Sunday, November 20, 2016
နား
နားပါ ဖျာ့ .... နားပါ
အမတ်တွေကော ဝန်ကြီးတွေကော ပြာယာတွေ ခတ်နေကြပါပြီ။ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ခေါင်းခြင်းတွေဆိုင်ခါ တိုင်ပင် နေကြလေရဲ့။ ဒါနဲ့ နောက်ဆုံးမှာ အားလုံးသဘောတူတဲ့ အဖြေတစ်ခု ထွက်လာပါတော့တယ်။ အဲဒါကတော့ ဘုရင်ကြီးရဲ့ အပါးတော်မြဲ ဖြစ်တဲ့ ကိုယ်ရံတော်လေး ထံ ချဉ်းကပ် အကြံဉာဏ် တောင်းဖို့ပါပဲ။ ဒါနဲ့ အမတ်ကြီးတွေ ဝန်ကြီးတွေ ပုဏ္ဏားတွေကော စုပြီး ကိုယ်ရံတော်လေး အားတဲ့အချိန်ချောင်းခါ အခစားဝင် ကြပါတော့တယ်။ ကိုယ်ရံတော်လေး ဆိုတာ သူတို့ထက် ငယ်ပေမယ့် ဘုရင့် အပါးတော်မြဲမို့ ရိုသေသမှုရှိရတယ်လေ။
“ အလို ဝန်မင်းတို့ အင်းနဲ့အားနဲ့ ချီတက်လာပုံ ထောက်တော့ အခင်းကြီးငယ်များ ရှိလေသလားလို့ တွေးပူမိတယ်ဗျာ့ “
“ ရှိပြီတဲ့လား ကိုယ်ရံတော်လေးရယ် အခုတောင်ပိုင်းသူပုန် အရေးကို အရှင်မင်းကြီးကိုယ်တော် တိုင် လိုက်ပါရမယ် မဟုတ်လား အဲဒါ ဒီနေ့ ဝန်မင်းကို မင်းတရားကြီးက သူလိုက်ဖို့ အခက်အခဲ ရှိနေတယ် လို့မိန့်တော် မူလိုက်တယ် အဲဒိအရေးအတွက် ရတက်မအေး ဖြစ်နေရတာပါ ခများး “
“ ဟုတ်ကက်လား အမတ်ကြီးရဲ့ “
“ မှန်သမှ မှန် မှန် မှန် ကိုနေရော အဲ့တာ ဝန်မင်းတတို့လဲ ကြံရာမရ တာနဲ့ ကိုယ်ရံတော်လေး ဆီကအကြံကောင်းလေးများ ရှိလေမလားလို့ လာလျှောက်တာပါ “
“ အင်း ဘာ့ကြောင့်လဲ ဆိုတာတော့ ကျနော်မျိုးကသိပါတယ် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတော့ ............ ဟုတ်ပီဗျာ ဒီလိုလုပ် ပန်းပုဆရာရယ် ပန်းပဲဆရာရယ် ကျနော်မျိုးဆီ လွှတ်လိုက်ပါ အဆင်ပြေ အောင်ဆောင်ရွက်ပေးလိုက်ပါ့မယ်။
ဒါနဲ့ ကိုယ်ရံတော်လေးရဲ့ စီစဉ်ပေးမှုကို မင်းတရားကြီးက နှစ်ချိုက်တာမို့ တောင်ပိုင်းက စစ်တလင်းကို ကိုယ်တော်တိုင်ကြွဖို့ ပြင်ဆင်ပါလေတော့တယ်။ စစ်ချီထွက်ရာမှာ တစ်လမ်းလုံး မင်းကြီးက ကိုယ်ရံတော်လေး ပေးလိုက်တဲ့ လူဦးခေါင်းခန့်ရှိသော အိတ်ရှုံ့ထုပ် လေးကို ကိုယ်နဲ့မကွာ စောင်ထားပါတယ်။
စစ်မြေပြင်မှာ စစ်ခင်းလိုက် နားလိုက် ပြန်တိုက်လိုက်နဲ့ တိုက်ပွဲဝင်ပြီး ၃ ရက်မြောက်နေ့မှာပဲ ရန်သူတွေ ကျရှုံးခါ တပ်ပြန်ဆုတ်သွားတာမို့ စစ်သည်တော်တွေ ပျော်ရွှင်စွာ အောင်ပွဲခံကြတာပေါ့။ ညမှောင်မှောင် လရောင်အောက်မှာ ရေကန်တစ်ခုဘေးနား မီးပုံတွေ ဖိုခါ ပျော်ပါးသောက်စား ကြတာပေါ့။ ရေကန်စပ်က ကျောက်ဖျာပေါ်မှာ ထိုင်ပြီးရှုစားနေတဲ့ မင်းကြီးက ကိုယ်ရံတော်ပေး လိုက်တဲ့ အထုပ်ကို သတိရပြီး လူအလစ်မှာ ဖွင့်ကြည့်လိုက်စဉ် အထုပ်ထဲမှ အလုံးကြီးရေထဲသို့ လိမ့်ကာ ကြသွားပါတော့တယ်။ မင်းကြီးပြာပြာသလဲ ဖြစ်သွားလေရဲ့။
ဒါကိုတွေ့လိုက်တဲ့ ဝန်မင်းက မင်းကြီးနား ကပ်ခါ
“ အရှင်မင်းကြီး ဘယ်လိုအရေးပါလိမ့် ဖျာ့ စစ်သည်တွေ ခေါ်ပေးရမလား ဖျာ့ “
“ မလိုဘူး ဒါဘယ်သူမှ သိလို့မရဘူး ဝန်မင်း ဒီတော့ ဝန်မင်းနဲ့ ကျွန်ုပ်ရေထဲ ဆင်းရှာမှ ဖြစ်မယ် “
“ ကောင်းပါပြီ ဖျာ့ “
ဒါနဲ့ ဝန်မင်းကလဲ စစ်သည်တော်တွေအား မင်းကြီး ကိုယ်လက်သန့်စင်တော်မူမည် ဖြစ်၍ မည်သူမျှ အနားမလာရန် မှာပြီး မင်းကြီးနဲ့အတူ ရေကန်ထဲ ဆင်းရှာကြပါတော့တယ်။ ဝန်မငိးက အလုံးကြီးသာ တွေ့လိုက်တာမို့ ခပ်လုံးလုံးအရာကို ရေထဲငုပ်ခါ စမ်းပါတော့တယ်။ မင်းကြီးကလဲ ရေထဲဆင်းပြီး ရှာပါတော့တယ်။
ထိုစဉ်မှာပဲ ဝန်မင်း ဦးခေါင်းအရွယ်ခန့် အလုံးတစ်လုံးကို လက်နဲ့စမ်းမိ တာမို့ ရေပေါ်ဘွားခနဲ တက်လိုက်ခါ
“ တွေ့ပြီ ဖျာ့ တွေ့ပြီ “
မင်းကြီးကလဲ အားရဝမ်းသာနဲ့
“ အပြင်မထုပ်နဲ့ ရေထဲမှာပဲ ကိုင်ထား ဝန်မင်း ကျုပ်လာပြီ “
ဝန်မင်းက ထိုအလုံးကို ရေငုံခါ ပြန်ကိုင်တုန်းမှာပဲ ဝန်မင်းရဲ့ ခေါင်းကို လာကိုင်တဲ့ လက်တစ်စုံကြောင့် လန့်သွားရဲ့။ ခနနေတော့ ဝန်မင်းရဲ့ နားရွက်ကို လက်နဲ့လာစမ်း တာကို ခံရပြန်တယ်။ မင်းကြီး အလုံးမှားနေပြီ ဆိုတာ သဘောပေါက်လိုက်တယ်။ ဒါနဲ့ရေပေါ်ပြန်တက် မလို ပြင်လိုက်တော့ မင်းကြီးက အတင်းဖိထားပြီး နားရွက်ကို မာကျောကျော အရာ တစ်ခုနဲ့ ထိုးခြင်းခံ လိုက်ရစဉ် ဝန်မင်း အလွန်အမင်း ထိပ်လန့်တုန်လှုပ်သွားခါ အားကုန်ရုန်း၍ ရေပေါ်ခေါင်းဖော်လိုက်ပြီး
“ ဟူး ဟူး မင်းကြီး နားပါ ဖျာ့ နားပါ “
မင်းကြီးကလဲ ရုတ်တရက် ရေပေါ်ပြန်ပေါ်လာခါ
“ မနားနိုင်ဘူး ဝန်မင်း ၃ ရက်ရှိပြီ ငတ်နေတာ ရေစိုလို့နဲ့တူတယ် ကြုံ့ပြီး တွန့်တောင် နေတယ် “
ထိုသို့ပြောခါ ဝန်မင်းအား ရေကန်ထဲ ဆွဲနှစ်ချလိုက်ပါတော့တယ်။ ဝန်းမင်းလဲ ရန်းရင်း ကန်ရင်းနဲ့
“ နားပါ ဖျာ့... နားပါ “
အော်ကာ ရေထဲ ပြန်မြုပ်သွားပါတော့တယ်။
ပြီလေပြီ။
ကျေးဇူးတင်ပါတယ်ခမျာ့
ကိုလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment