Thursday, October 20, 2016
အတ္ထုပ္ပတိ
ကိုယ်တိုင်ရေး အထ္တုပ္ပတိ ( က )
ကုံလုံကြွယ်ဝ လှပရည်ဆင်း
ပြည့်စုံခြင်းလျင် လူ့ဂုဏ်အင်ဟု
အဘယ်ဆိုရိုး ရှိပါဧ။်နည်း ¥¥¥¥
ဖြူစင်စိတ်မွေး လူလိုတွေးကာ
လူသားဆန်က လူ့ဗာလဟု
ဆိုဝံ့ဘယ်သူ ရှိမည်နည်း ¥¥¥¥
ပေးဆပ်သူဧ။် နှလုံးသားသည်
တွေဝေကင်းခါ တွန့်ဆုတ်ခြင်းမဲ့
အပြုံးနဲ့သာ ဖြေသိမ့်ရာဧ။်
ကိုယ်တိုင်ရေးမည့် အထ္တုပ္ပတိ ¥¥¥¥
တစ်နေကုန် အလုပ်ဆင်းရတာ ပင်ပန်းလွန်းလို့ လူက လှုပ်ပင်မလှုပ်ချင်တော့ပေ။ ခြေထောက်တွေ ကိုက်နေသလို နူံးချိနွမ်းနယ်လို့ နေပါပြီ။ အချိန်ပို ဆင်းဖို့ကို မဆင်းချင် တော့တာ အမှန်ပေမယ့် တွေးမိလိုက်တော့ ဟူးးးး။ ကိုလေး သက်ပြင်းကိုသာ အသာချလိုက်မိတယ်။ ဟုတ်တယ် မဆင်းချင်ပေမယ့် ဆင်းရဦးမယ်လေ။
ကို့နောက်ကိုပြန်ကြည့်ရင် နောက်ကျောပဲ ရှိတာ မဟုတ်ဘူးလေ။ ပထမဆုံးက မိဘ ဒုတိယက ပရဟိတ တတိယက ဝါသနာ။ မလွယ်လိုက်တဲ့ လူ့ဘဝကြီးပါလား။ အလုပ်ဆင်းတာကတော့ ည ၈ နာရီ အဆောင်ကိုရောက်တော့ ၉ နာရီစွန်းစွန်းမှ ဖယ်ရီကို တဆင့်လိုင်းကားတဆင့် ဆိုင်ကယ်ကယ်ရီက တဆင့် အိမ်ရောက်တော့ အပြေးအလွှား ရေချိုး ထမင်းစား အားလုံးပြီးလို့ နာရီ ကိုကြည့်လိုက်တော့ ၁၀ နာရီ ကျော်ပါပြီ။
ဖုန်းလေးဖွင့် လိုက်တော့ ဝင်လာတဲ့စာတွေ ပြန်ရမှာလား။ ကွန်မန့်တွေပဲ ပြန်ရမှာလား နယူးဖိထ်ပဲ ကြည့်ရမလား မသိတော့ပေ။ ဒါပေမယ့် ဖုန်းဖွင့်တာနဲ့ အရင်ဆုံး ကြည့်မိတာကတော့ သိပ်ချစ်ရတဲ့ ချစ်သူရဲ့ ချက်ဘောက်စ်ပဲပေါ့။ သူပို့ထားတဲ့စာလေးတွေ ဖတ်ပြီး စာတချို့ပြန်ပို့တယ်။ ချစ်သူက လိုင်းပေါ်မှာမရှိ နေချိန်ဆိုတော့ နယူးဖိထ်လေးကြည့်ချိန်ရတယ်။ ကွန်မန့်လေးတွေ ပြန်ချိန်ရတယ်။ ချက်ဘောက်က ပို့ထားတဲ့စာလေးတွေ ပြန်တယ်ပေါ့ဗျာ။ ချစ်သူရှိနေရင်တော့ သူအတွက် အချိန်ပေး ရတယ်လေ။ ချစ်တာကိုး။
ဒီလိုနဲ့ အေးချမ်းစွာ ကျနော်နေထိုင်ခဲ့ပါတယ်။ တချို့ပိတ်ရက်တွေကို ချစ်သူအတွက် အချိန်ပေးခဲ့ သလိုပဲ တချို့ပိတ်ရက်တွေမှာလဲ ပရဟိတလေးတွေ လိုက်လုပ်ဖြစ်တယ်။ မိဘကိုလဲ လစဉ်ထောက်ပံ့ တယ် လိုလေသေး မရှိအောင်လို့လေ။ ဘာပဲဖြစ်ဖြစ်မိဘဆိုတာ မသေခင် လုပ်ကျွေးရတာမို့ ကျေနပ် သလို ကိုမသေခင်လဲ ကို့အတွက်ပါမယ့် ပရဟိတလေးတွေ လုပ်ရတာ ပျော်တယ်။
တကယ်တော့ ကိုလေး ဆိုတာ အသက် ၃၀ အရွယ် လူလတ်ပိုင်း တစ်ယောက်ပါ။ ညိုညက်တဲ့ အသားအရေ၊ ဖြောင့်စင်းတဲ့ နှာတံ၊ ကြည့်ကောင်းတဲ့ မျက်ခုံး မျက်လုံးတွေနဲ့ ပြည့်ဖြိုးသော ကိုယ် ခန္ဓာ မြင့်မားသော အရပ်အမောင်း တို့ကြောင့် အားလုံးကို ခြုံကြည့်လျှင် ကြည့်ကောင်းသူတစ်ဦးပေါ့။ အပြုံး ချိုချို နှင့် စကားပြောကောင်း တာမို့လဲ လူချစ်လူခင်ပေါသူပါ။
မိဘတွေက နေပြည်တော်မှာ နေပါတယ်။ ပင်စင်စားဖခင်နဲ့ မိခင်အိုတို့ကို လုပ်ကျွေးနေသလို စာတိုပေစလေးတွေနဲ့ အားလုံးကို ဝါသနာအရ ဖျော်ဖြေနေတဲ့သူပါ။ ဘာအကျိုးအမြတ်မှ မရှိပေမယ့် မိတ်ဆွေကောင်းတွေ ရတယ်။ ကူညီဖေးမသူ ပေါများတယ်။ အသိအကျွမ်းတွေ ပေါများလာတယ်။ ဒါလေးတွေက ဆိုရှယ်နက်ဝေါ့က ပေးတဲ့ အကျိုးအမြတ် လေးတွေပေါ့။ ဒိထက်ပိုတာကတော့ ကို အပင်ပန်းခံ ရေးထားတဲ့ စာလေးတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ like လေးတွေပေး တာတို့ ဝေဖန် အကြံပြု အားပေးစာ ကွန်မန့်လေးတွ မြင်ရတော့ အရမ်းပီတိဖြစ်ရတာပေါ့။
မနက်မိုးလင်းတော့ ၆ နာရီထတယ်။ ဘုရားရှစ်ခိုး ပုတီးစိပ် မနက်စာဖြစ်သလို စားပြီးအလုပ် ကို သွားရတယ်လေ။ မနက် ၇ နာရီကနေ သွားလိုက်တာ ည ၉ နာရီမှ အိမ်ပြန်ရောက်တာလေ။ ဖယ်ရီ ကားပေါ်တက်လိုက်စဉ်မှာပဲ ဖုန်းကဝင်လာတယ်။
@ ဟယ်လို
# ကိုလေးလား ညီပါ ဒီလ ညီတို့အဖွဲ့ ရွာသာကြီး စိတ်ကျန်းမာရေး မှာ သွားလှူကြမလားလို့
@ အေး ရတယ်လေ ကို စုံစမ်းပေးမယ် ကို့အသိတွေ ရှိတယ်
ပရဟိတ အဖွဲ့ထဲမှ @John ဖုန်းဆက် လာတာလေ။ သူတို့အဖွဲ့က လစဉ် ပရဟိတလုပ် ကြတယ်။ တပိုင်တနိုင်လေးပေါ့။ အဖွဲ့နာမည်က #MRA လို့ပေးထားကြတယ်။
# အင်းပါ အဲဒါဆို ပြီးရင် ညီ့ကိုဖုန်းဆက်ပေးနော်
@ အေးအေး ညီ ကိုဖုန်း ပြန်ဆက်ပေးမယ်
# ဟုတ်ကိုလေး အ့ဆို တာ့တာ နော် ဒါပဲ
@ အေး တာ့တာ ညီ နောက်မှတွေ့မယ် တာ့တာ
ဖုန်းလေးပိတ်ပြီး ကားပေါ်မှာ မျက်လုံးလေးမှိတ်ပြီး လိုက်လာလိုက်တယ်။ အလုပ်ရောက်တော့ နေ့စဉ်လုပ်နေကြ အလုပ်တွေ ထဲမှာမမောနိုင် မပန်းနိုင် နစ်မွန်းရပြန်ပါတယ်။ နေ့ခင်းထမင်းစားနား ချိန်ရောက်တော့ ဖုန်းလေးကပြာကယာ ဖွင့်လိုက်မိတော့။ ချက်ဘောက်မှာ ညီတစ်ယောက်က ပြော ထားတဲ့ စာတွေဖတ်မိတော့ ရင်မောရပြန်တယ်။ ပြသနာအခက်အခဲတွေ တပုံတပင်နဲ့နယ် မပြန်ခင် အိပ်စရာနေရာ အဆင်မပြေလို့ ကူညီပေးဖို့ ပြောထားတာလေ။
အဲဒါနေ့ အဲဒိနေ့ညနေဖက် အချိန်ပို ဖျက်ခါသူ့ကိုသွားခေါ် အဆောင်ရောက်တော့ ခြင်ထောင် တစ်လုံးနဲ့ သက်သက်သိပ်ပါတယ်။ ဒါပေမယ့် ည ၁၂ နာရီလောက် အိပ်မောကျချိန် မှာတော့ ကိုလေး ရဲ့ပေါင်ကို လက်တဖက်က လာပွတ်နေတာ သတိထားမိပြီး လန့်နိုးလာပါတော့တယ်။
@ ဟင်
လက်ကိုတွန်းထုတ်လိုက်ပြီး ပြန်အိပ်မယ် ပြင်နေတုန်းမှာပဲ နောက်တစ်ကြိမ် ထပ်မံပြီး
ကိုယ်တိုင်ရေး အထ္တုပ္ပတိ ( ခ )
ကျနော်လေသံမျှနဲ့ ပြောလိုက်ပါတယ်။
@ ညီအိပ်တော့ကွာ အကိုမတက်အလုပ် ဆင်းရမှာမို့ပါ
# ကိုလေးရာ ညီ့ကိုဒီတခါတော့ ခွင့်ပြုပါဗျာ ညီမရတာ့ဘူး
ကျနော်သက်ပြင်းကို အသာချလိုက် မိပါတယ်။ ကူညီပေးမိတဲ့ အကျိုးလေးပေါ့။
@ ကဲ ပြော မင်းဘာဖြစ်ချင်တာလဲ
# ကျေးဇူးပါဗျာ ကျနော်တအားစာနေလို့ အကို ဒီဖက်လှဲ့
ကျနော်ဘာမှ မပြောတော့ပဲ သူ့ဖက်ကို လှဲ့ပေး လိုက်ပါတယ်။ ကျနော့်စိတ်ထဲမှာ သူ့အပေါ်မှာ တက်မက်မှု စိုးစိမျှ မရှိပါဘူး။ ကျနော်ချစ်တဲ့ သူအပေါ်မှာ ကျနော် သစ္စာမဲ့နေတာ လို့လဲကျနော် လုံးဝ မတွေးဘူး။ လူတစ်ယောက်ရဲ့ အလိုဆန္ဒကို ကျနော် ဖြည့်ဆည်း ပေးလိုက်တာပါ။ ကျနော်စိတ် ကျနော့် နှလုံးသား ကျနော်ပျော်ရွှင် သာယာမှုတွေက ကျနော့် ချစ်သူအပေါ်မှာသာ မှီတည်နေပါတယ်။ ဒီအတွေးတွေက လူတိုင်းနဲ့တော့ တူချင်မှတူမှာပါ။ သေချာတာက ကျနော် သစ္စာမဲ့သူ မဟုတ်ဘူးဟု မိမိကိုယ်ကို လိပ်ပြာလုံစွာ ခံယူထားတာပါ။ ဘာလို့ဒိလိုပြော နိုင်လဲဆိုတာကတော့ အဲဒိညီလေးကို နောက်တစ်ကြိမ် ဘယ်သောအခါမှ မတွေ့တော့မှာ မို့လို့ပါ။
လူတစ်ယောက်ကို ကူညီပေးမိတာဟာ သဒ္ဒါလွန်လို့ တဏှာကြွံ သွားတယ် ဆိုရင်တောင်မှ အဓိက ကတော့ မိမိရဲ့စိတ်က သန့်ရှင်းနေဖို့ပါပဲ။ ထားပါတော့ နောက်နေ့မနက် ကျနော် အလုပ်မသွားခင်မှာ သူ့ကို ကားဂိတ်ပို့ပေးပြီး နှုတ်ဆက်လိုက်ပါတယ်။ ကျနော့်နှုတ်ဆက်ချင်းက ထာဝရအတွက်ပါ။ ကျနော် ထိုညီလေးကို လိုင်းပေါ်မှာတွေ့ရင်လဲ မေးထူးခေါ်ပြော လုပ်ပါတယ်။ အဆက်အဆံ မပျက်ခဲ့ ပါဘူး ဒါပေမယ့် သေချာတာ တစ်ခုကတော့ သူနဲ့ကျနော် နောက်နောင် ဘယ်တော့မှ ဆုံဖြစ်တော့မှာ မဟုတ်တာပါပဲ။
ဒီနေ့အလုပ်စောစော ဆင်းရတော့ တအားပျော်တယ်လေ။ အိမ်အထိမပြန်ပဲ ညဈေးတန်း ရှိရာသွား မုန့် တွေလျှောက်စားပြီး အဲဒိနားက ဆိုင်ကယ် ကယ်ရီငှားစီးလာတယ်။ အမှန်အတိုင်းပြောရရင် လူကိုခွဲခြားတာ မဟုတ်ပေမယ့် ဆိုင်ကယ်စီးရင် အဆင်သန့်သန့်လေးမှ စီးချင်တာ အကျင့်ပါနေတယ်။ အဲဒါနဲ့ တန်းစီနေတဲ့ ဆိုင်ကယ်တွေထဲက ခပ်ချောချောတစ်ယောက်ကို မျက်နှာပြောင်တိုက်ပြီး ခေါ်စီးခဲ့တယ်။ သာယာသားပဲ အဟိ။ ခစ်ေသူသိရင် စိတ်ဆိုးမာတော့ ကြောက်သားပဲ။ မတက်နိုင်ဘူး အ့ဟာက အကျင့်ပါနေတာ။ ဆိုင်ကယ်စီးတော့ ပုခုံးပေါ်ကို ထိန်းကိုင်ခါ နောက်ကနေငြိမ်ငြိမ်လေး စီးလာရင်းက
@ ညီဖြေးဖြေးမောင်းနော်
# ရတယ်အကို ဘာမှမဖြစ်စေရဘူး ခါးကိုဖက်ထားလိုက်
စိတ်ထဲမှာ ဘာသဘောလဲလို့ တွေးမိပေမယ့် အရမ်းမောင်းမှာစိုးလို့ ခါးလေးကို ကိုင်လိုက်တော့ သူ့မောင်း ချက်တွေက တမျိုးဖြစ်နေတယ်။ ဘရိန်သုံးလိုက် နှေးလိုက်မြန်လိုက်နဲ့။ ကိုကလဲ ကြောက်တက်တော့ အမိအရ ကိုင်ထားရတာပေါ့။ နဲနဲလူပြတ်တဲ့ နားရောက်တော့ သူက ကျနော့်လက်ကို ကိုင်လိုက်ခါ သူ့ပေါင်ကြားကိုထည့် လိုက်ပြီး
# ဆီးစပ်ကိုဖိထားတော့ အပေါ့သွားချင်လာလို့ဗျ ရတယ် အဆင်ပြေသလို ကိုင်ထား
သူကကိုင်ထားဆိုတဲ့ အရာက လက်နဲ့ထိနေတာတောင် ပူနွေးပြီး ခပ်ထုတ်ထုတ် ဖြစ်နေတယ်။
အနေအထားကို ကျနော် သဘောပေါက်လိုက်ပါတယ်။ အော် သူတို့လဲ ဒါမျိုးတွေ အတော်တွေ့ကြုံဖူး ပုံရတယ် လို့လဲတွေးမိပါတယ်။ ဒါပေမယ့် လက်ကို အသာပဲပြန်ဆုတ်ပြီး ခါးကိုကိုင်ထား လိုက်တယ်။ ဒါကိုသူက ဆိုင်ကယ်မောင်းရင်း ခေါင်းကိုအနောက်ဆုတ်ခါ ကျနော့်မျက်နှာနား ကပ်ပြီး
# ဘာလို့လဲဗျ ရှက်လို့လား
@ ဘာကိုလဲ ညီရ
# ဘာမှမဟုတ်ပါဘူး ထားလိုက်တော့ အကိုဆန္ဒမရှိရင်
@ ညီလေးက အတွေ့အကြုံတော်တော်ရှိပုံပဲ
# ဟာ မဟုတ်ပါဘူးဗျာ ညပိုင်းဆွဲတာဆိုတော့ ရံဖန်ရံခါတော့ တွေ့တာပေါ့ အကိုပြောတာနဲ့ မသိရင် ကျနော်က လုပ်စားနေတာ ကြနေတာပဲ
@ စောရီး စောရီး အကိုအ့လိုပြောတာ မဟုတ်ပါဘူး သိချင်လို့မေးကြည့်တာပါ
# တွေ့တဲ့အခါတော့ ဒိလိုပါပဲ နဲနဲပါးပါး ဖြည့်ဆည်းပေးလိုက်တယ် သူတို့လဲ ကျေနပ်သွားသလို ကျနော်လဲ မုန့်ဖိုးလေးဘာလေးပိုရတာပေါ့ အကိုရာ
@ ရောဂါတွေဘာတွေရနေအူးမယ် ညီရ သတိထားဦး
# ဟား ဟား အ့လောက်တော့ နပ်ပါတယ်ဗျာ အကာအကွယ်မပါပဲ အတွင်းကျကျ နှစ်သိမ့်မှု မပေးပါဘူး
အမယ် အလာကြီးပါလား။ ဒါပေမယ့် ပါးစပ်ကတဆင့် ကူးဆက်နိုင်တာလဲ သူမသိသေးလို့ နေမှာပါ။ ပြောပြ ရင်လဲကြာနေမှာမို့ မပြောမိတော့ပါဘူး။
@ ဟုတ်ပါပီဗျာ သတိတော့ထားပေါ့ ညီလဲ
# ဟုတ်ကဲ့ပါ အကိုကကော ဘယ်လိုလဲဗျ
@ အဲ ဘယ်လိုမှမဟုတ်ပါဘူး ဒိလိုပါပဲ ရောက်ခါနီးပြီညီရ
ကျနော်တွေးလို့မရဘူး ကျနော်က လိင်တူချင်း စိတ်ဝင်စားသူ ဆိုပေမယ့် နွဲ့နှောင်းသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒိလောက်ထိလဲ သိသာမြင်သာနေတာ မဟုတ်ဘူးလေ တစ်ခုရှိတာက ဆိုင်ကယ်ငှားတုန်းက လူရွေးငှားမိတာကိုး။ အဆောင်နားရောက်ခါနီးတော့ လမ်းကိုပြရင်း
@ ဟိုရှေ့လမ်းထဲကွေ့လိုက်ညီ အလယ်လောက်ဆိုရပြီ
# ကျနော့်ကို မုန့်ဖိုးတော့ ပိုပေးနော်အကို
@ ဟင် ဘာလို့လဲညီရ တစ်ထောင်ဆိုမင်းပဲ
# ဟုတ်ပါတယ် အကိုကလဲ သဘောပေါက်ရဲ့ သားနဲ့ဗျာ ဒိနေ့က ဆိုင်ကယ်လဲဆွဲ မကောင်းလို့ဗျ
@ အော်
ကျနော် အော် လို့ပဲပြော လိုက်မိပါတော့တယ်။ ဒုက္ခပါပဲ လူတွေက အားနည်းချက် တစ်ခုအပေါ်မှာ အနိုင်ယူချင် ကြတာပါလား။ ကိုကဘာတစ်ခုမှ လွန်ကျူးမိခြင်း မရှိခဲ့လို့ပေါ့။ ရှိများရှိရင် အတင်းအကျပ် မတောင်းဘူးလို့ ပြောလို့ရမလား။ အဆောင်ထိငှားလာတော့ အဆောင်သိခါ မူးတုန်းလာရစ်ရင် ပြသနာ မတက်ရဘူးလား။ ဒိလိုမျိုး ကိစ္စတွေကို အားလုံးဂရုစိုက် စေချင်တယ်။ ဆန္ဒကို အလိုလိုက်ပြီး တွေ့ရာ ကြုံရာ ပျော်ပါးမိလို့ကတော့ တက်လာမည့် နောက်ဆက်တွဲ ပြသနာတွေကိုပါ စဉ်းစားစေချင်တာလေ။ မိမိကိုယ်ကိုလဲ တန်ဖိုးထားစေချင်တာ။ ဘာပဲဖြစ်ဖြစ် ထိုဆိုင်ကယ်သမားကို ကျနော် ကျေးဇူးတင်စကား လှိုက်လှဲုစွာ ပြောပြီး မုန့်ဖိုးတစ်ထောင်ပါ ပိုပေးလိုက်ပါတယ်။ သူကျနော့်ကို ပညာတစ်ခု အသိတစ်ခုပေး လိုက်တယ်လေ။ နောက်ဆို ကျနော်လူရွေးပြီး ဆိုင်ကယ်မစီးရဲတော့ဘူး။
ကျေးဇူးတင်ပါတယ် ခမျာ့။
ပြီးပါပြီ။့
ကိုလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment