ကမ္ဘာပြိုတဲ့နေ့
" တောက်စ် ကဲကွာ "
မဆီမဆိုင် ဘေးမှာလာ ကပ်ထိုင်နေတဲ့ ကြောင်လေး ကို ခြေနဲ့တွန်းကန် ပစ်လိုက်မိတယ်။ ဘာတစ်ခုမှ အစဉ် မပြေ အလကား နေရင်းက ဒေါသတွေသာ ထွက်နေမိ ပါတယ်။ စိတ်က တအားရှုတ် လာတာမို့ စားပွဲပေါ်က ကားသော့ကို ယူလိုက်ပြီး အောက်ထပ် ဆင်းကာ ကား ကိုခပ်ကြမ်းကြမ်းပင် မောင်းထွက်ခဲ့ လိုက်မိပါတော့ရဲ့။
ကားမောင်းရင်းက မိုးသောက် ခေါင်းထဲမှာ အတွေး တွေက တခုပီး တစ်ခုပေါ်လာ ပြန်ပါတယ်။ အခုတိုက် ခန်းကို တန်တယ်ဆိုပြီး ဝယ်လိုက်တာ ၅၀ လောက်ထိ သွားတာလေ။ သူငယ်ချင်း အချင်းချင်းရိုက်စား လုပ်လို့ ပိုခံပြင်းတာ။
ကားကိုလဲ ဆက်မမောင်းချင် တော့တာနဲ့ ဆိုင်တစ် ဆိုင်ကိုဝင်ရန် ညာကျောကို ချမောင်းလိုက်စဉ် ဖြတ်ခနဲ ဝင်လာတဲ့ လူရိပ်ကြောင့် ဘရိတ်ကို စောင့်နင်းပြီး ကား ကို ရပ်ပစ်လိုက် ရပါတယ်။ ပြေးဝင်လာတဲ့ သူကလဲသူ့ ကားဘောနက်ပေါ်မှာ လက်ထောက်ရင်းက ကားရှေ့ ကို ခွေခနဲ လဲကျ သွားပါရော။
ဒါမျိုးတွေ လုပ်စားနေကြတာ ခနခနကြားဖူးတယ် လူ ကဒေါသက ထွက်နေတာနဲ့ ကားပေါ်မှဆင်းကာ ထိုသူ ရဲ့ ဂုတ်ကို စောင့်ဆွဲ လိုက်ပြီးမှ လက်သီးနဲ့ရွယ် ကာ
" ခများရူးနေလား ဟမ် သေချင်နေတာလား တောက် "
နောက်ကနေ ကောင်လေး တစ်ယောက်ပြေးဝင်လာ ကာ မိုးသောက်ရဲ့ လက်ကိုအတင်းဆွဲခါ
" မလုပ်ပါနဲ့ဗျာ ကျနော့်အဖေကို ကျနော် ရှစ်ခိုးပါတယ် အဖေက စိတ်သိပ်မကောင်းလို့ပါ မလုပ်ပါနဲ့ဗျာ "
တကယ့်သနားစရာ မျက်နှာလေးကို ငေးခနဲဖြစ်မိပါရဲ့။
" အဲဒါဆိုလဲ မင်းတို့က သေချာကြည့်ထိန်းလေကွာ တိုက်မိရင် ငါ့ကို အမှုလာပတ်မှာပေါ့ကွ "
မိုးသောက် ကောင်လေး အဖေကို လွှတ်ပေးလိုက်ခါ ပြောလိုက်သည်။ ဒေါသကတော့ မပြေချင်သေးပေ။
" ကျနော် ထမင်းအတင်းကျွေးလို့ ထွက်ပြေးတာပါ ကျေးဇူး တင်ပါတယ် အကိုရယ် ကျေးဇူးပါဗျာ လာပါ အဖေရယ် သားထမင်းအတင်းမကျွေးတော့ဘူးနော် "
သူ့အဖေလက်ကိုလဲ မလွှတ်ရဲ မိုးသောက်ကိုလဲ ကျေ နပ်အောင် တောင်းပန်နေတဲ့ ကောင်လေးက ၁၈ နှစ် လောက်သာ ရှိမယ် ထင်ပါရဲ့။ နေလောင် အသားအရေ နီစပ်စပ်နဲ့ ဆိုပေမယ့် နဂိုဖြူတာတော သိသာပါတယ်။
မျက်ခုံး မျက်လုံး လှလှလေးတွေနဲ့ ချစ်စရာလေးပါ။
" ကျနော် သွားတော့မယ် နော် အကို လာအဖေ လာပါ အဖေရယ် လာပါဆို "
သူ့အဖေက ဘာတခုမှပြန်မပြောပဲ ပေကပ်ကပ်လုပ် နေတာမို့ လက်ကို အတင်းဆွဲခါ ခေါ်ပြီးထွက်သွားလေ တော့မှ မိုးသောက်လဲ သက်ပြင်းချမိပါတော့တယ်။ သြော် ကို့ထက်ဆိုးတဲ့ ဘဝတွေလေ သနားပါတယ်။
ကောင်လေးဝင်သွားတာက သာမန်ရပ်ကွက်လေးမှ လမ်းလေးထဲကိုပါ။ ဘာရယ်မဟုတ်ပဲ မိုးသောက် လိုက် ကြည့်နေမိပြီးမှ ကားကိုမောင်းထွက်လာခဲ့ပါလေရဲ့။
ချာတိတ်ရဲ့ မျက်နှာလေးကိုလဲ မျက်စိထဲ မြင်ယောင်လို့ နေမိပါတော့တယ်။
နောက်တပတ်ရောက်တော့ မိုးသောက် ဆိုဒ်ထဲဆင်း ချိန်မှာ အလုပ်သမားခေါင်း ထံမှ ဆူညံဆူညံ အသံကို ကြားရတာမို့ မိုးသောက်ရဲ့ လက်ထောက် အောင်ကို ကို မေးကြည့်မိပါတယ်။
" ဟိုလူ ဘာတွေဖြစ်နေတာလဲ အောင်ကို "
" အော်ဆရာရေ ဒိနေ့အသစ် ဝင်လာတဲ့ အလုပ်သမား ကောင်လေးကို ဆူနေတာ သုံးစားမရလို့တဲ့ "
" အင်း ဖြစ်ပြန်ပြီ အဲဒါကြောင့် ဒီလူတွေကို တွေ့ရာ လူခေါ်မသုံးနဲ့လို့ ပြောထားသားနဲ့ကွာ "
အောင်ကို့ကိုပြောပြီး ထိုဘက်ကိုလျောက်သွားကြည့် မိလိုက်တော့မှ ဟိုနေ့က ကောင်လေးမှန်း သိတယ်။ ခေါင်းလေးငုံထားပြီး လက်သီးကိုစုပ်ထားတဲ့ ထိုကောင် လေးက တော့သူ့ကို မမြင်သေးဘူးပေါ့။
" ကိုဇော်မင်း ဘာဖြစ်ပြန်ပြီလဲဗျ ခများတို့က "
" ဆရာရေ ဒီခလေးလေ အလုပ်လုပ်ချင်တယ် ဆိုလို့ ပန်းရံဆရာက ခေါ်လာပေးတာ ဘာမှလဲမလုပ်တက် ခု နရေဆွဲခိုင်းတော့ ပုံးလွတ်ကျတယ် လက်နာလို့တဲ့ "
ကောင်လေးခေါင်းကို ပိုပြီးငုံထားပါတယ်။ သူရှက်နေ တာနေမှာ။ ဟာ လက်ခနဲတွေ့ လိုက်တာ မျက်ရည်ကျ သွားတာများလား။ ချာတိတ်ရယ်။
" အဲဒါဆို သူ့ကို နားခိုင်းလိုက်တော့ က်ုဇော်မင်း "
မိုးသောက်စကားဆုံးတာနဲ့ ကောင်လေးမျက်နှာမော့ လာခါ ချက်ခြင်းတောင်းပန်ပြန်ပါတယ်။
" ဒီတစ်ရက်လေးတော့ လုပ်လက်စနဲ့ လုပ်ပါရစေဗျာ ကျနော် တက်နိုက်တာအကုန်လုပ်ပေးပါ့မယ်ဗျာ "
ပါးပြင်မှလဲ မျက်ရည်စတွေနဲ့ ချာတိတ်လေးရယ်
" ဟ့ မင်းက ဘာမှမှမလုပ်နိုင်တာကို ငါက "
" တော်တော့ ကိုဇော်မင်း ထားလိုက် လာ ညီလေး "
ကိုဇော်မင်းကို တားလိုက်ပြီး ကောင်လေးကို ခေါ်ခါ ထိုနေရာကနေ ထွက်လာခဲ့ လိုက်ပါတော့တယ်။
" ဒီမှာ ခနထိုင်စောင့်ဦး က်ုပြန်လာခဲ့မယ် "
" ဟုတ်ကဲ့အကို ဟိုနေ့ကကားနဲ့အကိုနော် အကိုက "
မိုးသောက်ပြုံး၍ ခေါင်းညိတ်ပြခါ ထွက်လာခဲ့ပြီး မှာစ ရာရှိတာတွေ အောင်ကို့ကိုမှာပြီးမှ အိတ်ယူကာ ပြန် ထွက်လာခဲ့ပါတယ်။
" လာ ညီလေး ကိုနဲ့ လိုက်ခဲ့ မင်းဘာယူစရာ ရှိသေးလဲ သွားယူလိုက်ဦး "
" ဟုတ် အကို ခနလေးနော် "
ကောင်လေး ပြေးထွက်သွားပြီး ခနနေတော့ ကျောပိုး အိတ်အနွမ်းလေး တလုံးလွယ်ကာ ပြန်ထွက်လာခဲ့ရဲ့။ ကောင်လေးကို ကားပေါ်တင်ပြီး အခန်းကိုပဲ ပြန်မောင်း လာခဲ့လိုက်တယ်။ အလုပ်ကလဲ သိပ်မရှိတာနဲ့ပါ။
" ကျနော့် က်ုဘယ်ခေါ် သွားမလို့လဲ ဟင် အကို "
" ကို့ အခန်းကိုလေ "
" ဗျာ လုပ်မလို့လဲ ဟင် အကို "
မျက်လုံးလေးပြူးကာ မေးလိုက်တာမို့ ပြုံးပြပြီးမှ
" ဘာလို့လဲကွ မကြောက်ပါနဲ့ အေးဆေးပေါ့ "
" ကျနော် ဒီနေ့ အလုပ်လုပ်ခ မရတော့ဘူးလားဟင် "
" အင်း ရပါတယ် ကိုပေးမှာပေါ့ "
" ကျနော် အဲဒိလို အလကားမလိုချင်ဘူး အကို "
" အလကားမဟုတ်ပါဘူး ညီရ ကိုဇော်မင်းကို ငွေရှင်း ရင် ကိုက ညီ့အတွက်ပြန်ယူ လိုက်မှာပေါ့ "
" အော် ဟုတ်ကဲ့ ကျေးဇူးပါဗျာ "
တိုက်ခန်းရောက်တော့ ချာတိတ်ကို အအေးဘူးလေး ဖောက်ပြီး ခွက်နဲ့တိုက်တော့ ကိုင်းကို ကိုင်ပြီးမှ ပြန်ချ လိုက်တာမို့
" သောက်ပါ ညီရ ဘာဖြစ်လို့လဲ "
" ဟို ကျနော့် လက်တွေ ပေါက်နေတယ် အကို "
" ဟာ ဟုတ်လား ပြစမ်း ညီ "
လက်လေးကိုယူ ကြည့်လိုက်တော့ အဟုတ်ပင် လက် နှစ်ဖက်စလုံးမှာ အရည်ကြည်ဖုတေ ပေါက်ထားသလို အရေးပြားလေးတေ လန်နေတာလေ။
" မနက်က သံစို့နဲ့ အုတ်ဟောင်းတေကို ဖြိုတာလေ အဲဒါ သံစို့ကိုင်ပြီး တူနဲ့ထုတာ အရည်ကြည်ဖုတေ ထ လာတာ အကို နေ့လည်က ရေဆွဲခိုင်းတော့ ရေဘုံးရဲ့ ဝိတ်နဲ့ဆိုတော့ အကုန်ပေါက်ကုန်ပြီး သဲတွေဝင်တော့ တအားစပ်တာနဲ့ လွတ်ကြကုန်တာပါ "
စိတ်မကောင်းစွာနဲ့ ကြည့်မိတယ် သနားပါတယ် ကွာ။
" မင်းအစက ဒီလို တခါမှ မလုပ်ဖူးဘူးလား "
" ဟုတ်တယ် အကို ကျနော် အစကတော့ မီးပွိုင့်မှာ စပယ်ပန်းတို့ ဂျာနယ်တို့ရောင်းပါတယ် ဒါပေမယ့် အဲ ဒိအရင်းငွေ လေးက ဟိုနေ့က အဖေ့အတွက် ဆေးကုန် နေလို့ ဝယ်ပေးလိုက်တာ မရှိတော့လို့ပါ "
" မင်းအိမ်မှာ တခြားသူတွေကော မရှိတော့ဘူးလား "
" ကျနော်တို့က ဧရာဝတီတိုင်း ဖက်ကပါအကို နာဂစ် ဖြစ်တော့ အမေကော ညီလေးနဲ့ ညမလေးကော အဖွား ပါအားလုံးဆုံးကုန်တာအဲဒိထဲက အဖေလဲ ခုလိုဖြစ်သွား တာပါပဲ အစက အဖေပြောပြောပြပါတယ် သူညီလေးနဲ့ ညမလေးကို လက်နှစ်ဖက်နဲ့ ပိုက်ထားပြီး အုန်းပင်ကို ခြေနဲ့ ချိတ်ထားတာတဲ့ အဲဒိချိန်မှာ အဖွားက မြောလာ တာတွေ့တယ်တဲ့ အဖွားကိုကယ်ရင် ခလေးတွေကိုလဲ လွှတ်လိုက်ရမှာ အဖွားကလဲ ခလေးတွေကိုပဲ ဆွဲထား လို့အော်ရှာတယ်တဲ့ အကို အဖေ့မျက်စိရှေ့မှာပဲအဖွား ကို ရေလုံးက ပုတ်ပြီးဆွဲချသွားတာတဲ့ "
" အော် သနားဖို့ကောင်းလိုက်တာ ညီရယ် "
" ညီလေးကို ပထမဆုံး လွတ်ထွက်သွားပြီး အတင်း လိုက်ဆွဲတုန်း ညမလေးပါ ပါသွား တယ်တဲ့ နောက်နေ့ မနက် ကြတော့ ရေကျသွားလို့ လူတွေပြန်ရှာ ကြတော့ အမေ အမေလေ ကိုယ်ဝန်ကြီးနဲ့ သစ်ပင်မှာ တွဲလောင်း ချိတ်နေတာ ခါးမှာ လုံချည်တောင် မပါတော့ဘူးတဲ့ဗျာ အဖွားနဲ့ခလေး တွေ ကိုတော့ ရှာမရ တော့ဘူး "
သက်ပြင်းကိုချရင်း ခေါင်းကိုညိတ်ပြ လိုက်မိတယ်။
" အဲဒိနေ့က ညနေဖက် ထမင်းစားဖို့ပြောတော့ ညီ လေးနဲ့ ညမလေးက TV ကြည့်နေတာနဲ့ ထမင်းတောင် စားမသွားရ ရှာဘူးလေ အဖေ့နားထဲမှာ သူတို့ အဖေ ထမင်းစာတယ် ထမင်းစာတယ် လို့ ပြောနေတာ ကြား နေရတယ်တဲ့ အကိုရယ် ညီကတော့ ရေထဲမှာ မြောပါ နေပေမယ့် သတိထားပြီးနေ နိုင်လို့ ဘာမှ မဖြစ်ခဲ့ဘူး "
" အေးပေါ့ ဒိလောက်ထိ ဖြစ်ခဲ့မှတော့လဲ ညီ့အဖေ အခုလိုဖြစ်သွားတာ ဖြစ်လောက်တာပါပဲ ညီရယ် လာ လက်ရင်သွားဆေး ရအောင်နော် နေဦးရေပါ တခါထဲ ချိုးလိုက် ပြီးရင် အကို အင်ကျီနဲ့ ပုဆိုးထုတ်ပေးမယ် "
" ဟုတ်ကဲ့ အကို "
ကောင်လေး ရေချိုးခန်းထဲ ဝင်သွားတော့ အဝတ်တွေ ထုတ်ပေးရင်းက ဒီခလေးကို တခုခုကူညီပေးဖို့သေချာ ဆုံးဖြတ်လိုက်မိတယ်။ သနားတာကနေ သံယောဇဉ်ပါ တွယ်မိပြီပေါ့ ချာတိတ်ရယ်။ ကောင်လေးကို ပုဆိုးနဲ့ T shirt လေးပေး လိုက်တော့ " ဟာ အသစ်တွေလား ဒါဆိုမဝတ်ချင်ဘူး အကိုရာ "
" မဟုတ်ပါဘူး ညီရဲ့ ဝတ်လိုက်နော် "
သြော် T shirt အနီ ပုဆိုး အပြာနုလေး ဝတ်လိုက်ပြန် တော့လဲ အတော်လေး ကြည့်ကောင်းသွားပြန်ပါပြီ။
ချာတိတ် လက်ကိုဆေးထည့်ပေးပြီး ပတ်တီးလေးစီး ပေးထားလိုက်တယ်။
" အဖေ့ကို အခုဘယ်သူနဲ့ ထားခဲ့လဲ ညီ "
" ညီတို့ငှားနေတဲ့ နားကအိမ်တွေကိုတော့ ကြည့်ပေးဖို့ မှာထားပါတယ် ဒါပေမယ့် ဘယ်သူကသေချာကြည့်နိုင် မှာလဲ အကိုရာ အဖေ့ကို အိမ်ထဲမှာ သော့ပိတ်ထားခဲ့ရ တာပေါ့ "
" ဟာ ညီရယ် "
" မတက်နိုင်တော့ဘူး အကို ညီဒီလိုမလုပ်ရင် ညီတို့ ဘာနဲ့စားရမလဲ အိမ်လခကလဲ ပေးရသေးတာလေ "
" အင်း ညီ့အသက်ဘယ်လောက် ရှိပြီလဲ နာမည်က ကော ပြီးတော့ ကျောင်းကကော "
" ညီ့ အသက်က ၁၉ နှစ်အကို ညီ ၁၀ တန်းနှစ်မှာပဲ ဒီ လိုတွေ ဖြစ်ကုန်လို့ ညီ စာမေးပွဲမဖြေခဲ့ရဘူး နာမည်က ရောင်နီသွေး ပါအကို "
" ဟာ နာမည်လေးက ချစ်စရာလေးပါလား "
" အဖေပေးထားတာ အကို အဖေက စိတ်ကူးယဉ်ဆန် တယ်ပြောရမလား မသိဘူး နော် "
" အင်း ထားပါတော့လေ ကို ညီ့အတွက် တခုခု စီစဉ် ပေးပါ့မယ် ညီ စိတ်မပူနဲ့ ဟုတ်ပီလား "
" ဟုတ်ကဲ့ အကို ကျေးဇူးတင်ပါတယ် ညီ ဘာအလုပ် ပဲဖြစ်ဖြစ် လုပ်ပါ့မယ်အကို "
" ကောင်းပြီလေ ကိုခိုင်းတာလုပ်မယ် ဆိုရင်တော့ ကို ညီ့ကို အစစအရာရာ ပံ့ပိုးကူညီပေးမယ်လေ "
" ညီ လုပ်နိုင်တာဆို အကုန်လုပ်ပါ့မယ် အကို "
" ကို့ကို တစ်ချက်လောက် နမ်းပေးပါ "
" ဗျာ "
" ဘာလို့လဲ ညီရဲ့ ကိုမနက်က အုန်းနို့ခေါက်ဆွဲတွေ စားထားမိတာ အကျောတက်နေလို့ ခနလေးနင်းခိုင်းမ လို့ပါ မရဘူးလား "
" အော် နင်းခိုင်းတာလား မသိပါဘူး အဟဲ "
" လာ အိပ်ခန်းထဲ သွားကြမယ် "
စကားတပြောပြောနဲ့ နင်းနေပြီးမှ ညနေပိုင်းရောက် တော့ မိုးသောက် ကရောင်နီ့ အိမ်ကို ကားနဲ့လိုက်ပို့ခါ
" ရော့ ဒါက လုပ်အားခ ၂ ရက်စာ ဒီနေ့အတွက်ရယ် မနက်ဖြန် ညနေ ၅ နာရီ ကို့အခန်းကိုလာခဲ့ အဲဒိတွက်ပါ ပေါင်းပေးတာ ဟုတ်ပီလား "
" အော် ဟုတ်ကဲ့ဗျ အကို့ နာမည် ကကောဗျာ့ "
" မိုးသောက်နေ တာ့တာ ကိုသွားပြီနော် "
" ဟုတ်ကဲ့ ကျေးဇူးပါအကို "
နောက်နေ့ မိုးသောက် အလုပ်ကပြန်ရောက်တော့ အခန်းရှေ့မှာ ရပ်နေတဲ့ ရောင်နီ့ကို အဆင်သင့် တွေ့ရ ပါတော့တယ်။ မိုးသောက် ပြုံးလိုက်ပြီး ပုခုံးဖက်လိုက်၍
" စောင့်နေတာ ကြာပြီလား ညီ "
" ခုနလေးကမှ ရောက်တာပါ အကို "
အခန်းထဲ ရောက်တာနဲ့ ရောင်နီ အိမ်သန့်ရှင်းရေးတွေ အကုန်လုပ် အိမ်သာက အစဆေးကျောနေပါလေရဲ့။
" အကို အဝတ်တွေ ညီလျှော်ပေးမယ်လေ နော် အကို မီးပူ တိုက်စရာ ရှိတာလဲ ညီတိုက်ပေး ပါ့မယ် "
" ကိုက တပတ်တခါ ဒိုဘီပေးလိုက်တာ ညီရဲ့ "
" အော် ဟုတ်ကဲ့ဗျာ့ "
" ကဲ လာထိုင်ပါဦး ညီရ ညီ့ကို အဲဒါတွေ လုပ်ဖို့ အကို ပြောမိလို့လား "
" မပြောလဲ ညီလုပ်ချင်လို့ပါ အကိုရ "
" ဒီနေ့ အကို ကိစ္စတစ်ခုကို စဉ်းစား မိတယ်ညီရဲ့ "
ရောင်နီက ဘာမှ ပြန်မပြောပဲ ခေါင်းညိတ်ခါ သေချာ နားထောင်နေ ပါတယ်။
" ဒီကိစ္စက ညီလက္ခံမှ ဖြစ်မယ့် ကိစ္စပါ ဟုတ်ပြီလား "
" ဟုတ်ကဲ့ အကို့စကားကို ညီနားထောင်ပါ့မယ် "
" ပထမဆုံး ညီ့အဖေကို စိတ်ကျန်းမာရေး ဆေးရုံကိုပို့ ထားရမယ် "
" ဗျာ "
ချက်ခြင်း ရောက်နီ့ မျက်နှာလေး ညှိုးကျသွား လေရဲ့ " ကိုပြောတာ သေချာ နားထောင်ပါဦး ဒါက ညီတို့ကို အဆင်ပြေအောင်လို့ပါ ဒါမှ ညီ့ အဖေလဲ သက်သာမှာ မဟုတ်လား ကုန်ကျစရိတ်က အကိုတာဝန်ယူမယ် "
" ညီ အဖေ့ကို အဲ့လို မလုပ်ရက်ဘူး အကိုရယ် "
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ရောင်နီ့ ကိုဖက်ခါ
" ဒါပေမယ့် လုပ်သင့်တာ လုပ်ရမယ်လေ သူ့အတွက် လဲကောင်းလာမှာ မဟုတ်လား စိတ်မကောင်း မဖြစ်ပါနဲ့ ညီရယ် ညီက ကိုနဲ့လာနေရမယ် ကျူရှင်တက်ပြီးစာမေး ပွဲ ပြန်ဖြေရမယ် "
" အဲဒိအတွက် ညီဘာလုပ်ပေးရ မှာလဲဟင် အကို "
" ကို့စကားနားထောင်ပေးပြီး ကို့ညီလေးလိုနေပေး ရင်ရပြီ ညီ ကို ညီ့ကို မွေးစားလိုက်တာလေ "
မိုးသောက် ပြုံးပြီးပြောလိုက်တော့ ရောင်နီ ထိုင်ခုံပေါ် ကနေ ဆင်းပြီး လက်အုပ်ချီလိုက်ခါ
" ကျေးဇူးတင်ပါတယ် အကို ညီနဲ့အဖေ့ကို အခုလို ကူ ညီပေးတဲ့ အတွက် ဘယ်လိုအရာနဲ့ဖြစ်ဖြစ် ညီ အကို့ရဲ့ ကျေးဇူးကို ဆပ်ခွင့်ရအောင် ကျိုးစားပါ့မယ် "
" အဓိကက ပြောစကား နားထောင်ရင်ရပြီ ညီရဲ့ "
အဲဒိနောက်ပိုင်း မှာတော့ ရောင်နီသွေး ဆိုတာအရင် က ရောင်နီသွေး ဟုတ်ရဲ့လားလို့ မေးယူရမယ် ထင်ရဲ့ အသားတွေ ဖြူလာပြီး အဝတ်အစားကောင်း လေးတွေ နဲ့ သန့်ပြန့် ချောမော လာလိုက်တာ တအားပင်။
ဒါပေမယ့် ရောင်နီသွေးကတော့ မိုးသောက်ရဲ့စကား ကို တသွေမတိမ်း လိုက်နာကာ မိုးသောက်ကိုလဲ သူ အ လွန်ချစ်ခင် တွယ်တာလှပါတယ်။ အားကိုးရာမဲ့တဲ့ ဘဝ ဆိုတော့ နွယ်တပင်စာမျှ မကသော ကျေးဇူးရှင်အကို့ ကို အလွန်အားကိုး ယုံကြည်ခဲ့တာ ပေါ့လေ။
အဖေ့ အခြေအနေကလဲ အတော်ပင် တိုးတက်လာ တာ သိသိသာသာပင်။
" ညီရေ ကိုရေချိုးတော့မယ်ဟေ့ လာခဲ့ဦး "
" လာပြီ ကိုရီးရေ လာပြီဗျ "
မိုးသောက်ရေချိုးတိုင်း အမြဲတမ်းရောင်နီက ဆပ်ပြာ တိုက် ချေးတွန်း လုပ်ပေးနေကြလေ။ မိုးသောက်ကလဲ ရောင်နီရှိမှ တုံးလုံး မချိုးတော့ပဲ အတွင်းခံနှင့်သာ ချိုး ဖြစ်တော့တယ်။ မိုးသောက်ရဲ့ တာဝန်ဟူသမျှကို မိန်းမ တစ်ယောက် ထက်ပင်ပြည့်စုံအောင် စေတနာအပြည့်နဲ့ တာဝန်ယူ ထားတဲ့ ရောင်နီသွေးကို မိုးသောက်ကလဲပဲ အလွန် ချစ်ပေမယ့် ရင်ထဲမှာပင် မြိုသိပ်ထားရတယ်။
အိပ်တာတော့ မိုးသောက်က ရောင်နီ့ကို တခန်းထဲ မှာ ကုတင်အပိုထည့်ခါ အိပ်ခိုင်းထားတယ်။ တခါတခါ မိုးသောက်က ရောင်နီ့ဘေး ဝင်အိပ်တက်တယ်လေ။
ဒီညတော့ မိုးသောက် ရောင်နီ့ကို စချင်တာမို့
" ညီ အခု ၁၉ ဆိုတော့ လူပျိုဖြစ်နေပြီ ပဲကွနော့ "
" ဗျာ ဟိုအဲ ဟုတ် ဟုတ်တယ်နဲ့ တူတယ် အဟဲ "
" အော် မင်းကလဲ ကို့ဖာသာ မသိရင်ပြန်ငုံကြည့် "
" ဟာဗျာ ကိုရီးကလဲ ရှက်စရာကြီး "
မိုးသောက် ရောင်နီ ကုတင်ဘက်ကို ဝုန်းခနဲကူးကာ
" ဘာရှက်နေတာလဲ ကို့အကိုက အကောင်းပြောတဲ့ ဟာကို ပြစမ်း ညီ့ဟာ အကိုကြည့်ရအောင် "
" ဟာ အကိုကလဲ ရှက်စရာကြီး မလုပ်ပါနဲ့ "
" ဟာကွာ မရှက်ပါနဲ့ ကိုတို့ညီအကိုပဲ ရှိတဲ့ဟာကို "
" ကိုရီးကို ရှက်တာပေါ့ဗျာ့ "
" ပြပါ လိမ္မာတယ် ညီလေးက " "ဟိုကန်တော့နော် ကိုရီး ကြည့်ချင်တယ်ဆိုလို့ပြတာ"
ရောင်နီ ပုဆိုးကပုံစလေးကို ဖြည်ခါ မရဲတရဲ ဖွင့်ုပြမှ မိုးသောက် သေချာငုံ့ ကြည့်မိတယ်။ ၁၉ နှစ်ဆိုတာက မငယ်ဘူးလေ တချို့ခလေးတောင် ရနေကြပီ။ ကိုကလဲ အခုဟာက သက်သပ်ကြည့် ချင်လို့ကို ပြခိုင်းတာ။
ပစ္စည်းက သိပ်မကြီးပေ နဲနဲသေးတောင်သေး ချင်နေ သလိုလို ဖြစ်နေတာမို့
" ဟာ တော်တော်သေးတာပဲ ညီရ "
ရောင်နီ ပုဆိုးကို ဆတ်ခနဲ ပြန်ဆွဲအုပ်လိုက်ပြီးမှ
" ညီအိပ်တော့မယ်နော် ကိုရီး "
" ကဲ အိပ်အပ် အိပ်ချင်လဲ မနက်စာ ဘယ်အချိန်ထပြီး ကျက်မှာလဲ "
" ထုံးစံတိုင်းပေါ့ ကိုရီးရ မနက် ၄ နာရီလေ အိပ်ပီ "
ဖက်ခေါင်းအုံးလေးကို ဖက်ပြီးခွကာ ဟိုဘက်လှဲ့သွား တာမို့ မိုးသောက်လဲ ကို့ကုတင်ပေါ် ပြန်တက်ခဲ့လိုက်ရ ပါတော့တယ်။
နောက်ကနေ ရောင်နီ့ကျောလေးကို ကြည့်ပြီးမှ မိုး သောက် သက်ပြင်းချမိပြန်ပါတယ်။ အော် အချစ်ဆိုတာ ဒါများလား မသိဘူး။
ရောင်နီ့ကိုချစ် နေမိပေမယ့် ဖွင့်ပြောဖို့ကလဲ ခက်လို့ နေပါတယ်။ ကျေးဇူး တရားကြောင့် ဆိုတာမျိုးကိုလဲ လုံးဝ အဖြစ်မခံနိုင်ပါ။ မိုးသောက် လိုချင်တာ အချစ်စစ် တစ်ခုပါ။ ဘာတွန်းအားမှ မပါတဲ့ အချစ်စစ်လေး တစ်ခု ပေါ့။ ရောင်နီရယိ ချစ်လိုက်တာကွာ။
ဒီနေ့ရောင်နီရဲ့ ၁၀ တန်းဖြေတဲ့ နောက်ဆုံးနေ့ပေါ့ မိုးသောက်က ရောင်နီ့ကို လိုလေသေး မရှိလုပ်ပေးရုံမျှ မက စာမေးပွဲခန်းထိပါ ရင်ခုန်စွာနဲ့ ထိုင်စောင့်ပေးခဲ့တာ စာမေးပွဲပြီးတော့ ရောင်နီပြေးထွက်လာပြီး
" Sure ပဲ ကိုရီး စိတ်ချ "
" တော်လိုက်တာကွာ ငါ့ညီက ကဲ ဘာစားမလဲ ဘယ် သွားမလဲ ဘာလုပ်ချင်လဲ ဘာလိုချင်လဲ အကုန်ပြော "
" အဖေ့ဆီ သွားချင်တယ်ကိုရီး ဒါပဲရပီ "
" အိုခေ ကျန်တာ ကိုစီစဉ်ပေးမယ် "
ထိုနေ့က ရောင်နီ့အဖေဆီကို စားစရာတွေ ဝယ်ပြီး သွားတွေ့တော့ အဖေက မျက်ရည်ကျတယ် သားကိုသူ မှတ်မိနေပြီလေ။ အဖေ့ရောဂါ အခြေအနေ တိုးတက်လို့ လာတာမို့ ပိုပြီးကျေနပ်ရတာပေါ့။
တညနေလုံး လျောက်လည်ကြတယ်။ မုန့်တွေလဲစား ကြတယ်။ အဝတ်တွေ ပစ္စည်းတွေ ဝယ်ပေးလိုက်တာ ဆိုတာလဲ ကားနောက်ခန်းပင် ပြည့်လုမတက်။
" ပျော်ရဲ့လား ရောင်နီလေး "
" ပျော်တာပေါ့ ကိုရီးရယ် စာမေးပွဲဖြေပြီးတာ တခုနဲ့ကို အတော်ပေါ့ပါးနေတာ အခုအဖေကလဲ သက်သာလာပြီ ကိုရီးကလဲ ညီ့ကိုတအားချစ်တော့ "
" ညီကကော ကိုရီးကို မချစ်ဘူးလား "
" ချစ်တာပေါ့ဗျာ ညီ့မှာ ဒီအကိုပဲရှိတာကို "
ရောင်နီရယ် မင်းကို့ကို အ့လိုချစ်တာထက် ပိုချစ်ပေး လို့မရဘူးလားကွာ။
ရောင်နီ့ကို Computer သင်တန်း LCCI သင်တန်း တွေ English 4 Skill သင်တန်းတွေ မနားတန်း တက် ခိုင်းပြီး အားကျိုးမာတ်တက်နဲ့ မိုးသောက် ပြုစုပျိုး ထောင်ပေးရင်းက ကျေနပ်နေမိတယ်။ သူ့ဘဝလေး အခုလို တိုးတက်လာတာ အရမ်းပီတိဖြစ်မိတယ်လေ။
ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်ခဲ့သလို မိုးသောက်ရဲ့ တရှိန်ထိုး အရည်အသွေး မြှင့်တင်မှုကိုလဲ အမှီရအောင် ကျိုးစားပြီး လိုက်ခဲ့တဲ့ ရောင်နီသွေး ဟာ တကယ့်ကို ထူးချွန်တဲ့ သူတစ်ယောက်ပါပဲ။
ရောင်နီက မိုးသောက်ကို အားကျတာမို့ အင်ဂျင်နီ ယာ လုပ်ဖို့ TU ပဲတက်ခဲ့ပါတယ်။ ရောင်နီ ပထမနှစ်စ တက်နေချိန်မှာပဲ အဖေ ဦးနှောက်သွေးကြောပြတ်ခါ ကွယ်လွန်သွားခဲ့ ပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုရီးရှိနေလို့ ရောင်နီ့ဘဝက ဘာမှကို အတိမ်းအစောင်းမရှိ ဖြောင့်ဖြူးခဲ့ရပါတယ်။ ဒါပေမယ့် ရောင်နီ ဒုတိယနှစ်အရောက် မှာတော့
" ဘယ်သွားတာလဲ ညီ "
" ဟို ညီ ဧည့်ခန်းမှာ စာလုပ်နေတာပါ ကိုရီး "
မိုးသောက် ရောင်နီ့ကို သေချာ ကြည့်ပြီးမှ ခေါင်းကို ညိတ်လိုက်ခါ
" ညီက ကို့ကိုတောင် ညာတက်နေပြီပဲ "
ရောင်နီ ရင်တွေတဒိန်းဒိန်းနဲ့ စောင့်ခုန်သွားပါတော့ တယ် ။ ခုန ဝရန်တာမှာ ဖုန်းခိုးပြောနေတာလေ။ ချစ် သူ ဇီဇဝါ ဆီကဖုန်းမို့ ခနလေးထွက်ပြောမိတာပါ။
" ညီ ညီ ဖုန်းခနလေး ထွက်ပြောတာပါ ကိုရီး "
" အင်း ဘယ်သူမို့လို့လဲ အထဲမှာ ပြောလဲရတာပဲ "
" ဟို - - "
" ညီ့မှာ ချစ်သူရှိနေပြီလား "
" ကိုရီး ညီ့ကို စိတ်မဆိုးပါနဲ့နော် ညီတို့ချစ်သူဖြစ်တာ တလတောင် မပြည့်သေးပါဘူး ကိုရီး စိတ်ဆိုးမှာဆိုးလို့ ညီ မပြောပဲ ထားမိတာပါဗျာ နော် ကိုရီးနော် "
မိုးသောက် ရောင်နီ့ကို ငေးစိုက်ခါကြည့်နေမိရင်းက မျက်ရည်က ပေါက်ခနဲ ကျသွားမိတယ်။ ရောင်နီ ချက် ခြင်းမိုးသောက်ရဲ့ ခြေထောက်ကို ပြေးဖက်လိုက်ခါ
" အဲ့လို မလုပ်ပါနဲ့ ကိုရီးရယ် ညီ့ကို တခုခုပြောပါ လုပ် ပါ ကိုရီး ညီ့ကို ရိုက်ပါ ထိုးပါဗျာ နော် ကိုရီး "
မိုးသောက် သက်သက်မက်မပြောတာ မဟုတ်ပါ ဘာ စကားမှ ပြော၍ မထွက်တော့တာပါ။ ရင်ဘတ်ထဲမှာ စို့ နင့်နေတာလေ။ကိုပန်ရန်ရွယ်တဲ့ စပယ်ကုံး သင်းပျံ့ဆုံး အချိန်မှာ အခြားသူ လုယူသွား တာကိုး။ ညီရယ် ကို့ရင် ဘတ်ထဲကို မြင်ကြည့်စမ်းပါဦးကွာ။
" ကိုရီးရယ် ညီသူ့ကို သနားပြီး ချစ်မိသွားလို့ပါ ညီ့ ကို ခွင့်လွှတ်ပါနော် ကိုရီး တခုခုပြောပါ ကိုရီးရယ် ကိုရီး ညီ့ ကြောင့် မျက်ရည်မကျပါနဲ့ဗျာ အီးး ဟီးး ဟီးး "
မိုးသောက် ရောင်နီ့ရဲ့ လက်တွေကိုဖယ်ခါ ဧည့်သည် အိပ်ဖို့ထားတဲ့ အိပ်ခန်း ထဲဝင်ခါ တံခါးကို အတွင်းကနေ လော့ချထားလိုက်မိပါတော့တယ်။
" ကိုရီး အ့ဟား ကိုရီးရယ် ညီ့ကိုမရက်စက်ပါနဲ့ ဗျာ "
တကယ်ရက်စက် ခဲ့သူက ဘယ်သူလဲ ညီရယ်။ ကုတင် ပေါ်တက်ပြီး နားကို ခေါင်းအုံးနဲ့ ဖိခါ မိုးသောက်ငိုချပစ် လိုက်မိပါတော့တယ်။ ယောက်ျားမျက်ရည်တွေပါ ဒါက ဘယ်လောက်ထိ ခံစားရလိုလဲ ဆိုတာ တွေးကြည့်ပေါ့။
အဲဒိညက ထိုအခန်းမှာပဲ အိပ်လိုက်တယ် မနက်ကျ အခန်းတံခါးလဲ ဆွဲဖွင့်ရော
" ဝုန်း "
" ဟာ ကိုရီး ကိုရီး နိုးလာပြီလား ညီညက တညလုံးဒီ မှာ ထိုင်စောင့်နေတာ ကိုရီးဝင်သွားထဲက "
တံခါးကို ဖွင့်လိုက်တော့ တံခါးကိုမှီခါ အိပ်ပျော်နေတဲ့ ရောင်နီ လဲကျသွားကာ နိုးလာပြီး မိုးသောက်ကို မော့ ကြည့်ကာ ပြောရင်းမှ ကုန်းထလာပါတော့တယ်။
" ညီ့ကို စိတ်မဆိုးပါနဲ့နော် ကိုရီး ညီ့ကို ခွင့်လွှတ်ပေး ပါဗျာ နော် ညီ့မှာ ကိုရီးပဲရှိတာပါ "
အော် ချစ်သူကိုဖြတ်ပါ့မယ်လို့ တစ်ခွန်းမှ မဟပဲ သူ့ ကိုခွင့်လွှတ်ဖို့တောင်းဆို နေတဲ့ ရောင်နီ့ကိုကြည့်ကာ
" အင်းပါ ညီရယ် ညက ကိုရုတ်တရက်စိတ်မကောင်း ဖြစ်သွားတာက ကို့ကိုညာတာရယ် ဖုံးဖိထားတာတွေ ရယ်ကြောင့်ပါ သွားမျက်နှာသွားသစ်တော့ ကို ကသစ် ပြီးပြီ "
" ဟာ ပျော်လိုက်တာ ကိုရီးကို အရမ်းချစ်တယ် ဗျာ "
မိုးသောက်ကို အတင်းဖက်နမ်းပြီး ရောင်နီ အိပ်ခန်း ထဲကိုပြန်ဝင်သွားတော့ မိုးသောက်ပါးလေးကို လက်နဲ့ ပွတ်ခါ ကို့လက်ဝါးကို ပြန်ကြည့်ရင်းက ပြုံးမိပါတယ်။
မိုးသောက်အတွက် နှမ်းတစ်စိစာ ဖြေသိမ့်မှုလေးပါ။
ညီ ပျော်နေတာပဲ က်ုမြင်ချင်ပါတယ် ညီရယ်။ ကိုတွက် အချစ်ဆိုတာ ပေးဆပ်ချင်းလို့ အဓိပ္ပါယ် ဖွင့်ရတော့မဲ့ အခြေအနေရောက်နေပီ မဟုတ်လား။
ကိုပိုင်ဆိုင်ခွင့် မရခဲ့တဲ့ မင်းရဲ့အချစ်အတွက် မင်းကို အပစ်မမြင်ရက် တော့ပါဘူး ညီရယ်။ ဒါကိုပေးရမယ့် အချစ်ဝဋ်ကြွေး လို့ပဲ သဘောထားပါတော့မယ်။
အဲဒိနေ့ည မှာပဲ မိုးသောက် ရောင်နီ့ကို အခန်းရွှေ့ပြီး အိပ်ဖို့ ပြောလိုက်ပါတယ်။
" ဘာဖြစ်လို့လဲ ကိုရီးရယ် ညီတို့အတူအိပ်လာတာ ခု ဆို ၃ နှစ်တောင် ကျော်နေပီ ညီတစ်ယောက်ထဲ မအိပ် ချင်ဘူး တရေးနိုးရင် ညီကိုရီးကို ထကြည့်ရမှ ပြန်အိပ် ပျော်တာ နော်ကိုရီးနော် "
" ဒီလို ညီရ အခု ညီက ကလေးမဟုတ်တော့ဘူး ဆို တာကို ကိုသိသွားပြီလေ အ့ကြောင့် ခွဲအိပ်သင့်ပြီလို့ ကို ယူဆတယ် ဟုတ်ပြီလား "
တကယ်တော့ မိုးသောက် မခံစားနိုင်တော့ လို့ပါ ချစ် ရတဲ့သူကို မြင်နေရလေ ပိုပြီးခံစားရလေပါပဲ။ နောက် ညီ့က်ုလဲ လွတ်လွတ်လပ်လပ် နေစေချင်တာလဲ ပါတာ ပေါ့။ ဖုန်းပြောတာဖြစ်ဖြစ် လိုင်းပေါ်ကနေ chat တာပဲ ဖြစ်ဖြစ် လွတ်လပ်စွာ လုပ်ရအောင်လို့ပါ။
" ကိုရီး သဘောပါဗျာ ညီပြောင်းပေးပါ့မယ် "
ကိုရီးသဘောဆိုတာ ဒါလေးလောက်ပဲ ညီလိုက်လျော ပေးနိုင်တာ မဟုတ်လားညီရယ်။ အဲဒိတော့ ကိုလဲနေလို့ တက်အောင် နေရတော့မှာပေါ့။
ရောင်နီ အခုတလော ကိုရီးကို အားမရ ဖြစ်မိတယ်။ ကိုရီး တခုခုထူးခြားနေတာ အမှန်ပဲ အရင်ကလို အမြဲ ဂရုစိုက်မှုတွေ မပေးတော့ ရောင်နီ အားငယ်လာရပြီ။
" ကိုရီး ရေချိုးပြီးပြီလား ညီ့ကိုတောင်မပြောဘူး "
" ရပါတယ် ညီရ ထားလိုက်တော့ ကို အိပ်တော့မယ် "
" ဟုတ် ကိုရီး "
ညီ့ကို တမင်ရှောင်နေတာများလား ကိုရီးရယ်။ ညီ့မှာ ဘာတွေ အပစ်ရှိနေလဲ ထိုက်တန်စွာ အပစ်ပေးလိုက်ပါ
ခုလိုကြီးနေတာ ညီ တအားခံစားရတယ်ဗျာ။
အိမ်ကို မိုးသောက် သူငယ်ချင်းတစ်ယောက် ခနလာ နေတာ ဒါပထမဆုံးပါ။ ဒီသူငယ်ချင်းက ရင်ဖွင့်ဖော်ပဲ။ သူကလဲ Homoတစ်ယောက် ဖြစ်တဲ့အတွက် နွေးထွေး စွာ ရင်ဖွင့်တိုင်ပင်လို့ ရတယ်လေ။
" အဓိပ္ပါယ် မရှိတာတွေ မလုပ်ပါနဲ့ မိုးသောက်ရယ် ခု မင်းသွားလို့ ဆိုင်ကိုငါက ကြည့်ပေးလို့ရတယ် အဲဒါက ပြသနာမဟုတ်ဘူး ဒီကောင်လေးကို မင်းဘယ်လိုလုပ် မှာလဲ သူကျောင်းကလဲ ပြီးသေးတာ မဟုတ်ဘူးလေ "
မိုးသောက် က အခုသူငယ်ချင်း အောင်ခ နဲ့ Beerဆိုင် တစ်ဆိုင်စပ်တူ ဖွင့်ထားသေးတာလေ။ ခုလဲ စိတ်တွေ တအားညစ်လို့ စင်္ကာပူက အလုပ်တစ်ခုကို လျောက်ပြီး အဲဒိမှာ သွားနေတော့မလို့ စီစဉ်နေတာ။
" ဟာ ငါပိုင်ဆိုင်တာတွေ အကုန်လုံးကို သူပိုင်တာပဲ လေကွာ သူ့အတွက် ပူစရာမလိုပါဘူး "
" အေး မင်းအတွက်ကကော မင်းကနွားလားဟင် မိုး သောက် ဒါမှမဟုတ် ရူးနေတာလား စောက်ရူး "
" ဟူးးး ပြောတော့ကွာ ငါ့အပစ်တွေပါပဲ ငါဘာမှမသိ ချင်ဘူး မတွေးချင်တော့ဘူးကွာ ငါအဝေးဆုံးကို ထွက် သွားလိုက်ချင်တာပဲ သိတယ် သူ့ကိုမြင်တိုင်း ငါတအား ခံစားရတယ် အောင်ခ "
" ဟ့ အဲဒါဆိုလဲ သူ့ကို သဘောမတူဘူးလို့ပြောပြီး တားလိုက်လေကွာ ရှင်းနေတာပဲကို "
" အဲဒါဆို သူစိတ်ဆင်းရဲရမှာလေ အဲလိုတားရုံနဲ့ကော ငါ့ကို ပြန်ချစ်လာမှာလား အောင်ခ "
" ဟား လေပါတယ်ကွာ မင်းဟာကလဲ "
" ထားလိုက်ပါတော့ကွာ သူလဲ သူပျော်သလိုနေသလို ငါလဲ စိတ်ရှိတာသာ လုပ်ပါရစေတော့ "
" အေးပါကွာ အိမ်မှာ အမေနဲ့ကွိုင်လို့ သူနဲ့ခနလာနေ ပါတယ် သူ့ကွိုင်က ပိုဆိုးနေတယ် "
ရောင်နီ ကျောင်းကပြန်လာတော့ အောင်ခ ကိုတွေ့ခါ ဝမ်းသာအားရနှင့်
" ဟာ ကိုရီးအောင်ခ အတော်ပဲဗျာ မတွေ့တာကြာပြီ ကိုရီးကလေ ညီ့ကို အခုတလော သိပ်ပြီး မကြည်ဘူး ဖြစ်နေတယ် ကိုရီးအောင်ခ နဲနဲပြောပေးအူးနော် ညီလဲ မနေတက်ဘူး ကိုရီးအောင်ခရယ် စိတ်ညစ်နေတာ "
ရောင်နီက အနားမှာ မိုးသောက်မရှိတာမို့ အောင်ခကို ကပ်ခါ ပူဆာနေတာပါ။
" အေး အဲဒါမပြောနဲ့ ခုတောင် နိုင်ငံခြားကို - - "
" အောင်ခ "
မိုးသောက် အသံကြားတာမို့ နှစ်ယောက်သား ဆက် မပြောဖြစ်တော့ပေ။ ညရောက်တော့ မိုးသောက်က အခန်းထဲမှပဲ နေပြီး အောင်ခက ဧည့်ခန်းမှာ Lattop နဲ့ အလုပ်ရှုတ်နေတုန်း အောင်ခနားကို ရောင်နီလာခါ
" ဟာဗျာ အဲဒါ ဘာတွေလဲ ကိုရီးအောင်ခရာ "
အောင်ခ ကြည့်နေတာက Thai Love Story ကားပါ။ မင်းသား ၂ ယောက် အကြင်နာပေးနေ ကြတာ မြင်လို့ ရောင်နီ တွန့်သွားခါ ပြောလိုက်တာပါ။
" သြော် ထိုင်လေ ရောင်နီ ဒီဇာတ်ကားက ထိုင်းမှာ အ ရမ်းနာမည်ကြီးခဲ့တဲ့ Thai Love Story ဇာတ်ကားလေ ကောင်လေး ၂ ယောက်ချစ်ကြတဲ့ ကားလေး "
" အခြောက်တွေလား ကိုရီးအောင်ခ "
" အဲ့လိုပြောလို့လဲ မရဘူး ညီရ ဘာလို့လဲဆိုတော့ ညီ အခုပြောတဲ့ အခြောက်ဆိုတာ girlish ဆိုလိုတာက မိန်းမဆန်တဲ့ မိန်းမလိုဝတ်စားတဲ့သူကိုပြောတာ "
" ရှုတ်နေတာပဲဗျာ ယောက်ျားခြင်းကြိုက်မှတော့ အဲဒါ အခြောက်တွေပဲ မဟုတ်ဘူးလား "
" အဲဒါဆိုရင် ကိုတခုပြောပြမယ် အခြောက်တွေ ကို လက်ခံပြီး တွဲတဲ့သူတွေကိုကော အခြောက်လို့ပဲ ခေါ် မလား သူတို့က ယောက်ျားတွေပဲလေ "
" မသိဘူးဗျာ အ့တွေ နားမလည်ပါဘူး "
" နားမလည်ရင် နားလည်အောင်လေ့လာ ထားသင့် တာပေါ့ညီရ ကိုကဆီမရောင်းလို့ ဆီအကြောင်းမသိ ထားသင့်ဘူးလို့ ညီခံယူထားလို့လား "
" အဲလိုတော့ မဟုတ်ပါဘူး "
" အင်း ဒါလဲ အသိပညာတစ်ခုပဲလေ ညီရ "
" ဟုတ်ကဲ့ "
အခွင့်ကြုံတုန်း အောင်ခ ဒါတွေနားလည်အောင်လို့ ရောင်နီ့ကို ရှင်းပြချင်တာလေ မိုးသောက်အတွက်ဆို လဲ မမှားဘူးပေါ့။
" ညီက ခလေးလေးတွေဆို မိန်းခလေးတွေပဲ ချစ်တာ လား တိရိစ္ဆာန်လေးတွေ ဆိုရင်ကော အမ လေးတွေမှ ရွေးချစ်တာလား "
" ဟာဗျာ အ့လိုတော့ မဟုတ်ပါဘူး အကုန်ချစ်တာပေါ့"
" အိုခေ ကောင်းပြီ အချစ်ဆိုတာ တစ်ဦးပေါ်တစ်ဦး မေတ္တာ စေတနာ လွန်ကဲရာကနေ ဖြစ်လာတယ် လို့ပဲ ဆိုပါစို့ကွာ ယောက်ျား မိန်းမ ချစ်ကြမှ သဘာဝကျတာ လို့ခေါ်တယ်မဟုတ်လား "
" ဟုတ်တယ်လေ ကိုရီးအောင်ခ "
" ဘာလို့ အဲဒိလို သတ်မှတ်ထားတာလဲ ဘယ်သူက သတ်မှတ်ထားတာလဲ ညီသိလား "
" ညီ မသိဘူးဗျာ့ "
" ယောက်ျားနဲ့မိန်းမ ချစ်ကြမှ အတူတကွနေတဲ့ အခါ မျိုးဆက်တိုးပွါးခြင်းကို လွယ်ကူစွာ လုပ်ကိုင်နိုင်မယ် ဒါ ကို အဆွဲပြုပြီး ဒါဟာ သဘာဝကျတယ်လို့ လက်ခံကြ တယ်လို့ ကိုတော့တင်တယ် ဒါဆို လိင်တူခြင်း ချစ်ကြ တဲ့ အခါမှာကော မျိုးဆက်အတွက် ဝတ္တရားပျက်ကွက် ခဲ့တယ် ဆိုရင်တောင် ရှိပြီးသား နှလုံးသား ၂ ခုတော့ ရှင်သန်ခွင့် ရတာပေါ့ ညီရယ် "
ရောင်နီ သေချာစဉ်းစားပြီးခေါင်း ကိုငြိမ့်ပြပါတယ်။
" လူဆိုတာက မွေးပြီးရင်သေမှာပဲလေ အဲဒိတော့ မွေး ချင်းမမွေးချင်းဆိုတာ အဓိကပြသနာ မဟုတ်ပြန်ဘူး ဒါ ဆို လိင်တူချင်းချစ်တယ် ဆိုတာ ပြသနာလို့ယူဆလို့ မရပြန်ဘူးလေ "
" နေဦးဗျ ဒါဆို ဘာကပြသနာလဲ ကိုရီးရ "
" ကမ္ဘာပေါ်မှာ အဖြေမရှိတဲ့ မေးခွန်းတွေ ရှိတယ် ညီရ ဥပမာ အချစ်ဆိုတာဘာလဲ အမှန်တရား ဆိုတာဘာလဲ ဒါတွေက အတွေးအခေါ်ပညာရှင်တွေတောင် ဒီနေ့ထိ တိကျသေချာစွာ အဖြေ မပေးနိုင်တဲ့ အရာတွေပါ အခု ညီမေးတဲ့ ပြသနာက အဲလိုဖြစ်နေပြီ အဓိက ကတော့ လူသားအချင်းချင်း ရင်ခုန်တာကို အချစ်လို့ သတ်မှတ် ကြရင် လိင်တူလိင်ကွဲ ဘယ်သူပဲမဆို ချစ်လို့ရမှာပါ "
" အင်း ရှုတ်နေတာပဲနော် ကိုရီးအောင်ခ ညီကတော့ အဲဒါတွေ နားမလည်ဘူး ခုညီ့မှာ ချစ်သူရနေပြီ ညီက သူ့ကို ချစ်တယ် ဒိလောက်ပဲ သိတယ် "
" သူ့ကြောင့် တအားတုန်လှုပ်ဖူးလား ညီ "
" အဲ့လိုတော့ မရှိပါဘူး ညီ သူ့ကိုသနားတယ် သူကညီ့ ကိုတအားချစ်ရှာတာ ရိုးရိုးအေးအေးလေးပဲဗျ "
" သူချစ်တာ မိုးသောက် ချစ်တာကို မှီပါ့မလား ညီ "
" ဗျာ "
" အင်းလေ သူက ညီ့ကို တအားချစ်ရှာတာပဲလေ သူ ကလဲ တစ်ကောင်ကြွက် ဆိုတော့ ညီအရင်းလေးလို တ မျိုး အင်း သားလိုတမျိုး ချစ်ရှာတာပါ တကယ်ဆို သူလဲ အခုအသက် ၃၀ တောင်ပြည့်သေးတာ မဟုတ်ဘူး သူ အရွယ်နဲ့ အိမ်ထောင်ပြု သွားရင် ညီ အခက်တွေ့မှာ "
ရောင်နီ ခေါင်းငိုက်စိုက်ချကာ မျက်ရည်တွေပါ ကျလို့ လာပါတော့တယ်။ ပြီးမှ တရှုံ့ရှုံ့နဲ့ ငိုချလိုက်ခါ
" အဲဒါဆို ညီ တအားမှား သွားတာပေါ့နော် ကိုရီးက ညီ့အတွက်နဲ့ အိမ်ထောင်မပြုပဲ နေခဲ့တယ် ညီကတော့ ကိုရီး မကြိုက်တဲ့ ချစ်သူ ထားခဲ့မိတယ် "
" အဲ့လိုလဲ တဖက်သက်မပြောပါဘူး ညီရယ် ညီလဲပဲ စဉ်းစားတက်နေတာပဲ ဖြစ်သင့်တာကို စဉ်းစားပေါ့ "
" ညီ ချစ်မိတာ အပစ်လား ကိုရီးအောင်ခရယ် ညီ့ကို ပြောပါအူးဗျာ ညီ ကိုရီးကိုလဲ ချစ်တယ် ညီဘာလုပ်ရ မလဲ မသိတော့ဘူး အီးဟီးး "
" အေးကွာ အချစ်ဆိုတာလဲ ခက်သားပဲကွာ ကိုလဲ မ ပြောတက်တော့ဘူး ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ သေချာ ခွဲချားပြီး အကောင်းဆုံးကို ရွေးချယ်တော့ ညီရာ "
အောင်ခ ဧည့်ခန်းမှထကာ အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်လှဲချကာ ဟိုဘက်လှဲ့ပြီး တသိမ့်သိမ့် အသံ မထွက်ပဲ ကျိတ်ငိုနေတဲ့ မိုးသောက်ကိုတွေ့တော့ စိတ် မကောင်းစွာနဲ့ လက်မောင်းကို ညှုစ်ခါ အားပေးလိုက်မိ ပေမယ့် ဘာမှတော့ မပြောဖြစ်တော့ပါ။
ခုန အောင်ခတို့ပြောနေတာကို မိုးသောက်လဲ ကြားခဲ့ ပြီထင်ပါတယ်။ အချစ်ဆိုတဲ့ အရာက အသုံးတည့်သွား ရင် မိတ်ဆွေ မတည့်တဲ့ အခါ ရန်သူ လိုပါပဲလား။
နောက်တနေ့ မနက်မိုးလင်းတော့ မနက်စာစားဖို့ ထမင်းစားခန်းကို ဝင်လိုက်တော့ ထုံးစံအတိုင်း ရောင်နီ က အစစအရာရာ ပြင်ဆင် ထားပြီးအဆင်သင့်စောင့်လို့ နေတာတွေ့ရတယ်။
" ရောင်နီ ဒီနေ့ ဘယ်အချိန်သွားမှာလဲ ကျောင်းကို "
မိုးသောက်ငြိမ်နေတာမို့ အောင်ခ ဝင်မေးလိုက်တာပါ
" ညီ ဒီနေ့ကျောင်းမသွားဘူး "
ရောင်နီ့စကားကြောင့် မိုးသောက် ချက်ခြင်းခေါင်းကို မော့ပြီး စိုက်ကြည့်ကာ
" ဘာလိုအပ်လို့လဲ ရောင်နီ ညီ့ကို တစ်လအသုံးစရိတ် ပေးထားတာ ကုန်သွားလို့လား ဘာအခက်အခဲရှိလို့လဲ"
" မကုန်ပါဘူး ကိုရီး ညီ ကျောင်းမတက်ချင်တော့ဘူး "
" ဘာကွ "
မိုးသောက် ထိုင်ရာကနေ ဝုန်းခနဲ ထရပ်လိုက်မိပါရဲ့
" မင်းငါ့ကို ရွဲ့တာလား ရောင်နီသွေး "
" ဖြေးဖြေးပြောပါ မိုးသောက်ရာ "
" ရတယ် အောင်ခ Please မင်း အပြင်ခနလေးထွက် ပေးပါလား "
" အိုခေ "
အောင်ခ ဧည့်ခန်းကို ထွက်လာခဲ့လိုက်တယ်။ ပြောကြ ပါစေ ဒါမှ သူတို့ အဖြေတခုခု ရမှာ မဟုတ်လား။
" ကဲ ပြောစမ်းပါဦး မင်းက ဘာလို့ ကျောင်းမတက်ချင် တော့တာလဲ "
" ညီ ကိုရီးကို ဆက်ပြီး ဒုက္ခမပေးချင်တော့လို့ပါ "
" ဘာ ဘာပြောတယ် ဒုက္ခ ဟုတ်လား ဟားးးးး အဲဒိ ဒုက္ခဆိုတာ ငါလိုလိုချင်ချင်နဲ့ တောင်းယူထားတာကွ ခုမှ မင်းကဘာထဖြစ်တာလဲ ပြော ပြောစမ်းပါကွာ့ "
မိုးသောက် ရောင်နီ့ပုခုံးကို ကိုင်လှုပ်ခါ ယမ်းခါလို့ပစ် လိုက်မိပါတော့တယ်။ ရောင်နီ အီးးခနဲ ငိုချကာ
" ညီ မိန်းမတစ်ယောက်ကို ချစ်မိသွားတာနဲ့ ပြောင်းလဲ သွားတဲ့ ကိုရီးရဲ့ စိမ်းကားတဲ့ ဒဏ်တွေ ညီ မခံနိုင်တော့ ဘူး အင့် ညီ့ကြောင့် ကိုရီးစိတ်ဆင်းရဲနေရတယ် မဟုတ် လား ညီ ဒီကထွက်သွားပါ့မယ် အင့်ဟီးး "
" အော် မင်းက မင်းဟာမကိုတော့ မဖြတ်နိုင်ဘူး ခွေး ဖြစ်ချင်ဖြစ်ပေ့စေ လမ်းဘေး ပြန်သွားမယ်ပေါ့ ဟုတ် လား ရောင်နီသွေး ဟားးးး တရားကျဖို့ ကောင်းလိုက် တာကွာ မင်းကို တကယ့်မေတ္တာ စေတနာအပြည့်နဲ့ ပြု စုစောင့်ရှောက် ခဲ့တဲ့ မိုးသောက်နေ ဆိုတဲ့ ငါ့ကိုတော့ ဖြစ်ချင်ရာဖြစ်ပေ့စေပေါ့ ဟုတ်လား ဟား ဒုန်း ဒုန်း "
မိုးသောက် ဘေးနားက ရေခဲသေတ္တာကို လက်သီးနဲ့ ဆင့်ကာ ထိုးချလိုက်တော့ ရောင်နီ အတင်းဝင်ဆွဲခါ
" မလုပ်ပါနဲ့ ကိုရီးရယ် ထိုးချင် ညီ့က်ုထိုးပါ ညီကိုရီးကို ပစ်ထားချင်လို့ မဟုတ်ပါဘူး ညီ့ကြောင့်ကိုရီး စိတ်ဆင်း ရဲနေမှာစ်ုးလို့ ပါဗျာ ညီ့ကိုထိုး ထိုး ဒီလောက်မိုက်တဲ့ ညီ့ကို အသေသာ သတ်ပစ်လိုက်ပါဗျာ အ့ဟား ဟား "
" ဖယ်စမ်းပါကွာ ဘုန်း ဒုတ် "
မိုးသောက် စောင့်တွန်းလိုက်တာမို့ ရောင်နီစားပွဲခုံ စောင်းနဲ့ စောင့်မိခါ နှဖူးမှာ သွေးစတွေစို့လို့ လာပါလေ တော့သည်။ မိုးသောက် တစ်ချက် တွေခနဲဖြစ်သွားပြီးမှ
" မင်းက ငါ့ကို အရှင်လတ်လတ် မီးမြှိုက်သတ်ချင်နေ တာပေါ့လေ ရောင်နီသွေး ငါ့ကို ထက်ပြီး မနှိပ်စက်ပါနဲ့ တော့ ရော့ ဒီဓါးနဲ့ သတ်တခါထဲထိုး သတ်လိုက် မင်းမ ထိုးရင် ငါ့ဖာသာထိုးမယ် "
" ကိုရီး "
ရောင်နီ အတင်းကုန်းထကာ မိုးသောက်လက်ထဲမှ ဓါးကိုလု ရင်း
" ကိုရီးအောင်ခရေ ကိုရီးကို ဝိုင်းစွဲပေးဦး မြန်မြန် "
အောင်ခ ချက်ခြင်းရောက်လာပြီး ဝင်စွဲပါတော့တယ်
" မိုးသောက် လျောက်ထိကိုမယ် ချစမ်း ဓါးကို ချဆို "
" အားးးးးးးးးးး ချလွမ် "
ရောင်နီရဲ့ အော်သံနဲ့အတူ မိုးသောက် ဓါးကို လွှတ်ချ လိုက်တဲ့အသံက ရှေ့ဆင့်နောက်ဆင့် ထွက်လါရာ
" ဟာ ရောင်နီ့ကို ထိသွားပြီ "
" ညီ ညီလေး ညီ နာသွားလား ဟာကွာ သွေးတွေ မနဲ ဘူး အောင်ခ မြန်မြန်လုပ်ပါ ညီရယ် "
ဓါးအရင်းဘက်ကနေ ရောင်နီ ဖိကိုင်ထားတာမို့လို့ မိုးသောက် စောင့်စွဲလိုက် ချိန်မှာ ရောင်နီ့လက်ဖဝါးကို ထိုးခွဲ လိုက်သလို ဖြစ်သွားတာပါ။
အောင်ခ ဆေးသေတ္တာကိုယူလာကာ အရက်ပြန်နဲ့ လောင်းချပြီး ဂွမ်းတွေနဲ့ ဖိထားလိုက်ခါ
" မရဘူး မိုးသောက် ဆေးရုံသွားမှ ရမယ် ချုပ်ရမှာကွ"
အောင်ခ ကားမောင်းပြီး နောက်ခန်းမှာ ရောင်နီနဲ့ မိုး သောက် ထိုင်ပြီး လိုက်လာရင်းက
" ကိုရီး ညီ့ကို စိတ်မဆိုးပါနဲ့တော့နော် ကျေနပ်ပါနော်"
" မဆိုးပါဘူး ညီရယ် ကိုမိုက်လို့ ခုလိုဖြစ်ရတာပါကွာ ညီ့စာရေးတဲ့လက်ကိုမှကွာ တောက်စ် ဟားးး "
" ညီ အခုအရမ်းနာတယ်ကိုရီးရာ ဒါပေအယ့် က်ုရီးညီ့ ကိုစိမ်းကာတာ ဒိထက်ခံရဆိုးပါတယ် အ့ "
လက်ကသွေးက မတိတ်သေး တစက်စက်နဲ့ကျနေတုံး
" အေးပါကွာ ကို့အမှားပါ ကိုနောက်ခါ အဲဒိလိုမဖြစ်စေ ရဘူးနော် ညီ စိတ်ချ ဟုတ်ပြီလား ညီရယ် "
ရောင်နီ့ကို ဆေးရုံမှာသွား ပြပေးပြီး အိမ်ပြန်ပို့ပေး ကာ ဆေးတိုက်ပြီး သိပ်ထားခဲ့ပြီး မိုးသောက်တို့ အပြင် ထွက်ခဲ့ ကြပါတော့တယ်။
" ငါအမြန်ဆုံး သွားတော့မယ် အောင်ခ မင်းသေချာ ငါ မှာထားတာတွေ စီစဉ်ပေးပါကွာနော် "
" မိုးသောက်ရယ် မင်းကွာ အဓိပ္ပါယ် မရှိတာတွေကွာ သေချာစဉ်းစားပါဦး တိုက်ခန်းတန်ဖိုးရော ကားရော ဘဏ်ထဲငွေ တွေပါပေါင်းရင် ၂၀၀၀ နီးပါနော် ဟျောင် "
" ငါသိတယ် အောင်ခ ငါကပြန်ရှာနိုင်တယ် သူကအခု မှ ဘဝကိုစရမှာ သူ့မှာ ဘာတခုမှမရှိဘူး ငါ့မှာ ငါ့မိဘ ချန်ထားတဲ့ အိမ်လေးတစ်လုံး ရှိပါသေးတယ်ကွ "
" ဟ့ အဲဒါက မြို့ပြင်မှာ တန်လှ ၂၀၀ ပေါ့ မင်းကွာ ခွီး စောက်ရူးးပဲ "
" ငါ့မှာ ခုမင်းနဲ့လုပ်တဲ့လုပ်ငန်းရော အခုဟိုသွားရင်လဲ တိုက်ခန်းနဲ့ကားတော့ ပြန်ဝယ်နိုင်မှာပါ လုပ်ပါကွာ "
" လီးးပဲကွာ မင်းသဘောပဲ ငါ့လီး လူတစ်ယောက်ကို ချစ်မိတာနဲ့ ဘဝပါပေးရတာ တန်ရဲ့လား မင်းသူ့ဆီက ဘာတွေ ရလိုက်လို့လဲ ဟမ် ဟေ့ကောင် "
" အပေးအယူတွေရှိနေရင် အချစ်ဆိုတာ အရောင်တွေ စွန်းထင်းကုန်မှာပေါ့ကွာ ငါသူ့ကိုတကယ့်ကို ဖြူစင်စွာ ချစ်ခဲ့တာ ငါလိုချင်တဲ့ အရာကို မရလို့ငါသူ့ကို စွန့်ပစ် တာမျိုး မဖြစ်စေရဘူး သူ့လိုအပ်ချက်တိုင်းကိုငါဖြည့် ဆည်းပေးနိုင်ဖို့ အသင့်ဖြစ်နေစေရမယ် ဒါငါ့အချစ်ပဲ "
" သူက မင်းအေးတာတွေနဲ့ ပျက်စီးသွားရင်ကော "
" ငါအခုထပ်ရှာဦးမှာလေ အောင်ခ ပြီးတော့ သူကလဲ အဲဒိလို ခလေးမဟုတ်တာ ငါယုံကြည်လို့ ဘာနခုမှ ကန့်သတ်မထားပဲ ဒီတိုင်းထိုးပေးလိုက်တာပါ "
အဲဒိအချိန်မှာပဲ အောင်ခအိမ်က ဖုန်းဆက်ခါ ပြန်ခေါ် လာတာမို့ အောင်ခကို အိမ်ပြန်ပို့ကာ အခန်းကို ပြန်လို့ လာပါတော့တယ်။
အခန်းထဲရောက်တော့ ရောင်နီ တအီးအီးနဲ့ ဖျားနေပြီ အနာအရှိန်ကြောင့်ထင်ပါရဲ့။ မိုးသောက် အလွန်စိုးရိမ် မိသွားကာ ဆရာဝန်ကို ဖုန်းဆက်တော့ ပေးလိုက်တဲ့ ဆေးသာတိုက်ထား ဖို့ပြောတာမို့ ရောင်နီ့ကို အတင်း ပွေ့နှိုးကာ ဆေးကိုဝင်အောင်တိုက် ရပါတော့တယ်။
ပြီးတာနဲ့ ကိုတွေပူနေတော့ ရေပတ်တိုက်ပေးရပြန်ပါ ရော။ ရေပတ်ဝတ်လေးနဲ့ ရောင်နီ့မျက်နှာက်ု သေချာ တိုက်ပေးရင်းက စတွေ့တုန်းက ရောင်နီ့မျက်နှာလေး ကိုမြင်မြင်ယောင်မိပြန်ပါတယ်။ ညီရယ်။
အင်ကျီကိုချွတ်ပြီး ရင်ဘတ်တွေကို တိုက်ပေးတော့ ဟိုးအရင်က နီစပ်စပ်ပိန်ကျစ်ကျစ် အခုတော့ ဖြူဝင်းပြီး တင်းပြည့်နေတဲ့ ရင်အုံတွေ မွှေးညင်းနုလေးတွေနဲ့ ။
ပုဆိုးကို အသာမတင်လိုက်ပြီး ရေဘတ်ဝတ်နဲ့ ခြေ ထောက်တွေ ချေခြောင်းလေးတွေ တိုက်ပေးရင်းက ဝမ်းနည်းလာကာ မျက်ရည်တွေက ပေါက်ပေါက်ပေါက် ပေါက်နဲ့ ကျလာပြန်ပါတယ်။ ပေါင်ရင်းနားကို ရောက်မှ လက်တွေက တုန့်ခနဲရပ်သွားကာ နှုပ်ခမ်းကိုပြန်ပြီးဖိ ကိုက်လိုက်မိပါတော့တယ်။
ကြည့်ပါဦး မိုးသောက်သိပ်ချစ်တဲ့ ရောင်နီလေးလေ ခု ကုတင်ပေါ်မှာ ပက်လက်လေး သူ့တကိုယ်လုံးကို ပုဆိုး လေးအနည်းငယ်သာဖုံး ထားပြီး မိုးသောက်မြင်နေရပါ တယ်။ ဒါ ငါမပိုင်တဲ့ ငါ့ဘဝ ငါ့အချစ် ငါ့သခင်လေးပါ ။
ညီရယ် ကိုညီ့ကို ချစ်လိုက်တာကွာ အင့် ဟင့်။ ညီ့ ရဲ့ အချစ်တွေသာ ကို့တွက်ဖြစ်ခဲ့ရင် ဖြစ်ခဲ့ရင်- - - -
ရောင်နီ တစ်ရက်သာ ဖျားလိုက်ပြီး နောက်နေ့တွေ နေပြန်ကောင်းလာ ပါတယ်။ ကိုရီးကလဲ တအားဂရု စိုက်ပေးတာမို့ ရောင်နီ အရမ်းပျော်နေမိတယ်။ အဖျား ပြောက်ပြီးနောက်နေ့မှာ ဇီဇဝါ အိမ်ကို လိုက်လာပါရဲ့။
" ညီ ဧည့်ခန်းမှာ ညီ့ ဧည့်သည်ရောက်နေတယ် "
" ဟင် ဘယ်သူပါလိမ့် ဟုတ် ကိုရီး "
ရောင်နီ နေကသိပ်မကောင်းသေးတာမို့ အိပ်ယာထဲ လှဲနေရာကနေထပြီး လာတော့ ဧည့်ခန်းမှာ ဇီဇဝါ
" ဟာ ဇီဇီ ဘာလို့ အိမ်ထိလိုက်လာတာလဲ ရပါတယ် ကို နောက် ၂ရက်လောက်ဆို ကျောင်းပြန်တက်မှာပါ "
" လာပါဦးကိုရယ် ဘာရတာလဲဟင် လူက ဖြူဖြော့နေ တာပဲ လက်မှာလဲ ပတ်တီးနဲ့ ဘာတွေဖြစ်တာလဲ ကို ဇီ စိတ်ပူလို့ သေတော့မယ် သိလား "
ထိုစဉ် အနောက်ခန်းမှ မိုးသောက်ထွက်လာခါ
" ညီ နဲ့ ညမလေး အအေးလေး သောက်ဦးနော် ကိုက အပြင်ခန သွားစရာရှိလို့ အေးဆေး စကားပြောကြ "
ရောင်နီ မဝံ့မရဲနဲ့ မိုးသောက်ကို ကြည့်မိတော့ သူက ပြုံးပြနေတာမို့ စိတ်သက်သာသွား မိပါတယ်။
" ဟုတ်ကဲ့ ကိုရီး " " ဟုတ်ကဲ့ရှင့် "
မိုးသောက် အခန်းထဲကထွက်ပြီး လှေခါးဒေါင့်မှာပဲ နံရံက်ု ကျောနဲ့ကပ်ခါ မှီထားလိုက်မိတယ် ။ ရင်ဘတ်တို့ စုတ်ပြတ်လို့ နေရပါပြီ ညီရယ်။ ကိုမရှိတော့ ညီတို့ ညီ တို့ ဟင်းးး။
မိုးသောက် ဘယ်မှမသွားဖြစ်ပဲ လမ်းထိပ်က ဆိုင်မှာ ထိုင်နေမိတယ်။ ကောင်မလေးက ခနလေးပဲနေပြီးပြန် သွားတာတွေ့တော့ စိတ်ထဲနဲနဲတော့ ပေါ့သွားရတယ်။
ဒီစိတ်နဲ့ပဲ ရူးရတော့မယ်ထင်တယ် ညီရယ်။
ဒီနေ့ ရောင်နီကျောင်းက ပြန်လာတော့ အခန်းတံခါး လော့မချ ထားတာမို့ ကိုရီးရှိတယ် ထင်ပြီး တခါးဖွင့်ခါ အော်လိုက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ ကိုရီးအောင်ခ ကိုသာတွေ့ရလေသည်။
" ကိုရီးးးးရေ ဟာ ကိုရီးအောင်ခ ရောက်နေတာကိုး ကိုရီးကော အနောက်မှာလား "
" သူ စင်္ကာပူ ထွက်သွားပြီ ညီ "
" ဗျာ "
ရောင်နီ့ နားထဲမှာ နားကြားများလွဲ တာလားမသိပေ
" နောက်နေပြန်ပြီ ကိုရီးအောင်ခ ကလဲ ဘာလဲ ခန သွားတာလား Shopping လား ညီ့က်ုတောင် မခေါ်ဘူး ကိုရီးက "
" မနောက်ဘူး ညီရဲ့ သူကဟိုမှာ အနည်းဆုံး ၅ နှစ်နေ ရမှာ စာချုပ်နဲ့သွားတာလေ "
" ဗျာ ဟာဗျာ ဟာဗျာ မနောက်ပါနဲ့ ညီ့မှာ ဒီအကိုပဲရှိ တာပါဗျာ ကိုရီးက ညီ့ကို ဒီတိုင်းပစ်မသွားပါဘူးဗျာ အ့ ဟား ကိုရီးအောင်ခ မနောက်ပါနဲ့ဗျာ နော် "
" ဒီတိုင်းပစ်မသွားပါဘူး ညီရယ် တိုက်ခန်းရယ် ကား ရယ် ဘဏ်မှာ သိန်းတစ်ထောင်ကျော် ညီ့နာမည်နဲ့ အ ကုန်လွှဲထားပေးခဲ့တယ် သူကတော့ အဝတ်အစားပဲယူ သွားရှာတယ် ညီရ "
" ဗျာ ကိုရီးက ကိုရီးက ညီ့ကို အကုန်လွှဲပေးခဲ့တယ် ဟုတ်လား ကိုရီးအောင်ခ ဘာလုပ်ရမှာလဲ ဘာလုပ်ရ မှာလဲဗျာ့ အဲဒါတွေ အားးးဟားးးအားးး ကိုရီးး ညီ့ကိုပစ် သွားပြီဗျာာာာ အ့ဟားးးးဟား ညီ အဲဒါတွေ မလိုချင်ဘူး ညီလို ချင်တာ ညီ့အကိုပါဗျာ အင့်ဟင့် "
ဆိုဖာကို ထုထုပြီးအားရပါးရ ငိုချလိုက် ပါတော့တယ်။
" ညီရယ် ကိုလဲ တားပေမယ့် မရဘူး ညီရာ "
" အဲဒါဆို ကိုအောင်ခ ကျနော့ကို ပြောပြပေါ့ဗျာ ကျနော် ဘယ်လိုနည်းနဲ့ပဲ တောင်းပန်ရ တောင်းပန်ရ ကိုရီးကို ရအောင်တားမှာပေါ့ ခုတော့ဗျာ အ့ဟားဟား "
" ညီရယ် သူ့ဘက်ကိုမင်း တစ်ချက်လောက်ငဲ့ကြည့် ခဲ့ရင်ဒါတွေ ဖြစ်လာစရာ မရှိပါဘူးကွာ "
" ဗျာ ဘာပြောတယ် ကိုအောင်ခ ဘယ်လို ဘယ်လို ကျနော် နားမလည်လို့ သေချာပြောပြပါဦးဗျာ အ့ဆို ကိုရီးက ညီ့ကြောင့် ခုလိုထွက်သွားတာပေါ့ ဟုတ်လား"
ရောင်နီ တကယ်နားမလည်ပါ ဒါဘာလို့ပါလဲ
" အမှန်ပဲ ရောင်နီ သူသွားတာ မင်းကြောင့်ပါ "
" ဟာ အဓိပ္ပါယ် မရှိတာဗျာ ကျနော့်ကို ချစ်ရင် ဒီလိုပစ် ထားပြီး ထားသွားမလား ကိုရီးအောင်ခရဲ့ "
" အခုကလဲ သိပ်ချစ်လို့ပါပဲ ညီ သူက မင်းကိုသိပ်ချစ် လွန်းလို့ အဝေးကိုရှောင်ထွက် သွားတာပါ "
" မဟုတ်ဘူး မဟုတ်ဘူး ညီလဲ ကိုရီးကို ချစ်တာပဲဗျ သူကသာ ညီ့ကို အင့် ဟီးး ပစ်ထားခဲ့ပြီး ဟင့် "
" သူက မင်းကိုချစ်သူတစ်ယောက်လို ချစ်ချင်ခဲ့တာ "
" ဗျာ "
ရောင်နီ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စလေ ကိုရီးက သူ့ကို သူ့ကို
" မင်းမယုံဘူး မဟုတ်လား ညက သူဖုန်းဆက်ထားတဲ့ call recorder ရှိတယ် နားထောင်ကြည့်လိုက် "
အောင်ခက သူ့ဖုန်းကိုနှိပ်လိုက်ခါ speaker ကိုဖွင့် ထားပေးလိုက်တာမို့ အတိုင်းသားကြားနေရပါတယ်။
" အေး မိုးသောက်ပြော "
"နက်ဖြန် နေ့လည် ၁၁ နာရီ သွားမယ် အဲဒါပြောမလို့"
" အေးကွာ ငါလာခဲ့ပါ့မယ် ရောင်နီကော သိပီလား "
" ဟာ ပြောလို့ မဖြစ်ဘူးလေကွာ မင်းလဲ ကတိနော် "
" အင်း စာရွက်စာတန်းတွေတော့ အားလုံး မင်းစိတ် တိုင်းကျတယ် မဟုတိလား "
" အေးလေ အဲဒါကြောင့် ငါအကုန်လက်မှတ်ထိုးလို့ တောင်ပြီးပြီ မနက် မင်းကိုပေးခဲ့မယ် "
" မိုးသောက်ရယ် မင်းစိတ်ချမ်းသာပါစေကွာ "
" အင်း ငါကျိုးစားမှာပါ ညီ့ကို ငါဘယ်လောက်ချစ်တာ ငါ့ကိုငါအသိဆုံးပဲ ငါ့ဘဝမှာ သူပဲ ရှိတာပါကွာ "
" မင်းအချစ်ကို သူတစ်နေ့ နားလည်လာပါစေကွာ "
" မင်းကလဲ မဖြစ်နိုင်တာတွေ ဟား ဟား ခုတောင် သူ စိတ်ချမ်းသာဖို့ သူ့ကောင်မလေးနဲ့ ပျော်ရွှင်စွာ လက် တွဲနိုင်ဖို့ ငါစွန့်ခွာပေးရပြီလေ ငါ့ရှေ့မှာသူတို့ကို မြင်နေ ရရင် ငါ့အသည်းနှလုံးတွေ တအားနာကြင်ရတယ် ငါ သူ့အချစ်ကို မရပေမယ့် သူကျေနပ်ပျော်ရွှင်နေတာပဲ မြင်ချင်တယ် အောင်ခရယ် "
ရောင်နီ မျက်ရည်တွေကို သုတ်နေမိတယ် ကိုရီးရယ် ကိုရီး ကိုရီးရယ် ညီ ညီမှားပြီဗျာ
" အေးပါကွာ ငါနားလည်ပါတယ် မိုးသောက်ရာ "
" ငါဘဝကိုက လွဲမှားစွာနဲ့ လိင်တုခြင်းကို ချစ်ခဲ့မိတာ လေကွာ သူလက်မခံနိုင်တာ သူ့အပြစ်မဟုတ်ပါဘူး "
" လက်ခံဖို့ဆိုတာ သူသိမှုဖစ်မှာလေကွာ အခုက "
" တော်ပါပြီ သူငယ်ချင်းရယ် ငါအချစ်ကို မွေးဖွားခဲ့တာ ပါ တိရိစ္ဆာန်တစ်ကောင်လို တစ်နေ့တစ်နေ့ချက်စားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးခဲ့တာ မဟုတ်ဘူး ငါအပင် စိုက်တာ ငါအရိပ်ရဖို့ မဟုတ်ဘူး ခိုလှုံခွင့်တော့လိုချင် မိ တာပေါ့ကွာ "
ကိုရီးက ညီ့ရင်ခွင်ကို လိုချင်ခဲ့တာ တဲ့လားဗျာ ကိုရီး လိုချင်တယ်ဆို ညီ ပေးခဲ့မှာပါ ညီတကယ် မသိခဲ့ရဘူး ညီ တအားတုံးတယ် ကိုရီးရယ် ညီ့ကြောင့် ကိုရီး အရမ်း ခံစားခဲ့ရတာပေါ့။ ကိရီးရယ် ညီမှားခဲ့တယ်ဗျာ။
အောင်ခ ဖုန်းကိုပိတ်လိုက်ပြီး ရောင်နီ့ပုခုံးကို ပုတ်ခါ
" ဒီစာရွက်စာတမ်းတွေ သေချာသိတ်းထားပါညီ သူရဲ့ ချွေးနည်းစာနဲ့ ရိုးသားစွာ ရှာထားတာမို့ တန်ဖိုးထား ပေးပါလို့ ကို ပြောပါရစေ ညီ လက်မှတ်ထိုးလိုက်တာနဲ့ အားလုံး ညီတရားဝင် ပိုင်ဆိုင်သွားပါပြီ ကိုသွားတော့ မယ်နေိာ ညီလေး လိုတာရှိရင် ဖုန်းဆက် "
ရောင်နီ ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းသာညိမ့် လိုက်မိပါတော့တယ်။
" ကိုရီးးးးးးးးးးးးးး အ့ဟားဟား အားး ဟင့် ဟင့် "
ဒီနေ့က ညီ့အတွက် ကမ္ဘာပြိုတဲ့နေ့ ပါပဲဗျာ။
5 Years Later ( ဒါကထုံးစံအတိုင်းပါ )
°°°°°°°°°°°°°°
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းရဲ့ ဆိုက် ရောက် ( Arrival ) နေရာမှာ လူတွေ စည်ကားလျက်။
မိုးသောက် ခြေလှမ်းတို့လေးလမ်းစွာနဲ့ လျောက်လာမိ ရင်းက အောင်ခကို ရှာလိုက်မိပါတယ်။
" ကိုရီး "
လေယာဉ်ကွင်းထဲမှာပဲ အကျယ်ကြီးအောက်ကာ ပြေး ဖက်လာတဲ့ သူကိုကြည့်လိုက်တော့ ညီ ။ ညီရယ် ညီ့ကို ကိုအတွေ့ချင်ဆုံးပါ ညီရယ် ကျေးဇူးတင်လိုက်တာ။
တင်းကျပ်စွာ ဖက်ထားပြီးဘာမှ မပြောဖြစ်ခဲ့ပါ။
" ကဲ ကဲ သွားကြမယ် မင်းပိုတောင်ချောလာပါလား မိုးသောက်ရဲ့ လန်းနေရော ငါ့ကောင်က "
အသက် ၃၅ လို့မထင်ရအောင်ပဲ မိုးသောက်ကကြည့် ကောင်းလွန်းလှပါတယ်။
" ကိုရီးရယ် ညီသတိယလိုက်တာဗျာ ဟင့် အင့် "
" လာ လာ ညီ မငိုနဲ့နော် တိတ်တော့ "
" အေးဟေ့ ငါကမင်းဝမ်းသာအောင် တမင်ခေါ်လာ လိုက်တာ သူကလဲ အရမ်းတွေ့ချင်နေ ရှာတာလေ "
အောင်ခ ထံမှ ညီ့သတင်းမေးတိုင်း အဆက်အသွယ် ပြတ်နေတယ်လို့သာ ကြားရတာမို့ မိုးသောက် ညီ့ကို လွမ်းလှပေမယ့် ဘာသတင်းမှမရခဲ့ပါ။
" ညီ အိမ်ထောင်ကျပြီလား "
" ဟုတ် အခုပဲပြုတော့မလို့ ကိုရီး "
" ဘယ်လို ဘယ်လို ညီ ဟာကွာ ကိုပြန်လာမှပဲ "
" ဟုတ်တယ် ကိုရီးလိုချင်တဲ့ဟာ ညီ့ဆီမှာ ကိုရီးတွက် အပြည့်သိမ်းထား ပေးတယ် လိုချင်သေးရဲ့လားတော့ "
မိုးသောက် ရောင်နီ့ကို တင်းနေအောင် ဖက်လိုက်ပြီး
" ပျော်လိုက်တာ ညီရယ် ကိုပျော်လိုက်တာကွာ "
" ဟား ဟား ဟား ဒါတောင် ငါမနဲခေါ်မှ ပြန်လာတာ အခုတော့ ပြန်ချင်သေးလား စင်္ကာပူ ဟမ် ဟားးးး "
ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင် ပါတယ် ခမျာ့။
Lamin Lay
very nice moon's stories!! Cheer !
ReplyDelete