Thursday, October 20, 2016
နိမိတ်
နမိတ် (၁)
- အားးးးးး
သွင်သစ် ရဲ့အသံကြောင့် ဘေးမှာထိုင်နေတဲ့ ဥသြ သာမက ကားပေါ်မှာ မှိန်းပီး လိုက်လာတဲ့ ခရီးသည် တွေပါ အလန့်တကြား ဖြစ်ကုန်ပါတယ်။ နောက်ခုံမှာထိုင်နေတဲ့ မေ့မရ ကခေါင်း က်ုရှေ့ ဖက်ထွက်လာခါ
- ဟဲ့ သွင်သစ် ဘာဖြစ်တာလဲ
- ရော့ ဟေ့ကောင် ရေသောက်လိုက်
- အေးလေ ဟာ ခြွေးတွေကို ရွှဲနစ်နေတာပဲ ဒီလောက်အေးစိမ့် နေတဲ့ကားပေါ်မှာ
ဘေးဖက်ခုံမှာ ထိုင်နေတဲ့ ကြင်သူ က သူ့ကိုကြော်ခါ အံ့ဖွယ် လှမ်းပေးတဲ့ ရေဘူးကို သွင်သစ် အား တဆင့်ကမ်းပေးရင်း ပြော လိုက်တာပါ။ ခုထိ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ သွင်သစ်ကတော့ အထိပ်အလန့် မပြေသေးပုံပါပဲ။
- ဘာအခက်အခဲ ရှိပါသလဲရှင် ညမ ဘာအကူအညီ ပေးရမလဲရှင့်
- ရပီ ရပီ ကားပဲရပ်ပေးတော့
သွင်သစ်က သူ့ဘေးရောက်လာတဲ့ ယာဉ်မယ်လေးကို လက်ကာပြရင်း ကားရပ်ပေးဖို့ ပြောလိုက်ပါတယ်။
- ဟုတ်ကဲ့ရှင့် ခနလေးနော် အကို ကားဆရာကို ညမပြောပေးပါ့မယ်
- မင်းဘာ လုပ်မလို့လဲ အပေါ့သွားမလို့လား သွင်သစ်
- မဟုတ် ဘူး ဆင်း မယ် ငါတို့ တဖွဲ့လုံး ဆင်းမယ်
- ဟာ ဘယ်ဖြစ်မလဲ ဒီအချိန်ကြီး ပြီးတော့ မြို့လဲ မဟုတ်ဘူး လမ်းကြီးမှာ ဘယ်ဖြစ်မလဲ
- မေ့မရ ပြောတာ ဟုတ်တယ် ဘာဖြစ်တာလဲ သွင်သစါရာ အဓိပ္ပါယ် မရှိတာ
သွင်သစ်က ထိုင်ရာက ထရပ်လိုက်ပြီး သူ့ ကျောပိုးအိတ်ကို လွယ်ရန် ထိုင်ခုံပေါ် တင် လိုက်ရင်းက
- ဘာဖြစ်လို့လဲ ဆိုတာတော့ မပြောနိုင်ဘူး မဖြစ်မနေဆင်းဖို့ လိုအပ်လို့ပါ ကျန်တာ မင်းတို့ သဘောပဲ
- ဟ့ မင်းက သေချာပြောမှ ငါတို့က ဆင်းမှာပေါ့ကွ မရေမရာနဲ့ ဆိုတော့
- အေးလေ ဘာဖြစ်တာလဲ ဆိုတာ ပြောစမ်းပါ
ဥသြ စကားကို ကြင်သူ ကလဲ ဝင်ထောက်ပါတယ်။ အံ့ဖွယ်က
- ကဲပါကွာ တဖွဲ့ထဲလာတဲ့ သူတွေပဲဟာ တစ်ခုခုဖြစ်ရင် အတူတူပေါ့ ဆင်းလိုက်ကြပါ
- ဟာကွာ ဘာတွေမှန်း မသိဘူး မင်းတို့ တအားရှုတ်တာပဲ
အိပ်ချင်မူးတူးနဲ့ သော်က ထအော် ပါတယ်။ သော်က ဘေးက ကောင်းသန့် ကလဲ ပါးစပ်မှ ပွစိပွစ် လုပ်ခါ အထုပ်တွေ ဆွဲမနေပါတော့တယ်။ ကားကြီးက လမ်းဘေးမှာ ထိုးရပ်လိုက်တော့ ၈ ယောက်လုံး ဆင်းလိုက်ခါ ယာဉ်မယ်လေးအား အံ့ဖွယ်မှ
- ကားဝမ်းထဲက အထုတ်တွေ ကျနော်တို့ ကိုထုတ်ပေးပါဗျ ကျနော်တို့ ဒီမှာပဲ ဆင်းနေခဲ့တော့ မလို့
- ဟင် အကိုတို့အဖွဲ့က ဟားခါးထိ လိုက်မှာ မဟုတ်ဘူးလား ဘာများ အခက်အခဲရှိလို့လဲ လိုအပ်တာ ရှိရင် ညမကို ပြောပါ
- ဘာမှမဖြစ်ဘူး ဟိုတစ်ကောင် သောက်ရူးထလို့ အကုန်ဒုက္ခခံ ရတော့မှာ ခွီးပဲ
- အော် ဟုတ်ကဲ့ပါရှင့် ခနနော်
ယာဉ်မယ်လေးက ကားဝမ်းဗိုက်ထဲမှ သူတို့ အထုတ်ကြီး ၂ ထုပ်ကို ချပေးပါတယ်။ ပြီးတော့ ကားပေါ် တက်မယ် အလုပ်မှာ သွင်သစ်က
- အစ်မ ခနလေး
ယာဉ်မယ်လေးကို ခေါ်လိုက်ပြီး အနားကပ်ခါ
- ကားကိုလုံးဝသတ်ထားမောင်းခိုင်းပါ ကို့ကိုယ်ကို ဂရုစိုက် အန္တရယ် ရှိတယ်
ယာဉ်မယ်လေးက ပြုံးလိုက်ပြီးမှ
- ကျေးဇူးပါ အကို ဒီလမ်းက ဒီလိုပါပဲ ညမတို့က သွားနေကြ ဆိုတော့ စိတ်မပူပါနဲ့
ပြောခါ ကားပေါ် ပြန်တက်သွားပါတော့တယ်။ ကားပေါ်က ခရီးသည်တွေက လဲ သူတို့ကို အထူးအဆန်း သဖွယ်ငေး ကြည့်နေတာ တွေ့ရပါတယ်။ ဟုတ်တယ်လေ ဒီလို တောတောင် လမ်းကြီးထဲမှာ အချိန်မတော် ဆင်းနေခဲ့တာ အနည်းငယ်တော့ ဆန်းနေတာပဲ မဟုတ်လား။ တရွေ့ရွေ့ ထွက်သွားတဲ့ ကားကြီးကို ငေးကြည့်ရင်း သွင်သစ် ပါးစပ်မှ တစ်တွတ်တွတ် တစ်စုံ တစ်ခုကို ရွတ်နေသလို လက်ကလဲ လက်အုပ်ချီကာ ဆုတောင်းနေတယ် ထင်ပါရဲ့။
- ကဲ ပြောစမ်းပါဦး သွင်သစ် မင်းက ဘာဖြစ်ရတာလဲ ငါတို့ အခုဒုက္ခရောက်ပြီ
- အေး ဟုတ်တယ် အေးဆေး အိပ်ပြီး လိုက်သွားရမယ့်ဟာကို ဟာ အခုတော့ လမ်းဘေးမှာ သောင်တင်တော့မှာပဲ တကယ်ပဲ
ကောင်းသန့်ရဲ့အမေးကို ကြင်သူကလဲ ဝင်ထောက်ခံပါတယ်။ သွင်သစ် သက်ပြင်းကို အသာချ လိုက်ခါ
- ဘာလို့လဲဆ်ုတာတော့ ငါလဲ သေချာ မပြောနိုင်ဘူး ပြောရင်လဲ ဘယ်သူမှ လက္ခံမှာ မဟုတ်ဘူး အဲဒိတော့လအခြေအနေ တစ်ခုကို မင်းတို့တွေ့ရင် ဘာလို့လဲ ဆိုတာ အလိုလို သိသွား လိမ့်မယ်
- ကဲ အဲဒါက ထားပါတော့ ငါတို့ အခု ဘယ်လို ခရီးဆက်ကြမှာလဲ မိုးတောင်မလင်းသေးဘူး ခုမှ ၄ နာရီခွဲပဲ ရှိသေးတယ်
- အားလုံးကို တောင်းပန်ပါတယ် ဆက်သွားဖို့ကတော့ အားလုံးတိုင်ပင်ကြတာပေါ့
အံ့ဖွယ် ဝင်ပြောလိုက်မှ အားလုံး ငြိမ်သွားတယ်။ အကုန်လုံးက သွင်သစ်ကို သိပ်တော့ မကြည်ကြဘူး။ သွင်သစ်ကလဲ ဘာမှမပြောပဲ ခေါင်းသာငုံ့ ထားပါတယ်။ သူတို့အဖွဲ့က ဘူမိဗေဒ ကျောင်းသူကျောင်းသား တွေပါ။ စာတမ်းပြုစုဖို့ သူတို့အဖွဲ့ က အတူပူးပေါင်း လုပ်ရမှာလေ။ ဒါ့ကြောင့် ချင်းပြည်နယ် ဖက်ကို လေ့လာရေး ထွက်လာတာပါ။ အားလုံးပေါင်း ၈ ယောက်
၁။ သွင်သစ်သာ - အမြဲတမ်း တစ်ယောက်ထဲ နေတက်ခါ စကားပြောလဲ နည်းတယ် အနေအေးသော ခပ်ချောချော ခပ်သန့်သန့် ကောင်လေး တစ်ဦး နားလည်ရ အနည်းငယ်တော့ ခက်တယ်။
၂။ အံ့ဖွယ်ဦး - သူက အနေတည်သလို စကားလဲ သိပ်မပြောပေမယ့် သူတို့အဖွဲ့ရဲ့ ဦးဆောင်သူ မို့ သူ့စကားကိုတော့ နားထောင်ကြတယ် သူကလဲ ရုပ်ရည်အားဖြင့် ကြည့်ကောင်းသလို ဗလက ခပ်တောင့်တောင့် အားကိုးလောက်သူပေါ့။
၃။ ရွှေဥသြ - သူကတော့ အားလုံးနဲ့ ခသ်မင်စွာ နေတက်ပြီး ပျော်တက်စတက်သူ ခပ်လန်းလန်း လူငယ်လေးပေါ့။
၎။ ကောင်းသန့် - သူက နာမည် နဲ့လိုက်အောင် အသန့်ကြိုက်သလို ချေးများတက်သူပါ။
၅။ မြတ်သော်က - သူကတော့ ဘာကိုမှ အလေးမထား ခပ်ပေါ့ပေါ့ပါးပါး နေတက်သူပါ။ သူကလဲ လူချောလေး တစ်ဦးပါပဲ။
၆။ နောင်ရိုး - သူကတော့ အမြဲတမ်း နောက်ကလိုက်သူ လူရိုး လူအေးပေါ့။ အလုပ်လုပ်ရင်လဲ သူများထက် ပိုပြီး လုပ်နိုင်သူ အားကောင်းမောင်းသန် ညိုချောလေးပါပဲ။
၇။ မေ့မရ - မိန်းခလေး သဘာဝ အလှကြိုက်သလို နေရာတကာ ပါတက်သူ စကားအလွန်များသူ။
၈။ ကြင်သူသက်ထား - သူကတော့ ယာက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အမြဲတမ်း တက်ကြွ နေသူ။
- ကဲ မထူးဘူး အားလုံး မနင်လင်းတဲ့အထိ ဒါမှမဟုတ် မြိုဖ့လေး တစ်မြို့ ရောက်တဲ့ထိ လမ်းလျှောက်ကြမယ် ကျန်းမာရေးလဲကောင်းတယ် လမ်းက သဘာဝ ပတ်ဝန်းကြင်တွေလဲ ကြည့်ရတာပေါ့
- သဘောပဲဟေ့ လုပ်ကြ လုပ်ကြ
- လာ သွင်သစ် မင်းနဲ့ငါ တစ်ထုတ်သယ်မယ်
အံ့ဖွယ်ကသွင်သစ်နဲ့ အထုတ်တစ်ထုပ်ကို အတူမတယ်။ နောင်ရိုးက အထုပ်တစ်ထုပ်ကို တစ်ယောက်ထဲ မမယ် လုပ်နေတုန်း ဥသြ ဝင်မပေးတာမို့
- ရတယ်ရတယ် ဒါ ငါ့ဖာသာမမယ်
- မလုပ်ပါနဲ့ကွာ ခရီးက နီးနီးလေး မဟုတ်ဘူး လာ အတူတူမမယ်
အားလုံးအရှေ့ကနေ ကိုယ့်ကျောပိုးအိတ် ကိုယ်လွယ်ခါ လျှောက်နေကြပါပြီ။ အလင်းရောင်က စပေါ်လာသလို အအေးဓါတ်ကလဲ အရိုးထဲထိအောင် စိမ့်နေပါတယ်။ ဘေးပတ်လည်မှာ မြူတေ စိုင်းနေသလို တောတောင်ထဲမှ ကြေးငှက်တို့ အော်မြည်သံ ကိုလဲ ကြားနေရတာမို့ အားလုံး အတွက်တော့ အထူးအဆန်း တစ်ခုလို နှစ်လိုဖွယ် ခံစားရပါတယ်။ အလင်းရောင် ပေါ်လာတော့ တောတောင် ရေမြေသဘာဝတွေကို သူတို့ အတိုင်းသား မြင်ရပါတော့တယ်။ တော်သေးတယ် သူတို့လာတာ တကယ့်နွေရာသီမို့ နို့မို့ဆို ဘယ်လောက်တောင် အေးလိုက် လိမ့်မလဲ။ ရှုခင်းတွေ ငေးကြည့်ရင်းကပဲ လမ်းတစ်လျှောက် တက်လာတာ တောင်တက်လမ်းမို့ ထင်ရဲ့ အားလုံးက ခြေကုန်လက်ပမ်းပင် ကြချင်နေလေရဲ့။
- သွင်သစ် မင်းမရရင် ငါ့ဖာသာ ထမ်းလိုက်မယ်လေ ရလား
- ရတယ် အံ့ဖွယ် ဘာမှ မဖြစ်ဘူး လက်ပဲနာလို့ ပုဝါခံထားတာ
- ဟေးးးးး ဒီကိုလာကြည့်ကြ မြန်မြန်လာစမ်းပါ
အရှေ့က အော်သံတွေကြောင့် သူတို့ အပြေးအလွှား လိုက်ခါ ချောက်ကမ်းပါး တစ်ခုရဲ့ အစွန်မှာရပ်မိ ချိန်မှာတော့
- ဟာ
- အမလေး သေပါပြီ သေပါပြီ
- ဘုရား ဘုရား လူတွေ သေကုန်ပြီ ထင်တယ်
- ဟား သေပါတော့ကွာ ဒုက္ခပဲ
မြင်လိုက်ရတဲ့ မြင်ကွင်းက တောင်ကမ်းပါး ဟိုးအောက်ဖက် စွန်းမှာ တစောင်းကြီး လဲကျခါ တငွေ့ငွေ့ လောင်ကျွမ်းနေသော သူတို့စီးလာတဖဲ့ Express ကားကြီး။ ပိန်လိန်ရှုံ့တွခါ မဲညစ်ပြီး မီးခိုးတွေ ထွက်နေပုံက သူတို့မရောက်ခင် အတော်ကြာကြာထဲက ချောက်ထဲထိုးကြပြီး မီးလောင် ထားပုံပါပဲ။ မေ့မရ ချက်ခြင်း သွင်သစ် လက်မောင်းကို လာဆွဲလိုက်ခါ
- နင် နင်ပြောတဲ့ ကိစ္စလား သွင်သစ် ဟုတ်လား ဒါနင်ပြောတဲ့ ကိစ္စလား
မေ့မရ အသံကြောင့် အားလုံးက သွင်သစ်ဖက်ကို စိတ်ရောက်သွားခါ ဝိုင်းကြည့် လာတော့မှ သွင်သစ်က ခေါင်းကိုငြိမ့်လိုက်ခါ ငုံ့ထား လိုက်ပါတော့တယ်။ သွင်သစ်ခေါင်းငြိမ့် လိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ မေ့မရက သွင်သစ်ရဲ့ ကျောကို လက်နဲ့ထုလိုက်ခါ
- နင် သိနေရင် အားလုံးကို တားပါလား နင် သိရဲ့သားနဲဖ့ပြောပါလားဟဲ့ အီးဟီး ဟိုမှာ အားလုံး သေကုန်ကြပြီ နင့်ကြောင့် နင်မတားလို့ အီး ဟီး ဟီး ကလေးတွေကော ပါတယ် သက်ကြီးရွယ် အိုတွေကော နင် နင် အသုံးမကြလို့ နင်မတားလို့ အီး ဟီး သနားပါတယ်
မေ့မရ သွင်သစ်ကို ထုထုပြီး ငိုချလိုက်ပါတော့တယ်။ ဟုတ်တယ် ကားပေဖ်ါမှာ အတူစီးခဲ့တဲ့ သူတွေ မျက်လုံးထဲက မထွက်ဘူးလေ။ သနားလိုက်တာ။ အားလုံးက ငြိမ်သက်နေပေမယ့် ကြင်သူက မေ့မရကို ဖက်ထားပြီး ထိန်းလိုက်ခါ
- သူ့မှာ အကြောင်းတစ်ခုခု ရှိပါလိမ့်မယ် ငါတို့တေ မသေကုန်တာတောင် သူ့ကျေးဇူးကြောင့်ပါဟာ
- မင်းသူတို့ကို ဘာလို့ မတားခဲ့တာလဲ ပြောပြလို့ ရမလား သွင်သစ်
သွင်သစ် ကောင်းသန့်ရဲ့ အမေးကို ခေါင်းငြိမ့်လိုက်ရင်း သက်ပြင်းကို ချလိုက်ခါ
- ငါအိပ်နေတုန်း ငါတို့ကား ချောက်ထဲကြတယ်လို့ အိပ်မက် မက်တယ် ငါတအား ကြောက်သွားပြီး လန့်နိုးလာတော့ ငါ့မသိစိတ်က တကယ်ဖြစ်တော့မယ် ဆိုတာ အလိုလို သိနေတယ် ဘာလို့လဲ ဆိုတာတော့ ငါ့ကိုယ်တိုင်လဲ မပြောနိုင်ဘူး ငါသူတို့ကို တားဖို့စကား လုံးတွေ ထွက်မလာဘူး မင်းတို့ကိုတောင် ငါရှင်းမပြနိုင်ခဲ့ဘူးလေ
