Sunday, November 20, 2016
အဆင်းမဲ့
အဆင်းမဲ့ - အပိုင်း (၁)
(၁) အနီးဆုံးနေရာက လူတွေက တစ်ခါတစ်ရံ အဝေးဆုံး ဝေးကွာနေတက် တာမျိုး ရှိပါ သလား။ ဒါဆို အဲ့လိုလူမျိုးက သူတို့ပဲ ဖြစ်ပါ လိမ့်မယ်။ သူတို့ ဆိုတာကတော့ •••••
" အငယ်ကောင်ရေ အဲ့ဒိကဆေးထားတဲ့ ဟင်းရွက်တွေ ယူခဲ့တော့ ယမင်း နင်ပန်းကန် တွေဆေးပြီးရင် ဒီဟင်းပွဲကို ကောင်တာမှာချ ပြီးရင် ဝက်သားတွေ ပါးပါးလှီး "
" ဟုတ် ကိုသစ် လာပြီ လာပြီ "
ဟုတ်တယ်သူ့နာမည် ရောင်ခြည်သစ် ပါ။ သူက ကိုယ်ပိုင် ထမင်းဆိုင်လေး ဖွင့်ထားပြီး အင်မတန် ရောင်းကောင်းသူ တစ်ဦးပေါ့။
ရောင်းကောင်းရတဲ့ အကြောင်းက လဲရှိရဲ့။ ရောင်ခြည်သစ် ဆိုတာ အလွန် လန်းသော ဘဲလေး တစ်ပွေ ဖြစ်ပြီး အသားအရေကော ရုပ်ကော သေချာ အချိုးကျအောင် ကစား ထားတဲ့ ဘော်ဒီပါမကျန် တအားမိုက်သော ဟင်းချက်လက်ရာလည်း အလွန်ကောင်းပါ သောကြောင့် စားသုံးသူအတော် များများက ဟင်းကိုကော လူကိုပါ သဘောကျကြသည်။
(၂) ချွေးတွေစို့နေပေမယ့် ဝင်းဝါစိုပြေတဲ့ သူ့ရဲ့ အသားအရည် တောင့်တင်းလှတဲ့ မာဆလ် တွေကြောင့် သူ့ကိုကြည့်ရတာ ပို၍ကြည့် ကောင်းနေ သလိုပင်။ တချို့ ခပ်ကဲကဲစော် လေးတွေဆို သူကိုယ်တိုင် ဟင်းထည့်ပေးမှ စားမည် ဆိုတာမျိုး မကြာခနကြုံရတက်၏။
" လာစမ်းပါကွာ မင်းကလဲ "
" ဟာ ငါဒီလို ဆိုင်စုတ်တွေ မစားတက်ဘူး ဆိုတာသိသားနဲ့ အိမ်နဲ့နီးတာတောင် တခါ မှ လှည့်မကြည့်ဘူး ကို့ဖာသာစားကြ "
" မင်း ကြွေသွားစေရမယ် လုံလုံ စိတ်ချ "
" စိတ်ကိုမဝင်စားတာ အဲ့လိုဟာတွေ "
ဟုတ်တယ် သူ့နာမည် လုမ္မနီ ။ မိဘမျိုးရိုး စဉ်ဆက် ချမ်းသာလာသူမို့ မာနကလဲ ကြီး တယ်။ ရုပ်ရည်ကလဲ မြင်လိုက်တာနဲ့ သူ့အ ခြေအနေ ကိုသိသာစေတဲ့ သန့်ပြန့်ချောမော နုဖတ်နေသူတစ်ဦးလေ။ ဂျီးများတက်သလို ဘာကိုမှ ဂရုမစိုက်ပဲ မထင်ရင်မထင်သလို ပြောတက်တဲ့သူပါ။ ဒါကလဲ ပေးလာတဲ့ အခြေ အနေ အရပ်ရပ်ကြောင့် ထင်ပါရဲ့။
(၃) ဆိုင်အဝင်ဝက ကြားလိုက်ရတဲ့ အသံက မောနေတဲ့ ရောင်ခြည်သစ် ရင်ကို ဖနောင့်နဲ့ စောင့်ကန်လိုက်သလို တင်းခနဲ ဖြစ်သွားတာ မို့ လှမ်းကြည့်လိုက်တော့ မျက်စိတွေပြာခနဲ ဖြစ်သွားရတယ်။ အပြင်က နေရောင်ကြောင့် မျက်ခုံးတွေကို ကွေးညွတ်ကြည့် လိုက်မိတဲ့ ခနမှာပဲ ရောင်ခြည်သစ် လက်ထဲက ဟင်း မွှေနေတဲ့ယောင်းမကြီး ဟင်းအိုးနှုတ်ခမ်းပေါ် အသာ ပြုတ်ကျသွား သလို ရင်ဘတ်ထဲမှာ လဲ ဟာခနဲဖြစ်သွားတယ်။
(၄) သိပ်ချစ်ဖို့ကောင်းတဲ့ စူပုတ်ပုတ် ဟန်ပန်မူရာတွေက သူ့ကို အံ့ သြမှင်သက်မိစေရဲ့။
ဒါပေမယ့်ပြော နေတဲ့ စကားလုံးတွေက သူ့ ရဲ့ ဖူးစိုနီရဲနေတဲ့ နှုပ်ခမ်းလေးတွေနဲ့ ပင်မ လိုက်ပေ။ ရင်ထဲမှာ တင်းခနဲဖြစ်သွားပေမယ့် ကို့စားသုံးသူမို့ ဘာမှမပြောဖြစ်ပေ။ ဒါပေမဲ့ ရင်ထဲမှာတော့ ရင်ခုန်သံတွေကော ခံပြင်းမှု တွေပါ ညံလို့ပေါ့။
ဆိုင်လေးက သပ်ရပ်သန့်ရှင်းနေတာတော့ အမှန်ပေ။ သူငယ်ချင်းတွေ အရမ်းကို ကြွေ ပါတယ် ဆိုတဲ့ ဆိုင်ရှင် စားဖိုမှုးကို သေချာ ကြည့်မိမှ တကယ်ကို ဆွဲဆောင်မှုအပြည့်နဲ့ ယောက်ျားပီသသူ တစ်ယောက် ဖြစ်နေတာ လုံလုံ မငြင်းသာတော့ပါ။
" ကဲ ဘာပြောချင်သေးလဲ လုံလုံ "
" ငါ အံ့သြနေတာ ဒီဆိုင်က ငါ့အိမ်ဘေးမှာ ဖွင့်ထားပြီး ဒီကိစ္စတွေ ငါခုမှ သိရတာကို "
" ဒါပေါ့ မင်းက ဒီလိုဆိုင်မျိုးမှ မထိုင်တာ "
" လူစည်တာတော့ သိတယ် ဈေးသက်သာ လို့စားကြတယ်ပဲ ထင်တာကွ "
(၅) " ကဲမင်းကျွေးဖို့အဖြေက လုံလောက်ပြီ "
" ဟားဟား စားကွာ တပတ်တိတိ ဟားး "
ထမင်းစားပြီးတော့ အားလုံးပြန်မယ် လုပ်တဲ့ ထိ လုံလုံ မပြန်ချင်သေး ဒါပေမယ့် ဟန်လုပ် ခါပြန်ခဲ့ရတယ်။ စိတ်တွေကတော့ ဆိုင်လေး ထဲမှာ ကျန်ခဲ့ပြီပေါ့။
ဒီနေ့ ဒရိုင်ဘာ နောက်ကျနေလို့ မေမေ့ကို ဈေးလိုက်ပို့ရင်းက ဈေးထိပ်မှာ ကားထိုးခါ
(၆)ကားဘေးမှာ မတ်တပ်ရပ်ပြီးစောင့်နေစဉ်
" ဘုတ် အင့် ဟာ စောတီး "
ချိုင်းပြတ်ဝတ်ထားတဲ့ လုံလုံရဲ့ လက်မောင်း တစ်ခုလုံး တိုက်မိသူရဲ့ခြွေးတွေနဲ့ ရွှဲလို့ စိတ် တိုသွားခါ ကြည့်မိတော့မှ ရောင်ခြည်သစ်
" စောတီးပါဗျာ ကျနော် မတော်တစ ... "
သူ့စကားပင် မဆုံးသေး လုံလုံ ကားထဲဝင် လိုက်ခါ တံခါးကို စောင့်ပိတ်ချ လိုက်ပါတော့ တယ်။
" တောင်းပန်တာတောင် ဒါလေးကို ဒိလိုဖြစ် နေလဲနေဟေ့ ကိုကြီးကျယ်ရေ့ "
ပြောပြီး ရောင်ခြည် ထွက်လာပါတော့တယ်။
လုံလုံ ရင်တွေတအားခုန်ပြီး လက်မောင်းမှာ ကပ်ပီးပါလာတဲ့ သူ့ခြွေးလေးတွေကို အသာ ပွတ်ခါ အားရပါးရ နမ်းမိတယ်။ မွှေးနေပါရဲ့ လို့ပြောရင် လုံလုံ လွန်သွားမလား။ ခုနကား ထဲအမြန်ဝင်လိုက်တာ ခြွေးလေးတွေခြောက် သွားမှာစိုးလို့ပါ ပျော်လိုက်တာဗျာ။
ခများကို အရမ်းချစ်တယ် ကိုလူချောကြီးရယ် ကျနော် ရူးတော့မယ်ဗျာ 💚💜💛❤️💖
အဆင်းမဲ့ - အပိုင်း (၂)
(၁) ဈေးကပြန်လာပြီး ဆိုင်ရောက်တဲ့ အထိ တစ်လမ်းလုံး ပွစိပွစိ လုပ်ခါ မကျေမနပ်ဖြစ် ခဲ့ရတာက ရောင်ခြည်သစ်ပါ။ ကြည့်ဦး သူ့ ကိုဆို လူအတော်များများက စိတ်ဝင်စားကြ ပါလျက်နဲ့ ဒီကောင်လေး တစ်ယောက်သာ အရမ်းကို အဖြစ်သည်းနေတာလေ။ လူကို မတူသလို မတန်သလိုနဲ့ အသည်းတွေယား တာမှပြောမနေနဲ့။
" တောက် သောက်ခလေးလေး ဟွန်း "
" ဒီတစ်ခါဆို နာပြီသာမှတ်တော့ "
(၂) ဒီနေ့တော့ လုံလုံ သူ့ကိုတွေ့ချင်တာမ နေနိုင်တော့ တာမို့ ထမင်းဆိုင်လေးကို သူ တစ်ယောက်ထဲ လမ်းလျှောက်ထွက် ခဲ့မိရဲ့။ လုံလုံတို့ ခြံနဲ့က ၃ ခြံလောက်ပဲ ကွာတာမို့ ကားမယူခဲ့တာပါ။
ဆိုင်ထဲရောက်တော့ ဟင်းတွေချက်နေ တဲ့ ရောင်ခြည့်ကို တွေ့ရတယ်။ စွပ်ကျယ် ချိုင်းပြတ်နဲ့ ခြွေးတလုံးလုံးနဲ့ တကယ့်ရုပ်ကြွ ပန်းပုကြီးလို အသည်းယားစရာပါပဲ။ လုံလုံ ခပ်တည်တည်နဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက် တော့ ဆိုင်က ကောင်လေး တစ်ဦး လုံလုံ့စီ လာနေစဉ် မှာပဲ သူ့အသံကို ကြားရတယ်။
" အငယ်ကောင် ပန်းကန်တွေ ယူခဲ့ဦး အဲဒိကို အကိုသွားလိုက်မယ် "
" ဟုတ်ကဲ့ ကိုသစ် "
ကောင်လေးပြန်ထွက်သွားတော့ သူ လုံလုံ့ နားကိုရောက်လာပြီး
" ဘာစားမလဲ ညီလေး "
" ဟို ဘာမှ မစားဘူး "
ရောင်ခြည် မျက်မှောင်ကျုတ်လိုက်ခါ
(၃) "ထမင်းဆိုင် လာပြီးဘာမှ မစားဘူးဆို ရင် အအေး သောက်မလို့လား သံဘူးတွေပဲရှိ တယ် ညီလေး Juice တော့မရှိဘူး "
" ဟာ မသောက်ချင်ပါဘူး "
" ဟင် အဲ့တာဆို ဘာချပေးရမလဲ ရေအေး အေးလေးပဲ သောက်မှာလား "
" ရတယ်ရတယ် အကုန်ချလိုက် အဆင်ပြေ တဲ့ဟာ "
တကယ်ဆို ဘာမှာရမှန်း မသိတာထက်ကို ရောင်ခြည်ကိုယ်တိုင် မေးလာတာမို့ လုံလုံ မလုံမလဲဖြစ်ကာ အမှားမှား အယွင်းယွင်း။
" အိုခေ ခနနော် "
ရောင်ခြည်ပြန်ထွက်သွားမှ လုံလုံ အသက်ကိုဝအောင် ရှုနိုင်တော့တယ်။ စိတ်လှုပ်ရှုား ရင်တွေ ခုန်လိုက်တာ ဆိုတာ ပြောမနေနဲ့။ ခနနေတော့ ရောင်ခြည်ပြန် ရောက်လာပြီး ရေအေးလေး တစ်ခွက်ချပေးပါတယ်။
" ဟင်းက စားချင်တာဟိုမှာ ရွေးလို့ရတယ် တခြားလိုတာရှိရင် လှမ်းခေါ် လိုက်ပါ "
လုံလုံခေါင်းလေးငြိမ့်ပြ လိုက်ပါတယ်။
(၄) ဆိုင်ကလူလဲ ကျလာတာမို့ ရောင်ခြည်လဲ အလုပ်ရှုတ်နေတာနဲ့ လုံလုံ့ကို မကြည့်မိပေ လူတွေရှင်းသွားမှ သတိထားမိတော့ လုံလုံ ဒိတိုင်း ထိုင်နေတုန်း
" အော် ညီလေး သူငယ်ချင်းကို စောင့်နေ တာထင်တယ် အေးဆေးထိုင်နော် "
" ဟုတ်ဘူး ပိုက်ဆံရှင်းမလို့ အကိုအားတဲ့ထိစောင့်နေတာ "
" ဟာ ဒါများ ခေါ်လိုက်တာ မဟုတ်ဘူး ပြီး တော့ ညီလေးက ရေတစ်ခွက်ပဲ သောက် တာဆိုတော့ ပေးစရာ မလိုဘူးလေ "
" Tabel Charge လေ "
ရောင်ခြည်ပြုံးလိုက်ခါ
" ရပါတယ် အကို့ဆိုင်က မမေးရပါဘူး "
" အော် ဟုတ် အ့တာဆို ပြန်တော့မယ်ဗျ "
လုံလုံ ထိုင်ရကအထ ခုံနဲ့ခြေထောက်ချိတ်မိပြီး ခွေခနဲအလဲမှာ ထိန်းပေးထားတဲ့ သူ့ရဲ့ ရင်ခွင်ထဲ ပွေ့ဖက်မိရက်သား
" ရရဲ့လား ညီလေး ဘာဖြစ်သွားသေးလဲ "
(၅) " အား စောတီး အကို စောတီး "
" အကိုကပြောရမှာပါ မင်းမှာကို့ခြွေးတွေပေ ကုန်ပြန်ပီလေ တစ်ရှုးနဲ့ သုတ်လိုက် "
" ရပါတယ်ဗျာ မွှေးနေတာပဲ ကျနော်အရမ်း ကြိုက်တယ် အဲ့ဒိခြွေးနံလေးကို "
ပြောလဲပြော လုံလုံ ဆိုင်ထဲကနေ ခပ်သုပ် သုပ် ထွက်သွားပါတော့တယ်။
" ဟောဗျာ အမျိုးမျိုးပဲ "
ပြောသာပြောလိုက်တာ ရောင်ခြည့် မျက်နှာ ကြီးက ပြုံးနေတာမှ အားရပါးရ။ သိပ်ချစ်ဖို့ ကောင်းတဲ့ ချစ်သူလေးတစ်ယောက်ကို သူရ တော့မယ် ထင်ပါရဲ့လေ။
တကယ်တမ်း ရောင်ခြည်မျှော်လင့် သလို လုမ္မနီ နဲ့ ရောင်ခြည် ချစ်သူတွေ ဖြစ်ခဲ့ကြပါ တယ်။ လုမ္မနီက ကျောင်းအားတာနဲ့ သူ့ဆိုင် လာနေတက်တယ်လေ။
" ကိုရီး ညမလေးကို အဲ့ဟင်းလေးထဲ့ပေး "
ဖောက်သည်ကောင်မလေးရဲ့ ခပ်ချွဲချွဲအသံ ကြောင့် မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လုံလုံ ကို သူလှမ်းကြည့်မိတော့ မျက်နှာကို မဲ့ပြရဲ့။
(၆) ရောင်ခြည် ပြုံးလိုက်ပြီး အလုပ်ဆက်လုပ်မိ ပါတယ်။ ဒီလိုပဲ တနေကုန် သဝန်ထိုင်တို နေတဲ့ ခလေးလေ။ အဲ့ဒါကိုပဲ ရောင်ခြည် က ချစ်နေတာ တအား။
ဆိုင်သိမ်းတာနဲ့
" ကိုကို မုန့်သွားစားမယ် လိုက်ပို့ "
" ခလေးကလဲ ကိုတနေကုန် ပင်ပန်းနေပြီ နောက်နေ့မှ သွားကွာနော် လိမ္မာတယ် "
" ဟာ မရဘူး မရဘူးကွာ ကိုကိုက ခလေးဆို ဘယ်တော့မှ အလိုမလိုက်ဘူး "
ချက်ခြင်း မျက်နှာကိုရှုံ့မဲ့ခါ နှုပ်ခမ်းစူထားတဲ့ လုံလုံ့ကိုကြည့်ခါ ရောင်ခြည် ရီလိုက်ပြီး
" ကဲကို လေ့ကျင့်ခန်းလုပ်ပြီး ရေမျုးချိုးပြီး တာနဲ့ လိုက်ပို့ပါ့ခမျာ့ လူဆိုးလေးနော် "
" ဟားဟား သိတယ်လေ ကိုကိုက ခလေး ကို ဒီလိုဒီလို ချစ်တာသိလို့ ထထ လုပ် "
တနေကုန် ပင်ပန်းပေမယ့် ချစ်သူ့အလိုကြ လိုက်လျှောရပြန်တယ်။ ချစ်တာကိုး။
ပျော်ရွှင်စရာ ချစ်သူဘဝ ကအရမ်းကို ကျေ နပ်ကြည်နူး ပီတိဖြစ်စရာတွေ အပြည့်ပေါ့။
(၇) " မရဘူး ကိုကိုရာ နောက်ခါ အဲဒိလိုဟာ တွေလာရင် မရောင်းနဲ့ မသိချင်ဟန်ဆောင် နေလိုက် ဒါမှ မဟုတ် အငယ်ကောင်ကိုပဲ ရောင်းခိုင်းလိုက် သက်သက်လိုက်ပြီး နှာဘူး ထနေကြတာ ကြည့်လို့ကို မရဘူး "
" မရဘူးလေ ခလေးရယ် ဒါကအလုပ်လေ ဘယ်တက်နိုင် ပါ့မလဲ ဒီလိုပဲ သည်းခံရတာ ပေါ့ ကို့ကို နားလည်ပေးပါကွာ နော် "
" ဟာ ကိုကိုကလဲ ကို့ချစ်သူကို တမင်လာ ကြောင်နေတာ သိရဲ့သားနဲ့ ခလေးကဘယ် လိုလုပ် သည်းခံနိုင်မှာလဲ ခလေးဘက်ကိုလဲ ပြန်ကြည့်ပေးဦး စိတ်ညစ်တယ် ဒီဆိုင်ကိုလဲ ပိတ်ပါဆိုတာ မပိတ်နိုင်ဘူး တကယ်ပဲ "
" ဟ့ ဒါတော့ဘယ် ဖြစ်မလဲ ခလေးရ ကိုမနဲ ကျိုးစားခဲ့လို့ ဒီအခြေအနေထိ တိုးတက်နေ ပြီးသားကို မပိတ်နိုင်ပါဘူး "
ဟုတ်တယ်လေ ဒီဆိုင်ကိုတော့ မပိတ်နိုင် ပါဘူး။ ဝါသနာလဲ ပါသလို စီးပွားလဲပါလို့။ တ ခါ တလေတော့လဲ ခလေးကြောင့် သူစိတ် အရမ်း ညစ်ရတယ် ဆိုတာ မငြင်းသာပေ။
(၈) " ဘယ်ပိတ်နိုင်မလဲ ကိုကို ကိုယ်တိုင်က အဲ့လို ဟာတွေနဲ့ ကြည်နူးပီတိ ဖြစ်နေတာ ခလေးသိတယ် အထီးအမမရွေး ပီတိဖြစ်ပြီး သာယာနေတာ သိတယ် "
" မင်းလျှောက်မပြောနဲ့နော် "
" ပြောတယ်လေ ဒီရုပ်ဒီခန္ဓာကိုယ်နဲ့ ဈေး ရောင်းတာနဲနဲ ဖျားယောင်းတာ များများ "
" ဘာကွ ဖြောင်း ဝုန်း "
စိတ်က ထောင်းခနဲ ဒေါသအဖြစ်မှာ သူ့ရဲ့ လက်ပြန်ရိုက်ချက်က လုံလုံခွေခနဲ လဲကျလို့ သွားစေခဲ့ပါတယ်။ ရိုက်ချလိုက်ပြီးမှ
" စောတီးကွာ ခလေး လာ "
" ဖယ် မကိုင်နဲ့လုမ္မနီ ဆိုတာ မွေးလာထဲက ဘယ်သူမှ လက်ဖျားနဲ့တောင် ထိဖူးခဲ့တာ မဟုတိဘူး ခများ ကို မုန်းတယ် ဟင့်အီး "
ကုန်းထပြီး စိတ်နာစွာပြောလာတဲ့ လုမ္မနီ ပါးစပ်ကို အသာပွတ်သုက်လိုက်တော့ သွေး တချို့ပေလို့ နေပါတယ်။ ပြီးတော့မှ ဆိုင်ထဲ ကနေ ထွက်ပြေးမယ် လုပ်နေတုန်း အတင်း ပဲ ရောင်ခြည် လိုက်ဆွဲပါတော့တယ်။
(၉) " ဖယ် ဖယ် မကိုင်နဲ့ ခများ အချစ်နဲ့ လုံး ဝမထိုက်တန်တဲ့သူ ခများကို ခနတာ မျက်စိ အစာလာကျွေးတဲ့ ဟာတွေနဲ့ပဲ ပျော်နေပါ ဒိနေ့က ခများနဲ့ ကျနော်နဲ့ နောင်ဆုံးပဲ "
" လျှေက်မပြောနဲ့ လာစမ်းပါ ခလေးရာ "
ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်မှာစိုးလို့ ရောင်ခြည်အသံကို နှိမ့်ခါ ပြောရင်း လိုက်ဆွဲ ပေမယ့် လုမ္မနီ လှဲ့၍ပင် မကြည့်တော့ပေ။
" တောက်ခ် ပြသနာပဲကွာ ဟူး "
အဆင်းမဲ့ - အပိုင်း(၃)
(၁) တစ်ရက်ကနေ ၂ ရက်၊ ၂ ရက်ကနေ ၃ ရက် မြောက်လာတဲ့နေ့ထိ လုမ္မနီ ဆိုင်ကိုလုံးဝ ရောက်မလာတော့ သူဘယ်လိုမှနေ လို့မရတော့ပေ။ ဖုန်းဆက်တော့လဲ မရပေ။ လုံလုံရယ် ရက်စက်လိုက်တာကွာ။ အလုပ် ထဲမှာလဲ စိတ်မပါတော့ ဆိုင်လာတဲ့ ဖောက် သည်တွေကတောင် သတိထားမိတဲ့ အထိ။
🎶🎶 အိပ်မပျော်ဘူး မင်းစကားတွေ ပြန်
ကြားနေတယ် 😢😢 ပုံပြင်လိုပဲ အခုထက်ထိ ငါမယုံနိုင်ခဲ့ သုံးမရလို့ လွှတ်ချထားခဲ့ သလား လို့ ငါမေးလိုက်ချင်တယ် 🎶🎶
" အားးးးးးးးး "
နားကိုပိတ်ခါ စိတ်ထဲကနေ ကုန်းအော်ပစ်မိ တယ်။ မခံစားနိုင်တော့ဘူး လုမ္မနီရာ။
၅ ရက်မြောက်နေ့မနက် ပိုင်းမှာ လုမ္မနီ တို့ခြံ ရှေ့ကို သူရောက်ခဲ့ပါတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ ဘဲလ်လေးတီး လိုက်တယ်။ ရင် ဘတ်တွေထဲမှာ ဗလောင်ဆူ နေပြီ။ ဘယ်လို တုန့်ပြန်မှုတွေ သူရင်ဆိုင် ရမှာလဲလို့လေ။
(၂) ခနနေတော့ ခြံစောင်ထင်တယ် ထွက် လာပြီး ဘာကိစ္စရှိလို့လဲ မေးပါတယ်။
" ကျနော် လုမ္မနီရဲ့ သူငယ်ချင်းပါ သူနဲ့တွေ့ ချင်လို့ပါခမျ "
" နာမည်လေး တစ်ချက်ပြောပြလို့ရမလား "
သူမျက်မှောင်ကျုတ်လိုက်ပြီးမှ
" ကျနော် ရောင်ခြည်သစ်ပါ သူသိပါတယ် "
" အော် ဟုတ်ကဲ့ မှာထားပါတယ် ဒီနာမည် နဲ့လာမေးရင် ကိုလေးက မတွေ့နိုင်ပါဘူး လို့ ပြောလိုက်ပါတဲ့ "
ပါးစပ်ကပင် ရောင်ယမ်းကာ ဟာခနဲ ဖြစ်လို့ သွားမိပါတော့တယ်။ ခြံစောင်လူကြီးကလှဲ့ ထွက်မယ် ပြင်နေတာမို့
" ခနလေးဦးလေး သူ့ကိုပြောပေးပါ ကျနော် သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လာတွေ့ပါမယ့် လို့ ပြောပေးပါ ခမျာ့ "
" ပြောလိုက်ပါ့မယ် "
ခြံစောင့်ကြီး ထွက်သွားတော့ ရောင်ခြည် ခြံ တံခါးကိုကိုင်ခါ ခေါင်းငိုက်စိုက် ချထားလိုက်မိပါတော့တယ်။
(၃) လုမ္မနီ မင်းဒိလောက်ထိ မ ရက်စက်သင့်ပါဘူးကွာ။ စိတ်ချ မင်းစီငါ မရ ရအောင် လာခဲ့မယ်။ ည ၁၁ နာရီထိုးတာနဲ့ ရောင်ခြည် ဆိုင်ကနေ ထွက်လာပြီး လုမ္မနီတို့ ဘေးက လူမနေတဲ့ ခြံထဲကို ကျော်ပြီးဝင်ခဲ့ပါတော့ရဲ့။ အဲဒိခြံထဲကနေ တစ်ဆင့် ပိတောက်ပင်ကြီး ပေါ်တက်ပါတော့တယ်။ အဲဒိကနေ တစ်ဆင့် လုမ္မနီ တို့ခြံထဲ ခုန်ဆင်းလိုက်တယ်။ အခြေ အနေကို နေ့ခင်းထဲကြိုတင် ကြည့်ပြီးသား။
လုမ္မနီနေတဲ့ အပေါ်ထပ်မှ အခန်းကို သူ အိမ်နံရံကို တွယ်တက်ခါ တက်လာခဲ့ ပါပြီ။ အပေါ်ထပ်ရောက်တော့ လူတစ်ယောက်မှ ရှိမနေတာမို့ ယခင်ထဲက ပြောပြဖူးတဲ့ လုံ နေတဲ့ အခန်းရှေ့ကို သူရောက်လာခဲ့ပါပြီ။
တံခါးကို အသာလေး တွန်းကြည့်တော့ စေ့ ထားတာတွေ့တာမို့ တွန်းဖွင့်လိုက်တာနဲ့
" ဟာ "
ကုတင်ပေါ်မှာ ပက်လက်လေး အိပ်နေတဲ့ လုမ္မနီ။ လက်မှာလဲ ဆေးပုလင်းတန်းလန်းနဲ့
(၄) သူ လုံလေး တိုးခါနားသွား လိုက်ပြီးသေချာ ကြည့်မိတော့ အလွန်ဖြော့တော့ နေတဲ့ ချစ်သူ့မျက်နှာကသူ့ရင်ကို နာကြင်စေပါရဲ့။
" လုံလေးရယ် ဘယ်လိုဖြစ်ရတာလဲကွာ "
ရောင်ခြည် လုံလေးရဲ့ လက်လေးကို ကိုင်မိ လိုက်စဉ်မှာပဲ လုံလေး မျက်စိ အသာလေး ပွင့်လာပြီး လက်ကိုရုတ်ခါ အတင်းရုန်းနေပေ မယ့် အင်အားချည့်နဲ့နေတာ သိသာလှရဲ့။
" ကို တောင်းပန်ပါတယ်ကွာ ကိုကို့ကို ခွင့် လွှတ်ပါနော် "
" ဖယ် ခများ ဘယ်လိုလုပ် ဒီအခန်းထိ ဝင် လာတာလဲ ကျနော် အော် လိုက်ရမလား "
" အော်ပါ မကျေနပ်လို့ ဝိုင်းရိုက်လဲ သေပေ့ စေ ကိုကျေနပ်တယ် ခလေး ခုဘယ်လိုဖြစ်ရ တာလဲဘာလို့ ဒီရက်ပိုင်းလေးမှာ ဒီလောက် တောင် ဖြစ်သွားရတာလဲ "
လုမ္မနီ နှုတ်ခမ်းတစ်ဖက်ကို မဲ့လိုက်ခါ စီးကျ လာတဲ့ မျက်ရည်တွေကို သုပ်လိုက်ရင်း က ရောင်ခြည့်ကို စိုက်ကြည့်ခါ
" ခများပေးတဲ့ ဒဏ်ရာတွေပေါ့ဗျာ ဟက် "
(၅) " ဘာ ဒီကောင်လား ဒီကောင်ကြောင့် ခုလို ဖြစ်တာ ဟုတ်လား ကိုကြီး ကိုကြီး ဒီကိုလာ ခဲ့ အမြန်လာ ဟေ့ကောင် မင်းအဲ့မှာနေ မထ နဲ့ ပြောစမ်း သားထွေး မင်းပါးကို ရိုက်လွှတ် လိုက်တာ ဒီကောင်လား ဟမ် "
အခန်းဝမှ ဒေါသတစ်ကြီး အသံကြောင့် သူ ရော လုမ္မနီပါ လန့်သွားပါတော့တယ်။
" ဟာ မဟုတ်ဘူး မဟုတ်ဘူး ကိုလတ် သူသူက ညီ့ အသိပါ သူကြောင့်မဟုတ်ဘူး "
လုမ္မနီ အိပ်ယာထက်ကနေ ကုန်းထခါ ငြင်း လိုက်သလို ရောင်ခြည်လဲ ရုတ်တရက်မို့ လုံ့ ကုတင်ပေါ် တက်ထိုင်လိုက်မိစဉ်မှာပဲ လုမ္မနီ ရဲ့ အကိုလတ်က အနားကိုရောက်လာသလို ကိုကြီး ဆိုသူပါ အခန်းဝရောက်လာပါတယ်။
" ကိုလတ် မဟုတ်ဘူးနော် မလုပ်နဲ့နော် "
" တိတ်စမ်း သားထွေး ဟေ့ကောင်ပြောစမ်း မင်း ငါ့ခလေးပါးကို ရိုက်တဲ့ကောင် မဟုတ် လား ဟမ် ဟေ့ကောင် ပြောစမ်းကွာ "
ရောင်ခြည် အရမ်းထိပ်လန့်နေတဲ့ လုံလုံ ရဲ့မျက်နှာလေးကို တစ်ချက်ကြည့်လိုက်ခါ
(၆)မျက်လုံးတွေကို မှိတ်ပြီး ခေါင်းညိမ့်ချလိုက် တာနဲ့ မျက်နှာပေါ်ပူခနဲ ကျလာတဲ့ လက်သီး ဒဏ်ကိုစခံ လိုက်ရပါတော့တယ်။
" ကိုလတ် မလုပ်နဲ့ ကိုကြီး တော်ပါတော့ အား မလုပ်ကြပါနဲ့ ဝုန်း အ့ "
သူ့မျက်နှာတွေ ကျောတွေ ဗိုက်တွေမှာ လက်သီးချက်တွေ မရပ်မနားကြ နေတာကို သူအံကျိတ်ခါ ခံနေစဉ်မှာပဲ
" ဟာ သားထွေး သားထွေး "
၂ ယောက်စလုံး လုံလုံ့ဖက်လှဲ့သွားတာမို့ ပါးစပ်ထဲ ကစိမ့်ထွက်နေတဲ့ သွေးတွေကို ထွေးထုတ်လိုက်ခါ မျက်ခုံးမှစီးကျနေတဲ့သွေး တွေကို လက်ဖျံနဲ့ပွတ်ခါ လှမ်းကြည့်လိုက် တော့ လုမ္မနီ ကုတင်ဘေးမှာ ခွေခွေလေး
" အိမ်ကဟာတွေ သေကုန်ကြပြီလားးးး
အမြန်လာကြစမ်း တောက် ငါကွာ "
" ဟေ့ကောင် မင်းအဲဒိမှာပဲနေ ငါတို့ခလေး တစ်ခုခု ဖြစ်ရင် မင်းကိုအသေသတ်မယ် "
" ကိုလတ် ဒေါက်တာမခေါ်နဲ့တော့ ဆေးရုံ ပြေးမှရမယ် "
(၇) အဲဒိချိန်မှာပဲ အလုပ်သမားတွေ ရောက်လာ ပါတော့တယ်။ လုမ္မနီ့ကို ကိုလတ်က မခါ ဆင်းပြေးသွားတော့ ကိုကြီးက သူ့ကို
" ခများတို့ ဒီကောင့်ကို ကြည့်ထား ဘယ်မှ မသွားစေနဲ့ ပြေးရင် အသေသာရိုက်သတ် ကျုပ်ရှင်းမယ် ကြားးလားး "
" ဟုတ်ကဲ့ ကိုကြီး "
ဒဏ်ရာတွေ ကတဆစ်ဆစ်နာတာထက် သူ စိတ်ပူနေတာ လုမ္မနီ့ကိုပါပဲ။
ကိုကြီး ဆင်းခါ သွားတော့ လူ၃ယောက် သူ့ကို စောင့်ပြီးနေ ခဲ့ပါတယ်။ ဟင့်အင်းသူ လုမ္မနီ့ကို စိတ်မချ ဘူး။
(၈) အခြေအနေကို ကြည့်တော့ သူတက်ခဲ့ တဲ့ ဝရံတာဖက်ကို စောင့်နေတဲ့သူ မရှိတာမို့ သူရုတ်တရက် ထထွက်ပြေးခါ ဝရံတာမှ ခုန် ချလိုက်ပါတော့တယ်။ ခြံဝမှ ထွက်သွားတဲ့ ကားလေးကို ဖျတ်ခနဲ မြင်လိုက်ရတာမို့ သူ အမြန်ပြေးလိုက်ရန် ကုန်းထလိုက်စဉ်မှာပဲ လက်တဖက်က ထိုးကိုက်လာတာမို့ ကျန် တစ်ဖက်နဲ့ထိန်းကိုင်ခါ ထပြေးလာခဲ့ပါ တော့ တယ်။ ဝရံတာပေါ်က ခုန်ချတုန်းက သတိနဲ့ ခုန်ချလိုက်ပေမယ့် လက်ထောက်လိုက်မိလို့ လက်ကျိုးပြီ ထင်ပါရဲ့။
ရောင်ခြည် ခြံဝရောက်ချိန်မှာပဲ အလုပ်သမား တွေ အိမ်ရှေ့ရောက်လာပါတော့ရဲ့။
ရောင်ခြည် ခြေကုန်စုတ်ပြေးခါ သူ့ဆိုင်ထဲ ဝင်ပုန်းနေလိုက် ပါတော့တယ်။
ဟိုလူတွေ မကျေမချမ်းနဲ့ ဆိုင်တံခါးခေါက်ခါ မေးတော့ အသင့်ရှိနေတဲ့ ဆိုင်ကလူတွေ ဝိုင်းလိမ်ပေး လိုက်တာမို့ မကျေမနပ်နဲ့ ပြန် ထွက်သွားကြပါတော့တယ်။
(၉) " အငယ်ကောင် ကားထုတ်စမ်း အမြန် "
" ကိုသစ် လက်ကဘာဖြစ်တာလဲရရဲ့လား "
" မရှည်နဲ့အမြန်သွား "
ကားထွက်လာတာနဲ့ သူတက်ထိုင်လိုက်ခါ
" ရန်ကုန်ဆေးရုံကြီးကို အမြန်မောင်း "
" ဟုတ်ကဲ့ "
လုမ္မနီ မင်းဘာမှ မဖြစ်ရဘူးနော်။ ကိုလာနေ ပြီ။ မင်းကို ကို အရမ်းချစ်ပါတယ်ကွာ 😞😞
အဆင်းမဲ့ - အပိုင်း(၄)
(၁) ရန်ကုန်ဆေးရုံကြီးရောက်တာနဲ့ အရေး ပေါ်လူနာဌာနကို အပြေးအလွှားသွားကာ စုံ စမ်းကြည့်တော့ လုမ္မနီ ဒီက်ုရောက်လာပြီးသူ တက်နေတဲ့ အခန်းနံပါတ်ပါ သိလိုက်ရတာမို့ ရောင်ခြည် အပြေးအလွှား လိုက်ရှာပါတော့ တယ်။ နောက်က အငယ်ကောင်ကလဲ ဘာ မှန်းမသိ လိုက်လာခဲ့တယ်လေ။
လုမ္မနီ့အခန်းကို တွေ့တော့ အခန်းထဲ မှာခုထိ သတိလစ်နေတဲ့ လုမ္မနီနဲ့ သူ့အကို ၂ ယောက်အပြင် ဆရာဝန်တွေကော သူနာ ပြုဆရာမတွေပါ အလုပ်ရှုတ်နေတာ တွေ့ရ တာမို့ သူအပြင်ကနေ လုံလုံ့ မျက်နှာလေးကို ချောင်းကြည့်ရင်း မျက်ရည်တွေ ကြလို့ လာပါတော့တယ်။
" ကို့ကြောင့်ပါ ခလေးရယ် ကို့ကြောင့်ပါ "
" လူနာက နှလုံးအရမ်း အားနည်းနေတယ် အတော်လေး ဂရုစိုက်မှရမယ် ဒီတိုင်းဆိုရင် မလွယ်လောက်ဖူးဗျ "
" ဟုတ်ပါတယ် ဆရာရယ် ကျနော်တို့သိပါ တယ် ဂရုလဲ စိုက်ပါတယ်ဗျာ "
(၂) " ငယ်ငယ်ထဲက မွေးရာပါမို့ အားလုံးက အလိုလိုက် ဂရုတစိုက် စောင့်ရှောက် ခဲ့ကြပါ တယ် အခုဟာက တောက် ဟိုကောင် "
အထဲက အချိတင်ကဲ အသံက ရောင်ခြည့် ရင်ကို နာကျင်စေပြန်တယ်။
" ကိုသစ်ဒဏ်ရာ အရင်သွားပြရအောင်ဗျာ "
အငယ်ကောင် အတင်းခေါ်မှ သူထိုအခန်းမှ ထထွက်လာခဲ့ပါတော့တယ်။
(၃) သူ့လက်ကိုသွား ပြတော့ အရိုးကျိုးသွား တာလို့ပြောကာ ဓါတ်မှန်ရိုက် စစ်ဆေးပြီးမှ ကျောက်ပတ်တီး ကိုင်ပေး လိုက်ပါတယ်။ အခုမှရောင်ခြည် သတိထားမိတယ်။ သူ့ရဲ့ လက်က ညာလက်ဖြစ်နေတာလေ သွားပါပြီ သူဆိုင် အကြာကြီးပိတ် ရတော့မယ် ထင်ရဲ့။ အဲဒါထက်အရေးကြီးတာက လုမ္မနီ။
သူ့ကိစ္စတွေ ပြီးတာနဲ့ သူ လုမ္မနီ့ စီပြေး၍ လာခဲ့စဉ် လုမ္မနီတို့ အဆောင်နားလဲရောက် ရော ကိုကြီးနဲ့ တိုးပါတော့တယ်။
" ဟေ့ကောင် မင်း မင်း ဒီရောက်လာပြန်ပြီ "
သူ့ထိုးဖို့ပြေးဝင်လာတဲ့ ကိုကြီးရဲ့လက်သီး ကိုဒီတစ်ခါတော့ သူသတိနဲ့ရှောင်လိုက်ပါရဲ့။ နောက်ကရောက်လာတဲ့ အငယ်ကောင်က
" ဟေ့လူ ရပ်စမ်း ခများထပ်လုပ်ရင် ကျုပ် အဆိုးမဆိုနဲ့နော် သေသွားမယ် "
အငယ်ကောင်က အသက် ၁၉ နှစ်အရွယ် လူငယ် ခပ်တောင့်တောင့်လေး ဖြစ်ပြီးလက် ထဲမှာလဲ အုတ်နီခဲ ကိုင်ထားတာမို့ ကိုကြီး တောက်ခေါက်လိုက်ခါ
(၄) " မင်းငါ့ခလေးစီ ထပ်လာရဲလာကြည့် "
ပြောပြီးလှည့်ထွက် သွားပါတော့တယ်။ တစ် ကယ်ပဲ အဲဒိနေ့ကစပြီး လုမ္မနီကို မတွေ့ရ တော့ပေ။ စုံစမ်းလို့ရသလောက်တော့ ကျန်း မာရေး ကြောင့် အနားယူဖို့ နိုင်ငံခြားထွက် သွားတယ်တဲ့။ စိတ်လဲမပါတာကော လက်လဲ နာတာကြောင့် ရောင်ခြည်လဲဆိုင်ပိတ်ခါ လုမ္မနီ ပြန်လာမယ့်အချိန်ကိုသာ စောင့်မျှော် နေမိပါတော့တယ်။
(၅) 🎶 ခေါင်းအုံးထက်က မျက်ရည် 😭😭
သက်သေတွေ ပြချင်တယ် 💕💕 ကိုယ်ပိုင် အသည်းကိုတို့မှာ မပိုင်ဘူး အချစ်ရေ 💔💔
နားမှာတပ်ထားတဲ့ နားကြပ်ကို ဆတ်ခနဲဆွဲ ဖြုတ်ချလိုက်ပြီး မျက်နှာကို ထောင်ထားတဲ့ ဒူးနှစ်လုံးကြားကို ငုံချ လိုက်ပါတယ်။
ခလေးငိုနေရပြီ ကိုကိုရေ။ ကိုကို့ကို မုန်းပေမယ့် ခလေး ဟန်မဆောင်နိုင်အောင် ချစ်နေ တာ ကို့ကိုယ်ကို အသိဆုံးပါ။ အခုဆို ခလေး
သူများနိုင်ငံမှာ ဆေးကုအပန်းဖြေ ထွက်လာ ခဲ့ပေမယ့် ကိုကို့ကိုပဲ လွမ်းနေရတယ်။
ကိုကြီးနဲ့ ကိုလတ်ကလဲ လုံးဝအလွတ်မပေး အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေတယ်။ သူတို့ရဲ့ ဂရုစိုက်မှုတွေ ခလေး မွန်းကြပ်ရပါ တယ်။ ခလေး ကိုကို့နားကို အမြန်ဆုံး ပြန် လာခွင့်ရချင်ပါပြီ ကိုကိုရယ်။
နိုင်ငံခြားမှာ ၃ လခန့်ကြာပြီး မြန်မာနိုင်ငံကို ပြန်ရောက်တော့ ကိုကို့ဆိုင်လေး ပိတ်ထား တာတွေ့ရတော့ ခလေး စိတ်ပူမိပြန်တယ်။
ကိုကို ဘာတွေများ ဖြစ်လို့လဲလို့ပေါ့။
(၆) အိမ်ပြန်ရောက်တော့ ထမင်းချက် မိန်းမ ကြီးကို ကိုကို့အကြောင်း စုံစမ်းခိုင်းရပြန်ရဲ့။
" ဆိုင်ကလပိတ်ထားတာ ၃ လလောက်ရှိပြီ တဲ့ ကိုလေး အဲဒိလူကတော့ ရှိတယ်တဲ့ ဒါပေ မယ့် အရက်တွေပဲ နေ့တိုင်းသောက်နေတာ လို့ပြောကြတယ် "
လုမ္မနီ ရင်ဘတ်ကိုလက်နဲ့ ဖိထားမိတယ်။
ကြားရတဲ့ သတင်းတွေက မွှေးနေတာပဲကိုး။
အဲဒိနေ့ ညနေဖက်ပဲ လုမ္မနီ အကိုတွေ လစ် တာနဲ့ ရောင်ခြည်သစ်တို့ ဆိုင်ဖက်ကို ကူးခဲ့ ပါတော့တယ်။
" ဟာ ကိုလုမ္မနီ လာလာ ကိုသစ်ရှိတယ် "
အငယ်ကောင်က ဝမ်းသာအားရ ပြေးတွဲခါ ခေါ်တာမို့ လုံလုံခေါင်းကိုငြိမ့်ခါ ပြုံးပြပြီးသူနဲ့ အတူလိုက်ခဲ့ လိုက်ပါတယ်။
" ကိုသစ်ကို အရင်လိုပြန်ဖြစ်အောင် ကူညီပါ ဗျာ သူ ကိုလုမ္မနီ့ကို မျှော်နေရှာတာ "
ကိုကို့ အခန်းထဲရောက်တော့ အင်ကျီဗလာ ဘောင်းဘီတိုနဲ့ မူးခါ အိပ်ပျော်နေတာ တွေ့ ရတယ်။ ကြည့်ပါဦး ဖြစ်နေလိုက်တာ။
(၇) အချိန် ကဖြင့် ၆ နာရီပင်မထိုးသေး။
" ကိုသစ် ကိုသစ် ဒီမှာ ကိုလုမ္မနီ ပြန်လာပြီ "
လုံ တကယ်စိတ်မကောင်းဘူး ကိုကိုရယ် ခု ဘယ်လိုပုံစံတွေ ဖြစ်နေရတာလဲ စုတ်ပြတ် နေတာပဲ။ အငယ်ကောင်က အတင်းလှုပ်နှိုး နေပေမယ့် ကိုကိုက အိပ်ကောင်းတုန်း မူးနေ တာကိုး။ မုတ်ဆိတ်မွှေးတွေ နှုပ်ခမ်းမွှေးတွေ နဲ့ ကိုကို့မျက်နှာကို လုံ သေချာစွာကြည့်ပြီး မှကျလာတဲ့ မျက်ရည်တွေကို သုတ်ခါ အခန်း ထဲမှ လှည့်ထွက် လာခဲ့ပါတော့တယ်။
ခြံထဲကထွက်ပြီး လမ်းမပေါ် ရောက်ချိန်မှာပဲ နောက်ကနေ သိမ်းဖက်ခြင်းကို ခံလိုက်ရတာမို့ ကိုကို ဆိုတာ အလိုလိုသိလိုက်တယ်။ သူ့ စီကအနံ့တွေက ဆိုးဝါးစွာ စူးရှထွက်နေလို့ ပါ။ ကိုကို့ လက်တွေလုံ စုပ်ကိုင်မိပါရဲ့။
" အီးဟီးဟီး ကိုလွမ်းလိုက်တာ ခလေးရယ် ရက်စက်လိုက်တာ ကိုကိုလွမ်းလို့သေတော့ မယ် နောက်ခါကို့ကို ပစ်မသွားပါနဲ့ကွာနော် အစ် ဟစ် "
(၈)" ခလေးလဲ ကိုကို့ကိုနေ့တိုင်း လွမ်းနေ..."
" တီ••••••••••••••••• "
အဆတ်မပြတ် ဖိတီးလိုက်တဲ့ ကားဟွန်းသံ ကြောင့် လုံ့ စကားသံတွေ ရပ်တန့်သွားရပါ တယ်။ လှည့်ကြည့်လိုက်တော့မှ
" ဟင် ကိုကြီးနဲ့ ကိုလတ် "
လုံထိပ်လန့်စွာ ကိုကို့ရင်ခွင်ထဲက ရုန်းထွက် လိုက်ပြီးကျောဖက်မှာ ကပ်ပြီးကွယ်နေလိုက် ပါတော့တယ်။ အဲဒိချိန်မှာ အငယ်ကောင်နဲ့ တခြားကောင်လေး တယောက်ကလဲဒုတ်ဆွဲ ခါ ထွက်လာပါတယ်။
အခြေအနေတွေက တင်းမာလာပါပြီ။ လုံ့ အကိုလတ်ကလဲ ကားထဲမှ သံပိုက်လုံးကိုစွဲ ခါဆင်းလာပါတယ်။ လုံအရမ်းကြောက်နေပါ ပြီ။ ရင်ဘတ်တွေပင် အောင့်တက်လာပါရဲ့။
ဒါပေမယ့် ဒီကိစ္စက လုံ မပါရင် ပြီးမှာမဟုတ် တာမို့ ရှေ့ထွက်ရပ်လိုက်ခါ
" ကိုကြီးနဲ့ကိုလတ် မလုပ်ပါနဲ့ ပြသနာမရှာ ကြပါနဲ့ အိမ်ရောက်မှာ သားကို သတ်ချင်ရင် အသေသာသတ်လိုက်ကြပါ ပြန်ကြပါ "
(၉)" သားထွေး မင်းလမ်းလယ်ခေါင် တက်ပြီးမှ ဖြစ်ပျက်နေတာဟမ် မင်းမှာအရှက်မရှိဘူး လား ဟမ် မင်းယောက်ျားမဟုတ်ဘူးလား ဟင် မင်အခြောက်လား ဟေ့ကောင် "
" သားထွေးမင်းကားထဲ သွားနေအိမ်ရောက် မှမင်းကိုသတ်မယ် သွားးးး "
" မသွားဘူး အခုကိုကြီးနဲ့ကိုလတ်ပြန်ပါမပြန် ရင်သား အိမ်ကိုဘယ်တော့မှပြန်မလာတော့ ဘူး ပြန်ကြပါတော့ အခု အာ့ဟား အ့စ် "
" တောက် သားထွေး မင်း မင်းတော့ကွာ "
ကိုလတ်ကျိတ်မနိုင်ခဲမရ တောက်ခေါက်ခါ ကိုကြီးကလဲ
" ပြန်မယ် ကိုလတ် သားထွေး မင်းအခုချက် ခြင်းနောက်ကနေ လိုက်ခဲ့ ကြားလား "
" ဟုတ်ကဲ့ သား အခုပြန်လာပါမယ့် "
အကိုတွေကား ပြန်ထွက်သွားတော့ လုံလုံ ရောင်ခြည့်ကို သေချာစိုက်ကြည့်လိုက်ခါ
" ကိုကို ခလေးကို တကယ်ချစ်လားဟင် "
" ဘယ်လိုမေးလိုက်တာလဲ ခလေးရယ် ချစ် တှာ ရူးမတက် ချစ်တာပါကွာ "
အဆင်းမဲ့ - ဇာတ်သိမ်းပိုင်း
(၁) လုမ္မနီ ရောင်ခြည်သွေးကို စိုက်ကြည့်နေ လိုက်ပြီးမှ တစ်လုံးခြင်း ပြောလိုက်ပါတယ်။
" ခလေးနဲ့ ကိုကို့ ဆိုင် တစ်ခုကို ရွေးပါရောင်ခြည် သက်ပြင်းကို အသာချလိုက်ပြီးမှ " ရွေးနေဖို့ လိုသေးလို့လား ခလေးရယ်
(၂) လုမ္မနီ့ မျက်နှာလေး ဝင်းပသွားခါ
" ဒါဆို ခလေးကို အခုပဲခေါ်ပြီး ထွက်ပြေးမှ ရမှာပေါ့ ဒီတစ်ခါဆို ခလေးတို့ ပြန်တွေ့ .."
