Thursday, October 20, 2016

တောင်သမန်အင်း

တောင်သမန်အင်း နှင့် ချင်ခြင်းဖွဲ့သံစဉ် (၁) မောင်မောင် Express ကားကြီးကို စီးရင်း မန္တလေး သို့ ခရီးနှင်လို့ နေပါပြီ။ စိတ်ထဲမှာလဲ ဟိုရောက်ရင် လုပ်ရမယ့် အလုပ်တွေ အစီအရီ နေရာချခါ အဆင်ပြေစေဖို့ ဆုတောင်း နေပါ တော့တယ်။ မနက် ၅ ခွဲလောက် ကားဆိုဒ်တော့ မျက်နှာသစ် မနက်စာစားရင်း မိုးလင်းဖို့ကို စောင့်နေ လိုက်တယ်။ ပြီးမှ ဟိုတယ် တစ်ခုကို သွားပြီး အခန်းယူ လိုက်ပါတယ်။ ခရီးက ညဖက် ဆိုတော့ သိပ် မပင်ပန်းတာမို့ လုပ်စရာရှိတဲ့ ကိစ္စတွေ လုပ်ဖို့ ပြင်လိုက်ပါတော့တယ်။ တွေ့ရမယ့်သူတွေနဲ့ ချိန်းဆို ပြီး တွေ့ဆုံ အလုပ်စကားပြောရင်း မနက်စာစား လိုက်ပါရော။ စားနေရင်းက သူငယ်ချင်း ဖြိုးလေးကို သတိရခါ ဖုန်းဆက်လိုက်ပါတယ်။ ဖုန်းဝင်တာနဲ့ ဖြိုးလေးကလဲ တန်းကိုင်ပါတယ်။  ဟယ်လို • ဟေ့ကောင် ဖြိုးလေး ငါ မောင်မောင်  ဟာ ဟျောင့် မင်း မန်းလေး ရောက်နေတာလား • အေးဆို ဒီမနက်ပဲ ရောက်တာ  မင်းကွာ ရောက်တာ ငါ့စီ မတည်းဘူး တော်တော် ခင်ဖို့ကောင်းတဲ့ကောင် ဖြိုးလေး ရွဲ့ပြောတာ သိတာမို့ မောင်မောင် ပြုံး လိုက်ခါ • အေးပါကွာ ငါဒီမှာ အလုပ်လေးတွေ ရှိနေလို့ပါ ပြီးမှ မင်းစီအေးဆေး လာမယ်  တော်စမ်းပါကွာ သောက်ပိုတေ ငါ့စီကနေ လုပ်တော့ကော မရလို့လား ပြော ဘယ်တော့ လာမှာလဲ အခုလား ညနေလား • ဟား ဟား လုပ်ပြီ လာပါ့မယ်ကွာ မနက်ဖြန် လာမယ် ဒနေ့တော့ ဟိုတယ်အခန်း ယူထားပြီးလို့ပါ အော် ဒါနဲ့ မင်းက အခု ဘယ်မှာလဲ အရင် တိုက်ခန်းပဲလား  မဟုတ်ဘူးကွ ပြောင်းသွားပြီ အမတွေနဲ့ ခွဲနေ လိုက်တာ • အဲ့တာဆို ငါက ဘယ်လာရမှာလဲကွ သေချာပြောဦး  အိမ်တော်ရာ ဘုရား မြောက်ဖက်မုဒ် ကိုလာခဲ့ အဲဒိမှာ ငါ မလိုင်ပေါက်စီ ဆိုင်ဖွင့် ထားတယ် ဖြိုးလေးလို့ မေးလိုက် အကုန်သိတယ် • အေးပါကွာ အ့တာဆို ငါမနက်ဖြန် မနက်လာခဲ့မယ် ဟျောင့် အခုက ဧည့်သည်တွေ ရှိနေလို့ ဒါပဲနော် ဘိုင့်  အေးအေး မလာလို့ကတော့ ရန်ကုန်ထိ လိုက်သတ်မှာ မင်းကို မောင်မောင် ရီမောကာ ဖုန်းချလိုက်ပါတော့တယ်။ ဖြိုးလေးက မောင်မောင်နဲ့ အတော်ရင်းနှီး တာ ကြာပါပြီ။ အစက ဖြိုးလေးက ရန်ကုန်မာနေတာ မောင်မောင်တို့နဲ့ တစ်လမ်းထဲလေ။ အခုဒီမှာ သူ့အစ်မတွေနဲ့ လာနေရင်း အလုပ်လုပ်နေတာပေါ့။ နောက်နေ့ မနက်ရောက်တော့ လုပ်စရာလေးတွေ လက်စသပ်ရင်း ဖြိုးလေး ရှိရာကို လာခဲ့တယ်။ အလုပ်ပြီးပြီဆိုတော့ လည်ဖို့ပတ်ဖို့ပဲ ကျန်တော့တာလေ။ လည်ဖို့ကတော့ ဖြိုးလေး ကိုပဲ ဒုက္ခပေး ရတော့မယ်။ တစ်ယောက်ထဲ ကြတော့လဲ ပြင်းတယ်လေ။ ဖြိုးလေး ဆိုင်ရောက်တော့ ဖြိုးလေးက ရှိမနေ သူတွေ့လိုက်ရတာ ကောင်လေး ခပ်ငယ်ငာ် တစ်ယောက် ခပ်ချောချောလေးပါပဲ။  ဖြိုးလေး မရှိဘူးလား ညီလေး • အဲ ကိုဖြိုးလေး ဘုရားထဲ ခနဝင်သွားတယ် စော သွားခေါ်ပေးရမလား အကို အရေးကြီးလား  ရတယ် ရတယ် အကို ဒီကပဲ ထိုင်စောင့် လိုက်မယ် • ဟုတ် ခနနေပြန်လာမှာပါ စကားပြောကြည့်တော့မှ ကောင်လေးက နဲနဲလေးနွဲ့နေသလိုပဲ။ ဒါပေမယ့် သူစကားပြော တာလေးက တမျိုးလေးပဲ သူ့ကိုယ်သူလဲ စောတဲ့။ မောင်မောင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်းက ဖြိုးလေး တို့ ဆိုင်မှာ တင်ထားတာတွေ လိုက်ကြည့်ရင်းက  မလိုင်ပေါက်စီဆိုတာ ဘယ်လိုမျိုးလဲ ညီလေး • အော် မလိုင်ပေါက်စီ ဆိုတာ နို့စိမ်း နို့ဆီ မလိုင် စပစ်သီးခြောက် သီဟိုဠ်စေ့ သကြားရည် အ့တာတွေနဲ့ ပေါက်စီ ကိုစိမ်ပြီးစားတာ ပေါက်စီက အထဲက ဘာမှမပါဘူးလေ  အော် ကြားရတာနဲ့တင် အီစိမ့်သွားတယ်။ ဒါပေမယ့် ပြင်ထားတော့ စားကောင်းမယ့် ပုံလေးတွေ။ မောင်မောင်လဲ တစ်ခါမှ မစားဖူးပေ။ ခနနေတော့ ဖြိုးလေးရောက်လာပြီး အားရဝမ်းသာ စကားတွေပြော မုန့်တွေကြွေးနဲ့ပေါ့။ အဲဒါတွေတော့ ဖြိုးလေးက ခင်ဖို့ကောင်းတယ်။ အရမ်း အလိုက်သိခါ ဧည့်ဝတ်လည်း ကျေတယ်။ • မင်း အိမ်ပြန်ပြီး နားမလား မောင်မောင် ငါကတော့ ဆိုင်ပိတ်မှ ပြန်လာလို့ရမှာကွ မင်း ပြန်မယ်ဆို မိစောကို လိုက်ပို့ခိုင်းလိုက်မယ် မင်းအိပ်ဖို့နေရာတော့ ပြင်ပြီးသား မင်းအေးဆေး နားလို့ ရအောင်ပြောတာ  ဟာ ဘယ်က မိစောလဲ @ တွေ့လား ကိုဖြိုးလေး က လူရှေ့ဆိုလုပ်ပြီ • ဟားဟား ဘာဖြစ်လဲ ဒီကောင်မကို ပြောတာ မိစောဆိုတာ  မင်းကလဲကွာ ကလေးကို အားနာစရာ @ စောကိုဆို အ့လိုပဲ တအားအနိုင်ကျင့်တာ ဟွန်း ပြောမနာ ဆိုမနာတွေ ဆိုတာ မောင်မောင် သလောပေါက်လိုက်တယ် ဖြိုးလေးကလဲ စတက်တာက လွဲရင် ကူညီရိုင်းပင်းတက်သူ ဆိုတာ သိထားပြီးမို့လေ။ ခလေးကိုတော့ သနား မိသလို လိုပေါ့ ရင်ထဲမှာ။ ဆိုင်ကယ်နဲ့ ဖြိုးလေး တိုက်ခန်းကို သွားတော့ အစောကပဲ ဆိုင်ကယ် မောင်းတယ်။ ခုနကလဲ ဆိုင်ကယ် စီးခဲ့ပေမယ့် အခု စော နောက်ကနေစီးတော့မှ စောခါးလေးကို ကိုင်ထားချင် မိတယ်။  ခါး ကိုင်လို့ရလား စောလေး • ဟုတ်ကဲ့ အကိုရတယ် ဘာမှ မစိုးရိမ်နဲ့ စော မန်းလေးသား အစစ်ပါဗျ  အင်းပါ ကိုက စီးနေကျမဟုတ်လို့ပါ • ဟုတ် ခါးကိုကိုင်ထားရင်းက ပိန်ပိန်ပါးပါး ခါးလျားရှေရှေနဲ့ စောရဲ့ ခါးလေးကို မသိမသာ ညှုစ်လိုက် မိတယ်။ စောကတော့သိမယ် မထင်ပေ။ တကယ်တမ်း ညှုစ်မိတာက တခြားစိတ်ကြောင့် မဟုတ်ပဲ စောကို အားပေး ချင်မိလို့ပါ။ တိုက်ခန်းရောက်တော့ မောင်မောင့်ကို ထားခဲ့ကာ စော ကဆိုင်ကို ပြန်သွားတယ်။ သူက ဖြိုးလေးကို ပြန်ကူပေးရဦးမာလေ။ မောင်မောင်လဲ ရေမိုးချိုးကာ အိပ်လိုက်တယ်။ ညနေဖက်ရောက်တော့ ဖြိုးလေးက ဖုန်းဆက်တယ် ခနနေ စောကို လွှတ်လိုက်မယ် သွားချင်တဲ့နေရာ လိုက်ပို့ ခိုင်းလိုက်တဲ့။ ဖြိုးလေး ဖုန်းဆက်ပြီး မကြာခင်မှာပဲ သောရောက်လာတယ်။ အချိန်က ညနေနေကျချိန်လေးပေါ့။ • အော် အကို ဒီကိုခနလေး လာဦး  အင်း ဘာလို့လဲ အစော ဘာမှန်းမသိပေမယ့် အစောခေါ်လို့ တိုက်ခန်းရဲ့ ဝရံတာကို သူထွက်လာခဲ့စဉ်မှာပဲ • ဟိုးမှာကြည့် အကို မနက်က စော ပြမလို့ မေ့သွားလို့  ဟင် လှလိုက်တာ ဒါ ဘယ်နေရာလဲ အစော • ဟုတ်တယ်အကို အဲ့ဒါ တောင်သမန်အင်းလေ ကျနေထိုးနေပေမယ့် ရေပြင်အရောင်က ဖိတ်ဖိတ်တောက်ခါ ရေနဲ့နေရဲ့ ပဏ္ဍာရနေပုံက ပြောမကုန် ရှုမငြီး ပန်းချီကားကြီး သဖွယ်။ ကြည့်လို့ကို မဝတော့ပေ။  တော်တော်လှတာပဲ အစောရယ် • ဟုတ် အကိုရေချိုးလေ ပြီးရင် စောတို့ ဦးပိန်သွားရင်း ညစာစားကြတာပေါ့  အိုခေ စော ကို အရမ်းပျော်သွားပြီ သူတို့ နှစ်ယောက် ဆိုင်ကယ်စီးရင်း စကားတွေပြော ဖြစ်ကြတယ်။  စော နာမည် အရင်းက ဘယ်သူလဲ • စောနာမည် ပြောရင် မရီနဲ့နော်  အင်းပါ စော ရ ကို့နာမည်က မင်းမောင်မောင် • ဟုတ် စော နာမည်က အမုန်းစော ပါ  ဟင် ဘယ်လိုကြီးလဲ နာမည်ကလဲ • စောနာမည် ကိုပြောပြတိုင်း သူ့ရာဇဝင်ကို ရှင်းပြရတယ် တကယ်က စော မေမေ ကို ဖေဖေက အတင်း သိမ်းပိုက်ယူ သလိုဖြစ်ခဲ့တယ်လေ စော ကိုယ်ဝန်နဲ့ ဆိုတော့ မေမေက မချစ်ပဲနဲ့ ဖေဖေ့ကို လက်ထပ်ခဲ့ရတယ် တကယ်တမ်း လက်ထပ်ပြီးမှ ဖေဖေက မေမေ့ကို သိပ်ချစ်တာ မေမေ နားလည်ခဲ့တယ် ဒါပေမယ့် စောကို မွေးတဲ့နေ့မှာပဲ ဖေဖေ အလုပ်ထဲမှာ အက်စီးဒင့် ဖြစ်ပြီး ဆုံးသွားတယ် အဲ့ဒါကြောင့် မေမေက နောင်တတွေရပြီး စောကို အမုန်းစော ဆိုပြီး မှည့်ခဲ့တာ  အော် ဒီလိုလား နာမည်လေးက လှပါတယ် အဆန်းလေးပေါ့ ဦးပိန် တံတားရောက်တော့ နေဝင်သွားပါပြီ။ လေတဖြူးဖြူးနဲ့ တံတားရဲ့ ခုံလေးမှာ ထိုင်ရင်း စော အကြောင်းတွေ မေးမိပြန်တယ်။ ပြုံးပြုံးလေးနက် ဖြေတက်တဲ့ စောရဲ့ မျက်နှာလေးမှာ အားငယ်မှုတွေ စွန်းထင်းနေတာ မောင်မောင် ရင်ထဲက အလိုလို သိနေတယ်လေ။ • စော ကခုမှ ပထမနှစ် တက်နေတာပါ ကိုဖြိုးလေးနဲ့ လာနေ ဖြစ်တာကလဲ ကျောင်းတက်ရင်း တဖက်တလမ်းက အကုန်အကျ သက်သာအောင် ဝိုင်းလုပ်ဝိုင်းစား သဘောမျိုးနဲ့ပါ ကိုလေး  ဘယ်လို ခေါ်လိုက်တယ် အစော • အဲ စောတီးနော် အကို မကြိုက်ရင်မခေါ်ပါဘူး စော စိတ်ထဲပေါ်လာတာ ခေါ်လိုက်မိတာပါ  ရပါတယ် ကိုက တခါမှ အ့လို အခေါ်မခံဘူး လို့မေးကြည့်တာပါ စော သဘောပါဗျာ အပြန်လမ်းမှာ စောကို နောက်က ထိုင်ခိုင်းပြီး မောင်မောင်ပဲ ဆိုင်ကယ်ကို မောင်း ခဲ့ပါတယ်။ ဖြေးဖြေးလေး မောင်းရင် လမ်းဘေးက မြင်ကွင်းလေးတွေကို လိုက်ကြည့်နေမိတယ်။ စောက နောက်က ထိုင်ရင်း မောင်မောင့် ခါးကို လက်တစ်ဖက်နဲ့ ဖက်လာတော့ မောင်မောင် ခါးကိုအသာပဲ နောက်သို့ မှီလိုက်မိပါတယ်။ လူနှစ်ဦးရဲ့ နီးကပ်မှုဟာ ဘာသာစကားမလိုပဲ ရင်ဘတ်ခြင်း ထပ်ရပ် ဖြစ်စေ ပါသလား။ ရိုးသားတဲ့ စကားတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ခါ ပြောရင်းက မျက်လုံး တွေက ရင်ဘတ်ထဲက သင်္ကေတတွေကို မြင်တက်ပါသလား။ အမှောင်ဆိုတာ အမိုက်ကို အားပေးလို့လား။ သူတို့ နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ တောင်သမန်ဘေး မှာ စတင်တေးဆိုနေပြီလေ။ ဆက်လက် တင်ပြ သွားပါမည်။ ကျေးဇူးတင်စွာဖြင့် ကိုလေး တောင်သမန်းအင်းနှင့် ချစ်ခြင်းသံစဉ် မောင်မောင် နောက်ကဖက်ထားတဲ့ စောရဲ့ လက်သွယ်သွယ်လေးတွေကို ဖြစ်ညှုစ်ခါ ကိုင် လိုက်ရင်းက  ပြသနာပဲ စောရယ် ကို တအားထိန်းချုပ်ရ ခက်နေပြီ • ဘာလို့လဲ ကိုလေး အပေါ့သွား ချင်လို့လား  ဟာကွာ ပေါက်ပေါက်ရှာရှာ ကို စောကို ချစ်မိတာတွေ ထိန်းချုပ်ဖို့ ခက်နေပြီလို့ ပြောတာပါ • အော်! အယ် အခုပြော လိုက်တာ မဟုတ်ဘူးလား ကိုလေးကလဲ  အဲ ဟုတ်တယ် အဟဲ ပြောချလိုက်ပြီ မနေနိုင်လို့ ကို စောကို ချစ်မိနေပြီ စောရယ် • စောကတော့ မချစ်ပါဘူး ကိုလေးကို  ဟင် ဘာဖြစ်လို့လဲ စောရယ် ကိုက ရုပ်ဆိုးလို့လား • မဟုတ်ဘူး တုံးလို့ အလို့ သိပြီလား ဟင်း ဒိလောက်ထိ နောက်ကနေ ဖက်ထားမှတော့ စောက မချစ်ပဲ ဖက်ပါ့မလား ကိုလေး ငတုံးကြီးရဲ့  ဟား ပျော်လိုက်တာ စောရယ် ပျော်လိုက်တာ ကျွီးးးးးးးးး • အား အမလေး ဘာ ဘာဖြစ်တာလဲ ကိုလေး ရုတ်တရက် မောင်မောင် ဆိုင်ကယ်ကို လမ်းဘေး ထိုးရပ်လိုက်တာမို့ နောက်ကနေ ဖက်ပြီးမှီလိုက် လာတဲ့ စော ဟန်ချက်ပြက်သွားကာ အလန့်တကြား မေးမိပါတော့တယ်။  ဘာမှ မဖြစ်ဘူး ပျော်လို့ ရွှတ် • ဟာဗျာ ကိုလေး တော်တော် ဆိုးတယ် လမ်းမကြီးမှာ  အရမ်း ပျော်လို့ပါစောရယ် လမ်းကမှောင်နေတာပဲ အဟဲ ကို့ကိုလဲ အာဘွားပေးဦးလစော ရာ စော လမ်းပေါ်က လူအခြေအနေကို ကြည့်လိုက်တော့ သူတို့ ကန်တော်ကြီးနားရောက် နေပြီး လူလဲရှင်းနေတာမို့ မောင်မောင့် ပါးလေးကို ရွှတ်ခနဲ ပြန်နမ်း လိုက်ပါတော့တယ်။ မောင်မောင် မချင့်မရဲနှင့် စောကို ဖက်ခါ ဖျစ်ညှုစ်ပြစ်လိုက်ပါတော့တယ်။ • ကဲ သွားပါတော့ က်ုလေးရဲ့ ဟိုမှာ ဆိုင်ကယ် လာနေပြီ အဲဒီနေ့က အလည်လွန်ကာ အိမ်ပြန်နောက်ကျ နေပါတော့တယ်။ အိမ်ရောက်တော့ ပြုံးဖြီးဖြီးနဲ့ ပူးပူးကပ်ကပ် ဖြစ်နေတဲ့ သူတို့ပုံစံကို ကြည့်ကာ ဖြိုးလေးက စလို့မဆုံးတော့ပေ။ ညအိပ်ခါနီးတော့ ဖြိုးလေးက သူ့အခန်းထဲ သူဝင်သွားတော့ စောက မောင်မောင့်နားမှာ လာအိပ်ပါတယ်။ မျက်နှာချင်း ဆိုင်ကာ ပူးကပ်ဖက်ထားပြီး စောရဲ့ နှဖူးလေးတွေ ပါးလေးတွေ မျက်ခုံးလေးတွေ မျက်ခွံလေးတွေ နှာခေါင်းလေးတွေ အနှံ့ မောင်မောင် နမ်းနေမိတယ်။ စောကလဲ မောင်မောင့် နှုပ်ခမ်းတွေကို စုပ်ယူ ခါ နမ်းရှိုက်ပြန်ပါတယ်။ ခုတွေ့ခုချစ် ခုဖြစ်တဲ့ သူတို့ အချစ်က ပေါ့ပျက်နေတယ်လို့ ခံစားရတယ်လေ။ ဒါ့ကြောင့် မောင်မောင် စောရဲ့ ပုခုံးလေးကို ကိုင်လှုပ်ခါ  စောလေး • ပြောလေ ကိုလေး  ကို့ကိုတကယ် ချစ်ရဲ့လားဟင် • အင်း စော ကတော့ ချစ်တယ် ထင်တာပဲ စော ကိုလေးကို စတွေ့တွေ့ ချင်းမှာပဲ ရင်ခုန်ခဲ့တာလေ စောက ကိုလေး ထက်အရင် ချစ်တဲ့သူပါ ကိုလေးရယ်  အင်း ထားပါတော့ ကိုတို့ အချစ်တွေကို တောင်သမန် အင်း ကြီးမှာ တိုင်တည်ရအောင်နော် • ကိုလေး သဘောပါဗျာ မောင်မောင် စောရဲ့ လက်ကို ဆွဲပြီး တိုက်ဝရံတာကို ထွက်ခဲ့လိုက်တယ်။ ပြီးတော့ လရောင်အောက်မှာ မြင်နေရတဲ့ အင်းရေပြင်ကို ငေးကြည့်ရင်းက  ကျနော် မောင်မောင် သည် အမုန်းစော အား တကယ့်မေတ္တာစစ် မေတ္တာမှန်ဖြင့် ချစ်မိပါသည်။ ဤသစ္စာ စကားမှန်ကန်ပါက အမုန်းစောနှင့် သေတပန် သက်တဆုံးပျော်ရွှင်စွာ နေရပါလို၏။ ဖေါက်ဖျက်ခဲ့ သည်ရှိသော် တောင်သမန်ရေ၏ ဒုထည်နှင့်တူညီသော ဒုက္ခများ ဘဝဆက်ဆက် ခံသားရပါစေသား။ • ကိုလေး မောင်မောင့် ပုခုံးကို လာကိုင်ခါ အသော ခေါ်လိုက်တာမို့ မောင်မောင် လှဲ့ကြည့်မိတော့ စော မျက်ရည်တွေ ကျနေတာပဲ။  ဘာလို့လဲ စောလေး ရယ် မငိုပါနဲ့ကွာနော် • စော စောလေ အရမ်း ဝမ်းသာပြီး အရမ်းလည်း ဝမ်းနည်းတယ်  ဘာလို့လဲ စောရာ မောင်မောင် စောရဲ့ ပုခုံးလေးကို ဖက်ခါ အားပေးနှစ်သိမ့်ရင်း မေးမိတော့ • စော အဲ့လို မကြိမ်ရဲဘူး ကိုလေး စောကြောက်တယ် စောလေ က်ုလေးကို ချစ်ပါတယ် ကိုလေး စောကို ဒိလောက်ချစ်တာ သိရတော့ အရမ်းဝမ်းလည်း သာတယ် စောကို စိတ်ဆိုးလား ဟင်  မဆိုးပါဘူးစောရယ် စောလဲ စိတ်မကောင်းမဖြစ်နဲ့ စောက ကို့ကိုယ်ကို မယုံကြည်ရဲ သေးလို့ပါ ရတယ် စော ဘာမှ မဖြစ်ဘူး ဟူတ်ပြီလား လာ အထဲဝင်ရအောင်နော် အဲဒိညက သူတို့ နှစ်ယောက်လုံး မနက်မိုးလင်းထိ မအိပ်ဖြစ်ကြပါ။ မနက်မိုး လင်းတာနဲ့ မနက်စာ အတူထွက်စားကြတယ်။ ဖြိုးလေး နိုးလာတော့ စောက ဆိုင်ကူဖွင့်ပေးဖို့ လိုက်သွား တယ်လေ။ မောင်မောင်လဲ နောက်နေ့ပြန်ဖို့ ပြင်ဆင်ရပြီပေါ့။ ညနေ ၃ နာရီလောက် ရောက်တော့ စော ပြန်ရောက်လာတယ်။ မျက်နှာကြည့်ရတာလဲ ရှုံ့မဲ့နေတာပဲ။  ဟင် စောလေး ဘာဖြစ်လာတာလဲ ဆိုင်ကယ်တစ်ခုခုဖြစ်လာတာလား ဘယ်လိုဖြစ်တာလဲ • မဟုတ်ဘူး ကို စောလေးဖက်နာ ပြန်ထတာ စိတ်ညစ်ပါတယ် စာမေးပွဲက ၃ ရက်ပဲလိုတော့တာကို  ဟာ ဘယ်ဖြစ်မလဲစောရဲ့ ဆေးခန်းသွားရမှာပေါ့ လာ လာ ကိုယ် လိုက်ပို့မယ် • ဟင့်အင်း မသွားချင်ဘူး စောမျက်နှာလေး ညှိုးကျသွားတော့ မောင်မောင် အရမ်းစိတ်မကောင်း ဖြစ်ရတယ်။  မရဘူး စောရာ ကို့ကို ချစ်ရင် ကို့စကားနားထောင်ပါကွာ နော် စော လာပါကွာ အဲဒိနေ့ညက တညလုံးစော ညည်းငြူနေတာကို မောင်မောင် ရင်နင့်စွာ ခံစားရင်း အရိပ်တကြည့်ကြည့်နဲ့ ပြုစု ပေးခဲ့တယ်။ စောအိပ်ပျော်သွားမှ ဖြိုးလေးလဲ ပြန်ရောက် လာတယ်လေ။ @ သူက အဲ့လိုပဲ ဟေ့ကောင်ရေ သူ့အိမ်ကလဲ အဆင်မပြေဘူးကွ သူကလဲ ကျောင်းတဖက်နဲ့ ဆိုတော့ တခုခုဖြစ်ရင် အဲ့လိုပဲ ပေခံနေတာ ငါသိမှပဲ ဆေးခန်းအတင်းသွား ခိုင်းရတာ အိပ်ပျော်နေတဲ့ စောမျက်နှာလေးကို ကြည့်ကာ မောင်မောင် သက်ပြင်း ချလိုက်မိပါတော့တယ်။ နောက်နေ့ မနက်ရောက်တော့ စော အတော်လေး သက်သာသွားပြန်ပါတယ်။ ဆိုင်တော့ မလိုက် တော့ပေ။ ညနေဖက်ရောက်တော့ မောင်မောင် ပြန်ဖို့ ပြင်တင်ရပြီလေ။ ရေချိုးခန်းက ထွက်ခါ စော ကို မတွေ့လို့ ကြည့်လိုက်တော့ ဝရံတာကနေ ငေးနေတာ တွေ့ရတယ်။  လေစိမ်းတေတိုက်မယ်လေ စောလေးရ အထဲမှာပဲ နေပါလား • ကိုလေး ကြားလားဟင်  ဘာကိုလဲ လေတွေတိုက်နေတဲ့ အသံပဲ ကြားတယ် စောရ • ကိုလေး ပြန်မယ်ဆိုလို့ တောင်သမန်အင်းကြီးတောင် စောအစား ငိုနေပြီ ကိုလေးရယ် စော ပြောမှ စောပုခုံးကိုကိုင်ကာ မောင်မောင့်ဖက် လှဲ့လိုက်တော့ စော မျက်ရည်တွေ ကျနေတာ ပါလား။ သူ စိတ်မကောင်းဖြစ်ခါ စောကို ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး  ကိုလဲ မပြန်ချင်ပါဘူး စောရယ် ဒါပေမယ့် အလုပ်တွေက ရှိသေးတယ်လေ စော စိတ်ချပါ ဒီ တောင်သမန်ရေတွေ မခမ်းသရွေ့ စောကို ကိုချစ်နေမှာပါ • ခနလေးလာပြီး စောကို အလွမ်းတွေနဲ့ ပိတ်လှောင်ခဲ့မှာတော့ ကိုလေး ရက်စက်လွန်း ပါတယ် ကိုလေးရယ်  စောရယ် စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့ကွာ စော စာမေးပွဲပြီးရင် ဒီနှစ်ကို အဝေးသင် ပြောင်းမယ်ဆို အဲ့ဒါဆို ကိုပြောသလိုလုပ် စာမေးပွဲ ပြီးတာနဲ့ ကို့စီလာခဲ့ ရန်ကုန်မှာ အလုပ်တခု ရှာလုပ်ပေါ့ ကိုလဲ ဝိုင်းရှာပေးမယ်လေ • ဟုတ် ကိုလေး  စောရယ် စောဘဝလေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေး ကိုမြင် ချင်တယ် ဒါတကယ့် ကို့စေတနာ အမှန်ပါ • ဟုတ်ကဲ့ စော နည်းလည်ပါတယ် ကိုလေးရယ် အမုန်းစောက လူငယ်တစ်ယောက်မို့ အပေါင်းအသင်းတွေ နဲ့ပေါ့ပါးလွတ်လပ်စွာ နေတက်တာ လေးတွေရှိတာ ဖြိုးလေး ပြောပြလို့ မောင်မောင် သိထားပါတယ်။ မောင်မောင်က စောက်ု တည်ငြိမ်သူလေး တစ်ယောက်အဖြစ်နဲ့ မြင်ချင်တာလေ။ နောက်ပြီး မောင်မောင်ကလဲ ကျိုးစားရုန်းကန် နေရသူမို့ စောကိုလဲ အပြည့်အဝထောက်ပံ့ ပေးနိုင်မှာ မဟုတ်ပေ။ ဒါ့ကြောင့် စောကို ရန်ကုန်ခေါ်ပြီး အလုပ်တစ်ခုခုလုပ် စေချင်ခဲ့တာလေ။ စောကလဲ လက်ခံပါတယ်။ တိုက်ခန်းကနေ ထွက် တော့ နှစ်ယောက်သား တောင်သမန်အင်းကြီးကို ငေးကြည့်နေမိ ကြသေးတယ်။ အင်းဖက်က နေ တိုက်လာတဲ့ လေတိုးသံတွေက အလွမ်းတွေနဲ့ ဖွဲ့သီတဲ့ တေးသံတွေ အလား နှလုံးသားကို နွမ်းခွေ နှုံးချိစေတာ အမှန်ပင်။  ချစ်တယ် စောရယ် ဆက်လက် တင်ပြ သွားပါမည်။ အားပေးသူများကို ကျေးဇူးတင်စွာဖြင့် ကိုလေး မည်သူကိုမျှ မရည်ရွယ် စိတ်ကူးသက်သက်ပါ တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်စေလိုပါသည်။ တောင်သမန်အင်း နှင့် ချစ်ခြင်းဖွဲ့သံစဉ်(၃) မောင်မောင် ရနိကုန်ကို ရောက်ပြီး နောက်တလ အကြာမှာပါ စော ကို ရန်ကုန်သို့ လာနေရန် ခေါ်လိုက်ပါတော့တယ်။ အတူနေရပြီဆိုတော့ နှစ်ယောက်စလုံး အရမ်းကို ပျော်နေကြတယ်လေ။ ကိုချစ် တဲ့သူနဲ့ ၂ ယောက်ထဲ လွတ်လပ်စွာ နေထိုင်ခွင့်ရတာ ဘယ်သူက မပျော်ပဲ ရှိပါ့မလဲ။ မောင်မောင် အလုပ်က ပြန်လာရက် အစောက သနပ်ခါး အဖွေးသားနဲ့ စောင့်နေတက်တာလဲ မောင်မောင့် အတွက် အမောပြေစရာ။ မောင်မောင် ကြိုက်တက်တဲ့ ဟင်းလေးတွေ ချက်ပေးထားပြီး နှစ်ယောက်သား ထမင်းလက်စုံစား ရတာလဲ ကြည့်နူးစရာပါပဲ။  စောလေး မနက်ဖြန် အင်တာဗျူး ရှိတယ်ဆို • ဟုတ် ကိုလေး Junstion Square က အလှကုန်ပစ္စည်း ဆိုင်တစ်ခုမှာ အရောင်း တဲ့  ကောင်းပါတယ် ဒါပေမယ့် ဘယ်အလုပ်မဆို ကျိုးစားဖို့ လိုတယ်နော် စော အဲဒါမှ ကို့ အတွက် အတွေ့အကြုံလဲရမယ် ပညာလဲရမယ် တိုးတက်မှုလဲ ရှိမှာ • ဟုတ်ကဲ့ပါ ကိုလေးရဲ့ စော ကျိုးစားမှာပါ ဒါမှ ကိုလေးကိုလဲ ပြန်ပြီး ကူနိုင်မှာလေ  ကိုက မလိုပါဘူး စောရယ် အော် ဒါနဲ့ စော ဖုန်းဘေလ်ကုန်နေတာ မဟုတ်လား ကို့ကို စောစောထဲက မပြောဘူး မိုးတောင်ချုပ်နေပီ ခနလေး ကို့သူငယ်ချင်းကို ဖုန်းဆက် မှာ လိုက်မယ် • ဟာနေပါစေ က်ုရယ် စော တစ်ညတစ်လေ မသုံးရလဲ ဘာမှ မဖြစ်ဘူး မောင်မောင် စောကို လက်ညှိုးလေး ထောင်ပြ လိုက်ပြီး သူ့သူငယ်ချင်းစီ ဖုန်းခေါ် လိုက်ပါတော့တယ်။ အ့လို ချစ်ကြတာပေါ့။ နောက်နေ့မှာတော့ စော အလုပ်ရပါတော့ တယ်။ စောကလဲ အလုပ် မောင်မောင်ကလဲ အလုပ်နဲ့မို့ ညဖက်တွေမှ သာတွေ့ရပါတယ်။ တွေ့ကြ တော့လည်း စားဖို့သောက်ဖို့ ချက်ပြုတ်ရ လျှော်ဖွတ်ရနဲ့ အိပ်ယာဝင်တော့လဲ ပင်ပန်းပြီး အိပ်ပျော် သွားကြ တာများပါတယ်။ ဒီနေတော့ တနင်္ဂနွေနေ့မို့ မောင်မောင် နိုးနေပေမယ့် မထသေးပဲ စောကို ဖက်ခါ နှပ်မလို့ လုပ်နေတုန်းမှာပဲ • ခနဖယ်ဦး ကိုလေး စော အပြင်ခနသွားမလို့  ဟင် ဒီနေ့ပိတ်ရက် မလား စောရဲ့ • ဟုတ်တယ် ဒါပေမယ့် အလုပ်က အကိုတစ်ယောက် မွေးနေ့မို့ အဖွဲ့လုံးကို ကျွေးဖို့ ခေါ် ထားတာ ကိုလေးရ ဖယ်ဖယ် စော နောက်ကျနေပီ ရေချိုးတော့မယ် ပါးစပ်ကလဲပြော ဖက်ထားတဲ့ မောင်မောင်ရဲ့ လက်ကို အတင်းတွန်းဖယ်ခါ ရေချိုးဖို့ ထသွားတဲ့ စောရဲ့ နောက်ကျောကို ကြည့်ခါ မောင်မောင် စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားလိုက်ရတယ်။ စိတ်မကောင်းတာလား ဝမ်းနည်းတာလားတော့ မပြောတက်ပေ။ စော ရေချိုးပြီး ပြန်ထွက်လာတော့ အိပ်ယာထဲ လှဲနေတဲ့ မောင်မောင့်ဘေး လာထိုင်ခါ မောင်မောင့်ပါးကို နမ်းလိုက်ရင်း • ကဲ ထတော့လေ ကိုလေးရဲ့  နားရက်ဆိုတော့ ထသေးဘူးကွာ • ကဲသဘောသဘော စော မျက်နှာကို ပါးပါးလေး ပြင်လိုက်ခါ အဝတ်အစား လဲတာကို မောင်မောင် ကြည့်နေရင်းက စော အရင်ကနဲ့ မတူပဲ တအားလှ လာတာ သတိထားမိတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အလှပြင်ပစ္စည်းဆိုင် မှာ ပလုပ်လုပ်တာမို့ ပြင်တာဆင်တာကအစ အတော်လေး ကြည့်ကောင်း လာတယ်။ မောင်မောင် သက်ပြင်းကို အသာချမိရင်း  စော ရော့ ဒီမှာ တစ်သောင်းယူသွား လောက်ကော လောက်ပါ့မလား • ဟုတ် လိုလိုမယ်မယ် ယူသွားလိုက်မယ် လက်ဆာင်ကတော့ တဖွဲ့လုံးစု ဝယ်ပေးမှာ ဆိုတော့ သိပ်မကုန်ပါဘူး ကိုလေး မနက်စာ ကို့ဖာသာစားလိုက်တော့နော် စော ၄ နာရီလောက်တော့ ရောက်အောင်ပြန်ခဲ့မယ် မောင်မောင် နာရီကိုကြည့်တော့ မနက် ၈ နာရီကျော်ရုံလေး ရှိသေးတယ်။ စောရယ် ပိတ်ရက် လေးမှာ မင်းနဲ့ကို အတူနေချင်တာ မသ်ဘူးလားကွာ။ ဒုတိယအကြိမ် သက်ပြင်း ချမိပြန်ပြီလေ။ ဒါပေမယ့် သိပ်ချစ်တော့လဲ မပြောရက်ခဲ့ဘူး စောပျော်ရွှင်နေတာလေး ကြည့်ပြီး စော မျက်နှာပျက်သွား မှာကို လုံးဝမလိုလားဘူးလေ။ ညနေရောက်တော့လဲ စောပြန်လာတာ ၆ နာရီပင် ကျော်ပြီ။ ရောက်တာ နဲ့ တနေကုန်ပျော်ပါးခဲ့ ပုံတွေ ရေပက်မဝင်အောင် ပြောနေတဲ့ စောကို အအေးလေး တိုက်ပြီး ပြုံးပြုံးလေး ပဲနားထောင်နေလိုက်တယ်။ ရင်ထဲမှာတော့ တခုခုကို တမ်းတနေမိတယ်။ ကိုလေးကို သတိရတယ် ဆိုတာမျိုးပေါ့။ ကိုလေး ဘာတွေလုပ်နေလဲ ဆိုတာမျိုးပေါ့။ ဒါပေမယ့် ပါမလာ။  ကဲ စောလေး ရေချိုးဦးနော် အိပ်တော့မှ အေးဆေး ပြော ဟုတ်ပြီလား • ဟုတ် ကိုလေး ထိုင်ရာက ထရင်း မောင်မောင့်ပါးကို ရွှတ်ခနဲ နမ်းသွားတော့လဲ မောင်မောင် ကျေနပ်စွာ ပြုံးလိုက် ရပြန်ပါတယ်။ စောရယ် ကို စိတ်မောလိုက်တာကွာ။ ဒီလိုနဲ့ နောက်ရက် မောင်မောင် အလူပ်ကနေ ၅ နာရီပြန်ရတဲ့နေ့။ အရင်ကဆို ည ၈ နာရီမှ ပြန်ရတာလေ အိမ်ရောက်ရင် ၈ ခွဲ။ စောက ညနေ ၇ နာရီဆိုရောက်တာ။ ဒါပေမယ့် မောင်နောင် အိမ်ရောက်တော့ စောပြန်လာတာ ၈ နာရီထိုးနေပြီ။ • ဟာ ကိုလေး ဒီနေ့စောကြီး ပြန်ရောက်နေတယ် ကျန်း  အင်း စောက ဘာလို့ နောက်ကျနေတာလဲ • အော် ကားတွေ ပိတ်တာ သိသားနဲ့ ကိုလေးကလဲ  မဟုတ်ဘူးလေစောရဲ့ အလုပ်ဆင်းတာက ၅ ခွဲ အရင်ဆို ၇ နာရီဆို ပုံမှန် ပြန်ရောက် တယ်ဆို စော မျက်နှာလေး ညိုသွားကာ ခေါင်းကိုငုံ့လိုက်ပြီး • ကိုလေးက စောက်ု မယုံတော့ဘူး ကိုး  မယုံတာ မဟုတ်ပါဘူးစောရယ် ကိုက စိုးရိမ်လို့ပါ • အင်းပါ ပြီးတာပဲ အဲ့တာဆို စောရေချိုးတော့မယ်နော် ကို  အင်း ချိုး ကိုတော့ချိုးပြီးပြီ စော ရေချိုးနေတုန်း စော ဖုန်းလေးက အသံမြည်လာ ပါတော့တယ်။ တခါမှ စောဖုန်းကို မောင်မောင် ယူမကိုင်ပါ စည်း ထားတဲ့သဘောပေါ့။ ခုတော့ စောလဲ ရေချိုးနေတာမို့ ကိုင် လိုက်ရင်ကောင်း မလားစဉ်းစားရင်း ဖုန်းလေးကို ကြည့်လိုက်တော့ နာမည်မှတ်ထားတာက CTL တဲ့ ဘာလဲ ချစ်သူလေးလား။ မောင်မောင် ဖုန်းကို ဆန်ခနဲ ကိုင်ကာ အစိမ်းလေးက်ု နှိပ်ပြီး နားနဲ့ ကပ်လိုက် ပါတော့တယ်။ @ ချစ်တုန်း အိမ်ရောက်ပီလား ဖုန်းလဲ ချက်ခြင်းမက်ုင်ဘူး စိတ်ကောက်နေတုန်း ပဲလား ရင်ဘတ်ထဲမှာ ဒုန်းခနဲ မြည်ဟီးသံနဲ့ အတူ တရှိန်ထိုး စောင့်တက်လာတဲ့ နှလုံးခုန်နှုံးတွေက ရင်ဘတ်တောင် ပွင့်ထွက်သွားမတက်ပါပဲ။ ဖုန်းကို ဆက်နားမထောင် နိုင်တော့တာမို့ ပိတ်လိုက် မိတာနှင့် ဖုန်းက ချက်ခြင်းပြန်ဝင် လာပါတော့တယ်။ အဲဒိချိန်မှာပဲ စောလဲ ရေချိုးခန်းက ထွက်လာတာမို့ မောင်မောင် ဖုန်းကို ကိုင်ခါ စပီကာ ဖွင့်လိုက်ပါတယ်။ @ ချစ်တုန်းရယ် မောင်တောင်းပန်ပါတယ်ကွာ စိတ်မကောက်နဲ့တော့နော် အရမ်းချစ်တယ် အာဘွားကွာ နော် ချစ်တုန်း မောင်မောင့် အကြည့်တွေက ထီပေါက်ပီး လက်မှက်ပျောက်သွား သူတစ်ယောက်လို ကြောင်စီစီနဲ့ စောကတော့ သဘတ်လေးနဲ့ ခေါင်းကို သုပ်ရင်း ရပ်တန့်ငြိမ်သက်ခါ မောင်မောင့်ကို ငေးကြည့်နေ ပါတယ်။ သူတို့ အသံတွေ စို့နင့်ခါ စွံ့အ ကုန်ကြတာလား။ @ ချစ်တုန်းကလဲကွာ ချစ်တုန်း အက်ုပြန်လာတော့မယ် မဟုတ်လား မနက်မှ အလုပ်မှာ မောင် ဆက်ချော့မယ်နော် တာ့တာ အာဘွား စိတ်မကောက်နက် မလှပဲနေမယ် မောင့်ချစ်တုန်း တာ့တာ တဖက်က ပြောချင်တာပြောကာ ဖုန်းချသွား ပါတော့တယ်။ မောင်မောင် ဖုန်းတင်ထားတဲ့ စားပွဲ ဘေးမှာ ငုတ်တုတ် ထိုင်ချလိုက်မိတယ်။ ခံစားမှုက ဘာနဲ့နှိုင်းရမည်ပင် မသိတော့ပေ။ ရင်တခုလုံး တင်းကျပ် စို့တစ်ခါ ပေါက်ကွဲလုမတက်ပေ။ အခုချိန်က တစ်ခုခုလုပ်ဆိုရငါ လူတစ်ယောက်ကို ရက်စက်စွာ ဓါးနဲ့ စိမ်ပြေနပြေ ထိုးသတ်ချင်တယ်။ ပြီးတော့ ရင်ဘတ်တခုမှာ ဒါမှမဟုတ် ပုခုံး တစ်ခုမှာ အားရပါးရ ငိုချချင်တယ်။ စောရယ် စောလေးရယ် မင်း မင်းကွာ။ ပါးပြင်ကနွေး လာတာမို့ လက်နဲ့ ပွတ်မိတော့ မျက်ရည်တွေ။ ဘာလို့လဲ ဘာလို့ကျလာတာလဲ ကိုက သူ့ကို သစ္စာရှိစွာ ချစ်နေတာပဲ ဟုတ်တယ်လေ ကိုကသူ့ကိုပဲ ချစ်တာလေ ဒါပေမယ့် သူက သူက .......  