Sunday, November 20, 2016

အရံလူ - အားပေးကြပါဦးဗျ

အရံလူ (၁) လေလေး တချွန်ချွန်နက် အဝတ်အစားလဲ စိတ်တိုင်းကြ ပြင်ဆင်ပြီး ချိန်ရောက်တော့ မှန်ထဲမှာ သေချာကို့ကိုယ်ကို ပြန်ကြည့်မိတယ်။ ဝူးးးး အတော်ကြည့်ကောင်းတာပဲ ဟ ဟ။ အောင်ကျော်ဇင် နေတရိပ် ဆိုတာ အမြဲတမ်း ဘယ်လိုနေနေ ကြည့်ကောင်းနေလို့ လူတိုင်းက ချစ်ကြတဲ့ ကောင်လေးပဲ ဒိလို ပြင်ဆင်လိုက်တော့ မသိရင် မော်ဒလ် အလန်းလေး တစ်ပွေလို့ ထင်မှာ အသေအချာပါပဲ။ ဒါပေမယ့် တကယ်တမ်းတော့ နေတရိပ် ဆိုတာ လူမသိအောင် Offer လိုက်ပြီး ကို့စားရိတ် ကိုရှာ ကျောင်းတက်နေရတဲ့ ကျောင်းသားလေး တစ်ဦးပါ။ အဆောင်မှာမနေပဲ တိုက်ခန်းလေး ငှားနေတာကို က အကြောင်းပြချက် သူ့အတွက် ခိုင်လုံစွာရှိတယ်လေ။ အဲဒါကတော့ လူသိမခံလိုတဲ့ လောစိဘဲကြီး တွေအတွက် စပါယ်ရှယ် ဝန်ဆောင်မှုပေါ့။ မတက်နိုင်ဘူးလေ လုပ်သလိုမဖြစ်မှတော့ ဖြစ်သလိုလုပ်ခဲ့ရ ပြီးပြီ ပြန်ပြီးပြင်ဆင်လို့ ရတဲ့အရာမဟုတ်သလို ရုန်းထွက်ဖို့ အင်အားဆိုတာလဲ အရမ်းကိုနဲပါးနေပါ သေးတယ်။ စိတ်ညစ်စရာတွေ မတွေးပဲ ကျောပိုးအိတ်လေး ကောက်လွယ်ကာ ထွက်ခဲ့လိုက်ပါတော့တယ်။ ကျောင်းရောက်တာနဲ့ ထုံးစံအတိုင်း သူကျောင်းဂိတ်ဝကနေ မတ်တပ်လေးရပ်ခါ စောင့်နေရပြီလေ။ အဲဒါကတော့ နေတရိပ် သိပ်ချစ်ရတဲ့ ချစ်သူ အောင်ကျော်ဇင် ကိုပေါ့။ အဝေးကနေ လှမ်းမြင်ရထဲက ဒီကားကို သူအလွတ်ရပြီးသား ကားစက်သံကအစ သေချာမျက်စိမှိတ်ခါ အလွတ်ပြော နိုင်တဲ့အထိပေါ့။ သူ လာနေပြီလေ။ “ ဝူးးးးးး ကျွီ့ “ ကားရပ်ပုံကို ကြည့်ထဲက တစ်ခုခုဖြစ်လာပြီ ဆိုတာ သိတာမို့ သက်ပြင်းကို အသာချကာ ကားတံခါး ဖွင့်ပြီး တက်ထိုင်လိုက်ပါတယ်။ နေတရိပ် တက်တာနဲ့ ကားက စောင့်ခနဲ ထွက်သွားတာမို့ “ ဖြေးဖြေး လုပ်ပါကွာ စွတ်ပေါင်းနေတာပဲ “ ကားကိုသာ မောင်းနေပြီး သူ့ကိုလုံးဝလှဲ့ မကြည့်တဲ့ အောင်ကျော်ဇင်ရဲ့ အခြေအနေကို ကြည့်ခါ ဒီတခါ ပြသနာကလဲ မသေးလောက်ဖူးလို့ တွေးမိပြန်ရဲ့။ ကားလေးက ကျောင်းဝင်းထဲက လူရှင်းတဲ့ လမ်းဖက်ကို မောင်းလာခါ ငစ်ပင်ရိပ် တစ်ခုအောက်မှာ ထိုးရပ် သွားပါတယ်။ “ ကဲ ပြောပါဦး အပိုင်း ၁၀၁ ကို “ နေတရိပ် ရွှတ်နောက်နောက်နဲ့ လမ်းဖွင့်ပေးလိုက် ပေမယ့် ရင်ထဲမှာတော့ မွန်းကျပ်လို့ နေပါတော့တယ်။ ဟုတ်တယ်လေ အောင်ကျော်ဇင် ဆက်စရာ ပြသနာက ထုံးစံအတိုင်း မင်းမထိုက် ကြောင့်ပဲ ဆိုတာ သိနှင့်နေတာကိုး။ ရုတ်တရက် ကား စီယာတိုင်ပေါ် မျက်နှာမှောက်ခါ ခန္ဓာကိုယ်ကို တသိမ့်သိမ့် လှုပ်ခါ အသံတိတ်ငိုချလိုက်တဲ့ အောင်ကျော်ဇင်ကြောင့် နေတရိပ် ပြာခနဲ ဖြစ်သွားတယ်။ “ ဘာဖြစ်ပြန်ပြီလဲ ဘာ ဖြစ်တာလဲ ပြောစမ်းပါ သားကျော်ရာ မငိုပါနဲ့ နော် “ သူပြောနေပေမယ့် အောင်ကျော်ဇင် ကငိုနေဆဲ။ မရတော့ဘူး နေတရိပ် စိတ်က အဲ့လောက်ရှည် တာမဟုတ်ဘူး။ ဖုန်းကို ဘောင်းဘီအိပ် ထဲကထုတ်ခါ မင်းမထိုက်ကို ဖုန်းခေါ်မလို့ ပြင်နေတုန်းမှာပဲ အောင်ကျော်ဇင်က သူ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်ခါ “ စိတ်ညစ်ရတဲ့ ကြားထဲ ပြသနာထပ်မရှာ ပါနဲ့တော့ကွာ တော်ပါတော့ “ “ ကဲ ပြော အဲဒါဆို ဘာဖြစ်တာလဲပြော “ နေတရိပ် ဒေါသတွေ အလိပ်လိုက် ထွက်နေတာ ထိန်းမရဘူး။ သူ့ရှေ့မှာ အောင်ကျော်ဇင် မျက်ရည်ကျတာ မြင်ရတော့ ဘယ်လိုမှ မြိုသိပ်နိုင်စွမ်း မရှိတော့ပေ။ “ အဲဒါပဲ မင်းကို မပြောပြချင်တာ တခုခုဖြစ်ရင် မင်းကပို ဆိုးနေတယ် “ ရင်ထဲမှာ နငိ့ခနဲ ခံစားလိုက်ရတယ်။ ပြောရက်တယ်လို့လဲ အပစ်မတင်ရက်ဘူး။ ထားပါတော့လေ။ “ ထားလိုက်စမ်းပါ ပြောမှာသာပြော ဘာဖြစ်တာလဲ “ အောင်ကျော်ဇင်က “ ငါဒီနေ့ ကျောင်းမတက်တော့ဘူး နေရိပ် “ “ ဘာဖြစ်လို့လဲ အဲဒါက နင်းပြသနာနဲ့ဘာဆိုင်လို့လဲ “ အောင်ကျော်ဇင် ဘာမှမပြောပဲ မျက်နှာကို အသာလေး တစ်ဖက်သို့ လှည့်ပြလိုက်တယ်။ နေတရိပ် ရင်ထဲမှာ ဟာခနဲ ခံစားလိုက်ရပြီးမှာ ထိုင်ရာက ထမလို့ ဝုန်းခနဲ ပြင်လိုက်စဉ်မှာပဲ အောင်ကျော်ဇင်က လက်ကို အတင်းဆွဲထားလိုက်ခါ “ တော်ပါတော့ ငါ့ကို ထက်အရှက်မခွဲပါနဲ့တော့ကွာ “ “ ဘာ အရှက်မခွဲနဲ့ ဟုတ်လား မင်းမျက်နှာက လက်ရာက အဲဒိကောင် လက်ရာ မဟုတ်ဘူးလား ဟင် မင်းပါးကို ဒီကောင်ရိုက်ရအောင် သူငဘာကောင်လဲ ဟာကွားး တောက် ဖာခ့် “ “ တော်ပါတော့ ငါကအရိုက်ခံခဲ့ရပြီးပြီ ထက်သွားပြောရင်လူတွေ ပိုသိပြီး ပိုအရှက်ကွဲမှာပေါ့ တော်ပါတော့ကွာ ငါ့ကိုသနားပါဦး “ “ ဟ့ မင်းကို သနားရုံမကဘူး ငါကွာ တောက် ဟင်း မိုက်ရိုင်းလိုက်တာ နေပေ့စေ ဒီကောင်နဲ့ ကျောင်းကပြန်မှ ရှင်းမယ် ပြော မင်းကို သူဘာလို့ ရိုက်တာလဲ ပြော အခု “ အောင်ကျော်ဇင် သက်ပြင်းကို ချလိုက်ခါ “ ငါပြောပြမယ် မင်းသူ့ကို ပြသနာမရှာပါဘူးလို့ ကတိပေး “ “ မပေးဘူးကွာ အသေသတ်ပစ် ချင်နေတာ အဲဒိကောင်ကို ဒိကောင့်ကို ပြန်လုပ်ရမှကို ကျေနပ်မှာ “ “ ဒီမှာ နေရိပ် ငါ့မျက်နှာကို သေချာကြည့် စမ်းပါ “ နေတရိပ် ဒေါသတွေ ထွက်နေတဲ့ကြားက အောင်ကျော်ဇင့် မျက်နှာကို သေချာကြည့်မိလိုက်တယ်။ ပါးတဖက်မှာ အရိုက်ခံထားရတာမို့ နီရဲနေတာ အသည်းတွေပါနာတယ်။ အောင်ကျော်ဇင်က သူ့ကို တစ်လုံးချင်း ပြောလာတာက “ သူ က ငါ့ ချစ် သူ လေ ကွာ “ နေတရိပ် အံကိုကျိတ်ခါ “ အေး ဟုတ်ပီ သူကမင်းချစ်သူ အခု မင်းပါးကိုရိုက်တဲ့ကောင် နောက်ဆို မင်းကိုပါ အသေသတ် သွားရင်ကော ငါကလက်ပိုက် ကြည့်နေရမှာလား သားကျော် မင်းနဲ့ငါရဲ့ ပက်သက်မှု ကကော ဘာလဲ ငါက မင်းရဲ့ အခင်ဆုံးအချစ်ဆုံး သူငယ်ချင်းဆို မင်းပဲအမြဲ ပြောနေခဲ့တာလေ ဟမ် “ “ ငါမှ သူ့ကို မပြတ်နိုင်တာ နေရိပ်ရာ ငါသူ့ကို ချစ်တယ် “ “ ချစ် ချစ် သေအောင် အသတ်ခံရတဲ့ ထိချစ်နေ တောက် မင်းကွာ “ “ ဒီနေ့ မနက်သူ့ဆီကို ငါရောက်တယ် ......... ကားရပ်လိုက်ပြီးတာနဲ့ အောင်ကျော်ဇင် ကားပေါ်မှ ဆင်းခါ ခပ်မြန်မြန် ဒုတိယအလွှာမှာ ရှိတဲ့ မင်းမထိုက် နေတဲ့ တိုက်ခန်းလေးဆီ အပြေးတက်ခဲ့ ပါတော့တယ်။ အခန်းဝရောက်လို့ လူခေါ်ဘဲလ် လေးတီးလိုက်တာနဲ့ မင်းမထိုက် တန်းထွက်လာတာမို့ အနည်းငယ်တော့ အံ့သြသွားတယ်။ အရင်ကဆို အမြဲ စောင့်ရတက်တာလေ။ မင်းမထိုက်က အမဝမ်းကွဲ လင်မယားနဲ့အတူ နေတာလေ။ မင်းမထိုက် အခန်းထဲက ထွက်လာတာနဲ့ တိုက်ခန်းတံခါး ပြန်စေ့ လိုက်ခါ အောင်ကျော်ဇင့် လက်ကို ဆွဲပြီး လှေခါးထစ် ကွေ့လေးသို့ ပြေးဆင်း လိုက်တယ်။ “ ထိုက် ဘာဖြစ်လို့လဲ “ “ စကားမရှည်နဲ့ လာခဲ့ “ လှေခါးထစ် ကွေ့နားရောက်တော့မှ အောင်ကျော်ဇင့် လက်ကို