Thursday, October 20, 2016

ပိမက်

မကောင်းဘူးဆိုတာ သိတော့လအားနာနေတယ်။ ကျေနပ်အောင် တစ်ယောက်တခွန်းသာ ဆဲသွားကြနော် ဟီးးးးးးးး။ ပိမက် ( စ/ဆုံး ) - ယိုးဒယား က ပိမက်မင်းသားလေး မာရီယိုရဲ့ သတင်းထူးတွေ ပါတယ်နော် ဒီနေ့အတွက် အဟော့ဆုံး သတင်းကတော့ ဒီသတင်းလေးပဲနော့ တစ်စောင်မှ ၅၀၀ ထဲ ကုန်တော့မယ်နော် ကားက ပွိုင့်မှာ မိနေတုန်း ဂွစာ ဂျွန်ဦး ကြား လိုက်ရတဲ့ သီတင်းကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခါ ဂျာနယ်ရောင်းတဲ့ ကောင်လေးကို - ဟဲ့ ကောင်လေး ပိုလီယိုက သေပီလာ ဟင် အ့ဒါ ခွက်လေး ဟဲ့ - ဟာ အဲဒါ အစ်မခွက်လား ပိုလီယိုက ၂၇ လမ်းမှာ တောင်းစားနေတာဗျ ရှိတယ် ရှိတယ် - လုပ်ပြီ မမဂွစာ ကလဲ မာရီယိုပါတော် ပြောလိုက်ရင် သောက်တလွဲ ကားနောက် ခန်းမှာ ပါလာတဲ့ အိမ်စေမင်း ကဝင်ပြောပါတယ်။ သူကတော့ ဂွစာ အိမ်က အိမ်ဖော်တွေရဲ့ အချုပ်မို့ အိမ်စေမင်းလို့ သူ့ဖာသာ ဘွဲ့ယူထားသူပေါ့။ - ဟဲ့ မသာလေး ကျုပ်အဆင့်နဲ့ သူတောင်းစားနဲ့ ခွက်လု စရာလား ဟင် သေတော့မှာပဲ ပိမက်မင်းသား မာရီယိုကိုမေးတာ - သိဘူးလေဗျာ မာရီယို အကြောင်းလား ဂျာနယ်ရောင်းတဲ့ ကောင်လေးက အသံကိုမြှင့်လိုက်ခါ - ကဲ အားလုံးစိတ်ဝင်စားနေတဲ့ မာရီယိုလေးက စစ်မှုထမ်းနေရင်း တိုက်ပွဲဖြစ်နေတုန်း - သေရောလား ဟင် - သေ ရောပေါ့ဗျားးး ဟာဗျာ ပေါက်ကရတေ တိမ်းရှောင်ရင်း လမ်းမှားက မြန်မာ့မြေ ပိုင်နက် ထဲ ရောက်မှ အဆက်အသွယ် ပြတ်သွားပါတယ် အဲဒါကြောင့် တွေ့ရှိသူအား ဆုငွေ ဒေါ်လာ တစ်သောင်းတိတိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ် အသေးစိတ် ပျောက်ဆုံးသွားတဲ့ နေရာကို သိချင်ရင်တော့ တစ်စောင်မှ ၅၀၀ ထဲနော့ - ဟဲ့ ပြစမ်း ငါခနကြည့်မယ် ကောင်လေးကို အိမ်စေမင်းက ခပ်တည်တည်နဲ့ ကြောက်မလားဆိုပြီး သူ့ရဲ့ ဗြုတ်ထနေတဲ့ မျက်နှာကြီးနဲ့ ဖြဲခြောက်ပေမယ့် - ဟား ဟား မရဘူးလေ သိချင်ဝယ်ဖတ် တစ်စောင် ၅၀၀ ပဲ ဂွစာဂျွန်ဦးက သူ့ရဲ့ဂွစာသောင်းသောင်း ရုပ်ကြီးနဲ့ ကြာကူလီပြုံးပြုံးခါ အိမ်စေမင်းကို ကြည့် လိုက်ပါတော့တယ်။ ပွိုင့်ကလဲ စိမ်းပြီမို့ အိမ်စေမင်း ကလဲပါးနပ်စွာ ၅၀ တန်အစုတ်လေး ၁၀ ရွက်ထုတ်ခါ ဂျာနယ်ကို ဝယ်လိုက်ပါတော့တယ်။ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့လေး ရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဟိုတယ်လေး “ ပွင့်လန်းမြေ “ ဆိုတဲ့ ဟိုတယ်လေး ရဲ့ ကောင်တာနားကို လူတစ်ချို့ တပြိုင်ထဲ ရောက်လာပါတော့တယ်။ - အကောင်းဆုံး အခန်းတစ်ခန်းပေးပါ ပြောလိုက်တဲ့ အသံကလဲ တစ်ပြိုင်ထဲမို့ အားလုံး အချင်းချင်းကြည့်မိတယ်။ ကောင်တာမှ ကောင်လေးကလဲ မျက်လုံးပြူးခါ - အကိုတို့ တဖွဲ့ထဲ မဟုတ်ဘူးလားဗျ - တိတ်စမ်း ငါ့ အရှင်မလို မန်းမြို့က သာကီနွယ်ဖွား ချမ်းချမ်း က ဒီလိုအောက်တန်းစား တွေနဲ့ - တူစရာလား ဟဲ့ နင်ဦးနှောက်မရှိဘူးလား ပုဆိုးကတောင်းကြိုက်ခါ ကြိုက်ထီးရိုး တက်သည့် တောင်မွှေးနက် ဖြူဖြူပုပုဝဝ ကျန်စုတ်ထူးထူး က အ့လိုပြောလိုက်တော့ ချက်ခြင်းပင် ပိုးဟပ်ဖြူကို မျက်မှန်တပ်ထားတဲ့ သွားထပ်တေနက် ပိစိညှေုာင့်တောက် ချမ်းချမ်း ဆိုသည့် အခြောက်က မျက်နှာကို မော့်ခါ ချေချ ပစ်လိုက်ပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်ခါ ဇွဲမာန်ကျောက် ဆိုတဲ့ အခြောက်က စွေ့စွေ့ ခုန်သွားပါတော့တယ်။ - အမလေးလေး ပြောနေလိုက်တာ လူကြည့်တော့ ကြွတ်စုတ်ရေနှစ် ထုံးသုတ်ပြီး အနင်းခံထားရတဲ့ ရုပ်နက် အခြောက်ကများ ဟား ဟား ဟား ရီချင်လိုက်တာ ဟဲ့ ရခိုင်ခြောက်မ နင်အနေလား ပြောလိုက်စမ်း ဇွဲမာန်ကျောက်ဆိုတာ ဘာလဲ ဆိုတာ - အေးလေ မသိရင်မှတ်ထားလိုက် မန်းလေးကျောက်လောကမှာ လမိးခင်းကျောက် ဂျီးတွန်းကျောက်တေ ခိုးရောင်းပြီး နာမည်တစ်လုံးနဲ့နေတတောင် မသိဘူးဆိုတော့ ကြည့်ရတာ တော်ဝင်နန်းထိုက်မို့ အတော်လေးဝင်အောင် ထိုင်ထလုပ်ပြီး အကတိုက် နေလားမှ မသိတာဟဲ့ ရခိုင်ခြောက်သားသား ပြောပြီးတော့ တစခန်းထလာတာကတော့ ဂီလနလို ပိန်လီခြောက်ကပ်နေတဲ့ အဖိုးကြီးအို ရုပ်နဲ့ ဖြိုးဒါလီပေါက်စီ ပါပဲ။ အရိုးခြောက် ကိုင်လှုပ် သလို တဟားဟားနက် ရယ်မောရင်းက - ပြောကြဟေ့ ပြောကြ ညည်းတို့လို တော်လဲ မဝင်ဘူး ကျောက်လဲမခိုးပဲ သမာအာဇီဝနဲ့ ဈေးရောင်းပြီး ဖြိုးဒါလီပေါက်စီ ဆိုတဲ့ နာမည်ကြီးကို သဂျိုလ် ပေးလိုက်မယ် ဟုတ်ပြီလား - ပြောမနေပါနက် မမဖြိုးရေ ကိုတေက လက်တွေ့သမား ဟဲ့ ရှိတဲ့ အခန်းသော့ပေး ငါတို့ နားချင်ပြီ ခပ်တည်တည် နှင့်ဝင်ပြောလိုက်တာက စောဂဠုန်ပေါက်စိပါ။ ဝါးခြမ်းပြားထောင်ထားတာကမှ အဆစ်လေးတွေ မြင်ရမယ် သူကတော့ ဘာဆိုဘာမှမရှိတဲ့ ကောက်ပေတံ ဘောဒီနက် ကြက်မွှေးလို လိမ်ကောက်ကောက်ကေ ကိုခါကာ ချေမိုးနေတာပေါ့။ စောဂဠုန်ပြော လိုက်မှပဲ အကုန်လုံး ဂယောက်ဂာက်တေ ဖြစ်ခါ ပခန်းလုဖို့ သတိပြန်ရကြတော့တယ်။ လုရတာလဲ တခြားကြောင့် မဟုတ်။ ဒီနေရာမှာ ဒီဟိုတယ် တစ်ခုပဲ ကောင်းကောင်းကန်းကန်း ရှိတာလေ။ နောက်ပြီး အခုတလော ဒီဖက်ကို လာတဲ့ဧည့်သည်တွေ များနေတယ်။ အကြောင်းအရင်းက မာရီယို ရှာဖို့ပဲပေါ့။ - တောက် ပိုကီမွန်ရှာ သလို ရှာလို့ရလို့ ကတော့ ငါပဲ မိမှာ မာရီယိုကို - မမရယ် မိရင် ညမလေးတို့ အောင်ပွဲခံကြမယ်နော် - ဒါပေါ့ဟဲ့ ဝယ်လာတဲ့ ဆာဒူးကြီးတေ ကာဗာမိုးတေ နှာခေါင်းပိတ် ထိုးထည့်ပြီး အောင်လံတလူလူ လွှင့်လာမှ ကျုပ်တို့ပျော်ပျော်ပါးပါး အပေါ်က တက်ခုန်ကြမယ်အေ - တိတ်စမ်းးးးးးးးးးး အပေါ်ထပ်ကနေ စကားတပြောပြောနက် ဆင်းလာတဲ့ ဂွစာဂျွန်ဦးနဲ့ အိမ်စေမင်း တို့ အသံကို ကြားလို့နားစွင့်နေရာကနေ မာရီယိုအကြောင်းပါလာတော့ မခံမရပ်နိုင်ဖြစ်ခါ အောက်ထပ်မှာ အခန်းငှားဖို့ ရောက်နေတဲ့ ဖြိုးဒါလီပေါက်စီက ထအော်တာပါ - ပြောရဲတယ်နော် အိမ်စေမင်းက ချက်ခြင်းပဲ ချေပစ်လိုက်တယ်။ အဲဒိချိန်မှာပဲ ဒီဇင်ဘာချမ်းက - ဒီမှာ အားလုံးကို တခါထဲပြောလိုက်မယ် ကို့အသက်ကိုမနှမြောရင် မာရီယိုကိုထိကြည့်လိုက် ဒါပဲ - အမလေး ဟက်ကောင်မ မိတ်ကပ်ပြင်ပြီး သူငယ်နာ မစင်သေးတဲ့ အခြောက်မ ညည်းဖုန်းဖွင့်ပြီး www.ဆုတောင်း.com ကိုရှာပြီး zawgyi font လေးပြောင်းပြီး ရိုက်ထဲ့လိုက် သိလား ဘယ်သူမှ မထိပါစေနက်လို့ ဂွစာဂျွန်ဦးစကားကို သဘောကြကာ ဇွဲမာန်ကျောက်တို့ကော စောဂဠုန်ပေါက်စီတို့ပအ တဟားဟား ထရီကြပါတော့တယ်။ - ကဲ တော်ကြပါတော့ဗျာ အားလုံးကို အခန်းကောင်းတွေ ချည်းပဲ ပေးပါ့မယ်ဗျာ့ တော်ကြပါတော့ ကောင်တာက ကောင်လေး ဝင်ပြောမှပဲ အခြောက်တွေ မဲ့ရွဲ့ခါ တိတိကုန်ကြတယ် - မားဂွစာ မနက်ဖြန်မနက် ကားငှားထားတာ ရလားမေးကြည့်ဦး တောထဲသွားဖို့ ဂွစာဂျွန်အူးခေါ်လာတဲ့ အိမ်ဖော်လက်ထောက် ဖြိုးကျေးဇူး(ကျေးဇူးသိတက်သူမို့လေ) စကားကြောင့် - ဟယ် ဟုတ်သားပဲ မောင်လေးရေ မနက်က မမပြောထားတဲ့ ကားငှားဖို့ကိစ္စ အဆင်ပြေလား ဂွစာဂျွန်ဦး ရုပ်ကောလေသံပါ ချက်ခြင်းပြောင်းကာ သငယ်ကို ပစ်အီ ထည့်လိုက်ပါတယ်။ - ငါတို့လဲ ကားငှားမှာ အားလုံးက ထပြောပြန်တာမို့ - www.နေခဲ့.com ကိုရိုက်ရှာပြီး အ့မှာနေခက်ကြ သက်လား ဟဟ ဂွစာဂျွန်အူးက အောင်မြင်သူလေသံဖြင့် ဂုဏ်စာနေပြန်ပါတယ်။ - အားလုံး အဆင်ပြေရပါစေ့အယ်ဗျာ - ဟယ် အ့လိုမရဘူးနော် မမက အရင်ပြောထားတာ မမကို ဥစားပေး ရမယ် - ဗျာ ဟာဗျာ - အော် ဦးစားပေးရမယ်ပြောတာပါ - စိတ်ညစ်ပါတယ်ဗျာ လာကြအကုန်လုံး အခန်းလိုက် အပ်ပေးပါ့မယ် - ဟက် အရှေ့ဆုံးကတပ်မယ် အောက်တန်းစားတေ နောက်က မတက်နိုင်ဘူး - ပေနိုးမ ဒီဇင်ဘာချမ်းတော့ ငါပေါက်စီနက်ပေါက်လိုက်လို့ သေအူးမယ် ဒီလိုနက်သူတို့ အိပ်ခန်းတွေ စီရောက်လာကြပါတော့တယ်။ အခန်းတွေက သန့်ပြန့် နေပေမယ့် နဂိုထဲက အချေမတေမို့အမျိုးစုံဂျီးများကာ ဂဂျိုးဂဂျောင်တွေ လုပ်နေ ကြပါတော့တယ်။ ကောင်တာမှ ကောင်ချောချောလေးက ညကျရင် ကျနော်ပြန်လာ ကြည့်ပေးမယ် ဆိုမှ ငြိမ်ကုန်ကြတော့တယ်။ သိတယ်မလား ကောင်ခေးက အဆင်လေ အဟိ။ ဒါပေမယ့် အဲဒ်ကောင်လေးက ညနေဖက်မှာပဲ ဂျူတီချိန်းခါ ခွင့်ပါ တခါထဲ ၃ ရက်ယူသွားကြောင်း ညရောက်မှ သူတို့ သိလိုက်ရပါတော့တယ်။ မနက်မိုးလင်းလို့ တောထဲသွားမယ် ပြင်တော့ ရောက်လာတဲ့ ကားကြီးက ဟီးနိုးကားကြီး အားလုံးသွားမယ့်နေရာမို့ အားလုံးအတူသွားရန် ဟိုတယ်မှ စီစဉ်ပေးခြင်း ဖြစ်ပါတယ်တဲ့။ - ဟယ် ဂွမ်းတာပဲ ဒီမှာ ပြင်ထားဆင်ထားတာ ဒါကြီးနက် ဖြစ်ပါ့မလား - ညည်းက တောထဲသွားမှာ ဘာလို့ ဒိလောက်ပြင်လာတာလဲ စောဂဠုန်မ - အော် ရှင်ကလဲ မာရီယိုလေးတွေ့ရင် တခါထဲကြွေ သွားအောင်လေ - အေးကြွေသွားလိမ့်မယ် ဇီဝိန် - ဖလိုးမဂျီး အဲဒိချိန်မှာပဲ ဂွစာဂျွန်ဦးထွက်လာ ပါတယ် ဝတ်ထားတာက ယောဂီလုံချည်ကိုရင်လျား ပြီး အပေါ်က ဘာမှမပါ။ - အမလေး ဂွစာသေးမျှင် တောထွက်တော့မယ် ထင်တယ် ဟား ဟား - တိတ်စမ်း ကျုပ်ကိုမြင်ယင် သူ တခါထဲမှတ်မိအောင် ပိမက် ထဲကလိုဝတ်လာတာ - ဝေါ့ အန်ချင်လိုက်တာ - အန်ချင် အန်ချလိုက်လေ ညည်းကလှတာကိုး ခနနေတော့ ဇွဲမန်ကျောက် တို့အတွဲထွက်လာတယ် သနပ်ခါးဘဲကြားနက် ဘောင်းဘီတိုတွေ ဝတ်ခါ တောစီးလည်ရှေ ဖိနပ်တွေနက် - အိုင်းစ် အဲဒိလင်မယားက ဓါးမြသွားတိုက်ကြမာလားမသိဘူး ဓါးမြရုပ်တေနက်ခြောက်နေ လိုက်ကြတာ ဟိုတယ်က အဲကွန်းတွေတောင် ထိုင်ရှစ်ခိုးရမယ် - ဒါက မန်းလေးစတိုင်လေ - ဒါဆို ကျယ်မက ဘယ်နားသွားနေရမာလဲ ရခိုင်ခြောက်သားသားစကားကို နောက်ကထွက်လာတဲ့ ဒီဇင်ဘာချမ်း ကဝင်ပြောလိုက်တာပါ။ - နန်းတွင်းက အမြှောက်င်္ကြးပေါ်တက်ထိုင်နေလေ ဒါတောင်မှ အမြှောက်ကြီးပြောက်မယ့် ကျောက်ပန်းတောင်မယ်ပါအေ - ဘာပြောတာလဲ - စောက်ခေါင်းကျယ်တဲ့ ကျောက်ပန်းတောင်းမယ်လို့ ပြောတာပါစင့် - အိမ်စေမင်းရေ www.ကျေနပ်.com လေးဖွင့်လိုင်စမ်းအေ စွန်းကျေနပ်တယ် ခိခ် - ဝုန်းကြပါ ကျမလိုတော်ဝင်အလှကို မြင်မှ မာရီယိုလေးက အဟိ - ကဲ သွားကြမယ် တက်ကြပါခမျာ့ သူတို့ ကားပေါ်တက်ခါ ခရီးစထွက်ပါတော့တယ်။ အတော်လေးသွားပြီးမှ ကားက တောစပ်တစ်ခုမှာ ရပ်ခါ - ဒီနေရာက ထိုင်းနယ်စပ်ကို သွားတဲ့ ဖြတ်လမ်းပါ ခများတို့ သွားချင်တဲ့နေရာကို ရောက်ပါပြီ ကားပေါ်က အားလုံးပဲ အလုအယက် ဆင်းခါ တောထဲ ဝင်ပြေးကြပါတော့တယ်။ ဒါပေမယ့် သူတို့ ဒီတောကိုမကျွမ်းပေ အဝင်ဝမှာတင် ဘယ်သွားရမှန်းမသိ တစ်ကုန်ကြစဉ် ဂွစာဂျွန်အူးက ဖြိုးကျေးဇူး ပိုက်လာတဲ့ အထုပ်လေးကို ယူလိုက်ခါ ရင်ခွင်မှာ ကလေူပိုက်သလို ပိုက်လိုက်ခါ - ပိမက် ဟက် ဟက် ပိမက် ဟက် ဟက် ဟန်ပါပါ အသံကျယ်ကျယ်နှင့် အော်ချ လိုက်ပါတော့တယ်။ - ဟားဟားဟား ဘီလူးမ ကလေးလုခန်း ကြည့်နေရသလိုပဲ ဟား ဟား - ဖေလိုးမတေ ကျုက်လင်ကို ကျုပ် အော်ခေါ်နေတာ တိတ်ကြစမ်း - အရမ်းလှပါတယ် ဂွစာသေးမျှင်ဘီလူးမရယ် - ပိမက် ဟက် ဟက် ပိမက် ဟက် ဟက် - လင်စိတ်သားစိတ်တေ ကုန်လိုက်တာဟယ် - ဟင် ဟိုတယောက် ဘာဖြစ်နေတာလဲ ကျန်စုတ်ထူးထူး ဖြိုးဒါလီပေါက်စီ စကားကြောင့် အားလုံးလှဲ့ကြည့်လိုက်မှ ကျန်စုတ်ထူးထူးက သူ့လက်က မလွှတ်တမ်း ကိုင်ထားတဲ့ ကျိုက်ထီးရိုးတောင်မွှေးကို မြေမှာ ထောက် နားကလဲ နားကျပ်ကို တပ်ခါ sexy dance တွေ တစ်ယောက်ထဲ မျက်စိစုံမှိတ်ခါ ဆွဲနေတာ တွေ့ရပါတော့တယ်။ - အမလေး ကျန်စုတ်ထူးထူး ကျယ်မကတော့ ကိုယ်ရန်တော်မို့ ကျန်စစ်မင်းလို ကျန်စုတ်ရာထူးပေးပြီး လှံအစား တောင်မွှေးပေးထားတာ သူက ဆက်ဆီဆွဲနေပါပေါ့လား ဖေလိုးမ အခြောက် သေပေတော့ - အားလုံးတိတ်ကြပါ ကျန်စုတ်ထူးထူးကို ဒီဇင်ဘာချမ်းချမ်းက ဖိနပ်နဲ့လိုက်ပေါက်နေတုန်း အသံတစ်ခုကြောင့် အားလုံးပဲ တိတ်သွားပါတော့တယ်။ မိန်းမတစ်ယောက်လား အခြောက်မပဲလား မသဲကွဲ စာလီဝတ်ထားပြီး ခပ်ငယ်ငယ် ခပ်ချောချောလေးပါပဲ။ - ရှင်က ဘယ်သူလဲ အခြောက် - ကျမက အခြောက်မဟုတ်ပါဘူး - ဟင် ဒါဆို အစစ်မပေါ့ ဝေးဝေးမှာသွားနေပါအေ ကျုပ်တို့က ယောက်ျားမစစ်ရင်နေပေ့စေ နောက်ဆုံး စ်ုဟာလေး ပါတဲ့အခြောက်ချင်းပဲ ပေါင်းတာပါ - www.ခပ်ဝေးဝေး.com ကိုနှိပ်ပြီး လစ်လိုက်ပါတော့အေ - နေကြပါဦး ကျမ နာမည် မဒုတ်စာသည် ပါ - ဟယ် မင်းသိင်္ခ ရေးတာ မနုစ္စာရီ ပဲကြားဖူးပါတယ် ညည်းက တစေ စာလောင်နေတဲ့ ဟာမပဲ ဖြစ်ရမယ် အိမ်စေမင်း ကဝင် တွယ်လိုက်ပါတယ်။ - မနုစ္စာရီက ကျောက်ဆည် ဝေဘူတောင်မှာ နေတာ မဟုတ်ဘူးလား - အစက ဟုတ်ပါတယ် အခု ကျောက်ဆည်မှာ GTC ဖွင့်ပြီးထဲက အမြင်မတော်လို့ ကို့ဖာသာ ဒီတောထဲ ပြောင်းလာတာပါ - ဟက် နင် မာရီယိုကိုတွေ့လား ဥမထားနက်နော် ဒုတ်စာမ - ကျမက အခုခေတ်မှီတဲ့ လက်စဘီယမ် ဖြစ်နေပါပီ စော်တွေပဲ စိတ်ဝင်စားတယ် - ဟယ် လေးစားစရာ မဒုတ်စာ ပါလားအေ - ရှင်တို့ကို ပြောချင်တာတစ်ခုက ဒီတောထဲမှာ မာရီယို မရှိဘူး ဆိုတာပါပဲ ကျမ သွားတော့မယ် စော်ပါလားလို့ လာရှိုးတာ အခြောက်မတေချည်းမို့ လစ်ပြီ - ငင့် ဖြစ်ယတယ် မဒုတ်စာမရယ် သူတို့ တနေကုန်တောထဲမှာ ရှာပေမယ့် မတွေ့ရပေ။ တနေကူန်ဆိုတော့ အားလုံးပင်ပန်း နေကြပါပြီ။ ကားကလဲ ညနေမှ လာခေါ်မာမို့ နေ့လည်ပိုင်းထဲကပင် ကားလမ်းမနား ပြန်လာခါ အားလုံး စောင့်နေကြပါတော့တယ်။ - ဟင် မာရီယိုက ထိုင်းပြန်ရောက်သွားပီတဲ့ သေရောဟာ - ဟင် ပြစမ်း ပြစမ်း - ဟယ် သေတာပဲ - ဟင့် အရင်းပါပြုတ်ပါပီအေ သူတို့တွေ့ရတာက facebook ပေါ်မှာ Share ထားတဲ့ မာရီယို ယနေ့မနက်ပင် ချောမောစွာ ထိုင်းနိုင်ငံသို့ ပြန်ရောက်ကြောင်း သတင်းပဲဖြစ်ပါတော့တယ်။ လင်ဒါရူးတာတစ်ဖုံ ငွေမက်တာတသွယ်နဲ့ ရှေ့မကြည့်နောက်မကြည့် စွတ်ရွတ်ခါ ယွခဲ့တဲ့ အခြောက်မတွေ ကားလမ်းဘေးမှာတင် ပက်လက်တေလန်ကာ တက်ကုန်ကြပါတော့တယ်။ ပြီးပါပြီ။ အားလုံးကိုကျေးဇူးတင်ပါတယ် ခမျာ့။ ကိုလေး

No comments:

Post a Comment