Thursday, October 20, 2016

တန်ဖိုး

တန်ဖိုး ( အစ/အဆုံး ) @ ချစ်ရာ မျက်နှာကြီးက အ့လို မလုပ်ပါနဲ့ နော် တကယ်ဆို တကယ့်မျက်နှာကို တွေ့ရတာလဲ မဟုတ်။ Facebook chat box ကနေပို့တဲ့ မျက်နှာညှိုး နေတဲ့ Sticker လေးကို ကြည့်ပြီး သူ့ရင်ထဲမှာ မချိအောင် ခံစားနေရတာပါ။ ဟုတ်တယ် သူ ယူဇနာ့ ကို အရမ်းချစ်တာ။ အစက ရည်းစားတွေ ထားခဲ့ဘူးတယ် အများကြီးမှ တကယ့်အများကြီးပဲ။ အီစီ ကလီ ဆိုတာတော့ ပြောမနေနဲ့တော့ မှတ်တောင် မမှတ်မိပေ။ အခု ယူဇနာ နဲ့ တွေ့မှ သူအရမ်းကို ချစ်တာ သိပ်ကို ချစ်နေတာလေ။ တစ်ဘဝလုံးစာ အဖြစ်လဲ ရည်ရွယ် ထားခဲ့တာပါ။ အရင်ကလို ခပ်ရှုတ်ရှုတ် ကောင်လေး မဟုတ်တော့ပဲ သူ့တစ်ယောက်သာ စုပုံချစ်လိုက်တော့တာလေ။ ကောင်လေး ချစ်သူ ယူဇနာ ဆိုတာက ကောင်လေး ထက်ငယ်တယ်။ ကောင်လေးထက် ပိုချော ပိုချစ်စရာကောင်းတယ်။ ဒါ့ကြောင့် ချစ်တာလားလို့ မမေးနဲ့နော် လုံးဝ မဟုတ်ဘူး ယူဇနာ့ကို ချစ်ရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ ယူဇနာက အေးချမ်းတယ် အနေအေးသလို ကောင်လေး ပြောစကား ဆိုလဲ နားထောင်တယ်။ ကောင်လေးထက် ငယ်ပေမယ့် ကောင်လေးကို အမြဲသူကပဲ အလျော့ပေး လိုက်လျောတယ်။ နောက်ပြီး သူများတွေလို ရှုတ်ရှုတ်ရှက်ရှက် ဘာသတင်းမှ မကြားရဘူး။ ဒါတွေဟာ ကောင်လေး အတွက် အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေပေါ့။ ချစ်တယ်ဆိုတာထက် မြတ်နိုးတယ် တန်ဖိုးထားတယ်။ ဘဝရဲ့ အနာဂါတ် တိုင်းကို ကောင်လေးက ယူဇနာနဲ့သာ စိတ်ကူးပုံဖော်ပြီး ထာဝစဉ် ပျော်နေလေ့ ရှိတယ်။ ကောင်လေးနဲ့ ယူဇနာ စတွေ့ပြီး နောက်တစ်ကြိမ်မှာပဲ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ အပြည့်နဲ့ပေါ့။ သူတို့ ချစ်နေတယ်ဆိုတာလဲ သူတို့ အသိုင်းအဝိုင်းက သူတွေ အတော်များများက သိထားကြတယ်လေ။ ဒီနေ့ကောင်လေး အလုပ်စောစော ဆင်းတာနဲ့ လိုင်းဖွင့်ပြီး ယူဇနာ လိုင်းပေါ် တက်လာမယ့် အချိန်ကို စောင့်နေမိတယ်။ ချစ်သူ မလာသေးတာမို့ လာစကားပြောတဲ့ သူတွေကို ပြန်ပြောနေ ရင်းစောင့်နေမိတယ်။ $ ဟိုင်းအကို ဘာတွေလုပ် @ အော် ချစ်ချစ်ကို စောင့်နေတာဗျ လိုင်းပေါ် တက်မလာသေးလို့ $ အင်း ညီလဲ ညီ့ချစ်သူနဲ့ ထိုင်နေတာ အကိုရ @ ဟုတ်လား ကောင်းတာပေါ့ ကိုကတော့ စောင့်တုန်းပဲ $ ညီ့ချစ်သူကို ကြွား ချင်လို့ အကို့ကို ဟီးး @ ဟုတ်ပါပြီဗျာ ကြွားပါ Chat Box မှာ စကားလာပြောတဲ့ ညီတစ်ယောက်က ဗီဒီယိုဖိုင် အတိုလေး တစ်ခု ပို့ပေး လာပါတယ်။ ကောင်လေးလဲ ခနစောင့်ပြီး ဖွင့်ကြည့်လိုက်တော့ ထိုထဲက အဲဒိညီလေး ချစ်သူဆိုတာ တစ်ချိန်က ကောင်လေးနဲ့ အတော်ကြာကြာ ချစ်သူတွေ ဖြစ်ဖူးသူ တစ်ယောက်ပေါ့။ ဗီဒီယိုဖိုင်လေးထဲမှာ စာတန်း လေးတွေ အလှအပလေးတွေ ထိုးပြီး အဲဒိညီလေးက သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်း တင်စားထားတယ်။ တကယ်တမ်း ကောင်လေးမျက်စိထဲမှာ မြင်ရောင်လာတာက အဲဒိညီလေးရဲ့ ချစ်သူက ကောင်လေးကို အကြိမ်ကြိမ် blow job လုပ်ပေးခဲ့ပုံတွေပါပဲ။ စိတ်မကောင်း ဖြစ်သွားမိ တာအမှန်ပဲ။ အဲဒိ တစ်ယောက်ကို ကောင်လေး သဘောမကျလို့ ဖြတ်ခဲ့တာ အခုလဲ ရင်မခုန်ပါဘူး ဒါပေမယ့် အတွေးထဲ ပေါ်လာတာက အဲဒိညီလေးနေရာမှာ သူဖြစ်နေပြီး အဲဒိညီလေးရဲ့ ချစ်သူ နေရာမှာ သူသိပ်ချစ်တဲ့ ယူဇနာ အခု ကောင်လေး နေရာမှာတော့ တခြား ယူဇနာနဲ့ ပက်သက်ခဲ့ ဖူးသူ တစ်ဦးသာ ဖြစ်နေမည် ဆိုပါလျှင်!!! $ ချောလားဗျ အကို @ အော် အေး လိုက်တယ်ညီလေး အဆင်ပြေကြပါစေဗျာ အကို့ ချစ်ချစ်လာပြီ ခနနော် ညီလေး $ ဟုတ် ဟုတ် တကယ်တမ်းက ယူဇနာ မလာသေးပါ။ ကောင်လေး စိတ်ရှုတ်သွားလို့ စကားဖြတ်လိုက် တာပါ။ ဟုတ်တယ် ကိုက ယူဇနာ့ကို အရမ်းတန်ဖိုးထား မြတ်နိုးစွာ ချစ်နေတာလေ ဒါကို ယူဇနာနဲ့ ပက်သက်ခဲ့ ဖူးသူတစ်ယောက်ယောက်ကသာ ခုန ကို့လိုနေရာမျိုးကနေ ယူဇနာကို သူဘယ်လို လုပ်ခဲ့တာပါလို့ ပြောလာရင် !!! ဟာ မတွေးရဲဘူး မဖြစ်ပါစေနဲ့။ အ့လိုတွေ မရှိပါစေနဲ့ ရှိခဲ့ရင်တောင် မသ်ရပါစေနဲ့။ သူ ယူဇနာ့ကို သိပ်ချစ်လို့ပါ။ သူအရမ်း တန်ဖိုးထား မြတ်နိုးလွန်းလို့ပါ။ ဒီလို Gay အသိုင်းအဝိုင် HM လောကမှ ဘယ်သူမှ အပစ် အနာအဆာ မကင်းတာ ကောင်လေး သိပါတယ်။ ကို့နေရာမှာ ယူဇနာ ဆိုရင်လဲ ခံစားရမယ်လို့ ကောင်လေး ထင်မိတယ် ဒါ့ကြောင့် အဲဒိနေ့ကနေ စပြီး ကောင်လေး ဘယ်သူနဲ့မှ မပက်သက်တော့ပါဘူး။ မပက်သက်ဘူးဆိုတာ Sex ကိစ္စပေါ့။ သူသိပ်ချစ် တဲ့ ယူဇနာနဲ့သာ သူဒီကိစ္စတွေကို လုပ်ဖို့ဆုံးဖြတ် ထားလိုက်ပါတော့တယ်။ လိုင်းပေါ်မှာ စတာနောက်တာ ကလွဲလို့ တကယ်လဲ ဘယ်သူနဲ့မှ မရှုတ်တော့ပေ။ အဲဒါသူ ယူဇနာ မသိအောင် ပေးအပ်လိုက်တဲ့ သူ့အချစ်ပါ။ ဒီကိစ္စ ဖြစ်ပြီး ၂ လခန့်အကြာ တစ်နေ့မှာ သူလိုင်း ပေါ်မှာ ယူဇနာ့ကို စောင့်ရင်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ရင်းက စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့ အသိတစ်ယောက်ကို သွားပြီး စကားပြောဖြစ်ပါတယ်။ သူ့နာမည်က ပြည်မိုးတဲ့။ @ မတွေ့တာကြာပြီ နေကောင်းလားညေး & ကောင်းတယ်ဗျ ကျနော်တောင် အခု ချစ်သူရနေပြီ @ ဟုတ်လား သာယာတာပေါ့ကွာ & အကိုကော ယူဇနာနဲ့ အဆင်ပြေလား @ ပြေပ့ဗျာ အရမ်းချစ်တာကိုး ဟိဟိ & ဟုတ်ပါပြီ ယူဇနာ့ အပ်ကလေးကော စားပြီးပြီလား @ မအပ်ပ်ါဘူး ဟ့ သူလဲ ကိတ်ပါတယ် & ဟား အ့ဒါဆို အကိုရွှီးတာ ယူဇနာက ကျနော့်ထပ် သေးတယ်ဗျ @ လေတွေနဲနဲလျော့ပါဦး ဟားဟား & တကယ်ပြောတာဗျ သူက ကျနော့်ထပ်သေးတယ် အရှည်ကလဲ အတူတူ လောက်ပဲ @ အမယ် အတိအကျကြီးပါလား ကိုနဲ့ ခင်မင်သူမို့သာ ဟန်ဆောင်ပြီး ပြောနေရတာ ကို့ ချစ်သူကို အဲဒိလို ပြောတော့ ဘာလား ညာလား ဆိုပြီး ခံစားရတာတော့ အမှန်ပင်။ ဒါပေမယ့် မဖြစ်နိုင်ဘူး လို့လဲ အသေအချာတွေးပြီး သား။ & ကျနော်သူ့ကို လော်ကိုး ဖူးတယ် အဲ့လောက်ဆို သဘောပေါက်ပေါ့ဗျာ ဘုရား ဘုရား မျက်စိတွေ ကြိမ်းပြီး နားတွေပင် အူသွားတယ်လို့ ထင်လိုက်ရတယ်။ ရင်တွေဗျောင်းဆန် ကုန်ပါပြီ။ သူက နောက်ပြောင်နေတာ မဟုတ် အတည်ပြောနေတာ။ သွားပြီ ဒီလို အဖြစ်မျိုး မကြုံရစေဖို့ အက်ြမ်ကြိမ် ဆုတောင်းခဲ့ပေမယ့် မပြည့်တော့ပေ။ သူက အရူးကြီးလို ချစ်ပြနေ တာကို တဖက်ကရီ နေမလား။ သူဘာမှ မသိတော့ပေ။ လိုင်းပေါ်တက်မလာ သေးတဲ့ ယူဇနာ့ ထံကို သူစာပို့ လိုက်ပါတော့တယ်။ >>> ကိုတို့ အဆုံးသတ်ကြစို့ ကို့ကိုမေ့လိုက်ပါတော့ ယူဇနာ @ ကျေးဇူးတင်ပါတယ် ညီလေးရာ ပြောပြပေးလို့ & စိတ်ထဲမှာမထားပါနဲ့ဗျာ အဲဒိတုန်းက အကိုတောင် သူနဲ့မတွေ့သေးပါဘူး @ စိတ်ထဲမှာမထားပါဘူး တခါထဲ အပြီးဖြတ်လိုက်ပါပြီ & ဗျာ ဟာ အကိုကလဲ @ အင်း & ခများကို စိတ်ဆိုးတယ် & အခုသူက ခများရှိရဲ့သားနဲ့ ဖောက်ပြန်နေတာမှ မဟုတ်တာဗျ & ခများနဲ့ မတွေ့ခင်ကထဲက ဖြစ်ခဲ့တာလေ & လူဆိုတာ အပြောင်းအလဲတော့ ရှိရမှာပေါ့ ဒီတိုင်းကြီးကြတော့ ရိုးသွားမှာလေ & အခုသူလဲ အေးဆေးနေနေတာပဲ @ ထားလိုက်ပါတော့ & မထားဘူး အခုက ကျနော့်ကြောင့် ပြတ်မလို ဖြစ်နေတာကို & သူလဲလူပဲဗျ တခါတလေတော့ ဆန္ဒဆိုတာ ရှိမှာပေါ့ ကျနော်သူ့ကို လုပ်ဖူးတာ ဟုတ်တယ် ဒါပေမယ့် အဲဒါ ခများနဲ့ မတွေ့ခင်ကလေ သူလဲတခါတလေ B နေချင်မှာပဲ အဲဒိအခါ ခများ သူ့ကို လုပ်ပေးမှာလားပြော ပို့လာတဲ့ စာလုံး တစ်လုံးတိုင်းက ရင်ဘတ်ကို ပေါင်တူနဲ့တစ်ချက်ခြင်း ထုနေသလို ကွဲထွက်မတက် ခံစားစေရတာ သူကတော့ သိမည်မထင်။ ခများလုပ်ပေးမှာလားတဲ့။ ပြည်မိုးက အစက ယူဇနာနဲ့ ကောင်လေး မကြိုက်ခင်ထဲက ကောင်လေးနက် Chat Box မှာ ပြောဆိုဖူးတော့ သူက ကောင်လေးကို ဒီလို မေးလာတာပါ။ ရင်တွေနာ လိုက်တာ။ ဟုတ်တယ် B / B ချင်းကြိုက်လို့ ပြန်မလုပ်ပေး နိုင်ရင် ကျန်တဲ့ တစ်ယောက်အတွက် သာယာမှုဆိုတာ မရှိနိုင် တော့ဘူးလား။ တကယ်တမ်း ကြုံတွေ့လာရင်ကော ဘယ်လိုရင် ဆိုင်မှာလဲ။ ဟင့်အင်း အဲတာတွေ ကောင်လေး မသိဘူး။ ကောင်လေး သိတာက ယူဇနာ့ကို သိပ်ချစ်တယ်။ ယူဇနာ့ကို သူအရမ်း တန်ဖိုးထား မြတ်နိုး တယ်။ ယုဇနာ့ကို ဒီလို တန်ဖိုးထား နေတာကို လေးကနေ ထိုင်ကြည့်နေမယ့် တစ်ယောက်က ဘယ်လိုမြင် မလဲ။ ဟိုတလောက ကိစ္စကြောင့် ကောင်လေး မိမိကိုယ်ကို ပြင်ဆင်ခဲ့ ပြီးပြီ။ ဒီလိုတွေ ဖြစ်မာဆိုးလို့။ အခုတော့ ကောင်လေး ယူဇနာရဲ့ Facebook Acc ကို တုန်ယင်တဲ့ လက်တွေနဲ့ Block နှိပ်လိုက်ပါပြီ။ နောက် ယူဇနာရဲ့ ဖုန်းနံပါတ်လေးကို Black List ထဲထည့်လိုက်မိတယ်။ မှားလားမှန်လား ကောင်လေး မသိပါဘူး။ ယူဇနာ့ကို သာယာမှု ပေးနိုင်မယ့်သူ တွေ့ပါစေလို့ ဆုတောင်းပေးမိတယ်။ အသည်းတွေ တဆတ်ဆတ်နာပြီး မျက်ရည်တွေ ပေါက်ပေါက်ကျ နေပေမယ့် ငါပြုံးထားပါတယ်~~~ ကိုတ်ထားတဲ့ ငါ့နှုပ်ခမ်းတွေ ပေါက်ထွက်မတက်ပါပဲ~~~ ငါမင်းကို သိပ်ချစ်တယ် ယူဇနာ ကောင်လေး ပြီးပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့။ ကိုလေး

No comments:

Post a Comment