- ဟူး မလွယ် ပါလားကွာ
- အေးဟယ် ခရီူက ဆက်တောင် မသွားရဲတော့ဘူး
- ပြန်ဖို့ကကော ဘယ်လိုလုပ် အဆင်ပြေမှာလဲ မထူးတော့ဘူးလေ ဆက်ပြီး သွားရတော့ မှာပဲ
- ဒီတခါငါတို့ တော့ထဲက ဖြတ်ထွက်မယ် အနီးဆုံးမြို့ကို မြေပုံကနေကြည့်ပြီး ခြေကျင်ပဲ လျှောက်ကြမယ်
- ဒီကားကိစ္စကို ဘယ်လိုလုပ်မလဲ
- မတက်နိုင်ဘူး ဖုန်းတေက လိုင်းမှ မမိတာ နောက်ကားလာရင် သူတို့ ကူညီပါလိမ့်မယ်
- အသက်ရှင်ကျန်ခဲ့တဲ့သူတွေ ရှိနေရင် ငါတို့ အကူအညီ လိုမယ်လေ ဟာ
- နင်ထင်လို့လား မေ့မရ ပြီးတော့ အ့ဒိချောက်ကြီးထဲကို နင်ဘယ်လိုပုံစံနဲ့ ဆင်းမှာလဲ
- ကဲ တော်ကြပါတော့ မတက်နိုင်ဘူး ဆက်သွားဖို့ပဲ လုပ်ကြတော့
နောင်ရိုး သော်က တို့မြေပုံကြည့် လမ်းကြောင်းရွေးခါ သူတိဲုတောထဲကို စတင်ပြီး ဝင်လာပါတော့တယ်။ အားလုံးက စိတ်မကောင်းခြင်း များစွာနဲ့ပေါ့။ သူတို့ရဲ့ ရှေ့ဆက်ရမယ့် ခရီး အတွက်လဲ သူတို့ ဘာမှန်းမသိ ရင်လေး နေမိသေးတယ်။ အားလုံးပဲ စကားလုံးတွေ စွံ့အခါ တိုးတိတ်စွာ ခရီးဆက်ခဲ့ပါတော့တယ်။
ဆက်လက် တင်ပြ သွားပါမည်။
အားလုံးကို ကျေးဇူး တင်ပါတယ် ခမျာ့
ကိုလေး
နမိတ် (၂)
- မောတယ်ကွာ နားကြပါဦး
- အေးဟယ် နားကြရအောင် မရတော့ဘူး
ကောင်းသန့် စကားကို မေ့မရ ကထောက်ခံ လိုက်တာမို့ အံ့ဖွယ်က
- ခနလေး အားတင်းထားကြပါ နေရာကောင်းလေး တွေ့ရင် နားကြတာပေါ့
အားလုံး တအိအိနဲ့ ဆက်လျှောက်လို့ လာပါတော့တယ်။ တောထဲတောင်ထဲမို့ နေထွက်နေပေမယ့် အအေးဓါတ်ကတော့ ရှိနေဆဲပါပဲ။ ဒါ့ကြောင့်လဲ သူတို့သက်သာနေတာလေ။
- အဆင်ပြေရဲ့လား သွင်သစ်
သွင်သစ် လှဲ့ကြည့်ခါ ပြုံးပြလိုက်တယ်။ အံ့ဖွယ် နဲ့က ကျောင်းမှတုန်းက လမ်းတွေ့ပြုံးပြ နှုတ်ဆက် ရုံမျှသာ ခင်မင်ခဲ့တာပါ။ အခုတော့ အံ့ဖွယ်က သူ့ကို ဂရုစိုက်တာ အနည်းငယ် ပိုကဲ နေသလို ခံစားရတယ်လေ။
- ပြေပါတယ်ကွာ အေးဆေးပါ
- အေးပါ မင်းမောရင် သော်က ကို တလှည့်ဆွဲခိုင်းမလို့
- အေးအဲ့တာတော့ မဆိုးဘူး လက်တေနာနေပြီ
အံ့ဖွယ်က သော်ကနဲ့ ကောင်းသန့်ကို လှမ်းခေါ်ကာ အထုတ်တလှဲ့ သယ်ခိုင်းပါတယ်။ုပီးတော့မှ သူ့ကျောပိုး အိတ်ထဲက ရေဘူးကို ထုတ်ခါ
- ရော့ သွင်သစ် သောက်လိုက်ဦး
- ကျေးဇူး
- ရတယ် အေးဆေး
နေရာလေး တစ်ခုကို ရောက်တော့ သူတို့ အနားယူဖို့ ဆုံးဖြတ် လိုက်ကြတယ်။ အဲဒိ နေရာလေးက ကျောက်ဆောင်လေး တစ်ခု ရှိပြီး အဲဒိအရှေ့မှာ ပေါက်နေတဲ့ တောညောင်ပင်ကြီး အောက်ခြေ တစ်ခုလုံးက အရွက်ခြောက်တွေက လွဲလို့ အားလုံး ရှင်းလင်းနေတာလေ။
- ကဲ နားကြမယ်ဟေ့ ကို့ရေကိုယ် ခြွေတာသောက် မုန့်တေကောပဲ ဒီမှာ ၂ နာရီနားမယ် တရေးလောက် မှေးချင်တဲ့သူတေ မှေးကြဦး
- ဟားးးးးး လှုပ်တောင်မလှုပ်ချင်တော့ဘူး
- အမလေး မောလိုက်တာ အသက်ထွက်တော့မလား အောက်မေ့ရတယ်
- ငါတော့ ခနအိပ်လိုက်အူးမယ် သွားရင်လဲ နှိုးကြဦး အားးးးး ညောင်းလိုက်တာ
တစ်ယောက်တစ်ပေါက် ပြောဆိုကာ ခြေပစ်လက်ပစ်တွေ အနားယူကြပါတော့တယ်။
- ဟဲ့ သွင်သစ် ငါအပေါ့ တအားသွားချင်နေပီ ဒီနားသွားလို့ ရရဲ့လား
သွင်သစ် မျက်မှောင်တစ်ချက် ကျုတ်လိုက်ခါ
- ရမှာပေါ့ ငါ ဘယ်သိမလဲ ဘာလို့ငါ့ကို အဲဒါ လာမေးတာလဲ
သွင်သစ်စကားကြောင့် မေ့မရ အမ်းတမ်းတမ်း ဖြစ်သွားခါ
- အော် ဟိုလေ အဲ ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး
မေ့မရ ထွက်သွားတော့ သွင်သစ် မျက်နှာကြီးစူပုတ်ခါ ပွစိစိ လုပ်နေမိတယ် ဟူတ်တယ် မသိရင် သူကပဲ နတ်ကတော် လိုလို ဘာလိုလိုနဲ့ အဲဒါတွေ စိတ်ညစ်တာ။ အဲဒါကို ဘေးမှာ ထိုင်နေတဲ့ အံ့ဖွယ်က
- ထားလိုက်ပါကွာ ငါနားလည်တယ် သူတို့က မိန်းခလေးတွေ ဆိုတော့ စိုးရိမ်လို့ပါ မင်းလဲ အိပ်ချင် အိပ်လေကွာ ခန ငါစောင့်နေပေးမယ်
- ငါမအိပ်ချင်ဘူး အံ့ဖွယ် ငါအိပ်ရမှာ ကြောက်နေတယ်
- သွင်သစ်ရေ သွင်သစ် အံ့ဖွယ် ဒီနားလာကြဦး အကုန်လုံး
သူတို့ပြောနေတုန်း အပေါ့သွားဖို့ ထွက်သွားတဲ့ မိန်းခလေး ၂ ယောက်မှ ကြင်သူရဲ့ အော်သံကြားတာမို့ သူတို့အားလုံး အော်သံကြားရာ နေရာကို ထပြေး ခဲ့ကြပါတယ်။ အနားရောက်တော့ ကြင်သူနဲ့ မေ့မရ ကုန်းကုန်းနဲ့ ဘာတေချောင်းနေလဲ မသိပေ။
- ဘာဖြစ်ကြတာလဲ ကြင်သူ
- ဒီမှာ လာကြည့်စမ်းပါဦး ဒါ ဂူကြီး တစ်ခုပဲ ငါတို့ လေ့လာလို့ရပြီ အထဲမှာ ငါတို့လိုချင်တဲ့ လေ့လာစရာ အသစ်တွေ ရှိမှာ သေချာတယ်
- ဟားကြင်သူရာ နင်လဲ လိုချင်တာပဲ သိတယ် အန္တရယ်ကို မသိဘူး
ကြင်သူ့စကားကို ကောင်းသန့်က ဝင်ထောက်လိုက်တာပါ။ အံ့ဖွယ်ကလဲ
- ကောင်းသန့်ပြောတာ ဟုတ်တယ် ကြင်သူ အထဲမှာ ဘာအန္တရယ်တွေ ရှိမလဲ ဆိုတာ ငါတို့ ကြိုမပြောနိုင်ဘူး
- ဒီလိုတောထဲက ဂူတွေက နှစ်ချို့ သတ္တဝါကြီးတွေ ရှိတက်တယ်
- အမလေး
ချက်ခြင်း မေ့မရ နောင်ရိုး နောက်ကို ကပ်လိုက်ပါတော့တယ်။ ကြင်သူကတော့ ဇွဲလျှော့ချင်ပုံ မရပေ။ သွင်သစ်ကို စစ်ကူတောင်းပြန်ပါ၏။
- ဘယ်လိုလဲ သွင်သစ် ငါတို့ ဝင်သင့်လား မဝင်သင့်လား တခုခုပြောဦးလေဟာ
- ဟ့ လာပြန်ပြီ ငါ ဘယ်သိမလဲ အများသဘောပဲလေ ဝင်ချင်ဝင်ပေါ့ ဘာဖြစ်လဲ
- ငါတို့မှာ ဓါတ်မီးတွေ ဓါတ်ခဲတွေ ပါတာပဲ ဝင်ချင်နေလဲ ဝင်ကြတာပေါ့ကွာ
နောင်ရိုး ဝင်ပြောလာတာမို့
- အဲ့တာဆိုလဲ နေကြဦး တိုင်ပင်ကြမယ် လာကြ
သူတို့ သစ်ပင်အောက်မှာ တိုင်ပင်ကြတယ်။ ပြီးတော့မှ အထဲကို ဝင်မယ့်လူနဲ့ အပြင်မှာ စောင့်မယ်သူ လူစုခွဲကြတယ်။ အံ့ဖွယ်ဦး၊ နောင်ရိုး၊ သွင်သစ်သာ၊ရွှေဥသြနဲ့ ကြင်သူသက်ထား တို့ အထဲဝင်ကြပြီး အပြင်မှာ ကောင်းသန့်၊ မြတ်သော်ကနဲ့ မေ့မရ တို့က စောင့်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ သေချာယူပြီး ကျန်တာတွေ တစ်နေရာထဲမှာစု ထားကြတယ်။ ပြီးတာနဲ့ သူတို့ အဖွဲ့ဂူကြီးထဲဝင်ဖို့ ပိတ်နေတဲ့ ခြုံတွေကို ရှင်းကြပါတယ်။
- ဒီလိုခြုံတေ ပိတ်နေတော့ အကောင်တွေ အဝင်အထွက် မရှိတာတော့ သေချာတယ်ကွ
- ပြောရမလားဟ့ တခြားအပေါက်တွေ ရှိချင်ရှိမှာပေါ့
- ကဲ ရပြီ ငါရှေ့ကဝင်မယ် နောက်က သွင်သစ်လိုက် ပြီးရင် ကြင်သူလိုက် ပြီးရင် ဥသြလိုက် နောက်ဆုံးက နောင်ရိုးလိုက် အားလုံး သတိထားကြ ဓါတ်မီးတွေ သေချာကိုင်ထား ရှေ့ဆုံး အလည် နောက်ဆုံးပဲ မီးထွန်း ကျန်တဲ့သူတွေက ခါးမှသေချာချိတ်ထား ဝင်မယ်
အံ့ဖွယ် စကားဆုံးတာနဲ့ ရှေ့ဆုံးကနေ တစ်ဒေါင်စစ်ခန့် ရှိတဲ့ ဓါးတစ်ချောင်းရယ် ဓါတ်မီးရယ် ကိုင်ပြီးဝင်သွား ပါတော့တယ်။ သံလိုက်အိမ်မြှောင်နဲ့ ကြိုးခွေကို သွင်သစ်က ကိုင်ပါတယ်။ အိတ်တလုံးလွယ်ကာ ဓါတ်မီးလဲ ကိုင်ထားသူက ကြင်သူသက်ထား ဥသြကတော့ ကင်မရာနဲ့ နောင်ရိုးကလဲ ဓါးနဲ့ ဓါတ်မီးဘကိုင်ထားပါတယ်။
ဂူကြီးထဲက အစိုပြန်နေတဲ့ အနံစိမ်းစိမ်းတွေ ရနေသလို အေးစိမ့်နေတာလဲ သိသာလှပါတယ်။ အောက်ဖက်မှာတော့ ကျောက်တုံးကြီးတွေ ရှိနေပြီး အပေါ်ဖက်မှာတော့ ရေစက်လေးတွေကျနေတဲ့ ကျောက်ဆွယ်လေးတွေ ရှိတာမို့ သူတို့ သတိထားပြီး လာနေကြတယ်။ အတော်လေး လျှောက်မိတော့ အခန်းသဏ္ဍန် လေးထောင့် ပုံစံလေး တစ်ခုထဲကို သူတို့ရောက်သွား ပါတော့တယ်။
- ခနနေဦး အံ့ဖွယ်
ဥသြက နံရံတွေကို ဓါတ်မီးနဲ့ အနီးကပ် လိုက်ကြည့်နေသလို အံ့ဖွယ်တို့လဲ ကြည့်နေမိတယ်။ ထူးဆန်းတာ တစ်ခုက နံရံက ကျောက်သားတွေက သဘာဝ မဟုတ်ပဲ လူတွေ ပြုပြင်ထားတဲ့ ပုံစံတွေ ဖြစ်နေလို့ ပါပဲ။
- ဒီအတွင်းပိုင်းက သဘာဝအတိုင်း မဟုတ်ဘူး
- ဟုတ်တယ် အဲဒါကြည့်နေတာ နောက်ပြီး လမ်းကဆုံးနေပြီ ဒီမှာလှို့ဝှုက်ချက် တခုခုရှိနေ လိမ့်မယ် ထင်တယ်
ဥသြနဲ့ အံ့ဖွယ်ပြောနေတုန်း ကြင်သူ တို့ သွင်သစ် တို့ပါ နေရာ အနှံ့ လိုက်လံ ပွတ်သပ်ခါ ကြည့်နေမိတယ်။ ကျောက်တွေကသာ မက နေရာကပါ စိတ်ဝင်စားဖို့ ကောင်းနေတယ်လေ။
- ကဲပါကွာ မှတ်တမ်းတင်ကြ ပြီးရင် ပြန်လှည့်မယ်
ဥသြ ဓါတ်ပုံ ရိုက်နေတုန်း နောင်ရိုးက ဓါးနဲ့ ကျောက်သားကို လိုက်ခေါက်ကြည့်နေပါတယ်
- ဟာ ဟျောင့်တွေ ဒီနားကို လာနားထောင်ကြည့်စမ်း
ပထမဆုံးပြေးခါ နားထောင်သူက ကြင်သူ ပြီးတော့ အံ့ဖွယ် နားလေးကပ်ခါ နောင်ရိုးဓါးနဲ့ ခေါက်တဲ့ အသံကို နားးထောင်လိုက်ကြတယ် ပြီးမှ
- ကြိမ်းသေတယ် ဟိုဖက်မှာ လှိုင်ခေါင်းသံ ပေါက်နေတယ် တစ်ခုခုရှိရမယ်
ကြင်သူ့ မျက်လုံးတွေ တစ်လက်လက်တောက်ပနေပါတယ်။ ဥသြနားထောင်ပြီးတော့ သွင်သစ်လဲ နားထောင်မလို့ နားနဲ့နံရံကို ကပ်လိုက်စဉ်မှာပဲ နားရွက်ကနေစပြီး လူကို ဆွဲခေါ်သွား လိုက်သလို ဟိုတဖက်ခြမ်းကို နစ်ဝင်သွားခါ ဗီဒီယိုအခွေကို ရစ်ထားသလို ပုံရိပ်တွေ မရပ်နား မြန်ဆန်စွာ ပေါ်လာပါတော့တယ်။
- အားးးးးးးးးးး
သွင်သစ် အော်လိုက်တဲ့အသံက လှိုင်ဂူကြီး တစ်ခုလုံး ဟိန်းတက်ခါ ပဲ့တင်သွား ပါတော့တယ်။ အဲဒိချိန်မှာပဲ ဥသြက သွင်သစ် လက်ကို ဆွဲခါ နံရံမှ ခွာလိုက်ပြီး
- ဘာဖြစ်ပြန်တာလဲ သွင်သစ်
- ငါ ငါ ဟိုဖက်ရောက်သွားတယ်
- နင် ဘာတွေတွေ့ခဲ့လဲ သွင်သစ်
သွင်သစ် ခေါင်းကိုဖြေးညှုင်းစွာ ခါလိုက် ပါတယ်။ ဟုတ်တယ် သူသေချာမပြောတက်ဘူး။
- ငါတို့ ပြန်ရအောင်
- ငါတော့ စိတ်ဝင်စားတယ် အံ့ဖွယ် ကျိုးစားကြည့်ချင်တယ်
- ဟုတ်တယ် ငါလဲ လေ့လာချင်တယ်
နောင်ရိုးကော ကြင်သူကပါ ပြောလာတော့ အံ့ဖွယ် ဥသြကို လှမ်းကြည့်လိုက်ပါတယ်။ ဥသြကလဲ ပုခုံးလေးသာ တွန့်ပြလာတာမို့ သွင်သစ် ပုခုံးကို ညှုစ်ခါ အားပေး လိုက်ပါတော့တယ်။
- အဲ့ဒါဆို အဲဒိထဲကို ဘယ်လိုဝင်ကြမလဲ
- အဲဒါ သွင်သစ်ကိုမေး
- လာပြန်ပြီကွာ ငါမသိပါဘူးဆိုနေ မင်းတို့ကလဲ
ပြောလဲပြောလစိတ်မောလူမောနဲ့ ကျောက်နံရံကြီးပေါ် ကျောပစ်ချခါ မှီရပ်လိုက်စဉ်
- ဂျွီးးးးးဒုံးးးးဒုံးးးးးဒုံးးးးးဂျွိ ဂျွီးးးးး
ကျောက်သား နံရံတံခါးကြီး ပွင့်လို့သွားပါတော့တယ်။ အကုန်လုံး လန့်ဖြန့်ခါ ဘေးနံရံမှာ ကပ်ပြီး ရပ်နေလိုက်ကြတယ်။ သွင်သစ် တအားကြောက်သွားပြီး သတိရတော့မှ သူက အံ့ဖွယ် ရင်ခွင်ထဲမှာ အံ့ဖွယ်ကလဲ သူ့ကိုတင်းကျပ်နေအောင် ဖက်ထားပါတယ်။ သွင်သစ် အသာရုန်းထွက် လိုက်ပြီး ပွင့်သွားတဲ့ တံခါးအတွင်းဖက်ကို လှမ်းကြည့်လိုက်တော့
အားလုံးက်ုကျေးဇူး တင်ပါတယ် ခမျာ့
ဆက်လက် တင်ပြ သွားပါမယ်
ကိုလေး
လိင်တူအချစ်ဇာတ်လမ်း ဖြစ်ပါသည် ဆန္ဒရှိမှ ဖတ်စေလိုပါသည် ခမျာ့။
နိမိတ် (၃)
တကယ်တမ်းပွင့်သွားတော့ ကျောက်တံခါးကြီးက နည်းတဲ့ အကျယ်မဟုတ်ပေ။ အထဲမှ အခန်းဆောင်ကြီးကလဲ ကြီးမားလွန်းလေစွ။ ထို့အပြင် ကျောက်တိုင်ကြီး နှစ်တိုင်ကနေ အထက်ဖက် ကိုတက်သွားတဲ့ လှေကားထှစ် ကြီးတခုကလဲ အထူးအဆန်း မဟုတ်ပေမယ့် ကြီးမားမှုကြောင့် ခမ်းနားလို့ နေပြန်ပါတယ်။ ပထမဆုံး စဝင်သွားသူက နောင်ရိုး သူ့နောက်က ကြင်သူ ပြီးတော့ဥသြ သွင်သစ်နဲ့ အံ့ဖွယ်တို့က နောက်ဆုံးကနေ လိုက်ဝင်ခဲ့ပါတော့တယ်။
- ဒီအလင်းရောင်တွေက ဘယ်ကရောက်နေတာလဲ လေကကော ဘယ်ကဝင်နေတာလဲ
ကြင်သူမေးတာလဲ ဟုတ်တာ် အခန်းက လင်းနေပြီး လေဝင်လေထွက် ရှိပုံရတယ်။
- အထက်ကနေ လာတာပါ ခလေးတို့
- ဟာ
- ဟင်
- အမလေး
ကျောက်လှေခါးထိပ်မှာ ရပ်နေသူတစ်ယောက်က လှမ်းပြော လိုက်တာပါ။ ခုနက မတွေ့ရပဲ ရုတ်တရက် အသံနဲ့အတူ တွေ့လိုက်ရတာမို့ အံ့အားသင့်ခါ လန့်သွား ကြတာပါ။ ရပ်နေသူက သူတို့ကို ခလေးတို့လို့ ခေါ်နေပေမယ့် ထိုလူငယ်ရဲ့ အသက်က ၁၈ ဝန်းကျင်ခန့် သူတို့ထက်ပင် ငယ်မယ်ထင်ရတယ်။ ဝတ်ထားတာက ယောဂီရောင် အထက်အောက် ဆင်တူ။ တည်ငြိမ်အေးဆေး တဲ့ မျက်နှာကတော့ အရမ်းကို ကြည့်ကောင်းနေတာ အမှန်ပင်။
- မင်းက ဘယ်သူလဲ ဒီထဲမှာ ဘာလုပ်နေတာလဲ မင်းတစ်ယောက်ထဲလား ဒီထဲမှာ
- ကျုပ်တစ်ယောက်ထဲ လို့တော့ ပြောလို့မရဘူး ခလေးတို့ ဒီမှာနေတာတော့ ဟုတ်ပါတယ် ဒါနဲ့ ဒီထဲကို ဘာဖြစ်လို့ ဝင်လာကြတာလဲ
- ငါတို့က ဘူမိကျောင်းသားတွေပါ လေ့လာရေးထွင်လာရင်း ဒီဖက်ကိုရောက်လို့ ဒီထဲကိုဝင်ကြည့် မိတာပါ
ထိုလူငယ်နဲ့ ဥသြနဲ့ စကားပြောနေတာမို့ ကျန်တဲ့သူတွေက ထိုလူငယ်လေး ကိုသာ ဂရုစိုက်ငေး ကြည့်နေကြပါတယ်။ ပြောနေတုန်းမှာပဲ ထိုလူငယ်လေးက
- အင်ကျီအပြာရောင်နဲ့ ခလေး ဒီနားကို လာခဲ့ပါ
အင်ကျီ အပြာက သွင်သစ်တစ်ယောက်ပဲ ဝတ်ထားတာလေ။ ဂျင်းအင်ကျီလေးပေါ့။ သွင်သစ် သွားမယ်လုပ်တော့ အံ့ဖွက်က လက်ကို ဆွဲထား လိုက်ပြီး
- ဘာကိစ္စရှိလို့လဲဗျ အဲဒိကနေပဲ ပြော လို့မရဘူးလား
- ကောင်းပါပြီခလေး အဲဒီ ခလေးက သောကြာသား ထင်တယ် ခလေးတို့ အဖွဲ့ကို တစ်လမ်းလုံး သူစောင့်ရှောက်ပေး လိမ့်မယ် နောက်ပြီးတော့ ခလေး
ထိုလူငယ်က သွင်သစ်ကို စိုက်ကြည့်ခါ ခေါ်လိုက်ချိန်မှာ ဘာ့ကြောင့်မှန်းမသိ သွင်သစ် လက်အုပ်လေး ချီပြီးသား ဖြစ်နေပါတော့တယ်။
- ဟုတ်ကဲ့ ပြောပါခမျာ့
- ခလေး ကြိုတင်မြင်တွေ့နေရတဲ့ အရာတွေ အတွက် စိတ်မချမ်းမသာ ဖြစ်နေရတယ် မဟုတ်လား အဲဒါတွေက ခလေး အိမ်ထောင်ပြုတဲ့ နေ့မှာပဲ ချုပ်ငြိမ်းသွား လိမ့်မယ် နောက်ပြီး ခလေးတို့ လာကြတဲ့ အဖွဲ့ထဲမှာပဲ ခလေးရဲ့ ဖူးစာရှင်ပါတယ် လောကကြီးက ဆန်းကျယ်တယ်
သူပြောတဲ့ စကားတွေကို သွင်သစ်သေချာစွာ လိုက်နားထောင် နေမိတယ်။ ဖူးစာရှင် ပါတယ် ဆိုတော့ ကြင်သူက မျက်လုံးပြူးသွားသလို အံ့ဖွယ်ကလဲ ကျိတ်ပြုံးလိုက်တာ ဘယ်သူမှ မသိ လိုက်ပေ။ လူငယ်က လှေခါးထစ်ကနေ လှဲ့ထွက်မည် အလုပ်မှာပဲ နောင်ရိုးက
- ခနလေးဗျာ ကျနော် မေးစရာရှိလို့
- မေးပါ ခလေး
- အဲဒိအပေါ်ကို ကျနော်တို့ တက်ကြည့်ခွင့်ရှိလား အန္တရယ်ကော ရှိလားဗျ
- တက်ကြည့်ဖို့က မိမိစိတ်ကို မိမိနိုင်ရင် တက်ကြည့်ပါ အန္တရယ်ရှိမရှိ ဆိုတာကလဲ မိမိစိတ်နဲ့သာ သက်ဆိုင်ပါတယ် နောက်တစ်ခုက ဒီထဲက ဘယ်လိုအရာကိုမှ လူအများ သိစေဖို့ ယူဆောင်သွားခြင်း မပြုပါနဲ့
ထိုလူငယ် ပြောပြီးတာနှင့် လှဲ့ထွက်သွားပါတော့တယ်။
- သူပြောတာငါ သိပ်မရှင်းဘူး ဥသြ
- အင်း ထားလိုက်ပါကွာ လာ ငါတို့ တက်ကြည့်ကြမယ် ဒါမျိုးတွေ့ဖို့က ခဲယဉ်းတယ်ကွ
- အေး တက်မယ် လာ မြန်မြန်
- မင်း တက်ချင်ရဲ့လား သွင်သစ်
- ရတယ် အံ့ဖွယ် မင်းတို့သဘောပါ
အဲတာနဲ့ သူတို့ အားလုံး ကျောက်လှေခါးကြီးပေါ် တက်ခဲ့ကြပါတော့တယ်။ ကျောက်လှေခါးကြီး ရဲ့ လက်တန်းတွေက ပန်းကနုတ်တွေ ဖော်ထားတာ အနော်လေး အနုစိတ်လှပါတယ်။ လှေခါးထိပ် ရောက်တော့ ညာဘက်ကွေ့လိုက်တယ်။ ခုန လူငယ်ကို မတွေ့ရတော့ပေ။
- ဟိုကောင်လေး ဘယ်ရောက်သွားတာလဲ
- သူနေတဲ့ သူ့နေရာပဲ ဟာ တနေရာရာမှာ ရှိမှာပေါ့ လာပါ သွားကြရအောင်
ထိုနေရာကနေ အတော်လေး လျှောက်လာတော့မှ အခန်းကျယ် တစ်ခုကိုတွေ့ ရပါတော့တယ်။
- ဟားးး တွေ့ပြီ ဒါ အရင်က ဘုရင်တွေ ဘာတွေ စစ်ပုန်းခိုတဲ့ စခန်းဖြစ်နိုင်တယ်
- ဝူးးးး အရမ်းမိုက်တယ်ကွာ
- ချလပ်
- ဟာ ဥသြ မရိုက်နဲ့လေကွာ ဒီထဲကဟာတေ အပြင်မသယ်ရဘူး လို့ ခုန သတိပေးထားတယ် မဟုတ်လားကွ
- ပစ္စည်းသယ်တာမှ မဟုတ်တာကွ Copy လုပ်ရုံလေးပါ ဟဲ ဟဲ အဲလိုမှ မလုပ်ရင် ငါတို့ ဒါတွေတွေ့ခဲ့တာ ဘယ်လို သက်သေပြမလဲ
- ထားလိုက်ပါ သွင်သစ်ရာ စကားများ နေဦးမယ်
- ဟူးးးးး
သူတို့ အဲဒိအခန်းထဲကို သေချာ လိုက်ကြည့်မိတော့ ရှေးခေတ် အသုံးအဆောင်တွေ အများစုက ကျောက်သားဖြင့်သာ ပြုလုပ်ထားတာတွေ။ အားလုံးက အလွန်လက်ရာမြောက် တယ်ဆိုတာတော့ သူတို့ မငြင်းနိုင်ပေ။ ထိုအခန်းကနေ နောက်အခန်းတွေ ကူးလာပေမယ့် ဘာမှသိပ်ထူးခြားတာ မတွေ့
- ကဲ ပြန်ထွက်ကြမယ်ဟေ့
သူတို့ ထိုဂူကြီးထဲက ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက်လုံး သွင်သစ် ပါးစပ်က တစ်ခူခုကို အသံမထွက်ပဲ တောက်လျှောက်ရွတ်လာတာမို့ အံ့ဖွယ်က
- သွင်သစ် ဘာတွေရွတ်နေတာလဲ မင်းအဆင်ပြေရဲ့လား
- ပြေတယ် အံ့ဖွယ် ဒါပေမယ့် စိတ်ထဲမှာ လေးနေတယ်
- အင်းပါ သိပ်မတွေးပါနဲ့ကွာ အားလုံး အဆင်ပြေသွားမှာပါ
သူတို့ ဂူဝနားရောက်ခါနီးတော့ သွင်သစ် စိတ်ကတစ်စုံ တစ်ခုကို ခံစားလိုက်မိတာမို့ နောက်သို့လှည့် ကြည့်လိုက်စဉ် ခုနက လူကို တွေ့လိုက်ရပါတယ်။ သွင်သစ် လက်ပြမယ် လုပ်တုန်းမှာပါ ထိုလူက ခေါင်းကိုဖြေးလေးစွာ ခါပြလိုက်တာမို့ တစ်ခုခုပဲ ဆိုတဲ့ အတွေးနဲ့ လက်မပြဖြစ်မိတော့ပေ။
ဂူကြီး အပြင်ရောက်တော့ မေ့မရ၊ကောင်းသန့်နဲ့ သော်က တို့ကို ကြင်သူက တွေ့လာသမျှ ဖောင်ဖောင်ဝေအောင် ဖောက်သည်ချပါတော့တယ်။ အံ့ဖွယ်တို့ကတော့ နားနေကြတယ်လေ။ အချိန်ကလဲ နေ့လညိပိုင်း ရောက်နေပေပြီ။
- အံ့ဖွယ် ငါတို့လဲ ဂူထဲကို ဝင်ကြည့်ချင်တယ် ခနလေး ဖြစ်ဖြစ်ပေါ့ဟာ ငါတို့လဲ တွေ့ဖူးချင်လို့ပါ နော်
ပြသနာက စလာပြီ။ အံ့ဖွယ် စဉ်းစားနေလိုက်ပြီးမှ
- အဲဒါဆိုလဲ မကြာစေနဲ့ သတိဝိရိယနဲ့ သွား ဘယ်သူ လိုက်ပို့ပေးမလဲ
- ငါနဲ့ဥသြ လိုက်ပို့ပေးလိုက်မယ် အံ့ဖွယ်
- ဟဲ့ ငါလဲ ပြန်လိုက်မယ်
- ကဲ အဲတာဆိုလဲ သွားကြ ငါတို့ ဒီကစောင့်နေမယ် ငါတို့သွားတာ ၂ နာရီတောင်မကြာဘူး နော် နင်တို့လဲ ၂ နာရီမကျော်စေနဲ့ အထဲကဘာမှ မယူလာမိစေနဲ့
- အေးအေး လာဟေ့ သွားကြမယ်
သူတို့အဖွဲ့ ထွက်သွားတော့ သွင်သစ်က သက်ပြင်းချခါ ခေါင်းကို အသာယမ်းခါ မိတာမို့ အံ့ဖွယ်က
- ဘာလို့လဲ သွင်သစ် အန္တရယ်ရှိ နိုင်လို့လား
သွင်သစ် မျက်နှာကို မဲ့ခါ အံ့ဖွယ်ကို ကြည့်လိုက်တော့ အံ့ဖွယ်က ပြုံးဖြီးဖြီး လုပ်ပြခါ
- ဟီး စောတီး စိတ်ပူသွားလို့ပါကွာ
- ရပါတယ်ကွာ မင်းက ငါ့အပေါ် နားလည်ပေးနိုင်တာ ကျေးဇူးပါ
- ခုနတွေ့တဲ့ သူကထူးဆန်းတယ်နော် သွင်သစ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့
- အင်း သူက အသက်တော်တော်ကြီးနေလောက်ပြီ သူ့ရုပ်က နုပျိုနေတာ
- မင်း ဖူးစာရှင်က ဒီအဖွဲ့ထဲမှာ ပါတယ် ဆိုပါလား မင်းဘယ်သူ့ကို ကြိုက်နေတာလဲ ဟီး မေ့မရလား ကြင်သူလား
သွင်သစ် မျက်မှောင်ကုတ်ခါ အံ့ဖွယ်ကို သေချာ စိုက်ကြည့် လိုက်ပြီးမှ နှုပ်ခမ်းကိုမဲ့ခါ
- သူတို့မှာ ဘဲတွေရှိနေတာ တစ်ကျောင်းလုံး သိပါတယ်ကွာ
- အဲဒါဆို ယောက်ကျားလေးတွေပဲ ကျန်တော့တယ်လေကွာ
- ဟာ ဟေ့ကောင် မင်းနော်
- ဟီး မင်းကလဲ တခြားလူဆိုရင်တော့ မသိဘူး ငါ့ကိုဆိုရင်တော့ အားမနာနဲ့ ငါကလဲ မင်းကို ဟီးးး
အံ့ဖွယ် စကားကြောင့် သွင်သစ်မျက်နှာရဲခနဲ နီတက်သွားခါ
- ဟာ ခွေးကောင် အား
ရှက်ရှက်နဲ့ သစ်မြစ်ပေါ်မှာ ထိုင်နေရာကနေ အောက်မှာ ထိုင်နေတဲ့ အံ့ဖွယ် ပုခုံးကို လက်သီးနဲ့ လှမ်းထိုးလိုက်စဉ် ချော်သွားပြီး အံ့ဖွယ် ရင်ခွင်ထဲကို သွင်သစ်ရောက်သွားပါ တော့တယ်။ အံ့ဖွယ်ကလဲ အလိုက်သင့်လေး ထိန်းခါ ဖက်ထားပေးရင်း ရီနေတယ်။ သွင်သစ် ထမလို့ ဟန်ပြင်လိုက်စဉ် သွင်သစ်နားရွက်က အံ့ဖွယ်ရင်အုံနဲ့ သွားကပ်မိပါတော့တယ်။ ကြည့်စမ်း အံ့ဖွယ် ရီသာရီနေတာ ရင်တွေခုန်နေတာ သိသိသာသာမြန်ဆန်နေပါလား။ သွင်သစ်ရပ်တန့်သွားတာမို့ အံ့ဖွယ် ငုံ့ကြည့်လိုက်ခါ သဘောပေါက်သွားပြီး သွင်သစ်ကို တင်းနေအောင် ပြန်ဖက်လိုက်ခါ
- မင်း ငါ့ကို နားလည်ပေးနိုင်မလား သွင်သစ် စိတ်မဆိုးပါနဲ့ကွာနော်
- ငါက ဘာကို စိတ်ဆိုးရမှာလဲ မင်းဘာတွေပြောနေတာလဲ အံ့ဖွယ်
- စောတီးကွာ ငါဘာဖြစ်သွားမှန်း မသိဘူး
သွင်သစ်ကို ပင့်ပေးတာမို့ သွင်သစ်ပြန်ထခါ ထိုင်လိုက်ပြီး ဟိုကြည့်ဒီကြည့်နဲ့ မသိသလို နေနေလိုက်ပါတယ်။ ပြီးမှ အံ့ဖွယ်ကို ခိုးကြည့်မိတယ် မျက်နှာလေး ဇီးရွက်ခန့်ငယ်ကာ ခေါင်းကိုလဲ ငုံ့ထားတာမို့
- ဘာဖြစ်နေတာလဲ အံ့ဖွယ်
- ဟင် အော် ဘာမှမဖြစ်ပါဘူး ဟိုကောင်တွေ စိတ်ပူလို့
- အင်း ငါကတော့ ငါ့ဖူးစာရှင်ကို သိလိုက်ပြီ အံ့ဖွယ်
- ဟုတ်လား ဘယ်သူလဲ ဒီအဖွဲ့ထဲကပေါ့
- ဟုတ်တယ် သူက ငါနဲ့ ရင်ခုန်သံခြင်း ထပ်တူကျနေတယ်လေ
- ချက်ခြင်းပဲကွာ မင်းကလဲ ခုနကတော့ မရှိသလိုလိုနဲ့
- ဟုတ်တယ်လေ ငါလဲ အခုမှ သူ့ရင်ခွင်ထဲ ရောက်သွားလို့ သိလိုက်ရတာ
အံ့ဖွယ် မျက်မှောင်ကျုတ်ခါ စဉ်းစား လိုက်ပြီး
- ဟာ အဲ့ဒါဆို ငါပေါ့ ငါပေါ့ ဟုတ်လား အေးဟေးးးးးးးဟေးးးးးးးးးးးးဝေးးးးးးးးးး
- ဘာထဖြစ်တာလဲ အရူးရဲ့
- ပျော်လိုက်တာကွာ ဟျောင့် ငါ့ရင်ဘတ်စမ်းကြည့်စမ်း ခုနထက်တောင် ပိုခုန်နေတယ်ကွ
- မလိုပါဘူး စမ်းဖို့
- ဟာကွာ ဘာဖြစ်လို့လဲ ခနလေး စမ်းကြည့်ပါဆို
သွင်သစ်က သူ့ရင်ဘတ်ပေါ် သူလက်တင်လိုက်ခါ
- စမ်းပြီးပြီလေကွာ ဒီမှာ ရင်ခုန်သံချင်း ထပ်တူပါပဲဆို
- ဟားးးးဟေးးးးးးးးးးပျော်လိုက်တာကွာ စောက်ရမ်းချစ်တယ်ကွာ သွင်သစ်
ထအော်လိုက်ပြီးမှ အသည်းယားလာသလိုနဲ့ အံ့ဖွယ်က သွင်သစ်ကို ဖက်ခါ ညှုစ်ပစ်လိုက် ပါတော့တယ်။ အော် ခုနခူပြောခဲ့တဲ့ လောကကြီးက ဆန်းကျယ်တယ် ဆိုတာ ဒါများလား မသ်ပေ။ တကယ်တော့ အချစ်ကအချစ်ပါပဲ လူချင်းချစ်တာ မဟုတ်ပဲ နှလုံးသားခြင်း ချစ်ကြတာ ဆန်းကျယ်နေတာတော့ မဟုတ်ပေ။
အားပေးမှုကို ကျေးဇူး တင်ပါတယ် ခမျာ့
ဆက်လက် တင်ပြ သွားပါမယ် ခမျာ့
က်ုလေး
နိမိတ် (၄)
သွင်သစ်နဲ့ အံ့ဖွယ်တို့ ခနတာမျှစကား ပြောပြီး အံ့ဖွယ်က သွင်သစ်ကို သူ့ပေါင်ပေါ် ခေါင်းအုံးခါ ခနမှေးစက်စေပြီး သူကတော့ သစ်ပင်ကို ခေတ္တမျှ အနားယူ အိပ်စက်ကြပါတော့တယ်။ တကယ်တမ်း သွင်သစ် အိပ်ပျော်သွား ချိန်မှာတော့ အံ့ဖွယ်က မအိပ်ပဲ သွင်သစ် မျက်နှာလေးကို ကြည့်ခါ ခြင်မကိုက် ယင်မနားအောင် စောင့်ရှောက်ပေးနေပါတော့တယ်။ သွင်သစ် အိပ်ပျော်သွားပြီး အချိန်အတော်ကြာတော့ သွင်သစ်ရဲ့ အသက်ရှုသံတွေ မြန်ဆန်လာပြီး ရင်ဘတ်တွေက နိမ့်ချည်မြင့်ချည် လျှင်မြန်စွာ ဖြစ်လို့ လာပါတော့တယ်။ အံ့ဖွယ် စဉ်းစားမိတယ် နှိုးလိုက်ရမလား ဒါ သွင်သစ် အိပ်မက်ဆိုးတွေ နိမိတ်ဆိုးတွေ မက်နေတာလား။ နောက်ဆုံး သွင်သစ်ကို သနားတာနဲ့ မထူးပါဘူး ဆိုပြီး သွင်သစ်ရဲ့ လက်မောင်းကို လှုပ်ခါ
- သွင်သစ် သွင်သစ် ထ ထ ထတော့ ဘာတွေ ဖြစ်နေတာလဲ သွင်သစ်
အံ့ဖွယ် နှိုးလိုက်မှ သွင်သစ်လန့်ဖြန့်ခါ နိုး လာပါတော့တယိ။ အံ့ဖွယ် ရေဘူးလေး ဖွင့်ခါ ကမ်းပေးရင်းက
- ဘာဖြစ်ပြန်တာလဲ သွင်သစ်
- အထဲမှာ ပြသနာ တက်နေပြီ ထင်တယ် အံ့ဖွယ် ငါတို့ လိုက်သွားရအောင်
- အင်းပါ ရေသောက်လိုက်ဦး စိန်ကို အေးအေးထား နော် သွင်သစ်
သွင်သစ် ရေသောက်လိုက်ပြီး မှ သူတို့ နှစ်ယောက်စလုံး ဂူထဲကို ဝင်လာခဲ့ ပါတော့တယ်။ အထဲရောက်ပြီး အတော်ကြာသည် အထိ အဖွဲ့သားတွေကို မတွေ့ရသေးပေ။ တစ်နေရာ အရောက်
- ခနလေး သွင်သစ် ဟိုဖက်ကနေ အသံကြားတယ် လာ သွားကြည့်ရအောင်
သူတို့ အသံလာရာဖက်ကို လိုက်လာတော့ တဖြေးဖြေးနဲ့ သူတို့အဖွဲ့ရဲ့ အသံတွေကို ပိုပြီး သေချာစွာ ကြားလာရပါတော့တယ်။
- ဟေ့ကောင်တွေ ဘာတွေ ဖြစ်နေကြတာလဲ
- ဟာ အံ့ဖွယ်တို့ လိုက်လာပြီ
- ဒီမှာကွာ ခုနက နေရာလုံးဝရှာ မတွေ့တော့လို့ အဲဒါ သူတို့က လက်မခံဘူး
- မင်းစဉ်းစားလေ အံ့ဖွယ် အတူလာကြတဲ့ သူငယ်ချင်းတွေပဲ ထူးဆန်းတာဆို ငါတို့လဲ ကြည့်ချင်တာပေါ့ကွ ဒီလို လျှိုတာတော့ မကောင်းဘူး လေကွာ
- မင်း ဘာစကားပြောတာလဲ သော်က ငါတို့ လိုက်ရှာပေးတာပဲလေ ဒီမှာ မောလို့ သေတော့မယ် သူ့ဖာသာ မတွေ့တာ တက်နိုင်မလားကွ
- ဒီအကွက်တွေက ရိုးနေပြီ ဥသြ ဟင်း
- ကဲ တော်ကြပါတော့ကွာ မတွေ့လဲ ပြန်ကြတာပေါ့ အချိန်မရှိတော့ဘူး ညနေစောင်းသွားရင် သွားရလာရတာ ဒုက္ခရောက်မယ် လာကြ ထွက်ကြမယ်
- ဟ့ အ့တာဆို ငါတို့ကျတော့ မကြည့်ရတော့ဘူးပေါ့ အဲ့ဒိလိုလား အံ့ဖွယ်
- မကြည့်ရတာ မဟုတ်ဘူးလေကွာ ရှာမှမတွေ့တာ ဘယ်တက်နိုင်မာလဲ
- တော်ကြပါတော့ဟာ လာသွားမယ် မတွေ့ရလဲ နေပေ့စေတော့
မေ့မရ ဝင်ပြောတော့မှပဲ အားလုံး အသံတိတ်သွားခါ ဂူထဲမှ ပြန်ထွက်လာခဲ့ကြ ပါတော့တယ်။ သော်ကနဲ့ ကောင်းသန့်ကတော့ သိပ်မကျေနပ်ပေ။ ဂူထဲကနေ အပြင်ကို ထွက်ခါနီး
- အားးးးးးးး
- ဟာ ကြင်သူ
- ဝုန်း ဝုန်း ဝုန်း အမြန်ဆွဲကြ
- အားးးးးးးးးးးး
- ဟာ အရိုးကြိုးသွားတာနေမှာ အရမ်းမကိုင်ကြနဲ့
ကျောက်တုံးပေါ်ကနေ ရေစပ်ထဲကို ခြေချော်ကြကာ ကြင်သူ ခြေထောက် တစ်ဖက် အထိမခံနိုင်အောင် နာကြင်နေခြင်း ဖြစ်ပါတယ်။ အားလုံးဝိုင်းမပြီး အပြင်ထုတ်မလို့ လုပ်လိုက်စဉ် သွင်သစ် မြင်တွေ့လိုက်ရတဲ့ အရာတစ်ခုက ကြင်သူ့ဘောင်းဘီ အိတ်ကပ်ထဲမှ ထွက်လာသော ကျောက်နက်သားဖြင့် ထုလုပ်ထားတဲ့ ကလေးငယ် အရုပ်လေး တစ်ရုပ်။ သွင်သစ် အဲဒိအရုပ်လေးကို ကောက်ကိုင်ခါ မြှောက်ပြ လိုက်ရင်းက
- ခနလေး ခနလေး အားလုံးပဲ ခုန ဟိုဂူထဲဝင်ခဲ့တဲ့သူတွေ ငါတစ်ခုပြောပါရစေ အဲဒိထဲက တစ်စုံတစ်ခုကို ယူခဲ့မိတာ ရှိရင် ဒီမှာပဲ ထားခဲ့ပေးပါ အဲ့လိုမှ မဟုတ်ရင် အားလုံး အန္တရယ် ရှီိနိုင်လို့ပါ
- အေးကွာ ဟုတ်တယ် တစ်ယောက်ကြောင့် အားလုံး ဒုက္ခရောက်ကုန်မယ် ယုလာတာရှိရင် ထားခဲ့ပေးကြပါ
အံ့ဖွယ်လဲ ဝင်ပြောလိုက်ပါတော့တယ်။ အဲဒိချိန်မှာပဲ နောင်ရိုးက သူ့ခါးကြားမှာ ထိုးလာတဲ့ ကျောက်နက်သားဖြင့် ပြုလုပ်ထားတဲ့ တစ်ထွာခန့် ရှိတဲ့ ဓါးမြှောင်လေးကို ထုတ်ခါ
- အားလုံးက်ု စောတီးပါကွာ ဒါလေးယူလာခဲ့ မိတယ် ရော့ သွင်သစ်
- ကျန်တဲ့သူတွေကော ရှိသေးလား
- မင်းနဲ့ အံ့ဖွယ်ပဲကျန်တာလေ ငါက ဘာမှ မယူလာတာသေချာတယ်
ရွှေဥသြ ဝင်ပြော လိုက်တော့မှ သွင်သစ် ခေါင်းကိုငြိမ့်ခါ ခုန အရုပ်လေးနဲ့ ဓါးလေးကို ကျောက်စွန်း တစ်ခုမှာ တင်လိုက်ပြီး လက်အုပ်ချီကာ ပါးစပ်ကလဲ တတွတ်တွတ် ဆုတောင်း ရွတ်ဆို တိုင်တည်လိုက်ပါတယ်။ ပြီးတော့မှ သူတို့ ကြင်သူကို ထမ်းခါ ဂူထဲမှ ထွက်လာခဲ့ပါတော့တယ်။ အပြင်ရောက်မှ ခြေထောက်ကို ကျပ်စီးပေးပြီး ထမ်းစင်လုပ်ခါ ရှေ့တယောက်နောက်တစ်ယောက် ထမ်းခါ ခရီးဆက်ခဲ့ပါတော့တယ်။ ကားလမ်းမပေါ် တက်ခါနီး သွင်သစ်နောက် လှည့်ကြည့်လိုက်တော့ ခုနက ပုဂ္ဂိုလ်ကို တွေ့ရပြန်တယ်။ ဒီတခါလဲ သူ့မျက်နှာမကောင်းပေ။ ဘာမှားခဲ့ပြန်ပြီလဲ ဟူးးးးး။ ညမိုးချုပ်ခါနီးမှာပဲ ရွာလေးတစ်ရွာကို သူတို့ရောက်လာပါတော့တယ်။ ထိုရွာလေးမှ ရွာလူကြီး အိမ်ကို အကူညီတောင်းခါ သူတို့ တစ်ညတာ တည်းခိုခွင့် ရခဲ့ပါတော့တယ်။ ကြင်သူ ကိုလဲ ထိုရွာမှ ဆေးတရာမကြီးက ဆေးထည့်ခါ သေချာကျပ်စီးပေးတာမို့ နာကြင်မှုတော့လအနည်းငယ် သက်သာ သွားပါတော့တယ်။ မနက်ကြရင် ထောက်နိုင်ပြီဟု ပြောခါ သစ်ကိုင်းချိုင်းထောက်လေးပင် ပြုလုပ်ပေး ပါသေးတယ်။ ညဥ့်ဦးပိုင်း ရောက်တာနှင့် တပြိုင်နက် ရွာထဲမှာ ရှိတဲ့ ခွေးတွေ တက်င်္ညလက်ညီ အူ လိုက်တဲ့ အသံက ကြားရတာ အသဲထဲအူထဲပင် စိမ့်သွားရပါတော့တယ်။ အားလုံးကလဲ ရှည်လျှားစွာ အူနေတဲ့ ခွေးအူသံတွေ ကြောင့် အထိပ်တလန့် လှုပ်လှုပ် ရှုားရှုားတေံယွ ဖြစ်ကုန်ပါတော့တယ်။
- အား ဒီခွေးတေတော့ ငါတယ်လေ
- တယ်လေ လုပ်မနေနဲ့ ဒါမျိုးက ဟိုတခါဖြစ်သလို ဖြစ်တာ ထင်တယ် သူတို့တွေကို တစ်ခုခု မေးကြည့်ပါဦး တောထဲတောင်ထဲ အမှားတွေဘာတွေ လုပ်မိခဲ့သေးလားလို့
သူတို့ရှေ့မှာတင် ရွာလူကြီး လင်မယား မျက်စိမျက်နှာ ပျက်နေတာမို့ သွင်သစ်ကပဲ
- ကျနော်တို့ ဘာအမှားမှတော့ မလုပ်ခဲ့ပါဘူးဗျ မသိလို့မှားခဲ့ တာမျိုး ဆိုရင်တော့ ကျနော်တို့လဲ မပြောတက်ဘူးခမျာ့
- အေးပါကွယ် မင်းတို့က လူငယ်တွေဆိုတော့လဲ ပြောရခက်တယ်ကွယ့် မင်းတို့က ဒါတွေလဲ နားလည်မှာ မဟုတ်ပါဘူး
ရွာလူကြီး ကသူတို့ကို နားလည်ပေးခဲ့ပေမယ့် ထိုညက တစ်ရွာလုံး ထိပ်လန့်ခါ ကောင်းစွာ အိပ်စက်ခွင့်ပင် မရခဲ့ပေ။ ည သန်းခေါင်ကျော် ချိန်မှာတော့
- သွင်သစ် သွင်သစ် အံ့ဖွယ် ထထ ထဦး
အားလုံးက အိပ်ပျော်သေးတာ မဟုတ်တာမို့ အကုန်လုံး ထလိုက်ကြပါတယ်။ ရွှေဥသြက ချွေးတေပျံနေတဲ့ မျက်နှာနဲ့
- မနက် မနက်က လူငါ့စီက ကင်မရာ လာတောင်းနေတယ် သွင်သစ် ဘာ ဘာ ဖြစ်တာလဲ
သွင်သစ် တစ်ချက်မျှ စဉ်းစားခါ
- မင်း ကင်မရာ ငါ့ကိုပေး ရွှေဥသြ
ဥသြ ပေးတဲ့ ကင်မရာကို ယူခါ သွင်သစ် အိမ်ရဲ့ဝရံတာကို ထွက်ရပ်လိုက် ပါတော့တယ်။ ပြီးမှ ကင်မရာထဲက Memory Stick ကို ထုတ်ယူ လိုက်ခါ အားအပြည့်နှင့် ခြံအပြင်ဖက် အမှောင်ထဲကို လွှင့်ပစ် လိုက်ပါတော့တယ်။
- ဟာ ကုန်ပါပီကွာ Trip Memory တွေ
- အေးဟယ် နှမြောလိုက်တာ
ဥသြနဲ့ မေ့မရ တို့ပြောနေတုန်း သွင်သစ်ပြန်ဝင်လာခါ
- မင်း မနက်က ဂူထဲက ပုံတွေရိုက်ယူခဲ့လို့ လို့ ငါထင်တယ် ဥသြ မတက်နိုင်ဘူးကွာ ပုံတွေက ဖုန်းနဲ့ပြန်ရိုက်လဲ ရပါတယ်
တိုက်ဆိုင်မှု တစ်ခုလေလား သူတို့မပြောတက်ပေ ထိုသို့ပြုလုပ်ပြီး မကြာခင်မှာပဲ ခွေးအူသံတွေ တိတ်ဆိတ်လို့သွားပါတော့တယ်။ သူတို့ ခရီးစဉ်ကို ရှေ့မဆက်ပဲ နီးစပ်ရာမြို့သို့သွားခါ ကြင်သူ့ခြေထောက်ကို ကျောက်ပတ်တီးကိုင်ပြီး ရန်ကုန်သို့ ပြန်ဆင်း လာခဲ့ပါတော့တယ်။ ဘာတစ်ခုမှ မှတ်တမ်းတင်ခဲ့ရတာဘမရှိပေမယ့် သူတို့ရင်ထဲမှ ဒီခရီးစဉ်လေးကတော့ ထာဝရ မေ့မရနိုင်အောင် ထင်ကျန်နေမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။
နောက်ထပ် ကိစ္စခေးတစ်ခု လူမသိသူမသိ ဖြစ်သွားတာလေးလဲ ရှိပါသေးရဲ့။ အဲဒါကတော့ အံ့ဖွယ်ဦးနှင့် သွင်သစ်သာတို့ ဖုန်းဆိုင်လေးလတစ်ဆိုင် ရှယ်ယာ ဖွင့်တာကို ဗန်းပြပြီး အတူတကွ ပေါင်းသင်းနေထိုင်သွား ကြတာကိုပါပဲ။ အဲဒိ့အချိန်က စလို့ ဂူထဲမှာတွေ့ ခဲ့ရတဲ့ ပုဂ္ဂိုလ်ပြောသလို မျိုးပဲ သွင်သစ်လဲ မည်သည့် နိမိတ်ဆိုးကိုမှ ကြိုတင် မမြင်ရရတော့ပေ။ ဖူးစာရှင် အံ့ဖွယ်ဦးကိုကော သူဖြစ်ချင်တဲ့ အရာတွေပါ ဖြစ်ခွင့်ရတဲ့ သွင်သစ်သာ ရဲ့ ဘဝလေးကတော့ သာယာစိုပြေလို့ နေပါတော့တယ် ခများ။
ပြီးပါပြီ။
အားလုံးကို အထူးကျေးဇူး တင်ပါတယ်ခမျာ့။
ကိုလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment