Sunday, November 20, 2016
သူသာသိသော
သူသာသိသော ၄ နဲ့ ၅ ပါခမျာ့
သူသာသိသော ( ၄ )
" ညီ့ ညီ့ကို ကယ်ပါဦး အကို ညီသူ့ကိုကြောက်လို့ "
" စိတ်ချရင်သွေး မင်းဘေးမှာ ကိုရှိနေရင် မင်းအသား တစ်စက်လေးတောင် မနာကျင်စေရဘူး ဟုတ်ပြီလား "
" ဟုတ် ဟုတ်ကဲ့ အကို "
" ကဲ ဘယ်လိုဖြစ်တာလဲ ကို့ကို ပြောပြပါဦး "
" ညနေကသူပြန်ရောက်လာတုန်းက အေးဆေးပါပဲ ထမင်းစားနေတုန်း သူ့သူငယ်ချင်း တစ်ယောက်က သူ့ ကိုဖုန်းဆက်တယ် ညီနဲ့အကို့ကို ဘူတာမှာ ၂ ယောက် ထဲတွေ့လို့တဲ့ အဲဒိဖုန်းပြောပီးတာနဲ့ ညီ့ကို စပြီးထိုးတာ ပါးစပ်ကလဲ ရစရာမရှိအောင် ပြောတယ် " " အင်း "
" ညီ အဲဒိအထိ သည်းခံခဲ့ပါတယ် ဒါပေမယ့် သူကညီ့ ကို အတင်းမေးတယ် အကိုနဲ့ ဘာဖြစ်ခဲ့လဲ ဆိုပြီး "
" ဟာ "
" ညီကဘာမှ မဖြစ်ဘူးလို့ပြောတာကို သူလက်မခံဘူး အတင်းမေးနေတော့တာ ညီ ဘယ်လိုမှငြင်းလို့လဲမရ မ ဟုတ်ပဲနဲ့လဲ အစွတ်စွဲခံရတော့ အနားမှာရှိတဲ့ ဓါးနဲ့သူ့ ဗိုက်ကို စောင့်ထိုးပြီး ထွက်ပြေးခဲ့တာ သူ သေပြီလား မ သေဘူးလား ညီ မသိဘူး ညီ ကြောက်တယ် "
" တော်ပြီ ကိုနားလည်တယ် ကို့ဆီမှာ ရှိနေသရွေ့ သူ လုံးဝ ရင်သွေးကို မထိစေရဘူး စိတ်ချ ဟုတ်ပြီလား "
" ဟုတ် အကို "
" ကဲ လာ ဘာမှမစားရသေး ဘူး မဟုတ်လား တခုခု အရင်စားလိုက် ခနနေမှ ခြေလက်ဆေးပြီး အိပ်နော် "
တိမ်တိုက်က ရင်သွေးကို ညစာအဖြစ် အသင့်ရှိနေတဲ့ ပေါင်မုန့်ကို အသားညှုပ်ပေးကာ စားစေပြီး သေချာဂရု တစိုက် ပြုလုပ်ပေးမိပါတယ်။
အိပ်ယာဝင်ခါနီး ကြတော့ တိမ်တိုက်က ထုံးစံအတိုင်း ဘောင်းဘီတိုလေးနဲ့ အင်ကျီချွတ်ခါ
" အကိုနဲ့ပဲအိပ်နော် ရင်သွေး အဆင်ပြေတယ်မဟုတ် လား အင်ကျီလဲ လိုက်အူးရော့ "
" ဟုတ်ကဲ့ ရပါတယ် အကို ညီလဲဘောင်းဘီတိုနဲ့အိပ် မယ် ညီ အဝတ်အစားတွေလဲ မပါဘူး ကျောင်းတက်ဖို့ ပစ္စည်းတွေလဲ ဘာမှ မပါဘူး စိတ်ညစ်လိုက်တာ ညီဘာ ဆက်လုပ်ရမှန်းကို မသိတော့ဘူး အကိုရာ "
တိမ်တိုက် ကုတင်ပေါ်တက်ခါ လှဲလိုက်ပြီးတော့မှ
" လာပါ အဲဒါတွေ နောက်မှ ကို ကြည့်စီစဉ်ပေးမယ် "
ရင်သွေးလဲ အဝတ်တွေ ချွတ်ခါ ဘောင်းဘီတိုလေးနဲ့ တိမ်တိုက် ဘေးမှာ ဝင်ခါ အိပ်ပါတော့တယ်။ အချိန်ခန တော့စကားပြော လိုက်ပြီးမှ သူတို့အိပ်ခဲ့ကြပါတော့ရဲ့။
အိပ်ခါစက တိမ်တိုက် သိပ်အိပ်မပျော်ဘူး။ ရင်သွေး ဆိုတာ ယောက်ျားခြင်းကြိုက်တဲ့သူလေ သူ့ကိုကော ဘ လိုတွေ လုပ်လာမလဲလို့ တွေးပူမိသေးတယ်။ တကယ် လို့ တခုခု လုပ်လာခဲ့ရင်တော့ သူလက်ခံမှာ မဟုတ်ပေ။
ဒါပေမယ့် ရင်သွေးက တဖက်လှဲ့ခါ အိပ်နေတာပဲ လား ဘာလားမသိ တိမ်တိုက်တော့ အိပ်ပျော်သွားခဲ့ပါ တယ်။ တိမ်တိုက်နိုးလာတော့ လက်ကအနဲငယ်အောင့် နေတာမို့ ကြည့်လိုက်တော့ သူ့လက်ကိုခေါင်းအုံးခါ သူ့ ဖက်လှဲ့ပြီး ကွေးကွေးလေး အိပ်နေတဲ့ ရင်သွေးကိုတွေ့ရ ပါတယ်။ တိမ်တိုက် သဘောကျခါ ပြုံးလိုက်မိပြီးဒိတိုင်း အသာလေး ငြိမ်နေပေးလိုက်ပါတယ်။
အပြင်က အလင်းရောင်က အတော်လေး ရင့်လာပြီမို့ တိမ်တိုက် ကျောင်းသွားဖို့ ပြင်ဆင်ရတော့မယ်။ သူ့ကို ဘယ်လိုလုပ် ရမလဲဆိုတာကို ခနစဉ်းစားနေလိုက်ပြီးမှ ရင်သွေးရဲ့ ပုခုံးလေးကို အသာလှုတ်ခါ နှိုးမိတော့ လှုပ် လာပေမယ့် မျက်နှာက တိမ်တိုက်ရဲ့ချိုင်းနား ပိုကပ်ခါ လက်တဖက်ကလဲ ရင်ဘက်ပေါ်တင်ခါ ဖက်လိုက်တာ မို့ တိမ်တိုက် တချက် မျက်နှာရှုံ့သွားရဲ့။
" ရင်သွေး ရင်သွေး ထဦး ညီလေး "
" ဟင် အကို ဟာ စောတီးပါဗျာ ကျနော်မသိလို့ပါ အ့ ကျွတ် ကျွတ်စ် "
" ဘာဖြစ်တာလဲ ရင်သွေး "
" နံရိုးတွေ အောင့်နေတယ် အကို ရပါဖြစ်နေကြပါ "
" ဖြစ်ရမယ် မင်းကတော့ ကဲ ခနနေဦး အကိုပြောမယ် ကို ခနနေ ကျောင်းသွားရဦးမယ် နေ့လည်ပိုင်းလောက် ပြန်ရောက်မယ် ဒီမှာပဲ နေခဲ့ အခန်းသော့ပေးထားမယ် ဒါပေမယ့် ဘယ်သူလာလာမဖွင့်ပေးနဲ့ ဖြစ်မလား "
" နေခဲ့တာက ရပါတယ် သော့တော့မပေးခဲ့ပါနဲ့ "
" ဟာ ဘယ်ဖြစ်မလဲ မီးဘေးရေဘေးဆိုတာ ပြောလို့မ ရဘူးလေ "
" ရပါတယ် အကိုရာ အေးဆေးသွားပါဗျာ စိတ်ချ "
" အင်း အဝတ်တွေက ကို့ဟာတွေ ကြိုက်တာ အဆင် ပြေတာ ယူဝတ်ရတယ် လွတ်လွတ်လပ်လပ်နေ နော် စားချင်တာရှိရင် ကို့ဖာသာ ချက်စား ရေခဲသေတ္တာထဲ မှာ အကုန်ရှိတယ် သိလား "
" စိတ်ချပါ အကို လုပ်တော့လေ နောက်ကျနေမယ် "
တိမ်တိုက်ရေချိုးခန်း အရင်ဝင်လိုက်ပြီး ရေချိုးကာ အ ပြင်ထွက် လာတော့ ရင်သွေးက သဘက်လေး ကမ်းခါ ပေးပါတယ်။ တိမ်တိုက် အဝတ်အစားလဲ ပြီးတော့
" အကို တအားကြည့်ကောင်းတယ်ဗျာ ချောလဲချော တယ် မင်းသားဘာလို့ မလုပ်တာလဲ "
" အလယ် မြှောက်နေပြန်ပြီ ပြောဘာဝယ်ခဲ့ရမလဲ "
" ညီ တကယ်ပြောတာပါဗျ "
" အေးပါကွာ မင်းကလဲ တအားမကြည့်နဲ့ဟ့ ရှက်လာ ပြီ ဟဲ ဟဲ "
" အကို ဘာမှ မစားသွားတော့ဘူးလေး ညီဘာလုပ် ပေးရမလဲဗျ "
" ဟာ ဘာမှမလုပ်နဲ့ နောက်ကျနေပြီ လစ်တော့မယ် "
" ဟုတ် တာ့တာ အကို "
ကျောင်းကနေပြန်လာတော့ တိမ်တိုက် ခြေလှမ်းတွေ တက်ကြွ နေတယ် ဒိနေ့ အိမ်ပြန်ရတာ ပိုပြီး အဓိပ္ပါယ်ရှိ နေသလိုပဲ။ လိုင်းဖွင့်လိုက်တော့ မယ်ခိ မရှိ။ သတိရပါ ကြောင်းစာပို့ပြီး ရင်သွေးရောက်နေကြောင်း ပြောမလို့ လုပ်ပြီးမှ မပြောဖြစ်တော့ပေ။
အခန်းရောက်တော့ တိမ်တိုက် စိတ်မကောင်းဖြစ်မိ ပါတော့တယ်။ တအိမ်လုံး သန့်ရှင်းတောက်ပြောင်နေခါ ပစ္စည်းအားလုံး သူ့နေရာနဲ့သူ အရမ်းကို ကြည့်ကောင်း နေပါတယ်။ တိမ်တိုက်ကတယောက်ထဲနေပြီး ကျောင်း တဖက်အလုပ်တဖက်မို့ သာမန်မျှသာ ရှင်းလေ့ရှိတာ ခု ရင်သွေးရောက်တော့မှ အားလုံး ပြောင်ရှင်းခါသန့်ပြန့် နေတာလေ။
တမနက်ထဲနဲ့ အတော်လေး ရှင်းထားပေး ပုံရပါတယ်။ အခန်းထဲမှာ မတွေ့တာမို့ မီးဖိုခန်းဖက်ကို ကြည့်လိုက်တော့ ဘာတွေ ချက်နေမှန်းမသိသော ရင် သွေး ကိုတွေ့ရပါတယ်။ အနောက်ကနေ အသာရပ်ခါ
" ဟိတ် " " အားးးးးး ဂလွမ် "
ရင်သွေးလက်ထဲက ဓါးလေးကြမ်းပြင်ပေါ် ကြခါလက် မှာသွေးများ ရဲခနဲ ဖြစ်သွားပါတော့တယ်။
" ဟာ စောတီး စောတီး ခနလေး ခနလေး "
တိမ်တိုက် ဆေးဘောက် ကိုပြေးယူကာ လက်ကိုရေ နဲ့ဆေးခါ ဆေးထည့်ပြီး ပလာစတာ ကပ်ပေးနေတာကို သေချာကြည့်ရင်း ရင်သွေးပြုံးနေ မိပါတယ်။ အရမ်းကို ကြင်နာတက်တဲ့ အကိုပဲ။
" ကဲ ဘေးနားကနေပဲ ပြောတော့ အကိုလုပ်ပေးမယ် ဘာ ချက်ချင်တာလဲ ပြော "
" ရပါတယ် အကိုရ နဲနဲလေးပဲ ဟာ ညီချက်ပါ့မယ် ကို စားဖို့ ဝက်သားဘူးကို ကြက်သွန်ဥအလုံးလိုက်နဲ့နှပ်ပြီး ပါပြီကြက်တောင်ပံကိုလဲ ကြွတ်နေအောင်ကြော်ထားပါ
တယ် အခုကအစိမ်းကြော်လေးကြော်ပေးမလို့ "
" ဟား မိုက်တယ် ရတယ် ကိုကြော်လိုက်မယ် ခန "
တိမ်တိုက်ခုန ရင်သွေးလှီးထားတဲ့ အရွက်တွေကိုဆား နဲ့ရေဆေးခါ ခရုဆီလေးနဲ့ အသားမှုံ့လေး ထည့်ခါမြန် ဆန်စွာ ကြော်လိုက် ပါတော့တယ်။ ပြီးတာနဲ့ နှစ်ဦးသား အတူနေ့လည်စာ စားကြတယ်။
စားပြီးတော့ တိမ်တိုက် လိုင်းဖွင့်တော့ မယ်ခိကစောင့် နေပါတယ်။ သူနဲ့စကားပြော နေမိတော့ ရင်သွေးကိုမေ့ ခါပြုံးလိုက် ထရီလိုက်နဲ့ ဖုန်းပိတ်လိုက်တော့မှ သူ့ခြေ ထောက်ဘေးမှာ ဒူးလေးထောင်ခါ ထိုင်နေပြီး သူ့ကို ကြည့်နေ တဲ့ ရင်သွေးကို တွေ့တာမို့
" ဟင် ဘာလုပ်နေတာလဲ ရင်သွေးရ လာလေ ဒီမှာပဲ ထိုင်တာ မဟုတ်ဘူး "
" ရပါတယ် ညီ အကို့ကိုထိုင်ကြည့်နေတာ သဘောကျ လို့ တယောက်ထဲ ရီလိုက်ပြုံးလိုက်နဲ့ မို့လေ "
" အော် ချစ်ချစ်နဲ့ chat နေတာလေ ဟဲ ဟဲ "
" ဟုတ်ကဲ့ အကို ညီကျောင်းမတက်ရတော့ဘူးလား ဟင် အကိုအဲဒါ ဘယ်လိုလုပ်ရမလဲ "
" ခနတော့ နားလိုက်ဦး ကို သက်ပုံ ကိစ္စစုံစမ်းလိုက်ဦး မယ် သူကျောင်းမှာ ပြသနာလာရှာမှာ စိုးလို့ "
" ညီ ကျောင်းမတက်တော့ပဲ အလုပ်ပဲလုပ်မယ် အကို ပြီးရင် အိမ်ကို ပိုက်ဆံပို့ပေးမယ် ညီ ကို့ခြေထောက် ပေါ်ကို ရပ်ချင်ပြီ ညီ့ကိုကူညီပါဗျာနော် "
" မင်း သူ့ကို တကယ်မေ့နိုင်ပြီလား ရင်သွေး "
တိမ်တိုက် မထင်မှတ်ပဲ ထမေးလိုက်တော့ ရင်သွေး ငိုင်ကျသွားပါတော့တယ်။ ပြီးမှခေါင်းကို ခါပြလိုက်ခါ
" ညီ သူ့ကိုမေ့လို မရသေးတာတော အမှန်ပဲ အကို "
" ကိုသဘောပေါက်ပါတယ် ထင်လဲထင်တယ်လေ "
" မေ့ပစ်လို့မရတာ ဘာလို့လဲ ဆိုတာ ညီသေချာစဉ်း စား လို့မရဘူး ဖြစ်နေတယ် အကိုရာ "
" အဲဒါ ချစ်လို့ပေါ့ ရင်သွေး ရာ "
ရင်သွေး မျက်နှာလေး ညှို့မှိုင်းသွားကာ မျက်ရည်တို့ စီးကျလာပါတော့တယ်။ ပြီးမှ တသိမ့်သိမ့်ငို နေပြန်တာ မို့ တိမ်တိုက် ရင်သွေးခေါင်းလေးကို သူ့ပေါင်မှာ စွဲကပ် ခါ ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်ပါတော့တယ်။
" အချိန်က ကုစားပေးမှာ ပါ ရင်သွေးရယ် "
" ညီ သေသာသေလိုက်ချင်တော့တာပဲ အကိုရာ "
" ဘာလို့သေရမှာလဲ ရင်သွေးရဲ့ ကဲ အခုစိတ်တွေရှုပ် နေတယ် မဟုတ်လား ကို ဂစ်တာတီးပြမယ် ခန "
တိမ်တိုက် မြန်မာနိုင်ငံကနေ ယူလာတဲ့ ဂစ်တာလေး ကို သွားယူလိုက်ပြီး ကြိုးညှုလိုက်တယ်။ ဒီ ဂစ်တာလေး က မယိခိပေးထားတဲ့ မွေးနေ့လက်ဆောင်လေ။ သူလဲ အရမ်းချစ်တဲ့ ဂစ်တာလေး ဘယ်ခရီးသွားသွား ယူသွား ခဲ့တာ။ အခုလဲ ဒိကိုသယ်လာတာလေ။ ဒါပေမယ့်မတီး ဖြစ်တာတော့ ကြာနေပြီ။ တိမ်တိုက် စိတ်ထဲခံစားမိတဲ့ သီချင်းလေး တစ်ပုဒ် ကို တီးခတ်လိုက်ပါတယ်။
♬♬♬နှလုံးသားထဲမှာ ဖျားသွေးတက်ခဲ့တာ လောင်ကျွမ်း တဲ့မီးကြောင့် ရင်မှာ တဖြေးဖြေးနဲ့မြင်လာ
♬♬♬အခုမှသိတယ် အဆုံးသော ငါ့ဘဝသည် အို လဲလျောင်း မင်းရှေ့ငါဟာ သေဆုံးတဲ့ ငါ့တစ်ကောင်ပါ
♬♬♬ထုရိုက်ခဲ့ပြီ ငါအရှုံးနဲ့လဲကြသူ ဘယ်လိုရှေ့ ဆက်ရုံးထ နိုင်မယ် လုံးဝ မသိတော့ဘူး
♬♬♬အို စကားများခုချိန်မှာ ထိရှအသည်းအိမ်မှာ အမှတ် တရ အရှိုးတွေ ထင်အောင်ငါ့ကို ရိုက်နေပေါ့
♬♬♬အချစ်က ငါ့ရင်ကို ဓါးနဲ့မွှန်းနေသလို မင်းစိတ်ကြိုက်လေ အမာရွတ်တွေ ရေးချယ်တော့ ဟော့ ဟော ငါ့ရင်ထဲ ကိုကြည့် ဟိ ဟိ နင်ကြိုက်သလို ရေးချယ်တော့ ငါ့အသည်းထဲ နင်လေ ကစားခဲ့ ဒီရင်ထဲ ဟဲ ဟဲ ♬♬♬
မုဒ်အပြည့်နဲ့ ဆိုနေတဲ့ တိမ်တိုက် သီချင်းကို နားထောင် နေရာမှ ရင်သွေး အားရပါးရ ငိုချလိုက်ပါတော့တယ်။
သူသာသိသော ( ၅ )
ရင်သွေး ဒီအိမ်ကိုရောက်တာ တပတ်ပင်ပြည့်တော့ မည်။ သက်ပုံ ဘက်ကဘာမှ အခြေအနေ မထူးခြားလာ ခဲ့ပါ။ ရင်သွေး အတွက် တိမ်တိုက် အလုပ်မှာ အတူလုပ် ဖို့ကိုလဲ ပြောပေးထားပေမယ့် နောက်လ လောက်မှပဲအ ဆင်ပြေမှာမို့ လောလောဆယ်တော့ တိမ်တိုက်ကပဲသူ့ ကိုကြည့်ရှုစောင့်ရှောက် ထားတာလေ။
တပတ်ဆိုတဲ့ အတိုင်းအတာလေးက သိပ်မကြာပေ မယ့် သူတို့ရဲ့ရင်းနှီးမှုက သိသာစွာ တိုးတက်လာခဲ့ပါပြီ။ ရင်သွေးရဲ့ အလိုက်သိမှု တိမ်တိုက်တဲ့ရဲ့ ဂရုစိုက်မှုတွေ ကသူတို့နှစ်ဦးကိုပိုပြီး နီးကပ်စေသလားပင် မသိပေ။
အခုလဲ တိမ်တိုက်အလုပ်က ပြန်လာတော့ ရင်သွေး ခုံပေါ်မှာ အိပ်ပျော်နေတာတွေ့တာမို့ တိမ်တိုက်အသာ လေးဘေးမှာ ထိုင်ခါ အပစ်ကင်းစင်လှတဲ့ ရင်သွေးရဲ့ မျက်နှာလေးကို စိုက်ကြည့်နေမိတယ်။
သနားမိတော့ ဂရုဏာသက် မိတယ်။ ကာကွယ်ပေး မယ်လို့ စိတ်ကူးတော့ သူ့အတွက်ပေးဆပ်သလိုဖြစ်ခဲ့ရ ပြန်တယ်။ သူ့နာကြင်မှုတွေကို သိနေတော့ သူ့အပေါ် ကြင်နာပိုမိပြန်တယိ။
