ခေါ်ရာ လိုက်သွားရင်းက အင်ကျီကို ခါနေမိပါ တယ်။ သန့်စင်ခန်းထဲ ရောက်တော့ ဘေစင်ပေါ်မှာ ဖဲ ကြိုးနဲ့ ချည်ထားတဲ့ အင်ကျီလေး နှစ်ထည်။ မှန်မှာလဲ နှုပ်ခမ်းနီနဲ့ ရေးထားသေးတယ်။
♥ ♥ ချစ်အိမ်လေး ပျော်ရွှင်ပါစေ ♥ ♥
ရင်ခွင် မျက်မှောင်ကျုတ်ခါ ညီဇင့်ကိုကြည့်လိုက်တော့
" အဟဲ ဆင်တူ အရောင်ကွဲ T Shirt လေးတွေပါ "
ရင်ခွင် အင်ကျီကိုချွတ် လိုက်သလို ညီဇင်လဲ အင်ကျီ ချွတ်လိုက် ပါတော့တယ်။ အင်ကျီမပါတဲ့ လူငယ်ချော၂ လေး ၂ ယောက်တစ်ယောက်ကို တစ်ယောက်စိုက်ခါ ကြည့်နေမိတယ်။
ညီဇင် ရင်ခွင့်ကိုဖက်ခါ ပါးလေးကို နမ်းလိုက်ပြီးမှ ဖဲ ကြိုးထဲမှ အင်ကျီပန်းရောင်လေးကို ကမ်းပေးပါတယ်။ သူကတော့ အပြာနုလေးကို ဝတ်လိုက်ပါတယ်။
ကြည့်ပါဦး အင်ကျီကဆင်တူ အရောင်သာကွဲတယ်။ လက်စွပ်ဆင်တူ။ ပန်းစည်းကြီးနဲ့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ မဟုတ်ပါဘူးလို့ ဘယ်လိုပုံစံနဲ့ ညင်းရမှာလဲ
" ကျေးဇူးတင်ပါတယ် ညီဇင်ရယ် ပျော်ရပါတယ် အဲဒိ အတွက် ညီဇင့်ကို မုန့်လိုက်ကျွေးမယ် ok? "
" ဟင့်အင်း ချစ်အိမ်ပေးတဲ့ အကြင်နာလေး တစက္ကန့် စာပဲဖြစ်ဖြစ် လိုချင်တယ် "
ပြောရင်းမျက်နှာလေး ညှိုးခါခေါင်းငုံ့သွားတဲ့ ညီဇင့် မျက်နှာကို ရင်ခွင်ဆွဲတည့်ခါ မျက်လုံးခြင်း ဆုံခါအချိန် အတော်ကြာ စိုက်ကြည့်မိနေလိုက် မိပါတော့တယ်။
ပြီးတော့မှ နှစ်ယောက်သား တပြိုင်ထဲ အကြင်နာကို အပေးအယူ မျှတစွာ ပုံဖော်လိုက်မိကြပါတော့တယ်။
" ကျေးဇူးတင်တယ် ချစ်အိမ် လာသွားကြစို့ "
ညီဇင်လင်းကစပြီး အနမ်းတွေရုတ်သိမ်းခါ ရင်ခွင့်ရဲ့ လက်ကိုဆွဲခါ သန့်စင်ခန်းထဲမှ ထွက်လာလိုက်သည်။
" အခုကျောင်းသွားမလို့လား ညီဇင် ဒီပုံကြီးနဲ့ "
" အင်းလေ ဘာဖြစ်လို့လဲ ချစ်အိမ်ရဲ့ "
" ဘာမှမဖြစ်ပါဘူး တမျိုးကြီးပဲ ရှက်တယ်ညီဇင်ရ "
" ရပါတယ် အဲဒါဆို ကျောင်းသွားမယ် အတန်းမတက် နဲ့ မကောင်းဘူးလား အဟဲ "
" အမ် အဲဒါဆို ဘာထူးမှာလဲ ညီဇင်ရ "
" လာပါ ထူးတာလေး တွေရှိစေရမယ် ဘယ်လိုလဲ စိတ်ဝင်စားတယ် မဟုတ်လား "
" ကဲ ဒိနေ့တော့ ခများသဘောပါဗျာ လုပ်ချင်တာသာ လုပ်တော့ ဟုတ်ပြီလား သွားကြမယ် "
" ဟာ တကယ်လုပ်ရမှာလား ဘာလုပ်ရမလဲဟင် "
" အွန် ညီဇင်လင်း မင်းပေါက်ကရ မပြောနဲ့နော် "
" ဟား ဟား ဟား "
နှစ်ယောက်သားရယ် လိုက်မိကာ ကျောင်းကိုပြန်လာ ခဲ့ကြပါတယ်။ကျောင်းရောက်တော့ ရင်ခွင်တို့အဆောင် နောက်ဖက်က သစ်ပင်ကြီးတစ်ပင် အောက်မှာထိုင်ပြီး ညီဇင်က ရင်ခွင့်ကို သူ့ဖုန်းထဲက ရင်ခွင့်ပုံတွေကိုပြလာ ပါတယ်။ ပုံတွေနည်းတာ မဟုတ်ဘူး ခိုးရိုက်ထားတာ။
" အဲဒါ ချစ်အိမ်နဲ့ ခုလိုအနီးကပ်နေခွင့် မရခင်တုန်းက ခနခနလာလာပြီး ခိုးရိုက်ထားတာတွေလေ အားးစစ် "
" ဟင် ဘာဖြစ်တာလဲ ညီဇင် "
" နား နား အားလားလား ယားလိုက်တာ "
ညီဇင်က သူ့နားကိုသူ့ဖာသာ လက်နဲ့ထိုးကာမွှေနေလို့
" အဲလို မလုပ်နဲ့ နားထဲမှာ အနာဖြစ်တက်တယ် ဖယ် လာဒိပေါင်ပေါ်ခေါင်းအုံး ဟိုဘက်တစောင်းလေး "
ရင်ခွင်ကျောပိုးအိတ် ထဲက နားကျပ်တဲ့ ဖော့ချောင်း လေးကို ထုတ်ခါ ညီဇင့်နားကို အသာလေးကျပ်ပေး တော့ ညီဇင်ပါးလေး တဖက်ရွဲ့ခဲ့ မျက်လုံးလေးမှိတ်ပြီး ဇိမ်ခံနေတာ သဘောကျ စရာလေး။
" အားဟား အာ့စ် ဟူး ကောင်းလိုက်တာ "
" ငြိမ်ငြိမ် နေလေ ညီဇင်ရ မလှုပ်နဲ့ချော်ထိုးမိမယ် "
ပြန်ငြိမ်သွားတဲ့ ညီဇင့်မျက်နှာလေက အပစ်ကင်းကာ ကြည့်ကောငါးနေပါတယ်။ ဖျတ်ခနဲ မျက်လုံးဖွင့်လာခါ
" ဟား ဟား လက်ကငြိမ်သွားတော့ ခိုးကြည့်နေတာ ထင်တာ တန်းမိတာပဲ ဟား ဟား ဟား ရှက်ရှက် "
" ဟင်း စောင့်ထိုးထည့်လိုက်လို့ နာဦးမယ် "
" ခွီးး လုပ်ပါနဲ့ ချစ်အိမ်လေးရယ် "
မြင်ကွင်းလေးက တပါးသူဆို ကြည်နူးစေမလား မသိ ပေမယ့် ဝသန့်အသည်းထဲမှာတော့ တစစ်စစ်နဲ့ နာလှပါ တယ်။ ရင်ခွင့်ကို လာကြည့်တာ မတွေ့လို့ အဆောင်ရဲ့ အနောက်ဘက်မှာ ခနထိုင်နေမယ်လို့ စိတ်ကူးပြီးလာခဲ့ မိတာ အခုတော့ ရင်တွေဗလောင်ဆူ နေရပြီလေ။
ရင်ခွင် မင်းတကယ်ပဲ သူနဲ့ချစ်နေ ကြတာပေါ့လေ။ အစကပြောတော့ မင်းငါ့ကို သိပ်ချစ်တာဆို အချိန်တွေ အကြာကြီး စောင့်နေခဲ့တာဆို။ ငါကမင်းကို ဒိလောက် ချစ်နေတာ မင်းမသိဘူးလား။
မင်းကိုချစ်တာ ငါဘယ်လိုဖွင့်ပြောရ မှာလဲငါကစပြီး ပြောဖို့ဆိုတာ ငါဘယ်လိုမှ ပြောမထွက်ဘူး။ ဖုန်းမြင့်သူ ကို ခေါ်တာက မင်းကိုဖွင့်ပြောလာဖို့ ခေါ်ခဲ့တာ အဲဒိနေ့ ကမင်းစိတ်ဆိုးသွားတာကို ငါအရမ်းကျေနပ် နေခဲ့တာ။
ခုတော့ မင်းအချစ်က တခြားတစ်ယောက်စီမှာပေါ့။ ငါမင်းကို လက်လွှတ်မခံနိုင်ဘူး မင်းကို ငါအရမ်းချစ်တာ မင်းသိစေရမယ် ရင်ခွင်အိမ်။
ဝသန် ဖုန်းကိုနှိပ်ခါ ရင်ခွင့်ဖုန်းကို ခေါ်လိုက်တယ်။ ဖုန်းဝင်လာတော့ ဝသန်ငုံ့ကြည့် လိုက်ပြီးဖုန်းကို ဘေး မှာ အသာချထား လိုက်တာ ဝသန်တွေ့နေရတယ်။ ဒါ ဘယ်လိုဖြစ်တာလဲ ရင်ခွင်အိမ်ဆိုတာ အရင်က ဝသန် ခေါ်ရင် ၁၅ မိနစ်အတွင်းရောက်အောင် လာခဲ့တဲ့သူပါ။
ဝသန် ထိုနေရာကနေ လှဲ့ခါပြန်ခဲ့လိုက် ပါတော့ရဲ့။
ထိုနေ့ည ၁၁ နာရီကျော်မှာ ရင်ခွင်တို့ အိပ်ပျော်ခါစမှာပဲ
" ဒုန်း ဒုန်း ဒုန်း ရင်ခွင်အိမ် ရှိလား ရင်ခွင်အိမ် ဒုန်း "
ခြံတခါးကို တဒုန်းဒုန်း နဲ့ထုခါ အော်ဟစ်နေတဲ့ ဝသန့် အသံကြောင့် တအိမ်လုံး နိုးလာခါ
" ဟဲ့ဘာဖြစ်တာလဲ သားငယ် အဲဒါ မိုးဝသန် မဟုတ် လား မူးနေတာနဲ့တူတယ် သွားမြန်မြန် ဘယ်လိုဖြစ်နေ တာလဲ မသိဘူး သူ့အိမ်ကိုဖုန်း ဆက်မယ် ထိန်းမရရင် ဟဲ့ သွပါ နင့်အဖေ ထလာရင်ပြသနာ တက်နေမယ် "
မေမေ အတင်းလာခေါ်နေသလို ဝသန်ကလဲ အော်နေ ပြန်တာမို့ ရင်ခွင်ထလာခဲ့ လိုက်တယ်။ ခြံရှေ့ရောက်လဲ ရောက်ရော ခြံတံခါးကို တွဲခိုပြီး မူးနေတဲ့ ဝသန့်ကိုတွေ့ ရပါတော့တယ်။
" မင်းဘာဖြစ်နေတာလဲ မိုးဝသန် ဟင် သေမလို့ဖြစ် နေတာလား ဟမ် ကို့အိမ်ကိုပြန်တော့သွား "
" ရင်ခွင်အိမ် မင်းကိုငါ ချစ်တယ် မင်းကိုငါ အေ့ ချစ် "
ခြံရှေ့မှာတင် မှောက်သွားတဲ့ ဝသန့်ကို ဘာမှပြော၍ မရတော့သလို ဘာမှလဲ ပြန်မပြောတော့ပေ။ ရင်ခွင်လဲ စိတ်ညစ်ညစ်နဲ့ အတင်းတွဲခါ အိပ်ခန်းထဲသို့ ခေါ်ခဲ့ရပါ တော့တယ်။
" ဒိကောင် တော်တော် ပျက်စီးနေပါလား သူ့အိမ်ကို ပြောပြထားဦးမှပါ "
" ဟာ မေမေကလဲ သူက တခါတလေဖြစ်တာပါဗျာ "
အခန်းထဲရောက်တော့ အခန်းတံခါးကို ပိတ်ခါဝသန့် အဝတ်တွေကို အကုန်ချွတ်လိုက်တယ်။ ဖြူဖွေးနေတဲ့ သူ့ခန္ဓာကိုယ် ပေါ်က နောက်ဆုံးကျန်တဲ့ အတွင်းခံကို ချွတ်ဖို့ ရင်ခွင့် လက်တွေတဆတ်ဆတ်နဲ့ တုန်နေပါရဲ့။
ချွတ်ဖို့မှ မလိုအပ်တာလို့ တွေးမိလိုက် ချွတ်ချင်နေ တဲ့ စိတ်ကလဲ အခွင့်အရေးကို လက်လွတ်မခံဖို့ စွဲစောင် နေပြန်ပါတယ်။ ထိုစဉ်မှာပဲ ဝသန်က သူ့ဘောင်းဘီကို သူ့ဖာသာ ချွတ်ခါကန်ထုတ်လိုက်ပြီး ဆက်လို့အိပ်ပျော် နေပြန်တာမို့ ရင်ခွင် ရင်တွေ တအားတုန်သွားရပါတယ်
ကြည့်ပါဦး တချိန်က ရင်ခွင် သိပ်ချစ်ခဲ့သူ ခုတော့လဲ ရင်ခွင့်ရှေ့မှာ အဝတ်အစားမဲ့ခါ ဝင်းမှဲ့ပြီး တင်းရင်းနေ လိုက်တာ။ တံတွေးကိုဂလုခနဲမြိုချကာ ဘေးမှာဝင်ထိုင် လိုက်မိတယ်။ စိတ်တွေက တစုံတခုကို ကြောက်ရွံ့နေ သလို ချီတုန်ချတုန်လဲ ဖြစ်နေတယ်။
မျက်စိတွေက သူ့ကိုမကြည့်ရဲဘူး တခုခုလုပ်မိမှာစိုး နေတာလေ။ အဲဒိချိန်မှာပါ ဘေးစောင်းအိပ်နေတဲ့ဝသန် ကပက်လက်လှန်လိုက်တော့ မျက်စိက အလိုလို အဲဒိ နေရာကိုရောက်သွား ရပါတော့တယ်။ လက်တဖက်က ပါးစပ်ကိုပိတ်ခါ တဖက်ကရင်ဘတ်ကို ဖိလိုက်မိတယ်။
အမလေး သေတော့မှာပဲ။ ထိန်းစမ်းစိတ်ကို သေချာ ထိန်းစမ်း ရင်ခွင်အိမ် ။ ဟူး ဒုက္ခတွေကြီး နေလိုက်တာ။
အဲဒိချိန်မှာပဲ ဝသန်က ရင်ခွင့်ကို ဆွဲလှဲကာ အတင်း ဖက်ပြီး နမ်းပါလေတော့တယ်။ ပါးစပ်ကလဲ အရက်နံ့ တွေတထောင်းထောင်းနဲ့။
ရင်ခွင့် အဝတ်အစားတွေကို အတင်းချွတ်နေတယ်။ ပြီးတော့ ပါးစပ်ကလဲ
" ချစ်တယ် ရင်ခွင်ရာ ငါမင်းကိုချစ်တယ် "
" မင် မင်းမူး နေတာကော ဟုတ်ရဲ့လားဟင် "
အဝတ်အစားတွေကို အတင်းပြန်ဆွဲ နေမိတယ်။ သူ့ ပုံစံကြည့်ရတာ တခုခုတော့ လွဲနေသလိုပဲ မို့လို့လေ။ ဝသန်က ရင်ခွင့်လက်ကို ဆွဲခါ သူ့ပေါင်ကြားကို ထည့်ခါ တစ်စုံတစ်ခုကို ကိုင်ခိုင်းလိုက် ချိန်မှာတော့ ရင်ခွင်အိမ် ရဲ့မျက်လုံးတွေ ပြူးကျယ်လို့ သွားပါတော့တယ်။
ဝသန်ရဲ့ ငယ်ပါဟာ တင်းမာနေတာမို့ ရင်ခွင်အတင်း ရုန်းကာ ကုတင်ပေါ်ကနေ ထလိုက်ပြီး
" မင်း မမူးဘူး မဟုတ်လား ဝသန်ငါ့ကိုပြောစမ်း "
" ငါတကယ်မူးနေတာက အချစ်မူး မူးနေတာပါ ရင်ခွင် မင်းဘာလို့ ငါ့ကိုချက်ခြင်း ဒိလောက်ထိပြောင်းလဲသွား ရတာလဲ ငါနားမလည်ဘူး အစကမင်းပဲ ငါ့ကိုသိပ်ချစ်ခဲ့ တာလေကွာ အခုဘယ်လိုဖြစ် ရတာလဲ အဲဒိကိစ္စကိုရှင်း ငါသိချင်တယ် "
" မင်းငါ့အိမ်ကို လာပြီးပေါက်လွှတ်ပဲ စားတွေမပြောနဲ့ ဝသန် မင်းအခုလုပ်တဲ့ လုပ်ရပ်က တအားရွံဖို့ကောင်း တယ် ငါမင်းကို ဒိလောက်အတွေးတိမ် လိမ့်မယ်လို့ကို မထင်ထားမိဘူး အခုချက်ခြင်းမင်း ကို့အိမ်ကို ပြန်တော့ နောက်လဲ ငါ့ကိုဒိထက်ပိုပြီး မနှောက်ယှက်ပါနဲ့တော့ "
" မင်းသိပ်ကို ပြတ်သားနေပါလား ရင်ခွင်အိမ် ဟမ် အေးပေါ့ အခုတော့ မင်းကအားကိုးရနေပြီကိုး ငါဆိုတဲ့ ကောင်ကလဲ မရတာကိုမှ ပိုလိုချင်တာ မင်းမမေ့နဲ့ ငါ့ကို အိမ်တံခါး လိုက်ဖွင့်ပေး "
ဝသန်ပြောပြီး အခန်းထဲကနေ အရင်ဦးအောင်ထွက် သွားပါတော့တယ်။ ရင်ခွင်အနောက်ကနေ လိုက်ပြီးမှ တံခါးလိုက်ဖွင့်ပေး လိုက်တယ်။ ခြံဝရောက်တော့
" မင်းငါ့ကို မချစ်တော့ဘူး ဆိုတာသေချာပြီလား "
" ဖြေဖို့မလိုအောင်ကို သေချာတယ် မိုးဝသန် အခုမင်း လစ်လိုက်တော့ နောက်လဲ လာမပက်သက်နဲ့ Ok? "
" မင်းစကားတွေ အတွက်မင်းလဲ နောင်တမရစေနဲ့ "
ဝသန် ခြံရှေ့ကနေ ထွက်လာခဲ့လိုက် ပါတော့တယ်။ အချစ်ဆိုတာ ဒိလောက်ထိ ခါးသက်တာ ခုမှသိတယ်။ ကိုကချစ်မှန်းသိတော့ သူကပိုပြီး မာန်တက်ပြနေတယ်။ ကောင်းပြီလေ ရင်ခွင်အိမ် မင်းနောင်တ မရစေဖို့ပဲ ငါက ဆုတောင်းပေး လိုက်ပါ့မယ်။
ရင်ခွင် အခန်းထဲ ပြန်မဝင်သေးပဲ အိမ်ထဲက အခြေ အနေကို တချက်ကြည့်လိုက်တယ်။ တော်သေးတယ် လူကြီးတွေ သိလိုက်ပုံမရလို့။ အခန်းထဲပြန်ဝင် လိုက်ပြီး ဝသန်သူ့ကို စိုက်ကြည့်ခါ ပြောသွားတဲ့ နောင်တမရစေ နဲ့ ဆိုတဲ့ စကားကို ပြန်မြင်ယောင်ပြီး ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားပါတယ်။ သူတခုခု လုပ်မှာလား။
သူရင်ခွင့်ကို နှောက်ယှက်နေဦး မှာလား။ ရင်ခွင်အိမ် သက်ပြင်းချမိတယ်။ ခုလိုသူ ချစ်ပြနေလေ ရင်ခွင်မယုံ ရဲလေ ပါပဲ။ ရင်ခွင် ခေါင်းငြိမ့်လိုက်တာနဲ့ ရင်ခွင်ဟာ ဟို တချိန်ကလို သူ့ရဲ့ကျေးကျွန်ဘဝကို ရောက်ရလိမ့်မယ် သူခြေဖဝါးအောက်မှာ ခစားရင်း သူ့အသုံးတော် ခံကာ သူ့ရဲ့ လှောင်ပြောင်ရယ်မော သံတွေကို ရင်ခွင် ရင်ဆိုင် ဖို့ ခွန်အားမရှိပါဘူး။
နှလုံးသားရဲ့ အလိုကိုဦးနှောက်က မလိုက်နိုင်ပါဘူး။ အချစ်ရဲ့စေရာကို သူအလိုက်ရဲဘူး။ သူတကယ်တော့ ဝသန့်ကို ရွံမုန်းနေမိတယ် ဆိုတာ အခုချိန်မှာတော့ သူ လဲ ကို့ကိုယ်ကို သေချာပြန်စမ်း စစ်ကြည့်ရတော့မည်။
ဝသန်ရယ် မင်းရဲ့နှိပ်စက်မှုတွေ အောက်ကငါဘယ် တော့များမှ ရုန်းထွက်နိုင်မှာလဲ မသိတော့ဘူး။ မင်းကိုငါ မုန်းတယ် မုန်းသလောက်လဲ ချစ်တယ်။ ငါ မင်းနဲ့အဝေး ဆုံးမှာနေခွင့် ပေးပါ။ ငါ့ကို ချမ်းသာပေးပါကွာ။ မင်းရဲ့ အနိုင်ယူလိုမှုတွေအတွက် ငါလည်စင်းပေးရဦးမှာလား။