" ရပီ ခလေးသာလိုက်မယ်ဆို ကိုကတော့ အဆင်သင့်ပဲ အငယ်ကောင် ကားထုတ် "
လုံ့ စကားပင်မဆုံးလိုက် ရောင်ခြည် ကြားမှ ဖြတ်ပြောခါ လုံ့လက်ကို ဆွဲပြီး အိမ်ထဲဝင်
ပြေးသွားပါတော့တယ်။ အထဲရောက်မှ လိုမဲ့ ပစ္စည်းတွေ ကောက်ဖည့်ခါ အငယ်ကောင် ထုတ်ထားပေးတဲ့ ကားပေါ်တက်လိုက်ပြီး
" အိမ်ကို သေချာကြည့်ထား လိုအပ်တာရှိ ရင်ငါ့ကိုဖုန်းဆက် ကြားလား အငယ်ကောင်"
" ဟုတ် ကျနော်လဲ လိုက်ချင်လိုက်တာ "
" အိမ်ကိုပဲ သေချာကြည့်သွားပြီ "
" ဟုတ် ကိုလုမ္မနီ တာ့တာ "
အငယ်ကောင်နဲ့ အခြားဆိုင် ဝန်ထမ်းလေး ၂ ယောက်ရဲ့ မျက်နှာတွေ ပြုံးရွှင်လို့နေပါရဲ့
" ဒီနေ့ကစပြီး ခလေး စိတ်ချမ်းသာစေရပါ မယ်ကွာ နော် "
" ဟုတ် ခလေးက စိတ်ညစ်ရင် သေမှာ "
(၃) " ဟာ အခုထဲက အနိုင်ကျင့်ဖို့ ပြင်နေပြီ ဟား ဟား ဟား "
" ကိုကိုကလဲ တကယ်ပြောတာပါဆို "
" ဟုတ်ပါပြီကွာ ကိုကိုကစတာပါ ခလေးရဲ့ ရောဂါကိုလဲ သိပါတယ် ခလေးကိုလဲအရမ်း ချစ်ပါတယ် ဒါ့ကြောင့် ဒိနေ့က စပြီးခလေးကို စိတ်ချမ်းသာအောင် ထားပါ့မယ်ဗျာ "
" ဟုတ် ခုဘယ်ကို သွားမှာလဲ ကိုကို "
" ခုက ယင်းမာပင် ဖက်သွားမယ် အဲဒီ့မှာ ခန ခြေရာဖျောက်နေလိုက်မယ် ပြီးမှ ဆက်
ပြီးစဉ်းစားကြတာပေါ့ "
" ခလေးကြောင့် ကိုကို ဒုက္ခရောက်ပြီ "
" မလိုပါဘူး ခလေးရယ် ကို့ချစ်သူနဲ့ အတူ နေရတာကိုက ပြည့်စုံနေပါပြီ "
အဲဒိချိန်မှာပဲ လုံ့ရဲ့ ဖုန်းလေး အသံမြည်လို့ လာပါတော့တယ်။ လုံ ထိပ်လန့်သွားတာမို့ ရောင်ခြည်က ကားကို လမ်းဘေး ထိုးရပ်ခါ
ဖုန်းထဲမှ ဆင်းကဒ်ကို ဖြုတ်လိုက်ပါတော့ရဲ့။
" ရော့ ဒါလေးက အမှတ်တရ အဖြစ်သိမ်း ထားလိုက်တော့ စိတ်ထဲမှာ ဘာမှ မထားနဲ့
(၄) " ခလေးကို ကို့အသက်နဲ့လဲပြီး ကာကွယ်ပေး သွားမယ် ဟုတ်ပြီလား "
လုံ နှစ်ချိုက်စွာပြုံးခါ ခေါင်ဒလေးငြိမ့်လိုက် ပါတော့တယ်။ သူတို့ ယင်းမာပင် ဆိုတဲ့မြို့ လေးကိုရောက်တော့ ကိုကို့ သူငယ်ချင်းရဲ့ အကူအညီနဲ့ အိမ်လေးငှားကာ အတူနေကြ တယ်။ အရမ်းကို အေးချမ်းတဲ့ နေရာလေးပါ။
လုံက အလှပြင်သင်တန်းကို နိုင်ငံခြားထိ သွားခါ သင်ဖူးတယ်။ အဲ့တုန်းကတော့ လုပ် စားဖို့ မဟုတ်ပဲ အပျော်ပါ။ အခုတော့ ဆိုင် လေးဖွင့်ပြီး ကိုကိုကလဲ ကူလုပ်ပေးတယ်။
ခုဆို ကိုကိုတောင် အတော်လေးကျွမ်းနေပြီ။
လုံက ဆံပင်မိတ်ကပ် ပြင်ပေးသလို ကိုကို က ဆံပင်ညှုပ်ပေးတယ်။ သူတို့ နှစ်ယောက် ရဲ့ ချောမော လှပတဲ့ ရုပ်ရည်တွေကြောင့်ပဲ ထင်ရဲ့ လူတွေ အတော်များများက အားပေး ကြပါတယ်။ နောက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလဲ လူတွေက သဘောကျ
ကြတယ်လေ။ လူတွေကို ဖွင့်ပြောပြစရာမလိုအောင် သူတို့ သိပ်ချစ်ကြတာကိုး။
(၅) လုံ့ မိသားစုက လုံ့ကို အမွေဖြတ်လိုက်
ပြီဆိုတော့ အခုကိုကိုနဲ့ပဲ ဘဝတစ်ခုလုံး ပုံခါ ထာဝရ လက်တွဲမယ့် စိတ်ကူးလေး ပြည့်ပြီ ပေါ့။ လုမ္မနီ နဲ့ ရောင်ခြည်သစ် တို့ရဲ့ အချစ် ခရီးလမ်း သာယာဖြောင့်ဖြူးသွားပြီဆိုတာ အရမ်းကို သေချာနေပါတော့တယ်။
ပြီးပါပြီ ခမျာ့ 💻💻💻💻💻
အစအဆုံးဖတ်ပေးတာ ကျေးဇူးပါ 🗞🗞🗞
အားလုံးကို ချစ်ခင်လေးစားလျက် 💝💝💝
အားလုံး ချစ်တဲ့ 💋💋💋💋💋
ကိုလေး 💛💙❤️💚💜💖💕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment