Made In Heart
မြန်မာဘော့ဖင်ကျယ်အဖွဲ့ တဲ့နာမည်က ပရဟိတ အဖွဲ့လေးတစ်ခုပေါ့။ Homo တွေပါလို့ ပြောတဲ့ အပုန်း မ တစ်သိုက် ( မပွင့်တပွင့်တွေကော ပွင့်အာနေတာတွေ ကော အစုံပေါ့နော် ) တက်ညီလက်ညီနဲ့ အားကျိုးမာန် ထ အဲ အားကျိုးမာန်တက် စုပေါင်းပြီး ကုသိုလ်ရေးတွေ လုပ်ကြတာလဲ ပျော်စရာပါ။
ဒါပေမယ့် ဝါသနာဆိုတာကလဲ ဖြောက်ဖို့ ခဲလှပါရဲ့ ခက်တာက အဖွဲ့ထဲမှာ ခေါ်ကံတဲ့ ဟာတေအုန်းအုန်း ထနေပေမယ့် လော်ကိုးမယ့်သူတွေ ရှားပါးနေတာလေ။ အဲ့တော့ စနိုက်ကြော်တွေရောင်းကြ ဖန်သားနန်းတော် တွေ တည်ဆောက်ကြနဲ့ပေါ့။
ကုသိုလ်ရေးအမည်ခံပြီး လျှမ်းနေတာ မဟုတ်ပေရပါ လမ်းကြုံလို့ ဝုန်းရုံလေးတွေပါ။ ဘာပဲပြောပြောလေ ကု သိုလ် တစ်ပဲ ပဲရရ လုပ်ဖြစ်နေတယ် ဆိုတာကိုက ကျေ နပ်စရာပဲ မဟုတ်ပါလား။
ခေါင်းဆောင်ကိုလဲ ကြည့်ဦး ချွန်လူး တဲ့ နာမည်က။ အချွန်တွေ့ရင် လူးချင်နေတာလေ ထိန်းမရ သိမ်းမရပါ အသားဖြူဖြူ ကရင်စပ်လေးမို့ ရုပ်ခလေးက ချောချင်ရဲ့ အရွယ်က ကျနေတာခက်တာ။ ရှိစုမဲ့စု ခေါင်းမွှေးလေး ကနီရဲနေသလို ပြုံးလိုက်တိုင်း ရဲတွက်နေတဲ့ ပါးစပ်ကြီး လဲ နှလုံးမကောင်းပါက ပျို့ချင်စရာ။
နောက်တစ်ယောက်က ဥဥဆွဲလေးတဲ့ ဥမြင်တိုင်းကို ဆွဲချင် ကိုင်ချင်နေတာပါသူကတော့။ ပြုံးလိုက်တိုင်းမှာ ပါးချိုင့်လေး ခွက်ပြီး ကျွဲချောလေး ချောသူပေါ့။ သူ့ရဲ့ အလှက မသိရင် မိတ်ကပ်ဖန်တီးရှင်နဲ့ နင်လားငါလား Taxi Driver ကတောင်လူမှားသတဲ့။ ဒါပေမယ့် နော် သူက အမွှေးထူတာလေးတွေ သဘောကျတက်တယ်။
အဲဒါလဲ သူ့စတိုင်ပါပဲ။
နောက်တစ်ယောက်ရှိသေးတယ် Oppa ZP တဲ့ သူ ကတော့ ဇောင်းပွတ်လွန်းလို့ အိုးပါးနေတာ ထင်ပါရဲ့ ဝါးခြမ်းပြား ထောင်ထားရင်တောင် အဆစ်လေးတွေနဲ့ အဖုလေးတွေ ရှိဦးမယ် သူကတော့ ကော်ပေတံလိုပဲ လေတိမ်းတိုင်းနွဲ့နေတဲ့ သူပေါ့။ အသားလေးကဖြူလို့ ခေါင်းပေါ်မှာ မာမီးခေါက်ဆွဲ ( ဆံပင်အကျေကောက် နီကြောင်ကြောင် ) တင်ပြီး အလှဂုဏ်ဝင့်နေသူပေါ့။