မနက်ခင်းရဲ့ နေရောင်ခြည် အောက်မှာ ခြံတံခါးကို ဖွင့်ခါ ကျောင်းသွားဖို့ ထွက်အလာ ထုံးစံအတိုင်းပါပဲ။ ခြံရှေ့မှာ အေးမြတဲ့ အပြုံးလေးနဲ့ ညီဇင်လင်းကိုတွေ့ရ တာလဲ ရင်ခွင့်အတွက် ကျေနပ်စရာ ထွက်ပေါက်လေး တစ်ခုပါပဲ။ ခနခန ကို့ဖာသာကိုယ်ပြန် မေးမိတယ်။ ညီ ဇင်လင်းကို ချစ်သလားလို့လေ။ အဖြေက မသေချာ။
" Morning ချစ်အိမ် ညကအိပ်မက်တွေလှရဲ့လား "
ညီဇင့်စကားကြောင့် ဝသန့်ကို ပြေးမြင်မိပြီး နှုပ်ခမ်း လေးတဖက်ကို ကွေးခနဲ ပြုံးလိုက်မိတယ်။
" Something Wrong Darling "
" ဘာမှမမက်ပါဘူး သွားမယ် ညီဇင် လစ်စို့ "
" သွားတာပေါ့ အော် နေဦး ခုနက ph bill လှမ်းထည့် ပေးလိုက်တာရလား ချစ်အိမ်က မေ့တက်လို ကုန်ခါနီး ပြီထင်လို့ တမျိုးမထင်နဲ့နော် ကိုလဲ ထည့်ရင်းနဲ့အတူ ထည့်လိုက်တာ "
" အင်း SMS ရောက်လာပါတယ် ထင်သားပဲ ညီဇင် ဆိုတာ ဒါပေမယ့် ခနခန မထည့်ပေးပါနဲ့ ညီဇင် Pls "
" ဟုတ်ကဲ့ပါ ခမျာ့ ချစ်အိမ်လေး သဘောပါခမျ "
ရင်ခွင် ပုခုံးခြင်း တစ်ချက် ပိတ်တိုက်ခါ ခပ်ဟဟလေး ရယ်လိုက်မိတယ်။ အဲဒိလို အလိုက်သိတာတွေကြောင့် ညီ့ဇင့်ကို - - - ။ ဟူးး ။
နေ့လည် ထမင်းစားနားတော့လဲ ညီဇင်က အသင့်ပဲ ရောက်နေတယ်လေ။ ကန်တင်းရောက်တော့ လူတွေ ဝိုင်းပြည့်နေပေမယ့် တဝိုင်းကတော့ လွတ်နေတယ်။
ရင်ခွင် တစုံတခုကို သတိရခါ ညီဇင့်ကိုငဲ့ကြည့်တော့
" အဟဲ ဝိုင်းမရမှာဆိုးလို့ ကြိုမှာထားတာပါ "
ထိုင်လိုက်တာနဲ့ ထမင်းဟင်းနဲ့ အချိုရည်လာချပါရဲ့။ မအံ့သြတော့ဘာအကုန်က ရင်ခွင့်အကြိုက်တွေပဲလေ။
ညနေကျောင်းဆင်းတော့လဲ အဆင်သင့်ရောက်လို့ နေပြန်လေရော။ ညီဇင်နဲ့ပက်သက်တဲ့ အရာအားလုံးက ကျေနပ်စရာ အတိပြီးနေပါတယ်။ ချိုသာတဲ့ညီဇင်အပြုံး တွေကလဲ ရင်ဘတ်ထဲ ဝင်တခါ ပြန်တလှည့်နဲ့ပေါ့။
ညဘက်ရောက်တော့ လဲဖုန်းဆက်ခါ Good Night လုပ်ပြီး သီချင်စလေး ဆိုပြသေးတယ်။ ဒါတောင်မှ သူ့ ကိုအရင် ခွင့်တောင်းပြီးမှ ဆိုပြတာလေ။ ဒိလိုနဲ့ ဝသန်နဲ့ မတွေ့တာ နှစ်ပတ်လောက် အကြာမှာ
" ချစ်အိမ် ဒိနေ့ ကို့ကို အဖြေပေးတော့ကွာနော် ကို တခုလုပ်စရာ ရှိလို့ပါ ကိုမစောင့်နိုင်တော့ဘူး နော် "
" အမ် ဘယ်လိုထဖြစ်ရ ပြန်တာလဲ ညီဇင်ရ "
" ကို့ရဲ့ချစ်သူကို သုခဘုံလေးဆီ ပို့ပေးချင်လို့ "
ညီဇင့် စကားကြောင့် ရင်ခွင်မျက်မှောင်ကျုတ်လိုက်ခါ
" ညီဇင် အဲဒါက ဘာစကားလဲ မင်းနော် "
" ဟာ မဟုတ်ဘူး မဟုတ်ဘူး မထူးပါဘူးကွာ လိုက်ခဲ့ တော့ ချစ်အိမ်ရာ ဒိနေ့အတန်းတေ လစ်လို့ရတယ် ပြီးမှ ဟိုရောက်မှ အဖြေပေးတော့နော် သွားစို့လာ "
တခါတလေလဲ အဲလိုဇွတ်တွေ လုပ်တက်တာတော့ ရင်ခွင်နဲနဲ သဘောမကျချင်ပါပေ။ ဒါပေမယ့်လဲ လိုက်ခဲ့ လိုက်ပါတယ်။ ကို့အပေါ် ဒိလောက်ကောင်းထားတာ မဟုတ်လား။
တိုက်ခန်းလေး တစ်ခန်းကိုရောက်သွားတော့ တံခါး ကိုဖွင့်လိုက်တယ်။ တစ်ခန်းလုံးမှောင်မဲနေတာပဲ။ ညီဇင် လိုက်ကာစကို တဖြေးဖြေးဖွင့် လိုက်ပါတော့တယ်။
နံရံပန်းချီကားလား Vinyl ကပ်ထားတာလားပင်မသိ သူနဲ့ရင်ခွင်ရဲ့ပုံ နံရံနဲ့အပြည့် သစ်ပင်အောက်မှာတုန်း က ပူဖောင်းလေးတွေနဲ့ ရင်ခွင်အပစ်ကင်းစွာရယ်နေတဲ့ ပုံ ဘေးမှာ သူ့ကိုကြည့်ကာ ပီတိဖြစ်နေတဲ့ ညီဇင်လင်း။
အခန်းနံရံတွေက ပန်းနုရောင် မီးပန်းဆိုင်လေးတွေ အလှပန်းပင်လေးတွေ ရှိနေတဲ့ အခန်းလေးက အမှန်ပဲ မြတ်နိုးဖွယ်ရာပင်။
" လာခဲ့ ချစ်အိမ် အိပ်ခန်းလေးကို ပြမယ် "
အိပ်ခန်းလေးထဲမှာလဲ ရင်ခွင်တို့ ပုံတွေနဲ့ အလှဆင် ထားတာက တကယ့်စိတ်ကူးယဉ် ဆန်စွာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ရင်ခွင်ကျေနပ် နေမိတာတော့ အမှန်ပါပဲ။ နေဖို့ ဆိုတာ ခုချက်ခြင်းပင် လက်ခံချင် စရာတွေပါပဲ။
နောက်ကနေ ရင်ခွင့်ပုခုံးကို ညီဇင်ဖက်လိုက်ပြီး
" ဒီအခန်းလေးက ကို့အဖေကန်ထရိုက်ဆောက်ပေးခဲ့ လို့ ရတာလေ ကိုအတင်းတောင်းထားတာ စာချုပ်နဲ့ကို လွှဲယူထားတာကြာပြီခုတော့ ချစ်အိမ်အတွက်ရည်စူးပြီး အခန်းလေးကို အလှဆင် လိုက်တာလေ ဘယ်လိုလဲ ချစ်အိမ် သဘောကျရဲ့လား "
" အင်း ချစ်စရာလေး တအားအေးချမ်းတယ်နော် "
" ဒါကိုပြောတဲ့ ကိုတို့ရဲ့ သုခဘုံလေးပေါ့ ကိုတို့အတူ နေကြရအောင်လားဟင် ချစ်အိမ် "
" ဟင်း ချက်ခြင်းတော့ အိမ်ကခွင့်ပြုမှာ မဟုတ်ဘူး "
" ဟာ အဲဒါဆို ခွင့်ပြုရင် ချစ်အိမ်က ကိုနဲ့နေမယ်ပေါ့ "
ရင်ခွင် ကြောင်သွားကာ ဘာပြောရမှန်းအင် မသိတော့
" အဟား ပျော်တယ်ကွာ ချစ်လိုက်တာ ချစ်အိမ်ရယ် "
ရင်ခွင့်ကို ကုတင်မပါပဲ ခင်းထားတဲ့ အိပ်ယာကြီးပေါ် ဆွဲလှဲချကာ ညီဇင်အပေါ်ကနေ ခွမိုးပြီး စိုက်ကြည့်နေပါ တော့တယ်။ ရင်ခွင်လဲ ကြည့်နေမိတယ်။
ညီဇင့်ရဲ့ အကြင်နာတွေကို လက်ခံနေရင်းက မျက်စိ ထဲပေါ်ပေါ်လာတဲ့ တစုံတရာကြောင့် ရင်ခွင်ရဲ့ ခန္ဓာဟာ အသက်မဲ့ နေသည့်မပါ ဖြစ်လို့လာရ ပါတယ်။ ညီဇင်က နမ်းနေတာရပ်ခါ ရင်ခွင့်ကို ဖက်လိုက်ခါပြောလာတယ်။
" ငါတစ်ခု ပြောပြမယ် ညီဇင် မင်းကိုငါ သဘောကျပါ တယ် မင်းရဲ့ဂရုစ်ုက်မှုတွေက်ုလဲ ငါကျေနပ်တယ် အဲဒါ တွေကြောင့် ငါမင်းကိုလက်ခံ လိုက်ပြီး ငါ့ရင်ထဲမှာ မင်း မဟုတ်တဲ့ တခြားတစ်ယောက် ရှိနေရင် မင်းလက်ခံနိုင် ပါ့မလား အခုလက်ခံနိုင်တယ် ပြောလဲတချိန်မှာတော့ မင်းငြိုငြင်လာမှာပါပြီးတော့ ငါ့ရှေ့မှာမဟုတ်ရင်တောင် နောက်ကွယ်မှာ မင်းခံစားနေရမှာ သေချာတယ် အဲဒိ တော့ ငါ့ရင်ဘတ်ကို ငါမရှင်းနိုင်သေးလို့ မင်းကိုငါလက် မခံသေးတာ မင်းနားလည်ပေးလို့ ရမလား "
" ကို့ကို အချိန်တစ်ခုထိ စောင့်စေချင်တာလား ကိုက ချစ်အိမ်ကို ထာဝရမျှော်လင့် စောင့်စားနေမှာပါ အစ ထဲက ချစ်အိမ်မှာ မိုးဝသန်ရှိတာလဲ ကိုသိပါတယ် အဲဒိ ထဲကမှ ချစ်လွန်းလို့ ဘယ်လိုရပိုင်ခွင့်မျိုးမဆို ရနိုင်သ လောက်လိုချင်လို့ ကိုချစ်အိမ်နားကို တိုးလာခဲ့တာပါ ကို့အတွက် မျှော်လင့်ချက်ဆိုတာ အရမ်းမှုန်ဝါးပြီးတော့ သေးငယ်တယ်ဆိုတာ နားလည်ပါတယ် အခုလိုလိုက် ပြီးလုပ်ပေးနေတာ တွေကလဲ ချစ်အိမ်ကိုပျော်စေချင်လို့ သက်သက် သက်သက်ပါပဲ ကိုကတကိုယ်ထဲ စိတ်ကူးနဲ့ ရူးနေရလဲ ကျေနပ်တယ် ကိုပေးခဲ့တာတွေ အတွက်လဲ ဘာတခုမှ တုန့်ပြန်ဖို့ မမျှော်လင့်ဘူး ကိုခုနပြောသလို တောင်းဆိုမှုတွေကတော့ ပါးစပ်ကနေ မနေနိုင်တော့ လွန်းလို့ပြောမိတာပါ အဲဒိအတွက် ချစ်အိမ်အနေကြပ် စေတယ်ဆို ကိုတောင်းပန်ပါတယ်နော် "
ရင်ခွင် စိတ်မကောင်းစွာနဲ့ပဲ ခေါင်းညိတ်လိုက်မိပါရဲ့။ အချစ်ဆိုတာ အားနာလို့ သနားလို့ ပေးလိုက်လို့ ရတဲ့ ကိစ္စမျိုးမဟုတ်ဘူးလေ။ ဝေမျှပေးလို့လဲ မရဘူး။ ဒိလိုနဲ့ ပဲ ညီဇင့်အပေါ် ရင်ခွင် မတရားရာရောက်နေပြီလား။ ရင်ခွင် ခေါင်းကိုငုံခါ အိပ်ယာပေါ်မှ ထရပ်လိုက်ပါတယ်။
" ပြန်ကြမယ် ညီဇင် အစစအရာရာ အတွက်မင်းကိုငါ ကျေးဇူးလှိုက်လှိုက်လှဲုလှဲု တင်ပါတယ်နော် "
" ကြည့် - လုပ်ပြီ ကျေးဇူးက ကိုတင်ရမှာလေ ကို့ကို အနားကပ်ခွင့် ခင်မင်ခွင့်နဲ့ နမ်းခွင့်ပေးတာ နဲ့တင် အရာ အားလုံးက ပြည့်စုံနေပြီဗျ ချစ်အိမ်ဆီက ဒိလောက်ထိရ လိမ့်မယ်လို့တောင် ကိုမမျှော်လင့် ရဲခဲ့ဘူးလေ လာပါ သွားစို့ စိတ်ညစ်စရာတွေ မတွေးနဲ့နော် ချစ်အိမ် "
ညီဇင်လင်းရဲ့ စကားတွေက ရင်ခွင့်ကို စိတ်မကောင်း ဖြစ်စေပြန်ပါတယ်။ ညီဇင်ရယ် ငါရုန်းထွက် နိုင်တဲ့နေ့ မင်းကို ငါဒီအကြွေးတွေ ပြန်ပေးဆပ်ချင်ပါတယ်။
အခန်းလေးထဲကနေ ပြန်ထွက်လာတော့ ရင်ခွင့်စိတ် ထဲမှာ နှမြောတသ နေမိသလို ခံစားရပြန်တယ်။ ဟင်း ။
Taxi လေးပေါ်ထိုင်နေတုန်း ရှိသေးတယ် အိမ်ကဖုန်း ဝင်လာတယ်။ အမေ ဆက်တာလေ။
" သားငယ် ဝသန်လေ ညကဆေးရုံ တင်လိုက်ရတယ် တဲ့ အိပ်ဆေးတွေ အများကြီးသောက် လိုက်လို့တဲ့ အဲဒါ သားငယ်ကို ခနလောက် လာကြည့်ပေးပါတဲ့ သူ့အမေ က မေ့ကိုဖုန်းဆက်လာလို့ သားငယ်ခနလောက်သွား ပေးလိုက်ဦး အတန်းပြီးရင် သိလား ------ဆေးရုံမှာတဲ့ ဒုတိယထပ် အခန်း No ---- ရလား မှတ်မိလား "
" ဟုတ် မေ သားသွားလိုက်မယ် ဟုတ်ကဲ့ "
ရင်ခွင်ဖုန်း ချလိုက်တာနဲ့ ညီဇင်လင်းက တန်းမေး၏။
" ဘယ်ဆေးရုံကို မောင်းခိုင်းလိုက်ရမလဲ ချစ်အိမ် "
" -----ဆေးရုံ တဲ့ ဟိုလေ ဝသန် ဝသန် "
" ကို ကြားပါတယ် စိတ်အေးအေးထားနော် သူ ပြန်ပြီး နေကောင်းလာမှာပါ ကားဆရာ ---ဆေးရုံကိုမောင်းပါ "
ညီဇင်က လက်လေးကို ကိုင်ခါ ညှစ်ပြီးတော့အားပေး နေပေမယ့် ရင်ခွင့် ရင်ထဲမှာတော့ ဗလောင်ဆူ နေပေပြီ
ဆေးရုံရောက်တော့လဲ ရင်ခွင်အပြေးအလွှား သွားနေ တာမို့နောက်ကနေ ညီဇင် အမြန်လိုက် ခဲ့ရပါတယ်။
ဒုတိယထပ်ရဲ့ အခန်းတခန်းရှေ့ ရောက်ချိန်မှာ ရင်ခွင့် ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားပါတယ်။
ညီဇင်ရောက်တော့ အခန်းထဲမှ အမျိုးသမီးကြီး တစ်ဦး ထွက်လာပြီး ရင်ခွင့်ကို
" သားငယ် မင်းသူငယ်ချင်း သတိပြန်ရတုန်းက မင်းကို ပဲအေးနေလို့ အန်တီမင်းအမေကို ဖုန်းဆက်လိုက်တာ ဘာတွေဖြစ်နေမှန်း မသိဘူးသားငယ်ရယ် အခုတလော အရက်တွေလဲ သောက်တယ် ဒိလိုတွေထိ ဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဘူး သားသူငယ်ချင်းကို ခနပဲ ဖြစ်ဖြစ်စောင့် ပေးပါဦး သူအိပ်ပျော်နေတာပါ နော်သား အန်တီအိမ်ခနလေး ပြန်လိုက်ဦးမယ် ခနနေမှ သူ့အဖေ နဲ့ပြန်လာ ခဲ့မယ် နော် သားငယ် "
" ဟုတ်ကဲ့ စိတ်ချပါ အန်တီ သွားပါ "
အမျိုးသမီးကြီးက ညီဇင့်ကိုပါ ခေါင်းညိတ်ပြခါ ထွက် သွားပါတော့တယ်။ ရင်ခွင် ဝသန့်ဘေးနားက ခုံလေး မှာထိုင်ပြီး ဝသန့်လက်တွေကို ကိုင်လိုက်တယ်။ ညီဇင် ကတော့ နံရံကိုမှီပြီး ရပ်ခါ ကြည့်နေရုံ ပါပဲ။
ရင်ခွင်မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာခါ
" ဝသန်ရယ် အစထဲက မင်းသာငါ့ကို တကယ်ချစ်တာ ဆိုရင် ငါအရမ်းကို ပျော်ပြီးလက်ခံမိမှာပါ ဘာလို့ငါ့ကို ဥပ္ပခါပြုထားပြီးမှ အခုလို ကို့ကိုယ်ကို နှိပ်စက်ရတာလဲ မင်းပြောတဲ့ ငါ့ကိုနောင်တမရ စေနဲ့ဆိုတာ ဒါလား ဟမ် ငါ့ကိုမင်း တအားအနိုင်ကျင့်တယ် မင်းကိုငါသိပ်ချစ်မှန်း သိလို့ မင်းကိုယ်မင်း နှိပ်စက်တာ မဟုတ်လား အဟား မင်း တော်တော်တက် နိုင်တဲ့ကောင်ပဲကွာ အစ် ဟင့် မင်းကို ငါမုန်းတယ် အီးဟီးးဟီးး "
ရင်ခွင်ငိုနေတာ မကြည့်ရက်တာမို့ ဖြေသိမ့်ပေးဖို့ရာ ညီဇင့် ခြေလှမ်း အပြင်မှာပဲ ဝသန်နိုးလာတာမို့ ခြေလှမ်း ကိုရပ်လိုက် ရပါတော့တယ်။
" ရင်ခွင်ရယ် မင်းငါ့ကို ပြန်ချစ်ပါတော့ကွာ မင်းမရှိရင် ငါမနေတက်ဘူး ငါလေ အခုမင်းကို အရမ်းချစ်နေပါပြီ "
" ငါ့ကိုချစ်ရင် မင်းဘာလို့ဒိလိုလုပ်တာလဲ မင်းသေရင် ငါပါသေသွားလိမ့်မယ် ဆိုတာ မင်းသိလို့ မဟုတ်လား "
ငိုကာပြော နေတဲ့ ရင်ခွင့်ကို ဝသန်လှမ်းကာ ဖက်လိုက် စဉ်မှာပဲ ညီဇင် အခန်းပြင်ကို အသာလေး ထွက်လာခဲ့ရ ပါတော့တယ်။ ဆက်လက်ကြည့်နေဖို့ သတ္တိမရှိတော့ပါ ချစ်အိမ် ပျော်ရင် ကျေနပ်ပါတယ်။
ချစ်အိမ်ရဲ့ ရင်ခွင်တခို စာဟာ ညီဇင့်အတွက် မဟုတ် တာအစထဲက သိခဲ့ပြီးသားလေ။ မင်းတို့ ချစ်သူနှစ်ဦး ထာဝရ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ ချစ်အိမ်ရယ်။
မင်းကို ငါ့လိုချစ်မယ့်သူ ဒိကမ္ဘာမှာ ရှိမလားလို့ ငါမေး မနေတော့ပါဘူး။ အချစ်ဆိုတာ ပြုပြင်ဖန်တီးလို့မှ ရတဲ့ အရာမှ မဟုတ်တာ။ ထာဝရ ဆက်လက်ချစ်နေမယ့် ငါ့အချစ်တွေကို ငါမင်းအတွက် ဖန်တီးထားတဲ့ သုခဘုံ လေးထဲမှာပဲ မျှော်လင့်ရင်း ရှင်သန်နေခွင့် ပေးလိုက်ပါ တော့မယ်။ အပြင်ကမ္ဘာမှာတော့ ဝေးခဲ့ကြရပြီပေါ့ ချစ်အိမ်ရယ် - - - - - -
အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့။
Lamin Lay
No comments:
Post a Comment