စောင့်လွှတ်ချလိုက်ခါ “ မနေ့က ဘယ်ချိနိ အိမ်ပြန်ရောက်လဲပြော “ “ ၉ ခွဲလေ အဲတာပြောပြ.... “ “ တော်တော့ အဲဒိကောင်နဲ့ ၂ ယောက်ထဲသွားတာ မကြိုက်ဘူးလို့ မငိးကို ဘယ်နှစ်ခါ ပြောရမလဲ ဟမ် မင်းချစ်သူက သူလား ငါလား ပြောစမ်း အောင်ကျော်ဇင် “ “ ဟာ ကိုထိုက်ကလဲ သူက သူငယ်ချင်းပါ သိရဲ့သားနဲ့ “ “ မသိဘူး မသိဘူး မင်းတို့ ပက်သက်မှုတွေကို ငါမပြောနဲ့ တစ်လောကလုံးက လူတွေတောင် သိမှာ မဟုတ်ဘူး “ “ ကိုထိုက်ကလဲဗျာ ကျနော်တို့က တကယ်ရိုးရိုးသားသား ခင်ကြတာပါ “ “ ဟ့ မင်းတို့ရိုးသားတာ ချစ်သူမက လင်မယားမကျတွေလား ဟင် “ “ အဲ့ဒိလိုတော့ မပြောပါနဲ့ ကိုထိုက် ကျနော်တို့ ရိုးသားတယ်ဆိုတာ ဖြူစင်မှုပါ မှတ်ကျောက်တင်လို့ ရတယ် နေရိပ်က ကိုထိုက်လို အမြဲဆာလောင်နေတဲ့ သူမဟုတ်ဘူး “ စကားအဆုံးမှာပဲ မထင်မှတ်ပဲ ရောက်လာတဲ့ မင်းမထိုက်ရဲ့ လက်ဖဝါးတဖက်ကြောင့် အောင်ကျော်ဇင့် ပါးတစ်ဖက် ပူခနဲဖြစ်သလို လူကပါ ယိုင်ကျသွားတာမို့ ဟန်ချက်ကို ပြန်ထိန်း လိုက်ရပါတော့တယ်။ “ ဟင် ကိုထိုက် ကိုထိုက် ကျနော့် ကို ကျနော့်ပါးကို ရိုက်တယ် “ “ အေး ရိုက်တယ် မင်းသိထားဖို့က ချစ်သူ သဘာဝ မနေနိုင်လို့ ရာဂပါရင်ပါမယ် ငါတဏှာရူး မဟုတ်ဘူး မင်းလို တွေ့တဲ့လူနဲ့ ပျော်ပါးတက်တဲ့ကောင် မဟုတ်ဘူး သွားတော့ မင်းထွက်သွားတော့ မင်း နောက်တစ်ခါ ငါနဲ့ လာ ပက်သက်ဖို့ မလိုတော့ဘူး ရှင်းတယ်နော် တောက်ခ် “ ပြောလဲပြော လှေခါးထစ်ကနေ ပြေးဆင်းသွားတဲ့ မင်းမထိုက်ရဲ့ ကျောကို ရပ်ကြည့်နေရင်းမှ အောင်ကျော်ဇင့် ပါးတစ်ဖက်ပူလာတာမို့ လက်နဲ့ပွတ်ကြည့်မိတယ်။ ထူအမ်းအမ်း ဖြစ်နေတဲ့ ပါးတစ်ဖက်က မျက်ရည်တွေနဲ့ စိုလို့နေလေရဲ့။ ကိုထိုက် တအားရက်စက်တယ်ဗျာ ကျနော် ချစ်မှန်း သိရက်နဲ့ အမြဲအနိုင်ယူတယ်။ တခါတလေ နေရိပ်နဲ့ ပက်သက်လာရင် အမြဲတမ်း အထိမခံတက်တဲ့ ကို့စိတ်ကိုယ်လဲ အံ့သြမိတယ်။ “ အော် ငါ့ကြောင့်ပေါ့ တောက် အဲဒိကောင်နဲ့ ငါရှင်းမှကိုဖြစ်မယ် သားကျော် “ “ ငါ့ကိုမင်း ခင်တယ် ဆိုရင် ငါစိတ်ညစ်မယ့် အလုပ်မျိုး မလုပ်ပါနဲ့လို့ ငါတောင်းပန်ပါတယ်ကွာ အခုတောင် ငါသူ့ကို ဘယ်လို ပြန်ပြီး တောင်းပန်ရမလဲ မစဉ်းစား တက်ဘူုးဖစ်နေတာ ထပ်ပြီးတော့ တော့ ပြသနာမရှာပါနဲ့ နေရိပ်ရယ်နော် “ “ သေ သေ မင်း အဲဒိမှာပဲ ထိုင်ရင်းနဲ့ သေလိုက်တော့ သားကျော် လီးပဲကွာ “ “ ဝုန်းးးးး “ နေတရိပ် ကားပေါ်မှဆင်းခါ ကားတံခါးကို စောင့်ပိတ်ချပြီး လှဲ့ထွက်လာ ပါတော့တယ်။ ရင်ဘတ်တခုလုံး ဘလောင်ဆူနေပြီ အခုချိန် တစ်ယောက်ယောက်က ဝင်တိုက်သွားရင်တောင် အသေသတ်မိ မလားမသိပေ။ ဟူးးးးးးး ငါရင်မောတယ် အောင်ကျော်ဇင်ရယ် ......... အရံလူ (၂) အောင်ကျော်ဇင် ကားပေါ်က ဆင်းလာပြီး နောက်နေ အမြန်လိုက်လာခါ နေတရိပ် လက်ကိုအတင်း စောင့်ဆွဲလိုက်ခါ “ ငါဒီလောက် စိတ်ညစ်နေတဲ့ အချိန်မှာတောင် မင်းက ငါ့ကို ထားသွားဦးမှာလား မငိးပြောတော့ ငါ့ကို အရမ်းချစ်တာဆို နေရိပ် “ “ အေး အရမ်းချစ်လို့ အရမ်းခင်လို့ လူသတ်ချင်နေတာ မင်းပါ အစစ်ပါသွားမယ် သားကျော် “ “ လုပ် မင်းလုပ်ချင် ငါ့ကိုသာ အသေသတ်လိုက် ငါကသူ့ကို မပြတ်နိုင်ဘူး မင်းကိုလဲ မထားခဲ့ နိုင်ဘူး အဲဒါငါစောက်သုံးမကျတာ ငါသေသွားရင် အကုန်အေးမှာ အီးးဟီး သတ် ငါ့ကိုပဲ သတ်လိုက် “ “ တောက် သားကျော် မင်း မင်းကွာ “ နေတရိပ် သားကျော်ကို ရင်ခွင်ထဲ ခပ်ကြမ်းကြမ်းဆွဲထည့်ခါ ဖက်ထားလိုက်တယ်။ သားကျော်ငိုနေ လေ သူ့ရင်ဘတ်တွေ နာလေပဲလေ။ တစ်စုံတစ်ခုကို စိတ်ရှိလက်ရှိ ပေါက်ကွဲလိုက်ချင်တဲ့ စိတ်တွေကို မနဲထိန်းချုပ် ထားရတယ်။ မင်းနဲ့ငါနဲ့ တစ်နေ့တော့ တွေ့ကိုတွေ့မှ ရမယ် မင်းမထိုက်။ သားကျော် မျက်ရည်တွေကို သုတ်ပေးဖို့ ပါးလေးကို ပွတ်လိုက်စဉ် “ အ့ “ မျက်စိတွေ မှိတ်ချ သက်ပြင်းကို ရှိုက်ထုတ်ပြီးမှ “ မင်းရဲ့ ဝဠ်ကြွေးတွေလဲ ကြီးလိုက်တာကွာ တစ်သက်လုံးအမြတ်တနိုး ထားလာတဲ့ ဒီပါးကို ရက်ရက်စက်စက် ရိုက်သွားတာတောင် မင်းမနာနိုင်ဘူးနော် ငါအသည်းတွေ တဆတိဆတ်ခါအောင် နာတယ် သားကျော် “ “ အေး အဲဒိဝဠ်တွေ ကျေဖို့ ငါအမြဲဆုတောင်းနေပေမယ့် ငါ့နှလုံးသားရဲ့ ငတ်မွတ်မှုတွေကို ငါတွန်းလှန်ဖို့ အင်အားမရှိဘူး နေရိပ်ရာ “ “ ထားလိုက်ပါကွာ ဒီနေ့ငါလဲ အတန်းမတက်တော့ဘူး လာ တစ်နေရာရာသွားမယ် “ “ မင်း အခန်းပဲသွားမယ် ငါလူတွေကြားထဲ မဝင်ရဲသေးဘူး “ “ အိုခေလေ အခန်းရောက်ရင် ဂစ်တာတီးပြမယ် ကပြမယ် ထမင်းလဲ ချက်ကျွေးမယ် ဟုတ်ပြီလား “ အောင်ကျော်ဇင် အသာလေးပြုံးလိုက်ခါ “ အဲဒါကြောင့် ငါ့ဘဝမှာ မင်းကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်တာပဲ နေရိပ် ငါ့ဘဝရဲ့ တစ်ခုတည်းသော ဘုရားပေးတဲ့ ကံကောင်းခြင်း ဆုလဒ်က မင်းပဲ “ “ စောက်ပိုတွေ မပြောနဲ့ ဟိုဖက်ကတက် ငါမောင်းမယ် “ အောင်ကျော်ဇင် ခေါင်းငြိမ့်ခါ မောင်းသူဘေးက ခုံမှာ ထိုင်လိုက်ပါတော့တယ်။ အဲဒါလဲ သိနေတယ်လေ အောင်ကျော်ဇင် စိတ်ညစ်တိုင်း ကားကို နေရိပ်က မောင်းပေးတက်တယ်။ အရမ်းကို အလိုက်သိလွန်းတဲ့ သူငယ်ချင်းလေး။ အကိုတွေ ညီတွေရှိရင်တောင် သူ့လောက် ချစ်ဖို့ကောင်းမည် မထင်ပေ။ ဒါပေမယ့် ချစ်ရတဲ့ ထိုက်နဲ့တော့ ပုံစံခြင်းမတူပေ။ ထိုက်ကို သူချစ်တာ ၁၅၀၀ အချစ်နဲ့လေ။ သွေးသားတွေ နှလုံးသားတွေ ဆန္ဒတွေ အားလုံးစုပြုံပြီး ချစ်ခဲ့တာပါ။ တစ်ခါတစ်လေ တော့လဲ မတောင်းသင့်တဲ့ ဆုမျိုးသူတောင်းမိတယ်။ အဲဒါက နေရိပ်နေရာမှာ ထိုက်သာဖြစ်စေ ချင်ခဲ့ တာပါပဲ။ ထိုက်က နေရိပ်လိုသာ သူ့အပေါ်ကောင်းခဲ့မယ် ဆိုရင် ..... “ ကျွီးးးးး “ “ လန့်လိုက်တာ ကားကိုဖြေးဖြေးမောင်း စမ်းပါ နေရိပ်ရာ “ “ အဟဲ အဲ့လိုလန့်စေချင်လို့ တမင် ဘရိတ်စောင့်အုပ်လိုက်တာ စိတ်နဲ့ကိုယ်နဲ့ကပ်ထားစမ်း သားကျော် ဒီမှာကြည့် ငါ့အခန်းရောက်လို့ အ့ပုံစံဆက်ဖြစ်နေရင် မင်းကိုငါ ဘာလုပ်မလဲဆိုတာ မင်းစောင့်ကြည့်လိုက် “ “ သေလေ အရူး မင်းကိုကြောက်လို့ကတော့ မင်းနဲ့တောင် မပေါင်းဘူး ရှင်းလား “ “ ပြောတာပဲ ပြီးမှ မျက်နှာငယ်လေးနဲ့ နေရိပ်ရယ် မလုပ်ပါနဲ့ နော် ဆိုပြီး မတောင်းပန်နဲ့ ဟားးးးး “ မျက်နှာကော လက်တွေပါ ဟန်နဲ့ပန်နဲ့ပြောကာ ရီနေတဲ့ နေရိပ်ကို ကြည့်ခါ သူလဲ ပြုံးလိုက်မိတယ်။ နေရိပ်ဆိုတာ အဲ့ဒါပဲလေ။ သူ့ဘဝရဲ့ စိတ်ရောကိုယ်ပါ ပြောင်းလဲပေးနိုင်စွမ်း ရှိတဲ့ သူ။ အမြဲတမ်း ပျော်ရွှင်မှုတွေကို ဆောင်ကျည်းပေးတက်သူပါပဲ။ ရင်ထဲမှာ အမြဲကျေးဇူးတင်နေမိတဲ့ အချစ်ဆုံး သူငယ်ချင်း။ နေရိပ် အခန်းကို ရောက်တော့ အဝတ်အစားတွေလဲ ကြတယ်။ အိမ်နေရင်း ဘောင်းဘီတိုပေါင်ကပ် ဆင်တူအရောင်ကွဲလေးတွေနဲ့ စွပ်ကျယ်ဖြူလေးတွေ ဝတ်လိုက်တော့ သူတို့က အရမ်းကို ပေါ့ပါးပြီး ချစ်ဖို့ကောင်းတဲ့ ကောင်းလေးတွေ ပုံစံပေါက်နေတာပေါ့။ “ ကဲ ပြော ဘာစားမလဲ ဘာသောက်မလဲ မငိးရဲ့ သဘောပါ မင်းပြော “ “ ဝမ်းနိုင်းရဲ့ အဘ ဝမ်းဘဲကြီး ဟားဟားးး “ “ ဝွမ်းးးးးဘဲ ဟဲ ဟဲ “ “ ငပေါ တော်ပီ ငါဖာသာပဲ ချက်မယ် ဘာတွေရှိလဲ ရှာဦးမယ် “ အောင်ကျော်ဇင် ရေခဲသေတ္တလေးကို ဖွငိ့ကာ ဟင်းချက်ဖို့ ရှာနေတုန်း နေရိပ်က “ အေးကွာ မင်းလက်ရာ မစားရတာကြာပြီ ရှယ်ချက်နော် မကောင်းရင် ဟိုတယ်မှာ လိုက်ကျွေးရမယ် “ “ အေး ကောင်းရင်ကော “ “ ကောင်းရင်နေ့တိုင်းလာ ချက်ကျွေး ဟားဟားဟား “ “ အေးပါ တော်တော် အတယ်နော် မင်းလဲ “ အောင်ကျော်ဇင် ရှိတာတွေနဲ့ ဟင်းလျက်မလို့ ပြင်နေတုန်း နေတရိပ်က နောက်က ထမင်းစား စားပွဲပေါ်မှာ တက်ထိုင်ရင်း လက်ထဲက ဂစ်တာကိုကျိုးညှိုနေပါတယ်။ .... Feeling sad ever နင်ချစ်သော နင့်ချစ်သူနဲ့ စိတ်ညစ်ရလို့လား နင်ပြောပါ ... ဆုတောင်းပေးရဦးမလား ..... နင်ချစ်သော နင့်ချစ်သူနဲ့ အမြဲစိတ်ချမ်းသာဖို့ ...... နေတရိပ် ဆိုလိုက်တဲ့ သီချင်းကြောင့် အောင်ကျော်ဇင် ကျောလေး ဆန့်ခနဲ ဖြစ်သွားရတယ်။ ဒါပေမယ့် လက်က ဟင်းရွက်တွေကို ဆက်ခြွေနေလိုက်တယ်။ ..... နငိ့ရဲ့ချစ်သူကြောင့် နင်ငိုခဲ့ရင် ငါအရမ်းစိတ်ညစ်တာကို မင်းလေးသိစေချင် .... ..... မင်းငါ့အတွက် အခွင့်အရေးသာ ပေးရင် နင်ပျော်အောင် အမြဲတမ်းထားမယ် ငါ့ကိုသူ့ထက်ချစ်ခွင့်ပေး ..... အောင်ကျော်ဇင် မျက်တောင်တွေကို ပုန်ခတ်ထုတ်လိုက်ရင်းက ခေါင်းကိုမော့ လိုက်ပေမယ့် ပါးပေါ်ကြလာတဲ့ မျက်ရည်တွေကို အချိန်မှီ မထိန်းနိုင်ခဲ့ .... မင်းကို အမြဲစိတ်ညစ်အောင်လုပ်တဲ့ နင်သိပ်ချစ်တဲ့နင့်ချစ်သူကို ငါဆွဲထိုး လိုက်ရမလား ဒူးထောက်ပေး လိုက်ရမလား ငါသိပ်ချစ်တဲ့ နင့်ကိုနောက်ထပ်မနှိပ်ဆက်ဖို့ ..... အောင်ကျော်ဇင် လက်ထဲက ဟင်းရွက်တွေကို ယူခါ ကော်ပုံးလေးထဲ ထည့်ပြီး ဘေစင်မှာ မဆေးပဲ ရေချိုးခန်းထဲ ဝင်လာလိုက်တာ အခန်းထဲရောက်မှ လက်ဖြန်လေးကို အသာကိုက်ခါ ကျိတ်ငိုချမိပြန်တယ်။ နေရိပ် အသံတွေက ရင်ဘတ်ထဲက ထွက်ကျလာတာ သိသာနေသလို အသံလေးက ချိုပြီး ညိမ့်ညိမ့်လေး မို့ အောင်ကျော်ဇင့် နှလုံးသားထဲကိုလဲ တန်းပြီး ဝင်လာခဲ့ပြီလေ။ “ ဟေ့ကောင် မြန်မြန်လုပ် ငါဗိုက်စာပြီဟ့ “ “ အေးပါ ဒီမှာရေဆေးနေတာ ပြီးပြီ ပြီးပြီ ခနလေး “ မျက်နှာကိုပြင်ခါ ဟင်းရွက်တွေ အမြန်ဆေး လိုက်ရပါတော့တယ်။ နေရိပ်ကိုလဲ သူ့ကြောင့် တကယ်ပဲ စိတ်မဆင်းရဲစေချင်တာ အမှနိပါ။ မင်းမထိုက် လေးကန်တဲ့ ခြေလှမ်းတွေနဲ့ တိုက်ပေါ်က ဆင်းခဲ့တယ်။ မနေ့ကမှ ဒေါသဖြစ်ခါ ချစ်ကို ကိုယ်ထိ လက်ရောက်လုပ်မိခါ အော်လွှတ်ခဲ့ မိတယ်။ တကယ်တော့ သူ့ခံစားမှုကိုလဲ သူပဲသိတယ်။ သူ ချစ်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ချစ်ရဲ့ သူငယ်ချင်း နေတရိပ် ဆိုတဲ့ .... လှေကားထစ်ကွေ့မှာ လူတစ်ယောက်တက် လာတာတွေ့တာမို့ သေချာမကြည့်ပဲ ရှောင်ပေးလိုက်ပေမယ့် ဆက်မသွားပဲ သူ့ရှေ့တည့်တည့်မှာ ရပ်နေတာမို့ မော့ကြည့်လိုက်တော့ ရင်ထဲ တင်းခနဲ ဖြစ်သွားရတယ် “ နေတရိပ် “ “ အေး ငါပဲ မင်းမထိုက် “ မင်းမထိုက် နှုပ်ခမ်းတစ်ဖက်ကို မဲ့ခနဲ့ မဲ့ခါပြုံးလိုက်ရင်း “ ငါ့စီလာတာပေါ့ ပြောပါဦး ကိစ္စကို “ “ ပြောဖို့လာတာ မဟုတ်ဘူး အကြွေးပြန်တောင်းဖို့ အင့် ခွပ် “ နေတရိပ် လက်သီးက ခွပ်ခနဲ မင်းမထိုက် ပါးပေါ်ကြလာတာကို ရုတ်တရက်မို့ မရှောင်လိုက်မိ တာမို့ လူက ယိုင်ခနဲ ဖြစ်သွားတယ်။ မင်းမထိုက် ခြေထောက်က နေတရိပ် ဗိုက်ကိုလှမ်းကန် လိုက်ပေမယ့် ဆီးစပ်ကို ထိခါ လဲကျမလိုဖြစ်သွားတာမို့ နေတရိပ် လှေခါးလက်တန်းကို ကိုင်ခါ ထိန်းလိုက်ရပါတယ်။ သူတို့နှစ်ယောက် လှေခါးထစ် ထောင့်ချိုးလေးမှာ တစ်ယောက် တစ်လှဲ့ထိုးနေကြတာ ၁၀ ချက်လောက် ထိုးပြီးချိန်မှာ အဆင်းလှေခါးဖက်ကို ကျောပေးရပ်လျှက်သား ဖြစ်နေတဲ့ မင်းမထိုက်ရဲ့ ရင်ဘတ်ကို နေတရိပ် အားအပြည့်နဲ့ ကန်ချ လိုက်ပါတော့တယ်။ ရုတ်တရက် အနောက်ကို လန်ကျသွားတာမို့ လက်က လှေခါးလက်ယမ်းကို လှမ်းကိုင်ချိန် မရလိုက်ပဲ မင်းမထိုက် နောက်ပြန် ပြုတ်ကျခါ လှေကားထစ်ကွေ့ တစ်ခါမှာ နံရံနဲ့ ခေါင်းနဲ့ စောင့်ခါ သွေးများ စီးကျ လာပါတော့တယ်။ နေတရိပ် လိုက်ဆင်းလာပြီး မင်းမထိုက်ပေါ်မှခွကာ အင်ကျီလည်ပင်းစ ကိုစောင့်ဆွဲလိုက်ခါ “ ငါ့အသက်ရှင်နေသရွေ့ အောင်ကျော်ဇင့်ကို မင်းလက်ဖျားနဲ့တောင် မထိမိစေနဲ့ အသက်ခြင်းပါ လဲရဲတယ် မင်းနားလည်ထား “ ပြောပြီး စောင့်လွှတ်ချခြင်းခံလိုက်တာနဲ့ တပြိုင်နက် မင်းမထိုက် အသိတွေကင်းမဲ့ခါ လေဟာနယ်ထဲ ရောက်လို့ သွားပါတော့တယ်။ နေတရိပ် လှေခါးပေါ်ကနေ ခပ်တည်တညိပဲ ဆင်းခဲ့ပါ တော့တယ်။ အရံလူ (၃) “ ဒိလောက် အတန်တန် တောင်းပန်ထားတဲ့ ကြားက နေရိပ်ရယ် ငါစိတ်ပျက်တယ် တကယ်ပဲ “ “ ဘာ ဘာပြောလိုက်တယ် သားကျော် မင်းပြန်ပြောစမ်း “ “ အေး မင်းရဲ့တဇွတ်ထိုး လုပ်တက်တဲ့ စိတ်ကို စိတ်ပျက်တယ် ပြောတာ “ “ ဟက် ဟုတ်တယ် ငါက ငါ့ကိုလာထိုးသွားရင်တောင် သည်းခံချင် ခံလိုက်မယ် မင်းကိုတော့ လက်ဖျားနဲ့တောင် အထိ မခံနိုင်ဘူး အေး ထိတဲ့ကောင်ကိုလဲ ဘာကြီးဖြစ်နေနေ လက်တုန့်ပြန်ရမှကို ကျေနပ်မှာ အဲဒါမင်း မြဲမြဲမှတ်ထား “ အောင်ကျော်ဇင် သက်ပြင်းကိုချရင်း ခေါင်းကိုခါလိုက်ခါ “ အခုမင်းက သူ့ကိုသွားမတောင်းပန်နိုင်ဘူးပေါ့ ဟုတ်လား “ “ သွားစမ်းပါ သားကျော်ရာ ဘာလုပ်မှာလဲပြော ထောင်ချမှာလား အလျှော်ပေးရမှာလား အားလုံးလုပ်ပေးလိုက်မယ် တောင်းပန်ဖို့ကတော့ နောင်ပွင့်မယ့် ဘုရားကျမှ ဆုတောင်း ဟုတ်ပြီလား “ “ မင်း ငါ့အတွက်ကော မစဉ်းစားတော့ဘူးလား နေရိပ် “ “ တော်တော့ သားကျော် တခြားဟာကြိုက်တာပြော ငါလုပ်ပေးမယ် ဒီကိစ္စကတော့ လုံးဝမဖြစ်နိုင်ဘူး “ ဒေါသတွေက ခုထိမပြေသေးတဲ့ နေတရိပ်ကိုကြည့်ရင်း အောင်ကျော်ဇင် ရင်ထဲမှာ အရမ်းဝမ်းနည်း လာရတယ်။ ဟုတ်တယ်လေ ကို့ကို ဒိလောက်ထိ ချစ်တဲ့ သူငယ်ချင်းကို သူဘယ်လို လမ်းခွဲရက်မှာလဲ။ မင်းမထိုက်စီ သူသွားတောင်းပန်ပြီးပါပြီ။ အရမ်းလဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ “ ပြောပါဦး မင်းကို အဲဒိကောင် ဘာတွေ ပြောလိုက်လဲ “ “ အေး သူပြောတာ မင်းကို ငါပြောပြမယ် “ နေတရိပ်နဲ့ မင်းမထိုက် ရန်ဖြစ်ခါ မငိးမထိုက် ဆေးရုံရောက်သွား တယ်ဆိုတာ သိတာနဲ့ အောင်ကျော်ဇင် ချက်ခြင်းပဲ ဆေးရုံအရင် လိုက်သွား ခဲ့ပါတယ်။ ဟိုရောက်တော့ မင်းမထိုက်က သတိရ နေပါပြီ။ မင်းမထိုက် အစ်မကတော့ ဒီကိစ္စကို ဘယ်လိုမှ မကျေအေးပေး နိုင်ကြောင်းသာ တဖွဖွ ပြောရင်း ဒေါသတွေ ထွက်နေလေရဲ့။ အောင်ကျော်ဇင် ကိုယ့်လိပ်ပြာ ကိုယ်မလုံပေမယ့် ကိုနဲ့ မပက်သက်သလိုပဲ အသာလေး နေနေရတယ်။ “ မောင်လေးပဲ စဉ်းစားကြည့် ကို့အိမ်ထိလာပြီး ကိုယ်ထိလက်ရောက် စော်ကားသွားတာ သူကဘာမို့ မင်းမင်းက ကြောက်နေတာလဲ ပြောပါဆိုတာ ဘယ်လိုမှ မေးမရဘူး ဒီကိစ္စမမကြီးတို့ လုံးဝ သည်းမခံနိုင်ဘူး မေမေတို့လဲ အခုရန်ကုန် ဆင်းလာနေပြီ မောင်လေး သူ့ကိုချော့မော့ပြီး မေးပေးကြည့်စမ်းပါ မောင်လေးရယ် နော် “ “ ဟုတ်ကဲ့ မမကြီး သားမေးထားလိုက်ပါ့မယ် “ မမကြီး ရှိနေတဲ့ အချိန်မှာ သူတို့ စကားမပြောဖြစ်ခဲ့ပေ။ မမကြီး အိမ်ပြန်သွားတော့မှ “ မင်းက ဘာကိစ္စနဲ့ ငါ့စီလာတာလဲ အောင်ကျော်ဇင် မင်းကိုယ်တိုင်မြင်ချင်လို့ လာကြည့်တာလား အခုမင်းကျေနပ်ပြီ မလား ပြန်တော့ မင်းကိုခုန မမကြီးရှိလို့ ငါမောင်းမထုတ်ချင်လို့ “ “ ဘာတွေပြောနေတာလဲ ကိုထိုက်ရယ် ညီ့တကယ်စိတ်ပူလို့ ချက်ခြင်းလိုက်လာတာပါ “ မင်းမထိုက် ပါးလေးရွဲ့အောင်ရီလိုက်ပြီး “ မင်းစိတ်ပူရမှာ နေတရိပ်ပါ သူလဲ နာသွားတာပဲလေ “ “ ညီ သူ့ကိုယ်စားတောင်းပန်ပါတယ် ကိုထိုက်ရယ် သူ့ကို ခွင့်လွှတ်ပေးပါနော် “ “ အဟက် မင်းတို့က ဘာတွေလဲ အောင်ကျော်ဇင် ငါခုထိ ဝေခွဲလို့ကို မရဘူး ဟင် တစ်ယောက်က ငါ့ကို ပြသနာရှာသွားတယ် တစ်ယောက်က လာတောင်းပန်တယ် ငါအရူးမဟုတ်ဘူးကွ အ့ ကျွတ်ကျွတ် “ စိတ်တိုတိုနဲ့ အော်လိုက်ပြီးမှ ခေါင်းကထိုးကိုက်လာတာမို့ မင်းမထိုက် ညည်းလိုက်ပါတယ်။ “ ကိုထိုက် ဘာဖြစ်တာလဲ သက်သာရဲ့လားဟင် ဘယ်လိုနေသေးလဲ ရရဲ့လား “ “ ရတယ် ငါ့ဖာသာနေတာ သက်သာတယ် မင်းတို့ငါ့ကို သောကတွေ လာလာပေးနေတာ “ “ ကိုထိုက်ရယ် ညီတို့က တကယ့်သူငယ်ချင်းတွေပါ ဘာမှ ...” “ တော်တော့ အောင်ကျော်ဇင် အပ်ကြောင်းတွေ မြောင်းဖြစ်တော့မယ် နားရည်ဝလို့ တာ ဆိုကျိုး ကြတော့မယ် အိပ်ချင်ယောင်ဆောင်တဲ့သူက နိုးရခက်တယ် ဆိုတာ အဲဒါပဲ “ “ ညီတောင်းပန်ပါတယ် ကိုထိုက်ရယ် အစထဲက ညီတို့ဘယ်လောက် ခင်တယ်ဆိုတာလဲ ကိုထိုက်ကို ပြောပြထားတာပဲဗျာ “ “ သိတယ် သိသိကြီးနက် ခံနေရတာ ပိုနာတယ်ကွ မင်းတို့ကို ကြည့်ကောင်းလို့ ကြည့်နေတာ မဟုတ်ဘူး အစဆွဲထုတ်လိုက်ရင် အဆုံးမရှိတဲ့ ခံစားမှုတွေကို မုန်းတီးလို့ကွ တောက်ခ် “ “ စိတ်တွေ တအားမတိုပါနဲ့ ကိုထိုက်ရာ ခေါင်းမှာလဲ ဒဏ်ရာနဲ့ကို သတိထားပါဦး “ “ မလိုပါဘူး မြင်ရတဲ့ နာကျင်မှုက မမြင်ရတဲ့ နာကျင်မှုလောက် မနက်ရှိုင်းဘူး ဒီမှာ ဒီကောင့်ကို လာတောင်းပန်ခိုင်းပါ မနက်ဖြန်အထိပဲငါစောင့်မယ် မေးဒါမှ မဟုတ်ရင် နောက်ဆုံး တနည်းပဲရှိတယ် အဲဒါက မင်းအဲဒိကောင်နဲ့ လုံးဝ အဆတ်ဖြတ်ဖို့ပဲ “ “ ဘာ ဘာပြောတယ် ဒီကောင်က မင်းကို ငါနဲ့ အဆတ်ဖြတ်ခိုင်တယ် ဟုတ်လား ဟား လူပါးဝလိုက် တာကွ နောက်မှပေါ်တဲ့ ချဉ်ပေါင်ပင်က တောက် ဖာခ့် “ “ ၂ နည်းထဲက တစ်နည်းပဲ ရွေးရမှာလေ ငါမင်းကို အချုပ်တွေ ရဲစခန်းတွေ အရောက်မခံနိုင်ဘူး နေရိပ် မင်းငါ့ကြောင့်ထိခိုက်တာမျိုး ငါအဖြစ်မခံနိုင်ဘူး “ “ ဘာလဲ ငါသွားမတောင်းပန်ရင် မငိးကငါ့ကို အဆတ်ဖြတ်မယ်ပေါ့ ဟုတ်လား ဟားးဟားးးဟားးးး အာ့ဟားးးဟားးဟားးးး ဟားးးဟားးးဟားးး ဟာ့ ဟားး ဟာ “ ကားမှန်တွေအကုန်ပိတ် ထားတာမို့ နေရိပ်ရဲ့ရယ်သံတွေက ကားထဲမှာ ဟိန်းထွက်နေပါတယ်။ အော်ရီနေရင်းက မျက်ရည်တွေ ပေါက်ပေါက်ပေါက်ပေါက် ကြနေတဲ့ နေရိပ်ကို ကြည့်ရင်း အောင်ကျော်ဇင် ပါမျက်ရည်တွေ ကျလာရတယ်။ ငါ ငါမင်းကို သနားလိုက်တာ နေရိပ်ရယ်။ အောင်ကျော်ဇင် နေရိပ်ရဲ့ လက်တစ်ဖက်ကို စုပ်ကိုင်လိုက်ရင်းက မျက်နှာကို တစ်ဖက်သို့လှဲ့ခါ “ ချစ်တာက ချစ်တာပဲ ခင်တာက ခင်တာပဲ အေး ဒါပေမယ့် ငါ့အတ္တအတွက် မင်းကိုလဲ ငါလက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာ မင်းမြဲမြဲမှတ်ထား ပေးပါ နေရိပ် “ “ ပါးစပ်နဲ့ လူသတ်တယ်ဆိုတာ ငါအစက မကြုံဖူးလို့ မယုံခဲ့ဘူး သားကျော် အဟင်း အခု “ နေတရိပ် စကားသံက တစ်စို့သွားခါ တံတွေးကိုမြိုချလိုက်ရင်း “ အခု ငါသေလို့ရပြီ မင်းအတွက် ငါ့မာနဒေါသအတ္တတွေ ငါကိုယ်တိုင် ပြန်သတ်လိုက်ပါ့မယ် “ ပြောပြီးတာနဲ့ အောင်ကျော်ဇင့်လက်ထဲမှ သူ့လက်ကို ဆွဲဖယ်လိုက်ခါ ကားထဲမှ ဆင်းသွားပါ တော့တယ်။ ဒီတစ်ခါတော့ အောင်ကျော်ဇင် လိုက်မခေါ်မိတော့ဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လဲ အားအင်ချိနဲ့နေလို့လေ။ ကားစီယာတိုင်ပေါ် မျက်နှာမှောက်ခါ ငိုချလိုက်မိပါ တော့တယ်။ ငါမင်းအပေါ် မတရားတာ ငါ့ကိုယ်ငါ နားလည်ပ်ါတယ် နေရိပ်ရယ်။ ငါ့ကို အမြဲအလိုလိုက် ခဲ့တဲ့ မင်းကို ငါ ငါ ထက်ပြီး နှိပ်စက်မိပြန်ပြီ။ ငါ့ကို ခွင့်လွှတ်ပါကွာ။ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားရင်း အံတွေကို ဖိကျိတ်ထားမိတယ်။ လမ်းမပေါ်မှာမို့ မျက်ရည်မကျအောင် စိတ်ကိုအားတင်းထားရတာ ပင်ပန်းလွန်းလှပါတယ်။ တွေ့ရာကားတားပြီး ကို့ အခန်းလေးကိုပဲ ကို့ဖာသာပြန်လာခဲ့တယ်။ အခန်းတံခါးပိတ် အိပ်ယာပေါ် မှောက်ယက်လှဲကာ ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး အားရပါးရငိုချလိုက်တယ်။ - ငါက ငါက ဘာကောင်လဲ ငါ့ကိုငါတောင် မသိတော့ဘူး - ငါရူးနေတာလား ကြောင်နေတာလား - ဖြစ်နိုင်ရင် ငါ့ရင်ဘတ်ထဲက မင်းကိုချစ်နေတဲ့ နှလုံးသားကို အရှင်လတ်လတ် ငါခွဲထုတ် ပစ်လိုက်ချင်တယ်။ - မင်းကို အရမ်းချစ်သလို မင်းကိုချစ်နေတဲ့ ငါ့ကိုငါ အရမ်းမုန်းတယ်။ အတွေးပေါင်းစုံနဲ့ ရင်တွေပွင့်အောင် ငိုချလိုက်ပြီးတော့ နေတရိပ် အမောဖြေပြီး ရေထချိုး ပါတော့တယ်။ ပြီးတော့မှ ည ၆ နာရီလောက်မှာ မင်းမထိုက် တက်နေတဲ့ ဆေးရုံကို သူလိုက်ခဲ့ပါ တော့တယ်။ မင်းမထိုက် တက်နေတဲ့ အခန်းကိုရောက်တော့ အခန်းထဲမှာ လူတွေ ၄/၅ ယောက်ရှိ နေတာမို့ အပြင်နားကပဲ သူစောင့်နေလိုက်တယ်။ မင်းမထိုက်နဲ့ လူနာစောင့် တစ်ယောက်သာ ကျန်ချိန် ရောက်မှ နေတရိပ် အခန်းထဲ ဝင်ခဲ့ပါတော့တယ်။ “ အော် မင်းရောက်လာပြီကိုး “ နေတရိပ် လူနာစောင့် အကိုကြီးဖက် တချက်ငဲ့ကြည့်လိုက်တော့ မင်းမထိုက်က “ ကိုကြီး ကျနော်တို့ ပြောစရာလေးရှိလို့ လက်ဖက်ရည်ဆိုင် ခနသွားချင် သွားပါလားဗျ “ “ အော် အေးပါကွာ အေးဆေးပြောကြ ပြောကြ “ ထိုလူအခန်းထဲက ထွက်သွားတာနဲ့ အခန်းတံခါးကို နေတရိပ်ပြန် ပိတ်လိုက်တယ်။ “ ကဲ တောင်းပန်ဖို့လာတာဆိုရင် မင်းပြောလို့ရပြီ “ နေတရိပ် လက်သီးတွေကို တင်းနေအောင် ဆုတ်ထားရင်း သွားတွေကိုလဲ ဖိကပ်ပြီး ကျွိကျွိ မြည်အောင် ကျိတ်ထားမိတယ်။ စကားလုံးတွေ ပါးစပ်က မထွက် ရင်ဘတ်တွေက တဆစ်ဆစ် နာလို့ နေတယ်။ ခြွေးစေးတွေလဲပြံနေပြီ။ “ မင်းမှာ ပြောစရာ စကားမရှိရင် မင်းပြန်လို့ ရပြီ နေတရိပ် “ မင်းမထိုက် အသံနဲ့ တပြိုင်နက်ထဲမှာပဲနေတရိပ် မျက်စိထဲပေါ်လာတာက အောင်ကျော်ဇင်ရဲ့ မျက်နှာလေး ခေါင်းကိုငုံခါ အံကိုကျိတ်ရင်း ဒူးထောက်ချ လိုက်မိတယ်။ ငါ့ဒူးအောက်မှာ ငါ့ နှလုံးသားလေး ပိနေပြီ အောင်ကျော်ဇင်ရယ်။ ခေါင်းကိုငုံ့ထားတာမို့ ပေါက်ပေါက် ပေါက်ပေါက်ကျနေ တဲ့ မျက်ရည်တွေက ဆေးရုံကြမ်းခင်း ပေါ်မှာ သိသာစွာ မြင်နေရရဲ့။ မင်းမထိုက် အံ့သြရုံမျှမက စိတ်မကောင်းပါ ဖြစ်သွားမိတာ အမှန်ပါ။ နေတရိပ် မင်း အောင်ကျော်ဇင်ပေါ် ချစ်တဲ့ အချစ်က ငါ့ထက် အများကြီးပိုတယ်ဆိုတာ ငါအကြွင်းမဲ့ လက်ခံလိုက်ပါပြီ။ မင်းမထိုက် မှီနေရာမှ ကုန်းထလိုက်ခါ “ ပြန်တော့ နေတရိပ် ရပါပြီ “ အပစ်က ခွင့်လွှတ်ပေးခြင်း ခံရတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းမှုတွေလိုပဲ ရင်ထဲမှာ လှိုက်လှိုက် တက်လာခါ ခန္ဓာကိုယ် တစ်ခုလုံး တသိမ့်သိမ့်တုန်တဲ့ အထိ နေတရိပ် ငိုကြွေးနေမိ ပါတော့တယ်။ ဒီမြင်ကွင်းကို အခန်းအပြင်မှ တံခါးကို အသာလေး တွန်းခါ ကြည့်နေတဲ့ သူတစ်ယောက် ရှိပါတယ်။ သူက အောင်ကျော်ဇင်ပေါ့။ ဘယ်လိုမှ မခံစားနိုင်တဲ့ အဆုံးမှာတော့ ဒူးထိုက်ခါ ရှိုက်ငိုနေတဲ့ နေရိပ်ရဲ့ ကျောဖက်ကနေ သွားခါဆွဲမထူ လိုက်မိပါတော့တယ်။ ရုတ်တရက်မို့ နေတရိပ် လန့်သွားခါ လှည့်ကြည့်မိတော့ အောင်ကျော်ဇင် ဖြစ်နေတာမို့ မျက်လုံးချင်း စက္ကန့်ပိုင်းမျှ စုံအောင်ကြည့်လိုက် ပြီး လက်တွေကို ပုတ်ထုတ်ခါ အခန်းထဲမှ ပြေးထွက်ခဲ့ပါတော့တယ်။ အောင်ကျော်ဇင် ကောင်းကောင်း သိတာပေါ့ ကျေနပ်ပီလားလို့ အကြည့်တွေနဲ့မေးခါ ပြေးထွက်ထားတဲ့ နေရိပ်ရဲ့ရင်ထဲမှာ ဘယ်လောက်ခံ စားနေရမယ် ဆိုတာကိုလေ။ သူလဲရင်ပွင့် မတက် ဝမ်းနည်းခံစား ရတာပဲလေ။ “ ချစ် “ မင်းမထိုက် ခေါ်သံက တိုးလျနွမ်းနည် နေပါတယ်။ အောင်ကျော်ဇင် မျက်ရည်တို့ကို လက်ခုံနဲ့ ပွတ်ခါ သုပ်လိုက်ပြီး “ ကိုထိုက် ကျေနပ်ပြီ မဟုတ်လား ညီ သွားတော့မယ် ကိုထိုက်ရယ် “ “ မင်းရင်ထဲမှာ တအားရှုတ်ထွေးနေမှာ ကိုနားလည်ပါတယ် လာမယ့် ကို့မွေးနေ့ ကျမှ ကိုနဲ့ လာတွေ့ပါ ချစ် အဲဒိနေ့မှာ ချစ် ဖက်ကပြတ်သားတဲ့ အဖြေတစ်ခုပဲ မွေးနေ့ လက်ဆောင်အဖြစ်ပေးပါ ကို့ကိုရွေးရင် တစ်ယောက်ထဲ လာပါ သူ့ကိုရွေးရင် သူ့ကိုပါခေါ်ခဲ့ပါ ကို ကြည်ဖြူစွာ ခွင့်လွှတ်ပေးမှာပါ ကဲ ပြန်တော့နော် “ အောင်ကျော်ဇင် ခေါင်းငြိမ့်ပြီး ဒိတိုင်းပဲ ပြန်လှည့်ထွက်ခဲ့မိပါတော့တယ်။ တကယ်လဲ ရင်ထဲမှာ ပြည့်ကျပ်ခါ ရှုတ်ထွေးနေလို့ ဘာတွေခံစားနေရတယ် ဆိုတာတောင် ကို့ဖာသာကို သတိမထား မိတော့ပေ။ အခုချိန်မှာ အောင်ကျော်ဇင် သိတာတစ်ခုက နေရိပ် တအားနာကျင်နေမာ် ဆိုတာပဲ။ သူ့ကားလေးက နေရိပ်အခန်းကို ဦးတည်မောင်း နှင်နေပါပြီ။ နေရိပ်ရယ် ....... အားလုံးကို ကျေးဇူးတင်ပါတယ် ခမျ ဆက်လက် တင်ပြသွား ပါမည်။ ကိုလေး အရံလူ (၄) နေရိပ် အဆောင်ကိုရောက်တော့ နေရိပ် ပြန်မရောက်သေးပေ။ နေရိပ်ရယ် မင်းဘယ်တွေ လျှောက်သွားပြီး ဘာတွေလုပ်နေတာလဲကွာ။ ဖုန်းဆက်တော့လဲ မကိုင်ပေ။ စိတ်တွေ တအားပူနေပြီ နေရိပ် မင်းငါ့ကို ဆက်သွယ်ပါကွာ။ မက်ဆေခ်ျ့လေးသာအခါအခါ ပို့နေမိ ပါတော့တယ်။ တကယ်ဆို သူ့အတွက်ကြောင့် နေတရိပ် စိတ်မှာ အနာတရဖြစ်သွားတာ ဒါသူ့မှာ တာဝန်ရှိတယ်လေ။ အောင်ကျော်ဇင် ဖက်ကကြည့်တော့လဲ နေတရိပ်လို အရမ်းကို အလိုက်သိခါ ကြင်နာတက်တဲ့ သူငယ်ချင်းမျိုး ဆိုတာ နောက်ထပ်ပင်ရှိ နိုင်ပါ့မလား။ သက်ပြင်းတွေသာ အသာသာချနေ မိပါတော့တယ်။ နေရိပ် စိတ်ညစ်ညစ်နဲ့ ဘုရားပေါ်တက်ခါ ဘုရားရှစ်ခိုးပြီး စိတ်မနဲငြိမ်အောင် ကျိုးစားနေ ပေမယ့် အောင်ကျော်ဇင်နဲ့ ပက်သက်တဲ့ အတွေးတွေ ဝင်လာတိုင်း ရင်ဘတထဲက အောင့်တက် လာသလို မျက်ဝန်းကနေလဲ မျက်ရည်တို့က စို့လို့ လာရပါတယ်။ ခုနတုန်းက မြင်ကွင်းကို မျက်စိ ထဲမှာ ဖျောက်ဖြတ်မရဘူး ဖြစ်နေရဲ့။ ကိုအချစ်ဆုံးသူ ရှေ့မှာ ကိုအမုန်းဆုံးသူကို ဒူးထောက်တောင်း ပန် နေမိတာ ဟူးးးးး ခန္ဓာကိုယ်ကြီး တစ်ခုလုံး အမှုန်အမွှားဖြစ်ခါ ပျောက်ကွယ်သွားချင်မိပါရဲ့။ နေရိပ် အဆောင်ကိုလဲ မပြန် ကျောင်းလဲ မတက်တာ တစ်ပတ်ရှိပါပြီ။ ပိုက်ဆံကလဲပြတ် ဒီနေ့ ပိတ်ရက်လဲ ဖြစ်တာမို့ နေတရိပ် အလုပ်လုပ်ဖို့ ပြင်ခါ ဘယ်သူမှ မသိအောင်ဖွငိ့ထားတဲ့ သူ့ရဲ့ Offer Kwee ဆိုတဲ့ အကောင့်လေးကို ဖွင့်လိုက်ပါတော့တယ်။ Chat Box မှာပို့ထားတဲ့ စာတွေထဲကနေ အဆင်ပြေနိုင်မယ့် သူတွေကို စာပြန်ပြီး Offer လိုက်ဖို့ ချိန်းရပါတော့တယ်။ အဆင်ပြေတာနဲ့ ရေမိုးချိုး အဝတ်အစားလဲပြီး ချိန်းဆျုရာ ဟော်တယ်ကို ထွက်လာလိုက်ပါတော့တယ်။ Hotel ရောက်တော့ ဧည့်သည်က ရွယ်တူကောင်လေး တစ်ယောက်မို့ အဆင်တော့ပြေ ပါတယ်။ အစောကြီးထဲက နေတရိပ်က အသက်ကြီးရင် မလိုက်ဘူး ငရဲကြီးမာကြောက်လို့။ အရမ်းဝရင်မလိုက်ဘူး အပေါက်မမြင်ရလို့။ လူတောင်သန့်မှလိုက်တာ ပွေးတွေညှုင်းတွေ ရှိရင် ပိုက်ဆံတပြားမှ မယူပဲ ချက်ခြင်းပြန်လာတက်တဲ့သူလေ။ ကာစတန်မာနဲ့ ဆက်ဆံနေရပေမယ့် စိတ်ကတော့ အောင်ကျော်ဇင် ထံသာရောက်ရောက် သွားတက်တာ မနဲထိန်းနေရတယ်။ ခေါ်သူစိတ်ကြိုက်ဖြစ်အောင် ပြုစုပေးနေရပေမယ့် အရင်လို အဆင် မပြေလှပါဘူး။ စိတ်ကသိပ်မပါတော့ ပြီးကလဲ မပြီးနိုင်ဘူး။ ဒီတခါ အတော် ပင်ပန်းတာ သူ့ ကိုယ်သူပဲ သိပါတယ်။ အားလုံးကိစ္စပြီးတော့ ကာစတန်မာ ပေးတဲ့ငွေကို ယူခါ ပြန်လာခဲ့တယ်။ တစ်ခုရှိတာက ဒီတစ်ခါ ကာစတန်မာက ပနည်းငယ် ထူးခြားတယ်။ လူကလဲ ငယ်သလို ပိုက်ဆံကြတော့လဲ ဈေးမစစ်တဲ့အပြင် အများကြီး ပိုပေးလိုက်တာပါပဲ။ ဟော်တယ် အပြင်ရောက်တာနဲ့ သူ့ရှေ့တည့်တည့်မှာ စောငိ့ခနဲ ရပ်လာတဲ့ ကားတစ်စီး “ ကားပေါ်ကိုတက် နေရိပ် “ အောင်ကျော်ဇင့် အသံကက တုန်ယင်နေတာကို မနဲထိန်းထားရတာ သိသာနေတယ်။ မျက်နှာကလဲ ညှို့မှိုင်းကာ ပြိုတော့မယိ့ မိုးလိုပဲ။ နေရိပ် မျက်နှာကို တဖက်သို့ လွှဲလိုက်ခါ “ မလိုက်နိုင်ဘူး သားကျော် ငါသွားစရာရှိတယ် “ “ မင်းကားပေါ်တက်ပါ နေရိပ် မတက်ရင် ငါကားကို လမ်းပေါ်ထိုးတင် လိုက်မယ် “ ပြောလဲပြော လက်ကနေ ကားဂီယာကို ကောက်ချိန်းလိုက်တဲ့ အောင်ကျော်ဇင်ကြောင့် “ ကျွတ် ပြသနာပဲကွာ “ နေရိပ် ကားပေါ်တက်လိုက်တာနဲ့ ကားလေးက လှစ်ခနဲ မောင်းထွက်သွားပါတော့တယ်။ ကားလေးကို ဆောက်လူပ်ဆဲ အိမ်ယာဝန်းထဲက လူရှင်းတဲ့ နေရာထိ အောင်ကျော်ဇင် မောင်းလာခါ ထိုးရပ် လိုက်ပြီး ကားနောက်ခန်းက အထုတ်တစ်ထုပ်ကို ယူခါ နေရိပ် ပေါင်ပေါ်သို့ ပစ်တင်ပေးလိုက်ပါတယ်။ နေရိပ် ပေါင်ပေါ်သို့ရောက်တာနဲ့ အထုတ်က ပြေကျသွားတာမို့ အထဲက ထွက်လာတဲ့ အရာတွေကို မြင်ခါ နေတရိပ် မျက်လုံးတို့ ဝိုင်းစက်လို့သွားရပါတော့တယ်။ ၅၀၀၀ ထောင်တန် အုပ်တွေ အစီးလိုက် ၄ စီး။ သိန်း ၂၀၀ ပေါ့။ “ လာလုပ်တာလဲ သားကျော် “ “ ဘာလုပ်တာလဲ ဆိုတာ ငါမေးရမှာ နေရိပ် ပြောစမ်း မင်းဘာတွေ လုပ်နေတာလဲ ဟင် “ နေရိပ် သဘောပေါက်သွားပြီး ဟင်း ခနဲရယ်လိုက်ခါ “ ဒါက ငါ့ဘဝနဲ့ငါပါ သားကျော် မင်းသိစရာမှမလိုတာ “ “ ဘာပြောတယ် နေရိပ် မင်းက ငါနဲ့ဘာပက်သက်မှုမှ မရှိဘူးလား မင်းကိစ္စက ငါ့ကိစ္စ မဟုတ်ဘူးလား ဟင် မင်း လုပ်တာတွေ တစ်ခုမှ မဟုတ်ဘူး နေရိပ် တောက် “ “ ငါမဟုတ်တာ မလုပ်ဘူး သားကျော် ငါ့ဘဝ ငါ့တစ်ဝမ်းတစ်ခါးအတွက် အခက်အခဲရှိနေလို့ ငါ Offer လိုက်တာ သူများပိုက်ဆံမခိုးဘူး သူများကိုမလိမ်ဘူး သူတို့ကျေနပ်လို့ခေါ်တာ သူတို့ကျေနပ် အောင်လုပ်ပေးပြီးမှ ငါပိုက်ဆံယူတာ အဲဒိတော့ ငါလုပ်တာ ငါ့အတွက်တော့ အမှန်တရားပဲ “ “ ဟက် ပြောစမ်းပါဦး သူများကျေနပ်လို့ ပေးတဲ့ ငွေလေး ၃/၄ သောင်းနဲ့ သူများကျေနပ် အောင် မင်းလုပ်ပေး တယ်ပေါ့ ဟုတ်လား မင်းလက်ထဲမှာ အခု သိန်း ၂၀၀ အဲဒါ ငါ့အဖွားစီက ငါရထားတဲ့ အမွေ အကုန်ပဲ အကူန်လုံးမင်းကို ပေးတယ် ပြော နင်းငါ့ကို ဘာလုပ်ပေးမလဲ “ နေရိပ် အသားတွေ ပင် တစ်ဆတ်ဆတ်တုန် အောင်နာကျင်နေတာ ရင်ဘတ်ထဲက အသည်းနှလုံးတွေ ဆိုရင်တော့ ပြောစရာပင် မရှိတော့ပေ။ “ မင်းက ငါ့ကို ဒီငွေနဲ့ဝယ်ချင်တာလား သားကျော် ရတယ်လေ “ နေရိပ် စကားဆုံးတာနဲ့ ဝတ်ထားတဲ့ T-Shirt ကို ခေါင်းပေါ်မှ ချွတ်ခါ ခါးပတ်မပါပဲ ဝတ်ထားတဲ့ ဆွဲသားဂျင်းဘောင်းဘီ ကိုလဲဆွဲချွတ်လိုက်ပါတယ်။ ပြီးတော့မှ ကားခုံကို အနောက်သို့ အဆုံးလှန် ချကာ မျက်စိစုံမှိတ် ရင်းက “ လုပ်--- မင်းငါ့ကို ဘာလုပ်ချင်လဲလုပ်--- သတ်ချင် အသေပါသတ်သွားးးး “ လက်တစ်ဖက်က ကားလက်ကိုင်ကိုကိုင်ခါ လက်တစ်ဖကိကို လက်သီးကျစ်ကျစ်ပါအောင် စုပ်ရင်း နေရိပ် အော်ချလိုက်ပါတယ်။ ပြီးတော့ မှိတ်ထားတဲ့ မျင်စိဒေါင့်ကနေလဲ မျက်ရည်တို့က ဘယ်လိုမှ ထိန်းမရအောင် တလိမိ့လိမ့် ကျလို့နေပါပြီ။ အောင်ကျော်ဇင် နေရိပ်ပုံစံကို ကြည့်ခါ တခြားသူတွေနဲ့ဆို ဘယ်လို ဆက်ဆံမလဲဆိုတဲ့ အတွေး ခုနကမှ နေရိပ်ကို အော်ဖာခေါ်တဲ့ သူငယ်ချင်းကို သူကိုယ်တိုင် ပိုက်ဆံထုတ်ပေးခဲ့တာလေ။ အဲဒိ သူငယ်ချင်းက နေရိပ် အော်ဖာ လုပ်နေတယ် ဆိုတာကို သတင်းပေးတာ မယုံနိုင်ခဲ့လို့ သူကိုယ်တိုင် စီစဉ်ပြီး နေရိပ် အလာထဲက စောင့်ကြည့်နေခဲ့တာ။ အပြန်ကြတော့ နေရိပ် ဆင်းသွားတာနဲ့ သူငယ်ချင်း ဖုန်းဆက်ဆက်လာတာမို့ သူအဆင့်သင့်စောင့် ခေါ်ခဲ့တာလေ။ အဲဒိ သူငယ်ချင်းနဲ့ကော နေရိပ် ဘယ်လိုနေခဲ့ မလဲ။ သူသိတာက အော်ဖာဆိုတာ ကာစတန်မာအလိုကျ နွေးထွေးကြင်နာ ပေးရမှာပဲလေ။ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာတဲ့ ပုံရိပ်တွေကြောင့် အောင်ကျော်ဇင် အတွင်းခံလေးနဲ့ ဆန့်ဆန့်ကြီး လုပ်နေတဲ့ နေရိပ်ရဲ့ ရင်ဘတ်တွေကို တဘုန်းဘုန်းနဲ့ ထုခါ ငိုချ လိုက်မိပါတော့တယ်။ “ ဘုန်း ဘုန်း ဘုန်း အကျင့်မကောင်းတဲ့ကောင် ဘုန်း ဘုန်း အရူးကောင် ဘုန်း စိတ်ပုတ်ကောင် ဘုန်း အီး ဟီး ဟီး မင်းကို ငါမုန်းတယ် ဘုန်း ဘုန်း အီးးးးဟီးးအင့် ဟစ် “ နေရိပ် ဘာတစ်ခုမှ ပြန်မပြောပဲ အောင်ကျော်ဇင့်ကို ရင်ခွင်ထဲထည့်ခါ တင်းနေအောင် ဖက်ထား လိုက်ပါတော့တယ်။ “ သားကျော်ရယ် ခင်မင်မှုဆိုတဲ့ ကြိုးနဲ့ တုတ်နှောင်ခံရတဲ့ နှလုံးသားက ယိုစီးကျလာတဲ့ သွေးတွေကို ဘယ်သူမှ မြင်မှာမဟုတ်ပါဘူးကွာ ဖြစ်နိုင်ရင် ငါတစ်ကယ်ပဲ ဒီလောကကြီးကနေ အပြီးတိုင် ကွယ်ပျောက်သွားချင်တယ် ဒါမှမငိးတို့ စိတ်ချမ်းသာစွာ ချစ်နိုင်ကြမှာလေ “ နေရိပ်ရဲ့ တိုးလျှလျှ အသံတွေက ရင်ဘတ်ထဲက ထွကိကြလာတာမို့ ထင်ပါရဲ့ အောင်ကျော်ဇင့် နားထဲပါမက နှလုံးသားထိပါ နာကြင်စေရပါတယ်။ “ မဟုတ်ဘူး နေရိပ် အဓိက တရားခံက ငါပါ ငါ ကိုထိုက် ကိုလဲချစ်ခဲ့တယ် မင်းကိုလဲ လက်လွတ်မခံနိုင် ခဲ့ဘူး ငါမပြတ်သားလို့ ဒီလိုတွေ ဖြစ်ကုန်တာ ငါ့ကြောင့်မင်း နှလုံးသားမှာကော ခန္ဓာကိုယ်မှာပါ ဒါဏ်ရာတွေ ထင်နေခဲ့ပြီ ငါမိုက်လို့ပါကွာ ငါ့အပစ်တွေပါ “ “ တကယ်က မင်းကိုချစ်မိတဲ့ ငါ့အမှားပါ “ “ အဲဒါတွေ ခနထားပြီး မင်းဒီအလုပ်ကို ဆက်မလုပ်ဖူးလို့ ကတိပေးပါ နေရိပ်ရယ် အဲဒိငွေတွေ ... “ “ တော်တော့ သားကျော် မင်းနဲ့ငါပက်သက်ဖူးခဲ့ တဲ့ ကာလတစ်လျှောက်လုံးမှာ မင်းဆီက ငါဘာများ မျှော်လင့်ခဲ့ဘူးလဲ ငါလိုချင်တာ ငွေတွေမဟူတ်ဘူး ဆိုတာ မင်းသိပါတယ်ကွာ “ “ ပြောတာကို ဆုံးအောင် နားထောင်ပါ အဲဒိငွေတွေ အကုန်လုံး သုံးပြီး မင်း အလုပ်တစ်ခုခု လုပ်ပါ နောက်ကို ဘယ်တော့မှ Offer ဆိုတဲ့ အလုပ်ကို မလုပ်ပါနဲ့တော့ကွာ “ “ ငါလက်မခံဘူး သားကျော် ငါ့လို Offer တစ်ယောက်အတွက် အချစ်ဆိုတာ အများကြီး ပေးနိုင်ပါလျှက် ကို့အတွက်တော့ အမျှော်လင့် အပ်တဲ့ အရာဆိုတာ ငါနားလည်ပါတယ် ဒါပေမယ့် ငါအခု မျှော်လင့်ချက်နဲ့ပဲ အသက်ရှင်ပါရစေ ငါဒီအလုပ်ကို ဆက်မလုပ်ဖို့ ကတိပေးတယ် မင်းငွေတွေ အကုန် ပြန်ယူသွားပါ “ နေတရိပ် အဝတ်အစားတွေ အကုန်ပြန်ပြီး သေချာဝတ်လိုက်ခါ “ ငါ့ကို အဆောင်ပြန်ပို့ပေးပါ သားကျော် နောက်ပြီး ငါ့တစ်ယောက်ထဲ နေတက်အောင် ငါကျိုးစားမယ့် အချိန်မှာ မင်းလဲ မင်းချစ်သူနဲ့ အတူပျော်ရွှင်စွာနေထိုင်ပါ ငါ့ကိုကျေးဇူးပြုပြီး လာမတွေ့ပါနဲ့တော့ “ “ မဖြစ်နိုင်ဘူး နေရိပ် မင်းအဲ့လိုလုပ်လို့ မရဘူးလေ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ သံယောဇဉ်ကိုလဲ မင်းငဲ့ ကွက်ပေးပါဦးကွာ “ “ သွားမယ်ကွာ မင်းလိုက်မပို့ရင် ...” “ အိုခေ ကောင်းပြီ မင်းပေးထားတဲ့ ကတိသာတည်ပါစေ နေတရိပ် “ အောင်ကျော်ဇင် ကားစက်နှိုးခါ မောင်းထွက်လာခဲ့ပါတော့တယ်။ နေတရိပ် အဆောင်ရောက်တော့ နေတရိပ် ဆင်းမယ်လို့ ပြင်နေတုန်း အောင်ကျော်ဇင်က “ ခနနေဦး နေရိပ် ကိုထိုက်က သူ့မွေးနေ့လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ မတိုင်မီ ငါ့ကို မင်းနဲ့ သူနဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို အကောင်းဆုံး ရွေးချယ်ဖို့ ကြည်ဖြူစွာ ခွင့်ပြုထားတယ် အဲဒိတော့ မင်းကကော ငါ့ကို ခွင့်ပြုပေးမှာလား ဆိုတာ ငါသိချင်တယ် “ နေရိပ် နှုပ်ခမ်းလေးမဲ့ကာ ပြုံးလိုက်ပြီး “ လူဆိုတာ သူ့အိုးနဲ့သူ့ဆန်ပါကွာ မင်းခေါင်းရှုတ်ခံမနေပါနဲ့ ငါသွားပြီ သားကျော် Good Luck သူငယ်ချင်း “ “ ဟင် “ အောင်ကျော်ဇင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်ခါကျန်ခဲ့ပါတော့တယ်။ အစကသူ့ကို အရမ်းချစ်တဲ့ နေရိပ် အခုသူ့ကို စဉ်းစားခွင့်တောင် မပြုတော့ပါလား။ နေရိပ်ရယ် မင်းငါ့ကို နာကျည်းသွားတာများ လားကွာ။ အဲဒိအချိန်က စပြီး နေရိပ် အဲဒိအဆောင်ကနေ ပြောင်းသွားခဲ့တာ လုံးဝရှာလို့ပင် မတွေ့တော့ပါ။ နေရိပ် အတွက်နဲ့ အောင်ကျော်ဇင် အိပ်ယာထဲပင် လဲတော့မလိုအထိ နေမကောင်းဖြစ်ခဲ့ရ ခံစားခဲ့ရ တ်ာလေ။ နေရိပ် ပျောက်သွားပြီး တစ်လကျော်ခန့် အကြာမှာ မင်းမထိုက် စီက မွေးနေ့ဖိတ်စာလေး ရောက်လာတာမို့ အောင်ကျော်ဇင် မွေးနေ့ပွဲကို တက်ဖို့ ပြင်ဆင်ရပါတော့တယ်။ အဖြေက စဉ်းစားဖို့ မလိုတော့အောင်ကို ပြတ်သားစွာပေါ်နေပါပြီ။ မွေးနေ့ပွဲကို တကူးတက ဖိတ်ထားတာမို့ ထိုနေ့ ညနေဖက် ရောက်တဲ့ အချိန်ထိ အောင်ကျော်ဇင် သွားဖို့မသွားဖို့ကို ခြေတုန်ချတုန် စဉ်းစားမရ ဝေခွဲရ ခက်နေတုန်းပါပဲ။ မင်းမထိုက် ဆိုတာ အောင်ကျော်ဇင် သိပ်ချစ်ရတဲ့ ချစ်သူပါ ဒီချစ်သူရဲ့ လက်ကိုတွဲ လိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သိပ်ကိုခင်ရတဲ့ နေရိပ်ကို အပြီးတိုင် စွန့်လွှတ်ရတော့မယ် ဆိုတာလဲ သူသိနေပါတယ်။ ဒါ့ကြောင့် ဝေခွဲမရ ဖြစ်နေရတာလေ။ လူက အားကလဲ မရှိပေ ဖြူဖတ်ဖြူလျှော်နဲ့ ကို့ကိုယ်ကိုလဲ အားမရဘူး။ ဘာလုပ်ရမယ် ဆိုတာကို ခုထိ ဆုံးဖြတ်လို့ မရဘူး။ တဖက်က ကိုကိုယ်တိုင်က သိပ်ချစ်ရတဲ့ ချစ်သူ တစ်ဖက်က ကို့အပေါ်အရမ်းချစ်ပြီး ကိုကအရမ်းခင်ရတဲ့သူ။ အချိန်က ညနေ ၅:၀၀ နာရီ။ မွေးနေ့ပွဲက ည ၇:၀၀ မှ ၉:၀၀ နာရီအထိ။ အောင်ကျော်ဇင် ရေမိုးချိုး ပြီးတော့ အဝတ်အစားတွေ လဲနေပုံက အသက်မဲ့ခါ လေးလံလွန်းနေသည်။ မှန်ရှေ့မှာ ထိုင်လိုက်တော့လဲ မှန်ထဲက ကိုယ့်မျက်နှာကိုယ်ပင် သေချာမမြင် စိတ်နဲ့ လူနဲ့က မကပ်ပေ။ မင်းမထိုက် အင်ကျီအဝတ်အစားလဲရင်းက သီချင်းလေးအလိုက်အတိုင်း လေလေးချွန်နေ မိတယ်။ ၆:၀၀ နာရီမှာ အိမ်ကနေ ဟော်တယ်ကို သွားမည်။ ၇:၀၀ မှာ .... ၇:၀၀ မှာ ........ အားလုံးကိုကျေးဇူးတင်ပါတယ်ခမျာ့ ဇာတ်သိမ်းပိုင်းကို ဆက်လက် အားပေးကြပါဦးနော်။ အားလုံးကို ချစ်တဲ့ #ကိုလေး အရံလူ ( ဇာတ်သိမ်း ) ဘာ့ကြောင့်မှန်းမသိ မွေးနေ့ပွဲတက်ဖို့ အင်ကျီရွေးနေတာ တစ်ခုမှ အဆင်မပြေပေ။ အရောင်တွေကို သဘောမတွေ့ ဖြစ်နေမိတယ်။ နောက်ဆုံး အလွယ်တကူ အင်ကျီအနက်နဲ့ ဘောင်းဘီ အနက်ပဲဝတ်ခါ အပေါ်က အနောက်တိုင်းကုတ်အနီရဲရဲလေး ကောက်ဝတ်လိုက်ရဲ့။ အားလုံးပြင်ဆင်ပြီးချိန်မှာ အချိန်က ညနေ ၆ နာရီ အတိ။ ကိုထိုက်မွေးနေ့မို့ မဖြစ်မနေသွားရမယ် ဆိုတာကို မသိစိတိက သိနေပေမယ့် ကိုထိုက် ပြော ထားတဲ့ စကားတွေ ကြားယောင်မိပြန်တော့ ခြေလှမ်းတို့က တွန့်ဆုတ်စွာ နေရိပ်ကို တမ်းတမိ နေပြန်တယ်။ ဘာလုပ်ရမှန်း တကယ်မမသိတော့ သလို ဦးနှောက်တွေလဲ ထူပူခါ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေမိတယ်လေ။ နာရီ လက်တံတို့က တရွေ့ရွေ့နဲ့ ရွေ့လျားနေဆဲ။ ၆ နာရီခွဲ မှာ အိမ်ကနေ ထွက်လာရင်းက မင်းမထိုက် မသက်ရှုလို့ မဝချင်တော့ပေ။ နောက် ထပ် နာရီဝက်ခန့် အလိုမှာ သိရတော့မယ့် သူ့ရဲ့ အချစ်ကံ အတွက် သူမမျှော်လင့်ရဲတော့ဘူး။ တကယ်ဆို သူလဲ အောင်ကျော်ဇင့်ကို အရမ်းချစ်ခဲ့တာပဲလေ။ အရမ်းချစ်တော့ အရမ်းကို သဝန်တိုမိတယ်။ တကယ်တမ်းကြတော့ သဝန်တိုတယ် ဆိုတာ သူ့အလbွန်တော့ မဟုတ်လောက်ဘူး။ အောင်ကျော်ဇင် နဲ့ နေတရိပ်ရဲ့ ပက်သက်မှုတွေက ဘယ်သူမှ သံသယ မဝင်ပဲ နေနိုင်လိမ့်မည် မဟုတ်။ သူ့လို သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ဆိုရင် ဒါဟာ လွန်လိမ့်မည် မထင်။ ကားက Hotel ထဲရောက်တော့ မင်းမထိုက် ကားပေါ်မှ ဆင်းခါ တစ်ယောက်ထဲ ဝင်လာခဲ့ပါတယ်။ သူငှားထားတဲ့ Ball Room ထဲရောက်တော့ မီးတွေက မှောင်မဲနေတယ်။ ဒါလဲ သူကိုယ်တိုင် စီစဉ်ထားတာ။ ခန်းမလေးရဲ့ အလည် တည့်တည့်မှာ စားပွဲဝိုင်း တစ်ဝိုင်းပဲရှိပြီး စားစရာအချို့ အရနသင့် ပြင်တင်ထားပါတယ်။ စားပွဲကို တစ်ချက် GNသေချာကြည့်ခါ သူဆက်လျှောက် သွားပြီး စတိတ်စင်ပေါ် တက်လိုက်တယ်။ စန္ဒရား တစ်ခုနဲ့ ခုံလေး တစ်လုံးပဲရှိတယ်။ သူထိုင်ပြီး နာရီကို ကြည့်လိုက်တော့ ၇ နာရီထိုးပြီ။ ဘောင်းဘီ အိပ်ထဲက ဖုန်းကို ထုတ်ခါ နံပါတ်အချို့ကို နှိပ်လိုက်ပါတော့တယ်။ ခုပဲ ၇ နာရီထိုးပြီ ခုထိ အောင်ကျော်ဇင် ကားပေါ်မှာ ထိုင်လျှက်သား အိမ်ကနေ မထွက်ရသေး။ ကိုထိုက်ဆိုတာ သူသိပ်ချစ်ခဲ့ ရတဲ့ ချစ်သူလေ။ ဒီလိုချစ်သူနဲ့ ဘယ်ရောက်နေမှန်းမသိတဲ့ အရမ်း သံယောဇဉ် ရှိရတဲ့ နေရိပ်ကို သူလဲလှယ်ရတော့မှာ ဆိုတဲ့ အသိက ရူးသွားချင်လောက်အောင်ကို သူ့ကို ဒုက္ခပေးနေပါတော့တယ်။ အဲဒိအချိန်မှာပဲ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ကိုထိုက်ရဲ့ဖုန်း “ ဟယ်လို ကိုထိုက် ညီ အခုလာတော့မလို့ပဲဗျ ပွဲက စနေပြီလား “ တကယ်တမ်း အောင်ကျော်ဇင် ထင်ထားတာက လူအများင်္ကြးနဲ့မွေးနေ့ပွဲ။ ဘာလို့လဲ ဆိုတော့ Hotel မှာတောင် လုပ်တာဆိုတော့ အဲဒ်လိုပဲ ထင်တာပေါ့။ “ ပွဲကတော့ စလို့ရနေပါပြီ ဖြေးဖြေးလာပါ ချစ် ရတယ် အော် ကို တစ်ခုပြောမလို့ ညနေက အသိ တစ်ယောက်စီက သတင်းရထားတာ တစ်ခုရှိလို့ “ “ ဟုတ် ကိုထိုက် ပြောလေ “ “ နေတရိပ်ကို ရန်ကုန်ဆေးရုံကြီးမှာ တွေ့ခဲ့တယ်တဲ့ ပြင်ပ လူနာ ဌာနက အရေးပေါ်ခန်းမှာ လို့ ပြောတယ် “ “ ဟင် နေရိပ် နေရိပ် ဘာဖြစ်လို့လဲ ဟင် ကိုထိုက် သူ တစ်ခုခုများ ဖြစ်တာလား “ “ အဲဒါတော့ မသိဘူး ချစ်ရဲ့ မမေးလိုက်မိဘူး သူကလဲ မအားတာနဲ့ လောလောလောလောနဲ့ ဖုန်းချ သွားလို့ “ “ ဟာ ဒုက္ခပါပဲ ဘာလုပ်ရမှန်း မသိတော့ဘူးဗျာ “ “ ရတယ် ချစ် ကိုပြောထားတာ မှတ်မိတယ် မဟုတ်လား ကို စောင့်နေမယ် ချစ် ဆန္ဒရှိရာ ကို သွားပါ အိုခေ အဆင်ပြေပါစေ ချစ် “ ပြောပြီး မင်းမထိုက် ဘက်ကပဲ အရင် ဖုန်းချ သွားတာမို့ အောင်ကျော်ဇင် ဖုန်းက နာရီကို ကြည့်လိုက် တော့ ၇ နာရီ ကျော်ပီ မွေးနေ့က ၂ နာရီပဲ လုပ်မှာ ဟိုကလဲ အရေးပေါ် ဌာနမှာတဲ့ ဘာပဲဖြစ်ဖြစ် ကားနဲ့ သွားရင်တော့ မွေးနေ့အမှီ ပြန်သွားလို့ ရပါတယ်။ တကယ်တမ်း အဓိက စဉ်းစားရမှာက တစ်သက်တာအတွက် ချစ်သူရွေးရမှာ အခု အောင်ကျော်ဇင့် ခေါင်းထဲမှာရှိနေတာက နေရိပ် တစ်ခုခုဖြစ်မှာကိုပါ။ ကားကို ဆေးရုံရှိရာ သို့သာဦးတည်မောင်း နှင်လိုက်ပါတော့တယ်။ နေရိပ် ဘာမှ မဖြစ်ပါစေနဲ့။ စန္ဒရားပေါ်ကို လက်လေး အသာတင်ပြီး လှုပ်ရှုားလိုက်တယ်။ ထွက်လာတဲ့ သံစဉ်တွေက ငြိမ့်ငြောင်း ညင်သာလို့ နေလေရဲ့။ ဟုတ်တယ်လေ ဒီသံစဉ်တွေ ထဲမှာ မင်းမထိုက်ရဲ့ နှလုံးသားတွေ အရည်ပျော်ကျနေ ပြီကိုး မလာနိုင်တော့ဘူး ဆိုတာ သိပေမယ့် မျှော်လင့်နေမိသေးတယ်။ လာစေချင် မိသေးတယ်။ အရင်လို ချစ်စေချင်သေးတယ်။ အောင်ကျော်ဇင် ကို မင်းမထိုက် အရမ်းချစ်တယ်။ .... မနက် မိုးသောက် ရောင်နီ လင်းပြီ .... မြူမှုံလွှမ်းခြုံ မြက်ခင်းစိမ်း ပေါ်တွင် .... ပါးစပ်ကနေ ညင်သာတီးတိုး လိုက်ဆိုနေရင်းက မျက်လူံးတွေကို မှိတ်ခါ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းနွဲ့လှုပ်ရှုားနေမိတယ်။ မျက်ဝန်းအိမ် ထောင့်စွန်းမှာ မျက်တောင်တွေကို တွဲလွဲခို ထားတဲ့ မျက်ရည်ဥတို့က သူ့လှုပ်ရှုားမှုကြောင့် လိမ့်ခနဲ လှိုမ့်ဆင်းချ လာကြတယ်။ .... သံသာဟစ်ကြွေး ငှက်ကျေးငယ် ပေါင်းစုံ ... မင်္ဂလာနှင့် အပြည့် ... ဤနေ့ရက် ပေတည်း ..... ရင်ထဲမှာ စို့နင့်မွန်းကျပ်မှုတွေ ကို သံစဉ်တွေနဲ့ ရောနှောဖွင့်ချ နေမိတာမို့ တီးလုံးရဲ့ သံစဉ်တွေ သာမက မင်းမထိုက်ရဲ့ အသံတွေပါ တဖြေးဖြေး မြင့်တက်လို့လာရပါတော့တယ်။ ကားကို ပါကင်ထိုးပြီး အရေးပေါ်ဌာနသို့ အပြေးအလွှားပြေး ရပါတော့တယ်။ တာဝန်ကျ ဆရာမကို မေးကြည့်တော့ နေတရိပ် ဆိုတဲ့ နာမည်နဲ့ လူနာမရှိ ဘူးတဲ့။ ဟင့်အင်း မဖြစ်နိုင်တာ သူ့ကို ကိုထိုက်က နောက်စရာလား။ နောက်ပြီး ဒီလောက် အရေးကြီးတဲ့ အချိန်မှာ နောက်မှာတဲ့လား။ အောင်ကျော်ဇင် ဆေးရုံအခန်းတွေ တစ်ခန်းဝင် တစ်ခန်းထွက် လူနာတွေ တစ်ယောက်ခြင်း လိုက်ကြည့် နေမိတယ်။ အခန်းတွေကို အာရုဏ်စိုက်နေတုန်း ကော်ရစ်ဒါ ထိပ်နားက ခုံတန်းလေးမှာ စာထိုင်ဖတ်နေတဲ့ လူတစ်ယောက်ကို သတိထားမိတာမို့ သေချာကြည့်မိတော့ နေတရိပ်။ ပါးမှာ ပါးကွက်လေးနဲ့ စွပ်ကျယ် အဖြူပွပွလေး ဝတ်ခါ မွန်ပုဆိုး အနီအဟောင်းလေး ဝတ်ထားလေရဲ့။ ခုံတန်းပေါ်မှာ တမလင်ခွေ ချိတ်ခါ ထိုင်နေပြီး အေးအေးလူလူပဲ စာဖတ်နေတာလေ။ အေယင်ကျော်ဇင် ရင်ထဲက ခုနက စိုးရိမ်မှုတွေက ဝမ်းနည်းမှု အဖြစ်ပြောင်းလဲလာခါ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာရတယ်။ အံကျိတ်ထားတဲ့ ကြားကပဲ မျက်ရည်တို့က တပေါက်ပေါက် သူ့အလိုလိုကျ လို့လာရပြန်တယ်။ အေးအေးလူလူ ထိုင်နေတဲ့ နေရိပ် ကိုစိုက်ကြည့်နေရင်းက ဝမ်းနည်းမှုတွေက တားမရစီးမရ ငိုချလိုက်ချင်တဲ့ စိတ်ကိုမနဲ အံကျိတ်တင်းထားပေမယိ့ မျက်ရည်တွေ ကတော့ တားနိုင်စွမ်း မရှိခဲ့။ သူ့အတွက်နဲ့ အောင်ကျော်ဇင့် ရင်ထဲမှာ ဗလောင်ဆူအောင် ခံစားခဲ့ရတာ အခုသူ့ကိုတွေ့တော့ ဘာမှမဖြစ် အေးချမ်းစွာ ရှိနေလေရဲ့။ နေတရိပ် စာဖတ်ရင်းက ခြင်ကိုက်တာမို့ ဂျာနယ်ကို လက်တဖက်မှာ စုကိုင်လိုက်ရင်း ဒူးတဖက်ကို ထောင်ခါ ခြင်ရိုက်လိုက်ရင်း စိတ်ထဲမှာ တခုခုကို ခံစားနေရတာမို့ အရှေ့ကို လှမ်းကြည့်လိုက်တော့ သူ့ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ အောင်ကျော်ဇင်။ သေချာရဲ့လားလို့ တွေးနေမိပေမယ့် သေချာတာလဲ သိနေတာမို့ ဂျာနယ်လေး ဘေးကိုချခါ ထရပ်လိုက်ပါ တော့တယ်။ “ သားကျော် “ နေတရိပ် အောင်ကျော်ဇင်ရှိရာကို အပြေးသွားမိပြီးမှ အနားလဲရောက်ရော မျက်နှာခြင်းဆိုင် နီးကပ်စွာ ရပ်လိုက်ပါတော့တယ်။ သူတို့ စကားလုံးတွေ မဲ့ခါ တိတ်ဆိတ်နေ ကြပေမယ့် သူတို့ မျက်လုံးတွေကနေ တစ်ဆင့် နှလုံးသားအထိ တိုက်ရိုက် ပြောနေတဲ့ စကားတွေ ကိုတော့ သူတို့ပဲ ကြားပေလိမ့်မည်။ နေရိပ် သားကျော်ကို ရပ်နေတုန်းမှာပဲ လူတစ်ယောက်ရဲ့ တွန်းလိုက်ခြင်း ကိုခံ လိုက်ရတာမို့ နှစ်ယောက်သား ဖက်မိလျက်သား ဖြစ်သွားပါတော့တယ်။ “ အမလေး သူများအခန်းရှေ့ တည့်တညိ့ ပိတ်ပြီး ဘာရပ်လုပ်နေကြတာလဲ ဘာတွေမှန်းကို မသိဘူး “ ဖက်လျက်ဖြစ်နေရာမှ နေရိပ်က အောင်ကျော်ဇင့်ကို လွှတ်လိုက်ပေမယ့် အောင်ကျော်ဇင် နေရိပ်ကို တင်းကျပ်အောင် ဖက်ထားတာ သိလိုက်ပါတော့တယ်။ နေရိပ် အောင်ကျော်ဇင့်ကို နံရံဖက်ကို ကပ်လိုက်ခါ အတင်းပြန်ဖက်ထားမိပါတော့တယ်။ “ ဟဲ့ အို ဘယ့်နှယ့် ဟာတွေလဲ ဘာတွေလူပ်နေကြတာလဲ ဘူရား ဘုရား ဆေးရုံလာပြီး မရှက် မကြောက် ဘယ်လိုလူတွေလဲ “ ခုန အခန်းထဲကနေ သူတို့ကို တွန်းခါထွက်လာတဲ့ သူနာပြု ဆရာမကြီး မျက်လုံးပြူးကာ သူတို့ကို ရပ်ကြည့်နေပါတော့တယ်။ တခြားသူတွေလဲ ရပ်ကြည့်နေကြတာမို့ နေရိပ် အောင်ကျော်ဇင့် ခေါင်းလေးကို ငုံ့ခါနမ်း လိုက်ပြီး “ လာ သားကျော် လူတွေ အုံလာရင် မကောင်းဘူး သွားမယ် “ ပါးစပ်ကလဲပြော လက်ကလဲဆွဲခါ ဆေးရုံ အပြင်သို့ ကွေ့ပတ်ခါ ပြေးထွက်ခဲ့ ပါတော့တယ်။ လူရှင်းတဲ့နေရာ ရောက်မှ နေရိပ် အောင်ကျော်ဇင့်ကို ဖက်လိုက်ခါ “ မင်း ငါ့ကိုရွေး လိုက်တာလား ဟင် သားကျော် “ “ အင်း ဒါပေမယ့် ကိုထိုက်မွေးနေကို အခုသွားရမယ်နော် မင်းလဲလိုက်ခဲ့ “ သေချာနေတဲ့ အဖြေတစ်ခုက ဘယ်ကဘယ်လို ထွက်လာတာလဲ မသိတော့ပေ။ ဟုတ်တယ် အခု အောင်ကျော်ဇင် နေရိပ်ကို အရမ်းချစ်မိနေတယ်။ ဒါဟာ စဉ်းစားဖို့ မလိုပဲ အလိုလို သိလိုက်ရတဲ့ အဖြေ တစ်ခုပါပဲ။ “ ဟေးးးးးးး ပျော်လိုက်တာကွာ့ အဟားးးးဟားး အားးး “ ..... ယနေ့မှ စ၍ ... ကြင်သူနှစ်ဦးပေါ်တွင် .... ဘုရားသခင် ကောင်းချီး ပေးပါစေ ...... မျက်ရည်တွေ ကြားက အော်ဟစ်ခါ တစ်ယောက်ထဲ သီဆို နေမိသလို တီးလုံးတွေကလဲ အားပါလှ အောင် တီးနေလိုက်မိတယ်။ ငါနားလည်လိုက်ပါပြီ အောင်ကျော်ဇင်ရယ် မပွင့်လင်းတဲ့ မင်းတို့ အချစ်တွေ အတွက် တစာခံ ဖြစ်ခဲ့ရတဲ့ ငါက မင်းအတွက်တော့ အရံလူပါကွာ။ ...,,, ယနေ့မှစ၍ .... ကြင်သူနှစ်ဦးပေါ်တွင် ..... ဘုားသခင် ကောင်းချီး ပေးပါစေ ...... ဟစ် အာ့ ဟား ဟား အားးးးးးးးးးး ..,,,,...... ပြီးပါပြီခမျာ့။ အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်။ #ကိုလေး

No comments:

Post a Comment