ပြီးတော့ Miss လှည်းတန်း ဆိုတာလဲ ပါသေးတယ်။ Body ခြင်းကတော့ ZP လိုပဲ အသားလေးက ညိုရွှဲသွား တာပဲကွာတယ်။ သူကတော့ ဒီဇိုင်းနာနော် မိုးရာသီကို ဖက်ရှင်ထွင်လိုက်တာ ဆိုက်ကားသမားတွေဆို အရမ်း ကြိုက်ဆိုပဲ။ ဝတ်လိုက်တာ ဆိုတာတွေကလဲ ဘေထုပ် သည်လင်လုပ် ထားသလား အောက်မေ့ရတယ်။ မသိ ရင်တော့ သူကပဲ ဒီဇိုင်းဖော်ထား သလိုပေါ့နော် ။
နောက်တစ်ယောက်ကတော့ အလှပြင်ဆိုင်မှာ လုပ် တဲ့အခြောက်လေးပါ။ အဖွဲ့ထဲက အခြောက်မတွေ တ အုန်းအုန်းနဲ့ ဧည့်ခံကောင်းလို့ တစ်ပတ်နဲ့အလုပ်ပြုတ် လာရသူပေါ့။ ကျန်တာတွေ အများကြီးရှိသေးတယ်။
ထိုသို့ ထိုသို့သော ကတ်တလီယာမ ဒေလီယာမ အပေါင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဘော့ဖင်ကျယ်အဖွဲ့ ကြီးက ရေဘေးသင့်ပြည်သူတွေ အတွက် ရန်ကုန်မြို့ အနှံ့ကို မရှက်မကြောက် လူရီခံပြီး အလှူခံ ထွက်ခဲ့ကြ တယ်။ အားလုံးက သူ့ဟာသူနေရင် ပုန်းနေကြတာလေ ဖော်လမော်တွေ ဆုံလာပြီဆိုတော့ လိုက်ဝုန်းပြီပေါ့။
အပင်ပန်းခံ အချိန်ကုန်ခံပြီး ကုသိုလ်ရေး လုပ်နေကြ တာပျော်ဖို့လဲ ကောင်းသလို ပီတိလဲ ဖြစ်ကြရပါတယ်။ အသံတကြော်ကြော် အော်တဲ့သူနဲ့ ဖင်လေးလိမ်ခါလိမ် ခါနဲ့ ခံကြတာ ဆိုတာလေ အလှူခံတာပြောပါတယ်။
အဆင်လေးတွေများ ပိုက်ဆံမထုတ်နဲ့ ဝုန်းခနဲပြေးခါ လုခံကြတာ ဒါကလဲ ဝါသနာအရင်းခံ မို့ထင်ပါရဲ့။ တချို့ တွေဆို အအေးတွေ ခေါ်တိုက်ခါ ဧည့်ခံကြသလို တချို့ ကလဲ နောက်ပြောင် ကဲ့ရဲ့ချင်ကြတယ်။ ဒါက လူတွေရဲ့ သဘာဝမဟုတ်လား။ ရှိစေတော့။
အမယ် အလှူခံတော့ အဖွဲ့ထဲမှာ ခပ်တည်တည်နဲ့ Tနေတဲ့ လူတွေကလဲ ပါလာတယ်။ ရုပ်Tတာပြောတာပါ ကွယ်ရာမှာ B လိုဖြစ်နေသလဲတော့ မပြောတက်ပေ။
အော်ကြ ဟစ်ကြ ခွီကြ ဟီကြရင်းဖြင့် အလှူခံ ၂ ရက် အပြီးမှာ ဟင်္သာတမြို့သို့ အိတ်စပတ်ကားကြီးငှားပြီး သွားဖို့ ပြင်ကြပါလေရော။
လူတွေက မထင်မှတ်ပဲနဲ့ များလာလိုက်တာ နှစ်ဦး ထိုင်ခုံမှာ ၃ ယောက်ပေါင်း ထိုင်ရတဲ့ အထိပဲ။ ခရီးကလဲ ညဖက်ထွက်ရတာလေ ဘာပြောကောင်းမလဲပေါ့။ ခက် တာက အတော်များများက Bလိုပြောမလဲ ပေါ့နော်။ ဒါမဲ့ ကို့အဖွဲ့နဲ့ကို ပွဲကစည်ပြီးသား။ ကားပေါ်ကို အထုပ် တွေဝိုင်းတင်ကြပြီး ကားစထွက်ပြီ ဆိုတာနဲ့ သီချင်းကို မိုင်ကုန်ဖွင့်ပြီး ကကြမယ် ဟန်ပြင်ကြပါလေရော။