ရုတ်တရက် တိမ်တိုက် ကို့ကိုယ်ကို ပြန်သတိထားမိ လိုက်ချိန်မှာတော့ လူပါတုန်ခနဲ ဖြစ်သွားအောင်လန့်လို့ သွားမိပါတယ်။ ဘာလဲ တိမ်တိုက် ရင်သွေးကို ချစ်မိနေ တာများလား။ ဟာ မဟုတ်ဘူးလေ မယ်ခိကို တိမ်တိုက် ချစ်နေတာပါ။ နောက် တိမ်တိုက်က ယောက်ျားလေးအ ချင်းချင်း စိတ်ဝင်စားတက်သူ တစ်ယောက်လဲ မဟုတ်ပဲ ဒီလိုဖြစ်စရာလား။
တိမ်တိုက် ခေါင်းကိုဘယ်ပြန်ညာပြန် ခါလိုက်ခါ
" ဟူးးးးးးးးးးးးးးးးးးးး "
သက်ပြင်းရှည်ကြီးကို အားရပါးရ ချလိုက်ပါတော့ရဲ့။
" ဟင် အကိုပြန်ရောက်နေပီလားဗျ "
" အော် အဲ အင်း ဟုတ်တယ် "
" ဘာဖြစ်နေတာလဲ အကိုရ ရေမချိုးရသေးဘူးဟုတ် "
" ဘာမှမဖြစ်ပါဘူး ရင်သွေးရ အခုချိုးလိုက်မယ် "
ပြောပြီးတာနဲ့ တိမ်တိုက် အနားကနေ ကပြာကယာ ထထွက်ခဲ့ပါတော့တယ်။ တိမ်တိုက်ရေ ချိုးပြီးပြန်ထွက် လာတော့ရင်သွေး အိပ်ခန်းထဲမှာ အဝတ်တွေခေါက်နေ ရင်းက တိမ်တိုက်အတွက် လျှော်ပြီးသား ဘောင်းဘီတို တစ်ထည်နဲ့စွပ်ကျယ်အဖြူလေး လှမ်းပေးခါအဝတ်တွေ ဆက်ခေါက်နေတာမို့
" ကို အဝတ်လဲ ဦးမယ်နော် ရင်သွေး "
ရင်သွေး ရုတ်တရက် ပြောလာတဲ့ တိမ်တိုက်ကို လှဲ့ခါ မကြည့်ပဲ မှန်ထဲကနေကြည့်လိုက်ခါ
" ရပါတယ် အကိုရ လဲပါ "
ပြောပြီးအဝတ်ကို ဆက်ခေါက်နေလိုက်ပါတယ်။
တိမ်တိုက် ခါးမှာပတ်ထားတဲ့ ပုဝါကိုဖျည်ချလိုက်ပြီး ဘောင်းဘီတိုကို ကုန်းစွပ်နေရင်းက ဘာရယ်မဟုတ်ပဲ မှန်ထဲကို လှမ်းကြည့်မိတယ်။ ရင်သွေးကလဲ အဝတ်ကို ကုန်းကောက်နေရင်းက မှန်ထဲကိုငေးခါ မှင်သက်နေဆဲ
တိမ်တိုက် မသိချင်ယောင်ဆောင်ခါ ဘောင်းဘီကိုပဲ ကောက်စွပ်ခါ စွပ်ကျယ်ပါ တခါထဲဝတ်လိုက်တယ်။ ပြီး တာနဲ့ ဧည့်ခန်းကို ထွက်လာခါ စားပွဲပေါ်တင်ထားတဲ့ ကွန်ပြူတာလေးကို ကောက်ဖွင့်လိုက်ပါတော့တယ်။
Wifi က တလစာ ဝယ်ထားတာမို့ ကွန်ပြူတာကို သူ ကျောင်းသွားချိန်မှာသာ ယူသွားလေ့ရှိပြီး အလုပ်သွား ချိန်တွေမှာတော့ ရင်သွေး အပြင်းအပြေသုံးရန် ချန်ပေး ထားခဲ့တယ်လေ။
တိမ်တိုက်လဲ ဖွင့်လိုက်ရော ထိုင်းမင်းသား ချောလေး ၂ ယောက်ရဲ့ Love Story ဇာတ်ကားလေး ပြန်ပွင့်လာ တာနဲ့ဘာလဲဆိုပြီး ကြည့်နေလိုက်မိပါရဲ့။
ခုနက ရင်သွေးသုံးနေရင်းက ဒိတိုင်းပိတ်ချထားတာ နဲ့တူတယ်။ အဲဒိချိန်မှာပဲ ရင်သွေး အခန်းထဲက ထွက်ခါ လာပြီး တိမ်တိုက် ကြည့်နေတာလဲ တွေ့ရော
" ဟာ အကို ဟို ဟို ညီကြည့်နေပြီး မပိတ်လိုက်မိဘူး စောတီးပါဗျာ ကန်တော့ ကန်တော့နော် "
" ရပါတယ် ကြည့်ကောင်းသားပဲ မဆိုးဘူး "
တိမ်တိုက် စိတ်ဆိုးသွားမယ် ထင်ပြီး အတင်းတောင်း ပန်နေတဲ့ ရင်သွေး ခုမှ စိတ်အေးသွားခါ
" ဟုတ်ကဲ့ အကို ထမင်းစားတော့မလား ညီ ပြင်ထား ပြီးပြီ အဆင်သင့်ပဲဗျ "
" မစားသေးပါဘူး ရင်သွေး ကြည့်လက်စဆို လာလေ လာကြည့် ခနနေမှ စားကြတာပေါ့ "
" ဟို ဟိုလေ အဲ "
တကယ်တမ်း ကြတော့ တိမ်တိုက် ကိုဘေးမှာထားခါ ဒိလိုကားမျိုး ရင်သွေးမကြည့်ရဲပေ။ ရှက်လို့လေ။
" လာပါ ကို လဲ တခါမှ မကြည့်ဖူးဘူး ကြည့်မယ်လာ "
ရင်သွေး တိမ်တိုက်ဘေးမှာ ဝင်ထိုင်ခါ မေးလေးလက် နဲ့ထောက်ပြီးကြည့်နေပါတယ်။ ဇာတ်ကားထဲမှမင်းသား တွေ ပွဲကြမ်းချိန်မှာတော့ ရင်သွေး တုတ်တုတ်မှမလှုပ်ပဲ မျက်နှာတွေ နီရဲတွက်နေပါပြီ။
တိမ်တိုက် ဇာတ်ကားကို ကြည့်လိုက် ရင်သွေး မျက် နှာကိုကြည့်လိုက်နဲ့ ပြုံးဖြီးဖြီး ဖြစ်နေလေရဲ့။ ကြည့်ပါဦး သူပဲကြည့်ထားပြီး လူမိမှ ရှက်တက်နေလိုက်တာ။
တိမ်တိုက် ရင်သွေး ပုခုံးကိုလက်နဲ့ ဖက်ခနဲ ပုတ်လိုက် တော့ ရင်သွေး လန့်သွားတာမို့ တိမ်တိုက်တဟားဟား နဲ့ ထရီမိပါတော့တယ်။
" ဟား ဟား ဟား "
" အကိုကလဲဗျာ မရီနေနဲ့ ထတော့ အိပ်တော့မယ် "
" အိပ်တော့မယ် ဟားးးဟားးးဟားးး ရှက်တဲ့သူကလဲ ထမင်းစားမယ်လုပ်ပါကွ ဟား ဟား ဟား "
ထမင်းစားပြီး အိပ်ဖို့ပြင်တော့ ရင်သွေးက တိမ်တိုက် ကို ရှက်ကိုးရှက်ကန်း ဖြစ်နေတာမို့ တိမ်တိုက် နောက် ချင်လာပြီး အတင်းလိုက်ဖက် ပါတော့တယ်။
" ဟာ ဟာ အကို မလုပ်နဲ့လေ ဟာ မလုပ် မလုပ်နဲ့ "
" ဟား ဟား ဟား ဟား ဟား "
ရင်သွေးက ရုန်းထွက်လိုက် တိမ်တိုက်က အတင်းပဲ ဖက်လိုက်နဲ့ ရင်သွေး ထပြေးစဉ်မှာပဲ တိမ်တိုက်က ခြေ ထောက်ဆန့်ခါ တားလိုက်ပြီး ဆွဲလှဲလိုက်တော့ သူပေါ် မျက်နှာခြင်းဆိုင် ကြလာခါ နှာခေါင်းဖျားခြင်း အထိမှာပဲ ရပ်တန့်သွားပါတော့တယ်။
ရင်သွေး နဲ့ တိမ်တိုက် ခေတ္တ အသက်ရှုသံတွေရပ်မိ ကုန်ကြပါပြီ။ မျက်ဝန်းအိမ်ခြင်းက စူးနစ်စွာ အနီးကပ် စူးစိုက်လျက်။ ရင်သွေးခေါင်း ပြန်အဆန့်မှာ တိမ်တိုက် က ဇတ်ပိုးကနေ ဖိချကာ ရင်သွေးနှုပ်ခမ်းတွေကို စုပ်ယူ လိုက်ပါတော့တယ်။
ရင်သွေး မျက်လုံးတွေ မှိတ်ချလိုက်ခါ ငြိမ်သက်စွာနဲ့ ခံယူလိုက်ပါတော့တယ်။ တိမ်တိုက်ရင်သွေးကို ကုတင် ပေါ်သို့ဆွဲလှဲချကာ ခြေထောက်နဲ့ ကုတင်ဘေးက မီး ခလုပ်ကို ဖိပိတ်လိုက်ပါတယ်။ သူတို့ အသက်ရှုသံတွေ မြန်ဆန်ပြင်း ထန်လို့လာတာ အခန်းထဲမှာ ပဲ့တင်ထပ်ခါ နေပါတယ်။ ကုတင်အောက်ကို ပစ်ချခံလိုက်ရတဲ့ သူတို့ အဝတ်အစားတွေကလဲ ပြန့်ကျဲလျက်။
မှေးမှိန်တဲ့ အလင်းရောင်အောက်က ကျယ်ပြန့်လှတဲ့ ကျောပြောင်ပြောင်လေး လှုပ်ရှုားမှုက ကဗျာ ဆန်စွာနဲ့။ ညည်းငြူသံနဲ့ နှာမှုတ်သံအပြင် ပါးစပ်ကနေ မှုတ်ထုတ် လိုက်တဲ့သက်မသံတွေ ညံစီလို့နေပြန်ပြီ။ အရာအားလုံး ငြိမ်သက်သွားချိန်မှာတော့ ခန္ဓာကိုယ် ၂ ခုပူးကပ်ခါအိပ် မောကျခြင်းသို့ ရောက်လေရဲ့။
ရင်ခုန်သံတွေ ဆိတ်ငြိမ်သွားချိန်မှာတော့ မနက်ဖြန် ဆိုတာဘာတွေ ဖြစ်လာမှာလဲ သူတို့ မသိခဲ့ကြဘူးလေ။
တိမ်တိုက် အိပ်ယာနိုးတော့ ဘေးနားမှာ သူ့ကိုဖက် ခါအိပ်နေတဲ့ ရင်သွေးကို တွေ့ရပါတယ်။ ခါတိုင်းလိုလဲ အဝတ်အစားတွေ မပါတာမို့ အံ့သြသွားပြီးမှ ညတုန်းက အဖြစ်ကို သွားသတိရမိတယ်။
တိမ်တိုက် စိတ်ထဲမှာ မှားပြီလို့တွေးမိတာနဲ့ အတူပါပဲ လက်ကလဲ ရင်သွေးကို တွန်းဖယ်ခါ ကုတင်ပေါ်မှာထ ထိုင်လိုက်ပါတယ်။ ပြီးတော့မှခေါင်းကို လက်နဲ့ထောက် ခါ စဉ်းစားနေမိတယ်။ မလုပ်သင့်တာ လုပ်ခဲ့မိတာပဲ။
" အကို ဘာဖြစ်လို့လဲ ဟင် "
" ရတယိ ဘာမှမဖြစ်ဘူး "
ခေါင်းခါပြောခါ တိမ်တိုက်ရေချိုးခန်းထဲ ထသွားတယ် အဲဒိအချိန်ကစလို့တနေကုန် တိမ်တိုက် ရင်သွေးကိုဘာ စကားမှအပိုမပြောတော့ပေ။ ရင်သွေး မျက်နှာကိုပင်မ ကြည့်တော့ပါ။ မေးတာနဲ့လိုအပ်တာသာ ပြောပါတယ်။
တိမ်တိုက် ကျောင်းကပြန်လာပြီး အလုပ်ပြန်ထွက် သွားတော့မှရင်သွေး လဲကုတင်ပေါ်မှောက်ခါ ငိုချလိုက် မိပါတော့တယ်။
တကယ်က ညီညကလိုက်လျော ခဲ့တာအကိုလိုအပ် နေတယ်ထင်လို့ပါဗျာ။ ညီ့ကိုအခုတော့ အဲဒိလိုဆက်ဆံ တာညီနားမလည်တော့ဘူး။ ညီကအကို့ကို မှီခိုနေရတဲ့ သူပါ။ ညီ တအားအားငယ်တာပဲဗျာ။
ညီ့ဘဝကိုက ဆိုးတာပါ။ အားကိုလိုက်မိတိုင်း စိတ်ရဲ့ အပန်းဖြေခံ ဘဝရောက်ရတယ်။ ကြိုက်သလို အသုံးချ ပြီး နင်းခြေခဲ့ကြတယ်။ ညီ ဘာလုပ်ရမလဲ ညီ ဘာလုပ် သင့်သလဲ ညီမသိတော့ဘူး။ အကို့မျက်နှာကို ကြည့်နေ ရတဲ့ ဘဝမှာ အကိုက ညီ့ကိုကြည့်တောင်မကြည့်ချင်မှ တော့ ညီ အလိုက်တသိထွက်သွားပေး ပါ့မယ်ဗျာ။
ဘဝမှာ ဘယ်သူ့မှ ထပ်ပြီး အားမကိုးတော့ပါဘူးဗျာ။ ရက်စက်လိုက်ကြတာ ရက်စက်လိုက်ကြတာဗျာ။ ညီက ဘာအပစ်တွေများ လုပ်ထားခဲ့မိလို့လဲဗျာ။
အားပေးတာကျေးဇူးပါ ခမျာ့ ###
သူသာသိသော ( ဇာတ်သိမ်း )
တိမ်တိုက် ဒီတစ်ခါ ရင်သွေး ပြန်ရောက်လာချိန်မှာ တော့ အရင်ကထက်ပိုပြီး ဂရုစိုက်ဖြစ်တယ်။ အရင်တခါ ကလိုအဖြစ်မျိုး မဖြစ်စေဖို့လဲ အထူးသတိထား နေဖြစ်ခဲ့ ပါတယ်။ စိတ်အလိုကို လိုက်မိမှာဆိုးလို့လေ။
နောက်ဆုံး အနေအထိုင်ကအစ ရင်သွေးရှေ့မှာဆို ဂရုတစိုက်နေဖြစ်တယ်။ ယောက်ျားလေးခြင်းမို့ လွတ် လပ်စွာနေမိရင်တောင် အမြင်မတော် ဖြစ်ခဲ့ရင် ရင်သွေး ကိုဖျားယောင်း သလိုဖြစ်မှာ ဆိုးလို့ပါပဲ။
ရင်သွေး အိမ်ကထွက်သွားပြီး သူ့ကျောင်းက သူငယ် ချင်းတစ်ယောက် ကိုအကူအညီတောင်းကာ Club တခု မှာ စားပွဲထိုး ဝင်လုပ်တယ်တဲ့။ ဖြစ်ချင်တော့ အဲဒိမှာက နေစရာမပေးတော့ သူငယ်ချင်းဆီ ကပ်နေရပြန်တယ်။ အဲဒိသူငယ်ချင်းက အခကြေးငွေနဲ့ ယောက်ျားခြင်းလိင် ဆက်သူဆိုတာ အဲဒိတော့မှပဲ သိလိုက်ရသလို ရင်သွေး ကိုလဲ အကျပ်အတည်းအတွက် ဖြေရှင်းရန် လုပ်ဆောင် ဖို့ တိုက်တွန်းခဲ့တယ်တဲ့လေ။
ပထမဆုံး လိုက်ခဲ့မိတဲ့ အခေါက်မှာပဲ လာခေါ်တုန်းက တစ်ယောက်ထဲ ပြီးမှအဖွဲ့လိုက် ဖြစ်နေတာမို့ ရင်သွေး ထွက်ပြေးတော့ လိုက်ထိုးကျိတ်ခြင်းခံ ခဲ့ရတာ အဲဒိမှာပဲ တိမ်တိုက်နဲ့ ပြန်တွေ့ပြီး သူတို့လက်ကလွတ်ခဲ့ရတာတဲ့ တိမ်တိုက်ကြောင့် ဒိလိုတွေ ဖြစ်ခဲ့ရတာ တိမ်တိုက် မှာ ဝမ်းနည်း မဆုံးပေ။
အခုရက်တွေမှာ ခိခိ ကလဲ စိတ်ဆိုးနေလားမသိပေ။ လိုင်းပေါ်လဲ မတွေ့သလို စာပို့ခြင်းဖုန်းဆက်ခြင်းတို့လဲ တခုမှမလုပ်ပေ။ တိမ်တိုက်လဲ စိတ်ညစ်နေတာမို့ ခိခိကို တာဝန်အရ စာပို့ဖြစ်ပေမယ့် သေချာတော့ မချော့မိဘူး ရင်သွေးကိုပဲ ပိုဂရုစိုက်နေမိတယ်လေ။
ဒီညလဲ ရင်သွေး အိပ်သွားတဲ့အထိ တိမ်တိုက် အိပ်မ ပျော် တာနဲ့ Internet ကနေ ဇာတ်ကားတွေ ထိုင်ကြည့် နေမိတယ်။ လူငယ်သဘာဝ အချစ်ဇာတ်ကားတွေကိုပဲ ကြည့်လေတော့ စိတ်ကပါလာပြန်ပါရော။ အခန်းထဲကို ဝင်လိုက်တော့ ရင်သွေး ဘေးစောင်းလေး အိပ်နေတာ တွေ့ရတယ်။ တိမ်တိုက်သက်ပြင်းချခါ ရေချိုးခန်းထဲကို ဝင်ခဲ့လိုက်ပါတယ်။
ဝတ်ထားတဲ့ စွပ်ကျယ်ကို ဗိုက်နားကနေဆွဲမလိုက်ခါ ခေါင်းမှာစွယ်လိုက်တယ်။ ကျစ်လစ်ပြီး ဖွေးစွတ်နေတဲ့ ဗိုက်သားတွေ ပေါ်လာပါတယ်။ဗိုက်ကို တချက်နှစ်ချက် လက်နဲ့ ပွတ်ခါ အားကစားဘောင်းဘီ တိုလေးကို ဖိချခါ ချွတ်လိုက်ပြီး တိမ်တိုက် လုပ်ငန်းစနေပါပြီ။
ရေဇလားဘောင်ပေါ်ထိုင်ပြီး နံရံကိုမှီခါ ခြေနှစ်ချောင်း ကိုဆန့်၍ ခေါင်းကိုမော့ခါ အာရုံခံစား လက်လှုပ်ရှုားနေ ပါတော့တယ်။ နှာမှုတ်သံလေး တဖြေးဖြေးပြင်းလာပြီး လက်တဖက်က ဗိုက်ကိုပွတ်ခါ မျက်စိက်ုမှိတ်ခေါင်းကိုပို မော့ထားလိုက်ပါတယ်။
ရင်သွေး အိပ်နေရာကနေ နိုးလာတော့ အနားမှာလဲ တိမ်တိုက် ကရှိမနေ။ အပေါ့သွားချင်လာတာမို့ ရေချိုး ခန်းကိုအလာ ဟနေတဲ့ တံခါးမှနေ၍ ရေချိုးခန်းထဲမှာ တစ်ယောက်ထဲ အာသာဖြေနေတဲ့ တိမ်တိုက်ကိုတွေ့ရ ပါတော့တယ်။ ရင်သွေး ရင်တွေတုန်သွားပြီး အခန်းထဲ မဝင်ပဲ အသာကြည့်နေမိတယ်။
တကယ်ကို ကြည့်ကောင်းတဲ့ လူပျိုချောလေးတစ်ဦး ရဲ့ စိတ်ပါလက်ပါ အာသာဖြေနေဟန်ဟာ သူလို လူမျိုး အတွက်ကြီးစွာသော ဝေဒနာကို ဖြစ်စေပါတယ်။ တစ်ခု ရှိတာက တိမ်တိုက် ကိုသူထပ်ပြီး အမှားမခံရဲတော့ပါ။ တိမ်တိုက်ကလဲသူ့ရှေ့မှာနေတာ ထိုင်တာကအစသတိ နဲ့နေနေတယ် ဆိုတာ သူသိတာပေါ့။
ရင်သွေးလက်တွေက ခန္ဓာကိုယ်ပေါ်မှာ ပွတ်သပ် နေမိပါတယ်။ မျက်တောင်ခတ်ဖို့ ကိုလဲသတိမရတော့။ အဲဒိအချိန်မှာပဲတိမ်တိုက် ဆီကညည်းသံနဲ့အတူ ပြီးဆုံး သွားတဲ့ ရလဒ်တွေ လှမ်းမြင်လိုက်ရပါတော့တယ်။
အဲဒိတော့မှ ရင်သွေးသတိဝင်လာခါ ကုတင်ပေါ်ပြေး ပြီးအသာလှဲခါ အိပ်ချင်ယောင်ဆောင် နေလိုက်မိတယ်။ ခနနေတော့ တိမ်တိုက် ရင်သွေးရဲ့ ဘေးမှာအသာလေး လာလှဲချကာအိပ် လာပါတယ်။ တိမ်တိုက် ထံမှ စိမ်းရွှင် ရွှင် အနံ့သင်းသင်းလေး တမျိုးရနေတာ ရင်သွေးရဲ့ရင် ကိုတုန်လှုပ်စေသလို အသံရှုသံတွေကို မှားယွင်းစေပြန် ပါတယ်။ ရင်သွေး တိမ်တိုက်ကို ချစ်မိနေပြီလား။ မဖြစ် နိုင်ဘူး။ ရင်သွေး ချစ်တာက သက်ပုံပါ။ ဟူးး စိတ်တွေ လဲမောလှပါပြီလေ။
တိမ်တိုက် အိပ်မပျော်သေးတာမို့ ရင်သွေးကိုလှဲ့ခါ ကြည့်မိတော့ လူကငြိမ်သက်နေပေမယ့် ရင်သွေးဗိုက် က လှုပ်ရှုားမှုကိုကြည့်ချင်းဖြင့် အသက်ရှုမြန်နေတာသ တိထားမိတယ်။ ဒါဆို သူနိုးနေတာပေါ့။ ဒါဆို ခုနသူများ တွေ့သွားလေသလား။ ဟာ ။
" စောတီးနော် ကိုက ညီအိပ်နေပြီမှတ်လို့ပါကွာ "
ရင်သွေး ဘာသံမှမထွက်ပဲ ငြိမ်သက်နေဆဲပါပဲ။
" စိတ်ချလက်ချ အိပ်ပါ ညီ good night "
နောက်နေ့မနက် တိမ်တိုက် ကျောင်းသွားခါနီးမှာပဲ သူတို့အခန်းကို ဘဲလ်သံမြည်လာတာမို့ တိမ်တိုက်ထခါ တံခါးသွားဖွင့် လိုက်တော့ သက်ပုံ ဖြစ်နေပါတယ်။ ဟာ ခနဲ ခံစားလိုက်ရပြီး တစ်ခုခုကို လစ်ဟာသွား သလိုမျိုး ခံစားရပါတယ်။ မျက်နှာ မပျက်စေရန် ပြင်လိုက်ခါ မီးဖို ခန်းထဲမှာ ရင်သွေးရှိနေတာမို့ တိမ်တိုက် ငြင်းသင့်လား မငြင်းသင့်ဘူးလား စဉ်းစားနေတုန်းမှာပဲ
" ရင်သွေးဒီမှာရှိနေတာ ကိုသိပါတယ်တိမ်တိုက် အခု လာတာလဲ သူ့ကို ခေါ်ဖို့လာတာမဟုတ်ပါဘူး ဒီမှာသူ့ ရဲ့ပစ္စည်းလေးတွေ ပေးချင်လို့ပါ "
တိမ်တိုက် တစ်ချက်စဉ်းစားလိုက်ပြီးမှ သံဘာဂျာတခါး ကိုဖွင့်ပေးလိုက်ပါတယ်။ သက်ပုံ အခန်းထဲရောက်ချိန် မှာပဲ မီးဖိုချောင်ထဲမှ ရင်သွေး ထွက်လာပါတယ်။ သက် ပုံကိုမြင်လိုက်တာနဲ့ ရင်သွေးထိပ်လန့်သွားခါ တိမ်တိုက် ရဲ့နောက်ကျောကို ပြေးကပ်ပါတော့တယ်။
" မကြောက်ပါနဲ့ ညီ အခုကိုလာတာ ညီ့ပစ္စည်းတွေပို့ ပေးတာပါ ညီဒီမှာပဲ နေချင်နေပါ နောက်ပြီး ကျောင်းလဲ ပြန်တက်ပါ ညီ့ ကဒ်ထဲကို ကို လစဉ်ငွေ ထည့်ပေးမယ် ညီ ပျော်သလိုနေပါ ပြီးခဲ့တဲ့ ကိစ္စတွေအားလုံး အတွက် ကို တောင်းပန်ပါတယ် ဒီမှာ ညီ့ပစ္စည်းတွေ "
သက်ပုံက အိတ်ကြီးနဲ့ ကျောပိုးအိတ်လေးကို ချပေး ပေမယ့် ရင်သွေး အရှေ့ထွက်မလာပဲ တိမ်တိုက်နောက် ကနေသာ ကွယ်ပြီးကြည့်နေပါတယ်။ ဒါဟာမာယာများ လား တကယ့် စိတ်ရင်းလား ဆိုတာ ရင်သွေး မဝေခွဲ တက်ဘူးလေ။
သက်ပုံ ပြုံးပြခါ ခေါင်းတစ်ချက်ငြိမ့်ပြပြီး
" ကဲ အဲဒါဆို ဒါတွေဒီမှာပဲ ချထားလိုက်မယ်နော် ညီ ကို ပြန်တော့မယ် တိမ်တိုက်ကိုလဲ ကျေးဇူး တင်ပါတယ် လိုအပ်တာရှိရင် အချိန်မရွေး ပြောလို့ရပါတယ် "
" ရပါတယ် မလိုပါဘူးဗျာ "
သက်ပုံအခန်းတံခါးဝကို လျှောက်သွားတော့ ရင်သွေး တိမ်တိုက်ရဲ့ နောက်ကျောကနေ ထွက်လိုက်တယ်။ သူ လှမ်းခေါ်မလို့ လုပ်တုန်း တိမ်တိုက်က သူ့လက်ကိုညှစ် ခါကိုင်လိုက်တာမို့ ရင်သွေး တွေဝေသွားရ ပြန်ပါတယ်။
သက်ပုံနောက်လှဲ့ ကြည့်လာတော့ ရင်သွေးရဲ့လက် ကို တိမ်တိုက်ကကိုင်ထားပြီး တယောက်ကိုတယောက် ကြည့်နေတာ တွေ့တာမို့ ချက်ခြင်းမျက်နှာလွှဲခါထွက်ခဲ့ လိုက်ပါတော့တယ်။ ဓါတ်လှေခါး ခလုပ်ကို နှိပ်ပြီးစောင့် နေတုန်းမှာပဲ အနောက်က အသံတစ်ခုကို ကြားလိုက်ရ ပါတော့တယ်။
" ကို "
သက်ပုံ မယုံကြည်နိုင်စွာနဲ့ လှည့်ကြည့်မိပါတော့တယ် ဟုတ်တယ် သူသိပ်ချစ်တဲ့ ရင်သွေးပါပဲ။ ရင်သွေး မျက် ရည်တွေနဲ့ သူ့စီပြေးလာတာမို့ သက်ပုံ လက်နှစ်ဖက်ကို ဆန့်ခါ ကြိုဆိုပြီး ထွေးပွေ့ထား လိုက်မိပါတော့တယ်။
" ညီ ရယ် ကိုတကယ်မယုံနိုင်အောင်ပါပဲကွာ ဒါဆို ညီ ကို့ကို ခွင့်လွှတ်တယ်ပေါ့နော် ညီ "
" ခွင့်လဲမလွှတ်ဘူး ကြောက်လဲကြောက်တယ် ဒါပေမဲ့ ညီ ကို့ကိုအရမ်းချစ်တယ် ညီ ကိုနဲ့မခွဲချင်ဘူး "
" ညီရယ် နောက်ဆို ညီ့ကို စိတ်ချမ်းသာအောင်ထား ဖို့ဆိုတာ ကို ကတိပေးဖို့တောင် မလိုပါဘူး ဘုရားမှာပဲ သစ္စာဆိုပြီး တိုင်တည်ပါ့မယ် ညီရယ် "
" ညီ ဝမ်းသာလိုက်တာ ကို ရာ ညီကို့ကိုအရမ်းချစ်တာ အနေဝေးမှ သိလိုက်ရတယ် အရမ်းလဲကြောက်ပေမယ့် ချစ်တဲ့ စိတ်နဲ့အရာအားလုံးကို ရင်ဆိုင်ဖို့ ညီ ဆုံးဖြတ် လိုက်တာပါ ညီ့ကို မနှိပ်စက်ပါနဲ့တော့နော် ကို "