ဒုန်း ဒုန်း ဒုန်း • ကိုလေး အ့လို မလုပ်ပါနဲ့ အီး ဟီး ဟီး အံဆွဲပါတဲ့ သစ်သားစားပွဲ ဘေးမှာ ထိုင်နေရင်းက ခုံခြေထောက်နဲ့ ခေါင်းက်ို စောင့်စောင့် တိုက်ချ လိုက်တာမို့ အစောက ပြေးကာ အတင်း ခေါင်းကို ဆွဲခါ ဖက်ထားတာပါ။ မောင်မောင် အတင်းရုန်း ပေမယ့် စောကလဲ မလွှတ်ပေ။  ဖယ် ငါ့ကိုလွှတ်ပေးပါ ငါ့ကို လွှတ်ကွာ • ဟင့်အင်း စော မလွှတ်ဘူး လုပ်ချင်စောကို ရိုက်လိုက်ပါ စောမှာ အပစ်ရှိတာပါ  ဖယ် ဆိုကွာ ဒုန်း • ဝုန်း အားးးး  ဟာ စော စော မောင်မောင် အတင်းရုန်းကာ စောင့်တွန်းလိုက်တာမို့ စော ပက်လက်လန်ခါ ကျသွားတာမို့ မောင်မောင် လန့်သွားကာ ချက်ခြင်း ပြေးထူတာပါ။ စောကို ရင်ခွင်ထဲ ထည့်ထားရင်းက စောမျက်နှာ ကို မောင်မောင် ငုံ့ကြည့်မိတယ်။ မျက်ရည်တွေနဲ့ သူ့ကိုကြည့်နေတဲ့ စောကို မြင်တော့ သူ့ရင်တွေ နာလိုက်တာ ပြောမပြတက်ပေ။ ဖက်ထားတဲ့ စော ခေါင်းကို ကြမ်းပြင်ပေါ်ချခါ မောင်မောင် အိမ်မှ ထွက်ခဲ့ပါတော့တယ်။ • က်ုလေး စော ကိုမထားခဲ့ပါနဲ့ အီး ဟီး ဟီး ကိုလေး ရေ နောက်နေ့ မနက်ရောက်တော့ အလုပ်ခွင့်တိုင်ခါ အလုပ်မဆင်းပဲ အိမ်ကို နေ့ခင်းဖက်မှ ပြန်ခဲ့ပါ တော့တယ်။ ဒီချိန်ဆို စော အလုပ်သွားပြီလေ။ သူစောနဲ့ မျက်နှာချင်း မဆိုင်ချင်ပေမယ့် စောပြန်လာရင် စားဖို့ တခုခုချက်ထားမည် ဆိုပြီး လမ်းမှာ ဈေးပင်ဝင်ဝယ်ခဲ့ မိသေးတယ်။ အော် ချစ်တာကိုး။ အိမ်ရောက်တော့ စားပွဲပေါ်မှာ စာလေးတစ်စောင် တွေ့တယ်။ စော ဒီကထွက်သွားပြီ လားဆိုတဲ့ အသိနဲ့ စောပစ္စည်းတွေ အရင်လိုက်ကြည့်မိတယ်။ မတွေ့တော့မှ စာကို အမြန်ယူခါ ဖက်လိုက် ပါတော့တယ်။ ကိုလေး / စော ကို ခွင့်မလွှတ်ပါနဲ့ စောလေ သူ့ကို ချစ်မိသွားတယ်ဗျာ စော သူနဲ့ အတူတူနေဖို့ ထွက်သွား ပါပြီ။ ကိုလေး ကျေးဇူးကို စော တစ်သက်လုံး သတိရနေမှာပါ။ ပစ်မှားခဲ့မိတာတွေ အတွက် စော ရှစ်ခိုးကန်တော့ တောင်းပန် ခဲ့ပါတယ်။ အမုန်းစော  ဟာ မဟုတ်ဘူးလေ စောရယ် မင်း မသွားရဘူးလေ မောင်မောင် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပါတော့တယ်။  မင်း ငါ့ကို မချစ်လဲ ရတယ် ငါ့နားကတော့ ထွက်မသွား သင့်ပါဘူး စောရယ် ရက်စက်လိုက်တာကွာ စေားးးးးး စောလေးးးးးးး အ့ဟားးး တောက် ဒုန်း ဒုန်း ဒုန်း  စောရေးးးးးးးးးးးးးးးးးးးးး ဆက်လက် တင်ပြ သွား ပါမည်။ အားပေးမှုကို အထူးကျေးဇူး တင်ပါတယ်ခမျာ့ က်ုလေး တောင်သမန်အင်း နှင့် ချစ်ခြင်းဖွဲ့သံစဉ် (၄) @ ဟာ ဘယ်ဖြစ်မလည်း ချစ်တုန်းရ • ဘာလို့လဲ မောင်ရာ ကျနော် ခု အိမ်က ဆင်းလာပြီ ဘယ်သွားရမှန်းမသိတော့ဘူး @ အဲဒါကို စော အစထဲက စဉ်းစားရမှာလေ ငါ့အိမ်မှာက အဖေတို့အမေတို့ရှိတယ် နောက်ပြီး အစ်မတွေလဲ ရှိတော့ ညအိပ်ညနေတောင် ယောက်ျားလေး သူငယ်ချင်းလာရင် ကြိုက်တာ မဟုတ်ဘူး • အဲ့တာဆို စောက ခုဘယ်လို လုပ်ရမှာလဲ စော စိတ်ညစ်တယ် သေသာသေလိုက် ချင်တော့ တာပဲ ဟင့် စော မိုက်တာပါ စောကိုက မိုက်တာ ဟုတ်တယ်လေ ကိုလေးနဲ့ နေနေတာ အားလုံးအဆင် ပြေနေတယ်။ ကိုလေးက စောကို အရမ်း ချစ်တယ်။ အဲဒါကို စောက တစ်နေကုန်အလုပ်မှာ အတူတူနေရတဲ့ စစ်သလွန် ဆိုတဲ့ ဒီကောင့်ကို သွားပြီး သာယာမိတာ။ သူကလဲ အစက ချစ်ပြနေလိုက်တာ အခုစော ဒုက္ခရောက်တော့ သူနဲ့မဆိုင် သလိုပဲ။ ကိုလေး စီက်ုလဲ စောဘယ်လို မျက်နှာမျိုးနဲ့ ပြန်သွားရမှာလဲ။ @ စော ဒီလိုလုပ်ပါလား ငါ့အသိအကို တစ်ယောက်ရှိတယ် သူ့စီမှာ အလုပ်လူလိုနေတယ် လို့ပြောထားတာ မကြာသေးဘူး အဲဒိမှာဆို နေစားစရိတ်ငြိမ်း အဆင်ပြေမယ်နဲ့တူတယ် • ဟုတ်လား ဘာအလုပ်လဲ စော လုပ်မယ် စောကိုပြောပေး @ အလုပ်ကတော့ မတက်လဲ သင်ပေးပါတယ် ဒါပေမယ့် စစ်သလွန် အသံတိတ်သွားတာမို့ သောစိတ်မရှည်တော့ပဲ • ပြောစမ်းပါ မောင်ရာ စော လုပ်မယ် ဘာပဲဖြစ်ဖြစ် @ အနှိပ်ခန်း စောရ ယောက်ျား လေးတွေ အချင်းချင်း ဆီနဲ့နယ်ပြီး နှိပ်ရတာ • ရတယ် စောလုပ်မယ် စိတ်အလို လိုက်မိတဲ့အမှား တစ်ခုက ဘယ်အထိ ဆက် ဒုက္ခပေးနေမည် မသိပေ။ စော အနှိပ်ခန်းမှာ အလုပ်ရပါတယ်။ ဒါပေမယ့် နှိပ်ရတာက ကိုယ်တုံးလုံးတွေ။ ဆီနဲ့ တကိုယ်လုံးကို ပွတ်နယ်ပြီး နှိပ်ရတာ။ လာတဲ့သူအများစုက အနှိပ်ခံတာထက် sex ကိစ္စအတွက် သာများပါတယ်။ စောတို့ကို မုန့်ဖိုးပေးပြီး အာသာဖြေ ကြတယ်။ တခါတလေလဲ ခပ်ငယ်ငယ် ခပ်တောင့်တောင့် တွေဆို ကိုကိုယ်တိုင်က စိတ်ပါမိတာ ရှိပါတယ်။ အဲဒိတော့ တနေ့တနေ့ လုပ်လိုက်ရတဲ့ sex ကိစ္စ ပြီးတာလဲ ရှိသလိုမပြီး တာလဲရှိတယ်။ နဂိုထဲက ခပ်ပိန်ပိန် ရှည်ရှည်စောက အခုတော့ အတောင်ပင် ချောင်ကျ နေပါပြီ။ နောက်တခုက sex ကိစ္စဆိုတာ ကိုကိုယ်တိုင်လဲ ကောင်းတယ် ပိုက်ဆံလဲရတယ် ဆိုတော့ အ့ဒိဘဝမှာ သာယာနေမိတာပေါ့။ တကယ်တမ်း တွေးကြည့် စောလို ငယ်ငယ်ချောချော ကောင်လေး တစ်ယောက်ကို အပြင်မှာ ပိုက်ဆံ တစ်သောင်းပေးမယ် အတူအိပ်မလားဆိုပြီး ပြောရဲတဲ့ သူရှိမယ်တောင် မထင်။ ခုတော့ စော ဘဝက အသုံးတော်ခံ ဘဝရောက်ရပီ။ အနေဝေးလေ ကိုလေး က်ုသတိရ တမ်းတစိတ်တွေ များလေပါပဲ။ ကိုလေးရဲ့ စေတနာ မေတ္တာ အကြင်နာတွေ စော ကိုဘယ်သူမှ ထပ်ပေးနိုင်မယ်လို့ စော မထင်ဘူး။ အဲဒိချိန်မှာပဲ စော ရဲ့ ဖောက်သယ် အကိုကြီး ( အသက် ၄၀ ကျော်ခန့်ပေါ့ ) တစ်ယောက်က စောကို အမြဲတမ်း မုန့်ဖိုးတွေ အများကြီးပေးပြီး အပြင်မှာတွေ့ဖို့ ချိန်းတော့ စောလဲ အလုပ်နားရက်ကို တွေ့ဖို့ လက်ခံလိုက်တယ်။ # စောလေး ကို ကိုကြီး အကူအညီ တစ်ခုတောင်းစရာ ရှိတယ် @ ဟုတ်ကိုကြီး ပြောလေ စော တက်နိုင်တာဆို ကူညီပေးပါ့မယ် # အင်း ကိုနဲ့ အရမ်းခင်တဲ့ ညီလေး တစ်ယောက်ရှိတယ် သူကလဲ HM တစ်ယောက်ပေါ့ သူ့ ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲတာ ၅ လလောက်ရှိပြီ အဲဒါကို သူက အခုထိ အရမ်းကို တမ်းတပြီး တသသဖြစ်နေတာ ကိုမကြည့်ဘူး အဲဒါကြောင့် စောကို အကူအညီတောင်းမလို့ @ ဗျာ စောက ဘယ်လို ကူညီရမှာလဲဗျ # သူ့ကို ဒီနေ့ ကို့ အိမ်ခေါ်ထားတယ် စော သူ့ကိုနှိပ်ပေးရင်း စောသူ့ကို ဘယ်လို ပြောမလဲကွာ စောသူ့ကို စောကို စိတ်ဝင်စားလာအောင် စည်းရုံးပေးပြီး သူ့ကို ပျော်ရွှင်အောင် လုပ်ပေးပါလား အဲဒိအတွက် ကိုကြီး ဘောက်ဆူးကောင်းကောင်းပေးပါ့မယ် @ ရပါတယ် ကိုကြီး တကယ်လို့ သူတကယ်စိတ်ဝင်စား လာရင် စောတို့က တကယ့် ချစ်သူတွေ ဖြစ်သွားကြမှာ စောဖက်က ဆက်ပြီး မကူညီနိုင်တဲ့အချိန် ကြရင် အဲဒိကိစ္စကို ကိုကြီး တာဝန်ယူပေးရမယ်နော် # အိုခေ စော ကိုကြီး သဘောပေါက်တယ် အဲဒါကိုကြီး တာဝန်ထား စောသာ စောအပိုင်း ကို အောင်မြင်အောင်လုပ် ချစ်သူဖြစ်တာနဲ့ ကိုကြီး ၃ သိန်း ဆုချမယ် ၃ သိန်းဆိုတော့ မဆိုးဘူး စော ပျော်သွားတယ်။ က်ိုကြီး တိုက်ခန်းကို ရောက်တော့ စောကို ကိုကြီး အခန်းမှာ နားနေခိုင်းတယ်။ ကိုကြီးကတော့ ဖုန်းဆက်ပြီး သူ့လူကိုခေါ်နေတယ်။ ခနနေတော့ အဲဒိလူရောက်လာတော့ ကိုကြီးက # စော ဒီထဲမှာပဲ ခနနေနော် ဒီကောင်က ငြင်းမှာ ကိုကြီး ကြည့်ပြီး စည်းရုံးလိုက်မယ် ဒီကောင်ကြီးကျေးဇူးကြောင့် ဒီ ၃ လအတွင်းမှာ ကိုကြီး သိန်းထောင်ဂဏ္ဍန်းကျော် မြတ်ထားတာ သူ့ကို ကျေးဇူးဆပ်ဖို့ ကဒီနည်းက အကောင်းဆုံးပဲ @ ဘာတွေ လုပ်လို့ဒီလောက်ရတာလဲ ကိုကြီး # အိမ်ခြံမြေ ဝယ်ရောင်း လုပ်တာ ခနနော် စောလေး အပြင်မှာ ထိုလူရောက်လာပြီမို့ ကိုကြီး အခန်းထဲမှ ထွက်သွားပါတယ်။ စောလဲ ဖုန်းနှိပ်ရင်း စောင့်နေလိုက်တယ်။ အတော်လေး ကြာမှ ကိုကြီး ပြန်ဝင်လာပါတယ်။ # မနဲပြောရတယ် အဆင်ပြေပီ ဟိုဖက် အိပ်ခန်းထဲမှာ သူအဆင်သင့်စောင့် နေတယ် စော ဝင်သွားလိုက် အော် မီးလုံးဝ မဖွင့်နဲ့နော် သူနဲနဲရှက်နေတယ် အဆင်ပြေပါစေ စောလေး @ ဟုတ် အဲဒါဆို စော သွားတော့မယ်နော် ကိုကြီး ဒါနဲ့ ရိုးရိုး Oil လား Body to Body လုပ် ပေးရ မှာလား ကိုကြီး # Body to Body ပဲစော ဒါမှပို အဆင်ပြေမှာ ကိုကြီးပြောတာမမေ့နဲ့နော် @ ဟုတ် စော သွားနော့မယ် ကိုကြီး # အိုခေ အောင်မြင်ပါစေစောလေး စော ကိုကြီး အခန်းကနေ ထွက်လိုက်ပြီး ဟိုဖက်အိပ်ခန်းထဲ ဝင်လိုက်တော့ နှစ်ယောက်အိပ် ကုတင်ကြီးပေါ်မှာ ယောက်ျားတစ်ယောက် မှောက်အိပ်နေပါတယ်။ အဝတ်တွေ အကုန်ချွတ်ထားပြီး တင်ပါးပေါ် သဘက်အတိုလေး အုပ်ခါ ခေါင်းကို ဟိုဖက်လှဲ့ပြီး အိပ်နေပါလေရဲ့။ စော လက်ထဲမှာ ပါ လာတဲ့ ဆီဘူးလေး ဘေးမှာချခါ အဝတ်အစားတွေ ချွတ်လိုက်ပါတယ်။ အတွင်းခံလေးပဲ ကျန်တော့မှ ကုတင်ပေါ် အသာ တက်လိုက်ပြီး ထိုသူရဲ့ ခြေဖဝါးကို စနိုးတာဝါလေး ဖောက်ခါ သုတ်ပေးမယ် လုပ်တုန်း မှာပဲ  စောတီးနော် အားနာတယ် ညီလေး ဘုရားရေ ဒါ ဒါ ကိုလေး အသံပါလား။ အခန်းက မီးအမှောင် ချထားတော့ မသဲကွဲတာမို့ အခုမှ သေချာကြည့်မိတယ် ဟုတ်တယ် ဒါ ကိုလေး အစစ်ပဲ။ ပြတ်သွားတဲ့ ချစ်သူကို ခုထိ တမ်းတနေတာ ကိုလေး တဲ့လား။ စော ရင်တွေ ဗြောင်းဆန် ကုန်ပါပြီ။ လည်ချောင်းကို အနည်းငယ် ဟခါ သက်ပြင်း ချသံလို လိုနဲ့ အင်း ဟုသာ စော ဖြေလိုက်ပါတယ်။ စောမှန်း ကိုလေးက်ု မသိစေ ချင်ဘူးလေ။ နှိပ်တဲ့ လက်တွေက ချက်ခြင်းအေးစက် လာသလို အနည်းငယ် တုန်ယင်နေတာမို့ မနဲ သတိထားပြီး နှိပ်နေရ တယ်။ အခုနှိပ်ပေးနေတာ စော မှန်းသာ ကိုလေးသိသွားရင် ကိုလေး ဘယ်လိုတုန့်ပြန်မလဲ စော မတွေးတက်ပေ။ ကိုက အမှားနဲ့လူမို့ ကြောက်ရွံနေမိတာတော့ အမှန်ပင်။  လက်တွေ အေးစက်နေတာပဲ အရမ်းအေးရင် အဲကွန်း လျော့လိုက်ရတယ် ညီလေး စော ခုနကလိုသာ အင်းပဲ ဖြေလိုက်တယ်။  ကိုဒီလိုနှိပ်တာ ဖောက်ပြန်ရာ မကျပါဘူးနော် ညီလေး ရိုးရိုးသားသား နှိပ်တာပဲ ... ကို့မှာ ကို သိပ်ချစ်ရတဲ့ ချစ်သူ ရှိတယ် သူ့ကို သစ္စာဖောက်သလို ဖြစ်မိမှာ စိုးလို့ပါ သူ့အကြောင်း ပြော ပြမယ် အနှိပ် ခံရင်း နော် ညီလေး @ အဟွတ် အင်း ခံတွင်းခတ်သလို လုပ်ရင်း အင်း လိုက်ရပေမယ့် စော ရင်တွေ နာနေရပီ ကိုလေးရယ်  သူကလေ ဖြူဖြူသွယ်သွယ် ချောချောလေးကွ မျက်နှာလေးက ချိုနေတာပဲ နာမည်လေးကလဲ ဆန်းတယ် အမုန်းစောတဲ့ ကိုက သူ့ကို အရမ်းချစ်တာ သူကလဲချစ်ဖို့ကောင်းတာကိုး ကိုသူ့ကို ဘယ်လောက်ထိ ချစ်လဲဆိုရင် မန်းလေးက တောင်သမန်အင်းကြီးမှာတောင် က်ုသစ္စာ ဆိုခဲ့သေးတယ် စော လက်တွေပါမက အသားတွေပါ တဆတ်တုန်တုန်ရင်း မျက်ရည်တွေ ကျနေရပြီ ကိုလေးရယ်။ က်ုလေးကတော့ စောအကြောင်းတွေ ပြောနေတယ်။ စောက က်ုလေးကို နှိပ်ပေးရင်း ရင်ကွဲမတက် ခံစားနေရပြီလေ။  ခုတော့ စောက သူတခြားတစ်ယောက်ကို ချစ်မိသွားတယ်လေ အဲဒါကြောင့် ကို့စီကနေ ထွက်သွားတယ် ဒါကတော့ ညီလေးရယ် လူဆိုတာ ဖြစ်တက်ပါတယ် ကိုအပစ် မတင်ပါဘူး ဒါပေမယ့် စိတ်မကောင်းတာက ကိုအခု သူ့ကို လိုက်ရှာလို့ မတွေ့တာပဲ သူနောက်လူနဲ့ အဆင်ပြေမေရင် ဘာမှမဖြစ်ပါဘူး တကယ်လို့ အဲ့လို မဟုတ်ပဲလသူဒုက္ခရေညက်နေမယ်ဆို အကို ကူညီပေး ချင်တယ် သူပြန်မချစ်တော့လဲ မတက်နိုင်ဘူးလေ ကိုက သူ့ကိုချစ်တာကိုး အဲဒါ့ကြောင့် သူ့ကိုပြည့်စုံအောင် ဖြည့်ဆည်းပေးရရင်ပဲ ကိုကျေနပ်ပါပြီ စော စော ဘယ်လိုမှ မခံစားနိုင်တော့တာမို့ ပါးစပ်ကို လက်နဲ့အုပ်ခါ အင့်ခနဲ ငိုချလိုက်ပြီး အခန်းထဲမှ ပြေးထွက်ခါ ကိုကြီး အခန်းဖက် ကူးခါ ကိုကြီး ကုတင်ပေါ်မှောက်ရက် ပစ်လှဲချခါ အားရပါးရ ငိုချ လိုက်ပါတော့တယ်။ @ အီး ဟီး ဟီးး ဟီး ဟင့် အီး ကိုကြီး အလန့်တကြား စော ပုခုံးကို ကိုင်လှုပ်ခါ # စော စောလေး စော ဘာဖြစ်တာလဲ မင်းကို ဘာလုပ်လိုက်လို့လဲ ဟာကွာ ပြသနာပဲ ကိုကြီးမေးတာကိုလဲ ပြန်မဖြေနိုင်သလို ကိုကြီး အခန်းထဲက ထွက်သွားတာကိုလဲ တားချိန်မရလိုက်ပါ။ မောင်မောင် ခါးပတ်ပုဝါကြီး ပတ်ခါ အခန်းထဲမှ အူကြောင်ကြောင်နဲ့ ထွက်လာတုန်းမှာပဲ ကိုဇွဲ ကိုတွေ့တာမို့ ခုနကောင်လေး ဘာဖြစ်သွားတာလဲ မေးမယ် လုပ်တုန်းမှာပဲ # မင်း စော ကို ဘာလုပ်လိုက်တာလဲ မောင်မောင်  ဗျာ စော စော ဟုတ်လား ဆက်လက် တင်ပြ သွားပါမည်။ အားပေးသူအျားက်ု အထူးကျေးဇူးတင်စွာဖြင့် ကိုလေး တောင်သမန်အင်း နှင့် ချစ်ခြင်းဖွဲ့သံစဉ် ( ဇာတ်သိမ်း) မောင်မောင့် အမေးစကားကြောင့် ကိုနိုင်ဓန အနည်းငယ် အံ့အားသင့်သွားခါ & သူက စောလို့တော့ သူ့က်ုသူပြောတယ် နာမည်အပြည့်စုံတော ငါလဲမသိဘူး  ဟုတ်တယ် ဗျ ကျနော်ပြောပြောနေတဲ့ စောလေးပါဗျာ အမုန်းစောပါ ဖယ်ကိုနိုင် ကျနော် စော စီသွားမယ် & ဟာ နေဦးဟ့ ဟိုကလဲ အတင်းငိုနေတာ ပြသနာတေ တက်ကူန်မယ်  တက်တက်ဗျာ ဖယ်ပေး က်ုနိုင်ရာ & ခနလေးပါ မောင်မောင်ရာ ငါအရင်ဝင်အေး လိုက်မယ် ခနလေးစောင့်  ဟာ ဗျာ ကျနော့်အကြောင်း သ်ရဲ့သားနဲ့ ကိုနိုင်က ရစ်ပီ သွားဗျာ မြန်မြန် မောင်မောင် အဝတ်အစားပင် ပြန်မဝတ်တော့ ဒီအခန်းထဲမှာ စောရှိနေတာ သေချာပြီ သူစောနဲ့ တွေ့ချင်တယ်။ စောဘယ်လို အခက်အခဲတွေကြောင့် ဒီလိုအလုပ်ကို လုပ်နေရတာလဲ။ ဟာကွာ စောရယ် မင်းငါ့စီကိုပြန်လာ ရမှာက်ုကွာ။ နိုင်ဓန အခန်းထဲပြန်ဝင် သွားတော့ စောက အင်ကျီတွေ ဝတ်ထားပါပီ။ ခုန ကိုလေး အခန်းထဲက ပြေးထွက်လာထဲက အဝတ်တွေပါ ယူခဲ့တာလေ။ @ စော ပြန်တော့မယ် ကိုကြီး စော သူ့ကိုမတွေ့ ချင်ဘူး စောက်ုကူညီပါ အစ်ဟင့် နော် & နေပါဦးစောရယ် ပြသနာဆိုတာ ရင်ဆိုင်ဖြေရှင်း လိုက်မှ ပြီးသွားမှာလေကွာ @ ဖြေရှင်းစရာ မလိုအောင် အဖြေက ရှင်းနေပြီးသားပါ ကိုကြီး စောလိုလူက သူနဲ့ မထိုက်တန်ဘူး စော သူ့ကိုလဲြုပန်လက်ခံမှာမဟုတ်ဘူး နောက်ဆုံး စောသူနဲ့ လုံးဝပြန်မတွေ့ချင် တော့ဘူး ကိုကြီး စော ငိုရင်းပြောနေသမျှကို အခန်းရှေ့ကနေ တံခါးမှာ နားရွက်ကပ်ပြီး နားထောင်နေတဲ့ မောင်မောင် ကြားနေရပါတယ်။ မဖြစ်ဘူး သူ စောကို ဒီတိုင်း မလွှတ်ထားနိုင်ဘူး။  ဒုံးးးးဒုံးးးးး ကိုနိုင် တံခါးဖွင့်ပေးပါဗျာ ကိုနိုင် ဒုံးးးးဒုံးးးး စော ကိုလေး စကားပြောပရစေ စော @ ဟင့်အင်း မဖွင့်နဲ့ ကိုလေး ပြန်ပါတော့ စော တောင်းပန်ပါတယ် စော က်ုမေ့ပစ်လိုက်ပါ စော တောင်းပန်ပါတယ် အီးဟီးဟီးး တံခါးရွက် တစ်ရွက်သာခြားနေပေမယ့် သူတို့ကြားမှာ ကမ္ဘာ တစ်ခု ခြားနေသလို မောင်မောင် ခံစားရတယ်။ နိုင်ဓနလဲ ဘာပြောရမှန်း မသိတော့ အပြင်ကနေ တံခါးကို စောင့်တွန်းနေတဲ့ မောင်မောင့်ကြောင့် အစောက တံခါးကို ကျောနဲ့ကပ်ခါ အတင်း ဖိတွန်းထားပါတယ်။ တံခါးကလဲ လော့ချထားတာမို့ တော်ရုံနဲ့တော့ ပွင့်ဖို့မလွယ်ပေ။ အပြင်က မောင်မောင် တစ်ချက် စောင့်တွန်း လိုက်တိုင်း အစောရဲ့ ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားခါ အစော ငိုကြွေးနေပါတော့တယ်။  စော တံခါးဖွင့်ကွာ ကို တောင်းပန်ပါတယ် @ မဖွင့်ဘူး က်ုလေး မပြန်မချင်း စောမဖွင့်ဘူး ကိုလေး အခု ၅ မိနစ်အတွင်း ပြန်ပါ မပြန်ရင် စောဒီ တိုက်ခန်းပေါ်ကနေ ခုန်ချ လိုက်မယ် ပြောမယ့်သာပြောနေရတာ စောရင်တွေနာလို့ အသားတွေပင် တုန်ရင်နေပါပြီ။ ကိုလေးရယ် က်ုလေးပေးတဲ့ အချစ်က စောနဲ့ဘယ်လိုမှ မထိုက်တန်ပါဘူး။ စော က်ုမေ့လိုက်ပါ။ စော မိုက်ပစ်နဲ့ စောပဲရှိပါစေ။ က်ုလေးကို ပစ်မှားမိခဲ့တဲ့အတွက် စောက်ုယ့်ဖာသာ နောင်တရလို့ မဆုံးဘူး။ နောင်ဘဝ တွေဆိုတာ ရှိရင် စောလေ တစ်သက်လုံး ကိုလေးရဲ့ အချစ်ကြွေးတေ ကျေအောင်ဆပ်ပါ့မယ်။ စောရဲ့ စကားတွေက ကို့ကို အရှင်လတ်လတ် အောင်သတ်နေ သလိုပါပဲ။ ရက်စက်ပြန်ပြီ စောရယ် ကိုဒိောာက် ချစ်မှန်း သိသားနဲ့ ဘာလို့ဒိလောက်ထိ ရက်စက်နိုင်ရတာလဲကွာ။  ကောင်းပြီ စောလေး ကို အခုချက်ခြင်းပြန်ပါ့မယ် ဒါပေမယ့် စော သိအောင် တစ်ခုတော့ ကို ပြောပြမယ် စောဟာ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ဘယ်လိုပဲနေခဲ့နေခဲ့ ကိုသိပ်ချစ်တဲ့ စောဆိုတဲ့ ကောင်လေးရဲ့ ရုပ်နဲ့နာမ် တွဲနေသရွေ့ က်ုအမြဲတမ်း ခွင့်လွှတ် မျှော်လင့်ရင်းနဲ့ စောင့်နေပါ့မယ် စော ဘဝရဲ့ နောက်ဆုံးထွက်ပေါက် တစ်ခုအဖြစ် ကိုရပ်စောင့် နေပါ့မယ် စော သာ ကို့ကို သတိရတယ်ဆိုရင် ပြန်လာခဲ့ပေးပါ စောလေး ငိုပြီလေ စော တံခါးကျောကို ကျောမှီခါ ထိုင်ချရင်း တံခါးကို နောက်စိနဲ့စောင့်စောင့်ပြီး ရှိုက်ကြီးတငင် င်ုချလိုက်ပါတယ်။ မောင်မောင်က အသံထွက်လာတဲ့ တံခါး အောက်နားကို လက်နဲ့ အသာလေး ပွတ်လိုက်ရင်း  ကိုထားခဲ့တဲ့ စေတနာ မေတ္တာတွေကို အသိအမှတ်ပြုတယ် ဆိုရင် စောက်ုယ်စော စောင့်ရှောက်ပါနော် ဒီကမ္ဘာမှာ စော ရှိနေသေးတယ် ဆိုတဲ့ အသိလေးနဲ့ ကိုအသက်ဆက် ရှင်ပါရစေ @ တော်ပါတော့ ဒုံးးးဒုံးး မပြောပါနဲ့တော့လအီးဟီး သွား က်ုလေး သွားတော့ ဒုံး ဒုံး မောင်မောင် တံခါးနားက်ု ပါးလေးကပ်ခါ  ကို မင်းကို သိပ်ချစ်တယ်စောလေး ခနနေတော့မောင်မောင့် အသံပြောက်သွားပါတယ်။ နိုင်ဓန ကုတင်ပေါ်ကနေ ထိုင်ခါ ပွဲကြည့်သူ သက်သက် ဘာမှ ဝင်ပြောလို့ မရလောက်အောင်လဲ သူတို့နှစ်ယောက်ရဲ့ ခံစားမှုတွေက အထွဋ်အထိပ်ကို ရောက်နေတာလေ။ စောကတော့ တခါးနားကနေ မထသေး ဒူးနှစ်ဖက်ကြားကို ခေါင်းညှုပ်ခါ တသိမ့်သိမ့် ငိုလို့ကောင်းနေတုန်း။ & မောင်မောင် ပြန်သွားလောက်ပြီ စောလေး နိုင်ဓန စောလေး ပုခုံးက်ု ဖြစ်ညှုစ်ခါ အားပေး ရင်း ထူပေး လိုက်တယ် @ ကိုကြီး စော စော မှားသွားလားဟင် အင့် စောလေ အခု သူ့အချစ်တွေကို နားလည်လေလေ စောဆိုတာ သူနဲ့ ဘယ်လိုမှ မထိုက်တန်တာ သိလာလေလေပဲ ဟင့် ဟင့် စော သူပေးတဲ့ အချစ်တွေကို ဘယ်လို အင်အား ဘယ်လို သတ္တိ တွေနဲ့ ယူရမှာလဲ အီးဟင့် စောလေ စော ကိုလေးကို အရမ်း ချစ်တယ် ကိုရီးရယ် အီးဟီးးးဟီးးး & စောရယ် စောပုခုံးကို ဖက်ရင်း သက်ပြင်းချရုံမျှ အပ နိုင်ဓနလဲ ဘာမှ မတက်နိုင် တော့ပေ။ အော် သိပ်ချစ်ကြရဲ့ သားနဲ့ အမှားတစ်ခုကြောင့် ၂ ယောက်လုံး ခံစားနေရတာ ရင်မော စရာပါလား။ အမြန်ဆုံး အတင်ပြေ ကြပါစေလို့ ဆုတောင်းပေးရုံပဲ တက်နိုင်တော့ တာပေါ့လေ။ တောင်သမန်အင်းကြီးရဲ့ ညနေခင်းလေပြေအေး တွေက ခပ်ကြမ်းကြမ်းပင် တိုက်ခတ်နေသည် ထင်ရရဲ့။ နဂိုထဲက ယိုင်နဲ့နေတဲ့ အသည်းက်ု မနဲအားတင်းထားရတဲ့ မောင်မောင် တစ်ယောက် ဆိုင်ကယ် ပေါ်ကနေဆင်း ခါ အင်းရေစပ် ဖက်ကို လျှောက်လာ လိုက်ပါတယ်။ ဖြိုးလေးက ဆိုင်ကယ်ကို ထောက်လိုက်ပြီး မောင်မောင့်နားကို လိုက်လာပါတယ်။ € စိတ်ညစ်စရာတွေ တအားမတွေးပါနဲ့ကွာ မင်းကလဲ တခါတလေ လာတာကို  ဖြိုးလေးရယ် မင်းလဲသိသားနဲ့ ငါ့မိတ်ဆွေ အိမ်မှာ စောနဲ့ဆုံပြီးထဲက ငါထက်ပြီး လိုက်ရှာနေတာ အခုဆို ၆ လတောင်ကျော်ပြီ လုံးဝမတွေ့ရဘူး ငါရှာနေလို့များ သူ့မှာ ရှောင်တိမ်းရင်း အခက်အခဲတွေ ထပ်တွေ့နေမလား ဆိုတဲ့ အသိကလဲ ငါ့ကိုငါနှိပ်စက် နေသလို ခံစားရတယ် ငါမပြန်ခင် စောအကြောင်းကို ရအောင်စုံစမ်းပေးပါကွာ € အေးပါကွာ ငါ့အသိတွေ အကုန်လုံးကိုလဲ ငါဖုန်းဆက်မေးထားပါတယ် တစ်ယောက်ယောက်တော့ ဟာကွာ ခနနော် မောင်မောင် ဖြိုးလေး စကားမဆုံး ခင်မှာပဲ ဖုန်းဝင်လာတာမို့ ဖုန်းကိုင်လိုက်ပါတယ်။ € ဟယ်လို အေး ဟုတ်တယ်ပြော အင်းလေ ဟေ ဟုတ်လား ဘယ်မှာတဲ့လဲ အေးပါ မြန်မြန်ပြော စမ်းပါ ဟာကွာ ဟုတ်လို့လား မင်းဟာက သေကောသေချာရဲ့လား အင်း အေး ပြီးရော အေးအေး ဖြိုးလေး ဖုန်းချတာနဲ့ မောင်မောင် ဖြိုးလေး လက်မောင်းကို ကိုင်လှုပ်လိုက်ခါ  ဘာလဲ ဖြိုးလေး အစော အစော က်ုတွေ့ပြီ မဟုတ်လား ဟင် ပြောစမ်းပါ € အင်း ဟုတ်တယ် ဒါပေမယ့်  ဘာ ဒါပေမယ့်လည်းကွာ မြန်မြန်ပြောစမ်းပါ ဆိုနေ € ပြောရမှာ စိတ်တော့မကောင်း ဘူးကွာ  ပြောပါဆိုနေကွာ လီးပဲ € စောက ဒီမှာ ပြန်ရောက်နေတာ ၂ လလောက်ရှိပြီတဲ့ အင်းဘေးက ကန်ပတ်လမ်းမှာ ညဖက်ဆို ဟို ညဖက်ဆို  အဟက် ဘာလဲ ကြေးစား လိုက်နေတာလား ဟုတ်လားဖြိုးလေး ပြောစမ်းပါ အားနာစရာ မလိုဘူးဟေ့ကောင် ငါက စောကို ချစ်တာ လုံးဝသန့်ရှင်းတယ် အစော ဘာပဲဖြစ်နေဖြစ်နေ ငါဆက်ချစ်မယ် သူသာ ငါ့ကို ပြန်လက်ခံဖို့ပဲ လိုတာ သူ့ဘဝကကြွေကျနေတဲ့ ပန်းတစ်ပွင့် လူတကာနင်းလို့ ပြားနေပေ့စေ ဟေ့ကောင် ဖွဖွလေးကောက် ကတ္တီပါ သေတ္တာထဲထည့် ပြီး အမြတ်တနိုးနဲ့ ငါဖက်အိပ်နိုင်တယ် ငါစောကို အဲ့လောက်ထိ ချစ်တယ် € အေးပါကွာ ဒါကမင်းခံစားမှုလေ ငါအနေနဲ့တော့ မင်းအတွက် ပြောတာပါ  ရှင်ဘုရင်နဲ့ ကျေးတောသူတောင် ယူကြသေးတာပဲ ငါ့အတွက်တော့ ငါမြတ်နိုးတဲ့ သစ်ပင်လေး ငါပျိုးခွင့်ရရင်ကိုပဲ ဘုရားပေးတဲ့ ဆုလ်းအဖြစ် ကျေနပ်နေလိုက်မယ် € ဒါဆို ငါတို့ စောင့်ရအောင် အခုပဲမှောင်နေပြီ ခနနေ သူလာတော့မယ် ထင်တယ်  အဲဒါ မင်းပြောနေဖို့တောင် မလိုဘူး ခုချိန် မင်းငါ့ကို ရိုက်ခေါ်ရင်တောင် အရိုက်ပဲ ခံလိုက်မယ် မလိုက်ဘူး ငါဒီတခါတော့ စောကို လုံးဝ လက်လွှတ်ဆုံးရှုံး မခံတော့ဘူးကွာ မရရအောင် ပြန်ယူမယ် စောကို ငါအရမ်းချစ်တယ် ¥ စော သူငယ်ချင်းရယ် ဒီနေ့ မသွားပါနဲ့လား နေလဲကောင်းတာ မဟုတ်ပဲနဲ့ ဖြစ်ပါ့မလား ဟိုနေ့ကလို ခပ်ကြမ်းကြမ်း လူတွေနဲ့ တိုးရင် နင်ပ်ုဆိုးလိမ့်မယ် @ မတက်နိုင်ဘူးဟာ ဆေးခန်းသွားဖို့ ပိုက်ဆံက လိုသေးတယ်ဟ့ လူကတော့ ကြည့်လိုက်ရ မှာပဲ ရပါတယ်ဟာ ငါသွားတော့မယ် ¥ ဆိုင်ကယ်လဲ သတိထားမောင်းဦး ငါ့ကိုကြီးနဲ့ ချိန်းပြီးသား ဖြစ်နေလို့ နို့မို့ဆို ငါအဖော်လိုပေး ပါတယ် သတိထားနော် သူငယ်ချင်း @ အေး အေး ရတယ် ငါလဲ ဖြေးဖြေးပဲ မောင်းမှာပါ အတူနေတဲ့ သူငယ်ချင်းကို ပြောရင်းက သက်ပြင်းကို အသာ ချမိလိုက်တယ်။ ဆိုးရွား လိုက်တဲ့ ဘဝ။ ကိုလေးနဲ့ ဝေးရာပြေးတော့လဲ အဆင်မပြေ။ မန်းလေး ပြန်လာတော့လဲ မိဘတွေ သူငယ်ချင်းတွေ သိမှာစိုးလို့ ပုန်းရှိုးကွယ်ရှိုးနေနေရတယ်။ သိရင်လဲ စောကိုပဲလအပစ်ဝိုင်းပြော ကြမှာ နောက်ပြီး စောဘာတွေ လုပ်ခဲ့တယ် ဆိုတာလဲ မသိစေချင်လို့လေ။ အခုတော့ ဘဝက နစ်သထက်နစ် နေပြီ။ တနေကုန် အခန်းအောင်း ညဖက်ကျမှ ယေတောင်သမန်အင်း ဘေးမှာ ခန္ဓာကိုယ် အရင်းပြု လူတကာပြုသမျှ ခံကာ ဝမ်းစာအရေး ရုန်းကန်နေရတယ်။  မိုးတောင်ချုပ်နေပြီ စောလာတော့မယ် မင်းပြန်ချင် ပြန်နှင့်လေ တော်ကြာ မင်းရှိရင် သူရှက်နေဦးမယ် € ရပါတယ်ကွာ တစ်ယောက်ထဲ မှောင်မှောင်မဲမဲထဲမှာ စိတ်မချပါဘူး  ဟားးးး ဖြိုးလေးရယ် စောတောင် ဒီကိုလာရဲတာ ငါကဘာလို့ မစောင့်ရဲရမှာလဲ € လျာမရှည်နဲ့ ငါ့ဘာငါ စောင့်တာ ဘာဖြစ်လဲ  ပြီးရောကွာ ငါကတော့ စောလာရင် ဒီတခါ မရမက တောင်းပန်မယ် စော ဘဝ ဒီလိုဖြစ်နေတာ ငါမကြည့်ရက်ဘူး သူ့ကို ငါမရရအောင် ပြန်ခေါ်သွားမယ်ကွာ ဟား ဟား ဆိုင်ကယ်မောင်းနေရင်းက ညဖက်လေတဖြူးဖြူး တိုက်နေ တာတောင် ခေါင်းတွေက မူးခနဲ မိုက်ခနဲ ဖြစ်နေတာမို့ သတိထားပြီး မောင်းလာ ရတယ်။ ပြန်ရင်ကောင်းမလားလို့ တွေးမိပေမယ့် မနက်ဖြန်အတွက် စားဖို့ရယ် ဆေးဖိုးရယ် ဒါလေးတော့ ရအောင်ရှာမှ ဖြစ်မယ်ဆိုပြီး ဖြေးဖြေးချင်း လေးပဲ မောင်းလာပါတယ်။ အင်းဘေး လမ်းကိုရောက်တော့ အတော်မှောင်နေပါပြီ။ ဟိုနေရာ တစ်ယောက် ဒီနေရာ တစ်ယောက်ရပ်နေတဲ့ လူတွေကို အခြေအနေ ကြည့်ရင်းက ဆိုင်ကယ်ကို ဖြေးဖြေးချင်းပဲ မောင်းလာလိုက်ပါတယ်။ တောင်သမန်အင်းကြီးကို ရောက်တိုင်း ကိုလေးရဲ့ အသံကို ကြားရောင် မိတာကလဲ စောအတွက် နေ့စဉ် ခံစားရတဲ့ ဒုက္ခတစ်ခုပါပဲ။ ကိုလေးကို ဒီနေ့မှ တအား သတိရနေတာ ဘာလို့ပါလိမ့်။ ကိုလေးလဲ စောကို တအားလွမ်းနေတာမိားလား လို့ မတန်မရာ တွေး မိရင်း မချိပြုံးလေး ပြုံးလိုက်စဉ်မှာပဲ @ ဒုန်း အားးးးးး ကျွီးးးးးးး  ဘာတွေ ဖြစ်တာလဲ မသိဘူးကွ ကားတိုက်တာနဲ့ တူတယ် € ဟာ သွားမကြည့်နဲ့ ငါလဲ မကြည့်ရဲဘူး ညအိပ်ပျော်မှာမဟုတ်ဘူး  စောကလဲ ကြာလိုက်တာကွာ သေချာရှာပါဦး တော်ကြာ ငါ့ကိုတွေ့ပြီး ပြန်ပြေး သွားဦးမယ် စော ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားတာမို့ ဆိုင်ကယ် လက်ကိုင်ကို ထိန်းလိုက်စဉ် အင်းဖက်ကနေ အရှိန်နဲ့ မောင်းလာတဲ့ ကားဖက်ကို ယိုင်ကျသွားခါ လူက ထူခနဲ ဖြစ်သွားတယ်။ နာကျင်မှုတော့ မဖြစ်ပေ။ ဒါပေမယ့် စော ကတ္တရာ လမ်းပေါ်မှာ လဲနေတယ် ဆိုတာတော့ ကို့ကိုယ်ကို သိပါတယ်။ ကားမီးထိုးတဲ့ဖက်က စောခေါင်းလှဲ့တဲ့ဖက်နဲ့ တန်းနေတာမို့ စော မြင်ကွင်းထဲမှာ လူတစ်ယောက်ကို သေချာတွေ့လိုက်ရပါတယ်။ သူက ကိုလေးပေါ့။ ကိုလေးရေ စောကို ရှာနေတာလား ဟင် စော ဒီမှာ ကိုလေး။ စော ကိုလေးကို ကြည့်နေတုန်း မှာပဲ ခြေထောက်တွေ ဆိုင်ကယ်တွေ လူတွေအုံလာတာမို့ ကိုလေးကို မတွေ့ရတော့ပေ။ ပါးစပ်ကနေ ကိုလေး လို့လှမ်းအော်လိုက်တော့ အသံက မထွက်ပဲ အွတ်ခနဲ သွေးတွေအထွေးလိုက် ထွက်ကြလာပါတယ်။ စော လက်တဖက်က က်ုလေး ရှိတဲ့ဖက်ကို ဆန့်တန်းရင်း ရှိသမျှ အင်အားနဲ့ လက်လှုပ်တယ် ဆိုရုံလေး လက်ယက် ခေါ်နေမိတယ်။ ကိုလေးရယ်။  နေပါဦးကွာ စော လာမှာပါ ငါသိတယ် သူလာက်ုလာမှာ € အချိန်မနဲတော့ဘူးကွ ၁၁ ခွဲနေပြီ  မင်းပြန်ချင်ပြန်ကွာ ငါနေခဲ့မယ် € လုပ်ပြန်ပြီကွာ ပြသနာပဲ မောင်မောင်ကလဲ • ပွီးးးးးပွမ် ပွီးးးးးပွမ် ပွီးးးးးးပွမ်  အော် ခုန ဆိုင်ကယ်တိုက်တဲ့ သူကို လာခေါ်တာနဲ့ တူတယ်ကွ ဘာမှ မဖြစ်ပါစေနဲ့ ညအမှောင် အောက်မှာ တောင်သမန်အင်းကြီးကို သစ္စာပြု တိုင်တည်ရင်း စောင့်နေတဲ့ လူတစ်ယာက် သူ့မှာ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ပေါ့။ အချိန်က ည ၁၂ နာရီပင်ကျော် နေပေပြီ။ မျှော်သူကတော့ ရောက်မလာပါပေ။ ခုန ယဉ်တိုက်မှု ဖြစ်သွားတဲ့ နေရာက သွေးကွက်တွေ ပေါ်မှာလဲ သူ့ကို လက်ယက်ကာ ခေါ်နေတဲ့ လူငယ်လေး တစ်ယောက် မိုးချုပြီမို့ ခပ်ကြဲကြဲ သွား လာနေတဲ့ ဆိုင်ကယ်တွေက ထို လက်ယက်ပြနေတဲ့ လူငယ်လေးပေါ်ကနေ ဖြတ်မောင်းသွား ကြပေမယ့် ထို လူငယ်လေးကတော့ လက်ယက်ခါ သူ့ချစ်သူက်ုခေါ်နေဆဲ။ တောင်သမန် အင်းစပ်မှ အင်းကြီးကို တိုင်တည်ကာ သစ္စာပြုနေသူကလဲ နှုတ်မှ တတွတ်တွတ် ရွတ်ဆိုရင်း သူ့ချစ်သူလာချိန်ကို စောင့်မျှော်နေဆဲ <~~~~~~ ပြီးပါပြီ အားလုံးကို ကျေးဇူးတင်ပါတယ် ခမျာ့ ကိုလေး

No comments:

Post a Comment