ကားကလဲ အိတ်စပတ်ဆိုပေမယ့် ပေါချောင်ကောင်း လေးဆိုတော့ စပိကာ ကမကောင်း အသံကမထွက်ဖွင့် ပြန်တော့လဲ သချင်းတပုဒ်ထဲကို ထပ်ခါထပ်ခါ လာလို့။ ဒါပေမယ့် မရဘူး လက်ခုပ်တီးပေးတောင် ကွေးအောင် ကချင်နေကြတာဆိုတော့ ဘာသံကြားကြား ကို့ယို့နဲ့ ကားယား ကကြတော့တာပဲ။ စပီကာသံ ဗျစ်ဗျစ်မြည် တာတောင် ပေါင်ကိုကုတ်ပြီး ဝဲကုတ်အက ကကြပါရော
တော်တော်လေး ယွကြထကြပြီး တော့ ပရိတ်သတ် ကကားမီးပိတ်ပေးပြီး အိပ်ဖို့တောင်းဆို ပါတော့တယ်။
အဲဒိမှာ စကြတာပဲ ဇာတ်လမ်းက။
မတက်နိုင်ဘူး မိရာကောက်ကိုင် ကြတော့တာပါပဲ။ တချို့ B ကိတ်မတွေလဲ ရှိတယ်လေ။ Ver လိုလိုညာလို လိုဟာ တွေကလဲ တွေ့မရှောင်တပည့်တွေ ဖြစ်ကုန်ကြ ပါလေရော။ မနူးမနပ်နဲ့ ပါလာတဲ့ ဟာလေးတွေကိုလဲ ဝိုင်းပြီး နူးကြနှပ်ကြပေါ့။
အဲ ဇာတ်လမ်းစမလို့ ရှိသေး ကားက ထမင်းဆိုင်ကို ထိုးရပ်လိုက်တာမို့ ကျိတ်ထားတဲ့ အံတွေ ပြင်ထားတဲ့ လက်တွေကို ယုတ်ပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ ထမင်း စားဖို့ဆင်းကြရ တော့တာပေါ့။ ဆိုင်ထဲလဲရောက်ရော လက်ပံပင်ကို ဇရက်ကျတာကမှ တော်ဦးမယ် မှာလိုက် ကြတာ အလုအယက်ပဲ။ ရိုက်လိုက်ကြတဲ့ စဖလီတွေ ဆိုတာလဲ တဖြန်းဖြန်း တဖျတ်ဖျတ် နဲ့ဝိုင်းတကာပတ်ခါ ရိုက်နေလိုက်တာ။ သူတို့ အမ မင်္ဂလာဆောင် ရောက် နေသလား ထင်ရတယ်။
ဘာပဲပြောပြော အားလုံးက ညီအမ အဲ ညီအကိုတွေ လိုတရင်းတနှီး ( ကားပေါ်မှာ ဒိုင်လျှို လူပ်ရှားတာမပါ ) နောက်လိုက် ပြောင်လိုက်နဲ့ ပျော်စရာတော့ ကောင်း လှပါတယ်။ ကားပြန်ထွက်တော့ အားလုံးက ငြိမ်ကြလို့ သွားပါတော့တယ်။ ခုနက ကားမရပ်ခင်က ဇာတ်လမ်း လေးဆက်ရပေဦး မည်မဟုတ်ပါလား။
ကားကြီးက တဖြေးဖြေးနဲ့ တငြိမ့်ငြိမ့် မောင်းလို့နေ လိုက်တာ မကြာပါဘူး။ ဟင်္သာတမြို့ တည်းမည့် နေရာ ဘုန်းတော်ကြီးကျောင်းကို ရောက်လို့လာပါတော့တယ် ဝေလီဝေလင်း အချိန်ဘယ်သူမှလဲ အိပ်ပျော်ခဲ့ကြတာ မဟုတ်ပေမယ့် ကုသိုလ်ရေး အတွက် တစ်ယောက်တ လက်အခြောက်လက်နဲ့ ပစ္စည်းတွေချကြ လှူဖို့ပစ္စည်း တွေထုတ်ကြနဲ့ မိုးစင်စင်ကိုလင်းပါလေရော။ ဘယ်သူ မှတချက်မညည်းငြူကြ ပျော်လို့ရွှင်လို့ တက်ကြွလို့။
မိုးလင်းတော့ ဘုန်းကြီးကျောင်းက ကြွေးတဲ့ ထမင်း ကြမ်းကို စားကြတာလေ။ ထမင်းဖြူနဲ့ ငပိကြော်တမျိုး ထဲ ပလိန်းကစ်ကြရတာ။ ဒါပေမယ့်လဲ မငြီးငြူကြပါဘူး။ ကို့အိမ်သာဆို စားကြပါ့မလား။ ဒါက ပရဟိတလုပ်နေ ကြတာလေ မျက်နှာတချက် ပျက်မသွားတာ ကလဲသူ တို့ရဲ့ ချီးကျူးစရာ စိတ်ဓါတ်လေးပါပဲ။
စားပြီးကြတာနဲ့ အထုပ်အပိုးတွေကို လှေဆိပ်ကိုပို့ ကြတယ်။ ကြွတ်ကြွတ်အိတ်တွေဆွဲရတာ လက်တွေကို ရဲတွက်ခါ နာလို့ပေါ့။ ယောက်ျားရင့်မာကြီးတွေ ဆိုပေမဲ့ အသည်းနုလူနု အနုအရွလေးတွေ မလား။ အဟဲ။
လှေပေါ်လဲ တက်ရော အမလေး ဘာပြောကောင်းပါ့ မလဲ ဇာတိက ပြတော့တာပဲ။ ဇီးရွက်လောက် မျက်ခွက် တွေကို စကောလောက် နေကာမျက်မှန် တွေတပ်ပြီးမှ နေပူပူမှာ မဖြူတဲ့အသားတွေ ဖွေးနေတော့ ၃၆၀ တွေ Honor တွေ ပလူပျံကုန်တာလေ။ ရိုက်ကြတာ ရိုက်ကြ တာဆိုတာ။
လှေမှောက်မှာ စိုးလို့မနဲကို ငြိမ်ငြိမ်နေခိုင်း ရတယ်။ လှေလဲ ထွက်ရော နေပူကျဲတဲမှာ အခြောက်မတွေ ထ လို့ယွလို့ မကဲနိုင်ကြတော့ဘူး လှေပေါ်မှာ ကုတ်ပြီးပါ လာကြပါတယ်။ လှူမယ့်ရွာရောက်တော့ အိမ်တွေက ရေမြုပ်တာ ရင်ခေါင်းလောက်ပင်မကပါ။
ရွာလည်က ဘုန်းကြီးကျောင်းလေးကို လှေနဲ့သွားပြီး ပစ္စည်းတွေ လှူတယ်။ ကြည်နူးစရာပါပဲ။ ရွာသူရွာသား တွေကလဲ ဝမ်းသာအားရ နှုတ်ဆက်ကြတယ် ဒိကဟာ တွေကလဲ ခပ်ကဲကဲတွေမို့ သိတယ်မလား ပွဲတွေကြပြီး အုန်းအုန်းထ ကုန်တော့တာပါပဲ။
လှေတွေနဲ့လဲ ပြန်ထွက်ကြကော ၂ ယောက်ကျန်ခဲ့ တယ်ဆိုပြီး လော်နဲ့အော်ပါလေရော။
အုတ်အော်သောင်းတင်း အော်ကြ ပြန်ခေါ်ကြနဲ့ပေါ့ အမှတ်တရလေးတွေပါပဲ။ ဘုန်းကြီးကျောင်းလဲ ပြန်ပြီး ရောက်ရော မောမောနဲ့ ပက်လက်တွေလန်ခါ နားမယ် လို့စိတ်ကူးထားတာ နောက်ထပ်လှူမယ့်သူတွေရောက် နေတာက တကြောင်း ကျန်တဲ့ပစ္စည်းတွေပို့ရ မာက တစ်ကြောင်းနဲ့ မနားရပါဘူး။
ပစ္စည်းတွေလှေဆိပ် ပို့ပြီး နောက်တခေါက်သွားဖို့ကို ပြင်ကြရတယ် ဒိတခါတော့ လှေ ၂စီးပဲသွားကြမာမို့လူ အကုန်မလိုက်ကြတော့ဘူး။ လိုက်မယ့်သူတွေကတော့ လှေပေါ် တက်ပြီး လှေသမားကိုစောင့် ကြရတယ် နေပူ ကျဲတဲ အမိုးအကာမဲ့တဲ့ ထဲမှာ မငြီးမငြူစောင့်နေပေမဲ့ ခနလေးမဟုတ်ဘူး။ တစ်နာရီလောက်ပင် မကအောင် စောင့်ရတာ။ ဒီကြားထဲ ပြသနာက တက်သေးတယ်။
ပရဟိတသွားလုပ်တာပေမယ့် ပင်ကိုဗီဇကြောင့်ပါပဲ အလှအပလေးတွေ ပြင်ထားကြတော့ ရွာသူရွာသားတို့ အမြင်မှာ ဆန်းပြားနေသလား မပြောတက်ပေ။ ဟန်မ ဆောင်တက်ပဲ ပွင့်လင်းရိုးသား တာက တခါတရံလဲ လွဲ ချော်တက်ပါတယ်။ ဒုက္ခမျိုးစုံခံ ပြီးတကူးတက လာလှူ ကြတဲ့ အဖွဲ့ကို ရွာက လူတွေက ဓါတ်ပုံတွဲရိုက်မယ်လို့ ခေါ်တဲ့သူကခေါ်။ လှေပေါ်ပဲ အတင်းတက်စွဲ တော့မလို သူတို့ကို လာကူညီတာ စေတနာအပြည့်နဲ့ ဆိုတာသူတို့ လဲသိပေမယ့် စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းမှု မရှိတဲ့ အခါမှာ မပွင့်တပွင့် မအာ့တအာမလေးတွေလဲ ဆတ်ဆတ်ခါအောင် နာကြပြန်သေးရဲ့။ သြော် ဒါပေမဲ့ ဒါက အလှူလာလုပ်တာမို့ သည်းခံခဲ့ရပြန်ပါတယ်။
ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တဲ့ သူတွေကလဲ ထမင်း စားလို့ရပြီ ဆိုတော့ အပြေးအလွှား သွားစားကြတာပေါ့။ အဲဒိမှာ ပြသနာတက်တော့တာပါပဲ။
ကျန်တဲ့ ရွာကလူတွေ ကလဲအဲ ဒိမှာ စားနေကြတာ လေ။ ZP တို့ ဥဥဆွဲလေးတို့ ဝိုင်းမှာ လူငယ် နှစ်ဦးက ဝင်ပြီးထိုင်တော့ ဧည့်ခံတဲ့ အမျိုးသမီးထဲက တယောက် က ထိုလူငယ်တွေကို လှမ်းနောက်ပါတယ်။
ထိုအထိ ဘာမှမဖြစ်သေး။ ထမင်းစားနေတော့ သူက ပဲ အခြောက်တွေအခြောက်တွေ မြန်မြန်စား မြန်မြန်စား နဲ့ အော်ပြောတယ်လေ။ ဒါကတော့ ပညာချို့တဲ့သူတွေ ရဲ့ သေးသိမ်မှုပါပဲ။ လူဆိုတာ အားလုံးလွတ်လပ်စွာနဲ့ ကို့ဆန္ဒအလျှောက် နေထိုင်တာကို ကဲ့ရဲ့ရှုံ့ချတာမျိုးက ဒီလိုချိန်မှာ ဆင်ခြင်ဖို့ သင့်နေပြီလေ။
ပဲကုလားဟင်း ငါးကြော် ငြုပ်သီးကြော်နဲ့ စားမြိန်နေ တဲ့ ထမင်းတွေက လည်ချောင်းကို အဝတ်နဲ့စည်းလိုက် သလို တင်းကျပ်ကုန် တော့တာပေါ့။ ထမင်းတစ်နပ်ဖိုး အဖြစ်နဲ့ အလှူငွေ တစ်သိန်းခွဲကို နှဖူးကခြွေးခြေမကြ အောင်အလှူခံပြီး ပြန်လှူပေးခဲ့ကြ တာလေ။
အဲဒါနဲ့ မနေနိုင်တဲ့ တစ်ယောက်က ထိုအမျိုးသမီး ရဲ့ ဗိုက်ကိုကိုင်ပြီး " ကျနော်တို့လို ခလေးလေး အစ်မ မမွေးပါစေနဲ့လို့ ကျနော်တို့ ဆုတောင်းပေးပါတယ် "လို့ အဲ့လိုပြောပြီး စားလက်စ တွေကိုရပ်ခါ ပြန်လာခဲ့တယ်။
အဲဒိလိုပြောတဲ့ မိန်းမက ကိုယ်ဝန်ကြီးနဲ့လေ။
နားတဲ့ အဆောင်ထဲ ရောက်တော့ ရင်ဖွင့်ကြတာပေါ့ ဒါပေမယ့်လဲ တားတဲ့သူတွေကလဲ တားတယ်။ အကုန် လုံးက သည်းခံခဲ့ကြပြန်ပါတယ်။ ကုသိုလ်ရေး မဟုတ် ပါလား။ သြော် လူအမျိုးမျိုး စိတ်အဖုံဖုံပါပဲ။
ဒုတိယအခေါက် လှေနဲ့သွားတဲ့ အဖွဲ့လဲပြန်လာရော ပြန်ဖို့ပြင်ကြတယ်။ ဘုန်းကြီးကို ဝတ္ထုပစ္စည်းနဲ့ငွေတွေ ကပ်ပြီး ရေစက်ချ အမျှဝေကာ ပြန်ကြပါလေတော့ရဲ့။
ကားပေါ်ရောက်တာနဲ့ အလှူတခုအောင်မြင်စွာနဲ့ပြီး မြောက်ခဲ့တာမို့ ဝမ်းသာကျေနပ်စွာနဲ့ပဲ သီချင်းတွေဖွင့် ခါ ကလိုက်ကြတာဆိုတာ ကားသမားတောင် ကားကို မြန်မြန် မမောင်းရဲဘူး။
ကားလျှောက်လမ်းရဲ့ တဖက်တချက်က ခုံလက်တန်း ပေါ်ခြေနှစ်ဖက်တင်ခါ အပေါ်က ပစ္စည်းတင်တဲ့ နေရာ ကိုတွဲခိုကာ Sexy ဒွန့်လိုက်ကြတာ တခါထဲ ထွန့်ထွန့်ကို လူးနေတာပဲ။
အကောင်သေးသေး အသံပြဲပြဲနဲ့ ခိခိလို ဟာမလေး တွေကလဲ ဘာကဲသလဲမမေးနဲ့။ အမယ် အကောင်ကြီး ကြီး အန္ဒိယဆင်မဲကြီးလောက်ရှိတဲ့ လေမခို( နေမညို ) တောင် တချက်တချက် ထထဒွန့်တာ ကားကိုလူးလို့။
ပါသေးတယ် ကချင်လေးတစ်ယောက် ဖြူဖြူသေး သေးနဲ့ ချစ်စရာလေးပါပဲ ဒါပေမယ့် ဇကတော့မသေး ဘူးနော် အဟီး။ ဘေးခြင်းသာ ကပ်ထိုင်သွားတာ Ver မှမဖြစ်လိုက်ပါဘူး။ သယ်ချင်းတေကိုး။
" အမလေး ရုပ်ပိုင်းဆိုင်ရာကို မေးပေး / အသံပိုင်း ဆိုင်ရာကိုမေးပေး "
" စပကိုပြောလေ စပကိုပြော "
" အိုင်းစ် ကျင်နပ်ထှယ် "
" အကို အကိုက Top လားဟင် အဲဒါဆို ကျယ်မကို ယိုးပေး "
" ဟဲ့ အခြောက်မတွေ ငြိမ်ငြိမ်နေကြစမ်း "
" အောက်တန်းစား အခြောက်တွေ "
သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် ပြောဆိုနေ ကြတာဆိုတာလေ တလောကလုံးမှာ သူတို့ပဲ ရှိသလို လွတ်လပ်စွာ ပျော်ပါးနေကြတာ မမောနိုင် မပန်းနိုင်။
အားမနာတမ်း ဆဲကြဆိုကြ သြော်ဒါလဲ သူတို့သဘာဝ။
အိမ်အပြန်လမ်းမှာ ဟင်္သာတမြို့ထဲမှာ ဘုရားဝင်ဖူး ကြတာလဲ တပျော်တပါး ပါပဲ။ ဘုရားကပြန်ခါနီးကိုလဲ အဖွဲ့လိုက်စုပြီး ဓါတ်ပုံရိုက် ဖြစ်ကြတယ်။ ကားလေးက တရွေ့ရွေ့နဲ့ ရန်ပုန်မြို့သို့ နီးကပ်လာတာနဲ့ အမျှကား ပေါ်မှာ အခြင်းခြင်း နှုတ်ဆက်ကြ အိမ်ပြန်ရောက်ရင် ကလပ်သွား မယ့်အဖွဲ့တွေ ကလဲ ချိန်းကြနဲ့ ဆူညံလို့။
ရန်ကုန်မြို့ကို ပြန်ဝင်တော့ မိုးချုပ်စ ဖြစ်နေပါပြီဗျာ။ တဖြေးဖြေးနဲ့ မြို့ထဲရောက်တော့ လမ်းသင့်တဲ့နေရာမှာ ဆင်းကြပြီး လူစုတွေ ကွဲကုန်ကြပါတယ်။ ဒါပေမယ့်လဲ ဒါမျိုးနောက်တစ်ကြိမ် လှူနိုင်ဖို့ ကိုရည်စူးပြီး ပျော်မြူး လို့နေကြပြန်ပါတယ်။
ခရီးလေးက ပြီးဆုံးခဲ့ပါပြီ။ ထိုခရီးရဲ့ နောက်မှာလဲပဲ အကြိမ်ကြိမ် သွားလှူဖြစ်ကြပါတယ်။ နည်းတာများတာ ပဒါန မထားပဲ တက်အားသရွေ့ အများအကျိုးကိုသယ် ပိုးနေကြတာ ဂုဏ်ယူစရာပါပဲ။
ဒီခရီးလေးကို တင်ပြပေးတာက မြင်သာထင်သာရှိ စေချင်တာပါ။ စကားပြေ ဆန်နေမလား မပြောတက်ပါ။ ဒါပေမယ့် မည်သည်ကကောင်း၏။ မည်သည်က ဆိုး၏ မြင်ကြည့် ကြစေဖို့ပါ။ ကောင်းမှုတွေ ပြုလုပ်နေကြတဲ့ အထဲက အခက်အခဲ အဆိုးအကောင်းလေးတွေ ရှိခဲ့ရ ပါတယ်။ ဒါကိုလဲ သုံးစပ်စေချင် ပါတယ်။
လွတ်လပ်စွာနဲ့ ပေါင်းစည်းထားတဲ့ အသင်းလေးက နေအဖွဲ့အစည်း ပုံသဏ္ဍန်ဖြစ်လာ တဲ့အခါမှာ ဆင်ခြင် သင့်တာလေးတွေ ထိန်းသိမ်းသင့်တာလေးတွေ ရှိလာ တာအသေအချာပါပဲ။
ဘာတွေဘယ်လို လုပ်သင့်တယ် ပြင်ဆင်သင့်တယ် ဆိုတာ ကျနော်တို့ဝေဖန် ရမယ့် အချက်မဟုတ်ပါဘူး။ အားလုံးရဲ့ တာဝန်သိစိတ်နဲ့သာ ပြင်ဆင်သွား နိုင်မှာပါ။
Homo အဖွဲ့အစည်းလေးမို့ အောင်မြင်သည်ထက် အောင်မြင်ပြီး စွမ်းဆောင်ရည်လေးတွေကိုလဲ အများသူ ငါလက်ခံနိုင်အောင် မြင်သာလာအောင် ချပြစေချင်မိပါ တယ်။ Team Of Spirit လေးကို ထိန်းသိမ်းပြီး ထာဝရ တည်မြဲသော အဖွဲ့အစည်းလေး ဖြစ်ပါစေလို့ ဆန္ဒပြု ရင်းက မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ် ခမျာ့။
ပါဝင်သော ညီအကိုများ အားလုံး၏ ဖြူစင်သော စိတ်ဓါတ်များကို လေးစားစွာဖြင့် ✈ ✈ ✈
♥ ♥ ♥ နှလုံးသားဖြင့် ရေးဖွဲ့သည်။ ♥ ♥ ♥
Ko Ko Lay
No comments:
Post a Comment