" ညီရယ် "
သက်ပုံ မျက်ရည်တွေဝေ့ တက်လာအောင်ပင် ခံစားရ ပါတယ်။ စိတ်ထဲမှာလဲမကောင်းဘူးတကယ်ဆို သူသိပ် ချစ်လွန်းလို့ သိပ်အမျက်ကြီးခဲ့မိတာ သဝန်တိုခဲ့မိတာပါ။
သူ့အပေါ် ဓါးနဲ့ပြန်ထိုး လောက်အောင်ထိ ရင်သွေးက မုန်းတီးနေတယ်လို့ ထင်ခဲ့တုန်းက သူအရမ်းခံစားခဲ့ရ ပေမယ့်လဲ ရင်သွေးကို လုံးဝ စိတ်မဆိုး ဒေါသမဖြစ်ခဲ့ပါ ဘူး။ တကယ်ဆို ရင်သွေးကို နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့မိ တာကသူပါ။ ဒါ့ကြောင့်လဲ ရင်သွေးကျေနပ်အောင် သူ ကြည်ဖြူစွာ စွန့်လွှတ်ပေးဖို့ အထိဆုံးဖြတ်ခဲ့တာပါပဲ။
မျက်ရည်တွေ ကြားက သက်ပုံလှမ်းတွေ့ လိုက်ရ တာကတော့ အခန်းထဲ ပြန်ဝင်သွားသော တိမ်တိုက်ရဲ့ ပုံရိပ်ဝေဝေဝါးဝါးကိုပါပဲ။ ကျေးဇူးတငိပါတယ်တိမ်တိုက် ရင်သွေးကို စောင့်ရှောက်ပေးခဲ့လို့ပါ။
ရင်သွေး အရမ်းကို ပျော်နေမိတယ်လေ။ ခုနတုန်းက တိမ်တိုက် ပြောလိုက်တာလေးကိုလဲ နားထဲမှာကြားနေ မိပါတယ်။
" အချစ်ဆိုတာ လုပ်ကြံဖန်တီးယူလို့ မရဘူး ရင်သွေး အချစ်မှာ အားနာတာတွေ မပါသလို အားနာပြီးလဲ ချစ် လို့မရဘူး အချစ်ကို တန်ဖိုးထားရင် မင်းရိုးသားလိုက်ပါ ကောင်းတာဆိုးတာ အတိတ်က ကံကြမ္မာက ဆုံးဖြတ်ပါ လိမ့်မယ်လောလောဆယ်တော့ မင်းပိုင်ဆိုင်ရမယ့် မင်း အချစ်ကို မင်းရိုးသားစွာနဲ့ လက်ခံလိုက်ပါ နောင်တဆို တာလူတိုင်းအတွက် ခါးသီးမှုတွေသာ ပေးတက်တာပါ ကဲ အမြန်လိုက်သွား နော် "
" ညီ ကြောက်တယ် အကို "
" ကြောက်တယ်ဆိုတာ လွမ်းတာထက်တော့ သက်သာ ပါတယ် အသားနာမှာနဲ့ အသည်းနာမှာ ဘဟ်ဟာကပို သက်သာမလဲ ဆိုတာမေးဖို့တောင်မလိုဘူးလေ "
ရင်သွေး မျက်စိကိုမှိတ်လိုက်ပြီး အံကိုတချက်ကျိတ်ခါ
" ကျေးဇူးတငိပါတယ် အကို ညီ့ကို ခွင့်လွှတ်ပါနော် "
" မြန်မြန်သွားဖို့ပဲ လိုတာ မမှီပဲနေမယ်ဗျ "
ပြုံးပြီးပြောလာတဲ့ တိမ်တိုက်စကားကြောင့် ရင်သွေး တိမ်တိုက်ရဲ့ လက်ကို ဖြစ်ညှစ်စုပ်ကိုင်လိုက်ပြီးမှ ပြေး ထွက်လာခဲ့တာလေ။ ဘာပဲဖြစ်ဖြစ်ရင်သွေး ကို့ ကိုပဲချစ် တယ်။ အခုတော့ ကိုကလဲ ရင်သွေးကို စိတ်ချမ်းသာ အောင်ထားမယ် ဆိုတော့ ရင်သွေးအတွက် အတိုင်း မသိ ပျော်ရွှင်မိပါတော့တယ်။
တိမ်တိုက် အခန်းတံခါးကို ပိတ်ခါ ကျောမှီပြီး ကြမ်း ခင်း ပေါ်ကိုထိုင် ချလိုက်ပါတော့တယ်။ ရင်သွေးရယ် ငါ တို့ ဘဝတွေ မဖြစ်နိုင်ပါဘူး။ ငါလဲယောက်ျားခြင်းပြန်ပြီး ယူဖို့အထိ သတ္တိမရှိဘူး။ အချိန်တန်ရင် ငါအိမ်ထောင်ပြု မယ့်သူပဲလေ။ မင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။
အရာအားလုံးက ပြီးဆုံးခဲ့ပြီလေ။ Straight တစ်ဦး ကို မရူးသွပ်ခဲ့ပဲ အချစ်အပေါ် ရိုးသားခဲ့တဲ့ မောင်ငယ် ရင်သွေးလဲ သူ့အပေါ်ကို အတိုးကောအရင်းပါ စုပြုံပြီး ယုယကြင်နာနေတဲ့ သက်ပုံနဲ့ ပျော်ရွှင်နေပါပြီ။ သက်ပုံ သူ့အပေါ်ဘယ်လောက်ပဲ နှိပ်စက်ပါစေ သူဘလောက် ထိချစ်ခဲ့တယ်ဆိုတာ သူသာအသိဆုံးပါ။ သက်ပုံ မှာက
လဲ မှားယွင်းတဲ့ အတ္တတွေကို အချစ်တွက်မြေမြုပ်ခဲ့ပါပြီ သူ့အတွက် အချစ်က ပိုအရေးကြီးမှန်း သူသိခဲ့ပြီလေ။
ချစ်လွန်းလို့ ဖြစ်ခဲ့တာကိုလဲ သူ့ကိုသူသာအသိဆုံးပါ။
တိမ်တိုက်လဲ ခိခိနဲ့ အရင်လိုပဲ အဆင်ပြေချစ်ခင်စွာ ရှိလျက်ပါပဲ။ သူ့အဖို့ကတော့ ရင်သွေး ဆိုတာ ခနတာ မက်ခဲ့တဲ့ အိပ်မက်လေးတစ်ခု လိုပါပဲ။ အရာအားလုံးက ပိုနေမြဲ ကျားနေမြဲ ပဲကောင်းပါတယ်လေ။ မဖြစ်နိုင်ဘူး ဆိုတာလဲ သူ့ဖာသာသိနေတာပဲ မဟုတ်လား။
ပြီးပါပြီ။
အားလုံးကို အထူးကျေးဇူးတင်ပါတယ် ခမျာ့။
ကိုလေး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment