Thursday, October 20, 2016

ဇော

ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို အခြေခံ ရေးထားသော လိင်တူဇာတ်လမ်းပါခမျာ့။ ဆန္ဒရှိမှ အားပေးကြပါ။ #ဇော သူ့လက်ထဲမှာ ကိုင်ထားတဲ့ သွေးစွန်းနေတဲ့ အိပ်ယာခင်းစလေးကို မမှိတ်မသုန် ကြည်နေရင်းက ရင်ထဲမှာစို့နင်လာခါ တစ်ချိန်က အဖြစ်အပျက်တွေကို ပြန်လည်လို့ မြင်ရောင်လာမိ ပါတော့တယ်။ - ချွတ် ချွတ် ဟိတ် သူ့ခေါ်သံကြောင့် မဒီနောက်သို့ လှဲ့ကြည့်ခါ - နငိငါ့ကို ခေါ်တာလား မိုးမိုး - ဟာကွာ ဒီဒီကလဲ ဖီးအောက်လိုက်တာ မိုးမိုးလို့ ခေါ်တာမကြိုက်ပါဘူးဆိုနေ ငါ့ကို ငမိုး လို့ပဲခေါ် အဲ့လိုမခေါ်ချင်ရင် မိုးစက် လို့ခေါ် - လျှာမရှည်နဲ့ ငါ့ဖာသာ ခေါ်ချင်သလိုခေါ်မယ် နင့်အပူမပါဘူး မဒီကပြောလဲပြော လမ်းကိုလဲ ဆက်လျှောက်နေတာမို့ မိုးစက်ပွင့် ကျောင်းစိမ်းလုံချည်ကို ဖြန့်ခါကာ ဘိုသီဘတ်သီ ဝတ်ရင်း နောက်ကလိုက်ရပါတော့တယ်။ - ဟာ မိုးမိုး နင်လေ တကယ်ပဲ ကို့ကိုယ်ကို မိန်းခလေးဆိုတာလဲ သတိထားပါဦးဟ့ ဘယ်လို ဖြစ်နေတာလဲ အနေအထိုင်ကို မတက်ဘူး မဒီ့ စကားကြောင့် မိုးစက်ပွင့် ရင်ထဲတင်းခနဲ ဖြစ်သွားခါ - အေး အဲဒါဆို နောက်ခါ မင်းလဲစကားကို ဆင်ခြင်ပြောပါ ငါ့ကိုမိန်းခလေးလို့ ပြောတာ ငါစောက်ရမ်း တင်းတာနော် ဒါပေမယ့် မင်းကို ချစ်လွန်းလို့ခွင့်လွှတ်လိုက်မယ် နောက်မဖြစ်စေနဲ့ အိုခေ - အမလေး ဖြစ်ရမယ် ကြောက်မနေဘူးနင့်ကို - ငါ နင့်ကို အတင်းဖက်နမ်းပစ်မာနော် မဒီ သူတို့က ၉ တန်းကျောင်းသူတွေ ကျောင်းဆင်းလို့ ကျူရှင်ကို သွားနေရင်း လမ်းမှာ မိုးစက်ပွင့်က မဒီကညာ ကို ဖွန်လိုက်ကြောင်နေတာပါ။ ဆကယ်တော့ မိုးစက်ပွင့် ဆိုတာ ရုပ်ချောချော ကောင်မလေး တစ်ယောက်ပါ။ ဒါပေမယ့် ငယ်စဉ်ထဲက ဘယ်လိုမှ ထိန်းမရ သိမ်းမနိုင် ယောက်ျားစတိုင်နဲ့ ယောက်ျားတစ်ပိုင်း ဖြစ်နေသူပေါ့။ မဒီတို့နဲ့ကလဲ ငယ်ငယ်ထဲက တစ်ကျောင်းထဲ နေလာကြတာမို့ အတွင်းသိတွေပါ။ ဒါ့ကြောင့်လဲ သူဘာပြောပြော မဒီက စိတ်မဆိုးတာပေါ့။ - ဟဲ့ နင်ငါ့ကို နမ်းတာဘာဖြစ်မာလဲ နမ်းချင်သပ့ဆို အခုနမ်း နမ်း ရော နမ်းပါ အင့် မဒီက သူမပါးလေးကို အတင်းထိုးပေးတော့ မိုးစက် ခေါင်းနောက်ကို ဆုတ်ခါ မျက်မှောင်ကြီးကျုံ့ လိုက်ပြီး - ဟ့ အ့လိုကြီးဆိုတော့ ဖီးဘယ်လာမလဲဟ့ ငါ့လခွမ်းထဲမှ ပြောလဲပြော လမ်းလျှောက်ရင်း လုံချည်ကို ကစောင်းဆွဲတင်လိုက်တာမို့ မဒီ မျက်လုံးပြူးသွားခါ - ဟာ မင်ပြောလေ ဆိုးလေပါလား နင်ကလေး မဟုတ်တော့ဘူးနော် အပျိုဖြစ်နေပြီ့ - တော်စမ်းပါကွာ မင်းကိုပြောရတာ ဖီးလ်ကိုမလာဘူး တော်ပြီ လစ်တော့မယ် တကယ်လဲ မိုးစက် မဒီ့နားကထွက်လာခဲ့ ပါတော့တယ်။ - မိုးစက်ပွင့် - ဗျာ အမေ လာပြီ လာပြီ ခနလေး - ဘာတေလုပ်နေတာလဲ အိမ်နောက်ဖေး ဝင်ပြီး - ခြင်းခတ် လေ့ကျင့်နေတာ အမေရ ကျနော် ဟိုကောင်တွေ ခြင်းခတ်တာ အားကြလို့ - ငါသေချင်တော့တာပဲ မိုးစက်ပွင့်ရယ် မွေးထားတာမှ ရှားရှားပါးပါး ဒီမိန်းခလေး တစ်ယောက် - ဟားးးး အမေ ဟိုးမှာ ဟိုးမှာ မိုးစက် အလန့်တကြား ထအော်လိုက်တာကြောင့် သူ့အမေ ပြောနေတာကိုရပ်လိုက်ခါ - ဘာလဲ ဟဲ့ ဘာဖြစ်ပြန်ပြီလဲ - ဟိုးမှာလေ အမေရာ တွေ့လား လမ်းထိပ်မှာ အမေ လမ်းထိပ်ကိုဝကည့်နေတုန်းမှာပဲ မိုးစက် အုတ်တံတိုင်းကို ဖတ်ခနဲဖတ်ခနဲ အဆင့်ဆင့်တက်ခါ လျှင်မြန်စွာ ပျောက်ကွယ်သွားပါတော့တယ်။ - ဘယ်မှာ ဟင် မိုးစက်ပွင့် ငါလေ တကယ်တော့ ဒီသမီးလေး ဒီလိုဖြစ်ခဲ့ရတာ ဆုံးပါးသွားပြီ သူ့အဖေကြောင့်ပါ။ ခလေးကို ငယ်စဉ်ထဲက အတင်းအလိုလိုက် သူသွားလေရာခေါ် သူလုပ်သမျှအကုန် သင်ပေးနေမှတော့ ဒီခလေး ဒီလိုဖြစ်လာတာလဲ မဆန်းပါဘူး။ မွေးထားတာက သား ၂ ယောက် သမီးဆိုလို့ အငယ်ဆုံး မိုးစက်ပွင့်လေး တစ်ယောက်သာ ပါတာပါ။ ခုတော့ တောမရောက် တောင်မရောက် ဘယ်လိုမှကို ပြုပြင်ပေးလို့ မရတော့ပေ။ ဒေါ်ခင်မာကြည် ပွစိပွစိနဲ့ အိမ်ပေါ်တက်မယ် လုပ်နေတုန်း မှာပဲ - အမေ့သမီး အမွှေစိန်မ ဘာတွေမွှေသွားပြန်ပြီလဲ ကျောင်းက ပြန်လာတဲ့ သားကြီးနဲ့သားငယ် တစ်ယောက်က ပထမနှစ် တစ်ယောက်က ဒုတိယနှစ် တက်နေကြတာလေ။ - ဘာမှမဖြစ်ပါဘူး ဟယ် နေပေ့စေ သူ့ဖာသာသူ - အမေကပြောလိုက်ရင် အ့လိုချည်းပဲ အမေတို့ ဖျက်စီးလို့ အမွှေစိန်မ ဒီလိုဖြစ်နေတာ - ဟုတ်တယ် ညီမလေး တသ်ယောက်ပါလို့ ယုယုကြင်ကြင်နာနာ နေရမလား အောင့်မေ့တယ် သူပဲလိုက်ထိန်းနေရတယ် မိုးစက်ပွင့် အဲဒိလိုနေတာကို သူ့အကိုနှစ်ယောက်လုံးက လုံးဝ သဘောမကျပေ။ သူတိဲုကိုယ်တိုင် လဲ မိုးစက်ပွင့်လေးကို မိန်းမပီသဖို့ နည်းမျိုးစုံနဲ့ ကျိုးပမ်းကြတယ်။ အလှပြင်ပစ္စည်းတွေ ဝယ်ပေးရင် မိုးစက်ပွင့်က သူကြောင်နေတဲ့ စော်လေးတွေကို လက်ဆောင် ပြန်ပေးပစ်တယ်။ မိန်းမဆန်ဆန် အင်ကျီအဝတ်အစားဆို ပိုဆိုးတာပေါ့။ အိမိနေရင်း အားကစား ဘောင်းဘီတို ဝတ်တာကိုက ကြည့်လို့ကိုမရတာ။ တစ်ခါကဆို သားငယ်က သူ့သူငယ်ချင်းနဲ့ အတင်းကို အောင်သွယ်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် ၃ ရက်ပင်မပြည့် သားငယ်သူငယ်ချင်းက အတင်းတောင်း ပန်ကာ နောက်ပြန်လှည့်ပြေးပါတော့တယ်။ အ့လိုတေ ဆိုးတာလေ။ - နင်တို့ကလဲ ဟယ် ကလေးကိုပဲ ပြောနေကြတာပဲ သွားသွား ကိုလုပ်စရာရှိတာ လုပ်ကြတော့ အသက် ၄၀ ကျေယ်အရွယ် မုဆိုးမဒေါ်ခင်မာကြည်က နောက်အိမ်ထောင် မပြုပဲ ဒီမိသားစုလေး ကို ပြည့်စုံအောင် အမြဲကျိုးစားနေသူပါ။ သူမ သားတွေကော သမီးလေးကိုပါ သိပ်ချစ်တာလေ။ သားတွေအတွက် မပူရပေမယ့် သမီးတစ်ကောင် နွားတစ်ထောင်ဆိုသလို ဒီ သမီးအတွက်ပဲ နေ့စဉ်နဲ့အမျှ ပူပန်နေရတာ။ - နင် သောက်ရှက်မရှိဘူးလား မီးလေး ဟမ် - ဟိုက နင့်ကို လက်သီးနဲ့ထိုးလိုက်လို့ တော်သေးတယ် ဟာကွာ ငါပြောလိုက်ရမကောင်းဘူး - ကျနော်လဲ ပြန်ထိုးခဲ့တာပဲလေ အဲ့ကောင် မျက်ခွက်ကိုသွားကြည့် ပါလား - နင့်ကိုနင် ဘာထင်နေလဲဟင် မိုးစက်ပွင့် နင့်ဟာက အခုကိစ္စကတော့ တော်တော် လွန်သွားပြီ - ကျနော်လွန်တာ မဟုတ်ဘူးလေ ကိုကြီးရာ အဲဒိကောင် ကျနော့်ကို လာစော်ကားနေတာ - ဟ့ မိန်းခလေးကို ယောက်ျားလေးက ရည်းစားစကားပြောတာပဲဟာ နင်မကြိုက်လဲ ရိုးရိုးငြင်းရင် ရနေတာပဲ အခုလို ဖိုးလားကျိတ်လား ရန်ဖြစ်ရတဲ့ အထိ ဖြစ်တာတော့ ကောင်းမလား ဟ့ - အမေ အမေ့သမီး ဒီတိုင်းလွှတ်ထားလို့ မရတော့ဘူးနော် - အေးပါဟယ် ငါပြောပါ့မယ် နင်တို့က မအေရဲရှေ့က ပိတ်ပြောနေတော့ ငါဘာပြောရမှန်းကို မသိတော့ဘူး တော်ကြတော့ - အင်းပါ အမေ ကျတ်ကျတ်အလိုလိုက် ဟင်း မိုးစက် ဖက်မှာ အမေရှိလို့သာ မိုးစက်ခံသာနေတာပါ အမေသာမရှိရင် ကိုကြီး ကိုလေးတို့ စူတာနဲ့ နေစရာတောင်ရှိမှာ မဟုတ်ပေ။ - မိုးစက်ပွင့် သမီးရယ် ကိုယ်ကအပျိုဖြစ်နေပြီ အနေအထိုင်ကို ဆင်ခြင်ပါ နောက်ပြီး အခုက ဆယ်တန်းရောက်နေပြီ စာမေးပွဲကလဲ အရေးကြီးတယ် သေချာဂရုစိုက်ပါဦး နော် သမီး - ဟုတ်ကဲ့မေကြီး သားနှစ်ချင်းပေါက် အောင်မှာပါ စိတ်ချ ဒေါ်ခင်မာကြည် သက်ပြင်းကိုသာ အသာချမိပါတော့တယ်။ ရင်လေးလိုက်တာ သမီးရယ်။ ဒီနေ့တော့ ဒေါ်ခင်မာကြည် ထောင်ထားတဲ့ ပွဲရုံက ဖောက်သည်တွေ အတင်းခေါ်တာမို့ သူတို့ ရွာကအလှူပွဲကို သွားရပါမယ်။ တစ်ညအိပ်ပေမယ့် အိမ်ကို စိတ်မချ။ ခလေးတွေ ချည်းပဲလေ မီးလေးကလဲ စာမေးပွဲနီးနေပြီ။ - ငါပြန်လာရင် ဘာသံမှ မကြားချင်ဘူးနော် မောင်နှမတွေ သင့်မြတ်အောင်နေကြ သားနှစ်ယောက်က ပျော်နေပေမယ့် မိုးစက်ပွင့်က မျက်နှာမကောင်းပေ။ အမေမရှိရင် သူ့ကို ဝိုင်းနိုင်စားကြမှာလေ သူသိနေတယ်။ ဆရာဝိုင်းလုပ်ကြမှာ နားပူဦးမယ်။ ဒါပေမယ့် အမေ စိတ်မဖြောင့်မာ စိုးလို့ ဘာမှ မပြောဖြစ်ပေ။ ဒီနေ့က စနေနေ့ဆိုတော့ ကျောင်းတေ ပိတ်တယ်။ မိုးစက်က ညနေဖက် ကျူရှင်ရှိတာ ပျော်နေတယ် အကိုတွေရဲ့ သြစာသီးရောင်းတဲ့ အသံတွေ မကြားရတာ စိတ်ချမ်းသာ စရာလေ။ မိုးစက်ပွင့် အိမ်ပြန်ရောက်တော့ အကိုနှစ်ယောက် ကိုအပြင်မာမတွေ့ ဧည့်ခန်းမှာတော့ ဘီယာဘူးခွံတွေ ပြန့်ကျဲနေတာပဲ။ အမေလစ်တာနဲ့ အ့ဒိလို သောင်းကျန်းတော့တာ။ ကိဲုအကို တွေဆိုတော့လဲ မနေနိုင်ပြန်ဘူး အခွံတေလိုက်သိမ်း အမြည်းပန်းကန်တွေ သိမ်းပြီး အိပ်ခန်းထဲ ဝင်ခဲ့တယ်။ အကိုတွေကို သတိရလို့ သွားကြည့်တော့ သူတို့ အခန်းမှ မရှိကြပေ။ အပြင်ထွက်ပွေး နေပြီနဲ့တူတယ် မိုးစက်လဲ အဲ့လို နေချင်တာ သူတို့က မိုးစက်ကိုဆို ဘယ်တော့မှ မခေါ်ဘူး အကျင့်မကောင်းတာလေ။ အခုလဲ အိမ်တံခါးကို စေ့ခါအခန်းထဲ စာဝင်ကျက်နေလိုက်တော့တယ်။ မိုးစက် အိပ်ချင်နေပီ ည ၁၁ နာရီထိ ကိုကြီးနဲ့ကိုလေး ပြန်မရောက်သေး။ နေပေ့စေကွာ ဖြစ်ချင်ရာဖြစ် အိပ်ပြီဆိုပြီး အခန်းမီးပိတ်ခါ အိပ်လိုက်ပါတော့တယ်။ မိုးစက်တစ်ရေးနိုး လာတာက တစ်ခုခုကို သတိထားမိတာကြောင့်ပါ။ နိုးလာလို့ ကြည့်လိုက်တော့ ကိုလေး။ ကိုလေးက အိုးစက်ကို တက်ခွနေတာ - ဟင် ကိုလေး ဘာလုပ်တာလဲ ဖယ် ဖယ် ကိုလေး ကိုကြီးနဲ့ တိုင်မယ် အမေနဲ့တိုင်မာ ဖယ် ဆိုနေ အားးး မိုးစက် အတင်းရုံးနေပေမယ့် မိုးစက် ဝတ်ထားတဲ့ မားကစားဘောင်းဘီ တိုလေးက မရှိတော့ မှောင်နေပေမယ့် မျက်နှာတွေကိုတော့ အနီးကပ်မို့ မြင်နေရတယ်လေ။ ကိုလေး နောက်မှာ ရပ်နေတာက ကိုကြီး။ ဘုရားရေ ကမ္ဘာကြီး သွက်သွက်ခါ ပါပေါ့လား။ - အားဟားဟား မုန်းဒယ် ခများတို့ကို မုန်းတယ် ခွေးတွေ ခွေးကောင်ကြီးတွေ အာ့ဟားဟား အီးး မိုးစက် ရုန်းကန်မှုပင် မပြုနိုင်တော့ပဲ အားရအောင် ငိုချလိုက်ပါတော့တယ်။ ကိုလေး ကုတင်ပေါ်က ဆင်းသွားတော့ ကိုကြီးတက်လာပြန်ပါတော့တယ်။ အသည်းတွေ တဆစ်ဆစ်နာကျင်မှုကို ခန္ဓာကိုယ်ရဲ့ နာကျင်မှုက တိုးလို့ပင် မပေါက်တော့ပါ။ မငိုတော့ပေမယ့်လဲ မျက်ရည်တို့က ကျနေဆဲ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်းက တကိုယ်လုံး ဆတ်ဆတ်တုန် နေရပါပြီ။ ရက်စက်လိုက်ကြတာ။ မိုးစက်ပွင့် ဆိုတာ သူတို့ရဲ့ အဖေကော အမေပါ မကွဲတဲ့ ညီမအရင်းလေးပါ။ လုပ်ရက်ကြတယ်။ - ဘာ ဘာပြောတယ် မိုးစက်ပွင့် ပြန်ပြောစမ်း - အီး ဟီး ဟီး ကျနော် သေချင်တယ် ကျနော် ခွေုးဖစ်ပြီ အမေရဲ့ အင့်ဟီး - ယုတ်မာကြတာ ယုတ်မာလိုက်ကြတာ နင်တို့ နင်တို့ အင်း အင်း ကဲ ကဲ - အမေ အမေ ဟာ မြန်မြန်မ ဆေးခန်းပြေး ရအောင် ဒေါ်ခင်မာကြည် ခရီးရောက်မဆိုက် ကြားလိုက်ရတဲ့ မိုးစက်အသံကြောင့် သားတွေကို ထခါထုပုတ်လိုက်ရင်း ပြင်းထန်သော ခံစားမှုကြောင့် သတိလစ်သွားတာပါ။ ဒေါ်ခင်မာကြည် သတိရလာတော့ - သားတို့ တောင်းပန်ပါတယ် အမေ သားတို့ကိုကြိုက်သလို အပစ်ပေးပါ သားတို့ မီးလေးကို မိန်းမပီသစေချင်တဲ့ စိတ်တစ်ခုထဲနဲ့ မစဉ်းစားမဆင်ခြင်ပဲ - တော်တော့ တော်ကြတော့ နင်တို့ မျက်နှာတွေ ငါမမြင်ချင်ဘူး နင်တို့ ငါ့ကိုပါ အသေသတ်လိုက် ကြပါလားဟယ် အီးဟီးဟီး ငါသေချင်တယ် - အအေ စိတ်ထိန်းပါဗျာ နေမကောင်းပဲနဲ့ - သေပေ့စေ ငါသေမှ ဒီဝဠ်တွေက အေးမယ် လူမဟုတ်တဲ့ တိရိစ္ဆာန်တွေ မွေးခဲ့မိတဲ့ ငါ့အပစ်ပါးးး ငါ့အပစ်ပါ အီးးဟီးဟီး - သားတို့တောင်းပန်ပါတယ် အမေရယ် - မတောင်းပန်နဲ့ ခွင့်လဲမလွှတ်ဘူး ငါ့စီလဲ ဘယ်တော့မှ လာမတွေ့နဲ့တော့ နင်တို့ နင်တို့ ငါအိမ်ကနေ သွားတော့ အင့် ဟင့် ဟင့် တစ်ဖက်အခန်းက အမေငိုနေတဲ့ အသံကို အခန်းနံရံကို မှီထိုင်ရင်း ငူငိုင်ငေးခါ နားထောင် နေမိတဲ့ မိုးစက်ပွင့် ပါးမှာ မျက်ရည်တွေ အလိုလိုကျလာရ ပြန်ပါတယ်။ မျက်စိရှေ့တည့်တည့်မှာ မြင်နေရတာက တွန့်လိမ်ခါ ကြေမွနေတဲ့ အိပ်ယာခင်း အဲဒိအိပ်ယာခင်းပေါ်က ဟိုတကွက် ဒီတစ်ကွက် စွန်းပေနေတဲ့ သွေးစက်အချို့။ ဟုတ်တယ် ဒီအခန်းထဲကနေ ကိုကြီးနဲ့ကိုလေး ထွက်သွားပြီးထဲက အိပ်ယာကြီးကို ကြောက်လန့်ခါ လုံးဝမထိတော့ပဲ အောက်မှာပဲ အခန်းထောင့်လေးကို ကျောကက်ခါ မိုးစက်အိပ်တော့တာပါ။ သူ့ရဲ့ ပထမဆုံး အပျိုစင်ဘဝကို အကြမ်းဖက်ခါ သိမ်းပိုက် ခံလိုရတဲ့ အိပ်ယာကြီး။ အဲဒိ အိပ်မက်ဆိုးတွေ မက်တဲ့ညကို လဲ ဘဝမှာ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ အမေ့ကိုလဲ မိုးစက် နားလည်ပါတယ်။ ဒီကိစ္စကြီးကို ဘယ်လို လူကြားထဲ ချပြဝံ့ပါ့မလဲ။ အမေနေကောင်းတဲ့ နေ့မှာပဲ အကို ၂ ယောက်စလုံး အိမ်ပေါ်ကနေ ဆင်းသွားကြပါတယ်။ မိုးစက်ကို တောင်းပန်ချင်ပေမယ့် မိုးစက်က လုံးဝအတွေ့ မခံတော့ပေ။ သေးသိမ်ညံ့ဖျင်းတဲ့ အတွေးအခေါ်တွေနဲ့ ဘဝကိုဖျက်ဆီး ခံလိုက်ရတာလေ။ မိန်းမ ပီသစေချင် လွန်းတဲ့ ဇောတွေနဲ့ပေါ့။ ဟုတ်ပါတယ် သူမိန်းခလေး ဆိုတာ သူ့ကိုယ်သူသိပါတယ်။ ဒါပေမယ့် ယောက်ျားလေး ဖြစ်ချင်နေတဲ့ စိတ်ကို သူဘယ်လိုမှ ထိန်းမနိုင်ခဲ့ပါဘူး။ ယောက်ျားဆန်နေတဲ့ မိန်းမတစ်ယောက်ကို ဒီလိုလုပ်ရုံနဲ့ မိန်းမဆန် သွားစေပါသလား။ ဒါဆို မိန်းမဆန်တဲ့ ယောက်ျားတွေကိုကော။ လူ့ဘဝရတုန်းလေးမှာ မိမိစိတ်ချမ်း သာသလို နေခွင့်မပေးတာ ပတ်ဝန်းကျင်လား လူ့ဘောင်စည်းမျဉ်းတွေလား ကံတရားလား။ သူသက်ပြင်းကို ချလိုက်ပါတယ်။ - လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကပေါ့ဗျာ အခုကျနော့်အမေလဲ ဆုံးရှာပါပြီ အကိုတွေကတော့ သူတို့ အိမ်ထောင်တွေနဲ့ သူတို့ နေကြပါတယ် ကျနော်ကလား ကျနော်က အရင်လိုပါပဲ မပြောင်းလဲ ပါဘူးဗျာ LGBT ကျန်းမာရေး အသိပညာပေးရေး ဆိုင်ရာ အင်တာဗျူး တစ်ခုမှာ မိုးစက်ပွင့် ဆိုတဲ့ ယောက်ျားရှာလေး တစ်ယောက် မေးသအျှ ဖြေကြားပေးနေတာပါ။ အိပ်ယာခင်းစလေးကို စုတ်ကိုင်ရင်း တဆတ်ဆတ်တုန် နေတဲ့ လက်တွေကိုတော့ လူမမြင်အောင် အားတင်းပြီး ထိန်းချုပ်ထားနေရဆဲပါပဲ။ ပြီးပါပြီ။ တကယ့်ဖြစ်ရပ်မှန် တစ်ခုကို အခြေခံထားတာမို့ ဒီဇာတ်လမ်းကို သူတို့ဖြစ်ခဲ့ပုံအတိုင်း လေးပဲ ရေးပေး လိုက်ပါတယ်။ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေဗျာ။ အားပေးမှုကို ကျေးဇူးတင်ပါတယ်ခမျာ့။ အားလုံးချစ်တဲ့ #ကိုလေး

No comments:

Post a Comment